အိမ်နှင့်ပက်သက်၍ ခိုက်တတ်သည်ဆိုသောအယူအဆများ

အိမ်နှင့်ပက်သက်၍ ခိုက်တတ်သည်ဆိုသောအယူအဆများ - Property Knowledge in Myanmar from iMyanmarHouse.com
2 Jul 2020 3:51 pm တွင် တင်ခဲ့သည်
2022 ကြိမ် ကြည့်ရှု့ပြီး

ဗဟုသုတ | Posted by ဇာနည်ကျော်

[Unicode]

မြန်မာလူမျိုးတွေမှာ အိမ်ခြံမြေနဲ့ပက်သက်ပြီး အစွဲအလမ်းလေး တွေရှိပါတယ်။ လမ်းဦးတိုက် အိမ်ဦးတိုက် မနေကောင်းဘူး ခိုက်တတ်တယ်ဆိုတဲ့ အယူလေးတွေပါ။ တစ်ချို့မှာ ဒီလိုအယူတွေမရှိကြတော့ပေမဲ့ တစ်ချို့ကတော့ ဆက်လက်စောင့်ထိန်းနေဆဲပါပဲ။ မြန်မာလူမျိုးတွေ ယုံကြည်ကြတဲ့ အိမ်ခြံမြေ အစွဲအလမ်းလေးတွေကို ဖော်ပြလိုက်ပါတယ်။

၁.လမ်းဦးတိုက်

လမ်းကိုထိပ်တိုက် ဆောက်ထားတဲ့အိမ် ဖြစ်ပါတယ်။ ဒီလိုအိမ်မှာနေမယ်ဆိုရင် ကျားရုပ်တစ်ခုလုပ်ပြီး လမ်းဘက်ကို လှည့်ပေးထားရပါတယ်။ ဒါမှမဟုတ် အိမ်ရှေ့မှာ သောက်ရေအိုးစင်ဆောက်တာမျိုးလည်း ရပါတယ်။

၂.နို့ညှပ်

ညီအစ်ကိုကြား၊သားအဖကြား ရောက်နေတဲ့အိမ်ဖြစ်ပါတယ်။ ကိုယ်နဲ့ကပ်ရပ် ဘယ်နဲ့ညာကအိမ်ပိုင်ရှင်တွေဟာ သားအဖတွေ၊ ညီအစ်ကိုတွေဖြစ်နေတာပါ။ ဒီလိုမျိုးနေမိပြီဆိုရင်တော့ ထညပ်(ငါးကင်ရာမှာ သုံးတဲ့ဝါးညှပ်) ကို အိမ်ရဲ့တစ်ဖက်တစ်ချက်မှာ ထားရပါတယ်။

၃.စေတီဦးတိုက်

ဘုရားကျောင်းကန်စေတီပုထိုးတစ်ခုခုက မိမိအိမ်ထက်နိမ့်ပြီး ဘေးနားကပ်လျက်မှာရှိနေတာကို ဆိုလိုပါတယ်။ တိုက်တာအဆောက်အဦးပေါတဲ့ ရန်ကုန်လိုနေရာတွေမှာ တွေ့ရတတ်ပါတယ်။ ဒီလိုနေမိရင် အနီးအနားဘုရားကျောင်းကန်တစ်ခုမှာ ကောဇောခင်းတာ၊ ကျောက်ပြားခင်းတာ၊ တံမြက်စည်းလှည်းတာတွေ လုပ်ပေးရပါတယ်။

၄.ကြမ်းဦးတိုက်

အထပ်တစ်ခုပေါ်၊ ကြမ်းခင်းတစ်ခုပေါ်၊ အဆင့်တစ်ခုပေါ်ကို တက်လိုက်တဲ့အခါမှာ ကိုယ့်ခြေဖဝါးဟာ အဲဒီ့အထပ်မှာခင်းထားတဲ့ ကြမ်းအလျားတိုင်း ချမိနေတာကိုပြောတာပါ။ ဒီလိုမျိုးကြမ်းခင်းထားတဲ့ အဆောက်အဦးမှာ နေမိပြီဆိုရင် အဲဒီ့ကြမ်းမှာ ဖယောင်းပုဆိုး၊ကောဇော ဒါမှမဟုတ် တစ်ခုခုခင်းပေးရပါတယ်။

၅.အိမ်တံစို့

မိမိအိမ်ကို အခြားအိမ်က အလယ်တည့်တည့်က ကန့်လန့်ဆောက်ထားတာဖြစ်ပါတယ်။ဒါမျိုးဆိုရင်တော့ မိမိအိမ်ဘက်ကနေ ကန့်လန့်ဆောက်ထားတဲ့အိမ်ကို မှန်တစ်ချပ် ထောင်ပေးထားရပါတယ်။

နေအိမ်တွင်းမှာ ခြတောင်ပို့ရှိရင် အရောင်းအဝယ်မကောင်းဘူး။ မိမိအိမ်မျက်နှာစာက အခြားအိမ်ရဲ့နောက်ဖေးဖြစ်နေရင် မကောင်းဘူးဆိုတဲ့ အယူအဆတွေလည်း ရှိပါတယ်။ ရိုးရာအယူအဆတွေကို ဗဟုသုတအနေနဲ့ ဖော်ပြပေးလိုက်တာဖြစ်ပါတယ်။

Credit: အိမ်ခြံမြေလမ်းညွှန်(ဇော်မြင့်ဦး)

 

 

[Zawgyi]

အိမ္ႏွင့္ပက္သက္၍ ခိုက္တတ္သည္ဆိုေသာအယူအဆမ်ား

ျမန္မာလူမ်ိဳးေတြမွာ အိမ္ျခံေျမနဲ႔ပက္သက္ျပီး အစြဲအလမ္းေလး ေတြရွိပါတယ္။ လမ္းဦးတိုက္ အိမ္ဦးတိုက္ မေနေကာင္းဘူး ခိုက္တတ္တယ္ဆိုတဲ့ အယူေလးေတြပါ။ တစ္ခ်ိဳ႕မွာ ဒီလိုအယူေတြမရွိၾကေတာ့ေပမဲ့ တစ္ခ်ိဳ႕ကေတာ့ ဆက္လက္ေစာင့္ထိန္းေနဆဲပါပဲ။ ျမန္မာလူမ်ိဳးေတြ ယံုၾကည္ၾကတဲ့ အိမ္ျခံေျမ အစြဲအလမ္းေလးေတြကို ေဖာ္ျပလိုက္ပါတယ္။

၁.လမ္းဦးတိုက္

လမ္းကိုထိပ္တိုက္ ေဆာက္ထားတဲ့အိမ္ ျဖစ္ပါတယ္။ ဒီလိုအိမ္မွာေနမယ္ဆိုရင္ က်ားရုပ္တစ္ခုလုပ္ျပီး လမ္းဘက္ကို လွည့္ေပးထားရပါတယ္။ ဒါမွမဟုတ္ အိမ္ေရွ႕မွာ ေသာက္ေရအိုးစင္ေဆာက္တာမ်ိဳးလည္း ရပါတယ္။

၂.နို႔ညႇပ္

ညီအစ္ကိုၾကား၊သားအဖၾကား ေရာက္ေနတဲ့အိမ္ျဖစ္ပါတယ္။ ကိုယ္နဲ႔ကပ္ရပ္ ဘယ္နဲ႔ညာကအိမ္ပိုင္ရွင္ေတြဟာ သားအဖေတြ၊ ညီအစ္ကိုေတြျဖစ္ေနတာပါ။ ဒီလိုမ်ိဳးေနမိျပီဆိုရင္ေတာ့ ထညပ္(ငါးကင္ရာမွာ သံုးတဲ့ဝါးညႇပ္) ကို အိမ္ရဲ႕တစ္ဖက္တစ္ခ်က္မွာ ထားရပါတယ္။

၃.ေစတီဦးတိုက္

ဘုရားေက်ာင္းကန္ေစတီပုထိုးတစ္ခုခုက မိမိအိမ္ထက္နိမ့္ျပီး ေဘးနားကပ္လ်က္မွာရွိေနတာကို ဆိုလိုပါတယ္။ တိုက္တာအေဆာက္အဦးေပါတဲ့ ရန္ကုန္လိုေနရာေတြမွာ ေတြ႕ရတတ္ပါတယ္။ ဒီလိုေနမိရင္ အနီးအနားဘုရားေက်ာင္းကန္တစ္ခုမွာ ေကာေဇာခင္းတာ၊ ေက်ာက္ျပားခင္းတာ၊ တံျမက္စည္းလွည္းတာေတြ လုပ္ေပးရပါတယ္။

၄.ၾကမ္းဦးတိုက္

အထပ္တစ္ခုေပၚ၊ ၾကမ္းခင္းတစ္ခုေပၚ၊ အဆင့္တစ္ခုေပၚကို တက္လိုက္တဲ့အခါမွာ ကိုယ့္ေျခဖဝါးဟာ အဲဒီ့အထပ္မွာခင္းထားတဲ့ ၾကမ္းအလ်ားတိုင္း ခ်မိေနတာကိုေျပာတာပါ။ ဒီလိုမ်ိဳးၾကမ္းခင္းထားတဲ့ အေဆာက္အဦးမွာ ေနမိျပီဆိုရင္ အဲဒီ့ၾကမ္းမွာ ဖေယာင္းပုဆိုး၊ေကာေဇာ ဒါမွမဟုတ္ တစ္ခုခုခင္းေပးရပါတယ္။

၅.အိမ္တံစို႔

မိမိအိမ္ကို အျခားအိမ္က အလယ္တည့္တည့္က ကန္႔လန္႔ေဆာက္ထားတာျဖစ္ပါတယ္။ဒါမ်ိဳးဆိုရင္ေတာ့ မိမိအိမ္ဘက္ကေန ကန္႔လန္႔ေဆာက္ထားတဲ့အိမ္ကို မွန္တစ္ခ်ပ္ ေထာင္ေပးထားရပါတယ္။

ေနအိမ္တြင္းမွာ ျခေတာင္ပို႔ရွိရင္ အေရာင္းအဝယ္မေကာင္းဘူး။ မိမိအိမ္မ်က္နွာစာက အျခားအိမ္ရဲ႕ေနာက္ေဖးျဖစ္ေနရင္ မေကာင္းဘူးဆိုတဲ့ အယူအဆေတြလည္း ရွိပါတယ္။ ရုိးရာအယူအဆေတြကို ဗဟုသုတအေနနဲ႔ ေဖာ္ျပေပးလိုက္တာျဖစ္ပါတယ္။

Credit: အိမ္ျခံေျမလမ္းညႊန္(ေဇာ္ျမင့္ဦး)

 

နောက်ဆုံးရ အိမ်ခြံမြေ ဗဟုသုတများ

KITCHEN ဆေးရောင်ရွေးချယ်မှုအတွက် အကြံပေးမှုတစ်ချို့
KITCHEN ဆေးရောင်ရွေးချယ်မှုအတွက် အကြံပေးမှုတစ်ချို့
စုံလင်ဖွေရှာ အိမ်ခြံမြေဥပဒေရေးရာ
စုံလင်ဖွေရှာ အိမ်ခြံမြေဥပဒေရေးရာ
သာသနာဂရန်မြေ လျှောက်ထားရာတွင် သိရှိထားသင့်သည့် အချက်အလက်များအကြောင်း ဥပဒေဗဟုသုတ အနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။...
သာသနာဂရန်မြေ လျှောက်ထားရာတွင် သိရှိထားသင့်သည့် အချက်အလက်များအကြောင်း ဥပဒေဗဟုသုတ အနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။...
မရွှေ့မပြောင်းနိုင်သောပစ္စည်းကို ကန့်သတ်သည့်ဥပဒေအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြ ပေးလိုက်ပါသည်။...
မရွှေ့မပြောင်းနိုင်သောပစ္စည်းကို ကန့်သတ်သည့်ဥပဒေအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြ ပေးလိုက်ပါသည်။...
၂၀၂၅-၂၀၂၆ ခုနှစ်အတွက် ရန်ကုန်တိုင်း မြို့နယ်စုံ အသစ်ထွက်ရှိလာသော ရာဖြတ်နှုန်းထားများ
၂၀၂၅-၂၀၂၆ ခုနှစ်အတွက် ရန်ကုန်တိုင်း မြို့နယ်စုံ အသစ်ထွက်ရှိလာသော ရာဖြတ်နှုန်းထားများ
မြေယာစီမံခန့်ခွဲမှု စပ်လျဉ်း၍ ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
မြေယာစီမံခန့်ခွဲမှု စပ်လျဉ်း၍ ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
ငွေရေးကြေးရေးဆိုင်ရာအဖွဲ့အစည်း ဥပဒေအကြောင်းကို ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။...
ငွေရေးကြေးရေးဆိုင်ရာအဖွဲ့အစည်း ဥပဒေအကြောင်းကို ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။...
အပတ်စဉ် သိမှတ်ဖွယ်ရာ ဥပဒေအမေးအဖြေကဏ္ဍ
အပတ်စဉ် သိမှတ်ဖွယ်ရာ ဥပဒေအမေးအဖြေကဏ္ဍ
အိမ်ခြံမြေအသိကြွယ်စေဖို့ရာ ဥပဒေအမေးအဖြေကဏ္ဍ
အိမ်ခြံမြေအသိကြွယ်စေဖို့ရာ ဥပဒေအမေးအဖြေကဏ္ဍ
စုပေါင်းပိုင် အဆောက်အအုံနှင့် စပ်လျဉ်း၍ လိုက်နာရမည့် အချက်အလက်များ ဥပဒေဗဟုသုတအအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။...
စုပေါင်းပိုင် အဆောက်အအုံနှင့် စပ်လျဉ်း၍ လိုက်နာရမည့် အချက်အလက်များ ဥပဒေဗဟုသုတအအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။...

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

အမေရိကန်နိုင်ငံသားတစ်ဦး တရုတ်ပြည်တွင် ၁၅ နှစ်တာ ကွန်ဖူးကျင့်ခဲ့ပြီးနောက် အမြဲအခြေချနေထိုင်ခွင့် PR ရရှိခဲ့သည့်အပြင် ဝူတန
အမေရိကန်နိုင်ငံသားတစ်ဦး တရုတ်ပြည်တွင် ၁၅ နှစ်တာ ကွန်ဖူးကျင့်ခဲ့ပြီးနောက် အမြဲအခြေချနေထိုင်ခွင့် PR ရရှိခဲ့သည့်အပြင် ဝူတန
မြန်မာနိုင်ငံတွင် ငလျင်ကြောင့် ပျက်စီးခဲ့ရသည့် အခြေခံ အဆောက်အအုံများ ပြန်လည်ဆောက်လုပ်ရေး အတွက် အကူအညီပေးမည်ဟု အိန္ဒိယကတိ
မြန်မာနိုင်ငံတွင် ငလျင်ကြောင့် ပျက်စီးခဲ့ရသည့် အခြေခံ အဆောက်အအုံများ ပြန်လည်ဆောက်လုပ်ရေး အတွက် အကူအညီပေးမည်ဟု အိန္ဒိယကတိ
တောင်အာဖရိကတွင် အမျိုးသမီးတစ်ဦးက သားဖွားအပြီး တစ်လခန့်အကြာတွင် ဗိုက်ထဲ၌ ကလေးတစ်ဦး ကျန်နေသေးကြောင်း တုန်လှုပ်စွာ သိလိုက်ရ
တောင်အာဖရိကတွင် အမျိုးသမီးတစ်ဦးက သားဖွားအပြီး တစ်လခန့်အကြာတွင် ဗိုက်ထဲ၌ ကလေးတစ်ဦး ကျန်နေသေးကြောင်း တုန်လှုပ်စွာ သိလိုက်ရ
ဆွီဒင်တွင် မိခင်ဖြစ်သူက သားသမီး ၂ ဦး မွေးဖွားမှုအတွက် လစာဖြင့်ခွင့် ၂၁ လ ရယူခဲ့ပြီး လက်တွဲဖော် အမျိုးသားက ခွင့် ၁၅ လ ရယူ
ဆွီဒင်တွင် မိခင်ဖြစ်သူက သားသမီး ၂ ဦး မွေးဖွားမှုအတွက် လစာဖြင့်ခွင့် ၂၁ လ ရယူခဲ့ပြီး လက်တွဲဖော် အမျိုးသားက ခွင့် ၁၅ လ ရယူ
တရုတ်ပြည်တွင် မိမိကို သင်ကြားခဲ့သည့် ပါမောက္ခအမျိုးသမီးကြီးနေထိုင်ရန် တပည့်မိန်းကလေးက တိုက်ခန်း တစ်ခန်း ဝယ်ပေးထားခဲ့ပြီး
တရုတ်ပြည်တွင် မိမိကို သင်ကြားခဲ့သည့် ပါမောက္ခအမျိုးသမီးကြီးနေထိုင်ရန် တပည့်မိန်းကလေးက တိုက်ခန်း တစ်ခန်း ဝယ်ပေးထားခဲ့ပြီး
ထိုင်း နာမည်ကြီးအဆိုတော် ကောင်းဟွေးရိုင်းက ငလျင်ကြောင့် အဆောက်အအုံပြိုကျသည့်အထဲတွင် မိဘ ၂ ပါး ပါသွားခဲ့ရသည့် ၁၉ နှစ်အရွယ
ထိုင်း နာမည်ကြီးအဆိုတော် ကောင်းဟွေးရိုင်းက ငလျင်ကြောင့် အဆောက်အအုံပြိုကျသည့်အထဲတွင် မိဘ ၂ ပါး ပါသွားခဲ့ရသည့် ၁၉ နှစ်အရွယ
မည်သည့်အခါမျှ ရောက်ဖူးမည်မဟုတ်သော တားမြစ်နေရာများ
မည်သည့်အခါမျှ ရောက်ဖူးမည်မဟုတ်သော တားမြစ်နေရာများ
အိမ်ခြံမြေအသိကြွယ်စေဖို့ရာ ဥပဒေအမေးအဖြေကဏ္ဍ
အိမ်ခြံမြေအသိကြွယ်စေဖို့ရာ ဥပဒေအမေးအဖြေကဏ္ဍ
အိန္ဒိယတွင် ကျောင်းဆရာတစ်ဦးက ကမ္ဘာကျော် တပ်ဂျ်မဟာဗိမာန်ကြီး၏ ပုံတူ စံအိမ်ကြီးတစ်လုံးကို ၃ နှစ်ကြာ အချိန်ယူဆောက်လုပ်ကာ ဇန
အိန္ဒိယတွင် ကျောင်းဆရာတစ်ဦးက ကမ္ဘာကျော် တပ်ဂျ်မဟာဗိမာန်ကြီး၏ ပုံတူ စံအိမ်ကြီးတစ်လုံးကို ၃ နှစ်ကြာ အချိန်ယူဆောက်လုပ်ကာ ဇန
တရုတ်ပြည်၏ ဆင်းရဲမွဲတေမှု တိုက်ဖျက်ရေး အကူအညီစီမံကိန်းကြောင့် ကမ္ဘောဒီးယားရှိ ဝေးလံခေါင်ဖျား သော ရွာလေးတစ်ခု ခေတ်မီကာ စီ
တရုတ်ပြည်၏ ဆင်းရဲမွဲတေမှု တိုက်ဖျက်ရေး အကူအညီစီမံကိန်းကြောင့် ကမ္ဘောဒီးယားရှိ ဝေးလံခေါင်ဖျား သော ရွာလေးတစ်ခု ခေတ်မီကာ စီ
Aung Theikdi Villa
imyanmarmarket

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service