မိုက်ခရိုဝေ့မီးဖိုရဲ့ ကျန်းမာရေးဆိုးကျိုး

မိုက်ခရိုဝေ့မီးဖိုရဲ့ ကျန်းမာရေးဆိုးကျိုး - Property Knowledge in Myanmar from iMyanmarHouse.com
2 Jul 2020 1:42 pm တွင် တင်ခဲ့သည်
2224 ကြိမ် ကြည့်ရှု့ပြီး

ဗဟုသုတ | Posted by ရွှေစင်ဝင်း

[Unicode]

နည်းပညာအသစ်တွေ ပေါ်ပေါက်လာတဲ့အခါ ကျန်းမာရေးရှုထောင့်က ကြည့်ရှုခြင်းထက် ဆန်းသစ်မှု အဆင်ပြေမှုကိုသာ ဦးစားပေးကာ အသုံးပြုကြတာ လူ့သဘာဝပါပဲ။ အသုံးပြုချိန်ကာလကြာလာတာနဲ့အမျှ ကျန်းမာရေးအကျိုးဆက်တွေ သိသိသာသာ ပေါ်ပေါက်လာတော့မှသာ သတိပြုမိလေ့ရှိကြပါတယ်။ လူတိုင်းလိုလို နှစ်သက်စွာ အသုံးပြုကြတဲ့ မိုက်ခရိုဝေ့မီးဖိုရဲ့ ကျန်းမာရေးဆိုင်ရာ အကျိုးသက်ရောက်မှုများကို တင်ပြလိုပါတယ်။

မိုက်ခရိုဝေ့မီးဖိုကို အိမ်တော်တော်များများမှာ တွေ့ရတတ်ပြီး ဟင်းနွှေးဖို့၊ ကော်ဖီနွှေးဖို့ သုံးကြသလို အသားငါး အသီးအရွက်တွေကို ပေါင်းခြင်း၊ နှပ်ခြင်း၊ ပြုတ်ခြင်းအတွက်ပါ အသုံးပြု ကြပါတယ်။

မိုက်ခရိုဝေ့မီးဖိုဟာ ကျက်တာလည်းမြန်ပြီး အလုပ်ရှုပ်လည်းသက်သာကာ auto ချိန်ညှိထားနိုင်လို့ လူအများစုက ကြိုက်နှစ်သက်စွာ နေ့စဉ် အသုံးပြုလျှက်ရှိကြပါတယ်။ ဒီတော့ မိုက်ခရိုဝေ့မီးဖိုကို တကယ်ပဲစိတ်ချလက်ချ အန္တရာယ်ကင်းစွာ အသုံးပြုနိုင်ရဲလားဆိုတာ ဆန်းစစ်ကြည့်ကြပါစို့။

မိုက်ခရိုဝေ့မီးဖိုထဲကို အစားအသောက်တွေ ထည့်လိုက်တဲ့အခါ အစားအစာတွေမှာ ပါဝင်တဲ့ ရေမော်လီကျူးတွေဟာ ပူနွေးတုန်ခါလာပြီး အာဟာရမော်လီကျူးတွေကို တစစီဖြိုဖျက်ပစ် လိုက်ပါတယ်။ အနံ့အရသာမပြောင်းသွားပေမဲ့ (ပိုတောင်ကောင်းလာနိုင်ပေမဲ့) တကယ်တမ်းကျတော့ အာဟာရတွေအားလုံးကို ဆုံးရှုံးသွားပြီဖြစ်ပါတယ်။ အဲဒီလိုအစားအစာတွေကို နေ့စဉ်မှီဝဲတဲ့အခါ အာဟာရဓါတ်တွေမတိုးပွားလာနိုင်တော့ပဲ ကျန်းမာရေးဆိုးကျိုးတွေ ဖြစ်ပေါ်လာစေပါတယ်။

* ရောဂါကာကွယ်စနစ်ကို အားလျော့စေခြင်း

* ဘက်တီးရီးယားနဲ့ ဗိုင်းရပ်စ် ကူးစက်မှုကို ခံနိုင်ရည်နည်းသွားခြင်း

* မျက်စိတိမ်စွဲရောဂါဖြစ်ပွားခြင်း

* မွေးရာပါမသန်စွမ်းခြင်း၊ ချို့တဲ့ခြင်း

* ကင်ဆာရောဂါ

* ရောဂါပေါင်းစုံဝင်ရောက်နိုင်ခြင်း

၁၉၉၂ ခုနှစ်မှာ ပြုလုပ်ခဲ့တဲ့ သုတေသနလေ့လာမှုတစ်ခုအရ ဆွစ်ဇာလန်မှ သိပ္ပံပညာရှင်များက အောက်ပါအချက်များကို လေ့လာတွေ့ရှိခဲ့ပါတယ်။ မိုက်ခရိုဝေ့မီးဖိုမှာ ချက်ပြုတ်တဲ့ ဟင်းသီးဟင်းရွက်တွေကို စားတဲ့သူတွေကို စမ်းသပ်လိုက်တဲ့အခါ အောက်ပါအတိုင်းတွေ့ရှိရပါတယ်။

* ကိုလက်စထရောမြင့်တက်လာခြင်း

* ဟေမိုဂလိုဗင် (သွေးနီဥများ) အရေအတွက် ကျဆင်းခြင်း

* လင်ဖိုဆိုက် (သွေးဖြူဥများ) အရေအတွက် ကျဆင်းခြင်း

* စိတ်ဖိစီးစေတဲ့ဟော်မုန်းဓါတ် ထွက်လာခြင်း

နို့တိုက်မိခင်တွေကို သုတေသနပြုလုပ်တဲ့အခါမှာလည်း မိုက်ခရိုဝေ့မီးဖိုအသုံးပြုတဲ့မိခင်တွေရဲ့ နို့ရည်ထဲမှာ ..

* ရောဂါကာကွယ်ဓါတ်နည်းပါးလာခြင်း

* အဓိကပဋိဇီဝများနည်းပါးလာခြင်း

* အန္တရာယ်များတဲ့ ဘက်တီးရီးယားများ ပိုမိုပါဝင်လာခြင်း တို့ကို တွေ့ရှိရပါတယ်။

ဒါ့အပြင် မိုက်ခရိုဝေ့မီးဖိုကို ကြာရှည်သုံးစွဲလာသူတွေဟာ ဆံပင်စောစီးစွာဖြူခြင်း၊ ဆံပင်ကျွတ်ခြင်း၊ ထိပ်ပြောင်ခြင်း၊ မေ့လျော့လွယ်ခြင်း၊ ရင်တုန်ခြင်း၊ မူးဝေတတ်ခြင်းတို့လည်း ဖြစ်တတ်ကြောင်း လေ့လာတွေ့ရှိရကြောင်း တင်ပြလိုက်ပါတယ်။

Credit: Yangon Life

 

[Zawgyi]

မိုက္ခ႐ိုေဝ့မီးဖိုရဲ႕ က်န္းမာေရးဆိုးက်ိဳး

နည္းပညာအသစ္ေတြ ေပၚေပါက္လာတဲ့အခါ က်န္းမာေရးရႈေထာင့္က ၾကည့္ရႈျခင္းထက္ ဆန္းသစ္မႈ အဆင္ေျပမႈကိုသာ ဦးစားေပးကာ အသုံးျပဳၾကတာ လူ႔သဘာဝပါပဲ။ အသုံးျပဳခ်ိန္ကာလၾကာလာတာနဲ႔အမွ် က်န္းမာေရးအက်ိဳးဆက္ေတြ သိသိသာသာ ေပၚေပါက္လာေတာ့မွသာ သတိျပဳမိေလ့ရွိၾကပါတယ္။ လူတိုင္းလိုလို ႏွစ္သက္စြာ အသုံးျပဳၾကတဲ့ မိုက္ခ႐ိုေဝ့မီးဖိုရဲ႕ က်န္းမာေရးဆိုင္ရာ အက်ိဳးသက္ေရာက္မႈမ်ားကို တင္ျပလိုပါတယ္။

မိုက္ခ႐ိုေဝ့မီးဖိုကို အိမ္ေတာ္ေတာ္မ်ားမ်ားမွာ ေတြ႕ရတတ္ၿပီး ဟင္းေႏႊးဖို႔၊ ေကာ္ဖီေႏႊးဖို႔ သုံးၾကသလို အသားငါး အသီးအ႐ြက္ေတြကို ေပါင္းျခင္း၊ ႏွပ္ျခင္း၊ ျပဳတ္ျခင္းအတြက္ပါ အသုံးျပဳ ၾကပါတယ္။

မိုက္ခ႐ိုေဝ့မီးဖိုဟာ က်က္တာလည္းျမန္ၿပီး အလုပ္ရႈပ္လည္းသက္သာကာ auto ခ်ိန္ညႇိထားႏိုင္လို႔ လူအမ်ားစုက ႀကိဳက္ႏွစ္သက္စြာ ေန႔စဥ္ အသုံးျပဳလွ်က္ရွိၾကပါတယ္။ ဒီေတာ့ မိုက္ခ႐ိုေဝ့မီးဖိုကို တကယ္ပဲစိတ္ခ်လက္ခ် အႏၲရာယ္ကင္းစြာ အသုံးျပဳႏိုင္ရဲလားဆိုတာ ဆန္းစစ္ၾကည့္ၾကပါစို႔။

မိုက္ခ႐ိုေဝ့မီးဖိုထဲကို အစားအေသာက္ေတြ ထည့္လိုက္တဲ့အခါ အစားအစာေတြမွာ ပါဝင္တဲ့ ေရေမာ္လီက်ဴးေတြဟာ ပူေႏြးတုန္ခါလာၿပီး အာဟာရေမာ္လီက်ဴးေတြကို တစစီၿဖိဳဖ်က္ပစ္ လိုက္ပါတယ္။ အနံ႔အရသာမေျပာင္းသြားေပမဲ့ (ပိုေတာင္ေကာင္းလာႏိုင္ေပမဲ့) တကယ္တမ္းက်ေတာ့ အာဟာရေတြအားလုံးကို ဆုံးရႈံးသြားၿပီျဖစ္ပါတယ္။ အဲဒီလိုအစားအစာေတြကို ေန႔စဥ္မွီဝဲတဲ့အခါ အာဟာရဓါတ္ေတြမတိုးပြားလာႏိုင္ေတာ့ပဲ က်န္းမာေရးဆိုးက်ိဳးေတြ ျဖစ္ေပၚလာေစပါတယ္။

* ေရာဂါကာကြယ္စနစ္ကို အားေလ်ာ့ေစျခင္း

* ဘက္တီးရီးယားနဲ႔ ဗိုင္းရပ္စ္ ကူးစက္မႈကို ခံႏိုင္ရည္နည္းသြားျခင္း

* မ်က္စိတိမ္စြဲေရာဂါျဖစ္ပြားျခင္း

* ေမြးရာပါမသန္စြမ္းျခင္း၊ ခ်ိဳ႕တဲ့ျခင္း

* ကင္ဆာေရာဂါ

* ေရာဂါေပါင္းစုံဝင္ေရာက္ႏိုင္ျခင္း

၁၉၉၂ ခုႏွစ္မွာ ျပဳလုပ္ခဲ့တဲ့ သုေတသနေလ့လာမႈတစ္ခုအရ ဆြစ္ဇာလန္မွ သိပၸံပညာရွင္မ်ားက ေအာက္ပါအခ်က္မ်ားကို ေလ့လာေတြ႕ရွိခဲ့ပါတယ္။ မိုက္ခ႐ိုေဝ့မီးဖိုမွာ ခ်က္ျပဳတ္တဲ့ ဟင္းသီးဟင္း႐ြက္ေတြကို စားတဲ့သူေတြကို စမ္းသပ္လိုက္တဲ့အခါ ေအာက္ပါအတိုင္းေတြ႕ရွိရပါတယ္။

* ကိုလက္စထေရာျမင့္တက္လာျခင္း

* ေဟမိုဂလိုဗင္ (ေသြးနီဥမ်ား) အေရအတြက္ က်ဆင္းျခင္း

* လင္ဖိုဆိုက္ (ေသြးျဖဴဥမ်ား) အေရအတြက္ က်ဆင္းျခင္း

* စိတ္ဖိစီးေစတဲ့ေဟာ္မုန္းဓါတ္ ထြက္လာျခင္း

ႏို႔တိုက္မိခင္ေတြကို သုေတသနျပဳလုပ္တဲ့အခါမွာလည္း မိုက္ခ႐ိုေဝ့မီးဖိုအသုံးျပဳတဲ့မိခင္ေတြရဲ႕ ႏို႔ရည္ထဲမွာ ..

* ေရာဂါကာကြယ္ဓါတ္နည္းပါးလာျခင္း

* အဓိကပဋိဇီဝမ်ားနည္းပါးလာျခင္း

* အႏၲရာယ္မ်ားတဲ့ ဘက္တီးရီးယားမ်ား ပိုမိုပါဝင္လာျခင္း တို႔ကို ေတြ႕ရွိရပါတယ္။

ဒါ့အျပင္ မိုက္ခ႐ိုေဝ့မီးဖိုကို ၾကာရွည္သုံးစြဲလာသူေတြဟာ ဆံပင္ေစာစီးစြာျဖဴျခင္း၊ ဆံပင္ကြၽတ္ျခင္း၊ ထိပ္ေျပာင္ျခင္း၊ ေမ့ေလ်ာ့လြယ္ျခင္း၊ ရင္တုန္ျခင္း၊ မူးေဝတတ္ျခင္းတို႔လည္း ျဖစ္တတ္ေၾကာင္း ေလ့လာေတြ႕ရွိရေၾကာင္း တင္ျပလိုက္ပါတယ္။

Credit: Yangon Life

နောက်ဆုံးရ အိမ်ခြံမြေ ဗဟုသုတများ

KITCHEN ဆေးရောင်ရွေးချယ်မှုအတွက် အကြံပေးမှုတစ်ချို့
KITCHEN ဆေးရောင်ရွေးချယ်မှုအတွက် အကြံပေးမှုတစ်ချို့
စုံလင်ဖွေရှာ အိမ်ခြံမြေဥပဒေရေးရာ
စုံလင်ဖွေရှာ အိမ်ခြံမြေဥပဒေရေးရာ
သာသနာဂရန်မြေ လျှောက်ထားရာတွင် သိရှိထားသင့်သည့် အချက်အလက်များအကြောင်း ဥပဒေဗဟုသုတ အနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။...
သာသနာဂရန်မြေ လျှောက်ထားရာတွင် သိရှိထားသင့်သည့် အချက်အလက်များအကြောင်း ဥပဒေဗဟုသုတ အနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။...
မရွှေ့မပြောင်းနိုင်သောပစ္စည်းကို ကန့်သတ်သည့်ဥပဒေအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြ ပေးလိုက်ပါသည်။...
မရွှေ့မပြောင်းနိုင်သောပစ္စည်းကို ကန့်သတ်သည့်ဥပဒေအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြ ပေးလိုက်ပါသည်။...
၂၀၂၅-၂၀၂၆ ခုနှစ်အတွက် ရန်ကုန်တိုင်း မြို့နယ်စုံ အသစ်ထွက်ရှိလာသော ရာဖြတ်နှုန်းထားများ
၂၀၂၅-၂၀၂၆ ခုနှစ်အတွက် ရန်ကုန်တိုင်း မြို့နယ်စုံ အသစ်ထွက်ရှိလာသော ရာဖြတ်နှုန်းထားများ
မြေယာစီမံခန့်ခွဲမှု စပ်လျဉ်း၍ ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
မြေယာစီမံခန့်ခွဲမှု စပ်လျဉ်း၍ ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
ငွေရေးကြေးရေးဆိုင်ရာအဖွဲ့အစည်း ဥပဒေအကြောင်းကို ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။...
ငွေရေးကြေးရေးဆိုင်ရာအဖွဲ့အစည်း ဥပဒေအကြောင်းကို ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။...
အပတ်စဉ် သိမှတ်ဖွယ်ရာ ဥပဒေအမေးအဖြေကဏ္ဍ
အပတ်စဉ် သိမှတ်ဖွယ်ရာ ဥပဒေအမေးအဖြေကဏ္ဍ
အိမ်ခြံမြေအသိကြွယ်စေဖို့ရာ ဥပဒေအမေးအဖြေကဏ္ဍ
အိမ်ခြံမြေအသိကြွယ်စေဖို့ရာ ဥပဒေအမေးအဖြေကဏ္ဍ
စုပေါင်းပိုင် အဆောက်အအုံနှင့် စပ်လျဉ်း၍ လိုက်နာရမည့် အချက်အလက်များ ဥပဒေဗဟုသုတအအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။...
စုပေါင်းပိုင် အဆောက်အအုံနှင့် စပ်လျဉ်း၍ လိုက်နာရမည့် အချက်အလက်များ ဥပဒေဗဟုသုတအအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။...

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

ဟောလိဝုဒ်ကြယ်ပွင့် Vin Diesel က Paloma နှင့် လမ်းခွဲချိန်တွင် သူမအတွက် လူနေမှုအဆင့်နိမ့်မသွားစေရန် အိမ်မှ နှင်မထုတ်ဘဲ မိ
ဟောလိဝုဒ်ကြယ်ပွင့် Vin Diesel က Paloma နှင့် လမ်းခွဲချိန်တွင် သူမအတွက် လူနေမှုအဆင့်နိမ့်မသွားစေရန် အိမ်မှ နှင်မထုတ်ဘဲ မိ
အိန္ဒိယတွင် အမျိုးသားတစ်ဦးက လက်မထပ်မီ ၁၀ ရက်အလို၌ သတို့သမီးလောင်း၏ မိခင် (ယောက္ခမလောင်း) အား ခိုးပြေးသွားသည့်ဖြစ်ရပ် အိန
အိန္ဒိယတွင် အမျိုးသားတစ်ဦးက လက်မထပ်မီ ၁၀ ရက်အလို၌ သတို့သမီးလောင်း၏ မိခင် (ယောက္ခမလောင်း) အား ခိုးပြေးသွားသည့်ဖြစ်ရပ် အိန
မည်သည့်အခါမျှ ရောက်ဖူးမည်မဟုတ်သော တားမြစ်နေရာများ
မည်သည့်အခါမျှ ရောက်ဖူးမည်မဟုတ်သော တားမြစ်နေရာများ
ထိုင်း နာမည်ကြီးအဆိုတော် ကောင်းဟွေးရိုင်းက ငလျင်ကြောင့် အဆောက်အအုံပြိုကျသည့်အထဲတွင် မိဘ ၂ ပါး ပါသွားခဲ့ရသည့် ၁၉ နှစ်အရွယ
ထိုင်း နာမည်ကြီးအဆိုတော် ကောင်းဟွေးရိုင်းက ငလျင်ကြောင့် အဆောက်အအုံပြိုကျသည့်အထဲတွင် မိဘ ၂ ပါး ပါသွားခဲ့ရသည့် ၁၉ နှစ်အရွယ
အိန္ဒိယတွင် ကျောင်းဆရာတစ်ဦးက ကမ္ဘာကျော် တပ်ဂျ်မဟာဗိမာန်ကြီး၏ ပုံတူ စံအိမ်ကြီးတစ်လုံးကို ၃ နှစ်ကြာ အချိန်ယူဆောက်လုပ်ကာ ဇန
အိန္ဒိယတွင် ကျောင်းဆရာတစ်ဦးက ကမ္ဘာကျော် တပ်ဂျ်မဟာဗိမာန်ကြီး၏ ပုံတူ စံအိမ်ကြီးတစ်လုံးကို ၃ နှစ်ကြာ အချိန်ယူဆောက်လုပ်ကာ ဇန
အိမ်သာဆေးသမား၊ လန်ချားဆွဲသူဘဝမှ ဘီလျံနာသူဌေးကြီးဖြစ်လာခဲ့ကာ ပိုင်ဆိုင်သမျှ ယွမ် ၈ ဒသမ ၂ ဘီလီယံကို ဇနီး၊ သားသမီးများအတွက်
အိမ်သာဆေးသမား၊ လန်ချားဆွဲသူဘဝမှ ဘီလျံနာသူဌေးကြီးဖြစ်လာခဲ့ကာ ပိုင်ဆိုင်သမျှ ယွမ် ၈ ဒသမ ၂ ဘီလီယံကို ဇနီး၊ သားသမီးများအတွက်
မြန်မာနိုင်ငံတွင် ငလျင်ကြောင့် ပျက်စီးခဲ့ရသည့် အခြေခံ အဆောက်အအုံများ ပြန်လည်ဆောက်လုပ်ရေး အတွက် အကူအညီပေးမည်ဟု အိန္ဒိယကတိ
မြန်မာနိုင်ငံတွင် ငလျင်ကြောင့် ပျက်စီးခဲ့ရသည့် အခြေခံ အဆောက်အအုံများ ပြန်လည်ဆောက်လုပ်ရေး အတွက် အကူအညီပေးမည်ဟု အိန္ဒိယကတိ
ငလျင်လှုပ်ချိန်တွင် နေအိမ် အဆောက်အအုံများကို လေအိတ်ဖြင့် ပင့်မ ပေးထားကာ ထိခိုက်ပျက်စီးမှုမရှိစေရန် ကာကွယ်ပေးသည့် ဂျပန်နည
ငလျင်လှုပ်ချိန်တွင် နေအိမ် အဆောက်အအုံများကို လေအိတ်ဖြင့် ပင့်မ ပေးထားကာ ထိခိုက်ပျက်စီးမှုမရှိစေရန် ကာကွယ်ပေးသည့် ဂျပန်နည
တရုတ်ပြည်တွင် မိမိကို သင်ကြားခဲ့သည့် ပါမောက္ခအမျိုးသမီးကြီးနေထိုင်ရန် တပည့်မိန်းကလေးက တိုက်ခန်း တစ်ခန်း ဝယ်ပေးထားခဲ့ပြီး
တရုတ်ပြည်တွင် မိမိကို သင်ကြားခဲ့သည့် ပါမောက္ခအမျိုးသမီးကြီးနေထိုင်ရန် တပည့်မိန်းကလေးက တိုက်ခန်း တစ်ခန်း ဝယ်ပေးထားခဲ့ပြီး
အိမ်ခြံမြေအသိကြွယ်စေဖို့ရာ ဥပဒေအမေးအဖြေကဏ္ဍ
အိမ်ခြံမြေအသိကြွယ်စေဖို့ရာ ဥပဒေအမေးအဖြေကဏ္ဍ
MIngalardon Garden City
Aung Theikdi Villa

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service