သုံးရက်မှ မိနစ် ၂၀ စာအချိန်ပေးပြီး တစ်လလုံးအိမ်သန့်ရှင်းရေး လုပ်နိုင်တဲ့ နည်းလမ်းကောင်းများ

သုံးရက်မှ မိနစ် ၂၀ စာအချိန်ပေးပြီး တစ်လလုံးအိမ်သန့်ရှင်းရေး လုပ်နိုင်တဲ့ နည်းလမ်းကောင်းများ - Property Knowledge in Myanmar from iMyanmarHouse.com
17 Jun 2020 3:20 pm တွင် တင်ခဲ့သည်
7083 ကြိမ် ကြည့်ရှု့ပြီး

ဗဟုသုတ | Posted by ရွှေစင်ဝင်း

[Unicode]

ကျွန်တော်တို့ရဲ့ ကိုယ်ပိုင်အိမ်ခန်းနေရာလေးတွေကို သန့်ရှင်းရေး လုပ်မယ်လို့ ကြံလိုက်တိုင်း ဘယ်ကစပြီး ဘယ်လိုသန့်ရှင်းအောင် လုပ်ရမလဲဆိုတာတဲ့ အတွေးနဲ့တင်ရပ်တန့်သွားပါတယ်။ ဘာလို့လဲ ဆိုတော့ များသောအားဖြင့် ကျွန်တော်တို့ရဲ့ အားလပ်ရက်က စနေ နေ့တစ်ရက်တည်း ဖြစ်ကြတာမလား။ ဒီတစ်ရက်တည်းနဲ့ တစ်ပတ်စာ မလုပ်ခဲ့သမျှသန့်ရှင်းတွေကို ဘယ်လိုပြီးအောင်လုပ်ရမလဲဆိုတာကိုပေါ့။ ဒီ့အတွက် ကျွန်တော့မှာ ရှိတဲ့နည်းလမ်းကောင်းတစ်ခုကို ဝေမျှချင်ပါတယ်။ စာဖတ်ပရိတ်သတ်ကြီးလည်း အသုံးဝင်မဝင် စမ်းကြည့်လို့ရတာပေါ့။

တစ်လလုံးရဲ့ ရက်ပေါင်းသုံးဆယ်အတွက် သုံးရက်တစ်ခါ မိနစ် ၂၀ စာလုပ်ရမယ့် လုပ်ဆောင်တာများနဲ့ အဲ့ဒီလုပ် ဆောင်တာတွေ အတွက် အခက်အခဲမရှိ ကူညီပေးနိုင်မယ့် နည်းလမ်း ၅ ခုတို့ကို သင်တို့ရဲ့တစ်လစာ အိမ်သန့်ရှင်းရေးလုပ်ငန်းတွေကကူညီ ဖြေရှင်းလို့ရနိုင်အောင် ဖော်ပြပေးလိုက်ပါတယ်။

၁။ အဝင်အဝတံခါးနားရဲ့ အတွင်းပဲဖြစ်ဖြစ်၊ အပြင်ဘက်ပဲဖြစ်ဖြစ် နေရာလွတ်အနည်းငယ်ချန်ထားသင့်ပါတယ်။ ဘာ့ကြောင့်လဲဆို တော့ ကိုယ့်အိမ်လာမယ့် ဧည့်သည်တွေရဲ့ ထီး၊ ဖိနပ်တို့၊ တခြား အသုံးအဆောင်တွေ၊ နောက် သတင်းစာ၊ ချောပို့ ပစ္စည်းစတဲ့အရာ တွေကို ယာယီထားလို့ရနိုင်အောင်လို့ပါ။ ဒီလိုနေရာလွတ်ထားလိုက်ခြင်းကလည်း ယင်းအရာတွေကိုစနစ်တကျထားစေလိုက်နိုင်တာကြောင့် အိမ်သန့်ရှင်းရေးလုပ်ရမယ့်အထဲမှာ အလုပ်တစ်ခုမပိုတော့ပါဘူး။

၂။ အစားအသောက်တစ်ခုခု စားသောက်ပြီးတိုင်း အိုးခွက်၊ ပန်းကန် တွေကို ဆေးကြောတတ်တဲ့အကျင့်ကို လုပ်ပါ။ ဒီကိစ္စလေးကတော့ အားလုံးသိပြီးသားဆိုပေမယ့် တစ်ဝက်ကျော်လောက်က စားပြီး တိုင်း မဆေးကြောတတ်ကြတာကို ဝန်ခံကြတာမို့ပါ။ ဒီလိုမျိုး ဆေးကြောရမှာပျင်းနေလို့ ပန်းကန်ဆေးတဲ့အလုပ်တစ်ခု တာဝန်ထပ်တိုးသွားပြီး နောက်မိသားစုဝင်တစ်ဦးထပ်အသုံးပြုဖို့ အဆင်သင့်မရှိတဲ့ အခြေအနေ ဖြစ်သွားရတဲ့အခက်အခဲတွေ ဖြစ်လာနိုင်တာမို့လို့ပါ။

၃။ သင့်အိမ်မှာ လေအခြောက်ခံစက်တို့၊ အဝတ်လျှော်စက်တို့ ရှိခဲ့မယ်ဆိုရင်တော့ တစ်နေ့တစ်ခါလောက်တော့ အဝတ်စအတိုအထွာ၊ ဥပမာ - ပုဝါတို့၊ လက်နှီးစုတ်တို့၊ လက်သုတ်ပုဝါတို့ကို ရေချိုးရင်းဖြစ် ဖြစ်၊ ပန်းကန်ဆေးရင်းဖြစ်ဖြစ် တစ်လက်စတည်း လျှော်ဖွပ်ဆေး ကြောလိုက်တော့ နောက်တစ်ခါထပ်လုပ်စရာမလိုတော့ပါဘူး။

၄။ ငြီးငွေ့ပြီး ပင်ပန်းတဲ့ အိမ်မှုကိစ္စတွေလုပ်ရင်း သီချင်းညည်းပါ။ ရေချိုးရင်း သီချင်းတအေးအေးဆိုသလိုပေါ့။ တေးဂီတထဲကိုအာရုံ စိုက်လိုက်တော့ ပင်ပန်းလို့ပင်ပန်းမှန်း အလုပ်ပြီးလို့ပြီးသွားမှန်း တောင်မသိလိုက်တော့ပါဘူး။ အလုပ်လည်းပြီးသွားပါတယ်။

၅။ နောက်တစ်ခု အလုပ်လုပ်တိုင်း အချိန်ကန့်သတ်ထားပါ။ အချိန် မှတ်ထားပါပေါ့။ ဘယ်အလုပ်ကို ဘယ်လောက်နဲ့ပြီးအောင် လုပ်ရမလဲဆိုတာပေါ့။ ၁၀ မိနစ်စာအလုပ်၊ မိနစ် ၂၀ စာအလုပ်ဆိုပြီး ခွဲခြား ပြီးလုပ်မယ်ဆိုရင် အရင်လိုလေးဖင်တွဲမနေတော့ပဲ မြန်မြန်ဆန်ဆန် ပဲလုပ်လိုက်တော့ အခြားလုပ်ဆောင်တာတွေအတွက်လည်း အချိန် ပိုရသွားတာပေါ့။

ဒီအချက်တွေနဲ့ တွဲပြီးတစ်လလုံးစာ သုံးရက်တစ်ခါလုပ်ရမယ့် အလုပ်တွေကတော့

၁။ ဧည့်ခန်းနဲ့ မီးဖိုခန်းထဲက ဖုန်၊အမှိုက်နဲ့ ကြမ်းပြင်က အခြား သန့်ရှင်းရမယ့် အရာတွေကို ရှင်းလင်းပါ။

၂။ ရေချိုးခန်း၊ အိမ်သာတွေက မှန်၊ ဘေစင်နဲ့ ကြမ်းပြင်တွေကို သန့် ရှင်းရေးလုပ်ပါ။

၃။ အိပ်ခန်းကြမ်းပြင်တစ်ခုလုံးနဲ့ အိပ်ခန်းမှာရှိတဲ့ ပွနေတဲ့အရာတွေ ကို သန့်ရှင်းရေးလုပ်ပါ။

၄။ အခြားအခန်းအပိုတွေထဲ ဝင်ပြီးသန့်ရှင်းရေးလုပ်ပါ။

၅။ အတွင်းပြတင်းတံခါးများမှာ ကပ်ညိနေတဲ့ ဖုန်၊အမှုန်များကို သန့်ရှင်းကြည်လင်သွားအောင် သုတ်သင်ရှင်းလင်းပါ။

၆။ အိမ်တစ်ခုလုံးရဲ့ ကြမ်းပြင်၊ လှေကားထစ်တွေပါမကျန် ဖုန်စုပ်စက်နဲ့ ဖုန်စုပ်သန့်စင်ပါ။

၇။ တံခါးလက်ကိုင် ဘုတွေ၊ ဖုန်းတွေ၊ ဖျော်ဖြေရေးစက်တွေ၊ လှေကားလက်ရန်းတွေနဲ့ အခြားသော အမြဲတစေကိုင်တွယ်ထိတွေ့ နေရမယ့် အရာတွေကို သန့်ရှင်းရေးလုပ်ပါ။

၈။ ရေခဲသေတ္တာတွေ၊ မီးဖိုချောင်က ပန်းကန်စင်တွေ၊ ထမင်း၊ မီးဖို ချောင်သုံးပစ္စည်းတွေ ထည့်ထားတဲ့ ဘီဒို တွေကို သန့်ရှင်းရေးလုပ်ပါ။

၉။ အဝတ်ဗီဒိုတွေ၊ ပုံးတွေ၊ မှန်တင်ခုံတွေ၊ စာကြည့်ခုံတွေကို သန့်ရှင်းရေးလုပ်ပါ။

၁၀။ အိမ်အပြင်ဝရန်ဒါနဲ့ အိမ်အနီးအပြင်ဘက် နေရာတွေက အမှိုက် တွေ၊ ဖုန်တွေနဲ့ အခြားမလိုအပ်တဲ့ ပစ္စည်းတွေကို ထုပ်ပိုးသိမ်းဆည်းပြီး ရှင်းလင်းလိုက်ပါ။

(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)

Credit: iMyanmarHouse.com

 

[Zawgyi]

သံုးရက္မွ မိနစ္ ၂၀ စာအခ်ိန္ေပးၿပီး တစ္လလံုးအိမ္သန္႔ရွင္းေရး လုပ္ႏုိင္တဲ့ နည္းလမ္းေကာင္းမ်ား

ကၽြန္ေတာ္တုိ႔ရဲ႕ ကုိယ္ပုိင္အိမ္ခန္းေနရာေလးေတြကုိ သန္႔ရွင္းေရး လုပ္မယ္လုိ႔ ႀကံလုိက္တုိင္း ဘယ္ကစၿပီး ဘယ္လုိသန္႔ရွင္းေအာင္ လုပ္ရမလဲဆုိတာတဲ့ အေတြးနဲ႔တင္ရပ္တန္႔သြားပါတယ္။ ဘာလုိ႔လဲ ဆုိေတာ့ မ်ားေသာအားျဖင့္ ကၽြန္ေတာ္တုိ႔ရဲ႕ အားလပ္ရက္က စေန ေန႔တစ္ရက္တည္း ျဖစ္ၾကတာမလား။ ဒီတစ္ရက္တည္းနဲ႔ တစ္ပတ္စာ မလုပ္ခဲ့သမွ်သန္႔ရွင္းေတြကုိ ဘယ္လုိၿပီးေအာင္လုပ္ရမလဲဆုိတာကုိေပါ့။ ဒီ့အတြက္ ကၽြန္ေတာ့မွာ ရွိတဲ့နည္းလမ္းေကာင္းတစ္ခုကုိ ေဝမွ်ခ်င္ပါတယ္။ စာဖတ္ပရိတ္သတ္ႀကီးလည္း အသံုးဝင္မဝင္ စမ္းၾကည့္လုိ႔ရတာေပါ့။

တစ္လလံုးရဲ႕ ရက္ေပါင္းသံုးဆယ္အတြက္ သံုးရက္တစ္ခါ မိနစ္ ၂၀ စာလုပ္ရမယ့္ လုပ္ေဆာင္တာမ်ားနဲ႔ အဲ့ဒီလုပ္ ေဆာင္တာေတြ အတြက္ အခက္အခဲမရွိ ကူညီေပးႏုိင္မယ့္ နည္းလမ္း ၅ ခုတုိ႕ကုိ သင္တုိ႔ရဲ႕တစ္လစာ အိမ္သန္႔ရွင္းေရးလုပ္ငန္းေတြကကူညီ ေျဖရွင္းလုိ႕ရႏုိင္ေအာင္ ေဖာ္ျပေပးလုိက္ပါတယ္။

၁။ အဝင္အဝတံခါးနားရဲ႕ အတြင္းပဲျဖစ္ျဖစ္၊ အျပင္ဘက္ပဲျဖစ္ျဖစ္ ေနရာလြတ္အနည္းငယ္ခ်န္ထားသင့္ပါတယ္။ ဘာ့ေၾကာင့္လဲဆုိေတာ့ ကုိယ့္အိမ္လာမယ့္ ဧည့္သည္ေတြရဲ႕ ထီး၊ ဖိနပ္တုိ႔၊ တျခား အသံုးအေဆာင္ေတြ၊ ေနာက္ သတင္းစာ၊ ေခ်ာပုိ႔ ပစၥည္းစတဲ့အရာ ေတြကုိ ယာယီထားလုိ႔ရႏုိင္ေအာင္လုိ႔ပါ။ ဒီလုိေနရာလြတ္ထားလုိက္ျခင္းကလည္း ယင္းအရာေတြကုိစနစ္တက်ထားေစလုိက္ႏုိင္တာေၾကာင့္ အိမ္သန္႔ရွင္းေရးလုပ္ရမယ့္အထဲမွာ အလုပ္တစ္ခုမပုိေတာ့ပါဘူး။

၂။ အစားအေသာက္တစ္ခုခု စားေသာက္ၿပီးတုိင္း အိုးခြက္၊ ပန္းကန္ ေတြကို ေဆးေၾကာတတ္တဲ့အက်င့္ကို လုပ္ပါ။ ဒီကိစၥေလးကေတာ့ အားလံုးသိၿပီးသားဆုိေပမယ့္ တစ္ဝက္ေက်ာ္ေလာက္က စားၿပီး တုိင္း မေဆးေၾကာတတ္ၾကတာကုိ ဝန္ခံၾကတာမုိ႔ပါ။ ဒီလုိမ်ိဳး ေဆးေၾကာရမွာပ်င္းေနလုိ႔ ပန္းကန္ေဆးတဲ့အလုပ္တစ္ခု တာဝန္ထပ္တိုးသြားၿပီး ေနာက္မိသားစုဝင္တစ္ဦးထပ္အသံုးျပဳဖုိ႔ အဆင္သင့္မရွိတဲ့ အေျခအေန ျဖစ္သြားရတဲ့အခက္အခဲေတြ ျဖစ္လာႏုိင္တာမုိ႔လုိ႔ပါ။

၃။ သင့္အိမ္မွာ ေလအေျခာက္ခံစက္တုိ႔၊ အဝတ္ေလွ်ာ္စက္တုိ႔ ရွိခဲ့မယ္ဆုိရင္ေတာ့ တစ္ေန႔တစ္ခါေလာက္ေတာ့ အဝတ္စအတုိအထြာ၊ ဥပမာ - ပုဝါတုိ႔၊ လက္ႏွီးစုတ္တုိ႔၊ လက္သုတ္ပုဝါတုိ႔ကုိ ေရခ်ိဳးရင္းျဖစ္ ျဖစ္၊ ပန္းကန္ေဆးရင္းျဖစ္ျဖစ္ တစ္လက္စတည္း ေလွ်ာ္ဖြပ္ေဆး ေၾကာလုိက္ေတာ့ ေနာက္တစ္ခါထပ္လုပ္စရာမလုိေတာ့ပါဘူး။

၄။ ၿငီးေငြ႕ၿပီး ပင္ပန္းတဲ့ အိမ္မႈကိစၥေတြလုပ္ရင္း သီခ်င္းညည္းပါ။ ေရခ်ိဳးရင္း သီခ်င္းတေအးေအးဆုိသလုိေပါ့။ ေတးဂီတထဲကုိအာရံု စုိက္လုိက္ေတာ့ ပင္ပန္းလုိ႔ပင္ပန္းမွန္း အလုပ္ၿပီးလုိ႔ၿပီးသြားမွန္း ေတာင္မသိလုိက္ေတာ့ပါဘူး။ အလုပ္လည္းၿပီးသြားပါတယ္။

၅။ ေနာက္တစ္ခု အလုပ္လုပ္တုိင္း အခ်ိန္ကန္႔သတ္ထားပါ။ အခ်ိန္ မွတ္ထားေပါ့။ ဘယ္အလုပ္ကုိ ဘယ္ေလာက္နဲ႔ၿပီးေအာင္ လုပ္ရမလဲဆုိတာေပါ့။ ၁၀ မိနစ္စာအလုပ္၊ မိနစ္ ၂၀ စာအလုပ္ဆုိၿပီး ခြဲျခား ၿပီးလုပ္မယ္ဆုိရင္ အရင္လုိေလးဖင္တြဲမေနေတာ့ပဲ ျမန္ျမန္ဆန္ဆန္ ပဲလုပ္လုိက္ေတာ့ အျခားလုပ္ေဆာင္တာေတြအတြက္လည္း အခ်ိန္ ပုိရသြားတာေပါ့။

ဒီအခ်က္ေတြနဲ႔ တြဲၿပီးတစ္လလံုးစာ သံုးရက္တစ္ခါလုပ္ရမယ့္ အလုပ္ေတြကေတာ့

၁။ ဧည့္ခန္းနဲ႔ မီးဖုိခန္းထဲက ဖုန္၊အမႈိက္နဲ႔ ၾကမ္းျပင္က အျခား သန္႔ရွင္းရမယ့္ အရာေတြကုိ ရွင္းလင္းပါ။

၂။ ေရခ်ိဳးခန္း၊ အိမ္သာေတြက မွန္၊ ေဘစင္နဲ႔ ၾကမ္းျပင္ေတြကုိ သန္႔ ရွင္းေရးလုပ္ပါ။

၃။ အိပ္ခန္းၾကမ္းျပင္တစ္ခုလံုးနဲ႔ အိပ္ခန္းမွာရွိတဲ့ ပြေနတဲ့အရာေတြ ကုိ သန္႕ရွင္းေရးလုပ္ပါ။

၄။ အျခားအခန္းအပုိေတြထဲ ဝင္ၿပီးသန္႕ရွင္းေရးလုပ္ပါ။

၅။ အတြင္းျပတင္းတံခါးမ်ားမွာ ကပ္ညိေနတဲ့ ဖုန္၊အမႈန္မ်ားကုိ သန္႔ရွင္းၾကည္လင္သြားေအာင္ သုတ္သင္ရွင္းလင္းပါ။

၆။ အိမ္တစ္ခုလံုးရဲ႕ ၾကမ္းျပင္၊ ေလွကားထစ္ေတြပါမက်န္ ဖုန္စုပ္စက္နဲ႔ ဖုန္စုပ္သန္႕စင္ပါ။

၇။ တံခါးလက္ကိုင္ ဘုေတြ၊ ဖုန္းေတြ၊ ေဖ်ာ္ေျဖေရးစက္ေတြ၊ ေလွကားလက္ရန္းေတြနဲ႕ အျခားေသာ အၿမဲတေစကုိင္တြယ္ထိေတြ႕ ေနရမယ့္ အရာေတြကုိ သန္႔ရွင္းေရးလုပ္ပါ။

၈။ ေရခဲေသတၱာေတြ၊ မီးဖိုေခ်ာင္က ပန္းကန္စင္ေတြ၊ ထမင္း၊ မီးဖုိ ေခ်ာင္သံုးပစၥည္းေတြ ထည့္ထားတဲ့ ဘီဒုိ ေတြကုိ သန္႕ရွင္းေရးလုပ္ပါ။

၉။ အဝတ္ဗီဒုိေတြ၊ ပံုးေတြ၊ မွန္တင္ခံုေတြ၊ စာၾကည့္ခံုေတြကုိ သန္႔ရွင္းေရးလုပ္ပါ။

၁၀။ အိမ္အျပင္ဝရန္ဒါနဲ႔ အိမ္အနီးအျပင္ဘက္ ေနရာေတြက အမႈိက္ ေတြ၊ ဖုန္ေတြနဲ႔ အျခားမလုိအပ္တဲ့ ပစၥည္းေတြကုိ ထုပ္ပုိးသိမ္းဆည္းျပီး ရွင္းလင္းလုိက္ပါ။

 

(iMyanmarHouse.com Team မွ ေရးသား ေဖာ္ျပသည္။)

Credit: iMyanmarHouse.com

နောက်ဆုံးရ အိမ်ခြံမြေ ဗဟုသုတများ

KITCHEN ဆေးရောင်ရွေးချယ်မှုအတွက် အကြံပေးမှုတစ်ချို့
KITCHEN ဆေးရောင်ရွေးချယ်မှုအတွက် အကြံပေးမှုတစ်ချို့
စုံလင်ဖွေရှာ အိမ်ခြံမြေဥပဒေရေးရာ
စုံလင်ဖွေရှာ အိမ်ခြံမြေဥပဒေရေးရာ
သာသနာဂရန်မြေ လျှောက်ထားရာတွင် သိရှိထားသင့်သည့် အချက်အလက်များအကြောင်း ဥပဒေဗဟုသုတ အနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။...
သာသနာဂရန်မြေ လျှောက်ထားရာတွင် သိရှိထားသင့်သည့် အချက်အလက်များအကြောင်း ဥပဒေဗဟုသုတ အနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။...
မရွှေ့မပြောင်းနိုင်သောပစ္စည်းကို ကန့်သတ်သည့်ဥပဒေအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြ ပေးလိုက်ပါသည်။...
မရွှေ့မပြောင်းနိုင်သောပစ္စည်းကို ကန့်သတ်သည့်ဥပဒေအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြ ပေးလိုက်ပါသည်။...
၂၀၂၅-၂၀၂၆ ခုနှစ်အတွက် ရန်ကုန်တိုင်း မြို့နယ်စုံ အသစ်ထွက်ရှိလာသော ရာဖြတ်နှုန်းထားများ
၂၀၂၅-၂၀၂၆ ခုနှစ်အတွက် ရန်ကုန်တိုင်း မြို့နယ်စုံ အသစ်ထွက်ရှိလာသော ရာဖြတ်နှုန်းထားများ
မြေယာစီမံခန့်ခွဲမှု စပ်လျဉ်း၍ ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
မြေယာစီမံခန့်ခွဲမှု စပ်လျဉ်း၍ ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
ငွေရေးကြေးရေးဆိုင်ရာအဖွဲ့အစည်း ဥပဒေအကြောင်းကို ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။...
ငွေရေးကြေးရေးဆိုင်ရာအဖွဲ့အစည်း ဥပဒေအကြောင်းကို ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။...
အပတ်စဉ် သိမှတ်ဖွယ်ရာ ဥပဒေအမေးအဖြေကဏ္ဍ
အပတ်စဉ် သိမှတ်ဖွယ်ရာ ဥပဒေအမေးအဖြေကဏ္ဍ
အိမ်ခြံမြေအသိကြွယ်စေဖို့ရာ ဥပဒေအမေးအဖြေကဏ္ဍ
အိမ်ခြံမြေအသိကြွယ်စေဖို့ရာ ဥပဒေအမေးအဖြေကဏ္ဍ
စုပေါင်းပိုင် အဆောက်အအုံနှင့် စပ်လျဉ်း၍ လိုက်နာရမည့် အချက်အလက်များ ဥပဒေဗဟုသုတအအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။...
စုပေါင်းပိုင် အဆောက်အအုံနှင့် စပ်လျဉ်း၍ လိုက်နာရမည့် အချက်အလက်များ ဥပဒေဗဟုသုတအအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။...

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

တူရကီတွင် ဆေးလိပ်ဖြတ်ရန်အတွက် မျက်နှာကို လှောင်အိမ်စွပ်ကာ သော့ခတ်ထားပြီး ဇနီးထံ သော့အပ်ထားသည့် အမျိုးသားတစ်ဦးအကြောင်း
တူရကီတွင် ဆေးလိပ်ဖြတ်ရန်အတွက် မျက်နှာကို လှောင်အိမ်စွပ်ကာ သော့ခတ်ထားပြီး ဇနီးထံ သော့အပ်ထားသည့် အမျိုးသားတစ်ဦးအကြောင်း
မည်သည့်အခါမျှ ရောက်ဖူးမည်မဟုတ်သော တားမြစ်နေရာများ
မည်သည့်အခါမျှ ရောက်ဖူးမည်မဟုတ်သော တားမြစ်နေရာများ
တရုတ်ပြည်တွင် မိန်းကလေးတစ်ဦးက အိမ်လခ သက်သာစေရန်အတွက် ၎င်းအလုပ်လုပ်သည့်စက်ရုံရှိ အိမ်သာခန်းအတွင်း နေထိုင်သည့်ဖြစ်ရပ် လူမှ
တရုတ်ပြည်တွင် မိန်းကလေးတစ်ဦးက အိမ်လခ သက်သာစေရန်အတွက် ၎င်းအလုပ်လုပ်သည့်စက်ရုံရှိ အိမ်သာခန်းအတွင်း နေထိုင်သည့်ဖြစ်ရပ် လူမှ
စက်ဘီးတစ်စီးဖြင့် ဆပ်ပြာမှုန့်များ တစ်အိမ်ဝင်တစ်အိမ်ထွက် လိုက်လံရောင်းချခဲ့ရသည့်ဘဝမှ ကန်ဒေါ်လာ ၃ ဒသမ ၄ ဘီလီယံ ချမ်းသာကြွ
စက်ဘီးတစ်စီးဖြင့် ဆပ်ပြာမှုန့်များ တစ်အိမ်ဝင်တစ်အိမ်ထွက် လိုက်လံရောင်းချခဲ့ရသည့်ဘဝမှ ကန်ဒေါ်လာ ၃ ဒသမ ၄ ဘီလီယံ ချမ်းသာကြွ
အိမ်သာဆေးသမား၊ လန်ချားဆွဲသူဘဝမှ ဘီလျံနာသူဌေးကြီးဖြစ်လာခဲ့ကာ ပိုင်ဆိုင်သမျှ ယွမ် ၈ ဒသမ ၂ ဘီလီယံကို ဇနီး၊ သားသမီးများအတွက်
အိမ်သာဆေးသမား၊ လန်ချားဆွဲသူဘဝမှ ဘီလျံနာသူဌေးကြီးဖြစ်လာခဲ့ကာ ပိုင်ဆိုင်သမျှ ယွမ် ၈ ဒသမ ၂ ဘီလီယံကို ဇနီး၊ သားသမီးများအတွက်
မလေးရှားတွင် လူမှုကွန်ရက် influencer မိန်းကလေးတစ်ဦးက ငွေအိတ်လိုက် သယ်ယူလာကာ ရွှေ ၉ ပိဿာကျော် ကြွားလုံးထုတ် ဝယ်ယူပြခဲ့သည်
မလေးရှားတွင် လူမှုကွန်ရက် influencer မိန်းကလေးတစ်ဦးက ငွေအိတ်လိုက် သယ်ယူလာကာ ရွှေ ၉ ပိဿာကျော် ကြွားလုံးထုတ် ဝယ်ယူပြခဲ့သည်
မရွှေ့မပြောင်းနိုင်သောပစ္စည်းကို ကန့်သတ်သည့်ဥပဒေအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြ ပေးလိုက်ပါသည်။
မရွှေ့မပြောင်းနိုင်သောပစ္စည်းကို ကန့်သတ်သည့်ဥပဒေအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြ ပေးလိုက်ပါသည်။
ရိုမေးနီးယားတွင် အဘွားအိုတစ်ဦးက စမ်းချောင်းထဲမှ ကျောက်ခဲတစ်ခုကောက်ယူလာကာ တံခါးခုသည့် ကျောက်တုံးအဖြစ် နှစ်ပေါင်းများစွာအသ
ရိုမေးနီးယားတွင် အဘွားအိုတစ်ဦးက စမ်းချောင်းထဲမှ ကျောက်ခဲတစ်ခုကောက်ယူလာကာ တံခါးခုသည့် ကျောက်တုံးအဖြစ် နှစ်ပေါင်းများစွာအသ
ဟောလိဝုဒ်ကြယ်ပွင့် Vin Diesel က Paloma နှင့် လမ်းခွဲချိန်တွင် သူမအတွက် လူနေမှုအဆင့်နိမ့်မသွားစေရန် အိမ်မှ နှင်မထုတ်ဘဲ မိ
ဟောလိဝုဒ်ကြယ်ပွင့် Vin Diesel က Paloma နှင့် လမ်းခွဲချိန်တွင် သူမအတွက် လူနေမှုအဆင့်နိမ့်မသွားစေရန် အိမ်မှ နှင်မထုတ်ဘဲ မိ
ဆွီဒင်တွင် မိခင်ဖြစ်သူက သားသမီး ၂ ဦး မွေးဖွားမှုအတွက် လစာဖြင့်ခွင့် ၂၁ လ ရယူခဲ့ပြီး လက်တွဲဖော် အမျိုးသားက ခွင့် ၁၅ လ ရယူ
ဆွီဒင်တွင် မိခင်ဖြစ်သူက သားသမီး ၂ ဦး မွေးဖွားမှုအတွက် လစာဖြင့်ခွင့် ၂၁ လ ရယူခဲ့ပြီး လက်တွဲဖော် အမျိုးသားက ခွင့် ၁၅ လ ရယူ
CarsDB
Shwe Wutt Hmone

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service