အင်္ဂါမစုံတဲ့ မြေချပါမစ်များ ဝယ်လို့ဖြစ်ပါ့မလား

အင်္ဂါမစုံတဲ့ မြေချပါမစ်များ ဝယ်လို့ဖြစ်ပါ့မလား - Property Knowledge in Myanmar from iMyanmarHouse.com
24 Jun 2020 2:54 pm တွင် တင်ခဲ့သည်
2324 ကြိမ် ကြည့်ရှု့ပြီး

ဗဟုသုတ | Posted by ဇာနည်ကျော်

[Unicode]

Covid-19 ရောဂါကြောက်တဲ့ ကြားထဲက အိမ်ခြံမြေဝယ်ချင်တဲ့သူတွေက စာရွတ်စာတမ်းစစ်ဆေးပေးဖို့နဲ့ စာချုပ်ချုပ်ဆိုပေးဖို့ ဖုန်းဆက်လာပြန်တော့လည်း လိုက်လျောရပြန်တာပေါ့။

မကြာသေးမီရက်ပိုင်းအတွင်းက ဖောက်သည်ဟောင်း “ ကိုမောင်မောင် ” က တောင်ဒဂုံ ၅၅ ရပ်ကွက်မှာ မြေကွက်ဝယ်မလို့ စာချုပ်ပေးဖို့ ဖုန်းဆက်လာပါတယ်။ ကိုမောင်မောင် တောင်ဒဂုံမှာ မြေကွက်ဝယ်တယ်ဆိုတော့ ကျွန်ုပ် နည်းနည်းတော့ စိတ်ဝင်စားသွားတယ်။ ဘာကြောင့်လည်းဆိုတော့ သူတို့ မိသားစုနေတာက ကမာရွတ်၊ လှည်းတန်းမှာ တိုက်ခန်းနဲ့ နေကြတာလေ။

လွန်ခဲ့တဲ့ (၁) နှစ်လောက်က တောင်ဥက္ကာလာမှာ (၃) လွှာ တိုက်ခန်း (၁)ခန်း ဝယ်ချင်ပါတယ် ဆိုလို့ အခုလို မိုးတွင်းကြီးမှာ အပြေးအလွှားသွားပြီး စာချုပ်ပေးခဲ့ရသေးတယ်။မကြာပါဘူး (၆) လလောက်ကြာတော့၊ ဆရာ..ရေ သိပ်ပြီးစိတ်တိုင်းမကျလို့ပြန်ရောင်းတော့မလို့ ဆိုပြီး ခေါ်လို့သွားရသေးတယ်။ အဲဒီတိုက်ခန်းဝယ်စဉ်က ကျွန်ုပ်အနေနဲ့လည်း သဘောကျတယ်လေ။ ဈေးလည်းနီးတယ်၊ ကျောင်းတွေနဲ့လည်းနီးတယ်၊ ဘုရားသွားမယ်ဆိုရင်လည်း ဥက္ကလာပစေတီနဲ့အနီးကလေးမှာလေ၊ နေရာကောင်းရဲ့သားနဲ့ ဘာကြောင့်များပြန်ရောင်းရပြန်တာလဲလို့မေးကြည့်လိုက်မိတယ်။

“ ဆရာရယ်… ဆရာပြောသလို အဖက်ဖက်က အဆင်ပြေပါတယ်၊ ဒါပေမဲ့ ….. ကျွန်တော်တို့ ဇနီးမောင်နှံရဲ့ နှစ်ဘက်မိဘတွေက (၃) လွှာဆိုရင် အတက်အဆင်းခက်လို့ ကျွန်တော်တို့နဲ့ လိုက်မနေနိုင်ဘူးတဲ့၊ အသက်ကြီးတော့ ဒူးနာ တာလည်းပါတာပေါ့လေ ။ အဲ့ဒါနဲ့ ပြန်ရောင်းလိုက်တာဆရာ” လို့ ပြောခဲ့ဘူးတယ်။ အဲဒီတုန်းက မှတ်မှတ်ရရ ဝယ်သူတွေကလည်း သူတို့လို လူငယ်ဇနီးမောင်နှံဘဲ ဝန်ထမ်းတွေပါဘဲ။ အဲဒါအရောင်းအဝယ်စာချုပ် ပေးဖို့ရှေ့နေ အသိမရှိဘူးလို့ပြောတယ်။ မောင်မောင်တို့ဇနီးမောင်နှံကလည်း ရှေ့နေ မောင်ကောင်းဖေနဲ့ စာချုပ်ဖို့ တိုက်တွန်းလို့ ကျွန်ုပ်ကိုယ်တိုင်ဘဲ ဝယ်သူဘက်က တိုက်ခန်းအဝယ်စာချုပ်ချုပ်ပေးလိုက်ရသေးတယ်လေ။ နှစ်သီးစားလိုက်ရတယ်ပေါ့။

ကိုမောင်မောင် “ ဟော …. အခု စိတ်ပြောင်းသွားပြီ တောင်ဒဂုံ ၅၅ ရပ်ကွက်မှာမြေကွက်ဝယ်ဖို့သွားရောက်ကြည့်ပြီးပြီတဲ့ (40 ‘x 60 ) မြေကွက်တစ်ကွက်လုံးမှ သိန်း (၃၀၀) နဲ့ ရောင်းမယ်လို့ပြောတယ်။ ၅၅ ရပ်ကွက်က ဝန်ထမ်းတွေချထားပေးတဲ့ မြေကွက်တွေဆိုတော့ နေရာသန့်တယ်၊ သဘောကျတယ် ” လို့ ပြောပါတယ်။ လှော်ကားလမ်းမကြီးနဲ့ နီးသလို (၅၆) လမ်းဆုံးက ဒဂုံသီရိဈေးနဲ့လည်း နီးတယ်။ ဘုန်းကြီးကျောင်းကွေ့လမ်းဆုံးနဲ့လည်းနီးတယ်။ ရပ်ကွက်ထဲမှာလည်း အထက်တန်းကျောင်းရှိတယ်ဆိုတော့ သဘောကျလို့ ဝယ်ချင်တဲ့အကြောင်းပြောပါတယ်။

“ မြေကွက်ဈေးကလည်း ဝယ်နိုင်တဲ့ အနေအထားဆိုတော့ ဝယ်မယ်ဆရာ ” ပေါက်ဈေးထက် သိန်း (၅၀) လောက်သက်သာတယ်လို့ ပြောတော့ မြေရာဇဝင်ကိုမေးကြည့်လိုက်ပါတယ်။ ကျွန်တော်တို့မဝယ်မှီက အခြားသူတစ်ဦးနဲ့ သိန်း (၃၅၀) နဲ့ အရောင်းအဝယ်ဈေးတည့်ပြီးပြီး။ စာချုပ်တဲ့နေ့က ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးမှာ ချုပ်တဲ့အခါ ရောင်းတဲ့သူရဲ့ မြေချပါမစ် မူရင်းကိုကြည့်လိုက်တော့ မြေကွက်ရသူရဲ့ မိသားစုဓါတ်ပုံ ရေစိုလို့လုံးဝပျက်စီးနေတာမြင်ရတာနဲ့ မဝယ်ချင်တော့ဘူးဆိုပြီး ပွဲပျက်သွားခဲ့တာလို့သိရတယ်။ အခု ကျွန်တော်တို့ကို သိန်း (၅၀) ဈေးလျော့ပြီးရောင်းတာဆိုတော့ ဝယ်ရင်ဖြစ်ပါ့မလား။ နောင်မှာ အနှစ် (၆၀) ဂရန်လျှောက်လို့တော့ရပါ့မလားဆရာ။ အဲဒါတော့စိတ်ပူနေတယ်ဆရာ ” လို့ ညည်းထွားပါတယ်။

ဒီအခါမှာ ကျွန်တော်က “ ကိုမောင်မောင်" အနေနဲ့ အဲဒီမြေချပါမစ်ကိုကြည့်ပြီးပြီလား ” မေးလိုက်တော့ “ ပါမစ်မူရင်တော့ စရန်ပေးစာချုပ်တဲ့နေ့မှာ ဆရာစစ်ပေးပါ၊ ပွဲစားကတော့ ပါမစ်မူရင်းကိုဓါတ်ပုံရိုက်ထားတဲ့ ပုံတွေကျွန်တော်ကိုပြတယ်၊ ပျက်နေတဲ့ဓာတ်ပုံရဲ့နောက်ကျောမှာ ဘာတွေတွေ့ရသလဲ၊ မိသားစု (၅) ဦးရဲ့ အမည်၊ မှတ်ပုံတင်နံပါတ်တွေတွေ့ရတယ်၊ ပြီးတော့ သက်ဆိုင်ရာဝန်ကြီးဌာနရဲ့ စည်းတံဆိပ်နဲ့ လက်မှတ်တွေတွေ့ရတယ်ဆရာ ” “ OK … ဒါဆိုရင် ဝယ်လို့ရပြီ ချိန်းလိုက်တော့ ” ဟု ကျွန်ုပ်ကအာမခံလိုက်တယ်။

“ ကိုမောင်မောင် ” လည်း ပျော်ပျော်ရွှင်ရွှင်နဲ့ နောက်တစ်နေ့မှာ နာမည်ကြီး လက်ဖက်ရည်ဆိုင်တစ်ဆိုင်မှာ ချိန်းလိုက်လို့ ကျွန်ုပ်သွားရောက်ပြီး စရန်ပေးစာချုပ်ချုပ်ပေးလိုက်ပါတယ်။ အိုးအိမ်ဦးစီးဌာနမှာ စစ်ဆေးတော့လည်း ပါမစ်အမည်ပေါက်မှန်ကန်ကြောင်း သိရပါတယ်။ ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီ၊ မြေစီမံဌာနမှာ စုံစမ်းကြည့်တော့လည်း မြေချပါမစ်ဓါတ်ပုံပျက်နေသော်လည်း နောက်ကျောဘက်အထောက်အထားတွေ ပြည့်စုံတာကြောင့်ပြည့်စုံတဲ့ မြေချပါမစ်တစ်ခုဖြစ်ကြောင်း သိရပါတယ်။

ဒီလိုအကြောင်းစုံသိရတော့ “ ကိုမောင်မောင် ” ကိုလည်း အချိန်မဆိုင်းတော့ဘဲ (၇) ရက်ပြည့်တဲ့နေ့မှာ အပြီးအပိုင်ငွေချေတဲ့ စာချုပ်ကိုချုပ်ပြီးငွေပေးချေလိုက်လို့ မြေချပါမစ်မူရင်းကို လက်ဝယ်ရရှိပါတော့တယ်။စရန်ငွေပေးစဉ်းကပြသတဲ့ အတိုင်းစာရွတ်စာတမ်းများပြည့်စုံမှုရှိမရှိ ကျွန်ုပ်လည်းကြည့်ရှုစစ်ဆေးကြည့်ရာ၊ မိသားစုဓါတ်ပုံ၊ မြေကွက်ရသူ၏ ရာဇဝင်၊ မှီခိုသူစာရင်း၊ အိမ်ဆောက်လုပ်ခွင့်ပြုသည့် စာရွတ်စာတမ်းများပြည့်စုံသည်ကိုတွေ့ရပါတယ်။ စာချုပ်ပြီးတာနဲ့ "ကိုမောင်မောင်" တို့ဇနီးမောင်နှံလည်း ရပ်ကွက်အုပ်ချုပ်ရေးမှူးသိရှိကြောင်း လက်မှတ်ထိုးဖို့နဲ့ မြေကွက်ခြံစည်းရိုးကာရံဖို့ ကိစ္စများဆောင်ရွတ်ရန်အတွက် ကျွန်ုပ်အား နှုတ်ဆက်ပြီး ပွဲစားနဲ့အတူ မြေကွက်ရှိရာ တောင်ဒဂုံသို့ ထွက်ခွာသွားကြပါတော့တယ်။

အိမ်ခြံမြေ ကိစ္စအဝဝနှင့် ပတ်သက်၍ ဥပဒေအကြံပေးပညာရှင်များနှင့် ဆွေးနွေးတိုင်ပင်လိုပါက iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ၏ ဖုန်းနံပါတ်များဖြစ်သော 09-966901767, 09-268022352 သို့ ဆက်သွယ်နိုင်ပါသည်။ အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။

ဝယ်သူစိတ်ချမ်းသာသလို ရှေ့နေလည်းပျော်ပါတယ်

လွှတ်တော်ရှေ့နေမောင်ကောင်းဖေ ( iMyanmarHouse.com အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) မှ အထူးရေးသားဖော်ပြသည်။

Credit: iMyanmarHouse.com

 

[Zawgyi]

အဂၤါမစံုတဲ့ ေျမခ်ပါမစ္မ်ား ဝယ္လို႕ျဖစ္ပါ့မလား

Covid-19 ေရာဂါေၾကာက္တဲ့ ၾကားထဲက အိမ္ျခံေျမဝယ္ခ်င္တဲ့သူေတြက စာရြတ္စာတမ္းစစ္ေဆးေပးဖို႕နဲ႕ စာခ်ဳပ္ခ်ဳပ္ဆိုေပးဖို႔ ဖုန္းဆက္လာျပန္ေတာ့လည္း လိုက္ေလ်ာရျပန္တာေပါ့။

မၾကာေသးမီရက္ပိုင္းအတြင္းက ေဖာက္သည္ေဟာင္း “ ကိုေမာင္ေမာင္ ” က ေတာင္ဒဂံု ၅၅ ရပ္ကြက္မွာ ေျမကြက္ဝယ္မလို႕ စာခ်ဳပ္ေပးဖို႕ ဖုန္းဆက္လာပါတယ္။ ကိုေမာင္ေမာင္ ေတာင္ဒဂံုမွာ ေျမကြက္ဝယ္တယ္ဆိုေတာ့ ကၽြႏ္ုပ္ နည္းနည္းေတာ့ စိတ္ဝင္စားသြားတယ္။ ဘာေၾကာင့္လည္းဆိုေတာ့ သူတို႕ မိသားစုေနတာက ကမာရြတ္၊ လွည္းတန္းမွာ တိုက္ခန္းနဲ႕ ေနၾကတာေလ။

လြန္ခဲ့တဲ့ (၁) နွစ္ေလာက္က ေတာင္ဥကၠာလာမွာ (၃) လႊာ တိုက္ခန္း (၁)ခန္း ဝယ္ခ်င္ပါတယ္ ဆိုလို႕ အခုလို မိုးတြင္းၾကီးမွာ အေျပးအလႊားသြားျပီး စာခ်ဳပ္ေပးခဲ့ရေသးတယ္။မၾကာပါဘူး (၆) လေလာက္ၾကာေတာ့၊ ဆရာ..ေရ သိပ္ျပီးစိတ္တိုင္းမက်လို႕ျပန္ေရာင္းေတာ့မလို႔ ဆိုျပီး ေခၚလို႕သြားရေသးတယ္။ အဲဒီတိုက္ခန္းဝယ္စဥ္က ကၽြႏ္ုပ္အေနနဲ႕လည္း သေဘာက်တယ္ေလ။ ေဈးလည္းနီးတယ္၊ ေက်ာင္းေတြနဲ႕လည္းနီးတယ္၊ ဘုရားသြားမယ္ဆိုရင္လည္း ဥကၠလာပေစတီနဲ႕အနီးကေလးမွာေလ၊ ေနရာေကာင္းရဲ႔႕သားနဲ႕ ဘာေၾကာင့္မ်ားျပန္ေရာင္းရျပန္တာလဲလို႕ေမးၾကည့္လိုက္မိတယ္။

“ ဆရာရယ္… ဆရာေျပာသလို အဖက္ဖက္က အဆင္ေျပပါတယ္၊ ဒါေပမဲ့ ….. ကၽြန္ေတာ္တို႕ ဇနီးေမာင္နွံရဲ႕ နွစ္ဘက္မိဘေတြက (၃) လႊာဆိုရင္ အတက္အဆင္းခက္လို႕ ကၽြန္ေတာ္တို႕နဲ႕ လိုက္မေနႏိုင္ဘူးတဲ့၊ အသက္ၾကီးေတာ့ ဒူးနာ တာလည္းပါတာေပါ့ေလ ။ အဲ့ဒါနဲ႔႕ ျပန္ေရာင္းလိုက္တာဆရာ” လို႔ ေျပာခဲ့ဘူးတယ္။ အဲဒီတုန္းက မွတ္မွတ္ရရ ဝယ္သူေတြကလည္း သူတို႕လို လူငယ္ဇနီးေမာင္နွံဘဲ ဝန္ထမ္းေတြပါဘဲ။ အဲဒါအေရာင္းအဝယ္စာခ်ဳပ္ ေပးဖို႕ေရွ႕ေန အသိမရွိဘူးလို႕ေျပာတယ္။ ေမာင္ေမာင္တို႕ဇနီးေမာင္နွံကလည္း ေရွ႕ေန ေမာင္ေကာင္းေဖနဲ႕ စာခ်ဳပ္ဖို႕ တိုက္တြန္းလို႕ ကၽြႏ္ုပ္ကိုယ္တိုင္ဘဲ ဝယ္သူဘက္က တိုက္ခန္းအဝယ္စာခ်ဳပ္ခ်ဳပ္ေပးလိုက္ရေသးတယ္ေလ။ နွစ္သီးစားလိုက္ရတယ္ေပါ့။

ကိုေမာင္ေမာင္ “ ေဟာ …. အခု စိတ္ေျပာင္းသြားျပီ ေတာင္ဒဂံု ၅၅ ရပ္ကြက္မွာေျမကြက္ဝယ္ဖို႕သြားေရာက္ၾကည့္ျပီးျပီတဲ့ (40 ‘x 60 ) ေျမကြက္တစ္ကြက္လံုးမွ သိန္း (၃၀၀) နဲ႕ ေရာင္းမယ္လို႕ေျပာတယ္။ ၅၅ ရပ္ကြက္က ဝန္ထမ္းေတြခ်ထားေပးတဲ့ ေျမကြက္ေတြဆိုေတာ့ ေနရာသန္႕တယ္၊ သေဘာက်တယ္ ” လို႕ ေျပာပါတယ္။ ေလွာ္ကားလမ္းမၾကီးနဲ႕ နီးသလို (၅၆) လမ္းဆံုးက ဒဂံုသီရိေဈးနဲ႕လည္း နီးတယ္။ ဘုန္းၾကီးေက်ာင္းေကြ႕လမ္းဆံုးနဲ႕လည္းနီးတယ္။ ရပ္ကြက္ထဲမွာလည္း အထက္တန္းေက်ာင္းရွိတယ္ဆိုေတာ့ သေဘာက်လို႔ ဝယ္ခ်င္တဲ့အေၾကာင္းေျပာပါတယ္။

“ ေျမကြက္ေဈးကလည္း ဝယ္ႏိုင္တဲ့ အေနအထားဆိုေတာ့ ဝယ္မယ္ဆရာ ” ေပါက္ေဈးထက္ သိန္း (၅၀) ေလာက္သက္သာတယ္လို႕ ေျပာေတာ့ ေျမရာဇ၀င္ကိုေမးၾကည့္လိုက္ပါတယ္။ ကၽြန္ေတာ္တို႕မဝယ္မွီက အျခားသူတစ္ဦးနဲ႕ သိန္း (၃၅၀) နဲ႕ အေရာင္းအဝယ္ေဈးတည့္ျပီးျပီး။ စာခ်ဳပ္တဲ့ေန႕က ရပ္ကြက္အုပ္ခ်ဳပ္ေရးမွဴးရုံးမွာ ခ်ဳပ္တဲ့အခါ ေရာင္းတဲ့သူရဲ႕ ေျမခ်ပါမစ္ မူရင္းကိုၾကည့္လိုက္ေတာ့ ေျမကြက္ရသူရဲ႕ မိသားစုဓါတ္ပံု ေရစိုလို႕လံုးဝပ်က္စီးေနတာျမင္ရတာနဲ႕ မဝယ္ခ်င္ေတာ့ဘူးဆိုျပီး ပြဲပ်က္သြားခဲ့တာလို႕သိရတယ္။ အခု ကၽြန္ေတာ္တို႕ကို သိန္း (၅၀) ေဈးေလ်ာ့ျပီးေရာင္းတာဆိုေတာ့ ဝယ္ရင္ျဖစ္ပါ့မလား။ ေနာင္မွာ အနွစ္ (၆၀) ဂရန္ေလွ်ာက္လို႕ေတာ့ရပါ့မလားဆရာ။ အဲဒါေတာ့စိတ္ပူေနတယ္ဆရာ ” လို႕ ညည္းထြားပါတယ္။

ဒီအခါမွာ ကၽြန္ေတာ္က “ ကိုေမာင္ေမာင္" အေနနဲ႕ အဲဒီေျမခ်ပါမစ္ကိုၾကည့္ျပီးျပီလား ” ေမးလိုက္ေတာ့ “ ပါမစ္မူရင္ေတာ့ စရန္ေပးစာခ်ဳပ္တဲ့ေန႕မွာ ဆရာစစ္ေပးပါ၊ ပြဲစားကေတာ့ ပါမစ္မူရင္းကိုဓါတ္ပံုရုိက္ထားတဲ့ ပံုေတြကၽြန္ေတာ္ကိုျပတယ္၊ ပ်က္ေနတဲ့ဓာတ္ပံုရဲ႕ေနာက္ေက်ာမွာ ဘာေတြေတြ႕ရသလဲ၊ မိသားစု (၅) ဦးရဲ႕ အမည္၊ မွတ္ပံုတင္နံပါတ္ေတြေတြ႕ရတယ္၊ ျပီးေတာ့ သက္ဆိုင္ရာဝန္ၾကီးဌာနရဲ႕ စည္းတံဆိပ္နဲ႕ လက္မွတ္ေတြေတြ႕ရတယ္ဆရာ ” “ OK … ဒါဆိုရင္ ဝယ္လို႕ရျပီ ခ်ိန္းလိုက္ေတာ့ ” ဟု ကၽြႏ္ုပ္ကအာမခံလိုက္တယ္။

“ ကိုေမာင္ေမာင္ ” လည္း ေပ်ာ္ေပ်ာ္ရႊင္ရႊင္နဲ႕ ေနာက္တစ္ေန႕မွာ နာမည္ၾကီး လက္ဖက္ရည္ဆိုင္တစ္ဆိုင္မွာ ခ်ိန္းလုိက္လို႕ ကၽြႏ္ုပ္သြားေရာက္ျပီး စရန္ေပးစာခ်ဳပ္ခ်ဳပ္ေပးလိုက္ပါတယ္။ အိုးအိမ္ဦးစီးဌာနမွာ စစ္ေဆးေတာ့လည္း ပါမစ္အမည္ေပါက္မွန္ကန္ေၾကာင္း သိရပါတယ္။ ရန္ကုန္ျမိဳ႕ေတာ္စည္ပင္သာယာေရးေကာ္မတီ၊ ေျမစီမံဌာနမွာ စံုစမ္းၾကည့္ေတာ့လည္း ေျမခ်ပါမစ္ဓါတ္ပံုပ်က္ေနေသာ္လည္း ေနာက္ေက်ာဘက္အေထာက္အထားေတြ ျပည့္စံုတာေၾကာင့္ျပည့္စံုတဲ့ ေျမခ်ပါမစ္တစ္ခုျဖစ္ေၾကာင္း သိရပါတယ္။

ဒီလိုအေၾကာင္းစံုသိရေတာ့ “ ကိုေမာင္ေမာင္ ” ကိုလည္း အခ်ိန္မဆိုင္းေတာ့ဘဲ (၇) ရက္ျပည့္တဲ့ေန႕မွာ အျပီးအပိုင္ေငြေခ်တဲ့ စာခ်ဳပ္ကိုခ်ဳပ္ျပီးေငြေပးေခ်လိုက္လို႕ ေျမခ်ပါမစ္မူရင္းကို လက္ဝယ္ရရွိပါေတာ့တယ္။စရန္ေငြေပးစဥ္းကျပသတဲ့ အတိုင္းစာရြတ္စာတမ္းမ်ားျပည့္စံုမႈရွိမရွိ ကၽြႏ္ုပ္လည္းၾကည့္ရႈစစ္ေဆးၾကည့္ရာ၊ မိသားစုဓါတ္ပံု၊ ေျမကြက္ရသူ၏ ရာဇဝင္၊ မွီခိုသူစာရင္း၊ အိမ္ေဆာက္လုပ္ခြင့္ျပဳသည့္ စာရြတ္စာတမ္းမ်ားျပည့္စံုသည္ကိုေတြ႕ရပါတယ္။ စာခ်ဳပ္ျပီးတာနဲ႕ "ကိုေမာင္ေမာင္" တို႕ဇနီးေမာင္နွံလည္း ရပ္ကြက္အုပ္ခ်ဳပ္ေရးမွဴးသိရွိေၾကာင္း လက္မွတ္ထိုးဖို႕နဲ႕ ေျမကြက္ျခံစည္းရုိးကာရံဖို႕ ကိစၥမ်ားေဆာင္ရြတ္ရန္အတြက္ ကၽြႏ္ုပ္အား ႏႈတ္ဆက္ျပီး ပြဲစားနဲ႕အတူ ေျမကြက္ရွိရာ ေတာင္ဒဂံုသို႕ ထြက္ခြာသြားၾကပါေတာ့တယ္။

အိမ္ျခံေျမ ကိစၥအဝဝနွင့္ ပတ္သက္၍ ဥပေဒအၾကံေပးပညာရွင္မ်ားနွင့္ ေဆြးေႏြးတိုင္ပင္လိုပါက iMyanmarHouse.com (အိုင္ျမန္မာေဟာက္စ္ေဒါ႔ကြန္း) ၏ ဖုန္းနံပါတ္မ်ားျဖစ္ေသာ 09-966901767, 09-268022352 သို႔ ဆက္သြယ္ႏိုင္ပါသည္။ အေသးစိတ္ၾကည့္ရန္ ဤေနရာကို ႏွိပ္ပါ။

ဝယ္သူစိတ္ခ်မ္းသာသလို ေရွ႕ေနလည္းေပ်ာ္ပါတယ္

လႊတ္ေတာ္ေရွ႕ေနေမာင္ေကာင္းေဖ ( iMyanmarHouse.com အိုင္ျမန္မာေဟာက္စ္ေဒါ႔ကြန္း) မွ အထူးေရးသားေဖာ္ျပသည္။

Credit: iMyanmarHouse.com

 

 

 

 

 

 

နောက်ဆုံးရ အိမ်ခြံမြေ ဗဟုသုတများ

ဟောင်ကောင် ရေကြောင်းရဲအရာရှိတစ်ဦး ၁၀ ဒေါ်လာဖိုး ဖုန်းဆက်ထီထိုးခဲ့ရာ ဒေါ်လာ ၆၉ သန်း Jackpot ဆုကြီး ထီပေါက်...
ဟောင်ကောင် ရေကြောင်းရဲအရာရှိတစ်ဦး ၁၀ ဒေါ်လာဖိုး ဖုန်းဆက်ထီထိုးခဲ့ရာ ဒေါ်လာ ၆၉ သန်း Jackpot ဆုကြီး ထီပေါက်...
ကာဇက်စတန်မှ ရွာကလေးတွင် ရွာသူရွာသားတို့မှာ လမ်းလျှောက်ရင်းပင် ရုတ်တရက် အိပ်ပျော်သွားတတ်ကြပြီး ပြန်နိုးလာချိန်တွင် မည်သည့်အချိန်က အိပ်ပျော်သွားသည်ကို မမှတ်မိကြသည့် ဆန်းကြယ်သော ဖြစ်ရပ်...
ကာဇက်စတန်မှ ရွာကလေးတွင် ရွာသူရွာသားတို့မှာ လမ်းလျှောက်ရင်းပင် ရုတ်တရက် အိပ်ပျော်သွားတတ်ကြပြီး ပြန်နိုးလာချိန်တွင် မည်သည့်အချိန်က အိပ်ပျော်သွားသည်ကို မမှတ်မိကြသည့် ဆန်းကြယ်သော ဖြစ်ရပ်...
ဟယ်ရီဆင်ဖို့ဒ်က တောမီးဦးတည်နေသည့် ဘရန့်ဝုဒ်အရပ်မှ သူ၏ စံအိမ်ဆီသို့ သွားရန် ကြိုးစားရာ ရဲအရာရှိတို့ လိုက်ပါစောင့်ကြပ်ပေးခဲ့...
ဟယ်ရီဆင်ဖို့ဒ်က တောမီးဦးတည်နေသည့် ဘရန့်ဝုဒ်အရပ်မှ သူ၏ စံအိမ်ဆီသို့ သွားရန် ကြိုးစားရာ ရဲအရာရှိတို့ လိုက်ပါစောင့်ကြပ်ပေးခဲ့...
ကယ်လီဖိုးနီးယားတွင် တောမီးကြောင့် အရေးပေါ်အခြေအနေ ကြေညာထားပြီး ညမထွက်ရအမိန့် ထုတ်ပြန်ထားရာ ဒုသမ္မတ ခါမလာဟဲရစ်၏ နေအိမ်အနီး ညဘက် သွားလာသူ ၂ ဦး ဖမ်းဆီးခံရ...
ကယ်လီဖိုးနီးယားတွင် တောမီးကြောင့် အရေးပေါ်အခြေအနေ ကြေညာထားပြီး ညမထွက်ရအမိန့် ထုတ်ပြန်ထားရာ ဒုသမ္မတ ခါမလာဟဲရစ်၏ နေအိမ်အနီး ညဘက် သွားလာသူ ၂ ဦး ဖမ်းဆီးခံရ...
ဂျပန်နိုင်ငံသားများအကြား “အိမ်သာ” ဟု ရည်ညွှန်းပြောဆိုကြသည့် ကျဉ်းမြောင်းလှသော လူနေခန်းလေးများ၊ ဟိုတယ်များ အမြဲပြည့်နေသော ဂျပန်တွင် နိုင်ငံခြားခရီးသွားများ တည်းခိုရန် စိတ်ဝင်စားလျက်ရှိ...
ဂျပန်နိုင်ငံသားများအကြား “အိမ်သာ” ဟု ရည်ညွှန်းပြောဆိုကြသည့် ကျဉ်းမြောင်းလှသော လူနေခန်းလေးများ၊ ဟိုတယ်များ အမြဲပြည့်နေသော ဂျပန်တွင် နိုင်ငံခြားခရီးသွားများ တည်းခိုရန် စိတ်ဝင်စားလျက်ရှိ...
(ထူးထူးခြားခြား အိမ်ခြံမြေဒိုင်ယာရီ) အိန္ဒိယတွင် အိမ်ခြံမြေ Developer တစ်ဦးက ဆောက်လုပ်ရေးအတွက် မြေတူးစဉ် ရွှေအိုးကြီးတစ်လုံး တူးဖော်တွေ့ရှိ...
(ထူးထူးခြားခြား အိမ်ခြံမြေဒိုင်ယာရီ) အိန္ဒိယတွင် အိမ်ခြံမြေ Developer တစ်ဦးက ဆောက်လုပ်ရေးအတွက် မြေတူးစဉ် ရွှေအိုးကြီးတစ်လုံး တူးဖော်တွေ့ရှိ...
မိုက်ခရိုဝေ့(Microwave) နှင့် ပြန်နွှေးပြီး မစားသင့်သော အစာ (၇) မျိုး
မိုက်ခရိုဝေ့(Microwave) နှင့် ပြန်နွှေးပြီး မစားသင့်သော အစာ (၇) မျိုး
အိမ်ခြံမြေအရေး iMyanmarHouse ကို တွေးလိုက်ပါ🤔
အိမ်ခြံမြေအရေး iMyanmarHouse ကို တွေးလိုက်ပါ🤔
ပစ္စည်းလွှဲပြောင်းခြင်း ဥပဒေအကြောင်းကို ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
ပစ္စည်းလွှဲပြောင်းခြင်း ဥပဒေအကြောင်းကို ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
အိမ်ပိုင်ရှင်များသတိထားနိုင်ဖို့ တစ်ထပ်အိမ်ကို အဆင့်မြှင့်တဲ့အခါ ဆောင်ရန်ရှောင်ဖွယ်အချက် ( ၄) ချက်...
အိမ်ပိုင်ရှင်များသတိထားနိုင်ဖို့ တစ်ထပ်အိမ်ကို အဆင့်မြှင့်တဲ့အခါ ဆောင်ရန်ရှောင်ဖွယ်အချက် ( ၄) ချက်...

ရောင်းရန်ရှိသော အိမ်ခြံမြေများ

ငှါးရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

ကမ္ဘာကျော်ရက်ပ်အဆိုတော် Puff Daddy နှင့် Jay-Z တို့နှစ်ဦး ၁၃ နှစ်အရွယ် မိန်းကလေးတစ်ဦးကို အဓမ္မပြုကျင့်ခဲ့မှု ၂၀၂၅ ခုနှစ်
ကမ္ဘာကျော်ရက်ပ်အဆိုတော် Puff Daddy နှင့် Jay-Z တို့နှစ်ဦး ၁၃ နှစ်အရွယ် မိန်းကလေးတစ်ဦးကို အဓမ္မပြုကျင့်ခဲ့မှု ၂၀၂၅ ခုနှစ်
အမွေမမီမြေးများ အမွေခွဲဝေခြင်းအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသား ဖော်ပြပေးလိုက်ပါသည်။
အမွေမမီမြေးများ အမွေခွဲဝေခြင်းအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသား ဖော်ပြပေးလိုက်ပါသည်။
၃ နာရီထဲနဲ့ အပြီးဆောက်ကာ ကမ္ဘာ့အမြန်ဆုံးဆောက်လုပ်သောစံအိမ်အဖြစ် ဂင်းနက်စံချိန်တင်ခဲ့တဲ့ အမေရိကန်ပြည်က စံအိမ်ကြီး
၃ နာရီထဲနဲ့ အပြီးဆောက်ကာ ကမ္ဘာ့အမြန်ဆုံးဆောက်လုပ်သောစံအိမ်အဖြစ် ဂင်းနက်စံချိန်တင်ခဲ့တဲ့ အမေရိကန်ပြည်က စံအိမ်ကြီး
ဂျပန်နိုင်ငံတွင် လူလုပ်ကျွန်းတုပေါ်၌ ကန်ဒေါ်လာ ၁၈ ဘီလီယံ အကုန်အကျခံကာ ဆောက်လုပ်ထားသော လေဆိပ်ကြီး ပင်လယ်အောက်သို့ နစ်မြုပ
ဂျပန်နိုင်ငံတွင် လူလုပ်ကျွန်းတုပေါ်၌ ကန်ဒေါ်လာ ၁၈ ဘီလီယံ အကုန်အကျခံကာ ဆောက်လုပ်ထားသော လေဆိပ်ကြီး ပင်လယ်အောက်သို့ နစ်မြုပ
အင်္ဂလန်ရှိ ကျေးရွာတစ်ခုတွင် ၁၈ ရာစုကတည်းက ဆောက်လုပ်ခဲ့သည့် နေအိမ်ကို ပြန်လည်ပြင်ဆင်သော ဇနီးမောင်နှံ မီးဖိုဆောင်အောက်မှ
အင်္ဂလန်ရှိ ကျေးရွာတစ်ခုတွင် ၁၈ ရာစုကတည်းက ဆောက်လုပ်ခဲ့သည့် နေအိမ်ကို ပြန်လည်ပြင်ဆင်သော ဇနီးမောင်နှံ မီးဖိုဆောင်အောက်မှ
အိမ်ပိုင်ရှင်များသတိထားနိုင်ဖို့ တစ်ထပ်အိမ်ကို အဆင့်မြှင့်တဲ့အခါ ဆောင်ရန်ရှောင်ဖွယ်အချက် ( ၄) ချက်
အိမ်ပိုင်ရှင်များသတိထားနိုင်ဖို့ တစ်ထပ်အိမ်ကို အဆင့်မြှင့်တဲ့အခါ ဆောင်ရန်ရှောင်ဖွယ်အချက် ( ၄) ချက်
ဆောက်လုပ်ရေးလုပ်ငန်းများအတွက် CHID ဘဏ်က ချေးငွေထုတ်ပေးလျက်ရှိ
ဆောက်လုပ်ရေးလုပ်ငန်းများအတွက် CHID ဘဏ်က ချေးငွေထုတ်ပေးလျက်ရှိ
လော့စ်အိန်ဂျလိတွင် တောမီးအကြီးအကျယ် လောင်ကျွမ်းလျက်ရှိရာ ဘင်အက်ဖလက်၊ Tom hanks ၊ စတီဗင် စပီးဘာ့ဂ် တို့အပါအဝင် ကမ္ဘာကျော်
လော့စ်အိန်ဂျလိတွင် တောမီးအကြီးအကျယ် လောင်ကျွမ်းလျက်ရှိရာ ဘင်အက်ဖလက်၊ Tom hanks ၊ စတီဗင် စပီးဘာ့ဂ် တို့အပါအဝင် ကမ္ဘာကျော်
ဗဟုသုတအဖြာဖြာ အိမ်ခြံမြေရေးရာ
ဗဟုသုတအဖြာဖြာ အိမ်ခြံမြေရေးရာ
တရုတ်ပြည်တွင် မြစ်ရေစီးကြောင်းအတိုင်း မြစ်လယ်၌ အလျားလိုက် ဆောက်လုပ်ထားသည့် ပေါလော တံတား၏ အံ့မခန်း အင်ဂျင်နီယာ ပညာ
တရုတ်ပြည်တွင် မြစ်ရေစီးကြောင်းအတိုင်း မြစ်လယ်၌ အလျားလိုက် ဆောက်လုပ်ထားသည့် ပေါလော တံတား၏ အံ့မခန်း အင်ဂျင်နီယာ ပညာ

နောင်လာမည့် အိမ်ခြံမြေ ပွဲစဉ်များ

imyanmarmarket
Maha Mini Condo

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service