အိမ်ရှင်မတွေရဲ့ မီးဖိုချောင်ရှင်းလင်းရေး အလွယ်ကူဆုံးနည်းလမ်းများ
အိမ်ရှင်မတွေရဲ့ မီးဖိုချောင်ရှင်းလင်းရေး အလွယ်ကူဆုံးနည်းလမ်းများ - Property Knowledge in Myanmar from iMyanmarHouse.com
25 Jun 2020 2:52 pm တွင် တင်ခဲ့သည်
2669 ကြိမ် ကြည့်ရှု့ပြီး
ဗဟုသုတ | Posted by စည်သူအောင်
[Unicode]
အိမ်ရှင်မတွေအတွက် တစ်နေ့တာအများဆုံး အချိန်ကုန်တဲ့နေရာကို ပြောပါဆိုရင် မီးဖိုချောင်ခန်းတွေပဲ ဖြစ်ပါလိမ့်မယ်။ အိမ်ရှင်မပဲ ဖြစ်ဖြစ်၊ အိမ်ရှင်ထီးပဲဖြစ်ဖြစ် အချက်အပြုတ် ဝါသနာပါတဲ့သူဆိုရင်တော့လည်း မီးဖိုချောင်က သူ့ရဲ့ပျော်စရာ နတ်ဗိမာန်လေးတစ်ခုလို တင်စားလို့ရနိုင်လောက်အောင်ကို နှစ်သက်တတ်ကြလေ့ရှိပါတယ်။ ဒါပေမယ့် တစ်ခုရှိတာက အချက်အပြုတ်ချက်ကြတဲ့ အိမ်ရှင်မတွေဟာဆိုရင် သူတို့ချက်ပြုတ်တဲ့ မီးဖိုချောင်အခန်းကို ပြန်လည်ရှင်းလင်းဖို့ ကြတော့ သိပ်မကျွမ်းကျင်ကြသလို၊ လုပ်ဖို့လည်း ပျင်းကြတယ်လို့ ဝန်ခံကြပါတယ်။
အစားအသောက်တွေချက်ပြုတ်ကြော် လှော်ပြီးရင်တော့ သေချာပါတယ်။ ပြန်ပြီးသန့်ရှင်းရေးလုပ်တာတို့၊ ရှင်းလင်းတာတို့ ပြုလုပ်သင့်ပါတယ်။ အဓိကအသုံးပြုတဲ့နေရာတွေနဲ့ရှင်းလင်းရမယ့်နေ ရာတွေဖြစ်တဲ့ ထမင်း၊ဟင်းချက်ပြုတ်ဖို့နဲ့ အစားအသောက်တွေ လှီးဖြတ်တင်တဲ့ ကောင်တာ၊ ဆေးကြောသန့် စင်တဲ့ဘေစင်၊ ရေဇလုံ၊ အနံ့ဆိုးတွေထုတ်တဲ့ မီးခိုးတိုင်၊ မီးဖိုချောင်ကြမ်းပြင်၊ ကြော်လှော်တဲ့ဒယ်အိုး၊ အိုးခွက်နဲ့မီးဖိုတွေစသဖြင့်နေရာတွေကို အဓိက သန့်ရှင်း အောင်ထားသင့်ပါတယ်။
ဒီလိုဆိုရင် အိမ်ရှင်မတွေရဲ့ မီးဖိုချောင်လေးကို ဘယ် လိုစနစ်တကျ ရှင်းလင်းရေး လုပ်ကြည့်မလဲဆိုတာနဲ့ လွယ်လွယ်ကူ ကူမြန်မြန် သန့်ရှင်းရေးလုပ်လို့ရနိုင်မယ့် နည်းလမ်းတွေကို ဖော်ပြပေးချင်ပါ တယ်။
၁။ မီးဖိုချောင်ထဲ တာရှည်စွဲနေတဲ့ အနံ့ဆိုးတွေကို ဘယ်လိုဖယ်ရှား ကြမလဲ။ ဒီ့အတွက် အလွယ်ကူဆုံးနဲ့ အရိုးရှင်းဆုံးနည်းလမ်းက ဗီနီဂါအရည်ကြည်ပါပဲ။ ဗီနီဂါအရည်တွေကို မီးဖိုပေါ်ပွက်ပွက်ဆူ အောင်တည်ပြီး ဗီနီဂါကထွက်ရှိလာတဲ့ အငွေ့နဲ့ အနံ့အသက်တွေ က မီးဖိုခန်းအတွင်း စွဲထင်နေတဲ့အနံ့အသက်ဆိုးတွေကို မြန်မြန် ဆန်ဆန်ပျောက် ကင်းသွားစေနိုင်ပါတယ်။ မီးခိုးနံ့တွေ၊ အသားကင် အနံ့တွေ၊ ဟင်းနံ့တွေစသဖြင့်အနံ့တွေကို ဗီနီဂါက ပျောက်ကင်း သွားအောင် လုပ်ပေးမှာဖြစ်ပါတယ်။
၂။ ထမင်းဟင်းချက်ပြုတ်တဲ့ မီးဖို၊ မိုက်ခရိုဝေ့ဖ် မီးဖိုတွေကိုဘယ်လိုမျိုး သန့်ရှင်းပြုလုပ်ကြမလဲ။ မီးဖိုတွေထဲကို စိုစွတ်တဲ့တာဝါတို့၊ အဝတ်စတို့ကို အပူချိန်မြင့်မြင့်နဲ့ သုံးမိနစ်ကနေ ငါးမိနစ်ခန့် ထည့်ထားပြီး အပူပေးပါ။
အဝတ်စက ထွက်လာတဲ့ ရေငွေ့နဲ့ အပူတွေက မိုက်ခရိုဝေ့ဖ်မီးဖိုတွေထဲမှာရှိတဲ့ ချေးညှော်တွေ၊ အနံ့အသက်တွေကို ရေငွေ့ပျံစေကာ အညစ်အကြေးတွေကို စုပ်ယူနိုင်ပါလိမ့်မယ်။ ထပ် ပြီးပြောင်လက်ဖို့နဲ့ အနံ့ဆိုးတွေကင်းစေဖို့ဆိုရင်တော့ အချဉ်ဓာတ်ပါတဲ့ သံပုရာရည်နဲ့ ရေတစ်ဝက်ခန့်ရောပြီး မီးဖိုအတွင်းခန်းထဲ ပွတ်တိုက်ဆေးကြောနိုင်ပါတယ်။
၃။ ဟင်းတွေမျိုးစုံချက်ပြုတ်တဲ့ ဒယ်အိုး၊ လက်ကိုင်ဒယ်ပြားတွေမှာ ကပ်ညှိနေတဲ့ ဆီချေးနဲ့ မီးခိုးချေးတွေကို ဘယ်လိုဖယ်ရှားကြမလဲ။ ဆားကိုအဓိကအသုံးပြုပြီး သန့်ရှင်းပါ။ အမြဲလိုလိုချတ်ပြုတ်ကြော် လှော်နေတာမို့လို့ ဒယ်အိုးတွေမှာ ဆီတွေကပ်ကျန်နေတတ်ပါတယ်။
ရိုးရိုးတန်းတန်းရေတို့၊ ဆပ်ပြာတို့နဲ့ ဆေးကြောလို့ မရနိုင်တာမို့လို့ စားပွဲတင်ဆား တစ်ဇွန်းနဲ့ သုတ်ပုဝါတစ်ခုကိုအသုံးပြုပြီး ပွတ်တိုက် ပြီး ရေဆေးချလိုက်ပါ။ ဆီတွေပါသွားတာကို တွေ့ရပါလိမ့်မယ်။
၄။ အညစ်အကြေးတွေနဲ့ အညှိတက်နေတဲ့ ပန်းကန်ဆေးစင်၊ ဘေစင်၊ ရေဇလုံတွေကို ဘယ်လိုသန့်ရှင်းပြောင်လက်အောင် လုပ်ကြမလဲ။ ဒီတစ်ခါလည်း အိမ်တွင်းလွယ်ကူတဲ့နည်းလမ်းလေး ဖြစ်ပြီး အသုံးဝင်တဲ့အရာဖြစ်တဲ့ သံပုရာသီးပါပဲ။ သံပုရာသီးရဲ့ အသုံးဝင်ပုံတွေ သိပ်ကိုများပြားလှပါတယ်။
သံပုရာသီးနဲ့ မုန့်ဖုတ်ပေါင်ဒါကိုအသုံးပြုပြီး ဘေစင်ကြွေပြားတွေကို ဆေးကြောသန့်စင်ပါ။ ဘေစင်ကြွေပြားမျက်နှာပြင်ပေါ် မုန့်ဖုတ်ပေါင်ဒါမှုန့်ကို အနှံ့ဖြူးပြီး သံပုရာခြမ်းတစ်ခြမ်းနဲ့ လိုက်ပြီးပွတ်သပ်တိုက်ချွတ်လိုက်ပါ။ ချေးနဲ့ အညှိတွေ ပျောက်ကင်းပြီး ကြည်လင်သန့်ရှင်းသွားတာကို တွေ့ရပါ လိမ့်မယ်။
၅။ မီးဖိုချောင်ရဲ့ ကြမ်းပြင်ဆိုတာကတော့ အခန်းတစ်ခန်းလုံးရဲ့ အဓိကနေရာကျယ်ကျယ်အသုံးပြုထားတဲ့ အရာပါပဲ။ မီးဖိုချောင်ပစ္စည်း တွေနဲ့တခြားအရာတွေ မသန့်ရှင်းနိုင်ဘူးဆိုရင်တောင် မီးဖိုချောင် ကြမ်းပြင်ကိုတော့ မဖြစ်မနေသန့်ရှင်းရေးလုပ်ဆောင်သင့်ပါတယ်။
ပါကေးခင်းကြမ်းပြင်ဖြစ်ဖြစ်၊ ကြွေပြားခင်းကြမ်းပြင်ဖြစ်ဖြစ် အရင်ဆုံး အပေါ်ယံတံမြက်စည်းလှည်းကျင်းပါ။ နောက် ဗီနီဂါအရည်နဲ့ ရေထားတဲ့ ရေတစ်ပုံးကို ကြမ်းပြင်ရဲ့အပေါ်တွေမှာ လောင်းချပြီး ဆေး ကြောပွတ်တိုက်ပါ။
ဘရက်ရှပ်လေးတွေကို အသုံးပြုပြီး ချိုကြား ချောင်ကြားထဲထိုးက လော်ပြီးအမှိုက်တွေထုတ်ပါ။ အဝတ်စတွေနဲ့ လိုက်လံသုတ်ပေးပါ။ အစိုတစ်မျိုး၊ အခြောက်တစ်မျိုး အဝတ်စနဲ့ လိုက်လံသုတ်ပေးပါ။ နောက်ကြမ်းပြင်တွေပြောင်လတ်သွားအောင်နဲ့ အစိုဓာတ်မရှိ အောင်အသုံးပြုလို့ရမယ့် အိမ်သုံးဆေးရည်တွေကို အသုံးပြုပါ။ ပိုးမွှားအကောင်တွေ၊ အင်းဆက်တွေ မလာနိုင်အောင် ဆေးရည်တွေဖြန်းပေးပါ။ နောက်ဆုံးအဆင့်မှာတော့ အမွှေးအကြိုင် လိုအရည်တွေနဲ့ အခန်းသုံး အမွှေးဆီအရည်တွေသုံးပြီး သင့်ရဲ့မီးဖိုချောင်လေးကို နေချင်စရာနေရာလေးဖြစ်အောင် ဖန်တီးလို့ရနိုင်ပါပြီ။
(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)
Credit: iMyanmarHouse.com
[Zawgyi]
နောက်ဆုံးရ အိမ်ခြံမြေ ဗဟုသုတများ
ဟောင်ကောင် ရေကြောင်းရဲအရာရှိတစ်ဦး ၁၀ ဒေါ်လာဖိုး ဖုန်းဆက်ထီထိုးခဲ့ရာ ဒေါ်လာ ၆၉ သန်း Jackpot ဆုကြီး ထီပေါက်...
ဟောင်ကောင် ရေကြောင်းရဲအရာရှိတစ်ဦး ၁၀ ဒေါ်လာဖိုး ဖုန်းဆက်ထီထိုးခဲ့ရာ ဒေါ်လာ ၆၉ သန်း Jackpot ဆုကြီး ထီပေါက်...
ကာဇက်စတန်မှ ရွာကလေးတွင် ရွာသူရွာသားတို့မှာ လမ်းလျှောက်ရင်းပင် ရုတ်တရက် အိပ်ပျော်သွားတတ်ကြပြီး ပြန်နိုးလာချိန်တွင် မည်သည့်အချိန်က အိပ်ပျော်သွားသည်ကို မမှတ်မိကြသည့် ဆန်းကြယ်သော ဖြစ်ရပ်...
ကာဇက်စတန်မှ ရွာကလေးတွင် ရွာသူရွာသားတို့မှာ လမ်းလျှောက်ရင်းပင် ရုတ်တရက် အိပ်ပျော်သွားတတ်ကြပြီး ပြန်နိုးလာချိန်တွင် မည်သည့်အချိန်က အိပ်ပျော်သွားသည်ကို မမှတ်မိကြသည့် ဆန်းကြယ်သော ဖြစ်ရပ်...
ဟယ်ရီဆင်ဖို့ဒ်က တောမီးဦးတည်နေသည့် ဘရန့်ဝုဒ်အရပ်မှ သူ၏ စံအိမ်ဆီသို့ သွားရန် ကြိုးစားရာ ရဲအရာရှိတို့ လိုက်ပါစောင့်ကြပ်ပေးခဲ့...
ဟယ်ရီဆင်ဖို့ဒ်က တောမီးဦးတည်နေသည့် ဘရန့်ဝုဒ်အရပ်မှ သူ၏ စံအိမ်ဆီသို့ သွားရန် ကြိုးစားရာ ရဲအရာရှိတို့ လိုက်ပါစောင့်ကြပ်ပေးခဲ့...
ကယ်လီဖိုးနီးယားတွင် တောမီးကြောင့် အရေးပေါ်အခြေအနေ ကြေညာထားပြီး ညမထွက်ရအမိန့် ထုတ်ပြန်ထားရာ ဒုသမ္မတ ခါမလာဟဲရစ်၏ နေအိမ်အနီး ညဘက် သွားလာသူ ၂ ဦး ဖမ်းဆီးခံရ...
ကယ်လီဖိုးနီးယားတွင် တောမီးကြောင့် အရေးပေါ်အခြေအနေ ကြေညာထားပြီး ညမထွက်ရအမိန့် ထုတ်ပြန်ထားရာ ဒုသမ္မတ ခါမလာဟဲရစ်၏ နေအိမ်အနီး ညဘက် သွားလာသူ ၂ ဦး ဖမ်းဆီးခံရ...
ဂျပန်နိုင်ငံသားများအကြား “အိမ်သာ” ဟု ရည်ညွှန်းပြောဆိုကြသည့် ကျဉ်းမြောင်းလှသော လူနေခန်းလေးများ၊ ဟိုတယ်များ အမြဲပြည့်နေသော ဂျပန်တွင် နိုင်ငံခြားခရီးသွားများ တည်းခိုရန် စိတ်ဝင်စားလျက်ရှိ...
ဂျပန်နိုင်ငံသားများအကြား “အိမ်သာ” ဟု ရည်ညွှန်းပြောဆိုကြသည့် ကျဉ်းမြောင်းလှသော လူနေခန်းလေးများ၊ ဟိုတယ်များ အမြဲပြည့်နေသော ဂျပန်တွင် နိုင်ငံခြားခရီးသွားများ တည်းခိုရန် စိတ်ဝင်စားလျက်ရှိ...
(ထူးထူးခြားခြား အိမ်ခြံမြေဒိုင်ယာရီ) အိန္ဒိယတွင် အိမ်ခြံမြေ Developer တစ်ဦးက ဆောက်လုပ်ရေးအတွက် မြေတူးစဉ် ရွှေအိုးကြီးတစ်လုံး တူးဖော်တွေ့ရှိ...
(ထူးထူးခြားခြား အိမ်ခြံမြေဒိုင်ယာရီ) အိန္ဒိယတွင် အိမ်ခြံမြေ Developer တစ်ဦးက ဆောက်လုပ်ရေးအတွက် မြေတူးစဉ် ရွှေအိုးကြီးတစ်လုံး တူးဖော်တွေ့ရှိ...
မိုက်ခရိုဝေ့(Microwave) နှင့် ပြန်နွှေးပြီး မစားသင့်သော အစာ (၇) မျိုး
မိုက်ခရိုဝေ့(Microwave) နှင့် ပြန်နွှေးပြီး မစားသင့်သော အစာ (၇) မျိုး
အိမ်ခြံမြေအရေး iMyanmarHouse ကို တွေးလိုက်ပါ🤔
အိမ်ခြံမြေအရေး iMyanmarHouse ကို တွေးလိုက်ပါ🤔
ပစ္စည်းလွှဲပြောင်းခြင်း ဥပဒေအကြောင်းကို ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
ပစ္စည်းလွှဲပြောင်းခြင်း ဥပဒေအကြောင်းကို ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
အိမ်ပိုင်ရှင်များသတိထားနိုင်ဖို့ တစ်ထပ်အိမ်ကို အဆင့်မြှင့်တဲ့အခါ ဆောင်ရန်ရှောင်ဖွယ်အချက် ( ၄) ချက်...
အိမ်ပိုင်ရှင်များသတိထားနိုင်ဖို့ တစ်ထပ်အိမ်ကို အဆင့်မြှင့်တဲ့အခါ ဆောင်ရန်ရှောင်ဖွယ်အချက် ( ၄) ချက်...
ငှါးရန်ရှိသော အိမ်ခြံမြေများ
အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်
အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ
မိုက်ခရိုဝေ့(Microwave) နှင့် ပြန်နွှေးပြီး မစားသင့်သော အစာ (၇) မျိုး
မိုက်ခရိုဝေ့(Microwave) နှင့် ပြန်နွှေးပြီး မစားသင့်သော အစာ (၇) မျိုး
ကမ္ဘာကျော်ရက်ပ်အဆိုတော် Puff Daddy နှင့် Jay-Z တို့နှစ်ဦး ၁၃ နှစ်အရွယ် မိန်းကလေးတစ်ဦးကို အဓမ္မပြုကျင့်ခဲ့မှု ၂၀၂၅ ခုနှစ်
ကမ္ဘာကျော်ရက်ပ်အဆိုတော် Puff Daddy နှင့် Jay-Z တို့နှစ်ဦး ၁၃ နှစ်အရွယ် မိန်းကလေးတစ်ဦးကို အဓမ္မပြုကျင့်ခဲ့မှု ၂၀၂၅ ခုနှစ်
အမေရိကန်ပြည်၊ မိုင်အမ်မီရှိ ကျွန်းတစ်ကျွန်းတွင် Jeff Bezos ၏ ခြံနှင့် ကပ်လျက်ရှိသော ၂ ဧကနီးပါး သာရှိသည့် ခြံတစ်ခြံ အရောင
အမေရိကန်ပြည်၊ မိုင်အမ်မီရှိ ကျွန်းတစ်ကျွန်းတွင် Jeff Bezos ၏ ခြံနှင့် ကပ်လျက်ရှိသော ၂ ဧကနီးပါး သာရှိသည့် ခြံတစ်ခြံ အရောင
အင်္ဂလန်မှ အိမ်ခြံမြေကျွမ်းကျင်ပညာရှင်တစ်ဦးပြောသော အိမ်အမြန်ဆုံး ရောင်းထွက်ခြင်းနှင့် နေအိမ်တံခါးမကြီး ဆေးရောင်တို့အကြား
အင်္ဂလန်မှ အိမ်ခြံမြေကျွမ်းကျင်ပညာရှင်တစ်ဦးပြောသော အိမ်အမြန်ဆုံး ရောင်းထွက်ခြင်းနှင့် နေအိမ်တံခါးမကြီး ဆေးရောင်တို့အကြား
တရုတ်ပြည်တွင် လူမှုကွန်ရက်အကောင့်နှင့် fan page အပါအဝင် အမည်ပါ ဖယ်ရှားခံခဲ့ရပြီးနောက် ပြင်သစ်တွင် နေအိမ်များဝယ်ယူကာ အခြေ
တရုတ်ပြည်တွင် လူမှုကွန်ရက်အကောင့်နှင့် fan page အပါအဝင် အမည်ပါ ဖယ်ရှားခံခဲ့ရပြီးနောက် ပြင်သစ်တွင် နေအိမ်များဝယ်ယူကာ အခြေ
အင်္ဂလန်ရှိ ကျေးရွာတစ်ခုတွင် ၁၈ ရာစုကတည်းက ဆောက်လုပ်ခဲ့သည့် နေအိမ်ကို ပြန်လည်ပြင်ဆင်သော ဇနီးမောင်နှံ မီးဖိုဆောင်အောက်မှ
အင်္ဂလန်ရှိ ကျေးရွာတစ်ခုတွင် ၁၈ ရာစုကတည်းက ဆောက်လုပ်ခဲ့သည့် နေအိမ်ကို ပြန်လည်ပြင်ဆင်သော ဇနီးမောင်နှံ မီးဖိုဆောင်အောက်မှ
သြစထရီးယားတွင် ပင်စင်ဥပဒေ၏ ဟာကွက်ကို အသုံးချပြီး ခင်ပွန်းဖြစ်သူနှင့် ၁၂ ကြိမ်တိုင် ကွာရှင်းလိုက် ပြန်ပေါင်းလိုက်ပြုလုပ်က
သြစထရီးယားတွင် ပင်စင်ဥပဒေ၏ ဟာကွက်ကို အသုံးချပြီး ခင်ပွန်းဖြစ်သူနှင့် ၁၂ ကြိမ်တိုင် ကွာရှင်းလိုက် ပြန်ပေါင်းလိုက်ပြုလုပ်က
တရုတ်ပြည်တွင် ပြန်ပေးဆွဲခံရသော ကလေးတစ်ဦး ၂၆ နှစ်အကြာ၌ ဆောက်လုပ်ရေးကုမ္ပဏီ ပိုင်ရှင် မိဘများနှင့် ပြန်လည်ဆုံစည်း၊ ဖခင်ဖြစ
တရုတ်ပြည်တွင် ပြန်ပေးဆွဲခံရသော ကလေးတစ်ဦး ၂၆ နှစ်အကြာ၌ ဆောက်လုပ်ရေးကုမ္ပဏီ ပိုင်ရှင် မိဘများနှင့် ပြန်လည်ဆုံစည်း၊ ဖခင်ဖြစ
Tom Hanks ၏ လော့စ်အိန်ဂျလိစံအိမ် တောမီးဘေးမှ အံ့ဖွယ် မီးကွင်းကျန်ရစ်ခဲ့
Tom Hanks ၏ လော့စ်အိန်ဂျလိစံအိမ် တောမီးဘေးမှ အံ့ဖွယ် မီးကွင်းကျန်ရစ်ခဲ့
တရုတ်ပြည်တွင် မြစ်ရေစီးကြောင်းအတိုင်း မြစ်လယ်၌ အလျားလိုက် ဆောက်လုပ်ထားသည့် ပေါလော တံတား၏ အံ့မခန်း အင်ဂျင်နီယာ ပညာ
တရုတ်ပြည်တွင် မြစ်ရေစီးကြောင်းအတိုင်း မြစ်လယ်၌ အလျားလိုက် ဆောက်လုပ်ထားသည့် ပေါလော တံတား၏ အံ့မခန်း အင်ဂျင်နီယာ ပညာ
နောင်လာမည့် အိမ်ခြံမြေ ပွဲစဉ်များ
imyanmarmarket
CarsDB
iMyanmarHouse Mobile App
iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service