ကိုယ်စားလှယ်လွှဲစာရသူနှင့် စာချုပ်ရုံးမှာ စာချုပ်လျှင် ကျမ်းကျိန်လိုအပ်ပါသလား ...

ကိုယ်စားလှယ်လွှဲစာရသူနှင့် စာချုပ်ရုံးမှာ စာချုပ်လျှင် ကျမ်းကျိန်လိုအပ်ပါသလား ... - Property Knowledge in Myanmar from iMyanmarHouse.com
17 Jun 2020 11:53 am တွင် တင်ခဲ့သည်
1855 ကြိမ် ကြည့်ရှု့ပြီး

ဗဟုသုတ | Posted by အေးမြတ်သူ

[Unicode]

ရုံးဖွင့်ရက်တစ်ရက်၌ စာချုပ်စာတမ်း မှတ်ပုံတင်ရုံးတွင် အရောင်းအဝယ် စာချုပ်ချုပ်ဆိုရန် ရောက်နေသော စာရေးသူ၏ မိတ်ဆွေရှေ့နေကိုအောင်သူက ဖုန်းဆက်သည်။ ကျမ်းကျိန်လွှာနှင့် ပက်သက်၍ သိလိုသည်များကို အရေးတကြီး မေးမြန်းနေသည်။ မြေနှင့်အိမ်အပြီးအပိုင် အရောင်းအဝယ်စာချုပ်ရာတွင် ရောင်းသူကိုယ်စား အထူးကိုယ်စားလှယ် လွှွဲစာရသူက လက်မှတ်ရေးထိုးပေးရန် နံနက် (၁၀ း ၀၀) နာရီအရောက် စာချုပ်ရုံးသို့ စာချုပ်မည့်သူများကို အရောက်လာရန် ချိန်းထားပြီးလည်း ဖြစ်နေသည်။ ကိုယ်စားလှယ် ရောက်လာပါက မှတ်ပုံတင်စာရင်းသွင်းရန် လျှောက်လွှာနှင့် လိုအပ်သည့်ပုံစံ၊လိုအပ်သည့် စာရွက်စာတမ်းများကို အဆင်သင့်ပြင်ဆင်ထားပြီးဖြစ်ကြောင်း ပြောပြနေသည်။

သူသည် အထူးကိုယ်စားလှယ်လွှဲစာရသူကိုစောင့်စားရင်း စာချုပ်ရုံးအတွင်းသို့ဝင်၍ ဧည့်သည်များအတွက် စီစဉ်ပေးထားသည့် ထိုင်ခုံများအနက် အလွတ်ထိုင်ခုံတစ်ခုံတွင် ထိုင်နေလိုက်သည်။ ရုံးရှေ့နောက် ဝဲ၊ ယာနံရံတို့တွင် ချိတ်ဆွဲထားသော ကြော်ငြာချက်တို့ကို ဖတ်ကြည့်နေမိသည်။ အမှတ်မထင် တစ်နေရာတွင် ကိုယ်စားလှယ်လွှဲစာဖြင့် စာချုပ်မည့်သူများ၊ အနေဖြင့် ကိုယ်စားလှယ်ပေးအပ်သူ (Special Power, General Power)မှ ပါဝါမရုတ်သိမ်းသေးကြောင်း ကျမ်းကျိန်လွှာ ပါရှိရမည်ဟူသော စာပိုဒ်ကိုဖတ်မိစဉ် ဘယ်လိုဆက်လက်ဆောင်ရွက်ရမည်ကို မသိ၍ သူငယ်ချင်းအား ဖုန်းဆက်ခြင်းဖြစ်ကြောင်း ကိုအောင်သူက ရှင်းပြနေသည်။

အိမ်ခြံမြေအရောင်းအဝယ်စာချုပ်ချုပ်မည်ဆိုလျှင် ရောင်းသူ၊ ဝယ်သူတို့၏မှတ်ပုံတင်(၂)စုံ၊ ဂရန်မိတ္တူ(၂)စုံ၊ မြေပုံမြေရာဇဝင်မိတ္တူ(၂)စုံ၊ အခွန်ထမ်းဆောင်ပြီးကြောင်း အခွန်ပြေစာ (၂)စုံ၊ အသိသက်သေ (၂)ဦး၏ မှတ်ပုံတင် တစ်စုံစသည်တို့ကို စာချုပ်ရုံးတွင် ပေးရပါသည်။ ယင်းစာရွက်စာတမ်းများ ပြည့်စုံလျှင် စာချုပ်စာတမ်းရုံးတွင် မှတ်ပုံတင်ရမည့်ကိစ္စမှာ သိပ်မခက်ခဲဟုထင်ရသည်။ သို့သော် သမရိုးကျ ရောင်းဝယ်ခြင်းမဟုတ်ပဲ ရောင်းသူက အခြားတစ်ဦးကို ကိုယ်စားလှယ် လွှဲစာပေးခဲ့လျှင် စာချုပ်ရာတွင် အလုပ်ပိုလုပ်ရသည်များ ရှိလာသည်။

(Special Power, General Power)ပေးသူသည် ယခုထက်တိုင် အသက်ထင်ရှား ရှိဖို့လိုသည်။ ထို့ပြင် ကိုယ်စားလှယ်လွှဲစာကိုလည်း ယနေ့ထက်တိုင် ပြန်လည်ရုတ်သိမ်းခြင်းမရှိသေးကြောင်းကို စာချုပ်စာတမ်းမှူးရှေ့တွင် သက်သေထင်ရှားပြဖို့လိုလာသည်။ထိုအချက်ကို သတိမထားမိသော ကိုအောင်သူတစ်ယောက် ပွဲဝင်ခါနီး စိတ်လှုပ်ရှားသွားပုံပေါ်သည်။ ဒါ့ကြောင့် စာချုပ်ကာနီးမှ သိလာသဖြင့် ‘’ကိုယ့်အပူ၊ လူမသိခင်’’ သူငယ်ချင်းဖြစ်သူ စာရေးသူအား ရင်ဖွင့်လိုက်ခြင်းဖြစ်သည်။

လွှတ်တော်ရှေ့နေမောင်ကောင်းဖေ၏ အိမ်ခြံမြေရောင်းဝယ်ငှားသိထားရမည့်အချက်များစာအုပ်မှ ဖော်ပြသည်။

အိမ်ခြံမြေ ကိစ္စအဝဝနှင့် ပတ်သက်၍ ဥပဒေအကြံပေးပညာရှင်များနှင့် ဆွေးနွေးတိုင်ပင်လိုပါက iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ၏ ဖုန်းနံပါတ်များဖြစ်သော 09-966901767, 09-268022352 သို့ ဆက်သွယ်နိုင်ပါသည်။ အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။

iMyanmarHouse.com ၏ ဥပဒေအကြံပေး ပညာရှင်အဖွဲ့ မှ အထူးရေးသားဖော်ပြသည်။

Credit: iMyanmarHouse.com

 

[Zawgyi]

ကိုယ္စားလွယ္လႊဲစာရသူႏွင့္ စာခ်ဳပ္႐ုံးမွာ စာခ်ဳပ္လွ်င္ က်မ္းက်ိန္လိုအပ္ပါသလား ...

႐ုံးဖြင့္ရက္တစ္ရက္၌ စာခ်ဳပ္စာတမ္း မွတ္ပုံတင္႐ုံးတြင္ အေရာင္းအ၀ယ္ စာခ်ဳပ္ခ်ဳပ္ဆိုရန္ ေရာက္ေနေသာ စာေရးသူ၏ မိတ္ေဆြေရွ႕ေနကိုေအာင္သူက ဖုန္းဆက္သည္။ က်မ္းက်ိန္လႊာႏွင့္ ပက္သက္၍ သိလိုသည္မ်ားကို အေရးတႀကီး ေမးျမန္းေနသည္။ ေျမႏွင့္အိမ္အၿပီးအပိုင္ အေရာင္းအ၀ယ္စာခ်ဳပ္ရာတြင္ ေရာင္းသူကိုယ္စား အထူးကိုယ္စားလွယ္ လႊြဲစာရသူက လက္မွတ္ေရးထိုးေပးရန္ နံနက္ (၁၀ း ၀၀) နာရီအေရာက္ စာခ်ဳပ္႐ုံးသို႔ စာခ်ဳပ္မည့္သူမ်ားကို အေရာက္လာရန္ ခ်ိန္းထားၿပီးလည္း ျဖစ္ေနသည္။ ကိုယ္စားလွယ္ ေရာက္လာပါက မွတ္ပုံတင္စာရင္းသြင္းရန္ ေလွ်ာက္လႊာႏွင့္ လိုအပ္သည့္ပုံစံ၊လိုအပ္သည့္ စာရြက္စာတမ္းမ်ားကို အဆင္သင့္ျပင္ဆင္ထားၿပီးျဖစ္ေၾကာင္း ေျပာျပေနသည္။

သူသည္ အထူးကိုယ္စားလွယ္လႊဲစာရသူကိုေစာင့္စားရင္း စာခ်ဳပ္႐ုံးအတြင္းသို႔၀င္၍ ဧည့္သည္မ်ားအတြက္ စီစဥ္ေပးထားသည့္ ထိုင္ခုံမ်ားအနက္ အလြတ္ထိုင္ခုံတစ္ခုံတြင္ ထိုင္ေနလိုက္သည္။ ႐ုံးေရွ႕ေနာက္ ဝဲ၊ ယာနံရံတို႔တြင္ ခ်ိတ္ဆြဲထားေသာ ေၾကာ္ျငာခ်က္တို႔ကို ဖတ္ၾကည့္ေနမိသည္။ အမွတ္မထင္ တစ္ေနရာတြင္ ကိုယ္စားလွယ္လႊဲစာျဖင့္ စာခ်ဳပ္မည့္သူမ်ား၊ အေနျဖင့္ ကိုယ္စားလွယ္ေပးအပ္သူ (Special Power, General Power)မွ ပါဝါမ႐ုတ္သိမ္းေသးေၾကာင္း က်မ္းက်ိန္လႊာ ပါရွိရမည္ဟူေသာ စာပိုဒ္ကိုဖတ္မိစဥ္ ဘယ္လိုဆက္လက္ေဆာင္ရြက္ရမည္ကို မသိ၍ သူငယ္ခ်င္းအား ဖုန္းဆက္ျခင္းျဖစ္ေၾကာင္း ကိုေအာင္သူက ရွင္းျပေနသည္။

အိမ္ျခံေျမအေရာင္းအ၀ယ္စာခ်ဳပ္ခ်ဳပ္မည္ဆိုလွွ်င္ ေရာင္းသူ၊ ၀ယ္သူတို႔၏မွတ္ပုံတင္(၂)စုံ၊ ဂရန္မိတၱဴ(၂)စုံ၊ ေျမပုံေျမရာဇ၀င္မိတၱဴ(၂)စုံ၊ အခြန္ထမ္းေဆာင္ၿပီးေၾကာင္း အခြန္ေျပစာ (၂)စုံ၊ အသိသက္ေသ (၂)ဦး၏ မွတ္ပုံတင္ တစ္စုံစသည္တို႔ကို စာခ်ဳပ္႐ုံးတြင္ ေပးရပါသည္။ ယင္းစာရြက္စာတမ္းမ်ား ျပည့္စုံလွ်င္ စာခ်ဳပ္စာတမ္း႐ုံးတြင္ မွတ္ပုံတင္ရမည့္ကိစၥမွာ သိပ္မခက္ခဲဟုထင္ရသည္။ သို႔ေသာ္ သမ႐ိုးက် ေရာင္း၀ယ္ျခင္းမဟုတ္ပဲ ေရာင္းသူက အျခားတစ္ဦးကို ကိုယ္စားလွယ္ လႊဲစာေပးခဲ့လွ်င္ စာခ်ဳပ္ရာတြင္ အလုပ္ပိုလုပ္ရသည္မ်ား ရွိလာသည္။

(Special Power, General Power)ေပးသူသည္ ယခုထက္တိုင္ အသက္ထင္ရွား ရွိဖို႔လိုသည္။ ထို႔ျပင္ ကိုယ္စားလွယ္လႊဲစာကိုလည္း ယေန႔ထက္တိုင္ ျပန္လည္႐ုတ္သိမ္းျခင္းမရွိေသးေၾကာင္းကို စာခ်ဳပ္စာတမ္းမွဴးေရွ႕တြင္ သက္ေသထင္ရွားျပဖို႔လိုလာသည္။ထိုအခ်က္ကို သတိမထားမိေသာ ကိုေအာင္သူတစ္ေယာက္ ပြဲ၀င္ခါနီး စိတ္လႈပ္ရွားသြားပုံေပၚသည္။ ဒါ့ေၾကာင့္ စာခ်ဳပ္ကာနီးမွ သိလာသျဖင့္ ‘’ကိုယ့္အပူ၊ လူမသိခင္’’ သူငယ္ခ်င္းျဖစ္သူ စာေရးသူအား ရင္ဖြင့္လိုက္ျခင္းျဖစ္သည္။

လႊတ္ေတာ္ေရွ႕ေနေမာင္ေကာင္းေဖ၏ အိမ္ျခံေျမေရာင္း၀ယ္ငွားသိထားရမည့္အခ်က္မ်ားစာအုပ္မွ ေဖာ္ျပသည္။

အိမ္ျခံေျမ ကိစၥအဝဝနွင့္ ပတ္သက္၍ ဥပေဒအၾကံေပးပညာရွင္မ်ားနွင့္ ေဆြးေႏြးတိုင္ပင္လိုပါက iMyanmarHouse.com (အိုင္ျမန္မာေဟာက္စ္ေဒါ႔ကြန္း) ၏ ဖုန္းနံပါတ္မ်ားျဖစ္ေသာ 09-966901767, 09-268022352 သို႔ ဆက္သြယ္ႏိုင္ပါသည္။ အေသးစိတ္ၾကည့္ရန္ ဤေနရာကို ႏွိပ္ပါ။

iMyanmarHouse.com ၏ ဥပ​ေဒအၾကံ​ေပး ပညာ႐ွင္​အဖြဲ႔ မွ အထူးေရးသားေဖာ္ျပသည္။

Credit: iMyanmarHouse.com

နောက်ဆုံးရ အိမ်ခြံမြေ ဗဟုသုတများ

KITCHEN ဆေးရောင်ရွေးချယ်မှုအတွက် အကြံပေးမှုတစ်ချို့
KITCHEN ဆေးရောင်ရွေးချယ်မှုအတွက် အကြံပေးမှုတစ်ချို့
စုံလင်ဖွေရှာ အိမ်ခြံမြေဥပဒေရေးရာ
စုံလင်ဖွေရှာ အိမ်ခြံမြေဥပဒေရေးရာ
သာသနာဂရန်မြေ လျှောက်ထားရာတွင် သိရှိထားသင့်သည့် အချက်အလက်များအကြောင်း ဥပဒေဗဟုသုတ အနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။...
သာသနာဂရန်မြေ လျှောက်ထားရာတွင် သိရှိထားသင့်သည့် အချက်အလက်များအကြောင်း ဥပဒေဗဟုသုတ အနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။...
မရွှေ့မပြောင်းနိုင်သောပစ္စည်းကို ကန့်သတ်သည့်ဥပဒေအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြ ပေးလိုက်ပါသည်။...
မရွှေ့မပြောင်းနိုင်သောပစ္စည်းကို ကန့်သတ်သည့်ဥပဒေအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြ ပေးလိုက်ပါသည်။...
၂၀၂၅-၂၀၂၆ ခုနှစ်အတွက် ရန်ကုန်တိုင်း မြို့နယ်စုံ အသစ်ထွက်ရှိလာသော ရာဖြတ်နှုန်းထားများ
၂၀၂၅-၂၀၂၆ ခုနှစ်အတွက် ရန်ကုန်တိုင်း မြို့နယ်စုံ အသစ်ထွက်ရှိလာသော ရာဖြတ်နှုန်းထားများ
မြေယာစီမံခန့်ခွဲမှု စပ်လျဉ်း၍ ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
မြေယာစီမံခန့်ခွဲမှု စပ်လျဉ်း၍ ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
ငွေရေးကြေးရေးဆိုင်ရာအဖွဲ့အစည်း ဥပဒေအကြောင်းကို ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။...
ငွေရေးကြေးရေးဆိုင်ရာအဖွဲ့အစည်း ဥပဒေအကြောင်းကို ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။...
အပတ်စဉ် သိမှတ်ဖွယ်ရာ ဥပဒေအမေးအဖြေကဏ္ဍ
အပတ်စဉ် သိမှတ်ဖွယ်ရာ ဥပဒေအမေးအဖြေကဏ္ဍ
အိမ်ခြံမြေအသိကြွယ်စေဖို့ရာ ဥပဒေအမေးအဖြေကဏ္ဍ
အိမ်ခြံမြေအသိကြွယ်စေဖို့ရာ ဥပဒေအမေးအဖြေကဏ္ဍ
စုပေါင်းပိုင် အဆောက်အအုံနှင့် စပ်လျဉ်း၍ လိုက်နာရမည့် အချက်အလက်များ ဥပဒေဗဟုသုတအအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။...
စုပေါင်းပိုင် အဆောက်အအုံနှင့် စပ်လျဉ်း၍ လိုက်နာရမည့် အချက်အလက်များ ဥပဒေဗဟုသုတအအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။...

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

အိမ်ခြံမြေအသိကြွယ်စေဖို့ရာ ဥပဒေအမေးအဖြေကဏ္ဍ
အိမ်ခြံမြေအသိကြွယ်စေဖို့ရာ ဥပဒေအမေးအဖြေကဏ္ဍ
ဆွီဒင်တွင် မိခင်ဖြစ်သူက သားသမီး ၂ ဦး မွေးဖွားမှုအတွက် လစာဖြင့်ခွင့် ၂၁ လ ရယူခဲ့ပြီး လက်တွဲဖော် အမျိုးသားက ခွင့် ၁၅ လ ရယူ
ဆွီဒင်တွင် မိခင်ဖြစ်သူက သားသမီး ၂ ဦး မွေးဖွားမှုအတွက် လစာဖြင့်ခွင့် ၂၁ လ ရယူခဲ့ပြီး လက်တွဲဖော် အမျိုးသားက ခွင့် ၁၅ လ ရယူ
အိမ်ရာမဲ့ဘဝမှ သူဌေးဖြစ်လာသော အမေရိကန်ပြည်၊ ဒက်ထရွိုက်မြို့မှ အမျိုးသားတစ်ဦးအကြောင်း
အိမ်ရာမဲ့ဘဝမှ သူဌေးဖြစ်လာသော အမေရိကန်ပြည်၊ ဒက်ထရွိုက်မြို့မှ အမျိုးသားတစ်ဦးအကြောင်း
ထိုင်းတွင် သန့်ရှင်းရေး မိန်းကလေးတစ်ဦးကို ရုရှားဓာတ်ပုံဆရာတစ်ဦးက ဗွီဒီယိုရိုက်ကူးကာ TikTok တွင် တင်ခဲ့ရာ သန့်ရှင်းရေးမိန
ထိုင်းတွင် သန့်ရှင်းရေး မိန်းကလေးတစ်ဦးကို ရုရှားဓာတ်ပုံဆရာတစ်ဦးက ဗွီဒီယိုရိုက်ကူးကာ TikTok တွင် တင်ခဲ့ရာ သန့်ရှင်းရေးမိန
တရုတ်ပြည်ရှိ လူငယ်တို့မှာ အိမ်ငှားနေထိုင်ခြင်းထက် ဟိုတယ်များတွင် နေထိုင်ကြမှု ပိုမိုများပြားလာလျက်ရှိ၊ ဟိုတယ်တွင် နေထိုင
တရုတ်ပြည်ရှိ လူငယ်တို့မှာ အိမ်ငှားနေထိုင်ခြင်းထက် ဟိုတယ်များတွင် နေထိုင်ကြမှု ပိုမိုများပြားလာလျက်ရှိ၊ ဟိုတယ်တွင် နေထိုင
သာသနာဂရန်မြေ လျှောက်ထားရာတွင် သိရှိထားသင့်သည့် အချက်အလက်များအကြောင်း ဥပဒေဗဟုသုတ အနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
သာသနာဂရန်မြေ လျှောက်ထားရာတွင် သိရှိထားသင့်သည့် အချက်အလက်များအကြောင်း ဥပဒေဗဟုသုတ အနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
အင်္ဂလန်နိုင်ငံ၊ ဘာမင်ဂန်မြို့တွင် အမှိုက်သိမ်းသမားအားလုံး အလုပ်ထွက်သွားသောကြောင့် တစ်မြို့လုံးရှိ နေအိမ်များရှေ့တွင် အမ
အင်္ဂလန်နိုင်ငံ၊ ဘာမင်ဂန်မြို့တွင် အမှိုက်သိမ်းသမားအားလုံး အလုပ်ထွက်သွားသောကြောင့် တစ်မြို့လုံးရှိ နေအိမ်များရှေ့တွင် အမ
အမေရိကန်နိုင်ငံသားတစ်ဦး တရုတ်ပြည်တွင် ၁၅ နှစ်တာ ကွန်ဖူးကျင့်ခဲ့ပြီးနောက် အမြဲအခြေချနေထိုင်ခွင့် PR ရရှိခဲ့သည့်အပြင် ဝူတန
အမေရိကန်နိုင်ငံသားတစ်ဦး တရုတ်ပြည်တွင် ၁၅ နှစ်တာ ကွန်ဖူးကျင့်ခဲ့ပြီးနောက် အမြဲအခြေချနေထိုင်ခွင့် PR ရရှိခဲ့သည့်အပြင် ဝူတန
မည်သည့်အခါမျှ ရောက်ဖူးမည်မဟုတ်သော တားမြစ်နေရာများ
မည်သည့်အခါမျှ ရောက်ဖူးမည်မဟုတ်သော တားမြစ်နေရာများ
[ဆန်းကြယ်သော သဘာဝတရား] အီရန်နိုင်ငံက ခြောက်ခြားဖွယ် အသံနက်ကြီးများ ထုတ်လွှင့်သော ကျိန်စာသင့် တောအုပ်ကြီးအကြောင်း
[ဆန်းကြယ်သော သဘာဝတရား] အီရန်နိုင်ငံက ခြောက်ခြားဖွယ် အသံနက်ကြီးများ ထုတ်လွှင့်သော ကျိန်စာသင့် တောအုပ်ကြီးအကြောင်း
Shwe Wutt Hmone
imyanmarmarket

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service