ဗဟုသုတ | Posted by နှင်းအိခင်
[Unicode] “ခြံမြေထဲမှာ ကျူးကျော်နေထိုင် သူကို တရားရုံးမှာ တရားစွဲနှင်လို့ ရပါသလား”ဟု မိတ်ဆွေတစ်ဦးက စာရေးသူထံ လာရောက်ဆွေးနွေးပါသည်။
“ခြံမြေဆိုတော့ ဘယ်လိုမြေ အမျိုးအစားလဲ။ ဂရန်မြေ၊ ဘိုးဘွားပိုင်မြေ၊ ဥယျာဉ်ခြံမြေ၊ အမျိုးမျိုးရှိ တယ်လေ”
“ဥယျာဉ်ခြံမြေလို့ ပြောတယ်။ ဂရန်မြေတော့ မဟုတ်ဘူး”
“သူငယ်ချင်းက ဘယ်နေရာမှာ ဝယ်ထားလို့လဲ”
“ကိုယ်တိုင်ဝယ်ထားတာ မဟုတ်ပါဘူး။ တူတော်တာပေါ့ သူငယ်ချင်း၊ ညီအငယ်ဆုံးရဲ့သားက ဝယ်ထားတာ။ သူက နိုင်ငံခြား သင်္ဘောပေါ်မှာ အလုပ်လုပ်တော့ ဝယ်ပြီးသွားမကြည့် ဖြစ်ဘူးပေါ့ကွယ်။ အခုတော့ စီမံကိန်း တွေရှိလာနိုင်တယ်ဆိုပြီး သွားစုံစမ်းတော့ ကိုယ်ဝယ်ထားတဲ့ မြေကွက်ထဲမှာ အဆောက်အအုံဆောက်ပြီး လူ နေတာတွေ့တယ် ပြောတယ်။ အဲဒါကြောင့် တရားစွဲလို့ရမရ သိချင်လို့ သူငယ်ချင်းဆီ ရောက်လာတာ”
“ပြောစကားအရဆိုရင်တော့ ဥပဒေအရ လယ်ယာမြေအမျိုးအစား ထဲမှာပါရှိတဲ့ ဥယျာဉ်ခြံမြေဖြစ်လိမ့်မယ်”
“ဟုတ်တယ် လယ်ယာမြေအမျိုးအစားလို့လည်း ပြောတယ်။ ဒါပေမယ့် စိုက်ပျိုးသီးနှံတော့ မစိုက်ကြ တော့ဘူး”
“တချို့ လယ်ယာမြေတွေကို လူနေထိုင်ခွင့်ရတဲ့ မြေအဖြစ် အခြားနည်းဖြင့် အသုံးပြုခွင့် လျှောက်ထားတဲ့ မြေတွေလည်း ရှိတယ်။ ဝယ်ထားတယ်ဆိုတော့ မြေကွက်နဲ့ ပတ်သက်တဲ့ အထောက်အထား စာရွက်စာတမ်း ရယူထားတာတွေရှိသလား”
“မြေကွက်နဲ့ ပတ်သက်လို့ ပုံစံ (၇) စာရွက်တော့ရှိတယ်။ ပြီးတော့ အရောင်းအဝယ်စာချုပ်ကိုလည်း သက် ဆိုင်ရာ ရပ်ကွက်ကျေးရွာ ကောင်စီ ဥက်္ကဋ္ဌရှေ့မှာ ချုပ်ဆိုတာလို့ပြောတယ်”
“အဲဒီမြေကွက် အရောင်းအဝယ် စာချုပ်ကို သက်ဆိုင်ရာ မြေ စာရင်းဦးစီးဌာနမှာ မှတ်ပုံတင်ပြုလုပ် ထားသေးလား”
“အဲဒါတော့ သေချာမသိဘူး။ ရပ်ကွက်ကျေးရွာကောင်စီဥက်္ကဋ္ဌ ကိုယ်တိုင် လက်မှတ်ရေးထိုးထားတာတော့ စာချုပ်မှာတွေ့တယ်”
“အခုခြံထဲမှာ ဝင်နေတဲ့သူတွေက ဘာပြောလဲ၊ သူတို့လည်း ဝယ်ထားတယ်လို့ ပြောသလား”
“ဝယ်ထားတယ်တော့ မဟုတ်ဘူး။ သူတို့ မိဘလက်ထက်ကတည်းက လုပ်ကိုင်နေတဲ့ မြေကွက်လို့ ပြော တယ်။ အထောက်အထားတော့ အတိအကျ ရှိပုံမပေါ်ဘူး”
“ပုံစံ(၇) ထုတ်ပေးထားတဲ့ မြေကွက်ဖြစ်တဲ့အတွက် ၂၀၁၂ ခုနှစ် လယ်ယာမြေဥပဒေအရ လယ်ယာ မြေအမျိုးအစားမှာပါဝင်တဲ့ ဥယျာဉ် ခြံမြေ ဖြစ်နေတယ်”
“ပုံစံ (၇) ဆိုတာက ဘာကိုပြောတာလဲ”
“ပုံစံ (၇) စာရွက်စာတမ်းက လယ်ယာမြေလုပ်ပိုင်ခွင့်ကို ခွင့်ပြုတဲ့ လယ်ယာမြေလုပ်ပိုင်ခွင့် လက်မှတ် ဖြစ်တယ်”
“မြေကွက်မြေပုံလည်း ပါတယ်ဆိုတော့ တရားဝင်တယ်ပေါ့”
“မြေစာရင်း ပုံစံ - ၁၀၅ လို့လည်း ခေါ်ကြတယ်။ မြေပုံမြေရာဇဝင် ဖော်ပြချက်ဖြစ်တယ်”
“သူငယ်ချင်းပြောသလို ပုံစံ (၇) လယ်ယာလုပ်ပိုင်ခွင့် လက်မှတ်ရှိသူက ရောင်းချပိုင်ခွင့်ရှိတယ် မဟုတ်လား”
“လယ်ယာမြေ ဥပဒေပုဒ်မ (၉) မှာ လယ်ယာမြေလုပ်ပိုင်ခွင့်ရရှိသူသည် လယ်ယာမြေကို အားလုံးကို ဖြစ်စေ၊ တစ်စိတ်တစ်ပိုင်းဖြစ်စေ၊ လုပ်ပိုင်ခွင့်အား သတ်မှတ်ထားသော စည်းကမ်းနှင့်အညီ ရောင်းချခွင့်ရှိတယ်လို့ ပြဋ္ဌာန်းထားပါတယ်။ ဒါကြောင့် လယ်ယာလုပ်ပိုင်ခွင့် လက်မှတ်ရသူက မိမိရဲ့ လယ်ယာလုပ်ပိုင်ခွင့်ကို အခြားသူထံ ရောင်းပိုင်ခွင့်ရှိ မှာ ဖြစ်ပါတယ်”
“ထပ်ဆင့် ရောင်းချထားတာ မျိုးလည်း ရှိနိုင်တာပေါ့”
“ရှိနိုင်ပါတယ်။ လယ်ယာမြေ ဥပဒေပုဒ်မ (၁၂) မှာ လယ်ယာမြေ လုပ်ပိုင်ခွင့်ကို ရောင်းချခြင်း၊ ပေါင်နှံခြင်း၊ ငှားရမ်းခြင်း၊ လဲလှယ်ခြင်းနှင့် ပေးကမ်းခြင်းတို့ကို ဆောင်ရွက်သည့် အခါ ဦးစီးဌာနက သတ်မှတ်ထားသည့် တံဆိပ်ခေါင်းခွန်နှင့် စာချုပ် စာတမ်းမှတ်ပုံတင်ခကို ပေးဆောင်၍ သက်ဆိုင်ရာမြို့နယ်ကြေးတိုင်နှင့် မြေစာရင်းဦးစီးဌာနတွင် မှတ်ပုံတင်ရမည်လို့ ပြဋ္ဌာန်းထားပါတယ်။ ဒါကြောင့် ဥပဒေနဲ့အညီ တရားဝင် လုပ်ပိုင်ခွင့်ရဖို့ဆိုရင် သက်ဆိုင်ရာ မြို့နယ်ဦးစီးဌာနရုံးမှာ မှတ်ပုံတင်ပြု လုပ်ပြီး အရောင်းအဝယ်စာချုပ် ချုပ် ဆိုရမှာ ဖြစ်ပါတယ်။ အချို့ကလည်း မှတ်ပုံတင် ပြုလုပ်ချုပ်ဆိုခြင်းမရှိဘဲ၊ သက်ဆိုင်ရာ ကျေးရွာကောင်စီရဲ့ အသိအမှတ်ပြုအရောင်းအဝယ် စာချုပ် ချုပ်ဆိုပြီး အဆင့်ဆင့်ရောင်းကြတာတွေရှိလာကြတယ်”
ဒါဆိုရင် အခုကိစ်္စမှာ မြို့နယ် ကြေးတိုင်နဲ့ မြေစာရင်းဦးစီးဌာနရုံးမှာ မှတ်ပုံတင်ပြုလုပ်ထားဖို့တော့လိုမှာပေါ့”
“အဓိက လိုအပ်ချက်ပဲ သူငယ်ချင်း။ လယ်ယာမြေဥပဒေပုဒ်မ-၁၃ မှာ ဤဥပဒေအာဏာတည်ပြီးနောက် လယ်ယာမြေလုပ်ပိုင်ခွင့် အငြင်းပွားမှု အရှုပ်အရှင်းဖြစ်လာလျှင် ဦးစီးဌာနတွင် မှတ်ပုံတင်ထားပြီးမှသာ တရားဝင်ဖြေရှင်းဆောင်ရွက်နိုင်ခွင့်ရှိသည်လို့ ပြဋ္ဌာန်းထားပါတယ်။ ဒါကြောင့် သက်ဆိုင်ရာမြို့နယ်ကြေး တိုင်နှင့် မြေစာရင်းဦးစီးဌာနမှာ မှတ်ပုံတင်ထားဖို့ လိုအပ်ပါတယ်”
“ပုံစံ (၇) လယ်ယာလုပ်ပိုင်ခွင့် လက်မှတ်ရတဲ့သူကိုယ်တိုင် မဟုတ်ဘဲ သားသမီးက ရောင်းတယ်ဆိုရင် ဘယ်လိုဖြစ်နိုင်သလဲ”
“မိဘအမည်နဲ့ လုပ်ပိုင်ခွင့်ရပြီး မိဘက ကွယ်လွန်သွားလို့ အမွေဆက်ခံခွင့်ရှိသူနဲ့ ပတ်သက်အငြင်း ပွားရင်တော့ တရားရုံးမှာ တိုက်ရိုက် အမွေခွဲဝေပေးစေလိုမှုစတဲ့ အမွေဆက်ခံခြင်းနဲ့ ပတ်သက်ပြီး တရားစွဲ ဆိုနိုင်တယ်လို့ လယ်ယာမြေဥပဒေ ပုဒ်မ - ၉ (ဂ) မှာ ဖော်ပြထားပါတယ်။ အဲဒီမှာလည်း ပုံစံ (၇) လယ် ယာမြေလုပ်ကိုင်ခွင့်ကို မိဘအမည်နဲ့ လုပ်ပိုင်ခွင့်ရရှိမှတ်ပုံတင်ထားဖို့တော့ လိုတယ်”
“အခု ဝယ်ထားတဲ့ မြေကိစ္စက ဘယ်လိုဆောင်ရွက်နိုင်မလဲ”
“ပုံစံ (၇) အမည်ပေါက်လယ် ယာမြေလုပ်ပိုင်ခွင့် လက်မှတ်ရသူ ကိုယ်တိုင်က ရောင်းချခြင်းဆိုရင်တော့ ပိုပြီးအဆင်ပြေတယ် သူငယ်ချင်း။ အမွေဆက်ခံခြင်းကိစ်္စ စဉ်းစားဖို့ မလိုတော့ဘူး။ ဒါမှမဟုတ်ဘဲ မိဘ တစ်ဦးဦးရဲ့ လုပ်ပိုင်ခွင့်အဖြစ်သာ ရရှိ ထားပြီး မိဘကွယ်လွန်လို့ သားသမီး တစ်ဦးဦးက လုပ်ပိုင်ခွင့် တရားဝင် မရသေးဘဲ ရောင်းချမယ်ဆိုရင်တော့ အရောင်းအဝယ်ဟာ တရားဝင်မှာ မဟုတ်ဘူး။ အမွေဆက်ခံခွင့်ကိစ္စဦးစွာ ဆောင်ရွက်ဖို့လိုပါတယ်”
“တိုက်ရိုက်အမည်ပေါက်ဆီက ဝယ်တယ်ဆိုရင် ဘယ်လိုဖြစ်နိုင်လဲ”
“ပုံစံ (၇) လုပ်ပိုင်ခွင့်ရသူထံမှ ဝယ်ခဲ့ရင် သက်ဆိုင်ရာမြို့နယ် ကြေးတိုင်နဲ့ မြေစာရင်းဌာနမှာ မှတ်ပုံတင်ပြီးမှ သက်ဆိုင်ရာ ရပ်ကွက်ကျေးရွာ မြေယာစီမံခန့်ခွဲရေးအဖွဲ့ထံ တင်ပြဆောင်ရွက်ရမှာ ဖြစ်တယ်”ဟု အကြံပြု ဆွေးနွေးလိုက်ပါသည်။
အိမ်ခြံမြေ ကိစ္စအဝဝနှင့် ပတ်သက်၍ ဥပဒေအကြံပေးပညာရှင်များနှင့် ဆွေးနွေးတိုင်ပင်လိုပါက iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ၏ ဖုန်းနံပါတ်များဖြစ်သော 09-966901767, 09-268022352 သို့ ဆက်သွယ်နိုင်ပါသည်။ အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။
Credit: ထီယု (ဥပဒေအတိုင်ပင်ခံ)
[Zawgyi]
၀ယ္ထားသည့္ ဥယ်ာဥ္ၿခံေျမႏွင့္ ပတ္သက္၍ အျငင္းပြားမႈ တရားစြဲဆိုမည္ဆိုလွ်င္
“ၿခံေျမထဲမွာ က်ဴးေက်ာ္ေနထိုင္ သူကို တရား႐ုံးမွာ တရားစြဲႏွင္လို႔ ရပါသလား”ဟု မိတ္ေဆြတစ္ဦးက စာေရးသူထံ လာေရာက္ေဆြးေႏြးပါသည္။
“ၿခံေျမဆိုေတာ့ ဘယ္လိုေျမ အမ်ိဳးအစားလဲ။ ဂရန္ေျမ၊ ဘိုးဘြားပိုင္ေျမ၊ ဥယ်ာဥ္ၿခံေျမ၊ အမ်ိဳးမ်ိဳးရွိ တယ္ေလ”
“ဥယ်ာဥ္ၿခံေျမလို႔ ေျပာတယ္။ ဂရန္ေျမေတာ့ မဟုတ္ဘူး”
“သူငယ္ခ်င္းက ဘယ္ေနရာမွာ ဝယ္ထားလို႔လဲ”
“ကိုယ္တိုင္ဝယ္ထားတာ မဟုတ္ပါဘူး။ တူေတာ္တာေပါ့ သူငယ္ခ်င္း၊ ညီအငယ္ဆုံးရဲ႕သားက ဝယ္ထားတာ။ သူက ႏိုင္ငံျခား သေဘၤာေပၚမွာ အလုပ္လုပ္ေတာ့ ဝယ္ၿပီးသြားမၾကည့္ ျဖစ္ဘူးေပါ့ကြယ္။ အခုေတာ့ စီမံကိန္း ေတြရွိလာႏိုင္တယ္ဆိုၿပီး သြားစုံစမ္းေတာ့ ကိုယ္ဝယ္ထားတဲ့ ေျမကြက္ထဲမွာ အေဆာက္အအုံေဆာက္ၿပီး လူ ေနတာေတြ႕တယ္ ေျပာတယ္။ အဲဒါေၾကာင့္ တရားစြဲလို႔ရမရ သိခ်င္လို႔ သူငယ္ခ်င္းဆီ ေရာက္လာတာ”
“ေျပာစကားအရဆိုရင္ေတာ့ ဥပေဒအရ လယ္ယာေျမအမ်ိဳးအစား ထဲမွာပါရွိတဲ့ ဥယ်ာဥ္ၿခံေျမျဖစ္လိမ့္မယ္”
“ဟုတ္တယ္ လယ္ယာေျမအမ်ိဳးအစားလို႔လည္း ေျပာတယ္။ ဒါေပမယ့္ စိုက္ပ်ိဳးသီးႏွံေတာ့ မစိုက္ၾက ေတာ့ဘူး”
“တခ်ိဳ႕ လယ္ယာေျမေတြကို လူေနထိုင္ခြင့္ရတဲ့ ေျမအျဖစ္ အျခားနည္းျဖင့္ အသုံးျပဳခြင့္ ေလွ်ာက္ထားတဲ့ ေျမေတြလည္း ရွိတယ္။ ဝယ္ထားတယ္ဆိုေတာ့ ေျမကြက္နဲ႔ ပတ္သက္တဲ့ အေထာက္အထား စာ႐ြက္စာတမ္း ရယူထားတာေတြရွိသလား”
“ေျမကြက္နဲ႔ ပတ္သက္လို႔ ပုံစံ (၇) စာ႐ြက္ေတာ့ရွိတယ္။ ၿပီးေတာ့ အေရာင္းအဝယ္စာခ်ဳပ္ကိုလည္း သက္ ဆိုင္ရာ ရပ္ကြက္ေက်း႐ြာ ေကာင္စီ ဥက္ၠ႒ေရွ႕မွာ ခ်ဳပ္ဆိုတာလို႔ေျပာတယ္”
“အဲဒီေျမကြက္ အေရာင္းအဝယ္ စာခ်ဳပ္ကို သက္ဆိုင္ရာ ေျမ စာရင္းဦးစီးဌာနမွာ မွတ္ပုံတင္ျပဳလုပ္ ထားေသးလား”
“အဲဒါေတာ့ ေသခ်ာမသိဘူး။ ရပ္ကြက္ေက်း႐ြာေကာင္စီဥက္ၠ႒ ကိုယ္တိုင္ လက္မွတ္ေရးထိုးထားတာေတာ့ စာခ်ဳပ္မွာေတြ႕တယ္”
“အခုၿခံထဲမွာ ဝင္ေနတဲ့သူေတြက ဘာေျပာလဲ၊ သူတို႔လည္း ဝယ္ထားတယ္လို႔ ေျပာသလား”
“ဝယ္ထားတယ္ေတာ့ မဟုတ္ဘူး။ သူတို႔ မိဘလက္ထက္ကတည္းက လုပ္ကိုင္ေနတဲ့ ေျမကြက္လို႔ ေျပာ တယ္။ အေထာက္အထားေတာ့ အတိအက် ရွိပုံမေပၚဘူး”
“ပုံစံ(၇) ထုတ္ေပးထားတဲ့ ေျမကြက္ျဖစ္တဲ့အတြက္ ၂၀၁၂ ခုႏွစ္ လယ္ယာေျမဥပေဒအရ လယ္ယာ ေျမအမ်ိဳးအစားမွာပါဝင္တဲ့ ဥယ်ာဥ္ ၿခံေျမ ျဖစ္ေနတယ္”
“ပုံစံ (၇) ဆိုတာက ဘာကိုေျပာတာလဲ”
“ပုံစံ (၇) စာ႐ြက္စာတမ္းက လယ္ယာေျမလုပ္ပိုင္ခြင့္ကို ခြင့္ျပဳတဲ့ လယ္ယာေျမလုပ္ပိုင္ခြင့္ လက္မွတ္ ျဖစ္တယ္”
“ေျမကြက္ေျမပုံလည္း ပါတယ္ဆိုေတာ့ တရားဝင္တယ္ေပါ့”
“ေျမစာရင္း ပုံစံ - ၁၀၅ လို႔လည္း ေခၚၾကတယ္။ ေျမပုံေျမရာဇဝင္ ေဖာ္ျပခ်က္ျဖစ္တယ္”
“သူငယ္ခ်င္းေျပာသလို ပုံစံ (၇) လယ္ယာလုပ္ပိုင္ခြင့္ လက္မွတ္ရွိသူက ေရာင္းခ်ပိုင္ခြင့္ရွိတယ္ မဟုတ္လား”
“လယ္ယာေျမ ဥပေဒပုဒ္မ (၉) မွာ လယ္ယာေျမလုပ္ပိုင္ခြင့္ရရွိသူသည္ လယ္ယာေျမကို အားလုံးကို ျဖစ္ေစ၊ တစ္စိတ္တစ္ပိုင္းျဖစ္ေစ၊ လုပ္ပိုင္ခြင့္အား သတ္မွတ္ထားေသာ စည္းကမ္းႏွင့္အညီ ေရာင္းခ်ခြင့္ရွိတယ္လို႔ ျပ႒ာန္းထားပါတယ္။ ဒါေၾကာင့္ လယ္ယာလုပ္ပိုင္ခြင့္ လက္မွတ္ရသူက မိမိရဲ႕ လယ္ယာလုပ္ပိုင္ခြင့္ကို အျခားသူထံ ေရာင္းပိုင္ခြင့္ရွိ မွာ ျဖစ္ပါတယ္”
“ထပ္ဆင့္ ေရာင္းခ်ထားတာ မ်ိဳးလည္း ရွိႏိုင္တာေပါ့”
“ရွိႏိုင္ပါတယ္။ လယ္ယာေျမ ဥပေဒပုဒ္မ (၁၂) မွာ လယ္ယာေျမ လုပ္ပိုင္ခြင့္ကို ေရာင္းခ်ျခင္း၊ ေပါင္ႏွံျခင္း၊ ငွားရမ္းျခင္း၊ လဲလွယ္ျခင္းႏွင့္ ေပးကမ္းျခင္းတို႔ကို ေဆာင္႐ြက္သည့္ အခါ ဦးစီးဌာနက သတ္မွတ္ထားသည့္ တံဆိပ္ေခါင္းခြန္ႏွင့္ စာခ်ဳပ္ စာတမ္းမွတ္ပုံတင္ခကို ေပးေဆာင္၍ သက္ဆိုင္ရာၿမိဳ႕နယ္ေၾကးတိုင္ႏွင့္ ေျမစာရင္းဦးစီးဌာနတြင္ မွတ္ပုံတင္ရမည္လို႔ ျပ႒ာန္းထားပါတယ္။ ဒါေၾကာင့္ ဥပေဒနဲ႔အညီ တရားဝင္ လုပ္ပိုင္ခြင့္ရဖို႔ဆိုရင္ သက္ဆိုင္ရာ ၿမိဳ႕နယ္ဦးစီးဌာန႐ုံးမွာ မွတ္ပုံတင္ျပဳ လုပ္ၿပီး အေရာင္းအဝယ္စာခ်ဳပ္ ခ်ဳပ္ ဆိုရမွာ ျဖစ္ပါတယ္။ အခ်ိဳ႕ကလည္း မွတ္ပုံတင္ ျပဳလုပ္ခ်ဳပ္ဆိုျခင္းမရွိဘဲ၊ သက္ဆိုင္ရာ ေက်း႐ြာေကာင္စီရဲ႕ အသိအမွတ္ျပဳအေရာင္းအဝယ္ စာခ်ဳပ္ ခ်ဳပ္ဆိုၿပီး အဆင့္ဆင့္ေရာင္းၾကတာေတြရွိလာၾကတယ္”
ဒါဆိုရင္ အခုကိစ္ၥမွာ ၿမိဳ႕နယ္ ေၾကးတိုင္နဲ႔ ေျမစာရင္းဦးစီးဌာန႐ုံးမွာ မွတ္ပုံတင္ျပဳလုပ္ထားဖို႔ေတာ့လိုမွာေပါ့”
“အဓိက လိုအပ္ခ်က္ပဲ သူငယ္ခ်င္း။ လယ္ယာေျမဥပေဒပုဒ္မ-၁၃ မွာ ဤဥပေဒအာဏာတည္ၿပီးေနာက္ လယ္ယာေျမလုပ္ပိုင္ခြင့္ အျငင္းပြားမႈ အရႈပ္အရွင္းျဖစ္လာလွ်င္ ဦးစီးဌာနတြင္ မွတ္ပုံတင္ထားၿပီးမွသာ တရားဝင္ေျဖရွင္းေဆာင္႐ြက္ႏိုင္ခြင့္ရွိသည္လို႔ ျပ႒ာန္းထားပါတယ္။ ဒါေၾကာင့္ သက္ဆိုင္ရာၿမိဳ႕နယ္ေၾကး တိုင္ႏွင့္ ေျမစာရင္းဦးစီးဌာနမွာ မွတ္ပုံတင္ထားဖို႔ လိုအပ္ပါတယ္”
“ပုံစံ (၇) လယ္ယာလုပ္ပိုင္ခြင့္ လက္မွတ္ရတဲ့သူကိုယ္တိုင္ မဟုတ္ဘဲ သားသမီးက ေရာင္းတယ္ဆိုရင္ ဘယ္လိုျဖစ္ႏိုင္သလဲ”
“မိဘအမည္နဲ႔ လုပ္ပိုင္ခြင့္ရၿပီး မိဘက ကြယ္လြန္သြားလို႔ အေမြဆက္ခံခြင့္ရွိသူနဲ႔ ပတ္သက္အျငင္း ပြားရင္ေတာ့ တရား႐ုံးမွာ တိုက္႐ိုက္ အေမြခြဲေဝေပးေစလိုမႈစတဲ့ အေမြဆက္ခံျခင္းနဲ႔ ပတ္သက္ၿပီး တရားစြဲ ဆိုႏိုင္တယ္လို႔ လယ္ယာေျမဥပေဒ ပုဒ္မ - ၉ (ဂ) မွာ ေဖာ္ျပထားပါတယ္။ အဲဒီမွာလည္း ပုံစံ (၇) လယ္ ယာေျမလုပ္ကိုင္ခြင့္ကို မိဘအမည္နဲ႔ လုပ္ပိုင္ခြင့္ရရွိမွတ္ပုံတင္ထားဖို႔ေတာ့ လိုတယ္”
“အခု ဝယ္ထားတဲ့ ေျမကိစၥက ဘယ္လိုေဆာင္႐ြက္ႏိုင္မလဲ”
“ပုံစံ (၇) အမည္ေပါက္လယ္ ယာေျမလုပ္ပိုင္ခြင့္ လက္မွတ္ရသူ ကိုယ္တိုင္က ေရာင္းခ်ျခင္းဆိုရင္ေတာ့ ပိုၿပီးအဆင္ေျပတယ္ သူငယ္ခ်င္း။ အေမြဆက္ခံျခင္းကိစ္ၥ စဥ္းစားဖို႔ မလိုေတာ့ဘူး။ ဒါမွမဟုတ္ဘဲ မိဘ တစ္ဦးဦးရဲ႕ လုပ္ပိုင္ခြင့္အျဖစ္သာ ရရွိ ထားၿပီး မိဘကြယ္လြန္လို႔ သားသမီး တစ္ဦးဦးက လုပ္ပိုင္ခြင့္ တရားဝင္ မရေသးဘဲ ေရာင္းခ်မယ္ဆိုရင္ေတာ့ အေရာင္းအဝယ္ဟာ တရားဝင္မွာ မဟုတ္ဘူး။ အေမြဆက္ခံခြင့္ကိစၥဦးစြာ ေဆာင္႐ြက္ဖို႔လိုပါတယ္”
“တိုက္႐ိုက္အမည္ေပါက္ဆီက ဝယ္တယ္ဆိုရင္ ဘယ္လိုျဖစ္ႏိုင္လဲ”
“ပုံစံ (၇) လုပ္ပိုင္ခြင့္ရသူထံမွ ဝယ္ခဲ့ရင္ သက္ဆိုင္ရာၿမိဳ႕နယ္ ေၾကးတိုင္နဲ႔ ေျမစာရင္းဌာနမွာ မွတ္ပုံတင္ၿပီးမွ သက္ဆိုင္ရာ ရပ္ကြက္ေက်း႐ြာ ေျမယာစီမံခန႔္ခြဲေရးအဖြဲ႕ထံ တင္ျပေဆာင္႐ြက္ရမွာ ျဖစ္တယ္”ဟု အႀကံျပဳ ေဆြးေႏြးလိုက္ပါသည္။
အိမ္ၿခံေျမ ကိစၥအဝဝႏွင့္ ပတ္သက္၍ ဥပေဒအႀကံေပးပညာရွင္မ်ားႏွင့္ ေဆြးေႏြးတိုင္ပင္လိုပါက iMyanmarHouse.com (အိုင္ျမန္မာေဟာက္စ္ေဒါ့ကြန္း) ၏ ဖုန္းနံပါတ္မ်ားျဖစ္ေသာ 09-966901767, 09-268022352 သို႔ ဆက္သြယ္ႏိုင္ပါသည္။ အေသးစိတ္ၾကည့္ရန္ ဤေနရာကို ႏွိပ္ပါ။
Credit: ထီယု (ဥပေဒအတိုင္ပင္ခံ)