ဆင်းရဲနုံချာလှသည့် အိမ်ယာမဲ့ဘဝများမှ ရွှေရောင်အနာဂတ်ဆီသို့ ချီတက်နိုင်ခဲ့သည့် ကမ္ဘာကျော်များ

ဆင်းရဲနုံချာလှသည့် အိမ်ယာမဲ့ဘဝများမှ ရွှေရောင်အနာဂတ်ဆီသို့ ချီတက်နိုင်ခဲ့သည့် ကမ္ဘာကျော်များ - Property Knowledge in Myanmar from iMyanmarHouse.com
12 Jun 2020 1:36 pm တွင် တင်ခဲ့သည်
1484 ကြိမ် ကြည့်ရှု့ပြီး

ဗဟုသုတ | Posted by ရွှေစင်ဝင်း

[Unicode]

ဆင်းရဲနုံချာလှသောဘဝမှ အောင်မြင်ချမ်းသာသွားသည့်ဖြစ်ရပ်သည် ရုပ်ရှင်ထဲတွင်သာ တွေ့နိုင်သည့် ဖြစ်ရပ်မဟုတ်ချေ။

အချို့သော ကမ္ဘာ့အချမ်းသာဆုံးစာရင်းဝင်ပုဂ္ဂိုလ်များနှင့် အအောင်မြင်ဆုံးပုဂ္ဂိုလ်များမှာ ပန်းခင်းသောလမ်းမှ လျှောက်လှမ်း ရောက်ရှိခဲ့ကြခြင်း မဟုတ်။

ညဘက်တွင် လမ်းများပေါ်၊ ကားများပေါ် (သို့မဟုတ်) မိတ်ဆွေသူငယ်ချင်းများ၏အိမ်မှ ခုံတန်းလျားများတွင် အိပ်စက်ခဲ့ကြရ၏။

အောက်တွင် နိမ့်ပါးသော ဘဝမှ ကြီးမားသော အောင်မြင်မှုဆီသို့ တက်လှမ်းနိုင်ခဲ့သည့် ပုဂ္ဂိုလ်အချို့ကို စုစည်းဖော်ပြအပ်ပါသည်။

(၁) ရုပ်ရှင်သရုပ်ဆောင် ခရစ္စ ပရက်

'Jurassic World' ဇာတ်ကားမှ သရုပ်ဆောင် ခရစ္စ ပရက်သည် အမေရိကန်ပြည်ထောင်စု၊ ဟာဝိုင်အီကျွန်း၊ Maui မြို့တွင် ဗန်ကားတစ်စီးပေါ်၌ နေထိုင်ခဲ့ရသူ ဖြစ်သည်။

အသက် ၁၉ နှစ်အရွယ်တွင် သူငယ်ချင်းတစ်ဦးက ပေးပို့လိုက်သော ဟာဝိုင်အီသို့ သွားမည့်လေယာဉ်လက်မှတ်ကို လက်ခံလိုက်ပြီး သန်းများနှင့် ကြွက်များ ပေါက်ဖွားနေသော ဗန်ကားတစ်စီးထဲတွင် နေထိုင်ခဲ့ကြသည်။

ယင်းနောက် ၎င်းတို့နှစ်ဦး နေ့တိုင်း အရက်သောက်၊ ဆေးခြောက်ရှူကာ တစ်ပတ်လျှင် ၁၅ နာရီမှ နာရီ ၂၀ ခန့်သာ အလုပ်လုပ်ကိုင်ကြ၏။ ရရှိလာသောငွေမှာ ဓာတ်ငွေ့နှင့် အစားအစာတို့ ဝယ်ရန်သာလုံလောက်သော်လည်း နှစ်သက်မြတ်နိုးဖွယ် အချိန်ကာလဖြစ်ခဲ့ကြောင်း ပရက်ထ်က ဆိုသည်။

ထိုနှစ်အတွင်းတွင်ပင် ရုပ်ရှင်မင်းသမီး Rae Dawn Chong က ပရက်ထ်ကို တွေ့မြင်ကာ သူ၏ ပုံပန်းကြည့်ကောင်းမှုကို သတိပြုမိပြီး သူမ၏ ဒါရိုက်တာအဖြစ် ပထမဆုံးရိုက်ကူးသည့် "Cursed Part III" ဇာတ်ကားတွင် သရုပ်ဆောင်အဖြစ် ပါဝင်စေခဲ့သည်။

ကြွယ်ဝမှု- ကန်ဒေါ်လာ သန်း ၄၀

(၂) ဂျိမ်းစ် ကင်မရွန်

 

ဒါရိုက်တာကြီး ဂျိမ်းစ် ကင်မရွန်သည် ဒါရိုက်တာဖြစ်ချင်သောကြောင့် သူ၏ 'The Terminator' ဇာတ်လမ်းမူပိုင်ခွင့်ကို ၁ ဒေါ်လာမျှဖြင့် ရောင်းချပေးကာ မော်တော်ကားပေါ်တွင်သာ နေထိုင်ခဲ့ရသည်။

"The Terminator" ဇာတ်လမ်းကို ရေးသားနေစဉ်တွင် ဂျိမ်းစ်ကင်မရွန်သည် စားဝတ်နေရေး အလွန်ကျပ်တည်းနေခဲ့ပြီး သူ၏မော်တော်ကားပေါ်တွင်သာ နေထိုင်ခဲ့ရသည်။

သို့သော် ထိုအချိန်က သူ၏ အဓိကရည်မှန်းချက်မှာ ငွေမဟုတ်။ သူ့တွင် အတွေ့အကြုံနည်းပါးသော်လည်း ရေးသားထားသည့် ဇာတ်လမ်းကို ကိုယ်တိုင်ဒါရိုက်တာအဖြစ် ရိုက်ကူးရန် ဆုံးဖြတ်ထားသည်။

"The Terminator" ဇာတ်လမ်းကို ရုပ်ရှင်ကုမ္ပဏီများထံ လိုက်လံပြသရာ သူ၏ဇာတ်လမ်းဇာတ်ညွှန်းကို ကြိုက်သော်လည်း ကိုယ်တိုင် ဒါရိုက်တာအဖြစ် ရိုက်ကူးမည်ဆိုခြင်းကို မကြိုက်ကြောင်း ပြောကာ ငြင်းပယ်ကြသည်။

မလျှော့သောဇွဲရှိသည့် ဂျိမ်းစ်ကင်မရွန်သည် နောက်ဆုံးတွင် ထုတ်လုပ်သူ Gale Anne Hurd နှုင့် တွေ့၏။

Gale Anne Hurd က ဂျိမ်းစ် ကင်မရွန်အား သူ၏ဇာတ်ညွှန်းကို ကိုယ်တိုင်ရိုက်ကူးခွင့်ပေးခဲ့သော်လည်း "The Terminator" ဇာတ်လမ်းဇာတ်ညွှန်းကိုမူ မူပိုင်ခွင့်အတွက် ၁ ဒေါ်လာသာ ပေးကာ ဝယ်ယူခဲ့သည်။ အဆိုပါ ရုပ်ရှင်သည် ကမ္ဘာကျော်သွားပြီး ကမ္ဘာတစ်ဝန်းပြသရာတွင် ကန်ဒေါ်လာ ၇၇ သန်းကျော် ရရှိခဲ့သည်။

ကြွယ်ဝမှု- ကန်ဒေါ်လာ သန်း ၇၀၀

(၃) ဂျင်မ် ကာရေး

 

The Mask ဇာတ်ကားဖြင့် ကမ္ဘာကျော်သည့် ဟာသ သရုပ်ဆောင် ဂျင်မ် ကာရေးသည် မအောင်မြင်မီက ဗောက်စ်ဝက်ဂွန်း ဗန်ကားတစ်စီးပေါ်နှင့် အမဖြစ်သူ၏ အိမ်ရှေ့မြက်ခင်းတွင် တဲထိုးကာ နေခဲ့ရသူ ဖြစ်သည်။

ဂျင်မ်ကာရေးသည် အထက်ကျောင်းမှ ကျောင်းထွက်လိုက်ပြီးနောက် ဗောက်စ်ဝက်ဂွန်းကားပေါ်တွင် မိသားစုနှင့်အတူ နေထိုင်ရကာ ကနေဒါနိုင်ငံတစ်ဝန်းလှည့်လည်စခန်းချ နေထိုင်ခဲ့ရသည်။ နောက်ဆုံးတွင် အမဖြစ်သူ၏ နေအိမ်ရှေ့ မြက်ခင်းပြင်ပေါ်တွင် တဲထိုးကာ နေထိုင်ခဲ့၏။

ယင်းသို့ ခက်ခဲသည့် ဘဝကို ဖြတ်သန်းနေရစဉ်အတွင်းမှာပင် ဟာသဉာဏ်စတင်ခဲ့ခြင်းဖြစ်ကြောင်း ဂျင်မ်ကာရေးက ပြောကြားဖူးသည်။

ကြွယ်ဝမှု- ကန်ဒေါ်လာ သန်း ၁၅၀

(၄) အော်စကာဆုရှင် ရုပ်ရှင်မင်းသမီး ဟာလီ ဘယ်ရီ (Halle Berry)

 

၂၀၀၁ ခုနှစ်တွင် ရုံတင်ပြသခဲ့သော Monster's Ball ရုပ်ရှင်ဇာတ်ကားဖြင့် အကောင်းဆုံးဇာတ်ဆောင်အဖြစ် အော်စကာဆု ရရှိခဲ့သူ ရုပ်ရှင်မင်းသမီး ဟာလီ ဘယ်ရီသည် ရုပ်ရှင်မင်းသမီးဖြစ်ချင်သောကြောင့် အသက် ၂၁ နှစ်အရွယ်တွင် နယူးယောက်သို့ ရောက်ရှိလာသော်လည်း အခန်းငှားရန် ငွေမရှိသောကြောင့် အိမ်ရာမဲ့ စခန်းတစ်ခုတွင် နေထိုင်ခဲ့ရသည်။

ထိုသို့ ဘဝဖြတ်သန်းခဲ့ရမှုကြောင့် မိမိကိုယ်ကို မည်သို့စောင့်ရှောက်ထိန်းသိမ်းရမည်ကို သိလာပြီး မည်သည့်အခြေအနေတွင်မဆို နေထိုင်ရှင်သန်တတ်သွားကြောင်း ဘယ်ရီက ပြောကြားသည်။ ကြွယ်ဝမှု- ကန်ဒေါ်လာ သန်း ၉၀

(၅) ဒင်နီယယ် ခရက် (Daniel Craig)

 

 

Casino Royale (၂၀၀၆) ၊ Quantum of Solace (၂၀၀၈) ၊ Skyfall (၂၀၁၂) ၊ Spectre (၂၀၁၅) နှင့် No Time to Die (၂၀၂၀) အစရှိသော ဂျိမ်းစ်ဘွန်းရုပ်ရှင်များဖြင့် နာမည်ကျော်ခဲ့သည်။ Skyfall (၂၀၁၂) သည် ဂျိမ်းစ်ဘွန်းဇာတ်လမ်းများအနက် ဝင်ငွေအကောင်းဆုံး ရုပ်ရှင်အဖြစ် ရပ်တည်ခဲ့ပြီး ကန်ဒေါ်လာ ၁ ဒသမ ၁ ဘီလီယံ ရရှိခဲ့ကာ အဆိုပါဇာတ်ကားမှ အော်စကာဆု ၂ ဆုလည်း ရရှိခဲ့သည်။

ဒင်နီယယ် ခရက်သည် သူ၏ ရုပ်ရှင်ဖြတ်သန်းမှုသမိုင်းတွင် အောင်မြင်သည့် ရုပ်ရှင်ဇာတ်ကားများစွာ ပါဝင်သရုပ်ဆောင်ခဲ့ပြီးဖြစ်သည်။

မအောင်မြင်မီကမူ ဒင်နီယယ်ခရက်သည် စားပွဲထိုးအဖြစ် ဘဝရပ်တည်ခဲ့ရပြီး ရုပ်ရှင်သရုပ်ဆောင်အဖြစ် စတင်လုပ်ဆောင်နေသည့် ကနဦး ကာလများတွင် ပန်းခြံများအတွင်းရှိ ခုံတန်းများတွင် အိပ်စက်ခဲ့ရသည်။

ကြွယ်ဝမှု- ကန်ဒေါ်လာ သန်း ၁၆၀

(၆) ခရစ္စဂါ့ဒ်နာ(Chris Gardner)

 

ခရစ္စဂါ့ဒ်နာသည် အိမ်ရာမဲ့ဘဝမှ သန်းကြွယ်သူဌေးဖြစ်လာသူတစ်ဦးဖြစ်သည်။

အများသုံး အိမ်သာကြမ်းပြင်ပေါ်၊ ပန်းခြံများ၊ ဘုရားကျောင်းအမိုးအောက်နှင့် အလုပ်ခုံစားပွဲအောက်များတွင် လမ်းလျှောက်တတ်စ သားငယ်နှင့်အတူ အိပ်စက်ခဲ့ရ၏။

နေ့စဉ် စွပ်ပြုတ်ရည်သာ သောက်ခဲ့ရပြီး နည်းပါးလှသည့် ဝင်ငွေကို သားဖြစ်သူ၏ နေ့ကလေးထိန်းကျောင်းအတွက် သုံးခဲ့ရသည်။

သူ၏ ဖြတ်သန်းမှုအတွေ့အကြုံများကို The Persuit of Happyness အမည်ဖြင့် ကိုယ်တိုင်ရေး အတ္ထုပ္ပတ္တိအဖြစ် ရေးသားထုတ်ဝေခဲ့ရာ အရောင်းရဆုံး စာအုပ်တအုပ် ဖြစ်လာခဲ့သည်။

အဆိုပါစာအုပ်ကို ၂၀၀၆ ခုနှစ်တွင် ကမ္ဘာကျော်ရုပ်ရှင်သရုပ်ဆောင် ဝီလ်စမစ် ပါဝင်သရုပ်ဆောင် ရိုက်ကူးခဲ့ရာ ထိုဇာတ်ကားအတွက် ဝီလ်စမစ်မှာ အကောင်းဆုံးဇာတ်ဆောင်အဖြစ် အော်စကာဆု ဆန်ကာတင်စာရင်းဝင်ခဲ့သည်။

ကြွယ်ဝမှု- ကန်ဒေါ်လာ သန်း ၆၀

(၇) ကမ္ဘာကျော် တေးသံရှင် ဂျီဝဲလ် (Jewel)

 

ပလက်တီနမ်ဓာတ်ပြားဆု များစွာရရှိထားသည့် ကမ္ဘာကျော် တေးသံရှင် ဂျီဝဲလ် (Jewel) သည် မအောင်မြင်မီက သူဌေးဖြစ်သူနှင့် အတူမအိပ်သောကြောင့်ဟုဆိုကာ သူဌေးကအလုပ်ဖြုတ်လိုက်သောကြောင့် အိမ်ရာမဲ့အဖြစ် လမ်းပေါ်တွင် တစ်နှစ်ခန့် နေထိုင်ခဲ့ရသည်။

ဂျီဝဲလ်သည် အိမ်ရာမဲ့ဘဝတွင်လည်း သီချင်းများ ရေးသားနေခဲ့ပြီး The Inner Change Café အမည်ရှိ ကော်ဖီဆိုင်ကလေးတွင် စတင်သီချင်းဆိုခဲ့သည်။ ထိုစဉ်က မည်သူကမှ ဂျီဝဲလ်ကို အိမ်ရာမဲ့ဟု မထင်ခဲ့ကြချေ။

နောက်ပိုင်းတွင် တေးထုတ်လုပ်ရေးကုမ္ပဏီတစ်ခုနှင့် ချိတ်ဆက်မိပြီး တေးသီချင်းခွေထုတ်လုပ်ပေးခဲ့ရာ အဆိုပါအခွေမှာ ၁၂ သန်းခန့် ရောင်းချခဲ့ရသည်။

ကြွယ်ဝမှု- ကန်ဒေါ်လာ သန်း ၃၀

(၈) အော်စကာဆုရှင် ဟီလာရီဆွမ့်

 

ဟီလာရီဆွမ့်သည် မအောင်မြင်မီက လော့စ်အိန်ဂျလိတွင် တိုက်ခန်းငှားနိုင်ရန် ငွေစုနေချိန်ကာလအတွင်း မိခင်နှင့်အတူ ကားပေါ်တွင်သာ နေထိုင်ခဲ့ရသည်။

တိုင်းမ်မဂ္ဂဇင်းတွင် ဖော်ပြချက်အရ ဆွမ့်သည် ကားနောက်တွဲများထားသည့်ဝန်းတစ်ခုထဲတွင် ကြီးပြင်းခဲ့ရပြီး ရုပ်ရှင်နယ်သို့ ခြေချရန် ဆယ်ကျော်သက်အရွယ်တွင် မိခင်နှင့်အတူ ကယ်လီဖိုးနီးယားသို့ ပြောင်းရွှေ့ခဲ့ကြခြင်းဖြစ်သည်ဟု ဆိုသည်။

နောက်ပိုင်းတွင် သူ၏ သူငယ်ချင်းတစ်ဦးက ရောင်းချရန်စီစဉ်နေသော အိမ်တစ်လုံးတွင် ညဘက်၌ အိပ်စက်ခွင့်ပေးခဲ့သည်။ နေ့ဘက်တွင်ကား ဝယ်လက်များအား ပြသနိုင်ရန် ထွက်ခွာပေးရသည်။

ထိုသို့ ကြမ်းတမ်းသည့် ဘဝကို ဖြတ်သန်းခဲ့ရသူ ဟီလာရီဆွမ့်သည် အသက် ၃၀ အရွယ်တွင် အော်စကာဆု ၂ ဆုရရှိခဲ့ပြီး ဖြစ်သည်။

ကြွယ်ဝမှု- ကန်ဒေါ်လာ သန်း ၄၀

(ဆက်စပ်သတင်း - https://www.imyanmarhouse.com/news/read/815257 )

(၉) ရှာနီယာ တွိန်း (Shania Twain)

 

ဂီတ၏ အော်စကာဆုဟု ဆိုနိုင်သည့် ဂရမ်ီဆု ၅ ဆုရှင် ကမ္ဘာကျော် ကနေဒါ အဆိုတော် ရှာနီယာ တွိန်း (Shania Twain) သည် မိခင်၊ မွေးချင်းများနှင့်အတူ ကနေဒါနိုင်ငံ၊ တိုရွန်တိုမြို့ရှိ အိမ်ရာမဲ့စခန်းတွင် နေထိုင်ခဲ့ရသူ ဖြစ်သည်။ ကန်းထရီးပေါ့ပ်တေးဂီတ၏ ဘုရင်မအဖြစ် တင်စားခံရသူဖြစ်ကာ တေးအယ်လ်ဘမ်ချပ်ရေ သန်း ၁၀၀ ကျော် ရောင်းချထားရပြီးဖြစ်သည်။

တွိန်းက သူမ၏ ဘဝဖြစ်ရပ်များကို "From this Moment On" ဟူသောအမည်ဖြင့် စာအုပ်တစ်အုပ် ရေးသားထားသည်။

ကြွယ်ဝမှု- ကန်ဒေါ်လာ သန်း ၄၀၀ 

မိတ်ဆွေသည် အိမ်ခြံမြေအကျိုးဆောင်လုပ်ငန်း (သို့) ဆောက်လုပ်ရေးလုပ်ငန်း လုပ်ကိုင်နေသူတစ်ဦးဖြစ်ပါက iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) မှ သင်၏အိမ်ခြံမြေလုပ်ငန်း အထူးတလည် အောင်မြင်နိုင်စေရန်အတွက် ကူညီပံ့ပိုးပေးနိုင်ပါသည်။ iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ဝဘ်ဆိုက်နှင့် လက်တွဲ၍ အိမ်ခြံမြေလုပ်ငန်းလုပ်ကိုင်ပြီး မြန်မာနိုင်ငံတဝှမ်းလုံးတွင်အောင်မြင်နေသော အကျိုးဆောင် စုစုပေါင်း (၂၃၀၀) ကျော် နှင့် ဆောက်လုပ်ရေးလုပ်ငန်း စုစုပေါင်း (၇၀၀) ကျော်ရှိပါသည် ။ iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ဝဘ်ဆိုက်ကို တစ်လလျှင် ပြည်တွင်းပြည်ပ မှ လူဦးရေ (၃.၈) သန်းကျော် ဝင်ရောက်အသုံးပြုနေပြီး မြန်မာတစ်နိုင်ငံလုံးတွင် နံပါတ်(၁) လူသုံးအများဆုံး အိမ်ခြံမြေရောင်းဝယ်ငှားဝဘ်ဆိုက် ဖြစ်ပါသည်။ ရန်ကုန် ၊ မန္တလေး၊ ငွေဆောင်၊ ချောင်းသာ၊ တောင်ကြီး၊ ကလော၊ ပြင်ဦးလွင်၊ စစ်တွေ၊ မြဝတီ အစရှိသော မြန်မာတစ်နိုင်ငံလုံးတွင်ရှိသည့် အိမ်ခြံမြေစီမံကိန်းများကို ရောင်းချပေးနေပါသည်။ သင်၏ အကျိုးဆောင်လုပ်ငန်း (သို့မဟုတ်) ဆောက်လုပ်ရေးလုပ်ငန်းအောင်မြင်စေရန်အတွက် iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) နှင့် အခုပင်လျှင် ဆက်သွယ် မေးမြန်းစုံစမ်းနိုင်ပါသည် ။ (Hot Line ဖုန်း : 09-252605671 ~ 5 )

(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)

Credit: iMyanmarHouse.com

Ref: 9 rich and famous people who were once homeless (businessinsider)

 

[Zawgyi]

ဆင္းရဲႏုံခ်ာလွသည့္ အိမ္ယာမဲ့ဘဝမ်ားမွ ေရႊေရာင္အနာဂတ္ဆီသို႔ ခ်ီတက္ႏိုင္ခဲ့သည့္ ကမၻာေက်ာ္မ်ား

ဆင္းရဲႏံုခ်ာလွေသာဘဝမွ ေအာင္ျမင္ခ်မ္းသာသြားသည့္ျဖစ္ရပ္သည္ ရုပ္ရွင္ထဲတြင္သာ ေတြ႔ႏိုင္သည့္ ျဖစ္ရပ္မဟုတ္ေခ်။

အခ်ဳိ ႔ေသာ ကမၻာ့အခ်မ္းသာဆံုးစာရင္းဝင္ပုဂၢိဳလ္မ်ားႏွင့္ အေအာင္ျမင္ဆံုးပုဂၢိဳလ္မ်ားမွာ ပန္းခင္းေသာလမ္းမွ ေလွ်ာက္လွမ္း ေရာက္ရွိခဲ့ၾကျခင္း မဟုတ္။

ညဘက္တြင္ လမ္းမ်ားေပၚ၊ ကားမ်ားေပၚ (သို႔မဟုတ္) မိတ္ေဆြသူငယ္ခ်င္းမ်ား၏အိမ္မွ ခံုတန္းလ်ားမ်ားတြင္ အိပ္စက္ခဲ့ၾကရ၏။

ေအာက္တြင္ နိမ့္ပါးေသာ ဘဝမွ ၾကီးမားေသာ ေအာင္ျမင္မႈဆီသို႔ တက္လွမ္းႏိုင္ခဲ့သည့္ ပုဂၢိဳလ္အခ်ဳိ ႔ကို စုစည္းေဖာ္ျပအပ္ပါသည္။

(၁) ရုပ္ရွင္သရုပ္ေဆာင္ ခရစၥ ပရက္

'Jurassic World' ဇာတ္ကားမွ သရုပ္ေဆာင္ ခရစၥ ပရက္သည္ အေမရိကန္ျပည္ေထာင္စု၊ ဟာဝိုင္အီကၽြန္း၊ Maui ျမိဳ ႔တြင္ ဗန္ကားတစ္စီးေပၚ၌ ေနထိုင္ခဲ့ရသူ ျဖစ္သည္။

အသက္ ၁၉ ႏွစ္အရြယ္တြင္ သူငယ္ခ်င္းတစ္ဦးက ေပးပို႔လိုက္ေသာ ဟာဝိုင္အီသို႔ သြားမည့္ေလယာဥ္လက္မွတ္ကို လက္ခံလိုက္ျပီး သန္းမ်ားႏွင့္ ၾကြက္မ်ား ေပါက္ဖြားေနေသာ ဗန္ကားတစ္စီးထဲတြင္ ေနထိုင္ခဲ့ၾကသည္။

ယင္းေနာက္ ၎တို႔ႏွစ္ဦး ေန႔တုိင္း အရက္ေသာက္၊ ေဆးေျခာက္ရွဴကာ တစ္ပတ္လွ်င္ ၁၅ နာရီမွ နာရီ ၂၀ ခန္႔သာ အလုပ္လုပ္ကိုင္ၾက၏။ ရရွိလာေသာေငြမွာ ဓာတ္ေငြ႔ႏွင့္ အစားအစာတို႔ ဝယ္ရန္သာလံုေလာက္ေသာ္လည္း ႏွစ္သက္ျမတ္ႏိုးဖြယ္ အခ်ိန္ကာလျဖစ္ခဲ့ေၾကာင္း ပရက္ထ္က ဆိုသည္။

ထိုႏွစ္အတြင္းတြင္ပင္ ရုပ္ရွင္မင္းသမီး Rae Dawn Chong က ပရက္ထ္ကို ေတြ႔ျမင္ကာ သူ၏ ပံုပန္းၾကည့္ေကာင္းမႈကို သတိျပဳမိျပီး သူမ၏ ဒါရိုက္တာအျဖစ္ ပထမဆံုးရိုက္ကူးသည့္ "Cursed Part III" ဇာတ္ကားတြင္ သရုပ္ေဆာင္အျဖစ္ ပါဝင္ေစခဲ့သည္။

ၾကြယ္ဝမႈ- ကန္ေဒၚလာ သန္း ၄၀

(၂) ဂ်ိမ္းစ္ ကင္မရြန္

ဒါရိုက္တာၾကီး ဂ်ိမ္းစ္ ကင္မရြန္သည္ ဒါရိုက္တာျဖစ္ခ်င္ေသာေၾကာင့္ သူ၏ 'The Terminator' ဇာတ္လမ္းမူပိုင္ခြင့္ကို ၁ ေဒၚလာမွ်ျဖင့္ ေရာင္းခ်ေပးကာ ေမာ္ေတာ္ကားေပၚတြင္သာ ေနထိုင္ခဲ့ရသည္။

"The Terminator" ဇာတ္လမ္းကို ေရးသားေနစဥ္တြင္ ဂ်ိမ္းစ္ကင္မရြန္သည္ စားဝတ္ေနေရး အလြန္က်ပ္တည္းေနခဲ့ျပီး သူ၏ေမာ္ေတာ္ကားေပၚတြင္သာ ေနထိုင္ခဲ့ရသည္။

သို႔ေသာ္ ထိုအခ်ိန္က သူ၏ အဓိကရည္မွန္းခ်က္မွာ ေငြမဟုတ္။ သူ႔တြင္ အေတြ႔အၾကံဳနည္းပါးေသာ္လည္း ေရးသားထားသည့္ ဇာတ္လမ္းကို ကိုယ္တိုင္ဒါရိုက္တာအျဖစ္ ရိုက္ကူးရန္ ဆံုးျဖတ္ထားသည္။

"The Terminator" ဇာတ္လမ္းကို ရုပ္ရွင္ကုမၸဏီမ်ားထံ လိုက္လံျပသရာ သူ၏ဇာတ္လမ္းဇာတ္ညႊန္းကို ၾကိဳက္ေသာ္လည္း ကိုယ္တိုင္ ဒါရိုက္တာအျဖစ္ ရိုက္ကူးမည္ဆိုျခင္းကို မၾကိဳက္ေၾကာင္း ေျပာကာ ျငင္းပယ္ၾကသည္။

မေလွ်ာ့ေသာဇြဲရွိသည့္ ဂ်ိမ္းစ္ကင္မရြန္သည္ ေနာက္ဆံုးတြင္ ထုတ္လုပ္သူ Gale Anne Hurd ႏွုင့္ ေတြ႔၏။

Gale Anne Hurd က ဂ်ိမ္းစ္ ကင္မရြန္အား သူ၏ဇာတ္ညႊန္းကို ကိုယ္တိုင္ရိုက္ကူးခြင့္ေပးခဲ့ေသာ္လည္း "The Terminator" ဇာတ္လမ္းဇာတ္ညႊန္းကိုမူ မူပိုင္ခြင့္အတြက္ ၁ ေဒၚလာသာ ေပးကာ ဝယ္ယူခဲ့သည္။ အဆိုပါ ရုပ္ရွင္သည္ ကမၻာေက်ာ္သြားျပီး ကမၻာတစ္ဝန္းျပသရာတြင္ ကန္ေဒၚလာ ၇၇ သန္းေက်ာ္ ရရွိခဲ့သည္။

ၾကြယ္ဝမႈ- ကန္ေဒၚလာ သန္း ၇၀၀

(၃) ဂ်င္မ္ ကာေရး

The Mask ဇာတ္ကားျဖင့္ ကမၻာေက်ာ္သည့္ ဟာသ သရုပ္ေဆာင္ ဂ်င္မ္ ကာေရးသည္ မေအာင္ျမင္မီက ေဗာက္စ္ဝက္ဂြန္း ဗန္ကားတစ္စီးေပၚႏွင့္ အမျဖစ္သူ၏ အိမ္ေရွ႕ျမက္ခင္းတြင္ တဲထိုးကာ ေနခဲ့ရသူ ျဖစ္သည္။

ဂ်င္မ္ကာေရးသည္ အထက္ေက်ာင္းမွ ေက်ာင္းထြက္လိုက္ျပီးေနာက္ ေဗာက္စ္ဝက္ဂြန္းကားေပၚတြင္ မိသားစုႏွင့္အတူ ေနထိုင္ရကာ ကေနဒါႏိုင္ငံတစ္ဝန္းလွည့္လည္စခန္းခ် ေနထိုင္ခဲ့ရသည္။ ေနာက္ဆံုးတြင္ အမျဖစ္သူ၏ ေနအိမ္ေရွ႕ ျမက္ခင္းျပင္ေပၚတြင္ တဲထိုးကာ ေနထုိင္ခဲ့၏။

ယင္းသို႔ ခက္ခဲသည့္ ဘဝကို ျဖတ္သန္းေနရစဥ္အတြင္းမွာပင္ ဟာသဥာဏ္စတင္ခဲ့ျခင္းျဖစ္ေၾကာင္း ဂ်င္မ္ကာေရးက ေျပာၾကားဖူးသည္။

ၾကြယ္ဝမႈ- ကန္ေဒၚလာ သန္း ၁၅၀

(၄) ေအာ္စကာဆုရွင္ ရုပ္ရွင္မင္းသမီး ဟာလီ ဘယ္ရီ (Halle Berry)

၂၀၀၁ ခုႏွစ္တြင္ ရံုတင္ျပသခဲ့ေသာ Monster's Ball ရုပ္ရွင္ဇာတ္ကားျဖင့္ အေကာင္းဆံုးဇာတ္ေဆာင္အျဖစ္ ေအာ္စကာဆု ရရွိခဲ့သူ ရုပ္ရွင္မင္းသမီး ဟာလီ ဘယ္ရီသည္ ရုပ္ရွင္မင္းသမီးျဖစ္ခ်င္ေသာေၾကာင့္ အသက္ ၂၁ ႏွစ္အရြယ္တြင္ နယူးေယာက္သို႔ ေရာက္ရွိလာေသာ္လည္း အခန္းငွားရန္ ေငြမရွိေသာေၾကာင့္ အိမ္ရာမဲ့ စခန္းတစ္ခုတြင္ ေနထိုင္ခဲ့ရသည္။

ထိုသို႔ ဘဝျဖတ္သန္းခဲ့ရမႈေၾကာင့္ မိမိကိုယ္ကို မည္သို႔ေစာင့္ေရွာက္ထိန္းသိမ္းရမည္ကို သိလာျပီး မည္သည့္အေျခအေနတြင္မဆို ေနထိုင္ရွင္သန္တတ္သြားေၾကာင္း ဘယ္ရီက ေျပာၾကားသည္။ ၾကြယ္ဝမႈ- ကန္ေဒၚလာ သန္း ၉၀

(၅) ဒင္နီယယ္ ခရက္ (Daniel Craig)

Casino Royale (၂၀၀၆) ၊ Quantum of Solace (၂၀၀၈) ၊ Skyfall (၂၀၁၂) ၊ Spectre (၂၀၁၅) ႏွင့္ No Time to Die (၂၀၂၀) အစရွိေသာ ဂ်ိမ္းစ္ဘြန္းရုပ္ရွင္မ်ားျဖင့္ နာမည္ေက်ာ္ခဲ့သည္။ Skyfall (၂၀၁၂) သည္ ဂ်ိမ္းစ္ဘြန္းဇာတ္လမ္းမ်ားအနက္ ဝင္ေငြအေကာင္းဆံုး ရုပ္ရွင္အျဖစ္ ရပ္တည္ခဲ့ျပီး ကန္ေဒၚလာ ၁ ဒသမ ၁ ဘီလီယံ ရရွိခဲ့ကာ အဆိုပါဇာတ္ကားမွ ေအာ္စကာဆု ၂ ဆုလည္း ရရွိခဲ့သည္။

ဒင္နီယယ္ ခရက္သည္ သူ၏ ရုပ္ရွင္ျဖတ္သန္းမႈသမိုင္းတြင္ ေအာင္ျမင္သည့္ ရုပ္ရွင္ဇာတ္ကားမ်ားစြာ ပါဝင္သရုပ္ေဆာင္ခဲ့ျပီးျဖစ္သည္။

မေအာင္ျမင္မီကမူ ဒင္နီယယ္ခရက္သည္ စားပြဲထုိးအျဖစ္ ဘဝရပ္တည္ခဲ့ရျပီး ရုပ္ရွင္သရုပ္ေဆာင္အျဖစ္ စတင္လုပ္ေဆာင္ေနသည့္ ကနဦး ကာလမ်ားတြင္ ပန္းျခံမ်ားအတြင္းရွိ ခံုတန္းမ်ားတြင္ အိပ္စက္ခဲ့ရသည္။

ၾကြယ္ဝမႈ- ကန္ေဒၚလာ သန္း ၁၆၀

(၆) ခရစၥဂါ့ဒ္နာ(Chris Gardner)

ခရစၥဂါ့ဒ္နာသည္ အိမ္ရာမဲ့ဘ၀မွ သန္းၾကြယ္သူေဌးျဖစ္လာသူတစ္ဦးျဖစ္သည္။

အမ်ားသံုး အိမ္သာၾကမ္းျပင္ေပၚ၊ ပန္းျခံမ်ား၊ ဘုရားေက်ာင္းအမုိးေအာက္ႏွင့္ အလုပ္ခံုစားပြဲေအာက္မ်ားတြင္ လမ္းေလွ်ာက္တတ္စ သားငယ္ႏွင့္အတူ အိပ္စက္ခဲ့ရ၏။

ေန႔စဥ္ စြပ္ျပဳတ္ရည္သာ ေသာက္ခဲ့ရျပီး နည္းပါးလွသည့္ ၀င္ေငြကို သားျဖစ္သူ၏ ေန႔ကေလးထိန္းေက်ာင္းအတြက္ သံုးခဲ့ရသည္။

သူ၏ ျဖတ္သန္းမႈအေတြ႔အႀကံဳမ်ားကို The Persuit of Happyness အမည္ျဖင့္ ကိုယ္တိုင္ေရး အတၳဳပၸတၱိအျဖစ္ ေရးသားထုတ္ေ၀ခဲ့ရာ အေရာင္းရဆံုး စာအုပ္တအုပ္ ျဖစ္လာခဲ့သည္။

အဆိုပါစာအုပ္ကို ၂၀၀၆ ခုႏွစ္တြင္ ကမၻာေက်ာ္ရုပ္ရွင္သရုပ္ေဆာင္ ဝီလ္စမစ္ ပါဝင္သရုပ္ေဆာင္ ရိုက္ကူးခဲ့ရာ ထိုဇာတ္ကားအတြက္ ဝီလ္စမစ္မွာ အေကာင္းဆံုးဇာတ္ေဆာင္အျဖစ္ ေအာ္စကာဆု ဆန္ကာတင္စာရင္းဝင္ခဲ့သည္။

ၾကြယ္ဝမႈ- ကန္ေဒၚလာ သန္း ၆၀

(၇) ကမၻာေက်ာ္ ေတးသံရွင္ ဂ်ီဝဲလ္ (Jewel)

ပလက္တီနမ္ဓာတ္ျပားဆု မ်ားစြာရရွိထားသည့္ ကမၻာေက်ာ္ ေတးသံရွင္ ဂ်ီဝဲလ္ (Jewel) သည္ မေအာင္ျမင္မီက သူေဌးျဖစ္သူႏွင့္ အတူမအိပ္ေသာေၾကာင့္ဟုဆိုကာ သူေဌးကအလုပ္ျဖဳတ္လိုက္ေသာေၾကာင့္ အိမ္ရာမဲ့အျဖစ္ လမ္းေပၚတြင္ တစ္ႏွစ္ခန္႔ ေနထိုင္ခဲ့ရသည္။

ဂ်ီဝဲလ္သည္ အိမ္ရာမဲ့ဘဝတြင္လည္း သီခ်င္းမ်ား ေရးသားေနခဲ့ျပီး The Inner Change Café အမည္ရွိ ေကာ္ဖီဆိုင္ကေလးတြင္ စတင္သီခ်င္းဆိုခဲ့သည္။ ထိုစဥ္က မည္သူကမွ ဂ်ီဝဲလ္ကို အိမ္ရာမဲ့ဟု မထင္ခဲ့ၾကေခ်။

ေနာက္ပိုင္းတြင္ ေတးထုတ္လုပ္ေရးကုမၸဏီတစ္ခုႏွင့္ ခ်ိတ္ဆက္မိျပီး ေတးသီခ်င္းေခြထုတ္လုပ္ေပးခဲ့ရာ အဆိုပါအေခြမွာ ၁၂ သန္းခန္႔ ေရာင္းခ်ခဲ့ရသည္။

ၾကြယ္ဝမႈ- ကန္ေဒၚလာ သန္း ၃၀

(၈) ေအာ္စကာဆုရွင္ ဟီလာရီဆြမ့္

ဟီလာရီဆြမ့္သည္ မေအာင္ျမင္မီက ေလာ့စ္အိန္ဂ်လိတြင္ တိုက္ခန္းငွားႏိုင္ရန္ ေငြစုေနခ်ိန္ကာလအတြင္း မိခင္ႏွင့္အတူ ကားေပၚတြင္သာ ေနထုိင္ခဲ့ရသည္။

တိုင္းမ္မဂၢဇင္းတြင္ ေဖာ္ျပခ်က္အရ ဆြမ့္သည္ ကားေနာက္တြဲမ်ားထားသည့္ဝန္းတစ္ခုထဲတြင္ ၾကီးျပင္းခဲ့ရျပီး ရုပ္ရွင္နယ္သို႔ ေျခခ်ရန္ ဆယ္ေက်ာ္သက္အရြယ္တြင္ မိခင္ႏွင့္အတူ ကယ္လီဖုိးနီးယားသို႔ ေျပာင္းေရႊ႕ခဲ့ၾကျခင္းျဖစ္သည္ဟု ဆိုသည္။

ေနာက္ပိုင္းတြင္ သူ၏ သူငယ္ခ်င္းတစ္ဦးက ေရာင္းခ်ရန္စီစဥ္ေနေသာ အိမ္တစ္လံုးတြင္ ညဘက္၌ အိပ္စက္ခြင့္ေပးခဲ့သည္။ ေန႔ဘက္တြင္ကား ဝယ္လက္မ်ားအား ျပသႏိုင္ရန္ ထြက္ခြာေပးရသည္။

ထိုသို႔ ၾကမ္းတမ္းသည့္ ဘဝကို ျဖတ္သန္းခဲ့ရသူ ဟီလာရီဆြမ့္သည္ အသက္ ၃၀ အရြယ္တြင္ ေအာ္စကာဆု ၂ ဆုရရွိခဲ့ျပီး ျဖစ္သည္။

ၾကြယ္ဝမႈ- ကန္ေဒၚလာ သန္း ၄၀

(ဆက္စပ္သတင္း- https://www.imyanmarhouse.com/news/read/815257 )

(၉) ရွာနီယာ တြိန္း (Shania Twain)

ဂီတ၏ ေအာ္စကာဆုဟု ဆိုႏိုင္သည့္ ဂရမ္ီဆု ၅ ဆုရွင္ ကမၻာေက်ာ္ ကေနဒါ အဆိုေတာ္ ရွာနီယာ တြိန္း (Shania Twain) သည္ မိခင္၊ ေမြးခ်င္းမ်ားႏွင့္အတူ ကေနဒါႏိုင္ငံ၊ တိုရြန္တိုျမိဳ႕ရွိ အိမ္ရာမဲ့စခန္းတြင္ ေနထိုင္ခဲ့ရသူ ျဖစ္သည္။ ကန္းထရီးေပါ့ပ္ေတးဂီတ၏ ဘုရင္မအျဖစ္ တင္စားခံရသူျဖစ္ကာ ေတးအယ္လ္ဘမ္ခ်ပ္ေရ သန္း ၁၀၀ ေက်ာ္ ေရာင္းခ်ထားရျပီးျဖစ္သည္။

တြိန္းက သူမ၏ ဘဝျဖစ္ရပ္မ်ားကို "From this Moment On" ဟူေသာအမည္ျဖင့္ စာအုပ္တစ္အုပ္ ေရးသားထားသည္။

ၾကြယ္ဝမႈ- ကန္ေဒၚလာ သန္း ၄၀၀

မိတ္ေဆြသည္ အိမ္ျခံေျမအက်ိဳးေဆာင္လုပ္ငန္း (သို႔) ေဆာက္လုပ္ေရးလုပ္ငန္း လုပ္ကိုင္ေနသူတစ္ဦးျဖစ္ပါက iMyanmarHouse.com (အိုင္ျမန္မာေဟာက္စ္ေဒါ့ကြန္း) မွ သင္၏အိမ္ျခံေျမလုပ္ငန္း အထူးတလည္ ေအာင္ျမင္ႏိုင္ေစရန္အတြက္ ကူညီပံ့ပိုးေပးႏိုင္ပါသည္။ iMyanmarHouse.com (အိုင္ျမန္မာေဟာက္စ္ေဒါ့ကြန္း) ဝဘ္ဆိုက္ႏွင့္ လက္တြဲ၍ အိမ္ျခံေျမလုပ္ငန္းလုပ္ကိုင္ၿပီး ျမန္မာႏိုင္ငံတဝွမ္းလုံးတြင္ေအာင္ျမင္ေနေသာ အက်ိဳးေဆာင္ စုစုေပါင္း (၂၃၀၀) ေက်ာ္ ႏွင့္ ေဆာက္လုပ္ေရးလုပ္ငန္း စုစုေပါင္း (၇၀၀) ေက်ာ္႐ွိပါသည္ ။ iMyanmarHouse.com (အိုင္ျမန္မာေဟာက္စ္ေဒါ့ကြန္း) ဝဘ္ဆိုက္ကို တစ္လလွ်င္ ျပည္တြင္းျပည္ပ မွ လူဦးေရ (၃.၈) သန္းေက်ာ္ ဝင္ေရာက္အသုံးျပဳေနၿပီး ျမန္မာတစ္ႏိုင္ငံလုံးတြင္ နံပါတ္(၁) လူသုံးအမ်ားဆုံး အိမ္ျခံေျမေရာင္းဝယ္ငွားဝဘ္ဆိုက္ ျဖစ္ပါသည္။ ရန္ကုန္ ၊ မႏၲေလး၊ ေငြေဆာင္၊ ေခ်ာင္းသာ၊ ေတာင္ႀကီး၊ ကေလာ၊ ျပင္ဦးလြင္၊ စစ္ေတြ၊ ျမဝတီ အစ႐ွိေသာ ျမန္မာတစ္ႏိုင္ငံလုံးတြင္႐ွိသည့္ အိမ္ျခံေျမစီမံကိန္းမ်ားကို ေရာင္းခ်ေပးေနပါသည္။ သင္၏ အက်ိဳးေဆာင္လုပ္ငန္း (သို႔မဟုတ္) ေဆာက္လုပ္ေရးလုပ္ငန္းေအာင္ျမင္ေစရန္အတြက္ iMyanmarHouse.com (အိုင္ျမန္မာေဟာက္စ္ေဒါ့ကြန္း) ႏွင့္ အခုပင္လွ်င္ ဆက္သြယ္ ေမးျမန္းစုံစမ္းႏိုင္ပါသည္ ။ (Hot Line ဖုန္း : 09-252605671 ~ 5 )

(iMyanmarHouse.com Team မွ ေရးသား ေဖာ္ျပသည္။)

Credit: iMyanmarHouse.com

Ref: 9 rich and famous people who were once homeless (businessinsider)

 

 

 

နောက်ဆုံးရ အိမ်ခြံမြေ ဗဟုသုတများ

ဗြိတိန်တွင် ပန်းရံဆရာအဖြစ် အလုပ်လုပ်ကိုင်နေသော မလေးရှားနိုင်ငံသားက တစ်ရက်လျှင် ဒေါ်လာ ၂၀၀ ရကာ လစဉ်ဝင်ငွေ ဒေါ်လာ ၅၁၀၀ ကျော်ရကြောင်း ပြောပြထားသည့် TikTok ဗွီဒီယို လူမှုကွန်ရက်တွင် နာမည်ကြီးနေ...
ဗြိတိန်တွင် ပန်းရံဆရာအဖြစ် အလုပ်လုပ်ကိုင်နေသော မလေးရှားနိုင်ငံသားက တစ်ရက်လျှင် ဒေါ်လာ ၂၀၀ ရကာ လစဉ်ဝင်ငွေ ဒေါ်လာ ၅၁၀၀ ကျော်ရကြောင်း ပြောပြထားသည့် TikTok ဗွီဒီယို လူမှုကွန်ရက်တွင် နာမည်ကြီးနေ...
Elon Musk မှာ အိမ်မပြန်ဘဲ ဒေါ်နယ်ထရမ့်၏ စံအိမ်ကြီးတွင်သာ နေထိုင်လျက်ရှိ၊ Elon Musk ကို အနားမှ ထွက်မသွားစေလိုကြောင်း ဒေါ်နယ်ထရမ့်ပြောကြား...
Elon Musk မှာ အိမ်မပြန်ဘဲ ဒေါ်နယ်ထရမ့်၏ စံအိမ်ကြီးတွင်သာ နေထိုင်လျက်ရှိ၊ Elon Musk ကို အနားမှ ထွက်မသွားစေလိုကြောင်း ဒေါ်နယ်ထရမ့်ပြောကြား...
အင်္ဂလန်တွင် ဇနီးမောင်နှံနှစ်ဦး ၂၆ နှစ်အချိန်ယူ စိုက်ပျိုးမွမ်းမံခဲ့ရတဲ့ ပန်းအိမ်လေး
အင်္ဂလန်တွင် ဇနီးမောင်နှံနှစ်ဦး ၂၆ နှစ်အချိန်ယူ စိုက်ပျိုးမွမ်းမံခဲ့ရတဲ့ ပန်းအိမ်လေး
ရှန်ဟိုင်းတွင် ယနေ့စတင်ကျင်းပလျက်ရှိသည့် ဆောက်လုပ်ရေးလုပ်ငန်းသုံး စက်ယန္တယားများနှင့် ယာဉ်များ ပြပွဲ...
ရှန်ဟိုင်းတွင် ယနေ့စတင်ကျင်းပလျက်ရှိသည့် ဆောက်လုပ်ရေးလုပ်ငန်းသုံး စက်ယန္တယားများနှင့် ယာဉ်များ ပြပွဲ...
"မြေတစ်ခေတ်မှာ" "ရွှေဖြစ်ဖို့" မြေအကြောင်း လေ့လာကြစို့
"မြေတစ်ခေတ်မှာ" "ရွှေဖြစ်ဖို့" မြေအကြောင်း လေ့လာကြစို့
မှတ်သားဖွယ် အိမ်ခြံမြေဥပဒေရေးရာ အဖြာဖြာ
မှတ်သားဖွယ် အိမ်ခြံမြေဥပဒေရေးရာ အဖြာဖြာ
သဲမရှိ ရေမရှိ ဆောင်းဦးရောက်တိုင်း ကြက်သွေးရောင်အတိဖြစ်သွားတဲ့ တရုတ်နိုင်ငံက အနီရောင်ကမ်းခြေ...
သဲမရှိ ရေမရှိ ဆောင်းဦးရောက်တိုင်း ကြက်သွေးရောင်အတိဖြစ်သွားတဲ့ တရုတ်နိုင်ငံက အနီရောင်ကမ်းခြေ...
ကာကွယ်ခုခံပိုင်ခွင့်နှင့် စပ်လျဉ်း၍ သိရှိထားသင့်သည့်အချက်အလက်များ ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။...
ကာကွယ်ခုခံပိုင်ခွင့်နှင့် စပ်လျဉ်း၍ သိရှိထားသင့်သည့်အချက်အလက်များ ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။...
အီလက်ထရောနစ် သက်သေခံနှင့်စပ်လျဉ်း၍ သိရှိထားသင့်သည့်အချက်အလက်များ ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။...
အီလက်ထရောနစ် သက်သေခံနှင့်စပ်လျဉ်း၍ သိရှိထားသင့်သည့်အချက်အလက်များ ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။...
အမေရိကန်ပြည်၊ ကယ်လီဖိုးနီးယားတွင် အကြင်နာတရားရှိသူများသာ နေခွင့်ပေးမည့် မြို့ငယ်တစ်ခု တည်ဆောက်လျက်ရှိ...
အမေရိကန်ပြည်၊ ကယ်လီဖိုးနီးယားတွင် အကြင်နာတရားရှိသူများသာ နေခွင့်ပေးမည့် မြို့ငယ်တစ်ခု တည်ဆောက်လျက်ရှိ...

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

Tesla တွင် အကြိမ် ၃၀၀ ကျော် လျှောက်လွှာတင်ခဲ့ပြီး နောက်ဆုံး၌ အလုပ်ရသွားခဲ့သော အိန္ဒိယနိုင်ငံသား အင်ဂျင်နီယာ၏ ခိုင်မာသောသ
Tesla တွင် အကြိမ် ၃၀၀ ကျော် လျှောက်လွှာတင်ခဲ့ပြီး နောက်ဆုံး၌ အလုပ်ရသွားခဲ့သော အိန္ဒိယနိုင်ငံသား အင်ဂျင်နီယာ၏ ခိုင်မာသောသ
ဘာလီကျွန်းမှာ နှစ်စဉ်ကျင်းပတဲ့ အပျို၊ လူပျိုတို့သာ ပါဝင်ဆင်နွှဲရသော အနမ်းပွဲတော်
ဘာလီကျွန်းမှာ နှစ်စဉ်ကျင်းပတဲ့ အပျို၊ လူပျိုတို့သာ ပါဝင်ဆင်နွှဲရသော အနမ်းပွဲတော်
ဆွေမျိုးတစ်ဦးထံမှ ရူပီး ၅၀၀၀ (ကန်ဒေါ်လာ ၆၀) ငွေချေးယူကာ ဘဝရပ်တည်နိုင်ရန် စတင်ခဲ့သူ အိန္ဒိယအမျိုးသား ယခုအခါ ကန်ဒေါ်လာ ၅ ဘ
ဆွေမျိုးတစ်ဦးထံမှ ရူပီး ၅၀၀၀ (ကန်ဒေါ်လာ ၆၀) ငွေချေးယူကာ ဘဝရပ်တည်နိုင်ရန် စတင်ခဲ့သူ အိန္ဒိယအမျိုးသား ယခုအခါ ကန်ဒေါ်လာ ၅ ဘ
ဒီပီကာနှင့် ရန်ဘီဆင်းတို့က ရှာရွတ်ခန်၏ မာနတ်စံအိမ်ကြီးအနီး ရူပီး ကုဋေ ၁၀၀ တန် လူနေခန်း ဝယ်ယူ
ဒီပီကာနှင့် ရန်ဘီဆင်းတို့က ရှာရွတ်ခန်၏ မာနတ်စံအိမ်ကြီးအနီး ရူပီး ကုဋေ ၁၀၀ တန် လူနေခန်း ဝယ်ယူ
အိန္ဒိယတွင် လမ်းဘေးလေလွင့်ခွေးလေးများအကြောင်း နာမည်ကျော်သူဌေးကြီးတာတာထံသို့ စာရေးသား ပေးပို့ခဲ့ရာမှ သူဌေးကြီး၏ လက်ထောက်အ
အိန္ဒိယတွင် လမ်းဘေးလေလွင့်ခွေးလေးများအကြောင်း နာမည်ကျော်သူဌေးကြီးတာတာထံသို့ စာရေးသား ပေးပို့ခဲ့ရာမှ သူဌေးကြီး၏ လက်ထောက်အ
မိမိ၏ ကားနောက်တွဲထဲတွင် ရုပ်ရှင်မင်းသား Liam Hemsworth က လူသေအလောင်းတုကြီး လာထည့်ကာ စနောက်ခဲ့မှုကြောင့် ဘောင်းဘီထဲတွင် သ
မိမိ၏ ကားနောက်တွဲထဲတွင် ရုပ်ရှင်မင်းသား Liam Hemsworth က လူသေအလောင်းတုကြီး လာထည့်ကာ စနောက်ခဲ့မှုကြောင့် ဘောင်းဘီထဲတွင် သ
ဗြိတိန်သူဌေးကြီးက အခြားသူထံမှ ပေါင် ၃ သန်း ငွေချေးယူပြီးနောက် အတိုးအရင်းပေါင်း ပေါင် ၄၂ သန်းအထိရှိလာပြီးနောက် သူ၏စံအိမ်က
ဗြိတိန်သူဌေးကြီးက အခြားသူထံမှ ပေါင် ၃ သန်း ငွေချေးယူပြီးနောက် အတိုးအရင်းပေါင်း ပေါင် ၄၂ သန်းအထိရှိလာပြီးနောက် သူ၏စံအိမ်က
လန်ဒန်မြို့ အရှေ့ပိုင်းရှိ ကော်ဖီဆိုင်ကြီးမှာ သရဲလွန်စွာခြောက်သောကြောင့် ဆိုင်ဝန်ထမ်းက တစ်ဦးတည်း အလုပ်မလုပ်လိုကြောင်း ပြ
လန်ဒန်မြို့ အရှေ့ပိုင်းရှိ ကော်ဖီဆိုင်ကြီးမှာ သရဲလွန်စွာခြောက်သောကြောင့် ဆိုင်ဝန်ထမ်းက တစ်ဦးတည်း အလုပ်မလုပ်လိုကြောင်း ပြ
ဒေါ်နယ်ထရမ့်က Elon Musk အား အစိုးရအဖွဲ့တွင် ထိပ်တန်းရာထူးတစ်ခုပေးအပ်၊ Tesla ၏ ရှယ်ယာဈေးများ ထိုးတက်လာရာ Elon Musk မှာ တစ
ဒေါ်နယ်ထရမ့်က Elon Musk အား အစိုးရအဖွဲ့တွင် ထိပ်တန်းရာထူးတစ်ခုပေးအပ်၊ Tesla ၏ ရှယ်ယာဈေးများ ထိုးတက်လာရာ Elon Musk မှာ တစ
ဒေးဗစ်ဘက်ခမ်းက မိုင်အမ်မီရှိ ဒေါ်လာသန်း ၈၀ နီးပါးတန် စံအိမ်ကြီးကို ငွေသားဖြင့် ပေးချေဝယ်ယူ၊ ဘက်ခမ်းတို့ စုံတွဲက ထိုစံအိမ
ဒေးဗစ်ဘက်ခမ်းက မိုင်အမ်မီရှိ ဒေါ်လာသန်း ၈၀ နီးပါးတန် စံအိမ်ကြီးကို ငွေသားဖြင့် ပေးချေဝယ်ယူ၊ ဘက်ခမ်းတို့ စုံတွဲက ထိုစံအိမ

နောင်လာမည့် အိမ်ခြံမြေ ပွဲစဉ်များ

magical-world
Neighbourhood

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service