နေအိမ်တိုင်းဖြစ်ပေါ်တတ်တဲ့ အန္တရာယ်များနဲ့ ကြိုတင်ရှောင်ရှားခြင်းနည်းလမ်းများ သိကောင်းစရာ

နေအိမ်တိုင်းဖြစ်ပေါ်တတ်တဲ့ အန္တရာယ်များနဲ့ ကြိုတင်ရှောင်ရှားခြင်းနည်းလမ်းများ သိကောင်းစရာ - Property Knowledge in Myanmar from iMyanmarHouse.com
1 Jul 2020 3:07 pm တွင် တင်ခဲ့သည်
1159 ကြိမ် ကြည့်ရှု့ပြီး

ဗဟုသုတ | Posted by စည်သူအောင်

[Unicode]

အိမ်ပိုင်ရှင်တွေတိုင်းက မိမိတစ်အိမ်လုံးစာ သက်တောင့်သက်သာအဆင် ပြေပြေနေထိုင်နိုင်မယ့် ပတ်ဝန်းကျင်မျိုးကိုဖန်တီးရင်း၊ ရှာဖွေရင်းနဲ့ အမြဲလိုလို အခက်အခဲများကြုံကာ စိတ်ရှုပ်ထွေးနေရပါတယ်။ မိမိနေထိုင်တဲ့အိမ်တွင်းမှာဖြစ်ပေါ်နေတဲ့ ပြဿနာသေးသေးလေးတွေနဲ့ ကြုံရတဲ့အခါ ဖြေရှင်းရလွယ်ကူပြီး အချို့ကြီးမားတဲ့ ပြဿနာတွေနဲ့ကြုံရတဲ့အခါမျိုးကျတော့ ဖြေရှင်းရခက်ခဲပြီး ကိုယ့်အတွက်အန္တရာယ်တောင် ကျရောက်လာနိုင်ပါတယ်။

ဥပမာ - ကလေးငယ်တွေနဲ့ သက်ကြီးရွယ်အိုတွေရှိတဲ့ အိမ်မှာတော့ မတော်တဆဖြစ်မှုတွေမကြာခဏဖြစ်တတ်ပါတယ်။ လှေကားပေါ်ကပြုတ်ကျတာပဲဖြစ်ဖြစ်၊ ရေချိုးခန်းထဲ ချော်လဲတာ ပဲဖြစ်ဖြစ်၊ သက်ကြီးမိဘတွေကို အိမ်မှာတစ်ယောက် တည်းထားခဲ့ပြီး မီးအသုံးပြုမှုအတွက် သတိမပေးမိတာ တို့၊ စတဲ့နေအိမ်တွင်းဖြစ်ပေါ်လာနိုင်တဲ့ အန္တရာယ်တွေများစွာရှိပါတယ်။

ဒါကြောင့်မို့လို့ အိမ်ပိုင်ရှင်တိုင်းသိထားသင့်တဲ့ နေအိမ်တွင်းမှာဖြစ်ပေါ်လာနိုင်တဲ့ အခက်အခဲ၊ အန္တရာယ်များနဲ့ ကြိုတင်ကာကွယ်နိုင်တဲ့ နည်းလမ်းဖြေ ရှင်းမှုများကို စာဖတ်ပရိတ်သတ်တွေအတွက် ဖော်ပြပေးလိုက်ပါတယ်။

၁။ ကာဗွန်မိုနောက်ဆိုက်ကတော့သင့်အိမ်ရဲ့အတွင်းလူသတ်သမားပါပဲ။ အရောင်မရှိ၊ အနံ့မရှိပဲ လူကိုသေစေနိုင်ပါတယ်။ အခိုးငွေ့များကို များစွာ ရှုရှိုက်သွင်းမိရင် ခေါင်းမူးလာမယ်၊ မူးနောက်နောက်ဖြစ်လာမယ်၊ စိတ်တွေ ရှုပ်ထွေးလာမယ်၊ ပျို့အန်ချင်လာမယ်တို့ဖြစ်ပေါ်လာပြီး နောက်ဆုံးအသက်ပါဆုံးရှုံးလာစေနိုင်ပါတယ်။ ဒီလိုအဆိပ်ပြင်းတဲ့ ကာဗွန်မိုနောက်ဆိုက်ကို သင့်အိမ်တွင်းကားဂိုဒေါင်ထဲက စက်မသတ်ထားတဲ့ ကားတွေ၊ မီးခိုးခေါင်း တိုင်၊ အပူပေးရေပိုက်၊ ဂတ်စ်မီးဖို၊ စိမ့်ထွက်နေတဲ့ အပူပေးစက်အစရှိတဲ့နေ ရာတွေက ထုတ်လွှတ်တာဖြစ်ကာ သတိပြုဆင်ခြင်ပြီး သုံးစွဲနေထိုင်သင့်ပါ တယ်။

၂။ လှေကားပေါ်ကလိမ့်ကျခြင်းနဲ့ ပတ်သက်ပြီး အိမ်တိုင်းကမိသားစုဝင်တိုင်း ကြုံဖူးကြမှာပါ။ လူငယ်ဆို တော်ရုံဘာမှမဖြစ်တတ်ကြပေမယ့် ကလေးငယ်နဲ့ အသက်ကြီးရွယ်အိုတွေမှာတော့များစွာ အန္တရာယ်ရှိပါတယ်။ လှေကားဆယ် ဆင့်မှာ ခြောက်ဆင့်လောက်က ပြုတ်ကျရင်တောင် အသက်သေဆုံးနိုင်ပါတယ်။

 

ဒါ့ကြောင့်မို့လို့ လှေကားအတက်အဆင်းအတွက်ဘေးအန္တရာယ်လုံခြုံရေးကိုပြုလုပ်သင့်ပါတယ်။ လှေကားအဆင်းအတက်မှာ အလင်းအား ကောင်းကောင်းမီးလုံး၊ မီးချောင်းများတပ်ဆင်ထားခြင်း၊ ခိုင်ခံ့တဲ့ လက်ရန်း၊ လက်ကိုင်တန်းတွေတပ်ဆင်ခြင်း၊ ခလုတ်တိုက်ချော်လဲစေမယ့် အမှိုက်များ၊ ညစ်ပစ်တဲ့အဆီ၊ အရည်များကိုဖယ်ရှားသုတ်သင်ပြီး သန့်သန့် ရှင်းရှင်းထား သင့်ပါတယ်။

၃။လျှပ်စစ်ဝါယာကြိုးများ မှားယွင်းစွာတပ်ဆင် အသုံးပြုခြင်းကြောင့် သင်တို့ ရဲ့နေအိမ်ကို စက္ကန့်ပိုင်းအတွင်းလောင်ကျွမ်းသွားစေနိုင်ပြီး အသက်အန္တ ရာယ်ကိုပါ ဆုံးရှုံးလာစေနိုင်ပါတယ်။ ဝါယာကြိုးခွေများ ပေါက်နေခြင်း၊ ပြတ် တောက်နေခြင်း၊ ဟောင်းနွမ်းပျက်စီးနေခြင်း၊ သက်တမ်းကုန်ဆုံးခြင်းများကို အမြဲလိုလိုစစ်ဆေးမှုများ ပြုလုပ်သင့်ပါတယ်။ ရုတ်တရက်လျှပ်စစ်အန္တရာယ် ပေါ်ပေါက်လာပါကလည်း အိမ်တွင်းအဓိကမိန်း မီးကြိုးကိုဖြုတ်ပြီး လျှပ်စစ် ဓာတ်အားပေးရေး တာဝန်ရှိသူတွေကိုဆက်သွယ်ကာ ပြင်ဆင်မှုများပြုလုပ် သင့်ပါတယ်။

၅။ မီးဘေးအန္တရာယ်ကို ကာကွယ်ဖို့အတွက် ကာကွယ်ရေးပစ္စည်းတွေကို နေအိမ်ရဲ့ နေရာတိုင်းမှာဆောင်ထားသင့်ပါတယ်။ မီးအသုံးပြုတဲ့ မီးဖိုချောင်၊ လူနေခန်း၊ အိပ်ရာ၊ စတိုခန်း အစရှိတဲ့ နေရာတွေမှာ မီးသတ်ဆေးဘူး၊ မီးအ ချက်ပြ၊ မီးဘေးကာကွယ်ရေး ပစ္စည်းများထားရှိသင့်ပါတယ်။

၆။ မှိုနဲ့ ဘက်တီးရီးယားတွေက သင့်အိမ်ရဲ့နေရာတိုင်းမှာရှိပြီး လူတွေကို အဆိပ်အတောက်ဖြစ်စေနိုင်ပါတယ်။ ကြာရှည်တဲ့ အစားအစာတွေ၊ ပစ္စည်းတွေမှာ မှိုများ အများဆုံးပေါက်ပွားပြီး လူ့မျက်လုံးနဲ့လည်းမြင်ရဖို့ ခက်ခဲပါတယ်။ ထို့ကြောင့် ဒိတ်လွန်နေတဲ့ အစားအစာတွေနဲ့ အသုံးအဆောင်တွေကို အိမ်ပတ်ဝန်းကျင်မှာ မထားရှိဖို့နဲ့ ဆက်လက်အသုံးမပြုဖို့လိုအပ်ပါတယ်။

၇။ အိမ်မွေးတိရစ္ဆာန် နဲ့ အင်းဆက် တွေကတော့ လူတွေနဲ့ ရောဂါပိုးကိုအများ ဆုံးထိတွေ့နိုင်စေတဲ့ လမ်းကြောင်းတစ်ခုပါပဲ။ တိရစ္ဆာန်တွေရဲ့ခန္ဓာကိုယ်မှာ ကပ်ပါးနေထိုင်တဲ့ ပိုးမွှားအကောင်တွေက လူတွေအပေါ်ရောက်ရှိလာ ရောဂါ များဖြစ်ပွားလာစေနိုင်ပါတယ်။

 

ဒါ့ကြောင့်မို့လို့ သင့်အိမ်မှာမွေးထားတဲ့ အိမ်မွေးတိရစ္ဆာန် ကြွက်၊ ကြောင်၊ ခွေး၊ ငှက် နဲ့ အခြားတိရစ္ဆာန်တွေနဲ့ ဝေးရာမှာ နေထိုင်သင့်ပြီး သူတို့ကိုလည်း သန့်သန့်ရှင်းရှင်းထားပေးဖို့လိုပါတယ်။

၈။ ပိုးသတ်ဆေးဝါးများအန္တရာယ်ကလည်းကြောက်ဖို့ကောင်းပါတယ်။ ပိုးသတ်ဆေးအမျိုးအစား တစ်ခုကို သောက်သုံးမိသွားခဲ့ရင်တော့ အသက်ရှင်နိုင်ဖို့ ခဲရင်သွားလောက်အောင်ကို အန္တရာယ်ရှိပါတယ်။ အိမ်တွင်းကသတ်ဖို့မလွယ်ကူတဲ့ အင်းဆက်တွေကိုသေစေနိုင်ဖို့ ဓာတုဆေးဝါးများနဲ့ဖော်စပ်ထား ပိုးသတ်ဆေးဝါးပုလင်းတွေကို ကလေးငယ်တွေမြင်သာမယ့် နေရာ တွေ၊ လူအသုံးများတဲ့နေရာတွေနဲ့ ဝေးရာလုံခြုံတဲ့ နေရာတွေမှာထားရှိသင့် ပါတယ်။

၉။ ရေဒီယိုသတ္တုများ၊ ဓာတ်ရောင်ခြည်များ၊ အဆိပ်သင့်ဓာတ်ငွေ့များက သဘာဝအလျှောက်ဖြစ်ပေါ်ခြင်းနဲ့ လူလုပ်ခြင်းတို့ကနေ ပေါ်ပေါက်လာပြီး သင့်အိမ်ပတ်ဝန်းကျင်ကို ဆိုးရွားစွာဖျက်စီးပစ်နိုင်တာကြောင့် သတိထား ဆင်ခြင်ပြီးနေထိုင်သင့်ပါတယ်။

(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)

Credit: iMyanmarHouse.com

 

[Zawgyi]

ေနအိမ္တုိင္းျဖစ္ေပၚတတ္တဲ့ အႏၱရာယ္မ်ားနဲ႔ ႀကိဳတင္ေရွာင္ရွားျခင္းနည္းလမ္းမ်ား သိေကာင္းစရာ

အိမ္ပုိင္ရွင္ေတြတုိင္းက မိမိတစ္အိမ္လံုးစာ သက္ေတာင့္သက္သာအဆင္ ေျပေျပေနထုိင္ႏုိင္မယ့္ ပတ္ဝန္းက်င္မ်ိဳးကုိဖန္တီးရင္း၊ ရွာေဖြရင္းနဲ႔ အၿမဲလုိလုိ အခက္အခဲမ်ားႀကံဳကာ စိတ္ရႈပ္ေထြးေနရပါတယ္။ မိမိေနထုိင္တဲ့အိမ္တြင္းမွာျဖစ္ေပၚေနတဲ့ ျပႆနာေသးေသးေလးေတြနဲ႔ ႀကံဳရတဲ့အခါ ေျဖရွင္းရလြယ္ကူၿပီး အခ်ိဳ႕ႀကီးမားတဲ့ ျပႆနာေတြနဲ႔ႀကံဳရတဲ့အခါမ်ိဳးက်ေတာ့ ေျဖရွင္းရခက္ခဲဲၿပီး ကုိယ့္အတြက္အႏၱရာယ္ေတာင္ က်ေရာက္လာႏုိင္ပါတယ္။

ဥပမာ - ကေလးငယ္ေတြနဲ႔ သက္ႀကီးရြယ္အုိေတြရွိတဲ့ အိမ္မွာေတာ့ မေတာ္တဆျဖစ္မႈေတြမၾကာခဏျဖစ္တတ္ပါတယ္။ ေလွကားေပၚကျပဳတ္က်တာပဲျဖစ္ျဖစ္၊ ေရခ်ိဳးခန္းထဲ ေခ်ာ္လဲတာ ပဲျဖစ္ျဖစ္၊ သက္ႀကီးမိဘေတြကုိ အိမ္မွာတစ္ေယာက္ တည္းထားခဲ့ၿပီး မီးအသံုးျပဳမႈအတြက္ သတိမေပးမိတာ တုိ႔၊ စတဲ့ေနအိမ္တြင္းျဖစ္ေပၚလာႏုိင္တဲ့ အႏၱရာယ္ေတြမ်ားစြာရွိပါတယ္။

ဒါေၾကာင့္မုိ႔လုိ႕ အိမ္ပိုင္ရွင္တုိင္းသိထားသင့္တဲ့ ေနအိမ္တြင္းမွာျဖစ္ေပၚလာႏုိင္တဲ့ အခက္အခဲ၊ အႏၱရာယ္မ်ားနဲ႔ ႀကိဳတင္ကာကြယ္ႏုိင္တဲ့ နည္းလမ္းေျဖ ရွင္းမႈမ်ားကုိ စာဖတ္ပရိတ္သတ္ေတြအတြက္ ေဖာ္ျပေပးလုိက္ပါတယ္။

၁။ ကာဗြန္မုိေနာက္ဆုိက္ကေတာ့သင့္အိမ္ရဲ႕အတြင္းလူသတ္သမားပါပဲ။ အေရာင္မရွိ၊ အနံ႕မရွိပဲ လူကုိေသေစႏုိင္ပါတယ္။ အခုိးေငြ႕မ်ားကုိ မ်ားစြာ ရႈရႈိက္သြင္းမိရင္ ေခါင္းမူးလာမယ္၊ မူးေနာက္ေနာက္ျဖစ္လာမယ္၊ စိတ္ေတြ ရႈပ္ေထြးလာမယ္၊ ပ်ိဳ႕အန္ခ်င္လာမယ္တုိ႔ျဖစ္ေပၚလာၿပီး ေနာက္ဆံုးအသက္ပါဆံုးရႈံးလာေစႏုိင္ပါတယ္။ ဒီလုိအဆိပ္ျပင္းတဲ့ ကာဗြန္မုိေနာက္ဆုိက္ကုိ သင့္အိမ္တြင္းကားဂုိေဒါင္ထဲက စက္မသတ္ထားတဲ့ ကားေတြ၊ မီးခိုးေခါင္း တုိင္၊ အပူေပးေရပုိက္၊ ဂတ္စ္မီးဖုိ၊ စိမ့္ထြက္ေနတဲ့ အပူေပးစက္အစရွိတဲ့ေန ရာေတြက ထုတ္လႊတ္တာျဖစ္ကာ သတိျပဳဆင္ျခင္ၿပီး သံုးစြဲေနထုိင္သင့္ပါ တယ္။

၂။ ေလွကားေပၚကလိမ့္က်ျခင္းနဲ႔ ပတ္သက္ၿပီး အိမ္တုိင္းကမိသားစုဝင္တုိင္း ႀကံဳဖူးၾကမွာပါ။ လူငယ္ဆုိ ေတာ္ရံုဘာမွမျဖစ္တတ္ၾကေပမယ့္ ကေလးငယ္နဲ႔ အသက္ႀကီးရြယ္အုိေတြမွာေတာ့မ်ားစြာ အႏၱရာယ္ရွိပါတယ္။ ေလွကားဆယ္ ဆင့္မွာ ေျခာက္ဆင့္ေလာက္က ျပဳတ္က်ရင္ေတာင္ အသက္ေသဆံုးႏုိင္ပါတယ္။ ဒါ့ေၾကာင့္မုိ႔လုိ႔ ေလွကားအတက္အဆင္းအတြက္ေဘးအႏၱရာယ္လံုျခံဳေရးကုိျပဳလုပ္သင့္ပါတယ္။ ေလွကားအဆင္းအတက္မွာ အလင္းအား ေကာင္းေကာင္းမီးလံုး၊ မီးေခ်ာင္းမ်ားတပ္ဆင္ထားျခင္း၊ ခုိင္ခံ့တဲ့ လက္ရန္း၊ လက္ကုိင္တန္းေတြတပ္ဆင္ျခင္း၊ ခလုတ္တုိက္ေခ်ာ္လဲေစမယ့္ အမႈိက္မ်ား၊ ညစ္ပစ္တဲ့အဆီ၊ အရည္မ်ားကုိဖယ္ရွားသုတ္သင္ၿပီး သန္႕သန္႔ ရွင္းရွင္းထား သင့္ပါတယ္။

၃။လွ်ပ္စစ္ဝါယာႀကိဳးမ်ား မွားယြင္းစြာတပ္ဆင္ အသံုးျပဳျခင္းေၾကာင့္ သင္တုိ႔ ရဲ႕ေနအိမ္ကုိ စကၠန္႔ပုိင္းအတြင္းေလာင္ကၽြမ္းသြားေစႏုိင္ၿပီး အသက္အႏၱ ရာယ္ကုိပါ ဆံုးရႈံးလာေစႏုိင္ပါတယ္။ ဝါယာႀကိဳးေခြမ်ား ေပါက္ေနျခင္း၊ ျပတ္ ေတာက္ေနျခင္း၊ ေဟာင္းႏြမ္းပ်က္စီးေနျခင္း၊ သက္တမ္းကုန္ဆံုးျခင္းမ်ားကုိ အၿမဲလုိလုိစစ္ေဆးမႈမ်ား ျပဳလုပ္သင့္ပါတယ္။ ရုတ္တရက္လွ်ပ္စစ္အႏၱရာယ္ ေပၚေပါက္လာပါကလည္း အိမ္တြင္းအဓိကမိန္း မီးႀကိဳးကုိျဖဳတ္ၿပီး လွ်ပ္စစ္ ဓာတ္အားေပးေရး တာဝန္ရွိသူေတြကုိဆက္သြယ္ကာ ျပင္ဆင္မႈမ်ားျပဳလုပ္ သင့္ပါတယ္။

၅။ မီးေဘးအႏၱရာယ္ကုိ ကာကြယ္ဖုိ႕အတြက္ ကာကြယ္ေရးပစၥည္းေတြကုိ ေနအိမ္ရဲ႕ ေနရာတုိင္းမွာေဆာင္ထားသင့္ပါတယ္။ မီးအသံုးျပဳတဲ့ မီးဖုိေခ်ာင္၊ လူေနခန္း၊ အိပ္ရာ၊ စတုိခန္း အစရွိတဲ့ ေနရာေတြမွာ မီးသတ္ေဆးဘူး၊ မီးအ ခ်က္ျပ၊ မီးေဘးကာကြယ္ေရး ပစၥည္းမ်ားထားရွိသင့္ပါတယ္။

၆။ မႈိနဲ႔ ဘက္တီးရီးယားေတြက သင့္အိမ္ရဲ႕ေနရာတုိင္းမွာရွိၿပီး လူေတြကုိ အဆိပ္အေတာက္ျဖစ္ေစႏုိင္ပါတယ္။ ၾကာရွည္တဲ့ အစားအစာေတြ၊ ပစၥည္းေတြမွာ မႈိမ်ား အမ်ားဆံုးေပါက္ပြားၿပီး လူ႕မ်က္လံုးနဲ႔လည္းျမင္ရဖုိ႕ ခက္ခဲပါတယ္။ ထုိ႕ေၾကာင့္ ဒိတ္လြန္ေနတဲ့ အစားအစာေတြနဲ႔ အသံုးအေဆာင္ေတြကုိ အိမ္ပတ္ဝန္းက်င္မွာ မထားရွိဖုိ႕နဲ႔ ဆက္လက္အသံုးမျပဳဖို႕လုိအပ္ပါတယ္။

၇။ အိမ္ေမြးတိရစာၦန္ နဲ႔ အင္းဆက္ ေတြကေတာ့ လူေတြနဲ႔ ေရာဂါပုိးကုိအမ်ား ဆံုးထိေတြ႕ႏုိင္ေစတဲ့ လမ္းေၾကာင္းတစ္ခုပါပဲ။ တိရစာၦန္ေတြရဲ႕ခႏၶာကုိယ္မွာ ကပ္ပါးေနထိုင္တဲ့ ပိုးမႊားအေကာင္ေတြက လူေတြအေပၚေရာက္ရွိလာ ေရာဂါ မ်ားျဖစ္ပြားလာေစႏုိင္ပါတယ္။ ဒါ့ေၾကာင့္မုိ႕လုိ႕ သင့္အိမ္မွာေမြးထားတဲ့ အိမ္ေမြးတိရစာၦန္ ၾကြက္၊ ေၾကာင္၊ ေခြး၊ ငွက္ နဲ႕ အျခားတိရစာၦန္ေတြနဲ႔ ေဝးရာမွာ ေနထုိင္သင့္ၿပီး သူတုိ႔ကုိလည္း သန္႔သန္႔ရွင္းရွင္းထားေပးဖုိ႕လုိပါတယ္။

၈။ ပိုးသတ္ေဆးဝါးမ်ားအႏၱရာယ္ကလည္းေၾကာက္ဖုိ႔ေကာင္းပါတယ္။ ပုိးသတ္ေဆးအမ်ိဳးအစား တစ္ခုကုိ ေသာက္သံုးမိသြားခဲ့ရင္ေတာ့ အသက္ရွင္ႏုိင္ဖုိ႕ ခဲရင္သြားေလာက္ေအာင္ကုိ အႏၱရာယ္ရွိပါတယ္။ အိမ္တြင္းကသတ္ဖုိ႕မလြယ္ကူတဲ့ အင္းဆက္ေတြကုိေသေစႏုိင္ဖို႕ ဓာတုေဆးဝါးမ်ားနဲ႔ေဖာ္စပ္ထား ပုိးသတ္ေဆးဝါးပုလင္းေတြကုိ ကေလးငယ္ေတြျမင္သာမယ့္ ေနရာ ေတြြ၊ လူအသံုးမ်ားတဲ့ေနရာေတြနဲ႔ ေဝးရာလံုၿခံဳတဲ့ ေနရာေတြမွာထားရွိသင့္ ပါတယ္။

၉။ ေရဒီယုိသတၱဳမ်ား၊ ဓာတ္ေရာင္ျခည္မ်ား၊ အဆိပ္သင့္ဓာတ္ေငြ႔မ်ားက သဘာဝအေလွ်ာက္ျဖစ္ေပၚျခင္းနဲ႔ လူလုပ္ျခင္းတုိ႔ကေန ေပၚေပါက္လာၿပီး သင့္အိမ္ပတ္ဝန္းက်င္ကုိ ဆိုးရြားစြာဖ်က္စီးပစ္ႏုိင္တာေၾကာင့္ သတိထား ဆင္ျခင္ၿပီးေနထုိင္သင့္ပါတယ္။

(iMyanmarHouse.com Team မွ ေရးသား ေဖာ္ျပသည္။)

Credit: iMyanmarHouse.com

နောက်ဆုံးရ အိမ်ခြံမြေ ဗဟုသုတများ

ဟောင်ကောင် ရေကြောင်းရဲအရာရှိတစ်ဦး ၁၀ ဒေါ်လာဖိုး ဖုန်းဆက်ထီထိုးခဲ့ရာ ဒေါ်လာ ၆၉ သန်း Jackpot ဆုကြီး ထီပေါက်...
ဟောင်ကောင် ရေကြောင်းရဲအရာရှိတစ်ဦး ၁၀ ဒေါ်လာဖိုး ဖုန်းဆက်ထီထိုးခဲ့ရာ ဒေါ်လာ ၆၉ သန်း Jackpot ဆုကြီး ထီပေါက်...
ကာဇက်စတန်မှ ရွာကလေးတွင် ရွာသူရွာသားတို့မှာ လမ်းလျှောက်ရင်းပင် ရုတ်တရက် အိပ်ပျော်သွားတတ်ကြပြီး ပြန်နိုးလာချိန်တွင် မည်သည့်အချိန်က အိပ်ပျော်သွားသည်ကို မမှတ်မိကြသည့် ဆန်းကြယ်သော ဖြစ်ရပ်...
ကာဇက်စတန်မှ ရွာကလေးတွင် ရွာသူရွာသားတို့မှာ လမ်းလျှောက်ရင်းပင် ရုတ်တရက် အိပ်ပျော်သွားတတ်ကြပြီး ပြန်နိုးလာချိန်တွင် မည်သည့်အချိန်က အိပ်ပျော်သွားသည်ကို မမှတ်မိကြသည့် ဆန်းကြယ်သော ဖြစ်ရပ်...
ဟယ်ရီဆင်ဖို့ဒ်က တောမီးဦးတည်နေသည့် ဘရန့်ဝုဒ်အရပ်မှ သူ၏ စံအိမ်ဆီသို့ သွားရန် ကြိုးစားရာ ရဲအရာရှိတို့ လိုက်ပါစောင့်ကြပ်ပေးခဲ့...
ဟယ်ရီဆင်ဖို့ဒ်က တောမီးဦးတည်နေသည့် ဘရန့်ဝုဒ်အရပ်မှ သူ၏ စံအိမ်ဆီသို့ သွားရန် ကြိုးစားရာ ရဲအရာရှိတို့ လိုက်ပါစောင့်ကြပ်ပေးခဲ့...
ကယ်လီဖိုးနီးယားတွင် တောမီးကြောင့် အရေးပေါ်အခြေအနေ ကြေညာထားပြီး ညမထွက်ရအမိန့် ထုတ်ပြန်ထားရာ ဒုသမ္မတ ခါမလာဟဲရစ်၏ နေအိမ်အနီး ညဘက် သွားလာသူ ၂ ဦး ဖမ်းဆီးခံရ...
ကယ်လီဖိုးနီးယားတွင် တောမီးကြောင့် အရေးပေါ်အခြေအနေ ကြေညာထားပြီး ညမထွက်ရအမိန့် ထုတ်ပြန်ထားရာ ဒုသမ္မတ ခါမလာဟဲရစ်၏ နေအိမ်အနီး ညဘက် သွားလာသူ ၂ ဦး ဖမ်းဆီးခံရ...
ဂျပန်နိုင်ငံသားများအကြား “အိမ်သာ” ဟု ရည်ညွှန်းပြောဆိုကြသည့် ကျဉ်းမြောင်းလှသော လူနေခန်းလေးများ၊ ဟိုတယ်များ အမြဲပြည့်နေသော ဂျပန်တွင် နိုင်ငံခြားခရီးသွားများ တည်းခိုရန် စိတ်ဝင်စားလျက်ရှိ...
ဂျပန်နိုင်ငံသားများအကြား “အိမ်သာ” ဟု ရည်ညွှန်းပြောဆိုကြသည့် ကျဉ်းမြောင်းလှသော လူနေခန်းလေးများ၊ ဟိုတယ်များ အမြဲပြည့်နေသော ဂျပန်တွင် နိုင်ငံခြားခရီးသွားများ တည်းခိုရန် စိတ်ဝင်စားလျက်ရှိ...
(ထူးထူးခြားခြား အိမ်ခြံမြေဒိုင်ယာရီ) အိန္ဒိယတွင် အိမ်ခြံမြေ Developer တစ်ဦးက ဆောက်လုပ်ရေးအတွက် မြေတူးစဉ် ရွှေအိုးကြီးတစ်လုံး တူးဖော်တွေ့ရှိ...
(ထူးထူးခြားခြား အိမ်ခြံမြေဒိုင်ယာရီ) အိန္ဒိယတွင် အိမ်ခြံမြေ Developer တစ်ဦးက ဆောက်လုပ်ရေးအတွက် မြေတူးစဉ် ရွှေအိုးကြီးတစ်လုံး တူးဖော်တွေ့ရှိ...
မိုက်ခရိုဝေ့(Microwave) နှင့် ပြန်နွှေးပြီး မစားသင့်သော အစာ (၇) မျိုး
မိုက်ခရိုဝေ့(Microwave) နှင့် ပြန်နွှေးပြီး မစားသင့်သော အစာ (၇) မျိုး
အိမ်ခြံမြေအရေး iMyanmarHouse ကို တွေးလိုက်ပါ🤔
အိမ်ခြံမြေအရေး iMyanmarHouse ကို တွေးလိုက်ပါ🤔
ပစ္စည်းလွှဲပြောင်းခြင်း ဥပဒေအကြောင်းကို ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
ပစ္စည်းလွှဲပြောင်းခြင်း ဥပဒေအကြောင်းကို ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
အိမ်ပိုင်ရှင်များသတိထားနိုင်ဖို့ တစ်ထပ်အိမ်ကို အဆင့်မြှင့်တဲ့အခါ ဆောင်ရန်ရှောင်ဖွယ်အချက် ( ၄) ချက်...
အိမ်ပိုင်ရှင်များသတိထားနိုင်ဖို့ တစ်ထပ်အိမ်ကို အဆင့်မြှင့်တဲ့အခါ ဆောင်ရန်ရှောင်ဖွယ်အချက် ( ၄) ချက်...

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

ဆောက်လုပ်ရေးလုပ်ငန်းများအတွက် CHID ဘဏ်က ချေးငွေထုတ်ပေးလျက်ရှိ
ဆောက်လုပ်ရေးလုပ်ငန်းများအတွက် CHID ဘဏ်က ချေးငွေထုတ်ပေးလျက်ရှိ
ကမ္ဘာ့အချမ်းသာဆုံးပုဂ္ဂိုလ်များဖြစ်သော Elon Musk, Jeff Bezos နှင့် Mark Zuckerberg တို့၏ စံအိမ်ကြီးများ
ကမ္ဘာ့အချမ်းသာဆုံးပုဂ္ဂိုလ်များဖြစ်သော Elon Musk, Jeff Bezos နှင့် Mark Zuckerberg တို့၏ စံအိမ်ကြီးများ
ဘရစ်တ်နီ စပီးယား လှေကားထိပ်မှ သရဲများ၏ တွန်းချခံရသောကြောင့် မနေရဲသောအိမ်၊ ရုပ်ရှင်မင်းသမီး ဘရစ်နီး မာဖီတို့ ဇနီးမောင်နှံ
ဘရစ်တ်နီ စပီးယား လှေကားထိပ်မှ သရဲများ၏ တွန်းချခံရသောကြောင့် မနေရဲသောအိမ်၊ ရုပ်ရှင်မင်းသမီး ဘရစ်နီး မာဖီတို့ ဇနီးမောင်နှံ
ကမ္ဘာကျော်ရက်ပ်အဆိုတော် Puff Daddy နှင့် Jay-Z တို့နှစ်ဦး ၁၃ နှစ်အရွယ် မိန်းကလေးတစ်ဦးကို အဓမ္မပြုကျင့်ခဲ့မှု ၂၀၂၅ ခုနှစ်
ကမ္ဘာကျော်ရက်ပ်အဆိုတော် Puff Daddy နှင့် Jay-Z တို့နှစ်ဦး ၁၃ နှစ်အရွယ် မိန်းကလေးတစ်ဦးကို အဓမ္မပြုကျင့်ခဲ့မှု ၂၀၂၅ ခုနှစ်
၁၄ နာရီအတွင်း အမျိုးသားပေါင်း ၁၀၁ ဦးနှင့် အိပ်ခဲ့သော OnlyFans လူမှုကွန်ရက်မှ အကျော်အမော် အင်္ဂလန်နိုင်ငံသူ မိန်းကလေး Lil
၁၄ နာရီအတွင်း အမျိုးသားပေါင်း ၁၀၁ ဦးနှင့် အိပ်ခဲ့သော OnlyFans လူမှုကွန်ရက်မှ အကျော်အမော် အင်္ဂလန်နိုင်ငံသူ မိန်းကလေး Lil
နတ်သမီးများ ပြန်ခေါ်မှ ရုပ်ရှင်နယ်သို့ ပြန်လာမည်ဟု ကြုံးဝါးခဲ့သော်လည်း ငွေလိုနေသဖြင့် ရုပ်ရှင်နယ်သို့ ခြေပြန်ချလာသူ ဂျင်
နတ်သမီးများ ပြန်ခေါ်မှ ရုပ်ရှင်နယ်သို့ ပြန်လာမည်ဟု ကြုံးဝါးခဲ့သော်လည်း ငွေလိုနေသဖြင့် ရုပ်ရှင်နယ်သို့ ခြေပြန်ချလာသူ ဂျင်
တေလာဆွစ်ဖ်က ခရစ္စမတ်ကာလအတွင်း ချစ်သူ Travis Kelce ၏ ဒေါ်လာ ၆ သန်းတန် စံအိမ်ကြီးတွင် နေထိုင်ဖြတ်သန်းမည်
တေလာဆွစ်ဖ်က ခရစ္စမတ်ကာလအတွင်း ချစ်သူ Travis Kelce ၏ ဒေါ်လာ ၆ သန်းတန် စံအိမ်ကြီးတွင် နေထိုင်ဖြတ်သန်းမည်
တရုတ်ပြည်တွင် ၅၇ ထပ်မြင့်မားသော မိုးမျှော်တိုက်ကြီးကို ၁၉ ရက်အတွင်း ဆောက်လုပ်ခဲ့ပုံ
တရုတ်ပြည်တွင် ၅၇ ထပ်မြင့်မားသော မိုးမျှော်တိုက်ကြီးကို ၁၉ ရက်အတွင်း ဆောက်လုပ်ခဲ့ပုံ
အာဖရိကရှိ ဂါနာနိုင်ငံမှ မျိုးနွယ်စုတစ်ခု၏ ဘုရင်က ဆင်းရဲလှသော မျိုးနွယ်စုအတွက် ကနေဒါနိုင်ငံသို့ သွားကာ စိုက်ပျိုးရေးအလုပ်
အာဖရိကရှိ ဂါနာနိုင်ငံမှ မျိုးနွယ်စုတစ်ခု၏ ဘုရင်က ဆင်းရဲလှသော မျိုးနွယ်စုအတွက် ကနေဒါနိုင်ငံသို့ သွားကာ စိုက်ပျိုးရေးအလုပ်
ဗဟုသုတအဖြာဖြာ အိမ်ခြံမြေရေးရာ
ဗဟုသုတအဖြာဖြာ အိမ်ခြံမြေရေးရာ

နောင်လာမည့် အိမ်ခြံမြေ ပွဲစဉ်များ

The Crest
CarsDB

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service