သင့်အိမ်က သည်နေရာ သည်ပစ္စည်းလေးတွေကို သန့်ရှင်းဖို့ မမေ့ပါနဲ့
သင့်အိမ်က သည်နေရာ သည်ပစ္စည်းလေးတွေကို သန့်ရှင်းဖို့ မမေ့ပါနဲ့ - Property Knowledge in Myanmar from iMyanmarHouse.com
29 Jun 2020 3:49 pm တွင် တင်ခဲ့သည်
1081 ကြိမ် ကြည့်ရှု့ပြီး
ဗဟုသုတ | Posted by အေးမြတ်သူ
[Unicode]
အိပ်ရာ၊ စာအုပ်စင်၊ ရေခဲသေတ္တာနဲ့ ပန်ကာတွေကအစ သန့်ရှင်းရေးလုပ်ဖို့အရေးကြီးပါတယ်။ အိမ်သန့်ရှင်းရေးလုပ်ရင်း ကျန်ရစ်ခဲ့တဲ့နေရာတွေ များစွာရှိနိုင်ပါတယ်။ ဒါတွေကို မမေ့ဖို့ House Cleaning Checklist ဆိုပြီးမှတ်သားထားမယ်ဆိုရင် သန့်ရှင်းရမယ့်နေရာ ကျန်ရစ်တော့မှာ မဟုတ်ပါဘူး၊ တစ်ခါတစ်ရံ Checklist ဟာလည်း အမြဲတမ်းမမှန် နိုင်ပါဘူး၊ တကယ်တော့သန့်ရှင်းရေးလုပ်ဖို့ လိုအပ်တဲ့နေရာတွေ အမှတ်မထင်ရှိတတ်ပါတယ်။
အညစ်အပေတွေ၊ ပိုးမွှားတွေနဲ့ ဖုန်မှုန့်တွေရှိနေခြင်းဟာ ကျန်းမာရေးကို ထိခိုက်စေနိုင်ပါတယ်။ အထူးသဖြင့် ဓာတ်မတည့်တာမျိုး ဖြစ်နိုင်ပါတယ်။ ဘယ်နေရာတွေကို သန့်ရှင်းဖို့မေ့နေလဲ၊ မေ့နေတဲ့ နေရာတွေဟာများသောအားဖြင့် ကိုယ်မြင်နေရတဲ့နေရာတွေမှာ မရှိတတ်ကြပါဘူး။ အဲသည်နေရာတွေမှာ ပိုးမွှားတွေလွယ်လွယ်ကူကူကြီးထွားစေနိုင်ပါတယ်။
၁။ ကြောင်အိမ်/ဗီရိုအထက်ပိုင်းတွေ၊ ကြောင်အိမ်တွေ၊ ဗီရိုတွေရဲ့ အပေါ်ပိုင်း၊ အထက်ပိုင်းတွေကို သန့်ရှင်းရေးလုပ်ဖို့ အမြဲမေ့နေတတ်ကြပါတယ်။ အဲသည်နေရာတွေက ဘက်တီးရီးယားပိုးမွှားတွေစတင်ဖြစ်ပေါ်မယ့်နေရာတွေဖြစ်ပါတယ်။
ဘက်တီးရီးယားရဲ့ ဓာတ်မတည့်မှုတွေဟာ သင့်ကိုနှာရည်ယိုခြင်းတွေနဲ့ မျက်ရည်ယိုခြင်းတွေကိုဖြစ်ပေါ်စေပါတယ်။ ကြောင်အိမ်ပေါ်၊ ဗီရိုပေါ်၊ မီးပန်း၊ မီးချောင်း အပေါ်တွေ၊ ပြတင်းပေါက်ဘောင်ပေါ် နဲ့ တံခါးဘောင်ပေါ်မှာရှိတတ်တဲ့ ဖုန်မှုန့်တွေနဲ့ တခြားညစ်ပေနေတဲ့အရာတွေကိုသန့်ရှင်းဖို့ လိုပါတယ်။
၂။ ကွန်ပျူတာတွေ၊ ကီးဘုတ်တွေနဲ့ အိုင်ပက်တွေကို သန့်ရှင်းပေးပါ။ သင့်ဆီမှာရှိတဲ့ နည်းပညာပိုင်းဆိုင်ရာပစ္စည်းတွေကို သန့်ရှင်းဖို့မေ့နေနိုင်ပါတယ်။ အဲသည်နည်းပညာပစ္စည်း တွေဟာလည်း ဘက်တီးရီးယားတွေ ပေါက်ဖွားတဲ့နေရာတစ်ခုပါပဲ။
ထိတွေ့မျက်နှာပြင် (touch screen)ပါတဲ့ နည်းပညာပစ္စည်းတိုင်းမှာ ဘက်တီးရီးယားပိုးမွှားပေါင်း ၆ဝဝ ယူနစ်ဝန်း ကျင်လောက်ရှိတယ်လို့ အစီရင်ခံစာအရသိရပါတယ်။ Staphylo-coccus လို့ခေါ်တဲ့ ဘက်တီးရီးယားတွေဟာ ကူးစက်ရောဂါတွေ၊ အရေပြား၊ အဆုတ်နဲ့ နှလုံးကိုထိခိုက်စေနိုင်ပါတယ်။ အီလက်ထရွန်းနစ်ပစ္စည်းတွေကို ရေအသုံးပြုပြီး မသန့်ရှင်းပါနဲ့။ အဲသည်အစားအဝတ်စသုံးပြီး ပုံမှန်သန့်ရှင်းရေးလုပ်ပါ။
၃။ သန့်ရှင်းရေးလုပ်ဖို့ အသုံးပြုနေတဲ့ပစ္စည်းတွေကိုလည်း သန့်ရှင်းရေးလုပ်ပါ။ အိမ်သန့်ရှင်းရေးလုပ်မယ် ဆိုလိုက်တာနဲ့ အိပ်ရာတွေနဲ့ မီးဖိုချောင်တွေ၊ ကော်ဇောတွေစတဲ့ ပုံမှန်မြင် တွေ့နေကျ ပစ္စည်းတွေကိုပဲ သန့်ရှင်းဖို့စတင်တွေးမိမှာအမှန်ပါပဲ။ ဒါပေမဲ့ ကိုယ်သန့်ရှင်းရေးလုပ်ဖို့ အသုံးပြုနေတဲ့ ပစ္စည်းတွေကိုပြန်လည်သန့်ရှင်းရေးလုပ်ဖို့ တွေးမိတာကတော့ ခပ်ရှားရှားပါပဲ။
သန့်ရှင်းရေးလုပ်တဲ့ အဝတ်စတွေ၊ ရေမြှုပ်တွေဟာ သင့်အိမ်ထဲမှာရှိတဲ့ အညစ်ပတ်ဆုံး ပစ္စည်းတွေပဲဖြစ်ပါတယ်။ သုတေသန စစ်တမ်းတွေအရတော့ သန့်ရှင်းရေး လုပ်ဖို့အသုံးပြုတဲ့ အဝတ်စတိုင်းရဲ့ တစ်လက်မစတုရန်းပတ်လည်မှာ ဘက်တီးရီးယားပိုးမွှားပေါင်း တစ်သန်းခန့်ရှိပြီး ရေမြှုပ်တွေမှာဆိုရင်တော့ဆယ်သန်းနီးပါးရှိပါတယ်။
သည် သန့်ရှင်းရေးပစ္စည်းတွေထက် သင့်အိမ်ရဲ့အိမ်သာက ပိုပြီးသန့်ရှင်းပါတယ်။ Hygiene Council ရဲ့ အကြံပြုချက်အရတော့ တစ်ခါသုံး အဝတ်စအသုံးပြုဖို့ ဒါမှမဟုတ်ရင်တော့သန့်ရှင်းရေးမှာ အသုံးပြုလိုက်တဲ့ အဝတ်တွေကို လျှော်ပြီးရင် ၆၀ ဒီဂရီ အပူချိန်လောက်နဲ့ထိတွေ့ပေးမှသာ ဘက်တီးရီးယားတွေသေစေနိုင်တယ်လို့ ဆိုပါတယ်။ အခုဖော်ပြပေးတဲ့နေရာတွေနဲ့ ပစ္စည်းတွေကိုပါ အိမ်သန့်ရှင်းရေးလုပ်ရင်း သန့် ရှင်းပေးနိုင်ဖို့သင့်ရဲ့ Checklist ထဲမှာထည့်သွင်းမှတ်ထားလိုက်ပါ။
Credit: Kumudra
[Zawgyi]
Credit: Kumudra
နောက်ဆုံးရ အိမ်ခြံမြေ ဗဟုသုတများ
KITCHEN ဆေးရောင်ရွေးချယ်မှုအတွက် အကြံပေးမှုတစ်ချို့
KITCHEN ဆေးရောင်ရွေးချယ်မှုအတွက် အကြံပေးမှုတစ်ချို့
စုံလင်ဖွေရှာ အိမ်ခြံမြေဥပဒေရေးရာ
စုံလင်ဖွေရှာ အိမ်ခြံမြေဥပဒေရေးရာ
သာသနာဂရန်မြေ လျှောက်ထားရာတွင် သိရှိထားသင့်သည့် အချက်အလက်များအကြောင်း ဥပဒေဗဟုသုတ အနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။...
သာသနာဂရန်မြေ လျှောက်ထားရာတွင် သိရှိထားသင့်သည့် အချက်အလက်များအကြောင်း ဥပဒေဗဟုသုတ အနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။...
မရွှေ့မပြောင်းနိုင်သောပစ္စည်းကို ကန့်သတ်သည့်ဥပဒေအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြ ပေးလိုက်ပါသည်။...
မရွှေ့မပြောင်းနိုင်သောပစ္စည်းကို ကန့်သတ်သည့်ဥပဒေအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြ ပေးလိုက်ပါသည်။...
၂၀၂၅-၂၀၂၆ ခုနှစ်အတွက် ရန်ကုန်တိုင်း မြို့နယ်စုံ အသစ်ထွက်ရှိလာသော ရာဖြတ်နှုန်းထားများ
၂၀၂၅-၂၀၂၆ ခုနှစ်အတွက် ရန်ကုန်တိုင်း မြို့နယ်စုံ အသစ်ထွက်ရှိလာသော ရာဖြတ်နှုန်းထားများ
မြေယာစီမံခန့်ခွဲမှု စပ်လျဉ်း၍ ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
မြေယာစီမံခန့်ခွဲမှု စပ်လျဉ်း၍ ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
ငွေရေးကြေးရေးဆိုင်ရာအဖွဲ့အစည်း ဥပဒေအကြောင်းကို ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။...
ငွေရေးကြေးရေးဆိုင်ရာအဖွဲ့အစည်း ဥပဒေအကြောင်းကို ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။...
အပတ်စဉ် သိမှတ်ဖွယ်ရာ ဥပဒေအမေးအဖြေကဏ္ဍ
အပတ်စဉ် သိမှတ်ဖွယ်ရာ ဥပဒေအမေးအဖြေကဏ္ဍ
အိမ်ခြံမြေအသိကြွယ်စေဖို့ရာ ဥပဒေအမေးအဖြေကဏ္ဍ
အိမ်ခြံမြေအသိကြွယ်စေဖို့ရာ ဥပဒေအမေးအဖြေကဏ္ဍ
စုပေါင်းပိုင် အဆောက်အအုံနှင့် စပ်လျဉ်း၍ လိုက်နာရမည့် အချက်အလက်များ ဥပဒေဗဟုသုတအအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။...
စုပေါင်းပိုင် အဆောက်အအုံနှင့် စပ်လျဉ်း၍ လိုက်နာရမည့် အချက်အလက်များ ဥပဒေဗဟုသုတအအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။...
ရောင်းရန်ရှိသော အိမ်ခြံမြေများ
အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်
အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ
အင်ဒိုနီးရှား အမျိုးသားတစ်ဦးက သားဖြစ်သူကို “ဆက်သွယ်ရေး၊ သတင်းအချက်အလက်နှင့် စာရင်းအင်းဌာန” ဟု ကြံကြံဖန်ဖန် နာမည်ပေးထားမှ
အင်ဒိုနီးရှား အမျိုးသားတစ်ဦးက သားဖြစ်သူကို “ဆက်သွယ်ရေး၊ သတင်းအချက်အလက်နှင့် စာရင်းအင်းဌာန” ဟု ကြံကြံဖန်ဖန် နာမည်ပေးထားမှ
အိမ်ရာမဲ့ဘဝမှ သူဌေးဖြစ်လာသော အမေရိကန်ပြည်၊ ဒက်ထရွိုက်မြို့မှ အမျိုးသားတစ်ဦးအကြောင်း
အိမ်ရာမဲ့ဘဝမှ သူဌေးဖြစ်လာသော အမေရိကန်ပြည်၊ ဒက်ထရွိုက်မြို့မှ အမျိုးသားတစ်ဦးအကြောင်း
အမေရိကန်နိုင်ငံသားတစ်ဦး တရုတ်ပြည်တွင် ၁၅ နှစ်တာ ကွန်ဖူးကျင့်ခဲ့ပြီးနောက် အမြဲအခြေချနေထိုင်ခွင့် PR ရရှိခဲ့သည့်အပြင် ဝူတန
အမေရိကန်နိုင်ငံသားတစ်ဦး တရုတ်ပြည်တွင် ၁၅ နှစ်တာ ကွန်ဖူးကျင့်ခဲ့ပြီးနောက် အမြဲအခြေချနေထိုင်ခွင့် PR ရရှိခဲ့သည့်အပြင် ဝူတန
CP ကုမ္ပဏီအုပ်စု၏ ဥက္ကဌ ကျီယာ ရာဝါးနွန်းမှာ ကြွယ်ဝမှု ကန်ဒေါ်လာ ၅ ဘီလီယံဖြင့် ၂၀၂၅ ခုနှစ် ထိုင်းနိုင်ငံ၏ အချမ်းသာဆုံးပုဂ
CP ကုမ္ပဏီအုပ်စု၏ ဥက္ကဌ ကျီယာ ရာဝါးနွန်းမှာ ကြွယ်ဝမှု ကန်ဒေါ်လာ ၅ ဘီလီယံဖြင့် ၂၀၂၅ ခုနှစ် ထိုင်းနိုင်ငံ၏ အချမ်းသာဆုံးပုဂ
တောင်အာဖရိကတွင် အမျိုးသမီးတစ်ဦးက သားဖွားအပြီး တစ်လခန့်အကြာတွင် ဗိုက်ထဲ၌ ကလေးတစ်ဦး ကျန်နေသေးကြောင်း တုန်လှုပ်စွာ သိလိုက်ရ
တောင်အာဖရိကတွင် အမျိုးသမီးတစ်ဦးက သားဖွားအပြီး တစ်လခန့်အကြာတွင် ဗိုက်ထဲ၌ ကလေးတစ်ဦး ကျန်နေသေးကြောင်း တုန်လှုပ်စွာ သိလိုက်ရ
အင်္ဂလန်နိုင်ငံ၊ ဘာမင်ဂန်မြို့တွင် အမှိုက်သိမ်းသမားအားလုံး အလုပ်ထွက်သွားသောကြောင့် တစ်မြို့လုံးရှိ နေအိမ်များရှေ့တွင် အမ
အင်္ဂလန်နိုင်ငံ၊ ဘာမင်ဂန်မြို့တွင် အမှိုက်သိမ်းသမားအားလုံး အလုပ်ထွက်သွားသောကြောင့် တစ်မြို့လုံးရှိ နေအိမ်များရှေ့တွင် အမ
တရုတ်ပြည်ရှိ လူငယ်တို့မှာ အိမ်ငှားနေထိုင်ခြင်းထက် ဟိုတယ်များတွင် နေထိုင်ကြမှု ပိုမိုများပြားလာလျက်ရှိ၊ ဟိုတယ်တွင် နေထိုင
တရုတ်ပြည်ရှိ လူငယ်တို့မှာ အိမ်ငှားနေထိုင်ခြင်းထက် ဟိုတယ်များတွင် နေထိုင်ကြမှု ပိုမိုများပြားလာလျက်ရှိ၊ ဟိုတယ်တွင် နေထိုင
အိမ်ဖြူတော်အနီးရှိ ဒေါ်လာ ၂၃ သန်းတန် စံအိမ်ကို ဝယ်ယူသွားသူမှာ Mark Zuckerberg ဖြစ်ကြောင်း ပေါ်ပေါက်လာ
အိမ်ဖြူတော်အနီးရှိ ဒေါ်လာ ၂၃ သန်းတန် စံအိမ်ကို ဝယ်ယူသွားသူမှာ Mark Zuckerberg ဖြစ်ကြောင်း ပေါ်ပေါက်လာ
ထိုင်း နာမည်ကြီးအဆိုတော် ကောင်းဟွေးရိုင်းက ငလျင်ကြောင့် အဆောက်အအုံပြိုကျသည့်အထဲတွင် မိဘ ၂ ပါး ပါသွားခဲ့ရသည့် ၁၉ နှစ်အရွယ
ထိုင်း နာမည်ကြီးအဆိုတော် ကောင်းဟွေးရိုင်းက ငလျင်ကြောင့် အဆောက်အအုံပြိုကျသည့်အထဲတွင် မိဘ ၂ ပါး ပါသွားခဲ့ရသည့် ၁၉ နှစ်အရွယ
အိမ်ခြံမြေအသိကြွယ်စေဖို့ရာ ဥပဒေအမေးအဖြေကဏ္ဍ
အိမ်ခြံမြေအသိကြွယ်စေဖို့ရာ ဥပဒေအမေးအဖြေကဏ္ဍ
Aung Theikdi Villa
imyanmarmarket
iMyanmarHouse Mobile App
iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service