ကွယ်လွန်သူ အပျိုကြီး လူပျိုကြီးပိုင် မြေနှင့်အိမ်ကို ဝယ်မည်ဆိုလျှင်

ကွယ်လွန်သူ အပျိုကြီး လူပျိုကြီးပိုင် မြေနှင့်အိမ်ကို ဝယ်မည်ဆိုလျှင် - Property Knowledge in Myanmar from iMyanmarHouse.com
19 Jun 2020 3:32 pm တွင် တင်ခဲ့သည်
2420 ကြိမ် ကြည့်ရှု့ပြီး

ဗဟုသုတ | Posted by ဇာနည်ကျော်

[Unicode]

“ ကွယ်လွန်သွားတဲ့ လူပျိုကြီးတစ်ယောက်ပိုင် မြေကွက်ကို ဝယ်ဖို့စိတ်ကူးထားတယ်ဆရာ ” ဟု မိတ်ဆွေတစ်ဦးက စာရေးသူအား စကားစပြောလိုက်ပါသည် ။

“ ကန့်ကွက်သူရှိနေလို့လား ။ညီအစ်ကို မောင်နှမဘယ်နှစ်ယောက်ကျန်ခဲ့လဲ ”

“ ညီအစ်ကို မောင်နှမလည်း မရှိတော့ဘူးဆရာ ”

“ တူ ၊ တူမတွေ မကျန်ခဲ့ဘူးလား ။မြေကွက်က လူပျိုကြီးအမည်ပေါက်လား ”

“ ဒီလိုဆရာ ၊ မြေကွက်အမည်ပေါက်ကတော့ လူပျိုကြီးအမည်ပေါက် ဂရန်မြေဖြစ်ပါတယ် ။ မောင်နှမသုံးယောက်ရှိတယ် ။အခု လူပျိုကြီးက အလတ်လို့ပြောတယ် ”

“ ဒါဆိုရင် အငယ်ဆုံးကလည်းသက်ရှိထင်ရှားမရှိတော့ဘူးဆိုတော့သူတို့ရဲ့ သားသမီးတွေကျန်ခဲ့လား ”

“ အစ်ကိုကြီးက အတူမနေဘူး ။သီးခြားအိမ်ခွဲနေတယ် ။ သူ့မှာ သားတစ်ယောက်ကျန်ခဲ့တယ် ။ညီမငယ်က အစ်ကိုလတ်ဖြစ်တဲ့ လူပျိုကြီးနဲ့ အတူနေတယ် ”

“ အတူနေညီမပါ ကွယ်လွန်သွားတော့ သားသမီးကျန်ခဲ့လား ”

“ ညီမဖြစ်သူမှာ သားတစ်ယောက် ၊ သမီးတစ်ယောက်ကျန်တယ် ”

“ အားလုံးတူ တူမ သုံးဦးရှိတယ် ဆိုပါတော့ ”

“ ဟုတ်ကဲ့ အဲဒီလိုပဲ ပြောရမှာပေါ့ ”

“အခုဘယ်သူက ရောင်းမှာလဲ ”

“ လူပျိုကြီးနဲ့ အတူနေ တူ ၊ တူမနှစ်ယောက်က ရောင်းမှာဆရာ ”

“ စရန်ပေးပြီးပြီးလား ”

“ စရန်ပေးမယ့်ရက်မှာပဲ အစ်ကိုကြီးရဲ့ သားက သိသွားလို့သူလည်းအမွေဆက်ခံခွင့်ရှိတယ် ။သူသဘောမတူဘဲ ရောင်းဝယ်ငှါးမလုပ်ပါနဲ့ဆိုပြီး သတင်းစာထဲမှာ ကန့်ကွက်တာတွေ့လိုက်ရတယ် ”

“ဒါနဲ့ အရောင်းအဝယ်ရပ်သွားတဲ့ သဘောပေါ့ ”

“အဲဒီလိုဖြစ်သွားတယ်ပေါ့ဗျာ ”

“ နှစ်ဖက်ညှိလို့မရဘူးလား ။ရောင်းမယ်ဆိုတဲ့ မြေပိုင်ရှင်ရဲ့ တူ တူမတို့ဆီမသွားဘူးလား ”

“ သွားပါတယ် ။အကျိုးအကြောင်းမေးကြည့်ပါတယ် ”

“ သူတို့က ဘာပြောလဲ ။ဘယ်လိုဆောင်ရွက်ပေးမယ်လို့ ပြောသလဲ ”

“ သူတို့ပြောတာက ကွယ်လွန်သူမြေပိုင်ရှင် လူပျိုကြီးရဲ့ အစ်ကိုဖြစ်သူမှမွေးဖွားတဲ့သားမို့ အမွေဆက်ခံခွင့်မရှိဘူးလို့ ပြောတယ် ။သူတို့နဲ့ ယုံယုံကြည်ကြည်အရောင်းအဝယ်လုပ်ပါလို့ ပြောတယ် ”

“ သူတို့ပြောတာတစ်ခုခုတော့ လွဲနေပြီထင်တယ် ”

“ ကျွန်တော်စိတ်ထဲမှာလည်း မတင်မကျဖြစ်နေလို့ ဥပဒေအကြောင်းအရ ဘယ်လိုဖြစ်နိုင်သလဲဆိုတာ ဆရာ့ဆီလာဆွေးနွေးတာပါ ”

“ ဘာကြောင့်မြေပိုင်ရှင် လူပျိုကြီးရဲ့ အစ်ကိုက မွေးတဲ့သားကို အမွေမပေးနိုင်းကြောင်း ရှင်းပြသေးလား ”

“ သူတို့ပြောတာတော့ အမွေကစုန်ရတယ် ။ ဆန်လို့မရဘူး ။ ဒါကြောင့် လူပျိုကြီးရဲ့ အမွေကို အစ်ကိုဖြစ်သူက မရနိုင်ဘူး ။ညီမဖြစ်သူက သာရမယ် ။ အစ်ကိုက မွေးတဲ့သားကလည်း ဦးလေး အမွေကိုမရဘူး ။ညီမငယ်ရဲ့ သားသမီးနှစ်ယောက်ကသာအမွေရမယ်လို့ ပြောပါတယ် ”

“ လူပျိုကြီးရဲ့ မောင်နှမအရင်တွေကလည်း ကွယ်လွန်သွားကြပြီးသူတို့သက်ရှိထင်ရှားရှိနေတယ်ဆိုရင် တော့ သူတို့ပြောသလို အစ်ကိုကြီးကအမွေရခွင့်မရှိဘူး ။ညိမက အမွေရခွင့်ရှိမှာဖြစ်တယ် ။ တူ တူမတွေကြတော့ မသက်ဆိုင်တော့ဘူး ”

“ ဥပဒေမှာ ဘယ်လိုများ သတ်မှတ်ထားပါသလဲ ”

“ဥပဒေအရတော့ ကွယ်လွန်သူအမွေရှင်မှာ တူ ၊ တူမတွေသာကျန်ခဲ့ရင် အားလုံးတန်းတူ အခွင့်အရေးရတယ် ”

“ ဒါဆိုရင် အစ်ကိုကြီးရဲ့ သားကလည်း အမွေဝေစုတစ်စုရနိုင်တာပေါ့ ”

“ ဟုတ်ပါတယ် ။မြန်မာဓလေ့ထုံးထမ်းဥပဒေအရ ကွယ်လွန်သူသေဆုံးစဉ်၌ ကွယ်လွန်သူ၏ အစ်ကိုနှင့် ညီလည်း ကွယ်လွန်ပြီးဖြစ်လျှင် ညီက မွေးသောသားသည် အစ်ကိုမှ မွေးသော သားကို အမွေမှ ပယ်ထုတ်ခြင်းမပြုနိုင် ။ တူ ၊ တူမ များသည် အမွေအညီအမျှရသည်လို့ဦးဖိုးသားဒွန်းနှင့်မောင်တင် ၊ ရန်ကုန်တရားစီရင်ထုံးအတွဲ ၈ ၊ စာမျက်မှာ-၄၈၀ ။အမှုမှာ ထုံးဖွဲ့ဆုံးဖြတ်ထားပါတယ် ”

“ တကယ်လို့ ရောင်းမယ်ဆိုတဲ့ မြေပိုင်ရှင် တူ ၊တူမ က ဘကြီးရဲ့ သားကို အမွေခွဲမပေးနိုင်ဘူးဆိုရင် ဘယ်လိုဖြစ်လာနိုင်သလဲ ”

“အမွေမှုစွဲဆိုပြီး အမွေခွဲဝေပေးဖို့ တရားရုံးမှာ လျှောက်ထားတောင်းဆိုနိုင်ပါတယ် ”

“ အမှုဖြစ်ပြီဆိုမှတော့ အရောင်အဝယ်ဖြစ်ဖို့ခက်သွားတာပေါ့နော် ”

“မှန်ပါတယ် ။တစ်ခုတော့ရှိတာပေါ့ ။အမွေဆက်ခံခွင့်ကို တရားရုံးကသတ်မှတ်ပေးလိုက်ရင် တရားရုံးရဲ့ အမိန့်ဒီကရီနဲ့ ဝယ်သူက တရားဝင်ဝယ်ယူပိုင်ဆိုင်ခွင့်ရသွားတာပေါ့ ”

“မှတ်ပုံတင်စာချုပ်ရုံးမှာ အရောင်းအဝယ်မှတ်ပုံတင် စာချုပ်ကိုချုပ်ဆိုနိုင်ပြီလား ဆရာ ”

“မြေအိမ်တန်ဖိုးသက်သာချင်ရင်တော့ တရားရုံးက လေလံတင်သည့်အထိ စောင့်ပြီး လေလံဝင်ဆွဲလို့ဝယ်ရင်လည်း ဖြစ်တယ် ”

“ တရားစွဲဆိုခြင်းမရှိဘဲ နှစ်ဖက်ညှိနှိုင်းလို့ သုံးပုံခွဲယူရင် အရောင်းအဝယ်ပြီးမြောက်တရားဝင်တယ် မဟုတ်လား ”

“ ဥပဒေနဲ့အညီ အမွေဆိုင်များ သဘောတူအမွေခွဲဝေခြင်းဟာ တရားဝင်ပါတယ် ။ဒါပေမယ့် စာချုပ်စာတမ်းရုံးမှာ အရောင်းအဝယ် မှတ်ပုံတင်စာချုပ်ချုပ်ဆိုဖို့တော့ တူ တူမဖြစ်သူတွေက တရားရုံးမှာ အမွေထိန်းစာလျှောက်ထားဖို့လိုမှာဖြစ်ပါတယ် ”

“ တူ၊ တူမတွေက ကွယ်လွန်သူမြေအမည်ပေါက်ရဲ့ တိုက်ရိုက် အမွေဆက်ခံသူတွေမဟုတ်လား ”

“ ဥပဒေအရတော့ ကွယ်လွန်သူမြေအမည်ပေါက် ရဲ့ တိုက်ရိုက် အမွေဆက်ခံသူ သား ၊ သမီး ၊ ဇနီး ၊ ခင်ပွန်း မဟုတ်တဲ့အတွက် အမွေဆက်ခံပိုက်ဆိုင်ကြောင်း ကြေညာစာချုပ်ပြုလုပ်လို့မရပါဘူး ။ဆွေမျိုးတစ်ဆင့်ဝေးနေလို့ တူ ၊ တူမများနဲ့ တိုက်ရိုက်မှတ်ပုံတင် အရောင်းအဝယ်စာချုပ် ချုပ်ဆိုဖို့ အခက်အခဲ ရှိနေလိမ့်မယ် ”

“ ဆရာပြောတဲ့သဘောအရ တူ ၊ တူမတွေက တရားရုံးမှာ ကွယ်လွန်သူပိုင်ပစ္စည်းအပေါ် အမွေထိန်းစာလျှောက်ထားပြီးရတော့မှ အရောင်းအဝယ်စာချုပ် ချုပ်ရမယ့် သဘောပေါ့ ”

“ ဟုတ်ပါတယ် ” ဟု ရှင်းပြဆွေးနွေးလိုက်ပါသည် ။

အိမ်ခြံမြေ ကိစ္စအဝဝနှင့် ပတ်သက်၍ ဥပဒေအကြံပေးပညာရှင်များနှင့် ဆွေးနွေးတိုင်ပင်လိုပါက iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ၏ ဖုန်းနံပါတ်များဖြစ်သော 09-966901767, 09-268022352 သို့ ဆက်သွယ်နိုင်ပါသည်။ အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။

Credit: ထီယု(ဥပဒေအတိုင်ပင်ခံ)

 

[Zawgyi]

ကြယ္လြန္သူ အပ်ိဳၾကီး လူပ်ိဳၾကီးပိုင္ ေျမနွင့္အိမ္ကို ၀ယ္မည္ဆိုလွ်င္

“ ကြယ္လြန္သြားတဲ့ လူပ်ိဳၾကီးတစ္ေယာက္ပို္င္ ေျမကြက္ကို ဝယ္ဖို႕စိတ္ကူးထားတယ္ဆရာ ” ဟု မိတ္ေဆြတစ္ဦးက စာေရးသူအား စကားစေျပာလိုက္ပါသည္ ။

“ ကန္႕ကြက္သူရွိေနလို႕လား ။ညီအစ္ကို ေမာင္နွမဘယ္နွစ္ေယာက္က်န္ခဲ့လဲ ”

“ ညီအစ္ကို ေမာင္နွမလည္း မရွိေတာ့ဘူးဆရာ ”

“ တူ ၊ တူမေတြ မက်န္ခဲ့ဘူးလား ။ေျမကြက္က လူပ်ိဳၾကီးအမည္ေပါက္လား ”

“ ဒီလိုဆရာ ၊ ေျမကြက္အမည္ေပါက္ကေတာ့ လူပ်ိဳၾကီးအမည္ေပါက္ ဂရန္ေျမျဖစ္ပါတယ္ ။ ေမာင္နွမသံုးေယာက္ရွိတယ္ ။အခု လူပ်ိဳၾကီးက အလတ္လို႕ေျပာတယ္ ”

“ ဒါဆိုရင္ အငယ္ဆံုးကလည္းသက္ရွိထင္ရွားမရွိေတာ့ဘူးဆိုေတာ့သူတို႕ရဲ႕ သားသမီးေတြက်န္ခဲ့လား ”

“ အစ္ကိုၾကီးက အတူမေနဘူး ။သီးျခားအိမ္ခြဲေနတယ္ ။ သူ႕မွာ သားတစ္ေယာက္က်န္ခဲ့တယ္ ။ညီမငယ္က အစ္ကိုလတ္ျဖစ္တဲ့ လူပ်ိဳၾကီးနဲ႕ အတူေနတယ္ ”

“ အတူေနညီမပါ ကြယ္လြန္သြားေတာ့ သားသမီးက်န္ခဲ့လား ”

“ ညီမျဖစ္သူမွာ သားတစ္ေယာက္ ၊ သမီးတစ္ေယာက္က်န္တယ္ ”

“ အားလံုးတူ တူမ သံုးဦးရွိတယ္ ဆိုပါေတာ့ ”

“ ဟုတ္ကဲ့ အဲဒီလိုပဲ ေျပာရမွာေပါ့ ”

“အခုဘယ္သူက ေရာင္းမွာလဲ ”

“ လူပ်ိဳၾကီးနဲ႕ အတူေန တူ ၊ တူမနွစ္ေယာက္က ေရာင္းမွာဆရာ ”

“ စရန္ေပးျပီးျပီးလား ”

“ စရန္ေပးမယ့္ရက္မွာပဲ အစ္ကုိၾကီးရဲ႕ သားက သိသြားလို႕သူလည္းအေမြဆက္ခံခြင့္ရွိတယ္ ။သူသေဘာမတူဘဲ ေရာင္းဝယ္ငွါးမလုပ္ပါနဲ႕ဆိုျပီး သတင္းစာထဲမွာ ကန္႕ကြက္တာေတြ႕လိုက္ရတယ္ ”

“ဒါနဲ႕ အေရာင္းအဝယ္ရပ္သြားတဲ့ သေဘာေပါ့ ”

“အဲဒီလိုျဖစ္သြားတယ္ေပါ့ဗ်ာ ”

“ နွစ္ဖက္ညွိလို႕မရဘူးလား ။ေရာင္းမယ္ဆိုတဲ့ ေျမပိုင္ရွင္ရဲ႕ တူ တူမတို႕ဆီမသြားဘူးလား ”

“ သြားပါတယ္ ။အက်ိဳးအေၾကာင္းေမးၾကည့္ပါတယ္ ”

“ သူတို႕က ဘာေျပာလဲ ။ဘယ္လိုေဆာင္ရြက္ေပးမယ္လို႕ ေျပာသလဲ ”

“ သူတို႕ေျပာတာက ကြယ္လြန္သူေျမပိုင္ရွင္ လူပ်ိဳၾကီးရဲ႕ အစ္ကိုျဖစ္သူမွေမြးဖြားတဲ့သားမို႕ အေမြဆက္ခံခြင့္မရွိဘူးလို႕ ေျပာတယ္ ။သူတို႕နဲ႕ ယံုယုံၾကည္ၾကည္အေရာင္းအဝယ္လုပ္ပါလို႕ ေျပာတယ္ ”

“ သူတို႕ေျပာတာတစ္ခုခုေတာ့ လြဲေနျပီထင္တယ္ ”

“ ကၽြန္ေတာ္စိတ္ထဲမွာလည္း မတင္မက်ျဖစ္ေနလို႕ ဥပေဒအေၾကာင္းအရ ဘယ္လုိျဖစ္ႏိုင္သလဲဆိုတာ ဆရာ႕ဆီလာေဆြးေႏြးတာပါ ”

“ ဘာေၾကာင့္ေျမပိုင္ရွင္ လူပ်ိဳၾကီးရဲ႕ အစ္ကိုက ေမြးတဲ့သားကုိ အေမြမေပးႏိုင္းေၾကာင္း ရွင္းျပေသးလား ”

“ သူတို႕ေျပာတာေတာ့ အေမြကစုန္ရတယ္ ။ ဆန္လို႕မရဘူး ။ ဒါေၾကာင့္ လူပ်ိဳၾကီးရဲ႕ အေမြကို အစ္ကိုျဖစ္သူက မရႏိုင္ဘူး ။ညီမျဖစ္သူက သာရမယ္ ။ အစ္ကိုက ေမြးတဲ့သားကလည္း ဦးေလး အေမြကိုမရဘူး ။ညီမငယ္ရဲ႕ သားသမီးနွစ္ေယာက္ကသာအေမြရမယ္လို႕ ေျပာပါတယ္ ”

“ လူပ်ိဳၾကီးရဲ႕ ေမာင္နွမအရင္ေတြကလည္း ကြယ္လြန္သြားၾကျပီးသူတို႕သက္ရွိထင္ရွားရွိေနတယ္ဆိုရင္ ေတာ့ သူတို႕ေျပာသလို အစ္ကိုၾကီးကအေမြရခြင့္မရွိဘူး ။ညိမက အေမြရခြင့္ရွိမွာျဖစ္တယ္ ။ တူ တူမေတြၾကေတာ့ မသက္ဆိုင္ေတာ့ဘူး ”

“ ဥပေဒမွာ ဘယ္လိုမ်ား သတ္မွတ္ထားပါသလဲ ”

“ဥပေဒအရေတာ့ ကြယ္လြန္သူအေမြရွင္မွာ တူ ၊ တူမေတြသာက်န္ခဲ့ရင္ အားလံုးတန္းတူ အခြင့္အေရးရတယ္ ”

“ ဒါဆိုရင္ အစ္ကိုၾကီးရဲ႕ သားကလည္း အေမြေဝစုတစ္စုရႏိုင္တာေပါ့ ”

“ ဟုတ္ပါတယ္ ။ျမန္မာဓေလ့ထံုးထမ္းဥပေဒအရ ကြယ္လြန္သူေသဆံုးစဥ္၌ ကြယ္လြန္သူ၏ အစ္ကိုနွင့္ ညီလည္း ကြယ္လြန္ျပီးျဖစ္လွ်င္ ညီက ေမြးေသာသားသည္ အစ္ကိုမွ ေမြးေသာ သားကို အေမြမွ ပယ္ထုတ္ျခင္းမျပဳႏိုင္ ။ တူ ၊ တူမ မ်ားသည္ အေမြအညီအမွ်ရသည္လို႕ဦးဖိုးသားဒြန္းနွင့္ေမာင္တင္ ၊ ရန္ကုန္တရားစီရင္ထံုးအတြဲ ၈ ၊ စာမ်က္မွာ-၄၈၀ ။အမႈမွာ ထံုးဖြဲ႕ဆံုးျဖတ္ထားပါတယ္ ”

“ တကယ္လို႕ ေရာင္းမယ္ဆိုတဲ့ ေျမပိုင္ရွင္ တူ ၊တူမ က ဘၾကီးရဲ႕ သားကို အေမြခြဲမေပးႏိုင္ဘူးဆိုရင္ ဘယ္လိုျဖစ္လာႏိုင္သလဲ ”

“အေမြမႈစြဲဆိုျပီး အေမြခြဲေဝေပးဖို႕ တရားရုံးမွာ ေလွ်ာက္ထားေတာင္းဆိုႏိုင္ပါတယ္ ”

“ အမႈျဖစ္ျပီဆိုမွေတာ့ အေရာင္အဝယ္ျဖစ္ဖို႕ခက္သြားတာေပါ့ေနာ္ ”

“မွန္ပါတယ္ ။တစ္ခုေတာ့ရွိတာေပါ့ ။အေမြဆက္ခံခြင့္ကို တရားရုံးကသတ္မွတ္ေပးလိုက္ရင္ တရားရုံးရဲ႕ အမိန္႕ဒီကရီနဲ႕ ဝယ္သူက တရားဝင္ဝယ္ယူပိုင္ဆိုင္ခြင့္ရသြားတာေပါ့ ”

“မွတ္ပံုတင္စာခ်ဳပ္ရုံးမွာ အေရာင္းအဝယ္မွတ္ပံုတင္ စာခ်ဳပ္ကိုခ်ဳပ္ဆိုႏိုင္ျပီလား ဆရာ ”

“ေျမအိမ္တန္ဖိုးသက္သာခ်င္ရင္ေတာ့ တရားရုံးက ေလလံတင္သည့္အထိ ေစာင့္ျပီး ေလလံဝင္ဆြဲလို႕ဝယ္ရင္လည္း ျဖစ္တယ္ ”

“ တရားစြဲဆိုျခင္းမရွိဘဲ နွစ္ဖက္ညွိႏိႈင္းလို႕ သံုးပံုခြဲယူရင္ အေရာင္းအဝယ္ျပီးေျမာက္တရားဝင္တယ္ မဟုတ္လား ”

“ ဥပေဒနဲ႕အညီ အေမြဆိုင္မ်ား သေဘာတူအေမြခြဲေဝျခင္းဟာ တရားဝင္ပါတယ္ ။ဒါေပမယ့္ စာခ်ဳပ္စာတမ္းရုံးမွာ အေရာင္းအဝယ္ မွတ္ပံုတင္စာခ်ဳပ္ခ်ဳပ္ဆိုဖို႕ေတာ့ တူ တူမျဖစ္သူေတြက တရားရုံးမွာ အေမြထိန္းစာေလွ်ာက္ထားဖို႕လိုမွာျဖစ္ပါတယ္ ”

“ တူ၊ တူမေတြက ကြယ္လြန္သူေျမအမည္ေပါက္ရဲ႕ တိုက္ရုိက္ အေမြဆက္ခံသူေတြမဟုတ္လား ”

“ ဥပေဒအရေတာ့ ကြယ္လြန္သူေျမအမည္ေပါက္ ရဲ႕ တိုက္ရုိက္ အေမြဆက္ခံသူ သား ၊ သမီး ၊ ဇနီး ၊ ခင္ပြန္း မဟုတ္တဲ့အတြက္ အေမြဆက္ခံပိုက္ဆိုင္ေၾကာင္း ေၾကညာစာခ်ဳပ္ျပဳလုပ္လို႕မရပါဘူး ။ေဆြမ်ိဳးတစ္ဆင့္ေဝးေနလို႕ တူ ၊ တူမမ်ားနဲ႕ တုိက္ရုိက္မွတ္ပံုတင္ အေရာင္းအဝယ္စာခ်ဳပ္ ခ်ဳပ္ဆိုဖို႕ အခက္အခဲ ရွိေနလိမ့္မယ္ ”

“ ဆရာေျပာတဲ့သေဘာအရ တူ ၊ တူမေတြက တရားရုံးမွာ ကြယ္လြန္သူပိုင္ပစၥည္းအေပၚ အေမြထိန္းစာေလွ်ာက္ထားျပီးရေတာ့မွ အေရာင္းအဝယ္စာခ်ဳပ္ ခ်ဳပ္ရမယ့္ သေဘာေပါ့ ”

“ ဟုတ္ပါတယ္ ” ဟု ရွင္းျပေဆြးေႏြးလိုက္ပါသည္ ။

အိမ္ျခံေျမ ကိစၥအဝဝနွင့္ ပတ္သက္၍ ဥပေဒအၾကံေပးပညာရွင္မ်ားနွင့္ ေဆြးေႏြးတိုင္ပင္လိုပါက iMyanmarHouse.com (အိုင္ျမန္မာေဟာက္စ္ေဒါ႔ကြန္း) ၏ ဖုန္းနံပါတ္မ်ားျဖစ္ေသာ 09-966901767, 09-268022352 သို႔ ဆက္သြယ္ႏိုင္ပါသည္။ အေသးစိတ္ၾကည့္ရန္ ဤေနရာကို ႏွိပ္ပါ။

Credit: ထီယု(ဥပေဒအတိုင္ပင္ခံ)

နောက်ဆုံးရ အိမ်ခြံမြေ ဗဟုသုတများ

ဟောင်ကောင် ရေကြောင်းရဲအရာရှိတစ်ဦး ၁၀ ဒေါ်လာဖိုး ဖုန်းဆက်ထီထိုးခဲ့ရာ ဒေါ်လာ ၆၉ သန်း Jackpot ဆုကြီး ထီပေါက်...
ဟောင်ကောင် ရေကြောင်းရဲအရာရှိတစ်ဦး ၁၀ ဒေါ်လာဖိုး ဖုန်းဆက်ထီထိုးခဲ့ရာ ဒေါ်လာ ၆၉ သန်း Jackpot ဆုကြီး ထီပေါက်...
ကာဇက်စတန်မှ ရွာကလေးတွင် ရွာသူရွာသားတို့မှာ လမ်းလျှောက်ရင်းပင် ရုတ်တရက် အိပ်ပျော်သွားတတ်ကြပြီး ပြန်နိုးလာချိန်တွင် မည်သည့်အချိန်က အိပ်ပျော်သွားသည်ကို မမှတ်မိကြသည့် ဆန်းကြယ်သော ဖြစ်ရပ်...
ကာဇက်စတန်မှ ရွာကလေးတွင် ရွာသူရွာသားတို့မှာ လမ်းလျှောက်ရင်းပင် ရုတ်တရက် အိပ်ပျော်သွားတတ်ကြပြီး ပြန်နိုးလာချိန်တွင် မည်သည့်အချိန်က အိပ်ပျော်သွားသည်ကို မမှတ်မိကြသည့် ဆန်းကြယ်သော ဖြစ်ရပ်...
ဟယ်ရီဆင်ဖို့ဒ်က တောမီးဦးတည်နေသည့် ဘရန့်ဝုဒ်အရပ်မှ သူ၏ စံအိမ်ဆီသို့ သွားရန် ကြိုးစားရာ ရဲအရာရှိတို့ လိုက်ပါစောင့်ကြပ်ပေးခဲ့...
ဟယ်ရီဆင်ဖို့ဒ်က တောမီးဦးတည်နေသည့် ဘရန့်ဝုဒ်အရပ်မှ သူ၏ စံအိမ်ဆီသို့ သွားရန် ကြိုးစားရာ ရဲအရာရှိတို့ လိုက်ပါစောင့်ကြပ်ပေးခဲ့...
ကယ်လီဖိုးနီးယားတွင် တောမီးကြောင့် အရေးပေါ်အခြေအနေ ကြေညာထားပြီး ညမထွက်ရအမိန့် ထုတ်ပြန်ထားရာ ဒုသမ္မတ ခါမလာဟဲရစ်၏ နေအိမ်အနီး ညဘက် သွားလာသူ ၂ ဦး ဖမ်းဆီးခံရ...
ကယ်လီဖိုးနီးယားတွင် တောမီးကြောင့် အရေးပေါ်အခြေအနေ ကြေညာထားပြီး ညမထွက်ရအမိန့် ထုတ်ပြန်ထားရာ ဒုသမ္မတ ခါမလာဟဲရစ်၏ နေအိမ်အနီး ညဘက် သွားလာသူ ၂ ဦး ဖမ်းဆီးခံရ...
ဂျပန်နိုင်ငံသားများအကြား “အိမ်သာ” ဟု ရည်ညွှန်းပြောဆိုကြသည့် ကျဉ်းမြောင်းလှသော လူနေခန်းလေးများ၊ ဟိုတယ်များ အမြဲပြည့်နေသော ဂျပန်တွင် နိုင်ငံခြားခရီးသွားများ တည်းခိုရန် စိတ်ဝင်စားလျက်ရှိ...
ဂျပန်နိုင်ငံသားများအကြား “အိမ်သာ” ဟု ရည်ညွှန်းပြောဆိုကြသည့် ကျဉ်းမြောင်းလှသော လူနေခန်းလေးများ၊ ဟိုတယ်များ အမြဲပြည့်နေသော ဂျပန်တွင် နိုင်ငံခြားခရီးသွားများ တည်းခိုရန် စိတ်ဝင်စားလျက်ရှိ...
(ထူးထူးခြားခြား အိမ်ခြံမြေဒိုင်ယာရီ) အိန္ဒိယတွင် အိမ်ခြံမြေ Developer တစ်ဦးက ဆောက်လုပ်ရေးအတွက် မြေတူးစဉ် ရွှေအိုးကြီးတစ်လုံး တူးဖော်တွေ့ရှိ...
(ထူးထူးခြားခြား အိမ်ခြံမြေဒိုင်ယာရီ) အိန္ဒိယတွင် အိမ်ခြံမြေ Developer တစ်ဦးက ဆောက်လုပ်ရေးအတွက် မြေတူးစဉ် ရွှေအိုးကြီးတစ်လုံး တူးဖော်တွေ့ရှိ...
မိုက်ခရိုဝေ့(Microwave) နှင့် ပြန်နွှေးပြီး မစားသင့်သော အစာ (၇) မျိုး
မိုက်ခရိုဝေ့(Microwave) နှင့် ပြန်နွှေးပြီး မစားသင့်သော အစာ (၇) မျိုး
အိမ်ခြံမြေအရေး iMyanmarHouse ကို တွေးလိုက်ပါ🤔
အိမ်ခြံမြေအရေး iMyanmarHouse ကို တွေးလိုက်ပါ🤔
ပစ္စည်းလွှဲပြောင်းခြင်း ဥပဒေအကြောင်းကို ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
ပစ္စည်းလွှဲပြောင်းခြင်း ဥပဒေအကြောင်းကို ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
အိမ်ပိုင်ရှင်များသတိထားနိုင်ဖို့ တစ်ထပ်အိမ်ကို အဆင့်မြှင့်တဲ့အခါ ဆောင်ရန်ရှောင်ဖွယ်အချက် ( ၄) ချက်...
အိမ်ပိုင်ရှင်များသတိထားနိုင်ဖို့ တစ်ထပ်အိမ်ကို အဆင့်မြှင့်တဲ့အခါ ဆောင်ရန်ရှောင်ဖွယ်အချက် ( ၄) ချက်...

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

၃ နာရီထဲနဲ့ အပြီးဆောက်ကာ ကမ္ဘာ့အမြန်ဆုံးဆောက်လုပ်သောစံအိမ်အဖြစ် ဂင်းနက်စံချိန်တင်ခဲ့တဲ့ အမေရိကန်ပြည်က စံအိမ်ကြီး
၃ နာရီထဲနဲ့ အပြီးဆောက်ကာ ကမ္ဘာ့အမြန်ဆုံးဆောက်လုပ်သောစံအိမ်အဖြစ် ဂင်းနက်စံချိန်တင်ခဲ့တဲ့ အမေရိကန်ပြည်က စံအိမ်ကြီး
ဂျပန်အမျိုးသားတစ်ဦးက စိတ်ဖိစီးမှု ဖြေဖျောက်ရန်ဟုဆိုကာ နေအိမ်ပေါင်း ၁၀၀၀ ကျော်ကို ကျူးကျော်ဝင်ရောက်ခဲ့မှု ရဲတပ်ဖွဲ့ အံ့သြ
ဂျပန်အမျိုးသားတစ်ဦးက စိတ်ဖိစီးမှု ဖြေဖျောက်ရန်ဟုဆိုကာ နေအိမ်ပေါင်း ၁၀၀၀ ကျော်ကို ကျူးကျော်ဝင်ရောက်ခဲ့မှု ရဲတပ်ဖွဲ့ အံ့သြ
Tom Hanks ၏ လော့စ်အိန်ဂျလိစံအိမ် တောမီးဘေးမှ အံ့ဖွယ် မီးကွင်းကျန်ရစ်ခဲ့
Tom Hanks ၏ လော့စ်အိန်ဂျလိစံအိမ် တောမီးဘေးမှ အံ့ဖွယ် မီးကွင်းကျန်ရစ်ခဲ့
၁၄ နာရီအတွင်း အမျိုးသားပေါင်း ၁၀၁ ဦးနှင့် အိပ်ခဲ့သော OnlyFans လူမှုကွန်ရက်မှ အကျော်အမော် အင်္ဂလန်နိုင်ငံသူ မိန်းကလေး Lil
၁၄ နာရီအတွင်း အမျိုးသားပေါင်း ၁၀၁ ဦးနှင့် အိပ်ခဲ့သော OnlyFans လူမှုကွန်ရက်မှ အကျော်အမော် အင်္ဂလန်နိုင်ငံသူ မိန်းကလေး Lil
အင်္ဂလန်တွင် အိမ်သို့ ဧည့်သည်လာလျှင် ၁၀ ပေါင် ကောက်ခံသည့် အိမ်ရှင်အပါအဝင် အိမ်ငှားတို့ ရင်ဆိုင်ရသည့်အဖြစ်များ
အင်္ဂလန်တွင် အိမ်သို့ ဧည့်သည်လာလျှင် ၁၀ ပေါင် ကောက်ခံသည့် အိမ်ရှင်အပါအဝင် အိမ်ငှားတို့ ရင်ဆိုင်ရသည့်အဖြစ်များ
နတ်သမီးများ ပြန်ခေါ်မှ ရုပ်ရှင်နယ်သို့ ပြန်လာမည်ဟု ကြုံးဝါးခဲ့သော်လည်း ငွေလိုနေသဖြင့် ရုပ်ရှင်နယ်သို့ ခြေပြန်ချလာသူ ဂျင်
နတ်သမီးများ ပြန်ခေါ်မှ ရုပ်ရှင်နယ်သို့ ပြန်လာမည်ဟု ကြုံးဝါးခဲ့သော်လည်း ငွေလိုနေသဖြင့် ရုပ်ရှင်နယ်သို့ ခြေပြန်ချလာသူ ဂျင်
အိမ်ရှင်အိမ်ငှားလိုက်နာရမည့် စည်းကမ်းချက်များအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
အိမ်ရှင်အိမ်ငှားလိုက်နာရမည့် စည်းကမ်းချက်များအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
အိမ်ရှင်နှင်ထုတ်ခြင်းခံရသော အိမ်ငှားက အိမ်နောက်ဘက်ရှိ ပန်းအိုးများအားလုံးကို ယူဆောင်သွားရာ အိမ်ရှင်မှာ ယမ်းပုံမီးကျဖြစ်က
အိမ်ရှင်နှင်ထုတ်ခြင်းခံရသော အိမ်ငှားက အိမ်နောက်ဘက်ရှိ ပန်းအိုးများအားလုံးကို ယူဆောင်သွားရာ အိမ်ရှင်မှာ ယမ်းပုံမီးကျဖြစ်က
ဟယ်ရီဆင်ဖို့ဒ်က တောမီးဦးတည်နေသည့် ဘရန့်ဝုဒ်အရပ်မှ သူ၏ စံအိမ်ဆီသို့ သွားရန် ကြိုးစားရာ ရဲအရာရှိတို့ လိုက်ပါစောင့်ကြပ်ပေးခ
ဟယ်ရီဆင်ဖို့ဒ်က တောမီးဦးတည်နေသည့် ဘရန့်ဝုဒ်အရပ်မှ သူ၏ စံအိမ်ဆီသို့ သွားရန် ကြိုးစားရာ ရဲအရာရှိတို့ လိုက်ပါစောင့်ကြပ်ပေးခ
ဆလီနာ ဂိုမက်ဇ်နှင့် တေးထုတ်လုပ်ရေးပိုင်ရှင် Benny Blanco တို့စေ့စပ်ကြောင်းလမ်း၊ ဆလီနာ ပိုင်တဲ့ အိမ်တွေ အများကြီးထဲက ဘယ်အ
ဆလီနာ ဂိုမက်ဇ်နှင့် တေးထုတ်လုပ်ရေးပိုင်ရှင် Benny Blanco တို့စေ့စပ်ကြောင်းလမ်း၊ ဆလီနာ ပိုင်တဲ့ အိမ်တွေ အများကြီးထဲက ဘယ်အ

နောင်လာမည့် အိမ်ခြံမြေ ပွဲစဉ်များ

The Crest
Ponnami Estate

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service