သင့်ကျန်းမာရေးအတွက် နေအိမ်များတွင် စိုက်သင့်သော ပန်းပင်များ

သင့်ကျန်းမာရေးအတွက် နေအိမ်များတွင် စိုက်သင့်သော ပန်းပင်များ - Property Knowledge in Myanmar from iMyanmarHouse.com
11 Jun 2020 1:58 pm တွင် တင်ခဲ့သည်
8631 ကြိမ် ကြည့်ရှု့ပြီး

ဗဟုသုတ | Posted by စည်သူအောင်

[Unicode]

လူသားတို့အတွက် အကျိုးမပြုသော ဓာတ်ငွေ့များဖြစ်သည့် ဖော်မလင်၊ ကာဗွန်မိုနောက်ဆိုက်၊ အမိုးနီးယားဓာတ်ငွေ့တွေဟာ ကျွန်တော်တို့အိမ်တွေမှာ ရှိတတ်တဲ့ အန္တရာယ်ရှိသော အဆိပ်အတောက်တွေဖြစ်ပါတယ်။

အိမ်ထဲကအဆိပ်အတောက်တွေကို ဖယ်ရှားတဲ့နေရာမှာ အကူအညီပေးနိုင်တဲ့ အရာတွေရှိပါတယ်။ အိမ်မှာစိုက်ထားလို့ရသော အပင်များသည် အိမ်တွင်းက လေထုညစ်ညမ်းမှုတွေနဲ့ ဓာတုပစ္စည်းများကို (၉၀)ရာခိုင်နှုန်ူး စုပ်ယူပေးပြီး သန့်ရှင်းသော အောက်ဆီဂျင်ကို ပြန်လည်ထုတ်ပေးတဲ့အတွက် ယခုနောက်ပိုင်း နေအိမ်တိုက်ခန်းတွေမှာ ပန်းပင်၊ အလှပင်များ တော်တော်များများ စိုက်ပျိုးလာကြပါပြီ။ အိမ်မှာစိုက်ပျိုးလို့ရတဲ့အပင်လေးတွေက အိမ်ကိုအလှဆင်ပေးသည့်အပြင် ကျန်းမာရေးအတွက်လည်း ထိရောက်မှုရှိပါတယ်။ လူတို့အတွက် အကျိုးပြုပန်းပင်များမှာတော့-

(၁) စံပယ်ပင်- စိတ်ဖိစီးမှုကို ပြေလျော့စေပြီး စိတ်မတည်မငြိမ်ဖြစ်တာကို ကုသပေးသလို အိပ်စက်ချိန်ကိုလည်း ကောင်းမွန်လာစေပါတယ်။

(၂)နဂါးစက်ဂမုန်းပင်- အိမ်အတွင်းမှာစိုက်ပျိုးသင့်တဲ့အပင်တစ်မျိုးဖြစ်သလို လေသန့်ပင်လို့လည်း ခေါ်ကြတယ်။အိမ်အတွင်းမှာရှိတဲ့ အဆိပ်အတောက်ဖြစ်စေတဲ့အခိုးအငွေ့တွေကို နဂါးစက်ဂမုန်းပင်က ဖယ်ရှားပေးနိုင်ပါတယ်။အပင်များများစိုက်လေ လေကို ကောင်းကောင်းသန့်စင်လေဖြစ်ပါတယ်။ နဂါးစက်ပင်က နေရောင်ခြည်တိုက်ရိုက်ထိတာကို မကြိုက်ပါဘူး။ ပန်းနာရင်ကျပ်ရှိသူတွေကို အသက်ရှုကောင်းအောင်၊ အိပ်စက်နိုင်အောင် ကူညီပေးပါတယ်။ နွယ်ပင်အမျိုးအစားဖြစ်လို့ အဆိပ်သင့်စေတဲ့အတွက် ကလေးငယ်များ၊ တိရစ္ဆာန်များမစားမိအောင် ဂရုစိုက်ရပါမယ်။

(၃)ရှင်သီဝလိဂမုန်းပင်- လေထုညစ်ညမ်းမှုကို ဖယ်ရှားပေးနိုင်ပါတယ်။ အဆိပ်အတောက်ဓာတ်တွေကို စုပ်ယူပေးနိုင်တဲ့အပြင် အိမ်တွင်းလေသန့်စက်အဖြစ် စွမ်းဆောင်ပေးပါတယ်။ ဝတ်မှုန်တွေကို ထုတ်လွှတ်ပေးပြီး ပန်းရနံ့လေးသင်းစေပါသည်။( ပန်းဝတ်မှုံနဲ့ ဓာတ်မတည့်သူတွေတော့ သတိထားသင့်ပါတယ်)

(၄)ရာဘာပင်-ရာဘာအရွက်ကြီးတွေက လေထဲကမကောင်းတဲ့အရာကို စုပ်ယူပေးပါတယ်။ ရာဘာအရွက် တွေပေါ်က ဖုန်မှုန့်တွေကိုတော့ ဖယ်ရှားပေးရပါမယ်။

(၅) တိုက်ကပ်နွယ်ပင်- လေထဲက အဆိပ်အတောက်တွေ၊ မကောင်းသောဓာတ်ငွေ့တွေကို ဖယ်ရှားတဲ့နေရာမှာ ထိရောက်မှုရှိပါတယ်။ အိမ်ထဲမှာစိုက်ရတာလည်းလွယ်ကူသလို နေရောင်ခြည်နည်းနည်းပဲ လိုသလို အေးတဲ့အပူချိန်မှာလည်း ရှင်သန်နိုင်ပါတယ်။

မိမိတို့နေအိမ်လေးမှာ ကျန်းမာရေးအတွက်လည်းကောင်းမွန်ပြီး ပန်းပင်လေးတွေရဲ့အလှကြောင့်လည်း အိမ်ကျက်သရေပိုတိုးပြီး စိမ်းလန်းအေးမြနေချင်ရင်တော့ အဲဒီအပင်(၅)မျိုးကို စိုက်ပျိုးသင့်ပါကြောင်း ရိုးရာလေးဖော်ပြချက်အား ပြန်လည်ကောက်နုတ်ပြီး ဖော်ပြလိုက်ပါတယ်။

အိမ်ခြံမြေ ကိစ္စအဝဝနှင့် ပတ်သက်၍ ဥပဒေအကြံပေးပညာရှင်များနှင့် ဆွေးနွေးတိုင်ပင်လိုပါက iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ၏ ဖုန်းနံပါတ်များဖြစ်သော 09-966901767, 09-268022352 သို့ ဆက်သွယ်နိုင်ပါသည်။ အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။

iMyanmarHouse.com ၏ ဥပဒေအကြံပေး ပညာရှင်အဖွဲ့ မှ အထူးရေးသားဖော်ပြသည်။

Credit: iMyanmarHouse.com

 

[Zawgyi]














နောက်ဆုံးရ အိမ်ခြံမြေ ဗဟုသုတများ

KITCHEN ဆေးရောင်ရွေးချယ်မှုအတွက် အကြံပေးမှုတစ်ချို့
KITCHEN ဆေးရောင်ရွေးချယ်မှုအတွက် အကြံပေးမှုတစ်ချို့
စုံလင်ဖွေရှာ အိမ်ခြံမြေဥပဒေရေးရာ
စုံလင်ဖွေရှာ အိမ်ခြံမြေဥပဒေရေးရာ
သာသနာဂရန်မြေ လျှောက်ထားရာတွင် သိရှိထားသင့်သည့် အချက်အလက်များအကြောင်း ဥပဒေဗဟုသုတ အနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။...
သာသနာဂရန်မြေ လျှောက်ထားရာတွင် သိရှိထားသင့်သည့် အချက်အလက်များအကြောင်း ဥပဒေဗဟုသုတ အနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။...
မရွှေ့မပြောင်းနိုင်သောပစ္စည်းကို ကန့်သတ်သည့်ဥပဒေအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြ ပေးလိုက်ပါသည်။...
မရွှေ့မပြောင်းနိုင်သောပစ္စည်းကို ကန့်သတ်သည့်ဥပဒေအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြ ပေးလိုက်ပါသည်။...
၂၀၂၅-၂၀၂၆ ခုနှစ်အတွက် ရန်ကုန်တိုင်း မြို့နယ်စုံ အသစ်ထွက်ရှိလာသော ရာဖြတ်နှုန်းထားများ
၂၀၂၅-၂၀၂၆ ခုနှစ်အတွက် ရန်ကုန်တိုင်း မြို့နယ်စုံ အသစ်ထွက်ရှိလာသော ရာဖြတ်နှုန်းထားများ
မြေယာစီမံခန့်ခွဲမှု စပ်လျဉ်း၍ ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
မြေယာစီမံခန့်ခွဲမှု စပ်လျဉ်း၍ ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
ငွေရေးကြေးရေးဆိုင်ရာအဖွဲ့အစည်း ဥပဒေအကြောင်းကို ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။...
ငွေရေးကြေးရေးဆိုင်ရာအဖွဲ့အစည်း ဥပဒေအကြောင်းကို ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။...
အပတ်စဉ် သိမှတ်ဖွယ်ရာ ဥပဒေအမေးအဖြေကဏ္ဍ
အပတ်စဉ် သိမှတ်ဖွယ်ရာ ဥပဒေအမေးအဖြေကဏ္ဍ
အိမ်ခြံမြေအသိကြွယ်စေဖို့ရာ ဥပဒေအမေးအဖြေကဏ္ဍ
အိမ်ခြံမြေအသိကြွယ်စေဖို့ရာ ဥပဒေအမေးအဖြေကဏ္ဍ
စုပေါင်းပိုင် အဆောက်အအုံနှင့် စပ်လျဉ်း၍ လိုက်နာရမည့် အချက်အလက်များ ဥပဒေဗဟုသုတအအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။...
စုပေါင်းပိုင် အဆောက်အအုံနှင့် စပ်လျဉ်း၍ လိုက်နာရမည့် အချက်အလက်များ ဥပဒေဗဟုသုတအအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။...

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

စုပေါင်းပိုင် အဆောက်အအုံနှင့် စပ်လျဉ်း၍ လိုက်နာရမည့် အချက်အလက်များ ဥပဒေဗဟုသုတအအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
စုပေါင်းပိုင် အဆောက်အအုံနှင့် စပ်လျဉ်း၍ လိုက်နာရမည့် အချက်အလက်များ ဥပဒေဗဟုသုတအအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
တရုတ်ပြည်ရှိ လူငယ်တို့မှာ အိမ်ငှားနေထိုင်ခြင်းထက် ဟိုတယ်များတွင် နေထိုင်ကြမှု ပိုမိုများပြားလာလျက်ရှိ၊ ဟိုတယ်တွင် နေထိုင
တရုတ်ပြည်ရှိ လူငယ်တို့မှာ အိမ်ငှားနေထိုင်ခြင်းထက် ဟိုတယ်များတွင် နေထိုင်ကြမှု ပိုမိုများပြားလာလျက်ရှိ၊ ဟိုတယ်တွင် နေထိုင
IP Man သရုပ်ဆောင် ဒွန်နီယန်းက ၎င်းအောက် အသက် ၁၈ နှစ်ငယ်သော ဇနီးနှင့် အိမ်ထောင်သက် ၂၂ နှစ်ပြည့် အခမ်းအနားကို Romantic ဆန်
IP Man သရုပ်ဆောင် ဒွန်နီယန်းက ၎င်းအောက် အသက် ၁၈ နှစ်ငယ်သော ဇနီးနှင့် အိမ်ထောင်သက် ၂၂ နှစ်ပြည့် အခမ်းအနားကို Romantic ဆန်
အိန္ဒိယတွင် တဲအိမ်အချို့ကို အာဏာပိုင်တို့က ဖြိုချဖျက်ဆီး၊ အိမ်ဖျက်ခံရသူတို့အား ရူပီး ၁၀ သိန်း လျော်ကြေးပေးရန် အိန္ဒိယ တရ
အိန္ဒိယတွင် တဲအိမ်အချို့ကို အာဏာပိုင်တို့က ဖြိုချဖျက်ဆီး၊ အိမ်ဖျက်ခံရသူတို့အား ရူပီး ၁၀ သိန်း လျော်ကြေးပေးရန် အိန္ဒိယ တရ
အင်ဒိုနီးရှား အမျိုးသားတစ်ဦးက သားဖြစ်သူကို “ဆက်သွယ်ရေး၊ သတင်းအချက်အလက်နှင့် စာရင်းအင်းဌာန” ဟု ကြံကြံဖန်ဖန် နာမည်ပေးထားမှ
အင်ဒိုနီးရှား အမျိုးသားတစ်ဦးက သားဖြစ်သူကို “ဆက်သွယ်ရေး၊ သတင်းအချက်အလက်နှင့် စာရင်းအင်းဌာန” ဟု ကြံကြံဖန်ဖန် နာမည်ပေးထားမှ
ဖခင်ဖြစ်သူ၏ ၆၂ နှစ်သက်တမ်းရှိ ဘဏ်ငွေစုစာအုပ်ကို နေအိမ်မှ အမှိုက်ပုံးထဲတွင် တွေ့ရှိသော အမျိုးသားမှာ နေ့ချင်းညချင်း သန်းကြ
ဖခင်ဖြစ်သူ၏ ၆၂ နှစ်သက်တမ်းရှိ ဘဏ်ငွေစုစာအုပ်ကို နေအိမ်မှ အမှိုက်ပုံးထဲတွင် တွေ့ရှိသော အမျိုးသားမှာ နေ့ချင်းညချင်း သန်းကြ
အိမ်ရာမဲ့ဘဝမှ သူဌေးဖြစ်လာသော အမေရိကန်ပြည်၊ ဒက်ထရွိုက်မြို့မှ အမျိုးသားတစ်ဦးအကြောင်း
အိမ်ရာမဲ့ဘဝမှ သူဌေးဖြစ်လာသော အမေရိကန်ပြည်၊ ဒက်ထရွိုက်မြို့မှ အမျိုးသားတစ်ဦးအကြောင်း
အိမ်ခြံမြေအသိကြွယ်စေဖို့ရာ ဥပဒေအမေးအဖြေကဏ္ဍ
အိမ်ခြံမြေအသိကြွယ်စေဖို့ရာ ဥပဒေအမေးအဖြေကဏ္ဍ
တရုတ်ပြည်တွင် မိန်းကလေးတစ်ဦးက အိမ်လခ သက်သာစေရန်အတွက် ၎င်းအလုပ်လုပ်သည့်စက်ရုံရှိ အိမ်သာခန်းအတွင်း နေထိုင်သည့်ဖြစ်ရပ် လူမှ
တရုတ်ပြည်တွင် မိန်းကလေးတစ်ဦးက အိမ်လခ သက်သာစေရန်အတွက် ၎င်းအလုပ်လုပ်သည့်စက်ရုံရှိ အိမ်သာခန်းအတွင်း နေထိုင်သည့်ဖြစ်ရပ် လူမှ
မလေးရှားတွင် လူမှုကွန်ရက် influencer မိန်းကလေးတစ်ဦးက ငွေအိတ်လိုက် သယ်ယူလာကာ ရွှေ ၉ ပိဿာကျော် ကြွားလုံးထုတ် ဝယ်ယူပြခဲ့သည်
မလေးရှားတွင် လူမှုကွန်ရက် influencer မိန်းကလေးတစ်ဦးက ငွေအိတ်လိုက် သယ်ယူလာကာ ရွှေ ၉ ပိဿာကျော် ကြွားလုံးထုတ် ဝယ်ယူပြခဲ့သည်
Shwe Wutt Hmone
MIngalardon Garden City

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service