အဆင်ပြေ ထိရောက်တဲ့ ပိုက်ဆံစုနည်း (၅၀/၃၀/၂၀ နိယာမ)

အဆင်ပြေ ထိရောက်တဲ့ ပိုက်ဆံစုနည်း (၅၀/၃၀/၂၀ နိယာမ) - Property Knowledge in Myanmar from iMyanmarHouse.com
25 Jun 2020 3:04 pm တွင် တင်ခဲ့သည်
6179 ကြိမ် ကြည့်ရှု့ပြီး

ဗဟုသုတ | Posted by ရွှေစင်ဝင်း

[Unicode]

လစာတွေလည်းရပြီ။ ဝယ်ချင်တာတွေလည်း စဉ်းစားပြီးပြီ။ မုန့်စားဖို့ကလည်း လက်တပြင်ပြင်နဲ့….။ ဟိုး…ရပ်! အတွေးတွေကို အဲဒီမှာတင် ခဏရပ်လိုက်ပါဦး။ ရက် ၂၀ ကျော် ပတ်ဝန်းကျင်တွေမှာ ပိုက်ဆံမရှိလို့ စိတ်ဆင်းရဲနေရတာတွေ၊ ပြတ်တုန်း လပ်တုန်း ၂၃ တွေကိုမေ့သွားပြီလား။ လတိုင်း ပိုက်ဆံကြောင့် စိတ်ညစ်နေရတာ မတန်ပါဘူး။ ဒီ ၅၀/၃၀/၂၀ နိယာမလေးကိုသာ တစ်လလောက် လက်တွေ့ကျင့်သုံး ကြည့်လိုက်ပါ။

(၁) လိုအပ်တာတွေအတွက် လစာရဲ့ ၅၀% (ဝင်ငွေခွန်ဆောင်အပြီး လစာ)

လိုအပ်တယ်ဆိုတဲ့ နေရာမှာ အိမ်အတွက် စားသောက်ကုန်တွေဝယ်တာ၊ ရေဖိုး၊မီးဖိုး၊ ဆေးဖိုး၊ သွားလာစရိတ်၊ မိမိ/မိမိကလေးရဲ့ကျောင်းလခ စသည်ဖြင့် မဖြစ်မနေ သုံးကိုသုံးရမယ့် စရိတ်တွေအကုန်ပါဝင်ပါတယ်။ တစ်လလုံးမှာ လိုအပ်တာတွေအတွက် ၅၀% ထဲ ဝင်နိုင်အောင်သုံးပါ။ တစ်ခုသတိထားရမှာက လိုအပ်တာနဲ့ လိုချင်တာကို မရောထွေးပါနဲ့။ ဆိုင်ကောင်းကောင်းမှာ စားချင်တာ၊ အမွှေးပွရုပ်အကြီးကြီး ရချင်တာတွေက လိုချင်တာပါ။ လိုအပ်တာမဟုတ်ပါဘူး။

(၂) လိုချင်တာအတွက် ဝင်ငွေရဲ့၃၀%

၃၀% ပဲသုံးမယ်ဆိုတာ အတွေးထဲမှာတော့ မဆိုးပါဘူး။ တကယ်အပြင်မှာ လက်တွေ့လုပ်နိုင်ပါ့မလား။ ဒစ်စကောင့်ချနေတဲ့ ဖိနပ်လှလှလေးတွေ၊ ဆံပင်ကေပြင်ချင်တာတွေ၊ ခရီးထွက်ချင်တာတွေ၊ စားလို့အင်မတန်ကောင်းပါတယ် ဆိုတဲ့ ဘူဖေးဆိုင်တွေ။တကယ်တမ်း ကိုယ်အသုံးစရိတ်ကို စစ်ကြည့်မယ်ဆိုရင် လိုချင်တာတွေကို ပိုသုံးမိတာများပါတယ်။ ဒီပစ္စည်းဟာ ကိုယ်လိုအပ်နေတာပါလို့ ကိုယ့်စိတ်ကို လှည့်စားမိလို့လည်း ဖြစ်နိုင်ပါတယ်။ ကိုယ့်စည်းကမ်းကို ချပါ။ ကိုယ့်စိတ်ကိုနိုင်ပါ။ မဝယ်ခင် တစ်ပတ်လောက်စောင့်ပြီး ကိုယ့်စိတ်ကိုပြန်စောင့်ကြည့်ပါ။

(၃) စုဆောင်းဖို့က ၂၀%

ဒါကတော့ တစ်ချိန် ကိုယ်ပင်စင်ယူဖို့ဆိုပြီးစုတာကနေ သာရေး၊ နာရေး သုံးဖို့ အလယ် ပုဂံကို သူငယ်ချင်းတွေနဲ့သွားလည်ဖို့ဆိုတာအဆုံး အထိ စုနိုင်ပါတယ်။ ဘာ goal ညာ goal တွေအတွက်က သတ်သတ်၊ အနာဂတ်အတွက်အရေးပေါ်စုဆောင်းငွေ သက်သက် (ဆေးရုံတက်ရတာ၊ ယာဉ်တိုက်မှုဖြစ်တာ၊ သဘာဝဘေးအန္တရာယ်ဖြစ်တာ စသည်) ဆိုပြီးတော့လည်း စုနိုင်ပါသေးတယ်။

ရိုးရာလေးရဲ့ စာဖတ်ပရိသတ်ကြီးလည်း ဒီနည်းလမ်းကို အသုံးပြုပြီး လတစ်လရဲ့ရက်၂၀ ကျော်တွေမှာ ပိုက်ဆံနဲ့ပတ်သက်လို့ စိတ်ညစ်ရတာတွေ ကုန်ဆုံးလွန်မြောက်နိုင်ကြပါစေလို့ ဆန္ဒပြုလိုက်ပါတယ်နော်...။

Credit: (ရိုးရာလေး)

  [Zawgyi]

အဆင္ေျပ ထိေရာက္တဲ့ ပိုက္ဆံစုနည္း (၅၀/၃၀/၂၀ နိယာမ)

လစာေတြလည္းရၿပီ။ ဝယ္ခ်င္တာေတြလည္း စဥ္းစားၿပီးၿပီ။ မုန္႔စားဖို႔ကလည္း လက္တျပင္ျပင္နဲ႔….။ ဟိုး…ရပ္! အေတြးေတြကို အဲဒီမွာတင္ ခဏရပ္လိုက္ပါဦး။ ရက္ ၂၀ ေက်ာ္ ပတ္ဝန္းက်င္ေတြမွာ ပိုက္ဆံမရွိလို႔ စိတ္ဆင္းရဲေနရတာေတြ၊ ျပတ္တုန္း လပ္တုန္း ၂၃ ေတြကိုေမ့သြားၿပီလား။ လတိုင္း ပိုက္ဆံေၾကာင့္ စိတ္ညစ္ေနရတာ မတန္ပါဘူး။ ဒီ ၅၀/၃၀/၂၀ နိယာမေလးကိုသာ တစ္လေလာက္ လက္ေတြ႕က်င့္သုံး ၾကည့္လိုက္ပါ။

(၁) လိုအပ္တာေတြအတြက္ လစာရဲ႕ ၅၀% (ဝင္ေငြခြန္ေဆာင္အၿပီး လစာ)

လိုအပ္တယ္ဆိုတဲ့ ေနရာမွာ အိမ္အတြက္ စားေသာက္ကုန္ေတြဝယ္တာ၊ ေရဖိုး၊မီးဖိုး၊ ေဆးဖိုး၊ သြားလာစရိတ္၊ မိမိ/မိမိကေလးရဲ႕ေက်ာင္းလခ စသည္ျဖင့္ မျဖစ္မေန သုံးကိုသုံးရမယ့္ စရိတ္ေတြအကုန္ပါဝင္ပါတယ္။ တစ္လလုံးမွာ လိုအပ္တာေတြအတြက္ ၅၀% ထဲ ဝင္ႏိုင္ေအာင္သုံးပါ။ တစ္ခုသတိထားရမွာက လိုအပ္တာနဲ႔ လိုခ်င္တာကို မေရာေထြးပါနဲ႔။ ဆိုင္ေကာင္းေကာင္းမွာ စားခ်င္တာ၊ အေမႊးပြ႐ုပ္အႀကီးႀကီး ရခ်င္တာေတြက လိုခ်င္တာပါ။ လိုအပ္တာမဟုတ္ပါဘူး။

(၂) လိုခ်င္တာအတြက္ ဝင္ေငြရဲ႕၃၀%

၃၀% ပဲသုံးမယ္ဆိုတာ အေတြးထဲမွာေတာ့ မဆိုးပါဘူး။ တကယ္အျပင္မွာ လက္ေတြ႕လုပ္ႏိုင္ပါ့မလား။ ဒစ္စေကာင့္ခ်ေနတဲ့ ဖိနပ္လွလွေလးေတြ၊ ဆံပင္ေကျပင္ခ်င္တာေတြ၊ ခရီးထြက္ခ်င္တာေတြ၊ စားလို႔အင္မတန္ေကာင္းပါတယ္ ဆိုတဲ့ ဘူေဖးဆိုင္ေတြ။တကယ္တမ္း ကိုယ္အသုံးစရိတ္ကို စစ္ၾကည့္မယ္ဆိုရင္ လိုခ်င္တာေတြကို ပိုသုံးမိတာမ်ားပါတယ္။ ဒီပစၥည္းဟာ ကိုယ္လိုအပ္ေနတာပါလို႔ ကိုယ့္စိတ္ကို လွည့္စားမိလို႔လည္း ျဖစ္ႏိုင္ပါတယ္။ ကိုယ့္စည္းကမ္းကို ခ်ပါ။ ကိုယ့္စိတ္ကိုႏိုင္ပါ။ မဝယ္ခင္ တစ္ပတ္ေလာက္ေစာင့္ၿပီး ကိုယ့္စိတ္ကိုျပန္ေစာင့္ၾကည့္ပါ။

(၃) စုေဆာင္းဖို႔က ၂၀%

ဒါကေတာ့ တစ္ခ်ိန္ ကိုယ္ပင္စင္ယူဖို႔ဆိုၿပီးစုတာကေန သာေရး၊ နာေရး သုံးဖို႔ အလယ္ ပုဂံကို သူငယ္ခ်င္းေတြနဲ႔သြားလည္ဖို႔ဆိုတာအဆုံး အထိ စုႏိုင္ပါတယ္။ ဘာ goal ညာ goal ေတြအတြက္က သတ္သတ္၊ အနာဂတ္အတြက္အေရးေပၚစုေဆာင္းေငြ သက္သက္ (ေဆး႐ုံတက္ရတာ၊ ယာဥ္တိုက္မႈျဖစ္တာ၊ သဘာ၀ေဘးအႏၲရာယ္ျဖစ္တာ စသည္) ဆိုၿပီးေတာ့လည္း စုႏိုင္ပါေသးတယ္။

႐ိုးရာေလးရဲ႕ စာဖတ္ပရိသတ္ႀကီးလည္း ဒီနည္းလမ္းကို အသုံးျပဳၿပီး လတစ္လရဲ႕ရက္၂၀ ေက်ာ္ေတြမွာ ပိုက္ဆံနဲ႔ပတ္သက္လို႔ စိတ္ညစ္ရတာေတြ ကုန္ဆုံးလြန္ေျမာက္ႏိုင္ၾကပါေစလို႔ ဆႏၵျပဳလိုက္ပါတယ္ေနာ္...။

Credit: (႐ိုးရာေလး)

 

နောက်ဆုံးရ အိမ်ခြံမြေ ဗဟုသုတများ

ဟောင်ကောင် ရေကြောင်းရဲအရာရှိတစ်ဦး ၁၀ ဒေါ်လာဖိုး ဖုန်းဆက်ထီထိုးခဲ့ရာ ဒေါ်လာ ၆၉ သန်း Jackpot ဆုကြီး ထီပေါက်...
ဟောင်ကောင် ရေကြောင်းရဲအရာရှိတစ်ဦး ၁၀ ဒေါ်လာဖိုး ဖုန်းဆက်ထီထိုးခဲ့ရာ ဒေါ်လာ ၆၉ သန်း Jackpot ဆုကြီး ထီပေါက်...
ကာဇက်စတန်မှ ရွာကလေးတွင် ရွာသူရွာသားတို့မှာ လမ်းလျှောက်ရင်းပင် ရုတ်တရက် အိပ်ပျော်သွားတတ်ကြပြီး ပြန်နိုးလာချိန်တွင် မည်သည့်အချိန်က အိပ်ပျော်သွားသည်ကို မမှတ်မိကြသည့် ဆန်းကြယ်သော ဖြစ်ရပ်...
ကာဇက်စတန်မှ ရွာကလေးတွင် ရွာသူရွာသားတို့မှာ လမ်းလျှောက်ရင်းပင် ရုတ်တရက် အိပ်ပျော်သွားတတ်ကြပြီး ပြန်နိုးလာချိန်တွင် မည်သည့်အချိန်က အိပ်ပျော်သွားသည်ကို မမှတ်မိကြသည့် ဆန်းကြယ်သော ဖြစ်ရပ်...
ဟယ်ရီဆင်ဖို့ဒ်က တောမီးဦးတည်နေသည့် ဘရန့်ဝုဒ်အရပ်မှ သူ၏ စံအိမ်ဆီသို့ သွားရန် ကြိုးစားရာ ရဲအရာရှိတို့ လိုက်ပါစောင့်ကြပ်ပေးခဲ့...
ဟယ်ရီဆင်ဖို့ဒ်က တောမီးဦးတည်နေသည့် ဘရန့်ဝုဒ်အရပ်မှ သူ၏ စံအိမ်ဆီသို့ သွားရန် ကြိုးစားရာ ရဲအရာရှိတို့ လိုက်ပါစောင့်ကြပ်ပေးခဲ့...
ကယ်လီဖိုးနီးယားတွင် တောမီးကြောင့် အရေးပေါ်အခြေအနေ ကြေညာထားပြီး ညမထွက်ရအမိန့် ထုတ်ပြန်ထားရာ ဒုသမ္မတ ခါမလာဟဲရစ်၏ နေအိမ်အနီး ညဘက် သွားလာသူ ၂ ဦး ဖမ်းဆီးခံရ...
ကယ်လီဖိုးနီးယားတွင် တောမီးကြောင့် အရေးပေါ်အခြေအနေ ကြေညာထားပြီး ညမထွက်ရအမိန့် ထုတ်ပြန်ထားရာ ဒုသမ္မတ ခါမလာဟဲရစ်၏ နေအိမ်အနီး ညဘက် သွားလာသူ ၂ ဦး ဖမ်းဆီးခံရ...
ဂျပန်နိုင်ငံသားများအကြား “အိမ်သာ” ဟု ရည်ညွှန်းပြောဆိုကြသည့် ကျဉ်းမြောင်းလှသော လူနေခန်းလေးများ၊ ဟိုတယ်များ အမြဲပြည့်နေသော ဂျပန်တွင် နိုင်ငံခြားခရီးသွားများ တည်းခိုရန် စိတ်ဝင်စားလျက်ရှိ...
ဂျပန်နိုင်ငံသားများအကြား “အိမ်သာ” ဟု ရည်ညွှန်းပြောဆိုကြသည့် ကျဉ်းမြောင်းလှသော လူနေခန်းလေးများ၊ ဟိုတယ်များ အမြဲပြည့်နေသော ဂျပန်တွင် နိုင်ငံခြားခရီးသွားများ တည်းခိုရန် စိတ်ဝင်စားလျက်ရှိ...
(ထူးထူးခြားခြား အိမ်ခြံမြေဒိုင်ယာရီ) အိန္ဒိယတွင် အိမ်ခြံမြေ Developer တစ်ဦးက ဆောက်လုပ်ရေးအတွက် မြေတူးစဉ် ရွှေအိုးကြီးတစ်လုံး တူးဖော်တွေ့ရှိ...
(ထူးထူးခြားခြား အိမ်ခြံမြေဒိုင်ယာရီ) အိန္ဒိယတွင် အိမ်ခြံမြေ Developer တစ်ဦးက ဆောက်လုပ်ရေးအတွက် မြေတူးစဉ် ရွှေအိုးကြီးတစ်လုံး တူးဖော်တွေ့ရှိ...
မိုက်ခရိုဝေ့(Microwave) နှင့် ပြန်နွှေးပြီး မစားသင့်သော အစာ (၇) မျိုး
မိုက်ခရိုဝေ့(Microwave) နှင့် ပြန်နွှေးပြီး မစားသင့်သော အစာ (၇) မျိုး
အိမ်ခြံမြေအရေး iMyanmarHouse ကို တွေးလိုက်ပါ🤔
အိမ်ခြံမြေအရေး iMyanmarHouse ကို တွေးလိုက်ပါ🤔
ပစ္စည်းလွှဲပြောင်းခြင်း ဥပဒေအကြောင်းကို ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
ပစ္စည်းလွှဲပြောင်းခြင်း ဥပဒေအကြောင်းကို ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
အိမ်ပိုင်ရှင်များသတိထားနိုင်ဖို့ တစ်ထပ်အိမ်ကို အဆင့်မြှင့်တဲ့အခါ ဆောင်ရန်ရှောင်ဖွယ်အချက် ( ၄) ချက်...
အိမ်ပိုင်ရှင်များသတိထားနိုင်ဖို့ တစ်ထပ်အိမ်ကို အဆင့်မြှင့်တဲ့အခါ ဆောင်ရန်ရှောင်ဖွယ်အချက် ( ၄) ချက်...

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

ဘရစ်တ်နီ စပီးယား လှေကားထိပ်မှ သရဲများ၏ တွန်းချခံရသောကြောင့် မနေရဲသောအိမ်၊ ရုပ်ရှင်မင်းသမီး ဘရစ်နီး မာဖီတို့ ဇနီးမောင်နှံ
ဘရစ်တ်နီ စပီးယား လှေကားထိပ်မှ သရဲများ၏ တွန်းချခံရသောကြောင့် မနေရဲသောအိမ်၊ ရုပ်ရှင်မင်းသမီး ဘရစ်နီး မာဖီတို့ ဇနီးမောင်နှံ
၁၄ နာရီအတွင်း အမျိုးသားပေါင်း ၁၀၁ ဦးနှင့် အိပ်ခဲ့သော OnlyFans လူမှုကွန်ရက်မှ အကျော်အမော် အင်္ဂလန်နိုင်ငံသူ မိန်းကလေး Lil
၁၄ နာရီအတွင်း အမျိုးသားပေါင်း ၁၀၁ ဦးနှင့် အိပ်ခဲ့သော OnlyFans လူမှုကွန်ရက်မှ အကျော်အမော် အင်္ဂလန်နိုင်ငံသူ မိန်းကလေး Lil
အိမ်ရှင်နှင်ထုတ်ခြင်းခံရသော အိမ်ငှားက အိမ်နောက်ဘက်ရှိ ပန်းအိုးများအားလုံးကို ယူဆောင်သွားရာ အိမ်ရှင်မှာ ယမ်းပုံမီးကျဖြစ်က
အိမ်ရှင်နှင်ထုတ်ခြင်းခံရသော အိမ်ငှားက အိမ်နောက်ဘက်ရှိ ပန်းအိုးများအားလုံးကို ယူဆောင်သွားရာ အိမ်ရှင်မှာ ယမ်းပုံမီးကျဖြစ်က
အိမ်ပိုင်ရှင်များသတိထားနိုင်ဖို့ တစ်ထပ်အိမ်ကို အဆင့်မြှင့်တဲ့အခါ ဆောင်ရန်ရှောင်ဖွယ်အချက် ( ၄) ချက်
အိမ်ပိုင်ရှင်များသတိထားနိုင်ဖို့ တစ်ထပ်အိမ်ကို အဆင့်မြှင့်တဲ့အခါ ဆောင်ရန်ရှောင်ဖွယ်အချက် ( ၄) ချက်
အင်္ဂလန်မှ အိမ်ခြံမြေကျွမ်းကျင်ပညာရှင်တစ်ဦးပြောသော အိမ်အမြန်ဆုံး ရောင်းထွက်ခြင်းနှင့် နေအိမ်တံခါးမကြီး ဆေးရောင်တို့အကြား
အင်္ဂလန်မှ အိမ်ခြံမြေကျွမ်းကျင်ပညာရှင်တစ်ဦးပြောသော အိမ်အမြန်ဆုံး ရောင်းထွက်ခြင်းနှင့် နေအိမ်တံခါးမကြီး ဆေးရောင်တို့အကြား
အမေရိကန်ပြည်၊ မိုင်အမ်မီရှိ ကျွန်းတစ်ကျွန်းတွင် Jeff Bezos ၏ ခြံနှင့် ကပ်လျက်ရှိသော ၂ ဧကနီးပါး သာရှိသည့် ခြံတစ်ခြံ အရောင
အမေရိကန်ပြည်၊ မိုင်အမ်မီရှိ ကျွန်းတစ်ကျွန်းတွင် Jeff Bezos ၏ ခြံနှင့် ကပ်လျက်ရှိသော ၂ ဧကနီးပါး သာရှိသည့် ခြံတစ်ခြံ အရောင
ကြွေပြားတွက်နည်း
ကြွေပြားတွက်နည်း
တရုတ်ပြည်တွင် ၅၇ ထပ်မြင့်မားသော မိုးမျှော်တိုက်ကြီးကို ၁၉ ရက်အတွင်း ဆောက်လုပ်ခဲ့ပုံ
တရုတ်ပြည်တွင် ၅၇ ထပ်မြင့်မားသော မိုးမျှော်တိုက်ကြီးကို ၁၉ ရက်အတွင်း ဆောက်လုပ်ခဲ့ပုံ
ဟယ်ရီဆင်ဖို့ဒ်က တောမီးဦးတည်နေသည့် ဘရန့်ဝုဒ်အရပ်မှ သူ၏ စံအိမ်ဆီသို့ သွားရန် ကြိုးစားရာ ရဲအရာရှိတို့ လိုက်ပါစောင့်ကြပ်ပေးခ
ဟယ်ရီဆင်ဖို့ဒ်က တောမီးဦးတည်နေသည့် ဘရန့်ဝုဒ်အရပ်မှ သူ၏ စံအိမ်ဆီသို့ သွားရန် ကြိုးစားရာ ရဲအရာရှိတို့ လိုက်ပါစောင့်ကြပ်ပေးခ
လော့စ်အိန်ဂျလိတွင် တောမီးအကြီးအကျယ် လောင်ကျွမ်းလျက်ရှိရာ ဘင်အက်ဖလက်၊ Tom hanks ၊ စတီဗင် စပီးဘာ့ဂ် တို့အပါအဝင် ကမ္ဘာကျော်
လော့စ်အိန်ဂျလိတွင် တောမီးအကြီးအကျယ် လောင်ကျွမ်းလျက်ရှိရာ ဘင်အက်ဖလက်၊ Tom hanks ၊ စတီဗင် စပီးဘာ့ဂ် တို့အပါအဝင် ကမ္ဘာကျော်

နောင်လာမည့် အိမ်ခြံမြေ ပွဲစဉ်များ

imyanmarmarket
CarsDB

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service