တိုက်ခန်းများ ဆောက်လုပ်ရာတွင် ယာဉ်ရပ်နားရာနေရာ ထည့်သွင်းဆောက်လုပ်သင့်ခြင်း

တိုက်ခန်းများ ဆောက်လုပ်ရာတွင် ယာဉ်ရပ်နားရာနေရာ ထည့်သွင်းဆောက်လုပ်သင့်ခြင်း - Property Knowledge in Myanmar from iMyanmarHouse.com
16 Jun 2020 1:25 pm တွင် တင်ခဲ့သည်
886 ကြိမ် ကြည့်ရှု့ပြီး

ဗဟုသုတ | Posted by နှင်းအိခင်

[Unicode]

“အဆောက်အအုံ ဆောက်လုပ်ရာမှာ ကားရပ်နားရန်နေရာ ထည့်သွင်း ဆောက်လုပ်ရမယ်လို့ ပြဋ္ဌာန်း ချက်ရှိပါ သလား ဆရာ”ဟု မိတ်ဆွေ တစ်ဦးက လာရောက်ဆွေးနွေးပါသည်။

“ရန်ကုန်မြို့တော် စည်ပင်သာယာရေး ဥပဒေမှာတော့ တိတိကျကျ ပြဋ္ဌာန်းထားတာ မရှိပါဘူး။ ဒါပေမယ့် ယခုနောက်ပိုင်း ဆောက်လုပ်တဲ့ ကွန်ဒိုတွေမှာတော့ တိုက်ခန်းတစ်ခန်းအတွက် ကားတစ်စီးရပ်နားဖို့ စီစဉ် ဆောက်လုပ်ထားတာတွေကို တွေ့ရတယ်”

“ခြံဝန်းကျယ်ထဲမှာဆောက်တဲ့ ကွန်ဒိုတိုက်ခန်းတွေမှာတော့ ဟုတ်မယ် ဆရာ။ ဒါပေမယ့် ရပ်ကွက် လမ်းကျဉ်း ထဲမှာ ဆောက်လုပ်ကြတဲ့ မီနီကွန်ဒိုတွေမှာတော့ မတွေ့ဘူး ဆရာ”

“မှန်ပါတယ်။ မိတ်ဆွေက ကန်ထရိုက်တိုက်ဆောက်လုပ်ဖို့ စိတ်ကူး ရှိနေလို့လား”

“စိတ်ကူးတော့ ရှိတယ်။ ဒါပေမယ့် ကားရပ်နားဖို့ကိစ္စကို ဖြေရှင်းဖို့က မလွယ်ဘူးထင်တယ် ဆရာ”

“နားလည်မှုနဲ့ ကားရပ်နေကြတာပဲ မဟုတ်လား”

““မိတ်ဆွေရဲ့ အိမ်ဝိုင်းက လမ်းရဲ့ ထောင့်ကွက်ဆိုရင်တော့ နေရာပိုရ နိုင်တယ် မဟုတ်လား””

“မှန်ပါတယ်။ ကျွန်တော်က ထောင့်ကွက်မဟုတ်ဘူး။ ပေ ၄၀ x ပေ ၆၀ မြေကွက်ဆိုတော့ ကန်ထရိုက်တွေက မျက်စိကျတယ် ဆရာ။ ဓာတ်လှေခါးပါ မီနီကွန်ဒိုဆောက်ဖို့ ကမ်းလှမ်းချက်တွေရှိလာလို့ပါ”

“ဘယ်မြို့နယ်ထဲမှာလဲ”

“စမ်းချောင်းမြို့နယ်ထဲမှာပါ”

“ယာဉ်အသွားအလာ ထူထပ်တဲ့ မြို့နယ်တစ်ခုဆိုတော့ ဒီအချက်ကို စဉ်းစားဖို့ လိုပါတယ်”

“ဟုတ်တယ် ဆရာ။ မိမိရဲ့ တိုက်ခန်းအိမ်ရှေ့မှာ ကားပိတ်ရပ်လို့ မကြာခဏ ပြဿနာဖြစ်ကြတာတွေ ရှိတယ်”

“မှန်ပါတယ်။ ခိုက်ရန်ဖြစ်မှုတွေ အသက်ဆုံးရှုံးရသည်အထိ ဖြစ်ရပ်တွေ ရှိတယ်”

“ရန်ကုန်မြို့လယ်မှာတော့ ယာဉ်ရပ်နားစခန်းတွေ သီးခြားတည် ဆောက်ပေးမယ်လို့လည်း ကြားတယ် ဆရာ”

“ဒါပေမယ့် လက်ရှိတော့ အကောင်အထည်မဖော်နိုင်သေးပါဘူး။ ကားရပ်နားဖို့ နှစ်ပတ်သုံးပတ်လမ်းထဲမှာ ပတ်ပြီးကားမောင်းနေရတာတွေလည်း ရှိနေဆဲပါ သူငယ်ချင်း”

“မော်တော်ယာဉ်ရပ်နားခ ကောက်ခံနေတဲ့ သူတွေလည်း ရှိနေတာပဲ ဆရာ”

“ဟုတ်ပါတယ်။ အဆောက်အအုံကို ဖျက်ထားတဲ့ မြေကွက်လပ် တစ်ခုမှာ ကားတစ်စီးကို ရပ်နားခ ငွေကျပ် ၂၀၀၀ ထိ ကောက်ခံတာကိုလည်း တွေ့ရတယ်”

“ဥပဒေအရ ယာဉ်ရပ်နားခ ကောက်ခံခွင့်မပြုဘူး မဟုတ်လား ဆရာ”

“မှန်ပါတယ်။ ၂၀၁၈ ခုနှစ် ရန်ကုန်မြို့တော် စည်ပင်သာယာရေး ဥပဒေ ပုဒ်မ - ၃၁၄ (ခ) မှာ၊ မည်သူ မျှ မြို့တော်နယ်နိမိတ်အတွင်း ကော်မတီ၏ ခွင့်ပြုချက်မရှိဘဲ မော်တော်ယာဉ်ရပ်နားခကောက်ခံခြင်းမပြုရလို့ တားမြစ်ပြဋ္ဌာန်းထားပါတယ်”

“ဖောက်ဖျက်ကျူးလွန်ရင် အ ပြစ်ဒဏ်သတ်မှတ်ချက်ရှိပါသလား”

“ရှိပါတယ်။ ပုဒ်မ - ၃၁၄ (ခ) ကို ကျူးလွန်ရင် ငွေဒဏ်ကျပ်ငွေ (၁) သိန်းမှ ကျပ်ငွေ (၅) သိန်းအထိဖြစ်စေ၊ ထောင်ဒဏ် ခြောက်လအထိဖြစ် စေ၊ ဒဏ်နှစ်ရပ်လုံးဖြစ်စေ၊ ချမှတ်ရမည်လို့ ပြဋ္ဌာန်းထားပါတယ်”

“ထိထိရောက်ရောက် အရေးယူ တာတော့ မကြားမိဘူး ဆရာ”

“မှန်ပါတယ်။ သတိပေးကြေညာချက်တွေ ထုတ်ပြန်ဆောင်ရွက်တာတော့ ရန်ကုန်တိုင်းအစိုးရရဲ့ ဆောင် ရွက်ချက်အနေနဲ့ တွေ့ရှိရပါတယ်”

“ရပ်နားစခန်းအတိအကျ ဆောက်လုပ်နေရာချထားရင်တော့ အဆင်ပြေမယ်ထင်ပါတယ်”

“ခက်တာက ကားစီးတဲ့သူကလည်း လွယ်လွယ်ကူကူ၊ မိမိဆင်းလိုတဲ့နေရာနဲ့ အနီးဆုံးနေရာမှာ ကားကို ရပ်ထားချင်ကြတယ်။ ဖြူနီကျား ဆွဲထားတဲ့နေရာတွေမှာ ကားရပ်ထားပြီး ဆင်းသွားတာမျိုးလည်းရှိတယ်။ ကားပေါ်မှာ ယာဉ်မောင်းကိုထားခဲ့ပြီး ဖြူနီကျားနေရာမျိုးမှာ ရပ်ထားကြမယ်။ ယာဉ်ထိန်းရဲလာရင် ယာဉ် မောင်းသူက အဆင်ပြေသလို မောင်းထွက်သွားမယ်ဆိုတဲ့ စိတ်ကူးနဲ့ ကားမရပ်ရ၊ နယ်မြေနေရာတွေမှာ ကား ရပ်နေတာတွေရှိနေပါတယ်”

“အဆောက်အအုံရှေ့မှာလည်း ကားရပ်နားလို့မရအောင် အတားအဆီးလည်း မတားရဘူး မဟုတ်လား”

“ဟုတ်ပါတယ်။ ရန်ကုန်မြို့တော် စည်ပင်သာယာရေး ဥပဒေ ပုဒ်မ- ၃၁၅၊ ပုဒ်မခွဲ (ဎ) မှာ မည်သူမျှ မြို့တော် နယ်နမိတ်အတွင်း အများပြည်သူဆိုင်ရာ လမ်းပေါ်တွင် ယာဉ်သွားလာခြင်း၊ ရပ်နားခြင်းကို အနှောင့်အယှက် ဖြစ်စေသည့် အတားအဆီးမပြုရလို့ ပိတ်ပင်တားမြစ် ပြဋ္ဌာန်းထားပါတယ်”

“အပြစ်ဒဏ်ပိုင်းက ဘယ်လို သတ်မှတ်ထားပါသလဲ”

“ပြစ်ဒဏ်ပိုင်းအနေနဲ့ကတော့ ပထမအကြိမ် ကျူးလွန်လျှင် ငွေဒဏ် ကျပ် (၁) သိန်းမှ ကျပ် (၅) သိန်း အထိ ချမှတ်ရမည်ဖြစ်ပြီး ဆက်လက်ကျူးလွန်ပါက ထောင်ဒဏ် သုံးလအထိ ချမှတ်ရမည်လို့ ပြဋ္ဌာန်းထားပါတယ်”

“မန္တလေးမြို့မှာတော့ ထိထိ ရောက်ရောက် အရေးယူတာတွေရှိတယ်လို့ ကြားသိရတယ်”

“ဒီလိုကိစ်္စမျိုးဆိုတာက တိုင်ကြားသူရှိဖို့လိုတယ်လေ။ တိုင်ကြားသူ မရှိရင်တော့ နားလည်မှုနဲ့ အဆင်ပြေ နေကြမှာ ဖြစ်တယ်”

“ဘာပဲဖြစ်ဖြစ် တိုက်ခန်းသစ်တွေ ဆောက်လုပ်တဲ့အခါ ကားရပ်နားဖို့နေရာပါ စဉ်းစားတည်ဆောက် ဖို့လိုမယ်ထင်တယ် ဆရာ”

“ဟုတ်ပါတယ်။ ခေတ်မီတိုးတက်တဲ့ နိုင်ငံတိုင်းမှာ ကားရပ်နားဖို့ကို စဉ်းစားတည်ဆောက်ကြလေ့ရှိပါတယ်။ ယခုဆိုရင် ကိုယ်တိုင်ကားစီးသူတွေက ယခင်ထက် သုံးဆခန့်ရှိလာပြီဖြစ်တယ်”

“ဟုတ်ကဲ့ ဆရာ။ အရစ်ကျ စနစ်နဲ့ကားရောင်းတဲ့ စနစ်တွေပေါ်လာတော့ ကိုယ်ပိုင်ကားစီသူ အရေ အတွက်ပိုများလာတယ် ဆရာ။ အချို့ အိမ်မှာဆိုရင် ကားနှစ်စီး၊ သုံးစီးကို ပိုင်ဆိုင်ထားကြတယ်”

“ဒါကြောင့် မိတ်ဆွေကြီးပြောသလို ကန်ထရိုက်တိုက်ခန်းတွေ ဆောက်လုပ်တဲ့အခါ ယာဉ်ရပ်နားဖို့ အတွက်ပါ ထည့်သွင်းစဉ်းစား ဆောက်လုပ်ကြဖို့လိုပါတယ်လို့ အကြံပြုချင်ပါတယ်”

“တစ်ချိန်က ယာဉ်ရပ်နားဖို့အတွက်ပါ ထည့်သွင်းဆောက်လုပ်ဖို့ ညွှန်ကြားခဲ့တာရှိတယ်လို့ သိရတယ်”

“မှန်ပါတယ်။ ဒါပေမယ့် ဆောက်လုပ်သူ ငွေရှင်များက လူနေ တိုက်ခန်းအရေအတွက် နစ်နာတယ်ဆိုပြီး တောင်းဆိုကြလို့ အဲဒီစနစ်က အပြည့်အဝအကောင်အထည် မဖော်နိုင်ခဲ့ဘူးဖြစ်သွားတယ်”

“ဟုတ်ပါတယ် ဆရာ။ ကျွန်တော်က ယာဉ်ရပ်နားဖို့ နေရာအတွက် ထည့်သွင်းဆောက်ဖို့ ကန်ထရိုက်နဲ့ ညှိနှိုင်း တဲ့အခါ အဆင်မ ပြေဖြစ်နေတယ်။ ဒါကြောင့် စည်ပင်သာယာရေးဥပဒေမှာ ကားရပ်နားရန်အတွက် မဖြစ်မနေ ထည့်သွင်း ဆောက်လုပ်ရမယ်လို့ ပြဋ္ဌာန်းချက်ရှိ မရှိသိလိုတာပါ ဆရာ”

“အတိကျပြဋ္ဌာန်းချက် မရှိပေမယ့် ကားရပ်နားရန် နေရာကိုပါ ထည့် သွင်းတည်ဆောက်ရင်တော့ အကောင်း ဆုံးပါ”လို့ ဆွေးနွေးလိုက်ပါသည်။

အိမ်ခြံမြေ ကိစ္စအဝဝနှင့် ပတ်သက်၍ ဥပဒေအကြံပေးပညာရှင်များနှင့် ဆွေးနွေးတိုင်ပင်လိုပါက iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ၏ ဖုန်းနံပါတ်များဖြစ်သော 09-966901767, 09-268022352 သို့ ဆက်သွယ်နိုင်ပါသည်။ အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။

Credit: ထီယု (ဥပဒေအတိုင်ပင်ခံ)

 

[Zawgyi]

တုိက္ခန္းမ်ား ေဆာက္လုပ္ရာတြင္ ယာဥ္ရပ္နားရာေနရာ ထည့္သြင္းေဆာက္လုပ္သင့္ျခင္း

“အေဆာက္အအုံ ေဆာက္လုပ္ရာမွာ ကားရပ္နားရန္ေနရာ ထည့္သြင္း ေဆာက္လုပ္ရမယ္လို႔ ျပ႒ာန္း ခ်က္ရွိပါ သလား ဆရာ”ဟု မိတ္ေဆြ တစ္ဦးက လာေရာက္ေဆြးေႏြးပါသည္။

“ရန္ကုန္ၿမိဳ႕ေတာ္ စည္ပင္သာယာေရး ဥပေဒမွာေတာ့ တိတိက်က် ျပ႒ာန္းထားတာ မရွိပါဘူး။ ဒါေပမယ့္ ယခုေနာက္ပုိင္း ေဆာက္လုပ္တဲ့ ကြန္ဒုိေတြမွာေတာ့ တုိက္ခန္းတစ္ခန္းအတြက္ ကားတစ္စီးရပ္နားဖုိ႔ စီစဥ္ ေဆာက္လုပ္ထားတာေတြကို ေတြ႕ရတယ္”

“ၿခံ၀န္းက်ယ္ထဲမွာေဆာက္တဲ့ ကြန္ဒုိတုိက္ခန္းေတြမွာေတာ့ ဟုတ္မယ္ ဆရာ။ ဒါေပမယ့္ ရပ္ကြက္ လမ္းက်ဥ္း ထဲမွာ ေဆာက္လုပ္ၾကတဲ့ မီနီကြန္ဒုိေတြမွာေတာ့ မေတြ႕ဘူး ဆရာ”

“မွန္ပါတယ္။ မိတ္ေဆြက ကန္ထ႐ိုက္တုိက္ေဆာက္လုပ္ဖုိ႔ စိတ္ကူး ရွိေနလုိ႔လား”

“စိတ္ကူးေတာ့ ရွိတယ္။ ဒါေပမယ့္ ကားရပ္နားဖုိ႔ကိစၥကို ေျဖရွင္းဖုိ႔က မလြယ္ဘူးထင္တယ္ ဆရာ”

“နားလည္မႈနဲ႔ ကားရပ္ေနၾကတာပဲ မဟုတ္လား”

““မိတ္ေဆြရဲ႕ အိမ္၀ုိင္းက လမ္းရဲ႕ ေထာင့္ကြက္ဆုိရင္ေတာ့ ေနရာပိုရ ႏုိင္တယ္ မဟုတ္လား””

“မွန္ပါတယ္။ ကၽြန္ေတာ္က ေထာင့္ကြက္မဟုတ္ဘူး။ ေပ ၄၀ x ေပ ၆၀ ေျမကြက္ဆုိေတာ့ ကန္ထ႐ုိက္ေတြက မ်က္စိက်တယ္ ဆရာ။ ဓာတ္ေလွခါးပါ မီနီကြန္ဒုိေဆာက္ဖုိ႔ ကမ္းလွမ္းခ်က္ေတြရွိလာလုိ႔ပါ”

“ဘယ္ၿမိဳ႕နယ္ထဲမွာလဲ”

“စမ္းေခ်ာင္းၿမိဳ႕နယ္ထဲမွာပါ”

“ယာဥ္အသြားအလာ ထူထပ္တဲ့ ၿမိဳ႕နယ္တစ္ခုဆုိေတာ့ ဒီအခ်က္ကုိ စဥ္းစားဖုိ႔ လုိပါတယ္”

“ဟုတ္တယ္ ဆရာ။ မိမိရဲ႕ တုိက္ခန္းအိမ္ေရွ႕မွာ ကားပိတ္ရပ္လုိ႔ မၾကာခဏ ျပႆနာျဖစ္ၾကတာေတြ ရွိတယ္”

“မွန္ပါတယ္။ ခုိက္ရန္ျဖစ္မႈေတြ အသက္ဆုံး႐ႈံးရသည္အထိ ျဖစ္ရပ္ေတြ ရွိတယ္”

“ရန္ကုန္ၿမိဳ႕လယ္မွာေတာ့ ယာဥ္ရပ္နားစခန္းေတြ သီးျခားတည္ ေဆာက္ေပးမယ္လုိ႔လည္း ၾကားတယ္ ဆရာ”

“ဒါေပမယ့္ လက္ရွိေတာ့ အေကာင္အထည္မေဖာ္ႏုိင္ေသးပါဘူး။ ကားရပ္နားဖုိ႔ ႏွစ္ပတ္သုံးပတ္လမ္းထဲမွာ ပတ္ၿပီးကားေမာင္းေနရတာေတြလည္း ရွိေနဆဲပါ သူငယ္ခ်င္း”

“ေမာ္ေတာ္ယာဥ္ရပ္နားခ ေကာက္ခံေနတဲ့ သူေတြလည္း ရွိေနတာပဲ ဆရာ”

“ဟုတ္ပါတယ္။ အေဆာက္အအုံကို ဖ်က္ထားတဲ့ ေျမကြက္လပ္ တစ္ခုမွာ ကားတစ္စီးကုိ ရပ္နားခ ေငြက်ပ္ ၂၀၀၀ ထိ ေကာက္ခံတာကုိလည္း ေတြ႕ရတယ္”

“ဥပေဒအရ ယာဥ္ရပ္နားခ ေကာက္ခံခြင့္မျပဳဘူး မဟုတ္လား ဆရာ”

“မွန္ပါတယ္။ ၂၀၁၈ ခုႏွစ္ ရန္ကုန္ၿမိဳ႕ေတာ္ စည္ပင္သာယာေရး ဥပေဒ ပုဒ္မ - ၃၁၄ (ခ) မွာ၊ မည္သူ မွ် ၿမိဳ႕ေတာ္နယ္နိမိတ္အတြင္း ေကာ္မတီ၏ ခြင့္ျပဳခ်က္မရွိဘဲ ေမာ္ေတာ္ယာဥ္ရပ္နားခေကာက္ခံျခင္းမျပဳရလို႔ တားျမစ္ျပ႒ာန္းထားပါတယ္”

“ေဖာက္ဖ်က္က်ဴးလြန္ရင္ အ ျပစ္ဒဏ္သတ္မွတ္ခ်က္ရွိပါသလား”

“ရွိပါတယ္။ ပုဒ္မ - ၃၁၄ (ခ) ကို က်ဴးလြန္ရင္ ေငြဒဏ္က်ပ္ေငြ (၁) သိန္းမွ က်ပ္ေငြ (၅) သိန္းအထိျဖစ္ေစ၊ ေထာင္ဒဏ္ ေျခာက္လအထိျဖစ္ ေစ၊ ဒဏ္ႏွစ္ရပ္လုံးျဖစ္ေစ၊ ခ်မွတ္ရမည္လုိ႔ ျပ႒ာန္းထားပါတယ္”

“ထိထိေရာက္ေရာက္ အေရးယူ တာေတာ့ မၾကားမိဘူး ဆရာ”

“မွန္ပါတယ္။ သတိေပးေၾကညာခ်က္ေတြ ထုတ္ျပန္ေဆာင္ရြက္တာေတာ့ ရန္ကုန္တုိင္းအစိုးရရဲဲ႕ ေဆာင္ ရြက္ခ်က္အေနနဲ႔ ေတြ႕ရွိရပါတယ္”

“ရပ္နားစခန္းအတိအက် ေဆာက္လုပ္ေနရာခ်ထားရင္ေတာ့ အဆင္ေျပမယ္ထင္ပါတယ္”

“ခက္တာက ကားစီးတဲ့သူကလည္း လြယ္လြယ္ကူကူ၊ မိမိဆင္းလုိတဲ့ေနရာနဲ႔ အနီးဆုံးေနရာမွာ ကားကုိ ရပ္ထားခ်င္ၾကတယ္။ ျဖဴနီက်ား ဆဲြထားတဲ့ေနရာေတြမွာ ကားရပ္ထားၿပီး ဆင္းသြားတာမ်ဳိးလည္းရွိတယ္။ ကားေပၚမွာ ယာဥ္ေမာင္းကိုထားခဲ့ၿပီး ျဖဴနီက်ားေနရာမ်ဳိးမွာ ရပ္ထားၾကမယ္။ ယာဥ္ထိန္းရဲလာရင္ ယာဥ္ ေမာင္းသူက အဆင္ေျပသလုိ ေမာင္းထြက္သြားမယ္ဆုိတဲ့ စိတ္ကူးနဲ႔ ကားမရပ္ရ၊ နယ္ေျမေနရာေတြမွာ ကား ရပ္ေနတာေတြရွိေနပါတယ္”

“အေဆာက္အအုံေရွ႕မွာလည္း ကားရပ္နားလုိ႔မရေအာင္ အတားအဆီးလည္း မတားရဘူး မဟုတ္လား”

“ဟုတ္ပါတယ္။ ရန္ကုန္ၿမိဳ႕ေတာ္ စည္ပင္သာယာေရး ဥပေဒ ပုဒ္မ- ၃၁၅၊ ပုဒ္မခြဲ (ဎ) မွာ မည္သူမွ် ၿမိဳ႕ေတာ္ နယ္နမိတ္အတြင္း အမ်ားျပည္သူဆုိင္ရာ လမ္းေပၚတြင္ ယာဥ္သြားလာျခင္း၊ ရပ္နားျခင္းကို အေႏွာင့္အယွက္ ျဖစ္ေစသည့္ အတားအဆီးမျပဳရလုိ႔ ပိတ္ပင္တားျမစ္ ျပ႒ာန္းထားပါတယ္”

“အျပစ္ဒဏ္ပုိင္းက ဘယ္လုိ သတ္မွတ္ထားပါသလဲ”

“ျပစ္ဒဏ္ပုိင္းအေနနဲ႔ကေတာ့ ပထမအႀကိမ္ က်ဴးလြန္လွ်င္ ေငြဒဏ္ က်ပ္ (၁) သိန္းမွ က်ပ္ (၅) သိန္း အထိ ခ်မွတ္ရမည္ျဖစ္ၿပီး ဆက္လက္က်ဴးလြန္ပါက ေထာင္ဒဏ္ သုံးလအထိ ခ်မွတ္ရမည္လုိ႔ ျပ႒ာန္းထားပါတယ္”

“မႏၲေလးၿမိဳ႕မွာေတာ့ ထိထိ ေရာက္ေရာက္ အေရးယူတာေတြရွိတယ္လုိ႔ ၾကားသိရတယ္”

“ဒီလုိကိစ္ၥမ်ဳိးဆုိတာက တုိင္ၾကားသူရွိဖုိ႔လုိတယ္ေလ။ တုိင္ၾကားသူ မရွိရင္ေတာ့ နားလည္မႈနဲ႔ အဆင္ေျပ ေနၾကမွာ ျဖစ္တယ္”

“ဘာပဲျဖစ္ျဖစ္ တုိက္ခန္းသစ္ေတြ ေဆာက္လုပ္တဲ့အခါ ကားရပ္နားဖုိ႔ေနရာပါ စဥ္းစားတည္ေဆာက္ ဖုိ႔လုိမယ္ထင္တယ္ ဆရာ”

“ဟုတ္ပါတယ္။ ေခတ္မီတုိးတက္တဲ့ ႏုိင္ငံတုိင္းမွာ ကားရပ္နားဖုိ႔ကို စဥ္းစားတည္ေဆာက္ၾကေလ့ရွိပါတယ္။ ယခုဆုိရင္ ကုိယ္တုိင္ကားစီးသူေတြက ယခင္ထက္ သုံးဆခန္႔ရွိလာၿပီျဖစ္တယ္”

“ဟုတ္ကဲ့ ဆရာ။ အရစ္က် စနစ္နဲ႔ကားေရာင္းတဲ့ စနစ္ေတြေပၚလာေတာ့ ကုိယ္ပုိင္ကားစီသူ အေရ အတြက္ပိုမ်ားလာတယ္ ဆရာ။ အခ်ဳိ႕ အိမ္မွာဆုိရင္ ကားႏွစ္စီး၊ သုံးစီးကို ပုိင္ဆုိင္ထားၾကတယ္”

“ဒါေၾကာင့္ မိတ္ေဆြႀကီးေျပာသလုိ ကန္ထ႐ုိက္တုိက္ခန္းေတြ ေဆာက္လုပ္တဲ့အခါ ယာဥ္ရပ္နားဖုိ႔ အတြက္ပါ ထည့္သြင္းစဥ္းစား ေဆာက္လုပ္ၾကဖုိ႔လုိပါတယ္လုိ႔ အႀကံျပဳခ်င္ပါတယ္”

“တစ္ခ်ိန္က ယာဥ္ရပ္နားဖုိ႔အတြက္ပါ ထည့္သြင္းေဆာက္လုပ္ဖုိ႔ ၫႊန္ၾကားခဲ့တာရွိတယ္လုိ႔ သိရတယ္”

“မွန္ပါတယ္။ ဒါေပမယ့္ ေဆာက္လုပ္သူ ေငြရွင္မ်ားက လူေန တုိက္ခန္းအေရအတြက္ နစ္နာတယ္ဆုိၿပီး ေတာင္းဆုိၾကလုိ႔ အဲဒီစနစ္က အျပည့္အ၀အေကာင္အထည္ မေဖာ္ႏုိင္ခဲ့ဘူးျဖစ္သြားတယ္”

“ဟုတ္ပါတယ္ ဆရာ။ ကၽြန္ေတာ္က ယာဥ္ရပ္နားဖုိ႔ ေနရာအတြက္ ထည့္သြင္းေဆာက္ဖုိ႔ ကန္ထ႐ုိက္နဲ႔ ညိႇႏႈိင္း တဲ့အခါ အဆင္မ ေျပျဖစ္ေနတယ္။ ဒါေၾကာင့္ စည္ပင္သာယာေရးဥပေဒမွာ ကားရပ္နားရန္အတြက္ မျဖစ္မေန ထည့္သြင္း ေဆာက္လုပ္ရမယ္လုိ႔ ျပ႒ာန္းခ်က္ရွိ မရွိသိလုိတာပါ ဆရာ”

“အတိက်ျပ႒ာန္းခ်က္ မရွိေပမယ့္ ကားရပ္နားရန္ ေနရာကိုပါ ထည့္ သြင္းတည္ေဆာက္ရင္ေတာ့ အေကာင္း ဆုံးပါ”လုိ႔ ေဆြးေႏြးလုိက္ပါသည္။

အိမ္ျခံေျမ ကိစၥအဝဝနွင့္ ပတ္သက္၍ ဥပေဒအၾကံေပးပညာရွင္မ်ားနွင့္ ေဆြးေႏြးတိုင္ပင္လိုပါက iMyanmarHouse.com (အိုင္ျမန္မာေဟာက္စ္ေဒါ႔ကြန္း) ၏ ဖုန္းနံပါတ္မ်ားျဖစ္ေသာ 09-966901767, 09-268022352 သို႔ ဆက္သြယ္ႏိုင္ပါသည္။ အေသးစိတ္ၾကည့္ရန္ ဤေနရာကို ႏွိပ္ပါ။

Credit: ထီယု (ဥပေဒအတုိင္ပင္ခံ)

နောက်ဆုံးရ အိမ်ခြံမြေ ဗဟုသုတများ

ဟောင်ကောင် ရေကြောင်းရဲအရာရှိတစ်ဦး ၁၀ ဒေါ်လာဖိုး ဖုန်းဆက်ထီထိုးခဲ့ရာ ဒေါ်လာ ၆၉ သန်း Jackpot ဆုကြီး ထီပေါက်...
ဟောင်ကောင် ရေကြောင်းရဲအရာရှိတစ်ဦး ၁၀ ဒေါ်လာဖိုး ဖုန်းဆက်ထီထိုးခဲ့ရာ ဒေါ်လာ ၆၉ သန်း Jackpot ဆုကြီး ထီပေါက်...
ကာဇက်စတန်မှ ရွာကလေးတွင် ရွာသူရွာသားတို့မှာ လမ်းလျှောက်ရင်းပင် ရုတ်တရက် အိပ်ပျော်သွားတတ်ကြပြီး ပြန်နိုးလာချိန်တွင် မည်သည့်အချိန်က အိပ်ပျော်သွားသည်ကို မမှတ်မိကြသည့် ဆန်းကြယ်သော ဖြစ်ရပ်...
ကာဇက်စတန်မှ ရွာကလေးတွင် ရွာသူရွာသားတို့မှာ လမ်းလျှောက်ရင်းပင် ရုတ်တရက် အိပ်ပျော်သွားတတ်ကြပြီး ပြန်နိုးလာချိန်တွင် မည်သည့်အချိန်က အိပ်ပျော်သွားသည်ကို မမှတ်မိကြသည့် ဆန်းကြယ်သော ဖြစ်ရပ်...
ဟယ်ရီဆင်ဖို့ဒ်က တောမီးဦးတည်နေသည့် ဘရန့်ဝုဒ်အရပ်မှ သူ၏ စံအိမ်ဆီသို့ သွားရန် ကြိုးစားရာ ရဲအရာရှိတို့ လိုက်ပါစောင့်ကြပ်ပေးခဲ့...
ဟယ်ရီဆင်ဖို့ဒ်က တောမီးဦးတည်နေသည့် ဘရန့်ဝုဒ်အရပ်မှ သူ၏ စံအိမ်ဆီသို့ သွားရန် ကြိုးစားရာ ရဲအရာရှိတို့ လိုက်ပါစောင့်ကြပ်ပေးခဲ့...
ကယ်လီဖိုးနီးယားတွင် တောမီးကြောင့် အရေးပေါ်အခြေအနေ ကြေညာထားပြီး ညမထွက်ရအမိန့် ထုတ်ပြန်ထားရာ ဒုသမ္မတ ခါမလာဟဲရစ်၏ နေအိမ်အနီး ညဘက် သွားလာသူ ၂ ဦး ဖမ်းဆီးခံရ...
ကယ်လီဖိုးနီးယားတွင် တောမီးကြောင့် အရေးပေါ်အခြေအနေ ကြေညာထားပြီး ညမထွက်ရအမိန့် ထုတ်ပြန်ထားရာ ဒုသမ္မတ ခါမလာဟဲရစ်၏ နေအိမ်အနီး ညဘက် သွားလာသူ ၂ ဦး ဖမ်းဆီးခံရ...
ဂျပန်နိုင်ငံသားများအကြား “အိမ်သာ” ဟု ရည်ညွှန်းပြောဆိုကြသည့် ကျဉ်းမြောင်းလှသော လူနေခန်းလေးများ၊ ဟိုတယ်များ အမြဲပြည့်နေသော ဂျပန်တွင် နိုင်ငံခြားခရီးသွားများ တည်းခိုရန် စိတ်ဝင်စားလျက်ရှိ...
ဂျပန်နိုင်ငံသားများအကြား “အိမ်သာ” ဟု ရည်ညွှန်းပြောဆိုကြသည့် ကျဉ်းမြောင်းလှသော လူနေခန်းလေးများ၊ ဟိုတယ်များ အမြဲပြည့်နေသော ဂျပန်တွင် နိုင်ငံခြားခရီးသွားများ တည်းခိုရန် စိတ်ဝင်စားလျက်ရှိ...
(ထူးထူးခြားခြား အိမ်ခြံမြေဒိုင်ယာရီ) အိန္ဒိယတွင် အိမ်ခြံမြေ Developer တစ်ဦးက ဆောက်လုပ်ရေးအတွက် မြေတူးစဉ် ရွှေအိုးကြီးတစ်လုံး တူးဖော်တွေ့ရှိ...
(ထူးထူးခြားခြား အိမ်ခြံမြေဒိုင်ယာရီ) အိန္ဒိယတွင် အိမ်ခြံမြေ Developer တစ်ဦးက ဆောက်လုပ်ရေးအတွက် မြေတူးစဉ် ရွှေအိုးကြီးတစ်လုံး တူးဖော်တွေ့ရှိ...
မိုက်ခရိုဝေ့(Microwave) နှင့် ပြန်နွှေးပြီး မစားသင့်သော အစာ (၇) မျိုး
မိုက်ခရိုဝေ့(Microwave) နှင့် ပြန်နွှေးပြီး မစားသင့်သော အစာ (၇) မျိုး
အိမ်ခြံမြေအရေး iMyanmarHouse ကို တွေးလိုက်ပါ🤔
အိမ်ခြံမြေအရေး iMyanmarHouse ကို တွေးလိုက်ပါ🤔
ပစ္စည်းလွှဲပြောင်းခြင်း ဥပဒေအကြောင်းကို ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
ပစ္စည်းလွှဲပြောင်းခြင်း ဥပဒေအကြောင်းကို ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
အိမ်ပိုင်ရှင်များသတိထားနိုင်ဖို့ တစ်ထပ်အိမ်ကို အဆင့်မြှင့်တဲ့အခါ ဆောင်ရန်ရှောင်ဖွယ်အချက် ( ၄) ချက်...
အိမ်ပိုင်ရှင်များသတိထားနိုင်ဖို့ တစ်ထပ်အိမ်ကို အဆင့်မြှင့်တဲ့အခါ ဆောင်ရန်ရှောင်ဖွယ်အချက် ( ၄) ချက်...

ရောင်းရန်ရှိသော အိမ်ခြံမြေများ

ငှါးရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

Tom Hanks ၏ လော့စ်အိန်ဂျလိစံအိမ် တောမီးဘေးမှ အံ့ဖွယ် မီးကွင်းကျန်ရစ်ခဲ့
Tom Hanks ၏ လော့စ်အိန်ဂျလိစံအိမ် တောမီးဘေးမှ အံ့ဖွယ် မီးကွင်းကျန်ရစ်ခဲ့
နတ်သမီးများ ပြန်ခေါ်မှ ရုပ်ရှင်နယ်သို့ ပြန်လာမည်ဟု ကြုံးဝါးခဲ့သော်လည်း ငွေလိုနေသဖြင့် ရုပ်ရှင်နယ်သို့ ခြေပြန်ချလာသူ ဂျင်
နတ်သမီးများ ပြန်ခေါ်မှ ရုပ်ရှင်နယ်သို့ ပြန်လာမည်ဟု ကြုံးဝါးခဲ့သော်လည်း ငွေလိုနေသဖြင့် ရုပ်ရှင်နယ်သို့ ခြေပြန်ချလာသူ ဂျင်
ဆလီနာ ဂိုမက်ဇ်နှင့် တေးထုတ်လုပ်ရေးပိုင်ရှင် Benny Blanco တို့စေ့စပ်ကြောင်းလမ်း၊ ဆလီနာ ပိုင်တဲ့ အိမ်တွေ အများကြီးထဲက ဘယ်အ
ဆလီနာ ဂိုမက်ဇ်နှင့် တေးထုတ်လုပ်ရေးပိုင်ရှင် Benny Blanco တို့စေ့စပ်ကြောင်းလမ်း၊ ဆလီနာ ပိုင်တဲ့ အိမ်တွေ အများကြီးထဲက ဘယ်အ
အမေရိကန်ပြည်၊ မိုင်အမ်မီရှိ ကျွန်းတစ်ကျွန်းတွင် Jeff Bezos ၏ ခြံနှင့် ကပ်လျက်ရှိသော ၂ ဧကနီးပါး သာရှိသည့် ခြံတစ်ခြံ အရောင
အမေရိကန်ပြည်၊ မိုင်အမ်မီရှိ ကျွန်းတစ်ကျွန်းတွင် Jeff Bezos ၏ ခြံနှင့် ကပ်လျက်ရှိသော ၂ ဧကနီးပါး သာရှိသည့် ခြံတစ်ခြံ အရောင
မိုက်ခရိုဝေ့(Microwave) နှင့် ပြန်နွှေးပြီး မစားသင့်သော အစာ (၇) မျိုး
မိုက်ခရိုဝေ့(Microwave) နှင့် ပြန်နွှေးပြီး မစားသင့်သော အစာ (၇) မျိုး
ဗဟုသုတအဖြာဖြာ အိမ်ခြံမြေရေးရာ
ဗဟုသုတအဖြာဖြာ အိမ်ခြံမြေရေးရာ
တရုတ်ပြည်တွင် မိန်းကလေးများကြား နာမည်ကြီးနေသော အဖြူရောင်မာဖီးယားဂိုဏ်း၊ အမျိုးသမီးများအား စပေါ်ငွေ ပြန်မပေးသော အိမ်ရှင်မ
တရုတ်ပြည်တွင် မိန်းကလေးများကြား နာမည်ကြီးနေသော အဖြူရောင်မာဖီးယားဂိုဏ်း၊ အမျိုးသမီးများအား စပေါ်ငွေ ပြန်မပေးသော အိမ်ရှင်မ
ရုပ်ရှင်သရုပ်ဆောင်အဖြစ် မအောင်မြင်သေးမီက လူသေအလောင်းများ သယ်ယူသည့်အလုပ်လုပ်ခဲ့ရသူ Kenny Ho (သို့မဟုတ်) ကျန်ကျောင်း၏ ဘဝဖြ
ရုပ်ရှင်သရုပ်ဆောင်အဖြစ် မအောင်မြင်သေးမီက လူသေအလောင်းများ သယ်ယူသည့်အလုပ်လုပ်ခဲ့ရသူ Kenny Ho (သို့မဟုတ်) ကျန်ကျောင်း၏ ဘဝဖြ
တရုတ်ပြည်တွင် ပြန်ပေးဆွဲခံရသော ကလေးတစ်ဦး ၂၆ နှစ်အကြာ၌ ဆောက်လုပ်ရေးကုမ္ပဏီ ပိုင်ရှင် မိဘများနှင့် ပြန်လည်ဆုံစည်း၊ ဖခင်ဖြစ
တရုတ်ပြည်တွင် ပြန်ပေးဆွဲခံရသော ကလေးတစ်ဦး ၂၆ နှစ်အကြာ၌ ဆောက်လုပ်ရေးကုမ္ပဏီ ပိုင်ရှင် မိဘများနှင့် ပြန်လည်ဆုံစည်း၊ ဖခင်ဖြစ
တရုတ်ပြည်တွင် မြစ်ရေစီးကြောင်းအတိုင်း မြစ်လယ်၌ အလျားလိုက် ဆောက်လုပ်ထားသည့် ပေါလော တံတား၏ အံ့မခန်း အင်ဂျင်နီယာ ပညာ
တရုတ်ပြည်တွင် မြစ်ရေစီးကြောင်းအတိုင်း မြစ်လယ်၌ အလျားလိုက် ဆောက်လုပ်ထားသည့် ပေါလော တံတား၏ အံ့မခန်း အင်ဂျင်နီယာ ပညာ

နောင်လာမည့် အိမ်ခြံမြေ ပွဲစဉ်များ

CarsDB
imyanmarmarket

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service