ရွှေပြည့် ငွေလျှံ ဖြစ်လာရန် နှစ်သစ် ယတြာနဲ့ ကြိုဆိုပါ

ရွှေပြည့် ငွေလျှံ ဖြစ်လာရန် နှစ်သစ် ယတြာနဲ့ ကြိုဆိုပါ - Property Knowledge in Myanmar from iMyanmarHouse.com
14 Jun 2020 2:08 pm တွင် တင်ခဲ့သည်
9012 ကြိမ် ကြည့်ရှု့ပြီး

ဗဟုသုတ | Posted by နှင်းအိခင်

[Unicode]

တစ်နှစ်ပတ်လုံး အဆိုးအညံ့တွေပျောက်ကင်း လွှဲဖယ်သွားစေရန်နှင့် နှစ်သစ်မှာ ကောင်းမွန်တိုးတက်မှုတွေ ပြည့်ဝစေဖို့အတွက် နှစ်သစ်ကူးယတြာကို ရှာဖွေတင်ပြပေးလိုက်ပါတယ်။

(၁) မိမိနေအိမ်မှာရှိတဲံ ဘုရားဆင်တုတော်အား ရောင်တော်ဖွင့်ပါ။ ရောင်တော်ဖွင့်ရာမှ ရရှိလာတဲ့ အညစ်အကြေးများကို သီးခြားခံထားပါ။ရောင်းတော်မဖွင့်မီ ဘုရားဆင်းတုတော်ကို ရေသပ္ပာယ်ထားပါ။

(၂) ရေသပ္ပာယ်ရာမှ ရရှိသော သန့်စင်ရေများကို သီးခြားထားပါ။

(၃) နေအိန်မှာရှိတဲ့ ပြတင်းတံခါးတွေကို ဖွင့်ထားပါ။

(၄) ရောင်တော်ဖွင့်ရာမှ ရရှိလာတဲ့ ရေများကို ပြတင်ပေါက်မှ အပြင်သို့ သွန်ပက်ပါ။

(၅) ရေသွန်ပြီးသော ပုံး၊ ခွက် တို့ကို မိမိအိမ်တံခါးမကြီးအပြင်သို့ ဆွဲယူသွားပါ။

(၆) ဒီအချိန်မှာ မကောင်းသော အဆိုး၊ အပုပ်နံ့များ ရေနှင့်အတူ မျောပါသွားပြီဟု အာရုံပြုလိုက်ပါ။

(၇) ရေသပ္ပါယ်ရာမှ နောက်ထပ်ရရှိလာတဲ့ ရေကောင်းရေသန့်များကို အဝင်တံခါးမကြီးမှ အပြင်သို့လောင်းလိုက်ပါ။ ပြီးမှ ရေအနည်းငယ်နဲ့အတူ အိမ်ထဲ ပြန်ယူလာပါ။

(၈) ကောင်းကျိုးချမ်းသာ အားလုံးဤရေသန့်နှင့်အတူ “ အိမ်ဂေဟာ ”အတွင်း ဝင်ရောက်လာပြီဟု အာရုံပြုပါ။

(၉) ဒီနောက်မှာတော့ ဆင်းတုတော်ကို ယပ်ခတ်ပူဇော်ပါ။ပူဇော်တဲ့အခါ မိမိအသက် အရေအတွက်ထက် တစ်ချက်ပိုခတ်၍ ယပ်ခတ်ပူဇော်ပါ။ ဥပမာ- (အသက် ၂၅ + အပို ၁) - ၂၆ ချက်ခတ်ပါ။

(၁၀) ဘုရားဆင်းတုတော်အားရောင်းတော်နှင့်အတူ ရေသပ္ပာယ်ပူဇော်နေစဉ်အတွင်း ဂုဏ်တော်ကို ဆက်တိုက်ရွတ်ဖတ်ပူဇော်နေပါ။

(၁၁) ယပ်ခတ်ပူဇော်ပြီးပါက ငါးပါးသီလခံယူ ဆောက်တည်ပါ။

ဤယတြာကို ဆောင်ရွက်ခြင်းဖြင့် တစ်နှစ်တာ ကာလပတ်လုံးကို ဘေးရန်ကင်းပြီး ကောင်းကျိုးချမ်းသာ ကျက်သရေမင်္ဂလာအဖြာဖြာနဲ့ ပြည့်စုံစေပါတယ်။ မှတ်ချက်။ ။ ယခု ပြောပြတဲ့တဲ့ ယတြာကို မြန်မာနှစ်ဆန်းတစ်ရက်နေ့မှာ လုပ်ပါက ပို၍ ထူးခြားပါတယ်။

အိမ်သန့်ယတြာကိုလည်း ထပ်မံလက်ဆောင်းပါလိုက်ပါတယ်

ဘယ်နေ့နံ သားသမီးပဲ ဖြစ်ပါစေ။ နေအိမ်တစ်အိမ်ကို အသစ်ဆောက်လုပ်ပြီး စတင်နေထိုင်သူပဲဖြစ်ဖြစ် ၊ ဝယ်ယူပြီး လွှဲပြောင်း၊ ဝယ်ယူသူပဲ ဖြစ်ဖြစ် မိမိလက်ရှိနေထိုင်ဆဲအိမ်ကိုပဲ ဖြစ်ဖြစ် စင်ကြယ်သန့်ရှင်းအောင် ဆောင်ရွက်ခြင်းဖြင့် မမြင်နိုင်သော ကံဆိုး၊ ကံအညံ့များ ပြေပျောက်ပြီး ကောင်းကျိုးချမ်းသာ မင်္ဂလာများစွာရရှိအောင် ယတြာများ ပြုလုပ်ပေးသင့်ပါတယ်။

ဆောင်ရွက်ရမယ့် နည်းလမ်းများ

(၁) သင့်လျော်သော ဥပုသ်နေ့တစ်နေ့မှာ သံဃာတော် (၄)ပါးအား ပင့်ဖိတ်ကာ အိမ်ခြံအတွင်းမှ ပရိတ်ရွတ်ဖတ်ပေး၍ ကမ္မဝါဖတ်ကြားပေးရန် လျှောက်ထားရပါမယ်။

(၂) ပဋ္ဌာန်း ၂၄ ပစ္စည်း အကျဉ်းရွတ်ဖတ်ပူဇော်ပေးရန် လျှောက်ထားပါ။

(၃) ပဋ္ဌာန်း ၂၄ ပစ္စည်း ခေါင်းစဉ်များကို ကြေးပြားပေါ်မှာ (၃)ပါဒ စီ ကြိုတင် ရေးထားပါ။ (ဥပမာ - ဟေတုပစ္စယော၊ အာရမ္မဏပစ္စယော ၊ အဓိပတိပစ္စယော …..ဆိုလျှင် (၃)ပါဒ ဖြစ်ပါတယ်။

(၄) ပဋ္ဌာန်း ၂၄ ပစ္စည်းဖြစ်လို့ ၂၄ ပါဒအတွက် ကြေးပြား(၈)ပြား လိုအပ်ပါတယ်။

(၅) ကြေးပြား (၈)ပြားကို - ပုလင်း(၈)ပုလင်းမှာ ထည့်ထားပါ။ သံဃာတော်များ ပဋ္ဌာန်းရွတ်ဖတ်နေချိန်မှာ အိမ်ရဲ့အရှေ့မျက်နှာစာမှာ ချထားပါ။

(၆) သံဃာတော်များ ပဋ္ဌာန်း ရွတ်ဆိုမိပါက ပုလင်း (၈)ပုလင်းကို အရပ်(၈)မျက်နှာမှာ ရှိတဲ့ မြေကြီးကို “ တစ်တောင်ခန့်” တူ၍ မြေမြှုပ်ပါ။

(၇) တူးဖို့မြေ နေရာမရှိဘူးဆိုရင်တော့ အိမ်ရဲ့ အရှေ့မျက်နှာစာ သင့်တော်တဲ့ အပြင်နေရာမှာ ခိုင်မြဲအောင်လုပ်ပြီး နေရာချထားပေးပါ။

(၈) (ကြေးပြားတွေကို ဝယ်ချင်ရင်ပန်းထိမ်ဆိုင်မှာဖြစ်စေ မော်တော်ယာဉ်အပိုပစ္စည်း အရောင်းဆိုင်မှ ဖြစ်စေ ဝယ်ယူ ရရှိနိုင်ပါတယ်။)

ကြေးပြားပေါ်မှာ စာရေးတဲ့အခါ “ သံချွန် ”နဲ့ ရေးသားနိုင်ပါတယ်။

(၉) အဲဒီလို ပြုလုပ်ဆောင်ရွက်ခြင်းဟာ အစီအရင်တစ်မျိုးဖြစ်တဲ့အတွက် မိမိနေအိမ်မှာ ဘေးအန္တရာယ်ကင်းရှင်းပြီး သန့်ရှင်းသွားမှာ ဖြစ်ပါတယ်။

ဒါကြောင့် နှစ်သစ်မှာ အိမ်တိုင်းအိမ်တိုင်း ယခုဖော်ပြလိုက်တဲ့ နည်းတွေဟာ ဘုရားလည်းဖူး၊ ကုသိုလ်လည်းရ၊ အနာရောဂါကင်းကင်း ၊ စီးပွားလာဘ်လာဘတိုးတက်လာမှာဖြစ်လို့ လက်တွေ့ဆောင်ရွက်ကြည့်ကြပါလို့ တိုက်တွန်းအားပေးလိုက်ရပါတယ်။

ကိုးကား - “ ကောင်းသုခ ” ၏ ကျန်းမားပျော်ရွှင် အောင်မြင်ချမ်းသာ ယတြာများ

သုခိ အတ္တာနံ ပရိဟရန္တု

Credit: လွှတ်တော်ရှေ့နေမောင်ကောင်းဖေ

 

[Zawgyi]

ေရႊျပည့္ ေငြလွ်ံ ျဖစ္လာရန္ နွစ္သစ္ ယၾတာနဲ႕ ၾကိဳဆိုပါ

တစ္နွစ္ပတ္လံုး အဆိုးအညံ့ေတြေပ်ာက္ကင္း လႊဲဖယ္သြားေစရန္နွင့္ နွစ္သစ္မွာ ေကာင္းမြန္တိုးတက္မႈေတြ ျပည့္ဝေစဖို႕အတြက္ နွစ္သစ္ကူးယၾတာကို ရွာေဖြတင္ျပေပးလိုက္ပါတယ္။

(၁) မိမိေနအိမ္မွာရွိတဲံ ဘုရားဆင္တုေတာ္အား ေရာင္ေတာ္ဖြင့္ပါ။ ေရာင္ေတာ္ဖြင့္ရာမွ ရရွိလာတဲ့ အညစ္အေၾကးမ်ားကို သီးျခားခံထားပါ။ေရာင္းေတာ္မဖြင့္မီ ဘုရားဆင္းတုေတာ္ကို ေရသပၸာယ္ထားပါ။

(၂) ေရသပၸာယ္ရာမွ ရရွိေသာ သန္႕စင္ေရမ်ားကို သီးျခားထားပါ။

(၃) ေနအိန္မွာရွိတဲ့ ျပတင္းတံခါးေတြကို ဖြင့္ထားပါ။

(၄) ေရာင္ေတာ္ဖြင့္ရာမွ ရရွိလာတဲ့ ေရမ်ားကို ျပတင္ေပါက္မွ အျပင္သို႕ သြန္ပက္ပါ။

(၅) ေရသြန္ျပီးေသာ ပံုး၊ ခြက္ တို႕ကို မိမိအိမ္တံခါးမၾကီးအျပင္သို႕ ဆြဲယူသြားပါ။

(၆) ဒီအခ်ိန္မွာ မေကာင္းေသာ အဆိုး၊ အပုပ္နံ႔မ်ား ေရနွင့္အတူ ေမ်ာပါသြားျပီဟု အာရုံျပဳလိုက္ပါ။

(၇) ေရသပၸါယ္ရာမွ ေနာက္ထပ္ရရွိလာတဲ့ ေရေကာင္းေရသန္႕မ်ားကို အဝင္တံခါးမၾကီးမွ အျပင္သို႕ေလာင္းလိုက္ပါ။ ျပီးမွ ေရအနည္းငယ္နဲ႕အတူ အိမ္ထဲ ျပန္ယူလာပါ။

(၈) ေကာင္းက်ိဳးခ်မ္းသာ အားလံုးဤေရသန္႕နွင့္အတူ “ အိမ္ေဂဟာ ”အတြင္း ဝင္ေရာက္လာျပီဟု အာရုံျပဳပါ။

(၉) ဒီေနာက္မွာေတာ့ ဆင္းတုေတာ္ကို ယပ္ခတ္ပူေဇာ္ပါ။ပူေဇာ္တဲ့အခါ မိမိအသက္ အေရအတြက္ထက္ တစ္ခ်က္ပိုခတ္၍ ယပ္ခတ္ပူေဇာ္ပါ။ ဥပမာ- (အသက္ ၂၅ + အပို ၁) - ၂၆ ခ်က္ခတ္ပါ။

(၁၀) ဘုရားဆင္းတုေတာ္အားေရာင္းေတာ္နွင့္အတူ ေရသပၸာယ္ပူေဇာ္ေနစဥ္အတြင္း ဂုဏ္ေတာ္ကို ဆက္တိုက္ရြတ္ဖတ္ပူေဇာ္ေနပါ။

(၁၁) ယပ္ခတ္ပူေဇာ္ျပီးပါက ငါးပါးသီလခံယူ ေဆာက္တည္ပါ။

ဤယၾတာကို ေဆာင္ရြက္ျခင္းျဖင့္ တစ္နွစ္တာ ကာလပတ္လံုးကို ေဘးရန္ကင္းျပီး ေကာင္းက်ိဳးခ်မ္းသာ က်က္သေရမဂၤလာအျဖာျဖာနဲ႕ ျပည့္စံုေစပါတယ္။ မွတ္ခ်က္။ ။ ယခု ေျပာျပတဲ့တဲ့ ယၾတာကို ျမန္မာနွစ္ဆန္းတစ္ရက္ေန႕မွာ လုပ္ပါက ပို၍ ထူးျခားပါတယ္။

အိမ္သန္႕ယၾတာကိုလည္း ထပ္မံလက္ေဆာင္းပါလိုက္ပါတယ္

ဘယ္ေန႕နံ သားသမီးပဲ ျဖစ္ပါေစ။ ေနအိမ္တစ္အိမ္ကို အသစ္ေဆာက္လုပ္ျပီး စတင္ေနထိုင္သူပဲျဖစ္ျဖစ္ ၊ ဝယ္ယူျပီး လႊဲေျပာင္း၊ ဝယ္ယူသူပဲ ျဖစ္ျဖစ္ မိမိလက္ရွိေနထိုင္ဆဲအိမ္ကိုပဲ ျဖစ္ျဖစ္ စင္ၾကယ္သန္႕ရွင္းေအာင္ ေဆာင္ရြက္ျခင္းျဖင့္ မျမင္ႏိုင္ေသာ ကံဆိုး၊ ကံအညံ႕မ်ား ေျပေပ်ာက္ျပီး ေကာင္းက်ိဳးခ်မ္းသာ မဂၤလာမ်ားစြာရရွိ္ေအာင္ ယၾတာမ်ား ျပဳလုပ္ေပးသင့္ပါတယ္။

ေဆာင္ရြက္ရမယ့္ နည္းလမ္းမ်ား

(၁) သင့္ေလ်ာ္ေသာ ဥပုသ္ေန႕တစ္ေန႕မွာ သံဃာေတာ္ (၄)ပါးအား ပင့္ဖိတ္ကာ အိမ္ျခံအတြင္းမွ ပရိတ္ရြတ္ဖတ္ေပး၍ ကမၼဝါဖတ္ၾကားေပးရန္ ေလွ်ာက္ထားရပါမယ္။

(၂) ပ႒ာန္း ၂၄ ပစၥည္း အက်ဥ္းရြတ္ဖတ္ပူေဇာ္ေပးရန္ ေလွ်ာက္ထားပါ။

(၃) ပ႒ာန္း ၂၄ ပစၥည္း ေခါင္းစဥ္မ်ားကို ေၾကးျပားေပၚမွာ (၃)ပါဒ စီ ၾကိဳတင္ ေရးထားပါ။ (ဥပမာ - ေဟတုပစၥေယာ၊ အာရမၼဏပစၥေယာ ၊ အဓိပတိပစၥေယာ …..ဆိုလွ်င္ (၃)ပါဒ ျဖစ္ပါတယ္။

(၄) ပ႒ာန္း ၂၄ ပစၥည္းျဖစ္လို႕ ၂၄ ပါဒအတြက္ ေၾကးျပား(၈)ျပား လိုအပ္ပါတယ္။

(၅) ေၾကးျပား (၈)ျပားကို - ပုလင္း(၈)ပုလင္းမွာ ထည့္ထားပါ။ သံဃာေတာ္မ်ား ပ႒ာန္းရြတ္ဖတ္ေနခ်ိန္မွာ အိမ္ရဲ႕အေရွ႕မ်က္နွာစာမွာ ခ်ထားပါ။

(၆) သံဃာေတာ္မ်ား ပ႒ာန္း ရြတ္ဆိုမိပါက ပုလင္း (၈)ပုလင္းကို အရပ္(၈)မ်က္နွာမွာ ရွိတဲ့ ေျမၾကီးကို “ တစ္ေတာင္ခန္႕” တူ၍ ေျမျမွဳပ္ပါ။

(၇) တူးဖို႕ေျမ ေနရာမရွိဘူးဆိုရင္ေတာ့ အိမ္ရဲ႕ အေရွ႕မ်က္နွာစာ သင့္ေတာ္တဲ့ အျပင္ေနရာမွာ ခိုင္ျမဲေအာင္လုပ္ျပီး ေနရာခ်ထားေပးပါ။

(၈) (ေၾကးျပားေတြကို ဝယ္ခ်င္ရင္ပန္းထိမ္ဆိုင္မွာျဖစ္ေစ ေမာ္ေတာ္ယာဥ္အပိုပစၥည္း အေရာင္းဆိုင္မွ ျဖစ္ေစ ဝယ္ယူ ရရွိႏိုင္ပါတယ္။)

ေၾကးျပားေပၚမွာ စာေရးတဲ့အခါ “ သံခၽြန္ ”နဲ႕ ေရးသားႏိုင္ပါတယ္။

(၉) အဲဒီလို ျပဳလုပ္ေဆာင္ရြက္ျခင္းဟာ အစီအရင္တစ္မ်ိဳးျဖစ္တဲ့အတြက္ မိမိေနအိမ္မွာ ေဘးအႏၱရာယ္ကင္းရွင္းျပီး သန္႕ရွင္းသြားမွာ ျဖစ္ပါတယ္။

ဒါေၾကာင့္ နွစ္သစ္မွာ အိမ္တိုင္းအိမ္တိုင္း ယခုေဖာ္ျပလိုက္တဲ့ နည္းေတြဟာ ဘုရားလည္းဖူး၊ ကုသိုလ္လည္းရ၊ အနာေရာဂါကင္းကင္း ၊ စီးပြားလာဘ္လာဘတိုးတက္လာမွာျဖစ္လို႕ လက္ေတြ႕ေဆာင္ရြက္ၾကည့္ၾကပါလို႕ တိုက္တြန္းအားေပးလိုက္ရပါတယ္။

ကိုးကား - “ ေကာင္းသုခ ” ၏ က်န္းမားေပ်ာ္ရႊင္ ေအာင္ျမင္ခ်မ္းသာ ယၾတာမ်ား

သုခိ အတၱာနံ ပရိဟရႏၱဳ

Credit: လႊတ္ေတာ္ေရွ႕ေနေမာင္ေကာင္းေဖ

နောက်ဆုံးရ အိမ်ခြံမြေ ဗဟုသုတများ

KITCHEN ဆေးရောင်ရွေးချယ်မှုအတွက် အကြံပေးမှုတစ်ချို့
KITCHEN ဆေးရောင်ရွေးချယ်မှုအတွက် အကြံပေးမှုတစ်ချို့
စုံလင်ဖွေရှာ အိမ်ခြံမြေဥပဒေရေးရာ
စုံလင်ဖွေရှာ အိမ်ခြံမြေဥပဒေရေးရာ
သာသနာဂရန်မြေ လျှောက်ထားရာတွင် သိရှိထားသင့်သည့် အချက်အလက်များအကြောင်း ဥပဒေဗဟုသုတ အနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။...
သာသနာဂရန်မြေ လျှောက်ထားရာတွင် သိရှိထားသင့်သည့် အချက်အလက်များအကြောင်း ဥပဒေဗဟုသုတ အနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။...
မရွှေ့မပြောင်းနိုင်သောပစ္စည်းကို ကန့်သတ်သည့်ဥပဒေအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြ ပေးလိုက်ပါသည်။...
မရွှေ့မပြောင်းနိုင်သောပစ္စည်းကို ကန့်သတ်သည့်ဥပဒေအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြ ပေးလိုက်ပါသည်။...
၂၀၂၅-၂၀၂၆ ခုနှစ်အတွက် ရန်ကုန်တိုင်း မြို့နယ်စုံ အသစ်ထွက်ရှိလာသော ရာဖြတ်နှုန်းထားများ
၂၀၂၅-၂၀၂၆ ခုနှစ်အတွက် ရန်ကုန်တိုင်း မြို့နယ်စုံ အသစ်ထွက်ရှိလာသော ရာဖြတ်နှုန်းထားများ
မြေယာစီမံခန့်ခွဲမှု စပ်လျဉ်း၍ ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
မြေယာစီမံခန့်ခွဲမှု စပ်လျဉ်း၍ ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
ငွေရေးကြေးရေးဆိုင်ရာအဖွဲ့အစည်း ဥပဒေအကြောင်းကို ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။...
ငွေရေးကြေးရေးဆိုင်ရာအဖွဲ့အစည်း ဥပဒေအကြောင်းကို ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။...
အပတ်စဉ် သိမှတ်ဖွယ်ရာ ဥပဒေအမေးအဖြေကဏ္ဍ
အပတ်စဉ် သိမှတ်ဖွယ်ရာ ဥပဒေအမေးအဖြေကဏ္ဍ
အိမ်ခြံမြေအသိကြွယ်စေဖို့ရာ ဥပဒေအမေးအဖြေကဏ္ဍ
အိမ်ခြံမြေအသိကြွယ်စေဖို့ရာ ဥပဒေအမေးအဖြေကဏ္ဍ
စုပေါင်းပိုင် အဆောက်အအုံနှင့် စပ်လျဉ်း၍ လိုက်နာရမည့် အချက်အလက်များ ဥပဒေဗဟုသုတအအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။...
စုပေါင်းပိုင် အဆောက်အအုံနှင့် စပ်လျဉ်း၍ လိုက်နာရမည့် အချက်အလက်များ ဥပဒေဗဟုသုတအအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။...

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

စက်ဘီးတစ်စီးဖြင့် ဆပ်ပြာမှုန့်များ တစ်အိမ်ဝင်တစ်အိမ်ထွက် လိုက်လံရောင်းချခဲ့ရသည့်ဘဝမှ ကန်ဒေါ်လာ ၃ ဒသမ ၄ ဘီလီယံ ချမ်းသာကြွ
စက်ဘီးတစ်စီးဖြင့် ဆပ်ပြာမှုန့်များ တစ်အိမ်ဝင်တစ်အိမ်ထွက် လိုက်လံရောင်းချခဲ့ရသည့်ဘဝမှ ကန်ဒေါ်လာ ၃ ဒသမ ၄ ဘီလီယံ ချမ်းသာကြွ
မြေယာစီမံခန့်ခွဲမှု စပ်လျဉ်း၍ ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
မြေယာစီမံခန့်ခွဲမှု စပ်လျဉ်း၍ ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
တရုတ်ပြည်တွင် မိမိကို သင်ကြားခဲ့သည့် ပါမောက္ခအမျိုးသမီးကြီးနေထိုင်ရန် တပည့်မိန်းကလေးက တိုက်ခန်း တစ်ခန်း ဝယ်ပေးထားခဲ့ပြီး
တရုတ်ပြည်တွင် မိမိကို သင်ကြားခဲ့သည့် ပါမောက္ခအမျိုးသမီးကြီးနေထိုင်ရန် တပည့်မိန်းကလေးက တိုက်ခန်း တစ်ခန်း ဝယ်ပေးထားခဲ့ပြီး
တရုတ်ပြည်ရှိ လူငယ်တို့မှာ အိမ်ငှားနေထိုင်ခြင်းထက် ဟိုတယ်များတွင် နေထိုင်ကြမှု ပိုမိုများပြားလာလျက်ရှိ၊ ဟိုတယ်တွင် နေထိုင
တရုတ်ပြည်ရှိ လူငယ်တို့မှာ အိမ်ငှားနေထိုင်ခြင်းထက် ဟိုတယ်များတွင် နေထိုင်ကြမှု ပိုမိုများပြားလာလျက်ရှိ၊ ဟိုတယ်တွင် နေထိုင
အင်္ဂလန်နိုင်ငံ၊ ဘာမင်ဂန်မြို့တွင် အမှိုက်သိမ်းသမားအားလုံး အလုပ်ထွက်သွားသောကြောင့် တစ်မြို့လုံးရှိ နေအိမ်များရှေ့တွင် အမ
အင်္ဂလန်နိုင်ငံ၊ ဘာမင်ဂန်မြို့တွင် အမှိုက်သိမ်းသမားအားလုံး အလုပ်ထွက်သွားသောကြောင့် တစ်မြို့လုံးရှိ နေအိမ်များရှေ့တွင် အမ
တောင်အာဖရိကတွင် အမျိုးသမီးတစ်ဦးက သားဖွားအပြီး တစ်လခန့်အကြာတွင် ဗိုက်ထဲ၌ ကလေးတစ်ဦး ကျန်နေသေးကြောင်း တုန်လှုပ်စွာ သိလိုက်ရ
တောင်အာဖရိကတွင် အမျိုးသမီးတစ်ဦးက သားဖွားအပြီး တစ်လခန့်အကြာတွင် ဗိုက်ထဲ၌ ကလေးတစ်ဦး ကျန်နေသေးကြောင်း တုန်လှုပ်စွာ သိလိုက်ရ
ဟောလိဝုဒ်ကြယ်ပွင့် Vin Diesel က Paloma နှင့် လမ်းခွဲချိန်တွင် သူမအတွက် လူနေမှုအဆင့်နိမ့်မသွားစေရန် အိမ်မှ နှင်မထုတ်ဘဲ မိ
ဟောလိဝုဒ်ကြယ်ပွင့် Vin Diesel က Paloma နှင့် လမ်းခွဲချိန်တွင် သူမအတွက် လူနေမှုအဆင့်နိမ့်မသွားစေရန် အိမ်မှ နှင်မထုတ်ဘဲ မိ
အိန္ဒိယတွင် အမျိုးသားတစ်ဦးက လက်မထပ်မီ ၁၀ ရက်အလို၌ သတို့သမီးလောင်း၏ မိခင် (ယောက္ခမလောင်း) အား ခိုးပြေးသွားသည့်ဖြစ်ရပ် အိန
အိန္ဒိယတွင် အမျိုးသားတစ်ဦးက လက်မထပ်မီ ၁၀ ရက်အလို၌ သတို့သမီးလောင်း၏ မိခင် (ယောက္ခမလောင်း) အား ခိုးပြေးသွားသည့်ဖြစ်ရပ် အိန
[ဆန်းကြယ်သော သဘာဝတရား] အီရန်နိုင်ငံက ခြောက်ခြားဖွယ် အသံနက်ကြီးများ ထုတ်လွှင့်သော ကျိန်စာသင့် တောအုပ်ကြီးအကြောင်း
[ဆန်းကြယ်သော သဘာဝတရား] အီရန်နိုင်ငံက ခြောက်ခြားဖွယ် အသံနက်ကြီးများ ထုတ်လွှင့်သော ကျိန်စာသင့် တောအုပ်ကြီးအကြောင်း
[ဥုံ- အမိတာဘ ဟရီး] မြောက်ကိုရီးယားတွင် နှစ်ပေါင်း ၁၀၀၀ သက်တမ်းရှိ ဗုဒ္ဓရုပ်ပွားတော်ကြီး တူးဖော်တွေ့ရှိ
[ဥုံ- အမိတာဘ ဟရီး] မြောက်ကိုရီးယားတွင် နှစ်ပေါင်း ၁၀၀၀ သက်တမ်းရှိ ဗုဒ္ဓရုပ်ပွားတော်ကြီး တူးဖော်တွေ့ရှိ
MIngalardon Garden City
Shwe Wutt Hmone

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service