အိမ်မှာကပ်မြှောင်နေတဲ့ အိမ်မြှောင်တွေကို ရှင်းထုတ်ဖို့ ထိရောက်တဲ့နည်းလမ်း (၇) ခု
အိမ်မှာကပ်မြှောင်နေတဲ့ အိမ်မြှောင်တွေကို ရှင်းထုတ်ဖို့ ထိရောက်တဲ့နည်းလမ်း (၇) ခု - Property Knowledge in Myanmar from iMyanmarHouse.com
23 Jun 2020 1:06 pm တွင် တင်ခဲ့သည်
28906 ကြိမ် ကြည့်ရှု့ပြီး
ဗဟုသုတ | Posted by အေးမြတ်သူ
[Unicode]
နေအိမ်တွေမှာ အိမ်မြှောင်တွေကို အတော်လေးတွေ့ရတတ်ပါတယ်။ အိမ်မြှောင်တွေဟာ အန္တရာယ်မရှိပေမဲ့လည်း သူတို့ရဲ့ရုပ်သွင်နဲ့ စုတ်ထိုးသံကို လူတော်တော်များများက ကြောက်ကြပါတယ်။ တကယ်လို့များ အိမ်မှာကပ်မြှောင်တဲ့ ထိုသတ္တဝါငယ်လေးကို ကြောက်တဲ့၊ ရွံတဲ့သူတွေထဲ သင်လည်း ပါဝင်တယ်ဆိုရင်တော့ အောက်ပါအချက်လေးတွေကို လက်တွေ့လုပ်ဆောင်ကြည့်လိုက်ပါ။
၁။ ခြင်ဆေးရည်
- သင့်အိမ်မှာ ခြင်ဆေးရည်ရှိတယ်ဆိုရင် အိမ်မြှောင်တွေကို မောင်းထုတ်ဖို့ ခြင်ဆေးရည်ကို သုံးလိုက်ပါ။ အိမ်မြှောင်တွေ မကြာခဏဖြတ်သွားဖြတ်လာလုပ်တတ်တဲ့နေရာတွေကို ခြင်ဆေးရည်ဖျန်းပါ။ အဲ့ကောင်တွေ ပုန်းအောင်းနေတဲ့နေရာကို သိတယ်ဆိုရင်လည်း အဲဒီပုန်းအောင်းနေတဲ့နေရာကို ဆေးဖျန်းပါ။ ဆေးရည်ရဲ့အနံ့ကို မကြိုက်တာကြောင့်ရော၊ သူတို့ရဲ့အစာဖြစ်တဲ့ ခြင်တွေ မရှိတော့တာကြောင့်ရောကြောင့် အိမ်မြှောင်တွေ ထွက်ပြေးမှာ ဖြစ်ပါတယ်။ သင့်အိမ်မှာ ခြင်နည်းလေလေ၊ အိမ်မြှောင်လည်း နည်းလေလေပါပဲ။
၂။ လက်ဆေးကန်အောက်ဘက်ကို သန့်ရှင်းပါ။
- ဘေစင် ခေါ် လက်ဆေးကန်အောက်မှာ ဟင်းလင်းပဲဖြစ်ဖြစ် ဗီရို၊ ကြောင်အိမ်လိုမျိုး တစ်ခုခုအခိုင်အမာရှိရင်ပဲဖြစ်ဖြစ် အဲဒီနေရာဟာ အိမ်မြှောင်တွေအတွက် ကျင်လည်ဖို့၊ ဥဥဖို့ အနှစ်သက်ဆုံးနေရာတစ်ခုဖြစ်ပါတယ်။ အိမ်မြှောင်တွေဟာ စိုစွတ်ပူ‌နွေးတဲ့နေရာမျိုးကို ကြိုက်ကြပါတယ်။ တကယ်လို့များ ဘေစင်အောက်မှာ ပိုက်ယိုစိမ်မှု နည်းနည်းလေးရှိတယ်ဆိုရင်ကိုပဲ ဒါဟာ သူတို့အတွက် ရေအရင်းမြစ်နေရာတစ်ခုဖြစ်လို့နေပါပြီ။ ဒါကြောင့် ဘေစင်အောက်ကို ပုံမှန်စစ်ဆေးပါ။ အစဉ်အမြဲခြောက်သွေ့နေပါစေ။ စိုစွတ်မှုရှိလာခဲ့ရင် သတင်းစာဖြန့်ခင်းပြီး ခြောက်အောင်လုပ်ကာ သတင်းစာတွေကို မကြာခဏအသစ်လဲပေးပါ။ အဲဒီဘေစင်အောက်နေရာမှာ ကြောင်အိမ်ရှိတယ်ဆိုရင် ကြောင်အိမ်သက်တမ်းကိုပါ ပိုကြာကြာခံစေပါလိမ့်မယ်။
၃။ အခန်းအပူချိန်ကို လျော့ချပါ။
- အိမ်မြှောင်တွေဟာ ကျွန်မတို့သွေးနွေးသတ္တဝါတွေနဲ့မတူဘဲ သူတို့ရဲ့ခန္ဓာကိုယ်အပူချိန်ကို ထိန်းညှိနိုင်စွမ်းမရှိပါဘူး။ အိမ်မြှောင်တွေဟာ ရေခဲနေတဲ့ အန္တာတိကတိုက်မှအပ ကျန်ကမ္ဘာ့နေရာအနှံ့မှာ အသက်ရှင်သန်နိုင်ဆဲဖြစ်ပေမဲ့လည်း အေးတဲ့ရာသီဥတုတွေမှာတော့ တွေ့ရနည်းပါတယ်။ ပန်ကာတွေ ပြင်တင်းပေါက်တွေ ဖွင့်ရုံနဲ့တော့ အလုပ်မဖြစ်ပါဘူး။ အိမ်မြှောင်တွေ အိမ်ခန်းထဲ မနေချင်အောင်လုပ်ဖို့ဆို အဲကွန်းဖွင့်ဖို့ လိုပါမယ်။ အနည်းဆုံး ၂၂ ဒီဂရီစင်တီဂရိတ်လောက်ထိ အေးအောင်လုပ်ဖို့လိုပါတယ်။
၄။ ကြက်ဥခွံ
- ကြက်ဥတွေခွဲတဲ့အခါ အခွံတွေကို မလွှင့်ပစ်ပါနဲ့။ တစ်ရှူးနဲ့ သေချာခြောက်အောင်သုတ်ပြီး အိမ်မြှောင်တွေ အသွားအလာများတဲ့နေရာနားမှာ ချထားပါ။ ကြက်ဥအနံ့ကို အိမ်မြှောင်တွေ မကြိုက်ပါဘူး။ ကြက်ဥနံ့ရတဲ့နေရာတိုင်းကို သူတို့ရှောင်ရှားကြပါလိမ့်မယ်။ နောက်ရက်ကျရင်တော့ အဲဒီကြက်ဥခွံတွေကို လွှင့်ပစ်ဖြစ်အောင် လွှင့်ပစ်ပါနော်။ ပေါက်ပွားလာမယ့် ဘက်တီးရီးယားတွေက အိမ်မြှောင်တွေထက် အများကြီးပိုကြောက်ဖို့ကောင်းပါတယ်။
၅။ ကြက်သွန်ဖြူကို လှီးပါ။
- အိမ်မြှောင်မရှိစေချင်တဲ့နေရာမှာ ကြက်သွန်ဖြူတစ်မြွှာကို လှီးပြီးထားလိုက်ပါ။ လှီးရတဲ့ရည်ရွယ်ချက်က ကြက်သွန်ဖြူနံ့ထွက်စေဖို့ဆိုတာကို သတိပြုပြီး အနံ့သေချာထွက်အောင်လှီးပါ။ ကြက်သွန်ဖြူနံ့က အိမ်မြှောင်တွေကို မောင်းထုတ်ပါလိမ့်မယ်။ စားပွဲတင်ပန်ကာလေးတစ်လုံးကိုပါ အဲဒီနေရာနားမှာ ထားပြီး အနံ့တွေပျံ့လွင့်စေနိုင်ရင် ပိုကောင်းပါတယ်။
၆။ သစ်သီးတွေ၊ ပန်းအိုးတွေကို ဖယ်ရှားပါ။
- အိမ်မြှောင်တွေဟာ သစ်သီးတွေ၊ အိုးနဲ့စိုက်တဲ့အပင်တွေကိုလည်း စားပါတယ်။ သူတို့က တစ်တိတစ်တိ၊ နည်းနည်းချင်းစားတာမို့ ကျွန်မတို့အမြင်မှာတော့ သူတို့စားသွားမှန်းသိမှာမဟုတ်ပါဘူး။ ပန်းအိုးတွေမှာလည်း အလားတူပါပဲ။ အိုးနဲ့စိုက်ထားတဲ့အပင်လေးတွေရဲ့အရွက်တွေမှာ အပေါက်အပြဲတွေ ရှိရခြင်းအကြောင်းကို အခုလောက်ဆို သင်သိသွားလောက်ပါပြီ။ ဒါကြောင့် သစ်သီးတွေကို အုပ်ဆောင်းအုပ်တာ၊ ကြောင်အိမ်ထဲထားတာ၊ ရေခဲသေတ္တာထဲထားတာမျိုးမဟုတ်ဘဲ အလွတ်ထားတာတို့ အိုးနဲ့စိုက်တဲ့ပန်းပင်တွေအိမ်ထဲထားရှိတာမျိုးတွေ နည်းလေလေ အိမ်ထဲ အိမ်မြှောင်ခိုအောင်းတာ နည်းလေလေပါပဲ။
၇။ သင့်အိမ်မှာ ကလေးငယ်နဲ့အခြားအိမ်မွေးတိရစ္ဆာန်တွေ မရှိဘူးဆိုရင် ပရုပ်လုံးတွေ ထားပါ။
- ပရုပ်လုံးတွေဟာ အခြားပိုး‌ကောင်တော်တော်များများလိုပဲ အိမ်မြှောင်ကိုလည်း နှင်ထုတ်ပါလိမ့်မယ်။ ဒါပေမဲ့ သင့်အိမ်မှာ ကလေးငယ်နဲ့အခြားအိမ်မွေးတိရစ္ဆာန်တွေ ရှိတယ်ဆိုတော့ သုံးတဲ့အခါ အထူးဂရုစိုက်စေချင်ပါတယ်။ ကလေးက ပရုပ်လုံးကို မျိုမိတဲ့အဆင့်မပြောနဲ့ ပရုပ်လုံး ထိကိုင်ထားတဲ့လက်ကို ပါးစပ်ထဲ ထည့်ရုံနဲ့တင် အော့အန်ခြင်း၊ မအီမသာခြင်းတွေ ခံစားရနိုင်ပါတယ်။
(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)
Credit: iMyanmarHouse.com
[Zawgyi]
၁။ ခြင်ဆေးရည်
၎။ ကြက်ဥခွံ
နောက်ဆုံးရ အိမ်ခြံမြေ ဗဟုသုတများ
ဂျာမနီမှ အမျိုးသားတစ်ဦးက ရေအောက်အိမ်ငယ်လေးတွင် ရက်ပေါင်း ၁၂၀ နေထိုင်ကာ ကမ္ဘာ့စံချိန်တင်
ဂျာမနီမှ အမျိုးသားတစ်ဦးက ရေအောက်အိမ်ငယ်လေးတွင် ရက်ပေါင်း ၁၂၀ နေထိုင်ကာ ကမ္ဘာ့စံချိန်တင်
တရုတ်ပြည်မှာ တိမ်တွေပေါ်က ဖြတ်သန်းမောင်းနှင်ရတဲ့ အံ့မခန်းတံတားကြီး၊ ကမ္ဘာ့အမြင့်မားဆုံးနှင့် အရှည်လျားဆုံး တောင်ကြားကြိုးတံတားအဖြစ် ဂင်းနက်စံချိန်တင်ထား...
တရုတ်ပြည်မှာ တိမ်တွေပေါ်က ဖြတ်သန်းမောင်းနှင်ရတဲ့ အံ့မခန်းတံတားကြီး၊ ကမ္ဘာ့အမြင့်မားဆုံးနှင့် အရှည်လျားဆုံး တောင်ကြားကြိုးတံတားအဖြစ် ဂင်းနက်စံချိန်တင်ထား...
လန်ခြားတစ်စီးဖြင့် တစ်ကမ္ဘာလုံးကို ခြေလျင်ခရီးသွားနေသော ဂျပန်နိုင်ငံသား၊ လက်ရှိအားဖြင့် အာဖရိကတိုက်သို့ ရောက်ရှိနေ...
လန်ခြားတစ်စီးဖြင့် တစ်ကမ္ဘာလုံးကို ခြေလျင်ခရီးသွားနေသော ဂျပန်နိုင်ငံသား၊ လက်ရှိအားဖြင့် အာဖရိကတိုက်သို့ ရောက်ရှိနေ...
တရုတ်ပြည်တွင် လမ်းဖောက်လုပ်ရာ လမ်းကြောင်းမလွတ်သော နေအိမ်တစ်လုံးကို အစိုးရက ယွမ် ၁ ဒသမ ၆ သန်း (ကန်ဒေါ်လာ ၂၂၄၀၀၀) လျော်ကြေးပေးကာ ရွှေ့ပြောင်းခိုင်းသော်လည်း အိမ်ရှင်က လက်မခံ သောကြောင့် နေအိမ်ကို ကွင်းဝိုက်ကာ လမ်းဖောက်လုပ်ခဲ့...
လေယာဉ်မယ်ဟောင်း ယန်ယန်ရှီ၏ ဘဝဖြတ်သန်းမှုမှာ တရုတ်ပြည်မကြီး လူမှုကွန်ရက်တွင် အလွန်နာမည်ကြီးနေသည်။...
လေယာဉ်မယ်ဟောင်း ယန်ယန်ရှီ၏ ဘဝဖြတ်သန်းမှုမှာ တရုတ်ပြည်မကြီး လူမှုကွန်ရက်တွင် အလွန်နာမည်ကြီးနေသည်။...
TikTok လူမှုကွန်ရက်မှာ နာမည်ကြီးနေတဲ့ ထူးဆန်းသော အိမ်ခြံမြေကြော်ငြာတစ်ခုအကြောင်း
TikTok လူမှုကွန်ရက်မှာ နာမည်ကြီးနေတဲ့ ထူးဆန်းသော အိမ်ခြံမြေကြော်ငြာတစ်ခုအကြောင်း
ဧရာမကျောက်တုံးကြီးတွေအောက် ထူးခြားစွာလှပနေတဲ့ စပိန်နိုင်ငံက ဖြူလွှလွှတကိုယ်တော်မြို့လေး Setenil de las Bodegas...
ဧရာမကျောက်တုံးကြီးတွေအောက် ထူးခြားစွာလှပနေတဲ့ စပိန်နိုင်ငံက ဖြူလွှလွှတကိုယ်တော်မြို့လေး Setenil de las Bodegas...
သိမှတ်စရာ အိမ်ခြံမြေဥပဒေရေးရာ
သိမှတ်စရာ အိမ်ခြံမြေဥပဒေရေးရာ
တရားမမှုနှင့်စပ်လျဉ်းသည့် လိုက်နာရမည့်အချက်အလက်များ ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။...
တရားမမှုနှင့်စပ်လျဉ်းသည့် လိုက်နာရမည့်အချက်အလက်များ ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။...
နှစ်ပေါင်း ၂၀၀၀ သက်တမ်းရှိ အံ့အားသင့်ဖွယ် သစ်ပင်ဥမင်များ
နှစ်ပေါင်း ၂၀၀၀ သက်တမ်းရှိ အံ့အားသင့်ဖွယ် သစ်ပင်ဥမင်များ
ငှါးရန်ရှိသော အိမ်ခြံမြေများ
အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်
အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ
ဂူဂျွန်ဖြိုး (သို့မဟုတ်) လီမင်ဟို၏ ကန်ဒေါ်လာ ၄ သန်းကျော် တန်ကြေးရှိ ဆိုးလ်မြို့တော် နေအိမ်၏ ဓာတ်ပုံများ ထွက်ပေါ်လာ
ဂူဂျွန်ဖြိုး (သို့မဟုတ်) လီမင်ဟို၏ ကန်ဒေါ်လာ ၄ သန်းကျော် တန်ကြေးရှိ ဆိုးလ်မြို့တော် နေအိမ်၏ ဓာတ်ပုံများ ထွက်ပေါ်လာ
အာဖရိကရှိ ဂါနာနိုင်ငံမှ မျိုးနွယ်စုတစ်ခု၏ ဘုရင်က ဆင်းရဲလှသော မျိုးနွယ်စုအတွက် ကနေဒါနိုင်ငံသို့ သွားကာ စိုက်ပျိုးရေးအလုပ်
အာဖရိကရှိ ဂါနာနိုင်ငံမှ မျိုးနွယ်စုတစ်ခု၏ ဘုရင်က ဆင်းရဲလှသော မျိုးနွယ်စုအတွက် ကနေဒါနိုင်ငံသို့ သွားကာ စိုက်ပျိုးရေးအလုပ်
၃ နာရီထဲနဲ့ အပြီးဆောက်ကာ ကမ္ဘာ့အမြန်ဆုံးဆောက်လုပ်သောစံအိမ်အဖြစ် ဂင်းနက်စံချိန်တင်ခဲ့တဲ့ အမေရိကန်ပြည်က စံအိမ်ကြီး
၃ နာရီထဲနဲ့ အပြီးဆောက်ကာ ကမ္ဘာ့အမြန်ဆုံးဆောက်လုပ်သောစံအိမ်အဖြစ် ဂင်းနက်စံချိန်တင်ခဲ့တဲ့ အမေရိကန်ပြည်က စံအိမ်ကြီး
ဂျပန်နိုင်ငံတွင် စွန့်ပစ်ထားသော နေအိမ်ပေါင်း ၂၀၀ ကို ဝယ်ယူခဲ့ကာ ပြန်လည် အငှားချထားခြင်းဖြင့် နှစ်စဉ်ဝင်ငွေ ဒေါ်လာ ၉၀၀,၀၀
ဂျပန်နိုင်ငံတွင် စွန့်ပစ်ထားသော နေအိမ်ပေါင်း ၂၀၀ ကို ဝယ်ယူခဲ့ကာ ပြန်လည် အငှားချထားခြင်းဖြင့် နှစ်စဉ်ဝင်ငွေ ဒေါ်လာ ၉၀၀,၀၀
ဒေါ်နယ်ထရမ့်အား ရွေးကောက်ပွဲ ရှုံးနိမ့်သွားသော ဒုသမ္မတ ကမလာ ဟဲရစ် နယူးယောက်ကို အိမ်ပြောင်းတော့မှာလား၊ ထရမ့် ကျမ်းသစ္စာကျ
ဒေါ်နယ်ထရမ့်အား ရွေးကောက်ပွဲ ရှုံးနိမ့်သွားသော ဒုသမ္မတ ကမလာ ဟဲရစ် နယူးယောက်ကို အိမ်ပြောင်းတော့မှာလား၊ ထရမ့် ကျမ်းသစ္စာကျ
ဂျပန်မှ အသက် ၇၅ နှစ်အရွယ် သန်းကြွယ်သူဌေး အဘိုးမှာ စက်ဘီးကိုသာစီးကာ အခမဲ့ရသော ကူပွန်များဖြင့်သာ ၃၆ နှစ်လုံး နေထိုင်ရပ်တည်
ဂျပန်မှ အသက် ၇၅ နှစ်အရွယ် သန်းကြွယ်သူဌေး အဘိုးမှာ စက်ဘီးကိုသာစီးကာ အခမဲ့ရသော ကူပွန်များဖြင့်သာ ၃၆ နှစ်လုံး နေထိုင်ရပ်တည်
အင်္ဂလန်မှ အိမ်ခြံမြေကျွမ်းကျင်ပညာရှင်တစ်ဦးပြောသော အိမ်အမြန်ဆုံး ရောင်းထွက်ခြင်းနှင့် နေအိမ်တံခါးမကြီး ဆေးရောင်တို့အကြား
အင်္ဂလန်မှ အိမ်ခြံမြေကျွမ်းကျင်ပညာရှင်တစ်ဦးပြောသော အိမ်အမြန်ဆုံး ရောင်းထွက်ခြင်းနှင့် နေအိမ်တံခါးမကြီး ဆေးရောင်တို့အကြား
မိုက်ခရိုဝေ့(Microwave) နှင့် ပြန်နွှေးပြီး မစားသင့်သော အစာ (၇) မျိုး
မိုက်ခရိုဝေ့(Microwave) နှင့် ပြန်နွှေးပြီး မစားသင့်သော အစာ (၇) မျိုး
(ထူးထူးခြားခြား အိမ်ခြံမြေဒိုင်ယာရီ) အိန္ဒိယတွင် အိမ်ခြံမြေ Developer တစ်ဦးက ဆောက်လုပ်ရေးအတွက် မြေတူးစဉ် ရွှေအိုးကြီးတစ်
(ထူးထူးခြားခြား အိမ်ခြံမြေဒိုင်ယာရီ) အိန္ဒိယတွင် အိမ်ခြံမြေ Developer တစ်ဦးက ဆောက်လုပ်ရေးအတွက် မြေတူးစဉ် ရွှေအိုးကြီးတစ်
ပြင်သစ်နိုင်ငံ၊ ပဲရစ်မြို့ရှိ ကဇာတ်ရုံကြီးတွင် အိမ်ရာမဲ့ ဒုက္ခသည်များ ဝင်ရောက်နေထိုင်လျက်ရှိသောကြောင့် ကဇာတ်ရုံ၏ပွဲများအ
ပြင်သစ်နိုင်ငံ၊ ပဲရစ်မြို့ရှိ ကဇာတ်ရုံကြီးတွင် အိမ်ရာမဲ့ ဒုက္ခသည်များ ဝင်ရောက်နေထိုင်လျက်ရှိသောကြောင့် ကဇာတ်ရုံ၏ပွဲများအ
Ponnami Estate
imyanmarmarket
iMyanmarHouse Mobile App
iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service