မြေပိုင်ဆိုင်မှု စွန့်လွှတ်စာချုပ်ချုပ်ဆိုရခြင်း နှင့် လျှောက်ထားရန် လိုအပ်ချက်များ

မြေပိုင်ဆိုင်မှု စွန့်လွှတ်စာချုပ်ချုပ်ဆိုရခြင်း နှင့် လျှောက်ထားရန် လိုအပ်ချက်များ - Property Knowledge in Myanmar from iMyanmarHouse.com
24 Jun 2020 10:21 am တွင် တင်ခဲ့သည်
1069 ကြိမ် ကြည့်ရှု့ပြီး

ဗဟုသုတ | Posted by အေးမြတ်သူ

[Unicode]

မိဘကသားသမီးအား ပေးကမ်းပါက ၄% နှင့် ညီအစ်ကို၊ မောင်နှမ၊ တူဝရီးတို့ အချင်းချင်းပေးကမ်းပါက တံဆိပ်ခေါင်းခွန် ၇% ထမ်းဆောင်ရပါမည်။

စွန့်လွှတ်စာချုပ်ချုပ်ဆိုရာတွင် မိသားစုအချင်းချင်း ပိုင်ဆိုင်မှုအပြန်အလှန်စွန့်လွှတ်ခြင်း၊ မြေပိုင်ဆိုင်သူ အချင်းချင်း အပြန်အလှန် စွန့်လွှတ်ခြင်းတို့ ပြုလုပ်ကြ သည်ကို အများအပြားတွေ့ရသည်။

စွန့်လွှတ်စာချုပ်ချုပ်ဆိုခြင်းဖြင့် အခွန်ပေးဆောင်ရခြင်းလည်းမရှိပါ။ မှတ်ပုံတင်စာချုပ်ချုပ်ဆို၍ အမည်ပေါက် ပြောင်း၍ရပါသည်။ ဤကား စွန့်လွှတ်စာချုပ်ချုပ်ဆိုခြင်း၏ ထူးခြားချက်ဖြစ်သည်။

မိသားစုမောင်နှမအချင်းချင်း အမွေ ဝေစုခွဲဝေယူရာတွင် ရွှေ့ပြောင်းနိုင်သော ပစ္စည်း (ဥပဒေ။ ။ ရွှေ၊ ငွေ၊ ကျောက်သံပတ္တမြား၊ ကား … စသည်) တို့နှင့် မရွှေ့မပြောင်းနိုင်သောပစ္စည်း (မြေကွက်နှင့်အိမ်)များ ပါရှိတတ်သည်။ ထိုအခါ မိသားစုမောင်နှမတွင် ချမ်းသာသော သူများရှိသကဲ့သို့ ဆင်းရဲသူများလည်း ပါ ရှိတတ်သည်။ ဆင်းရဲေ သာမောင်နှမများသည် မြေနှင့်အိမ်ကို အလိုမရှိကြ။ အမွေဝေစုအဖြစ်”ငွေ”ကိုသာ အလိုရှိသူများကြသည်။

ထိုသို့ဖြစ်လျှင် အဝေမတည့်ဖြစ်မည် စိုး၍ ချမ်းသာသော အစ်ကို၊ အစ်မဖြစ်သူက ရွှေ့ပြောင်းနိုင်သည့်ပစ္စည်း၊ မရွှေ့မပြောင်းနိုင်သည့်ပစ္စည်း နှစ်မျိုး၏ ကာလတန်ဖိုးကို သတ်မှတ်၍ အညီအမျှခွဲဝေ ပေးကြလေ့ရှိသည်။ ခွဲဝေရာတွင် မြေနှင့် အိမ်တန်ဖိုးမှာ များနေလျှင် ထိုမြေနှင့် အိမ်တန်ဖိုးအမွေဝေစုထဲမှ လိုငွေကို မြေနှင့် အိမ်လွှဲပြောင်းယူသူမှ စိုက်ထုတ်ပေးလိုက်ရသည်။

ယင်းသို့ စိုက်ထုတ်ပေးသူ အစ်ကို/ အစ်မတို့မှာ မြေနှင့် အိမ်ပိုင်ရှင်ဖြစ်သွားသဖြင့် ကျန်မောင်နှမများက အဆိုပါ မြေ နှင့် အိမ်မှာ မိမိတို့နှင့် မည်သို့မျှ သက်ဆိုင် ခြင်း မရှိတော့ပါ။

မိမိတို့၏ အမွေဝေစုလည်း အပြည့်အဝရရှိပြီးဖြစ်၍ မိမိတို့၏ ”ပိုင်ဆိုင်မှုအစုကို စွန့်လွှတ်ပါကြောင်း” ရန်ကုန်မြို့စာချုပ်စာတမ်းမှတ်ပုံတင်ရုံးတွင် စွန့်လွှတ်သော စာချုပ်ချုပ်ဆိုပေးရသည်။ သို့မှသာ မြေနှင့် အိမ်ကို လွှဲပြောင်းလက်ခံယူသူ အစ်ကို/အစ်မအနေဖြင့် မိမိအမည်ပေါက် နာမည်ပြောင်း၍ ရပါသည်။

ပိုင်ဆိုင်ခွင့်အပြည့်အဝရရှိပါသည်။ ယင်းကဲ့သို့ မှတ်ပုံတင်စာချုပ်ချုပ်ဆိုရန်အတွက် ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီ၊ မြို့ပြစီမံကိန်းနှင့် မြေစီမံခန့်ခွဲမှုဌာနတွင် ”စွန့်လွှတ်စာချုပ်ချုပ်ဆိုရန် မြေပုံ/ မြေရာဇဝင် ကူးယူရပါသည်။

ယခု ”စွန့်လွှတ်မြေပုံ”ကူးလျှောက်ထားရာတွင် လိုအပ်သည့် စာရွက်စာတမ်းများနှင့် လျှောက်ထားပုံအဆင့်ဆင့်ကို လေ့လာတင်ပြလိုက်ပါသည်။

၃၁။ စွန့်လွှတ်စာချုပ်ချုပ်ဆိုရန် မြေပုံ ကူးလျှောက်ထားခြင်း။ မြေပိုင်မြေ၊ ဘိုးဘပိုင်မြေ၊ ဂရန်ရှိမြေပိုင်မြေ၊ မြေငှားစာချုပ် (ဂရန်)မြေနှင့် လယ်ယာမြေနှင့် အကျုံးမဝင်ကြောင်း ဝန်ခံချက်လက်မှတ် ၃(ခ) သို့မဟုတ် ၃ (က)ရရှိပြီးမြေများကို စွန့်လွှတ်စာချုပ် ချုပ်ဆိုရန်အတွက် မြေပုံ မြေရာဇဝင် ရေးကူးပေးခြင်းတွင် လျှောက်ထားသည့် မြေကို ပူးတွဲပိုင်ဆိုင်သူ သို့မဟုတ် မှတ်ပုံတင်စာချုပ်အဆက်အစပ်ဖြင့် ပိုင်ဆိုင်သူတို့ကသာ လျှောက်ထားခွင့်ရှိ သည်။

မြေပုံကူး လျှောက်ထားရယူလိုသူသည် ဤဌာန၏ သတ်မှတ်ပုံစံနှင့်အတူ အောက်ပါအထောက်အထားများကို တင်ပြ လျှောက်ထားရမည်.....

(က) လျှောက်ထားသူ၏ နိုင်ငံသား စိစစ်ရေးကတ်ပြား သို့မဟုတ် အမျိုးသားမှတ်ပုံတင်ကတ်ပြား မိတ္တူ။

(ခ) မြေငှားစာချုပ် (ဂရန်)မြေဖြစ် ပါက မြေငှားခကြွေးကျန် ကင်းရှင်းကြောင်း ထောက်ခံချက် သို့မဟုတ် မြေငှားခ နောက်ဆုံးပေးဆောင်ပြီးကြောင်း ပြေစာမိတ္တူ။

(ဂ) မြေငှားစာချုပ် (ဂရန်)မြေဖြစ်ပါက မြေငှားစာချုပ်မိတ္တူ။

(ဃ) မြေပိုင်မြေ၊ ဘိုးဘပိုင်မြေနှင့် ဂရန်ရှိမြေပိုင်မြေများဖြစ်ပါက မှတ်ပုံတင်ထားသော စာချုပ်စာတမ်းနှင့် ပိုင်ဆိုင်မှုနှင့်ပတ် သက်၍ တရားရုံးမှ ချမှတ်ထားသည့် အမိန့်ဒီကရီ တစ်ရပ်ရပ်မိတ္တူ။

၃၂။ အထက်အပိုဒ် ၃၁ လျှောက်ထားမှုများတွင် သက်သေခံမြေပုံနှင့် မြေရာဇဝင်ထုတ်ပေးရန်အတွက် ဌာနမှ အောက်ပါအတိုင်း စိစစ်ရမည်-

(က) ဌာနမှ သတ်မှတ်ထားသော လျှောက်လွှာပုံစံတွင် ပြည့်စုံ စွာရေးဖြည့်ထားခြင်း ရှိ၊ မရှိ။

(ခ) နိုင်ငံသားစိစစ်ရေးကတ်ပြား သို့မဟုတ် အမျိုးသားမှတ်ပုံတင်ကတ်ပြားမိတ္တူကို မူရင်းနှင့် တိုက်ဆိုင်စစ်ဆေးခြင်း ရှိ၊ မရှိ။

(ဂ) မြေငှားစာချုပ် (ဂရန်)မြေဖြစ်ပါက မြေငှားခကြွေးကျန် ကင်းရှင်းကြောင်း ထောက်ခံချက် သို့မဟုတ် မြေငှားခ နောက်ဆုံးပေးဆောင်ပြီးကြောင်း ပြေစာမိတ္တူကို မူရင်းနှင့် တိုက်ဆိုင်စစ်ဆေးခြင်း ရှိ၊ မရှိ။

(ဃ) မြေငှားစာချုပ် (ဂရန်)မြေဖြစ်ပါက မြေငှားစာချုပ်မိတ္တူကို မူရင်းနှင့် တိုက်ဆိုင်စစ်ဆေး ခြင်း ရှိ၊ မရှိ။

(င) မြေပိုင်မြေ၊ ဘိုးဘပိုင်မြေနှင့် ဂရန်ရှိမြေပိုင်မြေများဖြစ်ပါက မှတ်ပုံတင်ထားသော စာချုပ်စာတမ်းမိတ္တူကို မူရင်းနှင့် တိုက်ဆိုင်စစ်ဆေးခြင်း ရှိ၊ မရှိ။

(စ) ပိုင်ဆိုင်မှုနှင့်ပတ်သက်၍ တရားရုံးမှ ချမှတ်ထားသော အမိန့် ဒီကရီမိတ္တူကို မူရင်းနှင့် တိုက်ဆိုင်စစ်ဆေးခြင်း ရှိ၊ မရှိ။

(ဆ) ဝန်ဆောင်ခပေးသွင်းခြင်း ရှိ၊ မရှိ။

(ဇ) အထက်ပါအချက်များ ပြည့်စုံ ပါက မြေတိုင်းမှ မြေရာဇဝင် အစီရင်ခံစေခြင်းနှင့် မြေပုံမြေ ရာဇဝင် ရေးဆွဲခြင်း။

(ဈ) တင်ပြထားသည့် မြေဆိုင်ရာ အထောက်အထားများနှင့် မြေ စာရင်းကိုက်ညီမှု ရှိ၊ မရှိ။

(ည) မြေရာဇဝင်ပါ မှတ်ချက်များ ကို အောက်ပါအတိုင်း စိစစ် ခြင်း-

(၁) လျှောက်ထားသောမြေသည် မြေစာရင်းတွင် သက်တမ်းကုန်ဆုံးခြင်း ရှိ၊ မရှိ။

(၂) မြေစာရင်းတွင် မြေ သိမ်း ရှိ၊ မရှိ။

(၃) မြေစာရင်းတွင် မြေတန် ဖိုးဖြတ်မှတ်ချက် ရှိ၊ မရှိ။

(၄) မြေစာရင်းတွင် အစိုးရ ဌာနဆိုင်ရာများ၏ တားမြစ်ချက် ရှိ၊ မရှိ။

(၅) မြေစာရင်းတွင် တရားရုံးတားဝရမ်း သို့မဟုတ် ဘဏ်တစ်ခုခုမှ ကန့် ကွက်ချက် ရှိ၊ မရှိ။

(၆) မြေစာရင်းတွင် ကန့် ကွက်ချက် ရှိ၊ မရှိ။

(၇) ပြည်တွင်းအခွန်များဦး စီးဌာနမှ ကန့်ကွက် တားမြစ်ချက် သို့မ ဟုတ် ေြ<ွကးကျန် ရှိ၊ မရှိ။

(၈) မြေစာရင်းရှိ မှတ်ချက် များသည် တင်ပြထားသည့် အထောက်အ ထားများနှင့် ဆက်စပ်မှု ရှိ၊ မရှိ။

(၉) ၁၉၈၇ ခုနှစ်၊ မရွှေ့မပြောင်းနိုင်သော ပစ္စည်းလွှဲပြောင်းခြင်းကို ကန့်သတ်သည့် ဥပဒေနှင့် ငြိစွန်းမှု ရှိ၊ မရှိ။

(၁၀) တရားရုံးဒီကရီတစ်ရပ်ရပ်ရ ရှိသူဖြစ်ပါက မြန်မာ့အလင်း သတင်းစာ၊ ကြေးမုံသတင်း စာနှင့် မြို့တော်သတင်းစာတို့ တွင် သီးခြားကြော်ငြာခြင်း၊ မြေပြင် ကွင်းဆင်းစစ်ဆေး ခြင်းနှင့် အစီရင်ခံတင်ပြခြင်း။

(၁၁) အထက်ပါအချက်များ ပြည့်စုံပါက လျှောက်ထားပါမြေပုံနှင့်ပတ်သက်၍ အဆင့်ဆင့်စိစစ်ပြီး ခွင့်ပြုပေးသူအရာရှိထံ ခွင့်ပြုမိန့်ရယူခြင်းနှင့် မြေပုံ ၌ လက်မှတ်ရေးထိုးခြင်း။

(၁၂ ) အဆိုပါ သက်သေခံမြေပုံနှင့် မြေရာဇဝင်ကို အဆင့်ဆင့် လက်မှတ်ရေးထိုး၍ လျှောက်ထားသူအား ထုတ်ပေးခြင်း နှင့် ထုတ်ပေးပြီးကြောင်း မြို့မြေစာရင်း၌ မှတ်သားခြင်းတို့ ကို ပြုလုပ်ဆောင်ရွက်ရပါသည်။

အိမ်ခြံမြေ ကိစ္စအဝဝနှင့် ပတ်သက်၍ ဥပဒေအကြံပေးပညာရှင်များနှင့် ဆွေးနွေးတိုင်ပင်လိုပါက iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ၏ ဖုန်းနံပါတ်များဖြစ်သော 09-966901767, 09-268022352 သို့ ဆက်သွယ်နိုင်ပါသည်။ အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။

Credit: ခေတ္တရာမြင့်အောင်(ဥပဒေအကျိုးဆောင်ရှေ့နေ)

[Zawgyi]

ေျမပိုင္ဆိုင္မႈ စြန္႔လႊတ္စာခ်ဳပ္ခ်ဳပ္ဆိုရျခင္း ႏွင့္ ေလွ်ာက္ထားရန္ လိုအပ္ခ်က္မ်ား

မိဘကသားသမီးအား ေပးကမ္းပါက ၄% ႏွင့္ ညီအစ္ကုိ၊ ေမာင္ႏွမ၊ တူ၀ရီးတုိ႔ အခ်င္းခ်င္းေပးကမ္းပါကတံဆိပ္ေခါင္းခြန္ ၇% ထမ္းေဆာင္ရပါမည္။

စြန္႔လႊတ္စာခ်ဳပ္ခ်ဳပ္ဆိုရာတြင္ မိသားစုအခ်င္းခ်င္း ပိုင္ဆိုင္မႈအျပန္အလွန္စြန္႔လႊတ္ျခင္း၊ ေျမပုိင္ဆုိင္သူ အခ်င္းခ်င္း အျပန္အလွန္ စြန္႔လႊတ္ျခင္းတို႔ ျပဳလုပ္ၾက သည္ကို အမ်ားအျပားေတြ႕ရသည္။

စြန္႔လႊတ္စာခ်ဳပ္ခ်ဳပ္ဆိုျခင္းျဖင့္ အခြန္ေပးေဆာင္ရျခင္းလည္းမရွိပါ။ မွတ္ပံုတင္စာခ်ဳပ္ခ်ဳပ္ဆို၍ အမည္ေပါက္ ေျပာင္း၍ရပါသည္။ ဤကား စြန္႔လႊတ္စာခ်ဳပ္ခ်ဳပ္ဆိုျခင္း၏ ထူးျခားခ်က္ျဖစ္သည္။

မိသားစုေမာင္ႏွမအခ်င္းခ်င္း အေမြ ေဝစုခြဲေဝယူရာတြင္ ေရႊ႕ေျပာင္းႏုိင္ေသာ ပစၥည္း (ဥပေဒ။ ။ ေရႊ၊ ေငြ၊ ေက်ာက္သံပတၱျမား၊ ကား … စသည္) တို႔ႏွင့္ မေရႊ႕မေျပာင္းႏုိင္ေသာပစၥည္း (ေျမကြက္ႏွင့္အိမ္)မ်ား ပါရွိတတ္သည္။ ထိုအခါ မိသားစုေမာင္ႏွမတြင္ ခ်မ္းသာေသာ သူမ်ားရွိသကဲ့သို႔ ဆင္းရဲသူမ်ားလည္း ပါ ရွိတတ္သည္။ ဆင္းရဲေ သာေမာင္ႏွမမ်ားသည္ ေျမႏွင့္အိမ္ကို အလိုမရွိၾက။ အေမြေဝစုအျဖစ္”ေငြ”ကိုသာ အလိုရွိသူမ်ားၾကသည္။

ထိုသို႔ျဖစ္လွ်င္ အေဝမတည့္ျဖစ္မည္ စိုး၍ ခ်မ္းသာေသာ အစ္ကို၊ အစ္မျဖစ္သူက ေရႊ႕ေျပာင္းႏုိင္သည့္ပစၥည္း၊ မေရႊ႕မေျပာင္းႏိုင္သည့္ပစၥည္း ႏွစ္မ်ိဳး၏ ကာလတန္ဖိုးကို သတ္မွတ္၍ အညီအမွ်ခြဲေဝ ေပးၾကေလ့ရွိသည္။ ခဲြေဝရာတြင္ ေျမႏွင့္ အိမ္တန္ဖိုးမွာ မ်ားေနလွ်င္ ထိုေျမႏွင့္ အိမ္တန္ဖိုးအေမြေဝစုထဲမွ လိုေငြကို ေျမႏွင့္ အိမ္လႊဲေျပာင္းယူသူမွ စုိက္ထုတ္ေပးလိုက္ရသည္။

ယင္းသို႔ စိုက္ထုတ္ေပးသူ အစ္ကို/ အစ္မတို႔မွာ ေျမႏွင့္ အိမ္ပိုင္ရွင္ျဖစ္သြားသျဖင့္ က်န္ေမာင္ႏွမမ်ားက အဆိုပါ ေျမ ႏွင့္ အိမ္မွာ မိမိတို႔ႏွင့္ မည္သို႔မွ် သက္ဆိုင္ ျခင္း မရွိေတာ့ပါ။

မိမိတို႔၏ အေမြေဝစုလည္း အျပည့္အဝရရွိၿပီးျဖစ္၍ မိမိတို႔၏ ”ပိုင္ဆုိင္မႈအစုကို စြန္႔လႊတ္ပါေၾကာင္း” ရန္ကုန္ၿမိဳ႕စာခ်ဳပ္စာတမ္းမွတ္ပံုတင္႐ံုးတြင္ စြန္႔လႊတ္ေသာ စာခ်ဳပ္ခ်ဳပ္ဆိုေပးရသည္။ သို႔မွသာ ေျမႏွင့္ အိမ္ကို လႊဲေျပာင္းလက္ခံယူသူ အစ္ကို/အစ္မအေနျဖင့္ မိမိအမည္ေပါက္ နာမည္ေျပာင္း၍ ရပါသည္။

ပိုင္ဆုိင္ခြင့္အျပည့္အဝရရွိပါသည္။ ယင္းကဲ့သုိ႔ မွတ္ပံုတင္စာခ်ဳပ္ခ်ဳပ္ဆိုရန္အတြက္ ရန္ကုန္ၿမိဳ႕ေတာ္စည္ပင္သာယာေရးေကာ္မတီ၊ ၿမိဳ႕ျပစီမံကိန္းႏွင့္ ေျမစီမံခန္႔ခြဲမႈဌာနတြင္ ”စြန္႔လႊတ္စာခ်ဳပ္ခ်ဳပ္ဆိုရန္ ေျမပံု/ ေျမရာဇဝင္ ကူးယူရပါသည္။

ယခု ”စြန္႔လႊတ္ေျမပံု”ကူးေလွ်ာက္ထားရာတြင္ လိုအပ္သည့္ စာရြက္စာတမ္းမ်ားႏွင့္ ေလွ်ာက္ထားပံုအဆင့္ဆင့္ကို ေလ့လာတင္ျပလိုက္ပါသည္။

၃၁။ စြန္႔လႊတ္စာခ်ဳပ္ခ်ဳပ္ဆိုရန္ ေျမပံု ကူးေလွ်ာက္ထားျခင္း။ ေျမပိုင္ေျမ၊ ဘိုးဘပိုင္ေျမ၊ ဂရန္ရွိေျမပိုင္ေျမ၊ ေျမငွားစာခ်ဳပ္ (ဂရန္)ေျမႏွင့္ လယ္ယာေျမႏွင့္ အက်ံဳးမဝင္ေၾကာင္း ဝန္ခံခ်က္လက္မွတ္ ၃(ခ) သို႔မဟုတ္ ၃ (က)ရရွိၿပီးေျမမ်ားကို စြန္႔လႊတ္စာခ်ဳပ္ ခ်ဳပ္ဆိုရန္အတြက္ ေျမပံု ေျမရာဇဝင္ ေရးကူးေပးျခင္းတြင္ ေလွ်ာက္ထားသည့္ ေျမကို ပူးတြဲပိုင္ဆိုင္သူ သို႔မဟုတ္ မွတ္ပံုတင္စာခ်ဳပ္အဆက္အစပ္ျဖင့္ ပိုင္ဆုိင္သူတုိ႔ကသာ ေလွ်ာက္ထားခြင့္ရွိ သည္။

ေျမပံုကူး ေလွ်ာက္ထားရယူလိုသူသည္ ဤဌာန၏ သတ္မွတ္ပံုစံႏွင့္အတူ ေအာက္ပါအေထာက္အထားမ်ားကို တင္ျပ ေလွ်ာက္ထားရမည္.....

(က) ေလွ်ာက္ထားသူ၏ ႏုိင္ငံသား စိစစ္ေရးကတ္ျပား သို႔မဟုတ္ အမ်ိဳးသားမွတ္ပံုတင္ကတ္ျပား မိတၱဴ။

(ခ) ေျမငွားစာခ်ဳပ္ (ဂရန္)ေျမျဖစ္ ပါက ေျမငွားခေၾကြးက်န္ ကင္းရွင္းေၾကာင္း ေထာက္ခံခ်က္ သို႔မဟုတ္ ေျမငွားခ ေနာက္ဆံုးေပးေဆာင္ၿပီးေၾကာင္း ေျပစာမိတၱဴ။

(ဂ) ေျမငွားစာခ်ဳပ္ (ဂရန္)ေျမျဖစ္ပါက ေျမငွားစာခ်ဳပ္မိတၱဴ။

(ဃ) ေျမပိုင္ေျမ၊ ဘုိးဘပိုင္ေျမႏွင့္ ဂရန္ရွိေျမပိုင္ေျမမ်ားျဖစ္ပါက မွတ္ပံုတင္ထားေသာ စာခ်ဳပ္စာတမ္းႏွင့္ ပိုင္ဆုိင္မႈႏွင့္ပတ္ သက္၍ တရား႐ံုးမွ ခ်မွတ္ထားသည့္ အမိန္႔ဒီကရီ တစ္ရပ္ရပ္မိတၱဴ။

၃၂။ အထက္အပိုဒ္ ၃၁ ေလွ်ာက္ထားမႈမ်ားတြင္ သက္ေသခံေျမပံုႏွင့္ ေျမရာဇဝင္ထုတ္ေပးရန္အတြက္ ဌာနမွ ေအာက္ပါအတုိင္း စိစစ္ရမည္-

(က) ဌာနမွ သတ္မွတ္ထားေသာ ေလွ်ာက္လႊာပံုစံတြင္ ျပည့္စံု စြာေရးျဖည့္ထားျခင္း ရွိ၊ မရွိ။

(ခ) ႏုိင္ငံသားစိစစ္ေရးကတ္ျပား သို႔မဟုတ္ အမ်ိဳးသားမွတ္ပံုတင္ကတ္ျပားမိတၱဴကို မူရင္းႏွင့္ တုိက္ဆုိင္စစ္ေဆးျခင္း ရွိ၊ မရွိ။

(ဂ) ေျမငွားစာခ်ဳပ္ (ဂရန္)ေျမျဖစ္ပါက ေျမငွားခေၾကြးက်န္ ကင္းရွင္းေၾကာင္း ေထာက္ခံခ်က္ သို႔မဟုတ္ ေျမငွားခ ေနာက္ဆံုးေပးေဆာင္ၿပီးေၾကာင္း ေျပစာမိတၱဴကို မူရင္းႏွင့္ တိုက္ဆိုင္စစ္ေဆးျခင္း ရွိ၊ မရွိ။

(ဃ) ေျမငွားစာခ်ဳပ္ (ဂရန္)ေျမျဖစ္ပါက ေျမငွားစာခ်ဳပ္မိတၱဴကို မူရင္းႏွင့္ တုိက္ဆုိင္စစ္ေဆး ျခင္း ရွိ၊ မရွိ။

(င) ေျမပိုင္ေျမ၊ ဘိုးဘပိုင္ေျမႏွင့္ ဂရန္ရွိေျမပိုင္ေျမမ်ားျဖစ္ပါက မွတ္ပံုတင္ထားေသာ စာခ်ဳပ္စာတမ္းမိတၱဴကို မူရင္းႏွင့္ တိုက္ဆုိင္စစ္ေဆးျခင္း ရွိ၊ မရွိ။

(စ) ပိုင္ဆုိင္မႈႏွင့္ပတ္သက္၍ တရား႐ံုးမွ ခ်မွတ္ထားေသာ အမိန္႔ ဒီကရီမိတၱဴကို မူရင္းႏွင့္ တုိက္ဆုိင္စစ္ေဆးျခင္း ရွိ၊ မရွိ။

(ဆ) ဝန္ေဆာင္ခေပးသြင္းျခင္း ရွိ၊ မရွိ။

(ဇ) အထက္ပါအခ်က္မ်ား ျပည့္စံု ပါက ေျမတုိင္းမွ ေျမရာဇဝင္ အစီရင္ခံေစျခင္းႏွင့္ ေျမပံုေျမ ရာဇဝင္ ေရးဆဲြျခင္း။

(စ်) တင္ျပထားသည့္ ေျမဆိုင္ရာ အေထာက္အထားမ်ားႏွင့္ ေျမ စာရင္းကိုက္ညီမႈ ရွိ၊ မရွိ။

(ည) ေျမရာဇဝင္ပါ မွတ္ခ်က္မ်ား ကို ေအာက္ပါအတုိင္း စိစစ္ ျခင္း-

(၁) ေလွ်ာက္ထားေသာေျမသည္ ေျမစာရင္းတြင္ သက္တမ္းကုန္ဆံုးျခင္း ရွိ၊ မရွိ။

(၂) ေျမစာရင္းတြင္ ေျမ သိမ္း ရွိ၊ မရွိ။

(၃) ေျမစာရင္းတြင္ ေျမတန္ ဖိုးျဖတ္မွတ္ခ်က္ ရွိ၊ မရွိ။

(၄) ေျမစာရင္းတြင္ အစိုးရ ဌာနဆိုင္ရာမ်ား၏ တားျမစ္ခ်က္ ရွိ၊ မရွိ။

(၅) ေျမစာရင္းတြင္ တရား႐ံုးတားဝရမ္း သို႔မဟုတ္ ဘဏ္တစ္ခုခုမွ ကန္႔ ကြက္ခ်က္ ရွိ၊ မရွိ။

(၆) ေျမစာရင္းတြင္ ကန္႔ ကြက္ခ်က္ ရွိ၊ မရွိ။

(၇) ျပည္တြင္းအခြန္မ်ားဦး စီးဌာနမွ ကန္႔ကြက္ တားျမစ္ခ်က္ သို႔မ ဟုတ္ ေၾ<ြကးက်န္ ရွိ၊ မရွိ။

(၈) ေျမစာရင္းရွိ မွတ္ခ်က္ မ်ားသည္ တင္ျပထားသည့္ အေထာက္အ ထားမ်ားႏွင့္ ဆက္စပ္မႈ ရွိ၊ မရွိ။

(၉) ၁၉၈၇ ခုႏွစ္၊ မေရႊ႕မေျပာင္းႏုိင္ေသာ ပစၥည္းလႊဲေျပာင္းျခင္းကို ကန္႔သတ္သည့္ ဥပေဒႏွင့္ ၿငိစြန္းမႈ ရွိ၊ မရွိ။

(၁၀) တရား႐ံုးဒီကရီတစ္ရပ္ရပ္ရ ရွိသူျဖစ္ပါက ျမန္မာ့အလင္း သတင္းစာ၊ ေၾကးမံုသတင္း စာႏွင့္ ၿမိဳ႕ေတာ္သတင္းစာတို႔ တြင္ သီးျခားေၾကာ္ျငာျခင္း၊ ေျမျပင္ ကြင္းဆင္းစစ္ေဆး ျခင္းႏွင့္ အစီရင္ခံတင္ျပျခင္း။

(၁၁) အထက္ပါအခ်က္မ်ား ျပည့္စံုပါက ေလွ်ာက္ထားပါေျမပံုႏွင့္ပတ္သက္၍ အဆင့္ဆင့္စိစစ္ၿပီး ခြင့္ျပဳေပးသူအရာရွိထံ ခြင့္ျပဳမိန္႔ရယူျခင္းႏွင့္ ေျမပံု ၌ လက္မွတ္ေရးထုိးျခင္း။

(၁၂ ) အဆိုပါ သက္ေသခံေျမပံုႏွင့္ ေျမရာဇဝင္ကို အဆင့္ဆင့္ လက္မွတ္ေရးထုိး၍ ေလွ်ာက္ထားသူအား ထုတ္ေပးျခင္း ႏွင့္ ထုတ္ေပးၿပီးေၾကာင္း ၿမိဳ႕ေျမစာရင္း၌ မွတ္သားျခင္းတုိ႔ ကို ျပဳလုပ္ေဆာင္ရြက္ရပါသည္။

အိမ္ျခံေျမ ကိစၥအဝဝနွင့္ ပတ္သက္၍ ဥပေဒအၾကံေပးပညာရွင္မ်ားနွင့္ ေဆြးေႏြးတိုင္ပင္လိုပါက iMyanmarHouse.com (အိုင္ျမန္မာေဟာက္စ္ေဒါ႔ကြန္း) ၏ ဖုန္းနံပါတ္မ်ားျဖစ္ေသာ 09-966901767, 09-268022352 သို႔ ဆက္သြယ္ႏိုင္ပါသည္။ အေသးစိတ္ၾကည့္ရန္ ဤေနရာကို ႏွိပ္ပါ။

Credit: ေခတၱရာျမင့္ေအာင္(ဥပေဒအက်ဳိးေဆာင္ေရွ႕ေန)

နောက်ဆုံးရ အိမ်ခြံမြေ ဗဟုသုတများ

KITCHEN ဆေးရောင်ရွေးချယ်မှုအတွက် အကြံပေးမှုတစ်ချို့
KITCHEN ဆေးရောင်ရွေးချယ်မှုအတွက် အကြံပေးမှုတစ်ချို့
စုံလင်ဖွေရှာ အိမ်ခြံမြေဥပဒေရေးရာ
စုံလင်ဖွေရှာ အိမ်ခြံမြေဥပဒေရေးရာ
သာသနာဂရန်မြေ လျှောက်ထားရာတွင် သိရှိထားသင့်သည့် အချက်အလက်များအကြောင်း ဥပဒေဗဟုသုတ အနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။...
သာသနာဂရန်မြေ လျှောက်ထားရာတွင် သိရှိထားသင့်သည့် အချက်အလက်များအကြောင်း ဥပဒေဗဟုသုတ အနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။...
မရွှေ့မပြောင်းနိုင်သောပစ္စည်းကို ကန့်သတ်သည့်ဥပဒေအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြ ပေးလိုက်ပါသည်။...
မရွှေ့မပြောင်းနိုင်သောပစ္စည်းကို ကန့်သတ်သည့်ဥပဒေအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြ ပေးလိုက်ပါသည်။...
၂၀၂၅-၂၀၂၆ ခုနှစ်အတွက် ရန်ကုန်တိုင်း မြို့နယ်စုံ အသစ်ထွက်ရှိလာသော ရာဖြတ်နှုန်းထားများ
၂၀၂၅-၂၀၂၆ ခုနှစ်အတွက် ရန်ကုန်တိုင်း မြို့နယ်စုံ အသစ်ထွက်ရှိလာသော ရာဖြတ်နှုန်းထားများ
မြေယာစီမံခန့်ခွဲမှု စပ်လျဉ်း၍ ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
မြေယာစီမံခန့်ခွဲမှု စပ်လျဉ်း၍ ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
ငွေရေးကြေးရေးဆိုင်ရာအဖွဲ့အစည်း ဥပဒေအကြောင်းကို ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။...
ငွေရေးကြေးရေးဆိုင်ရာအဖွဲ့အစည်း ဥပဒေအကြောင်းကို ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။...
အပတ်စဉ် သိမှတ်ဖွယ်ရာ ဥပဒေအမေးအဖြေကဏ္ဍ
အပတ်စဉ် သိမှတ်ဖွယ်ရာ ဥပဒေအမေးအဖြေကဏ္ဍ
အိမ်ခြံမြေအသိကြွယ်စေဖို့ရာ ဥပဒေအမေးအဖြေကဏ္ဍ
အိမ်ခြံမြေအသိကြွယ်စေဖို့ရာ ဥပဒေအမေးအဖြေကဏ္ဍ
စုပေါင်းပိုင် အဆောက်အအုံနှင့် စပ်လျဉ်း၍ လိုက်နာရမည့် အချက်အလက်များ ဥပဒေဗဟုသုတအအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။...
စုပေါင်းပိုင် အဆောက်အအုံနှင့် စပ်လျဉ်း၍ လိုက်နာရမည့် အချက်အလက်များ ဥပဒေဗဟုသုတအအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။...

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

တရုတ်ပြည်တွင် မိန်းကလေးတစ်ဦးက အိမ်လခ သက်သာစေရန်အတွက် ၎င်းအလုပ်လုပ်သည့်စက်ရုံရှိ အိမ်သာခန်းအတွင်း နေထိုင်သည့်ဖြစ်ရပ် လူမှ
တရုတ်ပြည်တွင် မိန်းကလေးတစ်ဦးက အိမ်လခ သက်သာစေရန်အတွက် ၎င်းအလုပ်လုပ်သည့်စက်ရုံရှိ အိမ်သာခန်းအတွင်း နေထိုင်သည့်ဖြစ်ရပ် လူမှ
အယ်လ်ဆာဗေဒေါနိုင်ငံရှိ သေမင်းတမန် အကျဉ်းစခန်းကြီး၏ ဓာတ်ပုံများ လူမှုကွန်ရက်တွင် ပျံ့နှံ့ဂယက်ရိုက်
အယ်လ်ဆာဗေဒေါနိုင်ငံရှိ သေမင်းတမန် အကျဉ်းစခန်းကြီး၏ ဓာတ်ပုံများ လူမှုကွန်ရက်တွင် ပျံ့နှံ့ဂယက်ရိုက်
အိမ်သာဆေးသမား၊ လန်ချားဆွဲသူဘဝမှ ဘီလျံနာသူဌေးကြီးဖြစ်လာခဲ့ကာ ပိုင်ဆိုင်သမျှ ယွမ် ၈ ဒသမ ၂ ဘီလီယံကို ဇနီး၊ သားသမီးများအတွက်
အိမ်သာဆေးသမား၊ လန်ချားဆွဲသူဘဝမှ ဘီလျံနာသူဌေးကြီးဖြစ်လာခဲ့ကာ ပိုင်ဆိုင်သမျှ ယွမ် ၈ ဒသမ ၂ ဘီလီယံကို ဇနီး၊ သားသမီးများအတွက်
တရုတ်ပြည်ရှိ လူငယ်တို့မှာ အိမ်ငှားနေထိုင်ခြင်းထက် ဟိုတယ်များတွင် နေထိုင်ကြမှု ပိုမိုများပြားလာလျက်ရှိ၊ ဟိုတယ်တွင် နေထိုင
တရုတ်ပြည်ရှိ လူငယ်တို့မှာ အိမ်ငှားနေထိုင်ခြင်းထက် ဟိုတယ်များတွင် နေထိုင်ကြမှု ပိုမိုများပြားလာလျက်ရှိ၊ ဟိုတယ်တွင် နေထိုင
အိမ်ဖြူတော်အနီးရှိ ဒေါ်လာ ၂၃ သန်းတန် စံအိမ်ကို ဝယ်ယူသွားသူမှာ Mark Zuckerberg ဖြစ်ကြောင်း ပေါ်ပေါက်လာ
အိမ်ဖြူတော်အနီးရှိ ဒေါ်လာ ၂၃ သန်းတန် စံအိမ်ကို ဝယ်ယူသွားသူမှာ Mark Zuckerberg ဖြစ်ကြောင်း ပေါ်ပေါက်လာ
အိမ်ရာမဲ့ဘဝမှ သူဌေးဖြစ်လာသော အမေရိကန်ပြည်၊ ဒက်ထရွိုက်မြို့မှ အမျိုးသားတစ်ဦးအကြောင်း
အိမ်ရာမဲ့ဘဝမှ သူဌေးဖြစ်လာသော အမေရိကန်ပြည်၊ ဒက်ထရွိုက်မြို့မှ အမျိုးသားတစ်ဦးအကြောင်း
၂၀၂၅-၂၀၂၆ ခုနှစ်အတွက် ရန်ကုန်တိုင်း မြို့နယ်စုံ အသစ်ထွက်ရှိလာသော ရာဖြတ်နှုန်းထားများ
၂၀၂၅-၂၀၂၆ ခုနှစ်အတွက် ရန်ကုန်တိုင်း မြို့နယ်စုံ အသစ်ထွက်ရှိလာသော ရာဖြတ်နှုန်းထားများ
သြစတေးလျတွင် ဝေးလံခေါင်သီသော ဒေသရှိ မြို့လေးတစ်မြို့က ဆရာဝန်တစ်ဦး ခေါ်ယူနေ၊ လစာ ဒေါ်လာ ၄၀၀၀၀၀ ကျော် ပေးမည့်အပြင် အိမ်လခမ
သြစတေးလျတွင် ဝေးလံခေါင်သီသော ဒေသရှိ မြို့လေးတစ်မြို့က ဆရာဝန်တစ်ဦး ခေါ်ယူနေ၊ လစာ ဒေါ်လာ ၄၀၀၀၀၀ ကျော် ပေးမည့်အပြင် အိမ်လခမ
အင်ဒိုနီးရှားတွင် အေဘီစီဒီအီးအက်ဖ် ဂျီအိတ်ချ်အိုင်ဂျေကေ (ABCDEF GHIJK) ဟု ထူးထူးဆန်းဆန်း နာမည်ပေးထားသည့် ကလေးတစ်ယောက်အကြ
အင်ဒိုနီးရှားတွင် အေဘီစီဒီအီးအက်ဖ် ဂျီအိတ်ချ်အိုင်ဂျေကေ (ABCDEF GHIJK) ဟု ထူးထူးဆန်းဆန်း နာမည်ပေးထားသည့် ကလေးတစ်ယောက်အကြ
မြေယာစီမံခန့်ခွဲမှု စပ်လျဉ်း၍ ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
မြေယာစီမံခန့်ခွဲမှု စပ်လျဉ်း၍ ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
Shwe Wutt Hmone
MIngalardon Garden City

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service