ကိုယ်ပိုင်အိမ်ဝယ်ယူပြီး နေထိုင်တော့မယ်ဆိုရင်

ကိုယ်ပိုင်အိမ်ဝယ်ယူပြီး နေထိုင်တော့မယ်ဆိုရင် - Property Knowledge in Myanmar from iMyanmarHouse.com
2 Jul 2020 3:39 pm တွင် တင်ခဲ့သည်
9740 ကြိမ် ကြည့်ရှု့ပြီး

ဗဟုသုတ | Posted by အေးမြတ်သူ

[Unicode]

အိမ်ခြံမြေလုပ်ငန်း လုပ်ကိုင်သူပွဲစားတွေ အချင်းချင်းအတွေ့အကြုံတွေ ဖလှယ်စကားဆိုကြတဲ့နေရာမှာ အများဆုံးပြောဖြစ်ကြတဲ့ အ ကြောင်းအရာကတော့ ပထမဆုံး အိမ်ခြံမြေဝယ်ယူမယ့်သူတွေရဲ့ မှားတတ်တဲ့ အမှားတွေအကြောင်းပါပဲ။ ဒီလိုအမှားတွေနဲ့ သိထားသင့်တဲ့ အိမ်ခြံမြေဗဟုသုတအကြောင်းအရာတွေကို အိမ်ခြံမြေအ ရောင်းအဝယ်လုပ်ငန်းနဲ့ ပတ်သက်ပြီး နှစ်ပေါင်းများစွာကျင်လည်ခဲ့ တဲ့ ဝါရင့်ပွဲစားကြီးတွေကသိနားလည်အောင်ဆိုပြီး စေတနာနဲ့အသိပေးတဲ့အခါတွေမှာ အချို့ဝယ်လက်တွေက မယုံကြည်တာတို့၊ နားမထောင်တာတို့၊ ကိုယ်နဲ့မရင်းနှီးတဲ့သူစိမ်းတွေ ဖြစ်နေတာ ကြောင့် စကားအရာမထင်မှတ်မှတ်သားသားမရှိတတ်ကြပါဘူး။

အရောင်းအဝယ်ပွဲဖြစ်ဖို့အရေးပဲ တိုက်တွန်းနေတဲ့ အရပ်ပွဲစားတွေရဲ့ မတတ်တခေါက် အတွေ့အကြုံတွေနဲ့ ခင်မင်ရင်းနှီးမှု အတိုင်းအတာကို ခုတုံးလုပ်တတ်တဲ့ ပွဲစားတွေရဲ့ ညွှန်ကြားချက်အတိုင်းလိုက်နာပြီး လုပ်ချင်ရာဇွတ်လုပ်ကျတော့ နောက်ဆုံးအရောင်းမှား အဝယ်မှားဖြစ်ပြီး ကိုယ့်ရဲ့ပထမဆုံးနေအိမ်အတွက် စိတ်တိုင်းမကျဖြစ်ခဲ့ရကာ ဆုံးရှုံးနစ်နာမှုတွေနဲ့ ကြုံတွေ့လာကြရတာကို တွေ့ရပါတယ်။ ဒီ့ အတွက်ကြောင့် ပထမဆုံး ကိုယ်ပိုင်နေအိမ်ဝယ်ယူမယ့်သူတွေရဲ့ မှားတတ်တဲ့ အမှားသုံးခုအကြောင်းကို သိနိုင်အောင် ဖော်ပြပေးလိုက်ပါရစေ…

၁။ ပထမဆုံး အိမ်ဝယ်ယူတော့မယ်ဆိုရင် အခကြေးငွေယူပြီး ပွဲစား လိုက်လုပ်တဲ့ အိမ်ခြံမြေအကျိုးဆောင်တွေရဲ့ စကားကိုအပြည့် အဝ မယုံကြည်သင့်ပါဘူး။ အကယ်၍ ဒီလိုအခြေအနေမျိုးကို ပြုလုပ်ခဲ့ မိပြီးရင်လည်း မြန်မြန်အဆုံးသတ်ဖို့ တိုက်တွန်းချင်ပါတယ်။ ငွေရေး ကြေးရေးနဲ့ ပတ်သက်တဲ့ရင်းနှီးမှုက တစ်ခါတစ်ရံ အလုပ်သဘော အရလောက်ပဲရှိကာ တာဝန်ယူမှုကင်းမဲ့ပြီး ယုံကြည်ရလည်းခက်ခဲပါတယ်။ ဒီတော့ ကိုယ်တကယ် ယုံကြည်ရတဲ့အတွေ့အကြုံရှိ အိမ် ခြံမြေလုပ်ကိုင်သူ တစ်ဦးတည်းဆီမှာ ကိုယ်လိုချင်တဲ့ အိမ်အနေအထားမျိုး၊ တတ်နိုင်တဲ့ဈေးနှုန်းကို ပွင့်ပွင့်လင်းလင်းနဲ့ ပြောပြပါ။ ငွေရေးကြေးရေးနဲ့ အကြံဉာဏ်ယူတိုင်ပင်တာထက် ခင်မင်မှုအတိုင်း အတာနဲ့ အကြံပေးတာတွေကို လက်ခံယူပါ။ သိလိုတဲ့ မေးခွန်းတွေ၊ အိမ်နဲ့ပတ်သက်တဲ့ ဈေးနှုန်း၊ အိမ်အပြင်အဆင်အချက်အလက်တွေ စာချုပ်စာတမ်း၊ ပိုင်ဆိုင်မှုအချက်အလက်ခိုင်လုံမှုရှိမရှိ စတာတွေကို ပြည့်ပြည့်စုံစုံ ရောင်းချမယ့်သူထံကနေ မေးမြန်းပါ။

၂။ အိမ်အရောင်းအဝယ်နဲ့ပတ်သက်ပြီး ကြိုတင်ပြီး စကားခံချုပ်ဆို ထားတဲ့ စာချုပ်စာတမ်းတွေ၊ ကတိကဝတ်ပြုတာတွေ မလုပ်ပါနဲ့။ နေ အိမ်ပိုင်ဆိုင်မှု အရောင်းအဝယ်ဆိုတာ သီးပင်စားပင်ဝယ်သလောက် မလွယ်ကူပါဘူး။ ကိုယ်တစ်သက်တာ ပိုင်ဆိုင်မှုနဲ့ထိုးပြီး အဝယ်လုပ် လိုက်ရတာပါ။ တစ်ချက်ကလေးတောင် အမှားမရှိရပါဘူး။ ဒီ့အ တွက် ကျိန်းသေပေါက် ဝယ်ယူဖို့မဖြစ်သေးတဲ့ အရောင်းအဝယ်ကို ပါးစပ်ကတိပေးပြီး မလုပ်ထားသင့်ပါဘူး။ နောက် အပြင်ပိုင်းပဲကြည့် ရုံနဲ့ စိတ်တိုင်းကျလို့ အရောင်းအဝယ်ဖြစ်သွားအောင်၊ ကိုယ်လိုချင် တဲ့ ဈေးရအောင်လို့ဆိုပြီး အလုပ်မဖြစ်ခင် နှစ်ဦးသားသာသိတဲ့ စာချုပ်ချုပ်ထားတာတို့ မလုပ်သင့်ပါဘူး။ ကိုယ်တကယ်ဝယ်ယူ မယ့်အချိန်မှ အိမ်ရဲ့စိတ်တိုင်းမကျတဲ့ အခြေအနေတွေပေါ်လာတဲ့ အချိန် အချင်းချင်းမျက်နှာပျက်စရာဖြစ်လာတတ်ပါတယ်။ ဒီလိုမျိုး တစ်ကြိမ်အရောင်းအဝယ်မှာ ကမောက်ကမဖြစ်သွားခဲ့ရင် နောက် တစ်ကြိမ်မှာလည်း အဆင်ပြေနိုင်ဖို့ ခက်ခဲပါတယ်။ ဘာ့ကြောင့်လဲ ဆိုတော့ အိမ်ခြံမြေအရောင်းလောကမှာ စကားအရာပျံ့ဖို့ကအရမ်း ကိုလျင်မြန်ပြီး အရောင်းအဝယ်ပွဲစားတစ်ဦးနဲ့ တစ်ဦးကလည်း အချိတ်အဆက်ကောင်းတဲ့အတွက်ကြောင့် ကိုယ့်ရဲ့အမှားတွေနဲ့ ကိုယ်လိုချင်တဲ့ ဈေးတွေအကြောင်း သိပြီးသားမို့ပါပဲ။

၃။ ကိုယ်ပိုင်အိမ်နဲ့ ပထမဆုံးဝယ်နေဖို့အတွက် အရမ်းဈေးကြီးတဲ့ နေအိမ်မျိုးဝယ်မနေသင့်ပါဘူး။ ဈေးအသင့်အတင့်နဲ့ ကိုယ်တတ် နိုင်သလောက်ပဲ အရင်ဆုံးဝယ်နေလိုက်ပါ။ ဒါကလည်း ပထမဆုံး ကိုယ်ပိုင်အိမ်နဲ့နေထိုင်မယ့် သူတွေအများဆုံး မှားတတ်ကြတဲ့ အမှားမျိုးပါပဲ။ အရင်ကိုယ်ပိုင် အိမ်မရခင်ကတည်းက ကြိုပြီးစိတ်ကူး ယဉ်တတ်ကြတဲ့ လက်တွေ့မဆန်တဲ့ စိတ်ကူးတွေကြောင့် ဆန္ဒစော သွားတာတွေကြောင့်လည်း ဖြစ်ပါတယ်။ အခြေအနေတစ်ခုဆိုတာ ကြိုတင်မမြင်ရတဲ့အတွက် ဒီလိုမျိုး တန်ဖိုးကြီးကြီးအိမ်တစ်လုံး ကိုယ်ဝယ်နေလိုက်မယ်ဆိုရင် ကိုယ့်အတွက် အခြားအသုံးစရိတ် တွေမကာနိုင်တော့ပါဘူး။ နေအိမ်တစ်လုံးမှာ နေထိုင်လို့အဆင်ပြေ ရင် တစ်သက်တာလုံးအတွက် မပူပန်ရပေမဲ့ နေထိုင်လို့အဆင်မပြေ ရင်တော့ အလွန်ဆုံးနေနိုင် လေးငါးနှစ်ထက်မပိုပါဘူး။ အဲ့ဒီအခါကျ မှ ဒီလိုမျိုးဈေးကြီးကြီး အိမ်တစ်လုံးကို ပြန်ရောင်းထွက်ဖို့က သိပ်ကို ခဲသွားပါပြီ။ ပတ်ဝန်းကျင်ကလည်း အဆင်မပြေ၊ နေအိမ်ကလည်း လို့မကောင်းလို့ နောက်တစ်အိမ်ပြောင်းဖို့တောင် မလွယ်ကူနိုင်တော့ တဲ့အတွက်ကြောင့်ပါ။

အိမ်ခြံမြေ ကိစ္စအဝဝနှင့် ပတ်သက်၍ ဥပဒေအကြံပေးပညာရှင်များနှင့် ဆွေးနွေးတိုင်ပင်လိုပါက iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ၏ ဖုန်းနံပါတ်များဖြစ်သော 09-966901767, 09-268022352 သို့ ဆက်သွယ်နိုင်ပါသည်။ အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။

ရောင်းရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

ငှားရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။     

(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)

Credit: iMyanmarHouse.com

 

[Zawgyi]

ကုိယ္ပုိင္အိမ္ဝယ္ယူၿပီး ေနထုိင္ေတာ့မယ္ဆုိရင္

အိမ္ၿခံေျမလုပ္ငန္း လုပ္ကုိင္သူပြဲစားေတြ အခ်င္းခ်င္းအေတြ႕အႀကံဳေတြ ဖလွယ္စကားဆုိၾကတဲ့ေနရာမွာ အမ်ားဆံုးေျပာျဖစ္ၾကတဲ့ အ ေၾကာင္းအရာကေတာ့ ပထမဆံုး အိမ္ၿခံေျမဝယ္ယူမယ့္သူေတြရဲ႕ မွားတတ္တဲ့ အမွားေတြအေၾကာင္းပါပဲ။ ဒီလုိအမွားေတြနဲ႔ သိထားသင့္တဲ့ အိမ္ၿခံေျမဗဟုသုတအေၾကာင္းအရာေတြကုိ အိမ္ၿခံေျမအ ေရာင္းအဝယ္လုပ္ငန္းနဲ႔ ပတ္သက္ၿပီး ႏွစ္ေပါင္းမ်ားစြာက်င္လည္ခဲ့ တဲ့ ဝါရင့္ပြဲစားႀကီးေတြကသိနားလည္ေအာင္ဆုိၿပီး ေစတနာနဲ႔အသိေပးတဲ့အခါေတြမွာ အခ်ိဳ႕ဝယ္လက္ေတြက မယံုၾကည္တာတုိ႕၊ နားမေထာင္တာတုိ႔၊ ကုိယ္နဲ႔မရင္းႏွီးတဲ့သူစိမ္းေတြ ျဖစ္ေနတာ ေၾကာင့္ စကားအရာမထင္မွတ္မွတ္သားသားမရွိတတ္ၾကပါဘူး။

အေရာင္းအဝယ္ပြဲျဖစ္ဖို႔အေရးပဲ တုိက္တြန္းေနတဲ့ အရပ္ပြဲစားေတြရဲ႕ မတတ္တေခါက္ အေတြ႕အႀကံဳေတြနဲ႔ ခင္မင္ရင္းႏွီးမႈ အတုိင္းအတာကုိ ခုတံုးလုပ္တတ္တဲ့ ပြဲစားေတြရဲ႕ ညႊန္ၾကားခ်က္အတုိင္းလုိက္နာၿပီး လုပ္ခ်င္ရာဇြတ္လုပ္က်ေတာ့ ေနာက္ဆံုးအေရာင္းမွား အဝယ္မွားျဖစ္ၿပီး ကုိယ့္ရဲ႕ပထမဆံုးေနအိမ္အတြက္ စိတ္တုိင္းမက်ျဖစ္ခဲ့ရကာ ဆံုးရႈံးနစ္နာမႈေတြနဲ႔ ႀကံဳေတြ႔လာၾကရတာကုိ ေတြ႕ရပါတယ္။ ဒီ့ အတြက္ေၾကာင့္ ပထမဆံုး ကုိယ္ပုိင္ေနအိမ္ဝယ္ယူမယ့္သူေတြရဲ႕ မွားတတ္တဲ့ အမွားသံုးခုအေၾကာင္းကုိ သိႏုိင္ေအာင္ ေဖာ္ျပေပးလုိက္ပါရေစ…

၁။ ပထမဆံုး အိမ္ဝယ္ယူေတာ့မယ္ဆုိရင္ အခေၾကးေငြယူၿပီး ပြဲစား လုိက္လုပ္တဲ့ အိမ္ၿခံေျမအက်ိဳးေဆာင္ေတြရဲ႕ စကားကုိအျပည့္ အဝ မယံုၾကည္သင့္ပါဘူး။ အကယ္၍ ဒီလုိအေျခအေနမ်ိဳးကုိ ျပဳလုပ္ခဲ့ မိၿပီးရင္လည္း ျမန္ျမန္အဆံုးသတ္ဖုိ႕ တုိက္တြန္းခ်င္ပါတယ္။ ေငြေရး ေၾကးေရးနဲ႔ ပတ္သက္တဲ့ရင္းႏွီးမႈက တစ္ခါတစ္ရံ အလုပ္သေဘာ အရေလာက္ပဲရွိကာ တာဝန္ယူမႈကင္းမဲ့ၿပီး ယံုၾကည္ရလည္းခက္ခဲပါတယ္။ ဒီေတာ့ ကုိယ္တကယ္ ယံုၾကည္ရတဲ့အေတြ႕အႀကံဳရွိ အိမ္ ၿခံေျမလုပ္ကုိင္သူ တစ္ဦးတည္းဆီမွာ ကုိယ္လုိခ်င္တဲ့ အိမ္အေနအထားမ်ိဳး၊ တတ္ႏုိင္တဲ့ေစ်းႏႈန္းကုိ ပြင့္ပြင့္လင္းလင္းနဲ႔ ေျပာျပပါ။ ေငြေရးေၾကးေရးနဲ႔ အႀကံဥာဏ္ယူတုိင္ပင္တာထက္ ခင္မင္မႈအတုိင္း အတာနဲ႔ အႀကံေပးတာေတြကုိ လက္ခံယူပါ။ သိလုိတဲ့ ေမးခြန္းေတြ၊ အိမ္နဲ႔ပတ္သက္တဲ့ ေစ်းႏႈန္း၊ အိမ္အျပင္အဆင္အခ်က္အလက္ေတြ စာခ်ဳပ္စာတမ္း၊ ပိုင္ဆုိင္မႈအခ်က္အလက္ခုိင္လံုမႈရွိမရွိ စတာေတြကုိ ျပည့္ျပည့္စံုစံု ေရာင္းခ်မယ့္သူထံကေန ေမးျမန္းပါ။

၂။ အိမ္အေရာင္းအဝယ္နဲ႔ပတ္သက္ၿပီး ႀကိဳတင္ၿပီး စကားခံခ်ဳပ္ဆုိ ထားတဲ့ စာခ်ဳပ္စာတမ္းေတြ၊ ကတိကဝတ္ျပဳတာေတြ မလုပ္ပါနဲ႔။ ေန အိမ္ပုိင္ဆုိင္မႈ အေရာင္းအဝယ္ဆုိတာ သီးပင္စားပင္ဝယ္သေလာက္ မလြယ္ကူပါဘူး။ ကုိယ္တစ္သက္တာ ပုိင္ဆုိင္မႈနဲ႔ထိုးၿပီး အဝယ္လုပ္ လုိက္ရတာပါ။ တစ္ခ်က္ကေလးေတာင္ အမွားမရွိရပါဘူး။ ဒီ့အ တြက္ က်ိန္းေသေပါက္ ဝယ္ယူဖုိ႕မျဖစ္ေသးတဲ့ အေရာင္းအဝယ္ကုိ ပါးစပ္ကတိေပးၿပီး မလုပ္ထားသင့္ပါဘူး။ ေနာက္ အျပင္ပုိင္းပဲၾကည့္ ရုံနဲ႔ စိတ္တုိင္းက်လုိ႔ အေရာင္းအဝယ္ျဖစ္သြားေအာင္၊ ကုိယ္လုိခ်င္ တဲ့ ေစ်းရေအာင္လုိ႔ဆုိၿပီး အလုပ္မျဖစ္ခင္ ႏွစ္ဦးသားသာသိတဲ့ စာခ်ဳပ္ခ်ဳပ္ထားတာတုိ႔ မလုပ္သင့္ပါဘူး။ ကုိယ္တကယ္ဝယ္ယူ မယ့္အခ်ိန္မွ အိမ္ရဲ႕စိတ္တုိင္းမက်တဲ့ အေျခအေနေတြေပၚလာတဲ့ အခ်ိန္ အခ်င္းခ်င္းမ်က္ႏွာပ်က္စရာျဖစ္လာတတ္ပါတယ္။ ဒီလုိမ်ိဳး တစ္ႀကိမ္အေရာင္းအဝယ္မွာ ကေမာက္ကမျဖစ္သြားခဲ့ရင္ ေနာက္ တစ္ႀကိမ္မွာလည္း အဆင္ေျပႏုိင္ဖုိ႕ ခက္ခဲပါတယ္။ ဘာ့ေၾကာင့္လဲ ဆုိေတာ့ အိမ္ၿခံေျမအေရာင္းေလာကမွာ စကားအရာပ်ံ႕ဖုိ႔ကအရမ္း ကုိလ်င္ျမန္ၿပီး အေရာင္းအဝယ္ပြဲစားတစ္ဦးနဲ႔ တစ္ဦးကလည္း အခ်ိတ္အဆက္ေကာင္းတဲ့အတြက္ေၾကာင့္ ကုိယ့္ရဲ႕အမွားေတြနဲ႔ ကုိယ္လုိခ်င္တဲ့ ေစ်းေတြအေၾကာင္း သိၿပီးသားမုိ႔ပါပဲ။

၃။ ကိုယ္ပုိင္အိမ္နဲ႔ ပထမဆံုးဝယ္ေနဖုိ႕အတြက္ အရမ္းေစ်းႀကီးတဲ့ ေနအိမ္မ်ိဳးဝယ္မေနသင့္ပါဘူး။ ေစ်းအသင့္အတင့္နဲ႔ ကုိယ္တတ္ ႏုိင္သေလာက္ပဲ အရင္ဆံုးဝယ္ေနလုိက္ပါ။ ဒါကလည္း ပထမဆံုး ကုိယ္ပုိင္အိမ္နဲ႔ေနထုိင္မယ့္ သူေတြအမ်ားဆံုး မွားတတ္ၾကတဲ့ အမွားမ်ိဳးပါပဲ။ အရင္ကုိယ္ပုိင္ အိမ္မရခင္ကတည္းက ႀကိဳၿပီးစိတ္ကူး ယဥ္တတ္ၾကတဲ့ လက္ေတြ႔မဆန္တဲ့ စိတ္ကူးေတြေၾကာင့္ ဆႏၵေစာ သြားတာေတြေၾကာင့္လည္း ျဖစ္ပါတယ္။ အေျခအေနတစ္ခုဆုိတာ ႀကိဳတင္မျမင္ရတဲ့အတြက္ ဒီလုိမ်ိဳး တန္ဖိုးႀကီးႀကီးအိမ္တစ္လံုး ကုိယ္ဝယ္ေနလိုက္မယ္ဆုိရင္ ကုိယ့္အတြက္ အျခားအသံုးစရိတ္ ေတြမကာႏုိင္ေတာ့ပါဘူး။ ေနအိမ္တစ္လံုးမွာ ေနထုိင္လုိ႔အဆင္ေျပ ရင္ တစ္သက္တာလံုးအတြက္ မပူပန္ရေပမဲ့ ေနထုိင္လုိ႔အဆင္မေျပ ရင္ေတာ့ အလြန္ဆံုးေနႏုိင္ ေလးငါးႏွစ္ထက္မပုိပါဘူး။ အဲ့ဒီအခါက် မွ ဒီလုိမ်ိဳးေစ်းႀကီးႀကီး အိမ္တစ္လံုးကုိ ျပန္ေရာင္းထြက္ဖုိ႔က သိပ္ကုိ ခဲသြားပါၿပီ။ ပတ္ဝန္းက်င္ကလည္း အဆင္မေျပ၊ ေနအိမ္ကလည္း လုိ႔မေကာင္းလုိ႔ ေနာက္တစ္အိမ္ေျပာင္းဖုိ႔ေတာင္ မလြယ္ကူႏုိင္ေတာ့ တဲ့အတြက္ေၾကာင့္ပါ။

အိမ္ျခံေျမ ကိစၥအဝဝနွင့္ ပတ္သက္၍ ဥပေဒအၾကံေပးပညာရွင္မ်ားနွင့္ ေဆြးေႏြးတိုင္ပင္လိုပါက iMyanmarHouse.com (အိုင္ျမန္မာေဟာက္စ္ေဒါ႔ကြန္း) ၏ ဖုန္းနံပါတ္မ်ားျဖစ္ေသာ 09-966901767, 09-268022352 သို႔ ဆက္သြယ္ႏိုင္ပါသည္။ အေသးစိတ္ၾကည့္ရန္ ဤေနရာကို ႏွိပ္ပါ။

 

ေရာင္းရန္အိမ္ၿခံေျမမ်ားကို သင္စိတ္တိုင္းက် ရွာေဖြရန္အတြက္ ဤေနရာကို ႏွိပ္ပါ။

ငွားရန္အိမ္ၿခံေျမမ်ားကို သင္စိတ္တိုင္းက် ရွာေဖြရန္အတြက္ ဤေနရာကို ႏွိပ္ပါ။      

(iMyanmarHouse.com Team မွ ေရးသား ေဖာ္ျပသည္။)

Credit: iMyanmarHouse.com

နောက်ဆုံးရ အိမ်ခြံမြေ ဗဟုသုတများ

ဟောင်ကောင် ရေကြောင်းရဲအရာရှိတစ်ဦး ၁၀ ဒေါ်လာဖိုး ဖုန်းဆက်ထီထိုးခဲ့ရာ ဒေါ်လာ ၆၉ သန်း Jackpot ဆုကြီး ထီပေါက်...
ဟောင်ကောင် ရေကြောင်းရဲအရာရှိတစ်ဦး ၁၀ ဒေါ်လာဖိုး ဖုန်းဆက်ထီထိုးခဲ့ရာ ဒေါ်လာ ၆၉ သန်း Jackpot ဆုကြီး ထီပေါက်...
ကာဇက်စတန်မှ ရွာကလေးတွင် ရွာသူရွာသားတို့မှာ လမ်းလျှောက်ရင်းပင် ရုတ်တရက် အိပ်ပျော်သွားတတ်ကြပြီး ပြန်နိုးလာချိန်တွင် မည်သည့်အချိန်က အိပ်ပျော်သွားသည်ကို မမှတ်မိကြသည့် ဆန်းကြယ်သော ဖြစ်ရပ်...
ကာဇက်စတန်မှ ရွာကလေးတွင် ရွာသူရွာသားတို့မှာ လမ်းလျှောက်ရင်းပင် ရုတ်တရက် အိပ်ပျော်သွားတတ်ကြပြီး ပြန်နိုးလာချိန်တွင် မည်သည့်အချိန်က အိပ်ပျော်သွားသည်ကို မမှတ်မိကြသည့် ဆန်းကြယ်သော ဖြစ်ရပ်...
ဟယ်ရီဆင်ဖို့ဒ်က တောမီးဦးတည်နေသည့် ဘရန့်ဝုဒ်အရပ်မှ သူ၏ စံအိမ်ဆီသို့ သွားရန် ကြိုးစားရာ ရဲအရာရှိတို့ လိုက်ပါစောင့်ကြပ်ပေးခဲ့...
ဟယ်ရီဆင်ဖို့ဒ်က တောမီးဦးတည်နေသည့် ဘရန့်ဝုဒ်အရပ်မှ သူ၏ စံအိမ်ဆီသို့ သွားရန် ကြိုးစားရာ ရဲအရာရှိတို့ လိုက်ပါစောင့်ကြပ်ပေးခဲ့...
ကယ်လီဖိုးနီးယားတွင် တောမီးကြောင့် အရေးပေါ်အခြေအနေ ကြေညာထားပြီး ညမထွက်ရအမိန့် ထုတ်ပြန်ထားရာ ဒုသမ္မတ ခါမလာဟဲရစ်၏ နေအိမ်အနီး ညဘက် သွားလာသူ ၂ ဦး ဖမ်းဆီးခံရ...
ကယ်လီဖိုးနီးယားတွင် တောမီးကြောင့် အရေးပေါ်အခြေအနေ ကြေညာထားပြီး ညမထွက်ရအမိန့် ထုတ်ပြန်ထားရာ ဒုသမ္မတ ခါမလာဟဲရစ်၏ နေအိမ်အနီး ညဘက် သွားလာသူ ၂ ဦး ဖမ်းဆီးခံရ...
ဂျပန်နိုင်ငံသားများအကြား “အိမ်သာ” ဟု ရည်ညွှန်းပြောဆိုကြသည့် ကျဉ်းမြောင်းလှသော လူနေခန်းလေးများ၊ ဟိုတယ်များ အမြဲပြည့်နေသော ဂျပန်တွင် နိုင်ငံခြားခရီးသွားများ တည်းခိုရန် စိတ်ဝင်စားလျက်ရှိ...
ဂျပန်နိုင်ငံသားများအကြား “အိမ်သာ” ဟု ရည်ညွှန်းပြောဆိုကြသည့် ကျဉ်းမြောင်းလှသော လူနေခန်းလေးများ၊ ဟိုတယ်များ အမြဲပြည့်နေသော ဂျပန်တွင် နိုင်ငံခြားခရီးသွားများ တည်းခိုရန် စိတ်ဝင်စားလျက်ရှိ...
(ထူးထူးခြားခြား အိမ်ခြံမြေဒိုင်ယာရီ) အိန္ဒိယတွင် အိမ်ခြံမြေ Developer တစ်ဦးက ဆောက်လုပ်ရေးအတွက် မြေတူးစဉ် ရွှေအိုးကြီးတစ်လုံး တူးဖော်တွေ့ရှိ...
(ထူးထူးခြားခြား အိမ်ခြံမြေဒိုင်ယာရီ) အိန္ဒိယတွင် အိမ်ခြံမြေ Developer တစ်ဦးက ဆောက်လုပ်ရေးအတွက် မြေတူးစဉ် ရွှေအိုးကြီးတစ်လုံး တူးဖော်တွေ့ရှိ...
မိုက်ခရိုဝေ့(Microwave) နှင့် ပြန်နွှေးပြီး မစားသင့်သော အစာ (၇) မျိုး
မိုက်ခရိုဝေ့(Microwave) နှင့် ပြန်နွှေးပြီး မစားသင့်သော အစာ (၇) မျိုး
အိမ်ခြံမြေအရေး iMyanmarHouse ကို တွေးလိုက်ပါ🤔
အိမ်ခြံမြေအရေး iMyanmarHouse ကို တွေးလိုက်ပါ🤔
ပစ္စည်းလွှဲပြောင်းခြင်း ဥပဒေအကြောင်းကို ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
ပစ္စည်းလွှဲပြောင်းခြင်း ဥပဒေအကြောင်းကို ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
အိမ်ပိုင်ရှင်များသတိထားနိုင်ဖို့ တစ်ထပ်အိမ်ကို အဆင့်မြှင့်တဲ့အခါ ဆောင်ရန်ရှောင်ဖွယ်အချက် ( ၄) ချက်...
အိမ်ပိုင်ရှင်များသတိထားနိုင်ဖို့ တစ်ထပ်အိမ်ကို အဆင့်မြှင့်တဲ့အခါ ဆောင်ရန်ရှောင်ဖွယ်အချက် ( ၄) ချက်...

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

ပြင်သစ်နိုင်ငံတွင် အိမ်ငှားက အိမ်လခ မပေးသောကြောင့် အိမ်ရှင်က တံခါးနှင့် ပြတင်းပေါက်များ ဖြုတ်ပစ်
ပြင်သစ်နိုင်ငံတွင် အိမ်ငှားက အိမ်လခ မပေးသောကြောင့် အိမ်ရှင်က တံခါးနှင့် ပြတင်းပေါက်များ ဖြုတ်ပစ်
အမေရိကန်ပြည်တွင် သူခိုးများက နေအိမ်များကို အလုံးလိုက်ခိုးယူလျက်ရှိနေ
အမေရိကန်ပြည်တွင် သူခိုးများက နေအိမ်များကို အလုံးလိုက်ခိုးယူလျက်ရှိနေ
(ထူးထူးခြားခြား အိမ်ခြံမြေဒိုင်ယာရီ) အိန္ဒိယတွင် အိမ်ခြံမြေ Developer တစ်ဦးက ဆောက်လုပ်ရေးအတွက် မြေတူးစဉ် ရွှေအိုးကြီးတစ်
(ထူးထူးခြားခြား အိမ်ခြံမြေဒိုင်ယာရီ) အိန္ဒိယတွင် အိမ်ခြံမြေ Developer တစ်ဦးက ဆောက်လုပ်ရေးအတွက် မြေတူးစဉ် ရွှေအိုးကြီးတစ်
ကမ္ဘာ့အချမ်းသာဆုံးပုဂ္ဂိုလ်များဖြစ်သော Elon Musk, Jeff Bezos နှင့် Mark Zuckerberg တို့၏ စံအိမ်ကြီးများ
ကမ္ဘာ့အချမ်းသာဆုံးပုဂ္ဂိုလ်များဖြစ်သော Elon Musk, Jeff Bezos နှင့် Mark Zuckerberg တို့၏ စံအိမ်ကြီးများ
ဂျပန်နိုင်ငံတွင် လူလုပ်ကျွန်းတုပေါ်၌ ကန်ဒေါ်လာ ၁၈ ဘီလီယံ အကုန်အကျခံကာ ဆောက်လုပ်ထားသော လေဆိပ်ကြီး ပင်လယ်အောက်သို့ နစ်မြုပ
ဂျပန်နိုင်ငံတွင် လူလုပ်ကျွန်းတုပေါ်၌ ကန်ဒေါ်လာ ၁၈ ဘီလီယံ အကုန်အကျခံကာ ဆောက်လုပ်ထားသော လေဆိပ်ကြီး ပင်လယ်အောက်သို့ နစ်မြုပ
ဘရစ်တ်နီ စပီးယား လှေကားထိပ်မှ သရဲများ၏ တွန်းချခံရသောကြောင့် မနေရဲသောအိမ်၊ ရုပ်ရှင်မင်းသမီး ဘရစ်နီး မာဖီတို့ ဇနီးမောင်နှံ
ဘရစ်တ်နီ စပီးယား လှေကားထိပ်မှ သရဲများ၏ တွန်းချခံရသောကြောင့် မနေရဲသောအိမ်၊ ရုပ်ရှင်မင်းသမီး ဘရစ်နီး မာဖီတို့ ဇနီးမောင်နှံ
ဗဟုသုတအဖြာဖြာ အိမ်ခြံမြေရေးရာ
ဗဟုသုတအဖြာဖြာ အိမ်ခြံမြေရေးရာ
ဟယ်ရီဆင်ဖို့ဒ်က တောမီးဦးတည်နေသည့် ဘရန့်ဝုဒ်အရပ်မှ သူ၏ စံအိမ်ဆီသို့ သွားရန် ကြိုးစားရာ ရဲအရာရှိတို့ လိုက်ပါစောင့်ကြပ်ပေးခ
ဟယ်ရီဆင်ဖို့ဒ်က တောမီးဦးတည်နေသည့် ဘရန့်ဝုဒ်အရပ်မှ သူ၏ စံအိမ်ဆီသို့ သွားရန် ကြိုးစားရာ ရဲအရာရှိတို့ လိုက်ပါစောင့်ကြပ်ပေးခ
ဆောက်လုပ်ရေးလုပ်ငန်းများအတွက် CHID ဘဏ်က ချေးငွေထုတ်ပေးလျက်ရှိ
ဆောက်လုပ်ရေးလုပ်ငန်းများအတွက် CHID ဘဏ်က ချေးငွေထုတ်ပေးလျက်ရှိ
တရုတ်ပြည်တွင် ပြန်ပေးဆွဲခံရသော ကလေးတစ်ဦး ၂၆ နှစ်အကြာ၌ ဆောက်လုပ်ရေးကုမ္ပဏီ ပိုင်ရှင် မိဘများနှင့် ပြန်လည်ဆုံစည်း၊ ဖခင်ဖြစ
တရုတ်ပြည်တွင် ပြန်ပေးဆွဲခံရသော ကလေးတစ်ဦး ၂၆ နှစ်အကြာ၌ ဆောက်လုပ်ရေးကုမ္ပဏီ ပိုင်ရှင် မိဘများနှင့် ပြန်လည်ဆုံစည်း၊ ဖခင်ဖြစ

နောင်လာမည့် အိမ်ခြံမြေ ပွဲစဉ်များ

imyanmarmarket
The Crest

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service