၀ယ်ယူမည့်မြေ၏ ဂရန်အမည်ပေါက်နှင့် မြေပုံရာဇဝင်မှတ်တမ်းတွင် အမည်သတ်ပုံ လွဲမှားနေလျှင်

၀ယ်ယူမည့်မြေ၏ ဂရန်အမည်ပေါက်နှင့် မြေပုံရာဇဝင်မှတ်တမ်းတွင် အမည်သတ်ပုံ လွဲမှားနေလျှင် - Property Knowledge in Myanmar from iMyanmarHouse.com
7 Jul 2020 3:25 pm တွင် တင်ခဲ့သည်
844 ကြိမ် ကြည့်ရှု့ပြီး

ဗဟုသုတ | Posted by စည်သူအောင်

[Unicode]

စာရေးသူသည် ရုံးခန်းသို့ ရောက်သည့်အခါ ဦးစွာရောက်နေသည့် မိတ်ဆွေဦးသန်းဦးကို တွေ့လိုက်ရသည်။

''ဦးသန်းဦးရောက်နေပါလား၊ အထူးကိစ္စရှိတယ်ထင်တယ်''ဟု စာရေးသူက နှုတ်ဆက်လိုက် ပါသည်။

''ပြဿနာရှိမှ ဆရာသမားဆီ ရောက်တယ်ဖြစ်နေပြီ''

ဦးသန်းဦးက စာရေးသူကို အားနာသည့် လေသံဖြင့် ပြောပါသည်။

''ဒီလိုလည်း ဘယ်ဟုတ်မလဲဗျာ။ တစ်ဦးနဲ့တစ်ဦးက ရန်ကုန်မြို့ မှာနေတယ်ဆိုပေမယ့် အရှေ့ပိုင်းနဲ့ အနောက်ပိုင်းဖြစ်နေတော့ ကိစ္စရှိမှပဲ တွေ့ဖြစ်ကြတာပေါ့ဗျာ။ ဦးသန်းဦး ကိစ္စလေးပြောပါဦး''

စာရေးသူက စကားဦးသန်း၍ အဖြစ်အပျက်ကို မေးမြန်းလိုက် သည်။

''မြေကွက်တစ်ကွက်ဝယ်မယ် ဆိုပြီး သွားကြည့်တော့ ဂရန်အမည် ပေါက်နဲ့ မြေစာရင်းက မြေကွက်အ မည်ပေါက်ကွဲလွဲနေလို့ ဆရာ။ အဲဒါ ဝယ်လို့ဖြစ်ပါ့မလား''

''ဘယ်လိုများ ကွဲပြားနေလို့လဲ''

''ဂရန်စာချုပ်ပေါ်မှာက ဒေါ်ငွေရင်လို့ အမည်ပေါက်ဖော်ပြထား တယ်။ ရန်ကုန်မြို့တော် စည်ပင်သာ ယာရေးကော်မတီမြေယာဌာနကိုသွား စုံစမ်းတော့ မြေရာဇဝင်မှတ်တမ်းမှာ ဒေါ်ငွေရင် မဟုတ်ဘဲ ဒေါ်ရင်ဖြစ် နေတယ်''

ဒါဆိုရင် မြေယာဌာနက မှတ်တမ်းမှာ ဒေါ်ငွေရင်မဟုတ်ဘဲ 'ငွေ' စာလုံးတစ်လုံးမပါ ဒေါ်ရင်ဖြစ်နေ တာပေါ့''

''ဟုတ်ပါတယ် ဆရာ''

''အင်း-တစ်ခုခုတော့ လွဲနေပြီ ပေါ့ဗျာ။ မှတ်တမ်းတင်သူကပဲ ဒေါ်ငွေ ရင်ကို ဒေါ်ရင်လို့ မှတ်တမ်းတင်ထား မိတာလည်း ဖြစ်နိုင်တယ်''

''နာမည်ပေါက်မတူရင် အရောင်းအဝယ် မြေပုံထုတ်မပေးဘူးလို့ သက်ဆိုင်ရာဌာနက ပြောလိုက်တယ်''

''ဒါလည်း မှန်ပါတယ်။ တစ်ခါ တစ်ရံမှာ စာလုံးပေါင်းမှားရင်လည်း အမှန်က မည်သည့်စာလုံးပေါင်းပါလို့ ကာယကံရှင်က ကျမ်းကျိန်လွှာနဲ့ တင် ပြရတာတွေရှိတယ်''

''စာလုံးပေါင်းဆိုတာက ဘယ်လိုမျိုးလဲ ဆရာ''

''ဥပမာ-ဒေါ်ရင်ပဲဆိုပါတော့ ဗျာ။ ဂရန်အမည်ပေါက်အဖြစ် ဂရန် စာချုပ်မှာ ဒေါ်ရင်ကို ရကောက်နဲ့ ရင်ထားမယ်။ မှတ်တမ်းမှာကျတော့ ရင်ကို ယပလက်ညလေးသတ် ယဉ်နဲ့ မှတ်သားထားတာ မျိုးဖြစ်တတ်တယ်''

''သြော်-စာလုံးပေါင်းမှားလည်း အမှန်ကို ပြန်လည်ပြင်ဆင်ဖို့ လျှောက် ရတာပေါ့''

''ဟုတ်ပါတယ်။ တချို့က မှတ်ပုံ တင်မှာ ဒေါ်ငွေရင်ဖြစ်နေပြီး အိမ် ထောင်စုစာရင်းမှာ ဒေါ်ရင်ဖြစ်နေ တာမျိုးလည်း ရှိတတ်တယ်''

''ဒါဆိုရင် ဘယ်လိုဆောင်ရွက်ရသလဲ''

''ဒေါ်ငွေရင်နဲ့ ဒေါ်ရင်မှာတစ်ဦး တည်းဖြစ်ကြောင်း ဒေါ်ငွေရင်ခေါ် ဒေါ်ရင်ဖြစ်ကြောင်း ကျမ်းကျိန်လွှာနဲ့ ကာယကံရှင်က တင်ပြလျှောက်ထားရပါတယ်။ သက်ဆိုင်ရာ ရပ်ကွက် အုပ်ချုပ်ရေးမှူးရဲ့ ထောက်ခံစာ လ.ဝ.က ရုံးမှ ထောက်ခံစာတု့ိကို ပူးတွဲတင်ပြရတယ်။ အဓိကအချက် ကတော့ ဒေါ်ရင်ဖြစ်စေ၊ ဒေါ်ငွေရင် ဖြစ်စေ ဂရန်စာချုပ်ပါ ဒေါ်ငွေရင်ရဲ့ မှတ်ပုံတင် အမှတ်နဲ့ မှတ်တမ်းမှာရှိ ဒေါ်ရင်ရဲ့ မှတ်ပုံတင်အမှတ် တူညီဖို့ တော့ လိုတယ်''

''ဆရာပြောမှ သတိရတယ်။ ဒေါ်ငွေရင်ရဲ့ မှတ်ပုံတင်အမှတ်နဲ့ ဒေါ်ရင်ရဲ့ မှတ်ပုံတင်အမှတ်ကတော့ တူတယ်။ ဒါပေမယ့် နိုင်ငံသား လက်မှတ် နံပါတ်မဟုတ်လို့ အဲဒါလည်း ပြင်ရမယ်လို့ ပြောတယ်''

''မှန်ပါတယ်။ ယခုအခါ နိုင်ငံသားစိစစ်ရေးကတ်ပြားတွေ ထုတ်ပေးထားတော့၊ နိုင်ငံသားကတ်နံပါတ်ကို ပြောင်းလဲအသုံးပြုနေကြတယ်။ ဒါကြောင့် ယခင်မှတ်ပုံတင်အမှတ်ကို နိုင်ငံသားကတ်နံပါတ်နဲ့ ပြောင်းလဲတင်ပြရမှာဖြစ်တယ်''

''အဲဒါဆိုရင် သက်ဆိုင်ရာ လ.ဝ.က ရုံးမှာ ထောက်ခံချက်ရယူ ရမှာပေါ့နော်''

''ဟုတ်ပါတယ်။ အခုရောင်းမယ့် သူက မြေအမည်ပေါက် ဒေါ်ငွေရင် ကိုယ်တိုင်လား''

''မဟုတ်ဘူးဗျ။ ဒေါ်ငွေရင်က ကွယ်လွန်သွားပြီ။ သူ့ရဲ့သားသမီးတွေ က ရောင်းမှာ ဆရာ''

''ဒါဆိုရင်တော့ လုပ်ဆောင်ရမယ့် အဆင့်တွေများသွားပြီ။ သားသမီးတွေက အမွေဆက်ခံပိုင်ဆိုင် ကြောင်း ကြေညာစာချုပ်လုပ်ရဦးမယ်။ ပြီးမှ အရောင်းအဝယ် မှတ်ပုံတင်စာချုပ် ပြုလုပ်နိုင်မှာဖြစ်တယ်''

''လောလောဆယ်ကိစ္စက အဲဒီ စာချုပ်တွေ ပြုလုပ်ဖို့ မြေပုံကူးရမှာ မဟုတ်လား''

''ဟုတ်ပါတယ်။ အခု မှားယွင်းနေတဲ့ အချက်တွေကို အရင်ဦးစွာ ဆောင်ရွက်ရမှာဖြစ်တယ်။ ဒေါ်ငွေရင် (ခ) ဒေါ်ရင်ဖြစ်ကြောင်း မြို့ တော်စည်ပင်သာယာရေးကော်မတီရဲ့ အစည်းအဝေးဆုံးဖြတ်ချက်နဲ့ အ တည်ပြုချက်ရမှသာ ဂရန်စာချုပ်နဲ့ မှတ်တမ်းမြေရာဇဝင်တို့မှာ ဒေါ်ငွေ ရင် (ခ) ဒေါ်ရင်လို့ ပြောင်းလဲရေးသား ပြုစုပေးမှာဖြစ်ပါတယ်''

''မြေအမည်ပေါက်က ကွယ်လွန် သွားပြီဆိုတော့ သေစာရင်းလိုမှာပေါ့''

''လိုတာပေါ့။ သေစာရင်းမှာက ဘယ်အမည်လဲဆိုတာရှိဦးမယ်''

''ဒါဆိုရင် မြေယာဌာနက စာထုတ်ပေးတာရှိသလား''

''ရှိပါတယ်။ မြေယာဌာနက သက်ဆိုင်ရာမြို့နယ် လ.ဝ.က ရုံး ဌာနသို့သွားရန် စာထုတ်ပေးလေ့ရှိပါ တယ်။ လ.ဝ.ကရုံးက ကွယ်လွန်သူ ရဲ့ သေစာရင်းအမည်နဲ့ ရုံးလက်ခံ စာ ရွက်မှတ်တမ်းကို တိုက်ဆိုင်စစ်ဆေးမယ်။ မှတ်ပုံတင်အမှတ် ဒါမှမဟုတ် နိုင်ငံသားအမှတ်တို့ကို စိစစ်မယ်။ နိုင်ငံသား စိစစ်ရေးကတ်ပြားထုတ်ပေးပြီးဆိုလျှင် အမျိုးသား မှတ်ပုံတင် အမှတ်ကိုင်ဆောင်သူကို မည်သည့် နေ့ရက်မှာ နိုင်ငံသား စိစစ်ရေးကတ် ပြားထုတ်ပေးပြီးနံပါတ် ဖော်ပြကာ ထောက်ခံချက်ရေးသားပြန်ကြားပေး မှာ ဖြစ်တယ်''

''အမည်ကွဲလွဲချက်ကိုလည်း တစ်ခါတည်း ရေးသားပေးပါသလား''

''အမည်ကွဲလွဲချက်ရှိရင်လည်း ဥပမာ-ဒေါ်ငွေရင်နှင့် ဒေါ်ရင်မှာ တစ်ဦးတည်းဖြစ်ကြောင်း နိုင်ငံသား မှတ်ပုံတင်အမှတ် မည်မျှဖြစ်ကြောင်း ရေးသားပြန်ကြားပေးမှာဖြစ်တယ်''

''လ.ဝ.က ရုံးက ပြန်စာနဲ့ စာရွက်စာတမ်းအပြည့်အစုံသေစာရင်း အပါအဝင်တင်ပြနိုင်ရင် မြေယာ ဌာနက မြေပုံထုတ်ပေးနိုင်ပြီပေါ့''

''ချက်ချင်းတော့ ထုတ်မပေးနိုင်သေးဘူး။ ထိုထောက်ခံစာအရ မြေကွက်ကို ကွင်းဆင်းစစ်ရေးဖို့လိုရင် ကွင်းဆင်းစစ်ဆေးမယ်။ ကန့်ကွက်သူ ရှိ မရှိကို သတင်းစာထဲ ကြေညာ မယ်။ ၇ ရက်ပြည့်ပြီး နောက်ပိုင်း ကန့်ကွက်သူမရှိမှ မြေယာဌာနအနေ နဲ့ အမည်မှန်နဲ့အတူ မြေပုံမြေရာဇဝင် ထုတ်ပေးမှာဖြစ်တယ်''

''ဒီလို အထောက်အထားမှန် ကန်ရင်တော့ အဲဒီမြေကွက်ကို ဝယ်သင့်တာပေါ့နော်''

''ဟုတ်ပါတယ် ဦးသန်းဦး''ဟု အကြံပြုဆွေးနွေးလိုက်ပါသည်။

အိမ်ခြံမြေ ကိစ္စအဝဝနှင့် ပတ်သက်၍ ဥပဒေအကြံပေးပညာရှင်များနှင့် ဆွေးနွေးတိုင်ပင်လိုပါက iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ၏ ဖုန်းနံပါတ်များဖြစ်သော 09-966901767, 09-268022352 သို့ ဆက်သွယ်နိုင်ပါသည်။ အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။

ရောင်းရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

ငှားရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

Credit: ထီယု (ဥပဒေ အတိုင်ပင်ခံ)

 

[Zawgyi]

၀ယ္ယူမည့္ေျမ၏ ဂရန္အမည္ေပါက္ႏွင့္ ေျမပံုရာဇ၀င္မွတ္တမ္းတြင္ အမည္သတ္ပံု လြဲမွားေနလွ်င္

စာေရးသူသည္ ႐ုံးခန္းသုိ႔ ေရာက္သည့္အခါ ဦးစြာေရာက္ေနသည့္ မိတ္ေဆြဦးသန္းဦးကို ေတြ႔လုိက္ရသည္။

''ဦးသန္းဦးေရာက္ေနပါလား၊ အထူးကိစၥရွိတယ္ထင္တယ္''ဟု စာေရးသူက ႏႈတ္ဆက္လုိက္ ပါသည္။

''ျပႆနာရွိမွ ဆရာသမားဆီ ေရာက္တယ္ျဖစ္ေနၿပီ''

ဦးသန္းဦးက စာေရးသူကုိ အားနာသည့္ ေလသံျဖင့္ ေျပာပါသည္။

''ဒီလုိလည္း ဘယ္ဟုတ္မလဲဗ်ာ။ တစ္ဦးနဲ႔တစ္ဦးက ရန္ကုန္ၿမိဳ႕ မွာေနတယ္ဆုိေပမယ့္ အေရွ႕ပုိင္းနဲ႔ အေနာက္ပုိင္းျဖစ္ေနေတာ့ ကိစၥရွိမွပဲ ေတြ႔ျဖစ္ၾကတာေပါ့ဗ်ာ။ ဦးသန္းဦး ကိစၥေလးေျပာပါဦး''

စာေရးသူက စကားဦးသန္း၍ အျဖစ္အပ်က္ကို ေမးျမန္းလုိက္ သည္။

''ေျမကြက္တစ္ကြက္ဝယ္မယ္ ဆုိၿပီး သြားၾကည့္ေတာ့ ဂရန္အမည္ ေပါက္နဲ႔ ေျမစာရင္းက ေျမကြက္အ မည္ေပါက္ကြဲလြဲေနလုိ႔ ဆရာ။ အဲဒါ ဝယ္လုိ႔ျဖစ္ပါ့မလား''

''ဘယ္လုိမ်ား ကြဲျပားေနလုိ႔လဲ''

''ဂရန္စာခ်ဳပ္ေပၚမွာက ေဒၚေငြရင္လုိ႔ အမည္ေပါက္ေဖာ္ျပထား တယ္။ ရန္ကုန္ၿမိဳ႕ေတာ္ စည္ပင္သာ ယာေရးေကာ္မတီေျမယာဌာနကိုသြား စုံစမ္းေတာ့ ေျမရာဇဝင္မွတ္တမ္းမွာ ေဒၚေငြရင္ မဟုတ္ဘဲ ေဒၚရင္ျဖစ္ ေနတယ္''

ဒါဆုိရင္ ေျမယာဌာနက မွတ္တမ္းမွာ ေဒၚေငြရင္မဟုတ္ဘဲ 'ေငြ' စာလုံးတစ္လုံးမပါ ေဒၚရင္ျဖစ္ေန တာေပါ့''

''ဟုတ္ပါတယ္ ဆရာ''

''အင္း-တစ္ခုခုေတာ့ လြဲေနၿပီ ေပါ့ဗ်ာ။ မွတ္တမ္းတင္သူကပဲ ေဒၚေငြ ရင္ကုိ ေဒၚရင္လုိ႔ မွတ္တမ္းတင္ထား မိတာလည္း ျဖစ္ႏုိင္တယ္''

''နာမည္ေပါက္မတူရင္ အေရာင္းအဝယ္ ေျမပုံထုတ္မေပးဘူးလုိ႔ သက္ဆုိင္ရာဌာနက ေျပာလုိက္တယ္''

''ဒါလည္း မွန္ပါတယ္။ တစ္ခါ တစ္ရံမွာ စာလုံးေပါင္းမွားရင္လည္း အမွန္က မည္သည့္စာလုံးေပါင္းပါလုိ႔ ကာယကံရွင္က က်မ္းက်ိန္လႊာနဲ႔ တင္ ျပရတာေတြရွိတယ္''

''စာလုံးေပါင္းဆုိတာက ဘယ္လုိမ်ဳိးလဲ ဆရာ''

''ဥပမာ-ေဒၚရင္ပဲဆုိပါေတာ့ ဗ်ာ။ ဂရန္အမည္ေပါက္အျဖစ္ ဂရန္ စာခ်ဳပ္မွာ ေဒၚရင္ကုိ ရေကာက္နဲ႔ ရင္ထားမယ္။ မွတ္တမ္းမွာက်ေတာ့ ရင္ကို ယပလက္ညေလးသတ္ ယဥ္နဲ႔ မွတ္သားထားတာ မ်ဳိးျဖစ္တတ္တယ္''

''ေၾသာ္-စာလုံးေပါင္းမွားလည္း အမွန္ကုိ ျပန္လည္ျပင္ဆင္ဖုိ႔ ေလွ်ာက္ ရတာေပါ့''

''ဟုတ္ပါတယ္။ တခ်ဳိ႕က မွတ္ပုံ တင္မွာ ေဒၚေငြရင္ျဖစ္ေနၿပီး အိမ္ ေထာင္စုစာရင္းမွာ ေဒၚရင္ျဖစ္ေန တာမ်ဳိးလည္း ရွိတတ္တယ္''

''ဒါဆုိရင္ ဘယ္လုိေဆာင္ရြက္ရသလဲ''

''ေဒၚေငြရင္နဲ႔ ေဒၚရင္မွာတစ္ဦး တည္းျဖစ္ေၾကာင္း ေဒၚေငြရင္ေခၚ ေဒၚရင္ျဖစ္ေၾကာင္း က်မ္းက်ိန္လႊာနဲ႔ ကာယကံရွင္က တင္ျပေလွ်ာက္ထားရပါတယ္။ သက္ဆုိင္ရာ ရပ္ကြက္ အုပ္ခ်ဳပ္ေရးမွဴးရဲ႕ ေထာက္ခံစာ လ.ဝ.က ႐ုံးမွ ေထာက္ခံစာတု႔ိကို ပူးတြဲတင္ျပရတယ္။ အဓိကအခ်က္ ကေတာ့ ေဒၚရင္ျဖစ္ေစ၊ ေဒၚေငြရင္ ျဖစ္ေစ ဂရန္စာခ်ဳပ္ပါ ေဒၚေငြရင္ရဲ႕ မွတ္ပုံတင္ အမွတ္နဲ႔ မွတ္တမ္းမွာရွိ ေဒၚရင္ရဲ႕ မွတ္ပုံတင္အမွတ္ တူညီဖုိ႔ ေတာ့ လုိတယ္''

''ဆရာေျပာမွ သတိရတယ္။ ေဒၚေငြရင္ရဲ႕ မွတ္ပုံတင္အမွတ္နဲ႔ ေဒၚရင္ရဲ႕ မွတ္ပုံတင္အမွတ္ကေတာ့ တူတယ္။ ဒါေပမယ့္ ႏုိင္ငံသား လက္မွတ္ နံပါတ္မဟုတ္လုိ႔ အဲဒါလည္း ျပင္ရမယ္လုိ႔ ေျပာတယ္''

''မွန္ပါတယ္။ ယခုအခါ ႏုိင္ငံသားစိစစ္ေရးကတ္ျပားေတြ ထုတ္ေပးထားေတာ့၊ ႏုိင္ငံသားကတ္နံပါတ္ကုိ ေျပာင္းလဲအသုံးျပဳေနၾကတယ္။ ဒါေၾကာင့္ ယခင္မွတ္ပုံတင္အမွတ္ကို ႏုိင္ငံသားကတ္နံပါတ္နဲ႔ ေျပာင္းလဲတင္ျပရမွာျဖစ္တယ္''

''အဲဒါဆုိရင္ သက္ဆုိင္ရာ လ.ဝ.က ႐ုံးမွာ ေထာက္ခံခ်က္ရယူ ရမွာေပါ့ေနာ္''

''ဟုတ္ပါတယ္။ အခုေရာင္းမယ့္ သူက ေျမအမည္ေပါက္ ေဒၚေငြရင္ ကုိယ္တုိင္လား''

''မဟုတ္ဘူးဗ်။ ေဒၚေငြရင္က ကြယ္လြန္သြားၿပီ။ သူ႔ရဲ႕သားသမီးေတြ က ေရာင္းမွာ ဆရာ''

''ဒါဆုိရင္ေတာ့ လုပ္ေဆာင္ရမယ့္ အဆင့္ေတြမ်ားသြားၿပီ။ သားသမီးေတြက အေမြဆက္ခံပုိင္ဆုိင္ ေၾကာင္း ေၾကညာစာခ်ဳပ္လုပ္ရဦးမယ္။ ၿပီးမွ အေရာင္းအဝယ္ မွတ္ပုံတင္စာခ်ဳပ္ ျပဳလုပ္ႏုိင္မွာျဖစ္တယ္''

''ေလာေလာဆယ္ကိစၥက အဲဒီ စာခ်ဳပ္ေတြ ျပဳလုပ္ဖုိ႔ ေျမပုံကူးရမွာ မဟုတ္လား''

''ဟုတ္ပါတယ္။ အခု မွားယြင္းေနတဲ့ အခ်က္ေတြကို အရင္ဦးစြာ ေဆာင္ရြက္ရမွာျဖစ္တယ္။ ေဒၚေငြရင္ (ခ) ေဒၚရင္ျဖစ္ေၾကာင္း ၿမိဳ႕ ေတာ္စည္ပင္သာယာေရးေကာ္မတီရဲ႕ အစည္းအေဝးဆုံးျဖတ္ခ်က္နဲ႔ အ တည္ျပဳခ်က္ရမွသာ ဂရန္စာခ်ဳပ္နဲ႔ မွတ္တမ္းေျမရာဇဝင္တုိ႔မွာ ေဒၚေငြ ရင္ (ခ) ေဒၚရင္လုိ႔ ေျပာင္းလဲေရးသား ျပဳစုေပးမွာျဖစ္ပါတယ္''

''ေျမအမည္ေပါက္က ကြယ္လြန္ သြားၿပီဆုိေတာ့ ေသစာရင္းလုိမွာေပါ့''

''လုိတာေပါ့။ ေသစာရင္းမွာက ဘယ္အမည္လဲဆုိတာရွိဦးမယ္''

''ဒါဆုိရင္ ေျမယာဌာနက စာထုတ္ေပးတာရွိသလား''

''ရွိပါတယ္။ ေျမယာဌာနက သက္ဆုိင္ရာၿမိဳ႕နယ္ လ.ဝ.က ႐ုံး ဌာနသုိ႔သြားရန္ စာထုတ္ေပးေလ့ရွိပါ တယ္။ လ.ဝ.က႐ုံးက ကြယ္လြန္သူ ရဲ႕ ေသစာရင္းအမည္နဲ႔ ႐ုံးလက္ခံ စာ ရြက္မွတ္တမ္းကို တုိက္ဆုိင္စစ္ေဆးမယ္။ မွတ္ပုံတင္အမွတ္ ဒါမွမဟုတ္ ႏုိင္ငံသားအမွတ္တုိ႔ကို စိစစ္မယ္။ ႏုိင္ငံသား စိစစ္ေရးကတ္ျပားထုတ္ေပးၿပီးဆုိလွ်င္ အမ်ဳိးသား မွတ္ပုံတင္ အမွတ္ကုိင္ေဆာင္သူကို မည္သည့္ ေန႔ရက္မွာ ႏုိင္ငံသား စိစစ္ေရးကတ္ ျပားထုတ္ေပးၿပီးနံပါတ္ ေဖာ္ျပကာ ေထာက္ခံခ်က္ေရးသားျပန္ၾကားေပး မွာ ျဖစ္တယ္''

''အမည္ကြဲလြဲခ်က္ကုိလည္း တစ္ခါတည္း ေရးသားေပးပါသလား''

''အမည္ကြဲလြဲခ်က္ရွိရင္လည္း ဥပမာ-ေဒၚေငြရင္ႏွင့္ ေဒၚရင္မွာ တစ္ဦးတည္းျဖစ္ေၾကာင္း ႏုိင္ငံသား မွတ္ပုံတင္အမွတ္ မည္မွ်ျဖစ္ေၾကာင္း ေရးသားျပန္ၾကားေပးမွာျဖစ္တယ္''

''လ.ဝ.က ႐ုံးက ျပန္စာနဲ႔ စာရြက္စာတမ္းအျပည့္အစုံေသစာရင္း အပါအဝင္တင္ျပႏုိင္ရင္ ေျမယာ ဌာနက ေျမပုံထုတ္ေပးႏုိင္ၿပီေပါ့''

''ခ်က္ခ်င္းေတာ့ ထုတ္မေပးႏုိင္ေသးဘူး။ ထုိေထာက္ခံစာအရ ေျမကြက္ကို ကြင္းဆင္းစစ္ေရးဖုိ႔လုိရင္ ကြင္းဆင္းစစ္ေဆးမယ္။ ကန္႔ကြက္သူ ရွိ မရွိကုိ သတင္းစာထဲ ေၾကညာ မယ္။ ၇ ရက္ျပည့္ၿပီး ေနာက္ပုိင္း ကန္႔ကြက္သူမရွိမွ ေျမယာဌာနအေန နဲ႔ အမည္မွန္နဲ႔အတူ ေျမပုံေျမရာဇဝင္ ထုတ္ေပးမွာျဖစ္တယ္''

''ဒီလုိ အေထာက္အထားမွန္ ကန္ရင္ေတာ့ အဲဒီေျမကြက္ကုိ ဝယ္သင့္တာေပါ့ေနာ္''

''ဟုတ္ပါတယ္ ဦးသန္းဦး''ဟု အႀကံျပဳေဆြးေႏြးလုိက္ပါသည္။

အိမ္ျခံေျမ ကိစၥအဝဝနွင့္ ပတ္သက္၍ ဥပေဒအၾကံေပးပညာရွင္မ်ားနွင့္ ေဆြးေႏြးတိုင္ပင္လိုပါက iMyanmarHouse.com (အိုင္ျမန္မာေဟာက္စ္ေဒါ႔ကြန္း) ၏ ဖုန္းနံပါတ္မ်ားျဖစ္ေသာ 09-966901767, 09-268022352 သို႔ ဆက္သြယ္ႏိုင္ပါသည္။ အေသးစိတ္ၾကည့္ရန္ ဤေနရာကို ႏွိပ္ပါ။

ေရာင္းရန္အိမ္ၿခံေျမမ်ားကို သင္စိတ္တိုင္းက် ရွာေဖြရန္အတြက္ ဤေနရာကို ႏွိပ္ပါ။

ငွားရန္အိမ္ၿခံေျမမ်ားကို သင္စိတ္တိုင္းက် ရွာေဖြရန္အတြက္ ဤေနရာကို ႏွိပ္ပါ။

Credit: ထီယု (ဥပေဒ အတိုင္ပင္ခံ)

နောက်ဆုံးရ အိမ်ခြံမြေ ဗဟုသုတများ

KITCHEN ဆေးရောင်ရွေးချယ်မှုအတွက် အကြံပေးမှုတစ်ချို့
KITCHEN ဆေးရောင်ရွေးချယ်မှုအတွက် အကြံပေးမှုတစ်ချို့
စုံလင်ဖွေရှာ အိမ်ခြံမြေဥပဒေရေးရာ
စုံလင်ဖွေရှာ အိမ်ခြံမြေဥပဒေရေးရာ
သာသနာဂရန်မြေ လျှောက်ထားရာတွင် သိရှိထားသင့်သည့် အချက်အလက်များအကြောင်း ဥပဒေဗဟုသုတ အနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။...
သာသနာဂရန်မြေ လျှောက်ထားရာတွင် သိရှိထားသင့်သည့် အချက်အလက်များအကြောင်း ဥပဒေဗဟုသုတ အနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။...
မရွှေ့မပြောင်းနိုင်သောပစ္စည်းကို ကန့်သတ်သည့်ဥပဒေအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြ ပေးလိုက်ပါသည်။...
မရွှေ့မပြောင်းနိုင်သောပစ္စည်းကို ကန့်သတ်သည့်ဥပဒေအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြ ပေးလိုက်ပါသည်။...
၂၀၂၅-၂၀၂၆ ခုနှစ်အတွက် ရန်ကုန်တိုင်း မြို့နယ်စုံ အသစ်ထွက်ရှိလာသော ရာဖြတ်နှုန်းထားများ
၂၀၂၅-၂၀၂၆ ခုနှစ်အတွက် ရန်ကုန်တိုင်း မြို့နယ်စုံ အသစ်ထွက်ရှိလာသော ရာဖြတ်နှုန်းထားများ
မြေယာစီမံခန့်ခွဲမှု စပ်လျဉ်း၍ ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
မြေယာစီမံခန့်ခွဲမှု စပ်လျဉ်း၍ ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
ငွေရေးကြေးရေးဆိုင်ရာအဖွဲ့အစည်း ဥပဒေအကြောင်းကို ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။...
ငွေရေးကြေးရေးဆိုင်ရာအဖွဲ့အစည်း ဥပဒေအကြောင်းကို ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။...
အပတ်စဉ် သိမှတ်ဖွယ်ရာ ဥပဒေအမေးအဖြေကဏ္ဍ
အပတ်စဉ် သိမှတ်ဖွယ်ရာ ဥပဒေအမေးအဖြေကဏ္ဍ
အိမ်ခြံမြေအသိကြွယ်စေဖို့ရာ ဥပဒေအမေးအဖြေကဏ္ဍ
အိမ်ခြံမြေအသိကြွယ်စေဖို့ရာ ဥပဒေအမေးအဖြေကဏ္ဍ
စုပေါင်းပိုင် အဆောက်အအုံနှင့် စပ်လျဉ်း၍ လိုက်နာရမည့် အချက်အလက်များ ဥပဒေဗဟုသုတအအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။...
စုပေါင်းပိုင် အဆောက်အအုံနှင့် စပ်လျဉ်း၍ လိုက်နာရမည့် အချက်အလက်များ ဥပဒေဗဟုသုတအအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။...

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

အိမ်ရာမဲ့ဘဝမှ သူဌေးဖြစ်လာသော အမေရိကန်ပြည်၊ ဒက်ထရွိုက်မြို့မှ အမျိုးသားတစ်ဦးအကြောင်း
အိမ်ရာမဲ့ဘဝမှ သူဌေးဖြစ်လာသော အမေရိကန်ပြည်၊ ဒက်ထရွိုက်မြို့မှ အမျိုးသားတစ်ဦးအကြောင်း
အိန္ဒိယတွင် ကျောင်းဆရာတစ်ဦးက ကမ္ဘာကျော် တပ်ဂျ်မဟာဗိမာန်ကြီး၏ ပုံတူ စံအိမ်ကြီးတစ်လုံးကို ၃ နှစ်ကြာ အချိန်ယူဆောက်လုပ်ကာ ဇန
အိန္ဒိယတွင် ကျောင်းဆရာတစ်ဦးက ကမ္ဘာကျော် တပ်ဂျ်မဟာဗိမာန်ကြီး၏ ပုံတူ စံအိမ်ကြီးတစ်လုံးကို ၃ နှစ်ကြာ အချိန်ယူဆောက်လုပ်ကာ ဇန
အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်၏ ကလေးဘဝနေအိမ်တွင် တောကြောင်များ သောင်းကျန်းနေ သောကြောင့် ခေါက်ချိုးခန့် ဈေးလျှော့ရောင်းထုတ်
အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်၏ ကလေးဘဝနေအိမ်တွင် တောကြောင်များ သောင်းကျန်းနေ သောကြောင့် ခေါက်ချိုးခန့် ဈေးလျှော့ရောင်းထုတ်
IP Man သရုပ်ဆောင် ဒွန်နီယန်းက ၎င်းအောက် အသက် ၁၈ နှစ်ငယ်သော ဇနီးနှင့် အိမ်ထောင်သက် ၂၂ နှစ်ပြည့် အခမ်းအနားကို Romantic ဆန်
IP Man သရုပ်ဆောင် ဒွန်နီယန်းက ၎င်းအောက် အသက် ၁၈ နှစ်ငယ်သော ဇနီးနှင့် အိမ်ထောင်သက် ၂၂ နှစ်ပြည့် အခမ်းအနားကို Romantic ဆန်
တရုတ်ပြည်ရှိ လူငယ်တို့မှာ အိမ်ငှားနေထိုင်ခြင်းထက် ဟိုတယ်များတွင် နေထိုင်ကြမှု ပိုမိုများပြားလာလျက်ရှိ၊ ဟိုတယ်တွင် နေထိုင
တရုတ်ပြည်ရှိ လူငယ်တို့မှာ အိမ်ငှားနေထိုင်ခြင်းထက် ဟိုတယ်များတွင် နေထိုင်ကြမှု ပိုမိုများပြားလာလျက်ရှိ၊ ဟိုတယ်တွင် နေထိုင
အင်ဒိုနီးရှားတွင် အေဘီစီဒီအီးအက်ဖ် ဂျီအိတ်ချ်အိုင်ဂျေကေ (ABCDEF GHIJK) ဟု ထူးထူးဆန်းဆန်း နာမည်ပေးထားသည့် ကလေးတစ်ယောက်အကြ
အင်ဒိုနီးရှားတွင် အေဘီစီဒီအီးအက်ဖ် ဂျီအိတ်ချ်အိုင်ဂျေကေ (ABCDEF GHIJK) ဟု ထူးထူးဆန်းဆန်း နာမည်ပေးထားသည့် ကလေးတစ်ယောက်အကြ
တရုတ်ပြည်တွင် မိန်းကလေးတစ်ဦးက အိမ်လခ သက်သာစေရန်အတွက် ၎င်းအလုပ်လုပ်သည့်စက်ရုံရှိ အိမ်သာခန်းအတွင်း နေထိုင်သည့်ဖြစ်ရပ် လူမှ
တရုတ်ပြည်တွင် မိန်းကလေးတစ်ဦးက အိမ်လခ သက်သာစေရန်အတွက် ၎င်းအလုပ်လုပ်သည့်စက်ရုံရှိ အိမ်သာခန်းအတွင်း နေထိုင်သည့်ဖြစ်ရပ် လူမှ
စက်ဘီးတစ်စီးဖြင့် ဆပ်ပြာမှုန့်များ တစ်အိမ်ဝင်တစ်အိမ်ထွက် လိုက်လံရောင်းချခဲ့ရသည့်ဘဝမှ ကန်ဒေါ်လာ ၃ ဒသမ ၄ ဘီလီယံ ချမ်းသာကြွ
စက်ဘီးတစ်စီးဖြင့် ဆပ်ပြာမှုန့်များ တစ်အိမ်ဝင်တစ်အိမ်ထွက် လိုက်လံရောင်းချခဲ့ရသည့်ဘဝမှ ကန်ဒေါ်လာ ၃ ဒသမ ၄ ဘီလီယံ ချမ်းသာကြွ
စုပေါင်းပိုင် အဆောက်အအုံနှင့် စပ်လျဉ်း၍ လိုက်နာရမည့် အချက်အလက်များ ဥပဒေဗဟုသုတအအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
စုပေါင်းပိုင် အဆောက်အအုံနှင့် စပ်လျဉ်း၍ လိုက်နာရမည့် အချက်အလက်များ ဥပဒေဗဟုသုတအအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
သြစတေးလျတွင် ဝေးလံခေါင်သီသော ဒေသရှိ မြို့လေးတစ်မြို့က ဆရာဝန်တစ်ဦး ခေါ်ယူနေ၊ လစာ ဒေါ်လာ ၄၀၀၀၀၀ ကျော် ပေးမည့်အပြင် အိမ်လခမ
သြစတေးလျတွင် ဝေးလံခေါင်သီသော ဒေသရှိ မြို့လေးတစ်မြို့က ဆရာဝန်တစ်ဦး ခေါ်ယူနေ၊ လစာ ဒေါ်လာ ၄၀၀၀၀၀ ကျော် ပေးမည့်အပြင် အိမ်လခမ
imyanmarmarket
Aung Theikdi Villa

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service