ဗဟုသုတ | Posted by အေးမြတ်သူ
[Unicode]
ကျွန်မ၏ကျောင်းနေဖက် မိတ်ဆွေဖြစ်သူ ဒေါ်သဇင်နှင်းသည် ဖုန်းနှင့်ဆက်သွယ်ကာ ချိန်းဆိုသဖြင့် မြို့ထဲရှိ မိမိရုံးခန်းသို့ အသွားတွင် သူမချိန်းဆိုရာ လှည်းတန်း ၊ ဗဟိုလမ်းမပေါ်ရှိ ပြည်ဒေါ်ဥ ထမင်းသုပ်နှင့် စားဖွယ်စုံဆိုင်တွင်ပင် တွေ့ဆုံကြပါသည်။
ဆိုင်သို့ ဝင်လိုက်သည်နှင့် ဒေါ်သဇင်နှင်းက ဦးစွာရောက်နေပြီး စားသောက်ဖွယ်ရာများကို မှာကြားထားနှင့်ကာ ဆီးကြိုလျက် နေရာပေးပါသည်။ ကျွန်မက “ သူငယ်ချင်းရယ် ရပါတယ်ကွာ ၊ ကိုယ်က မြို့ထဲသွားတိုင်း ၊ ဒီဆိုင်မှာစားနေကျဆိုတော့ အဆင်ပြေပါတယ်၊ သူငယ်ချင်းရဲ့ ကိစ္စကို လင်းစမ်းပါဦး ” ဟု စကားလမ်းကြောင်း ဖွင့်ပေးလိုက်ပါသည်။
ထိုအခါမှ သူမက “ ဒီလိုပါ သူငယ်ချင်းရယ် ၊ ကိုယ့်မိဘတွေဆီက ရထားတဲ့ အမွေနဲ့က ကိုယ့်မွေးရပ်မြေ ကျေးရွာက မြေကွက်ပဲ ရှိပါတယ် ၊ အဲဒီမြေကွက်မှာ ယခင်ကထဲက အခမဲ့ထားတဲ့ မိသားစုရှိပါတယ် ၊ သူတို့က နေလည်းနေပြီး နေတဲ့မြေကွက်မှာ လယ်ယာလည်းလုပ်ကိုင်ကြပါတယ် ၊ အခုပြဿနာ ဖြစ်လာတာကတော့ ကိုယ့်အနေနဲ့ အဲဒီမြေကွက်မှာ ရေသန့်စက်ရုံလေးတစ်ခု ဆောက်မလားလို့ စီစဉ်နေပါတယ် ၊ ဒါပေမဲ့ မိဘတွေလက်ထက်ကတည်းက အခမဲ့ထားတဲ့ မိသားစုက ဖယ်ရှားမပေးနိုင်ဘူးလို့ ငြင်းဆိုနေပါတယ်၊ သူတို့ဟာ သူတို့မိဘတွေလက်ထက်ကတည်းက လယ်ယာမြေမှာ သီးစားချထားခံရသူများဖြစ်ပြီး ၊ လက်ငုတ်လက်ရင်းဆက်လက်လုပ်ကိုင်ခဲ့တာ ၊ ယနေ့တိုင်ဖြစ်ကြောင်း ပြောနေလို့ပါ ၊ နောက်ပြီး တရားတဘောင် စွဲရင်လည်း စွဲနိုင်တယ် ၊ တရားမရုံးကလည်း စီရင်ပိုင်ခွင့် မရှိဘူးလို့ပါ ပြောနေတယ် ၊ အဲဒါ ဘယ်လိုနည်းနဲ့ ဖယ်ရှားခိုင်းရင် ရမယ်ဆိုတာကို သူငယ်ချင်းရဲ့ အကြံညဏ်လေး လိုချင်လို့ပါကွာ ” ဟု အားငယ်သံဖြင့် ပြောပါသည်။
ထို့ကြောင့် ကျွန်မက “ ဟုတ်ပါပြီ၊ ဒါနဲ့ ကိုယ်မေးချင်တာက အဲဒီမြေကွက်ဟာ သူတို့ပြောသလို လယ်ယာမြေလား ၊ ဒါမှမဟုတ် လူနေအိမ်ရာလားဆိုတာတော့ အမှန်အတိုင်း ပြောပြပါ” ဟု ပြော၍ သူမက “ သူငယ်ချင်းရယ် လူနေအိမ်ရာအစစ်ပါကွာ ၊ ကိုယ့်မိဘတွေက စာချုပ်စာတမ်းနဲ့ ဝယ်ထားတဲ့ မြေကွက်ပါ ၊မြို့နယ်စည်ပင်သာယာရေးနယ်နိမိတ်အတွင်းက လူနေရပ်ကွက်ပါ ၊ ဒါပေမဲ့ မြေစာရင်းဌာနမှာ တော့ ဥယျောဉ်ခြံမြေလို့ အမည်ပေါက်ထားပါတယ်၊ ဒီလိုဆိုရင် ကိုယ့်အနေနဲ့ အခြေအနေကော ကောင်းပါ့မလား ” ဟု စိုးရိမ်းစိတ်ဖြင့် မေးလာသဖြင့် ကျွန်မက “ သိပ်ပြီး ပြဿနာတော့ မရှိပါဘူး၊ အခုက အခမဲ့ခွင့်ပြုချက်ဖြင့် နေထိုင်ခြင်း မှန်မမှန် ကိုသာ အရင်သက်သေပြရမှာပါ ၊ ဒါနဲ့ အဲဒီမြေကွက်ရဲ့ အမည်ပေါက်ကကော သူငယ်ချင်းရဲ့ မိဘတွေပဲ မဟုတ်လား ” ဟု မေးရာ သူမက “ ဟုတ်ပါတယ် ၊ကိုယ့်မိဘတွေရဲ့ အမည်ပေါက် ဖြစ်ပါတယ်၊ သူတို့ကိုလည်း မေတ္တာဖြင့် အခမဲ့ခွင့်ပြုချက်နှင့် နေထိုင်ခွင့် ပေးထားတာကို အိမ်နီးချင်းတွေက သက်သေအဖြစ် လက်မှတ်ထိုးထားတဲ့ အရပ်ကတိစာချုပ် ချုပ်ထားတာ ရှိပါတယ် ”
“ ဒါပေမဲ့ ၊ အဲဒီမိသားစုက လယ်ယာမြေလုပ်ကိုင်သူအဖြစ် ၊ မြေယာကော်မတီမှာ သီးစားချထား၍ နေထိုင်လုပ်ကိုင်ပြီး ၊ အခွန်စည်းကြပ်ခံရသူ ဖြစ်နေပါတယ်၊ ဒါကြောင့်လည်း သူတို့က လယ်ယာမြေမှာ သီးစားလုပ်ကိုင်လျက် ၊ အခွန်စည်းကြပ်ခံရသူက ၊ ခွင့်ပြုချက်အရ နေထိုင်သူ မဟုတ်ပါလို့ ပြောနေပါတယ်၊ ကိုယ့်မိဘတွေအဖို့ စေတနာနဲ့ နေစရာပေးခဲ့မိတာက ၊ အခုတော့ လက်လွှတ်ဆုံးရှုံးရတော့မလို့ ဖြစ်နေပြီလေကွာ ” ဟု ပြောသဖြင့် ကျွန်မက “ ဒီလိုတော့လည်း လက်လွှတ်ဆုံးရှုံးစရာမလိုပါဘူး၊ အမှန်အတိုင်းဖြစ်စေရမှာပါ ၊ လယ်ယာမြေ နိုင်ငံပိုင်ပြုလုပ်ရေးအက်ဥပဒေပုဒ်မ (ခ) ၏ ခြွင်းချက်မှာ လယ်ယာမြေဟူသော စကားရပ်၌ မြို့ရွာအတွင်းတည်ရှိသော လူနေအိမ်ရာအဖြစ် လက်ရှိထားသည့်မြေ မပါဝင်ကြောင်း ဖော်ပြထားပါတယ် ”“ ဒါကြောင့် သိပ်ပြီးတော့ စိတ်မပူပါနဲ့ ၊ တရားရုံးမှာပဲ အခမဲ့ခွင့်ပြုချက်ဖြင့်ထားသော အချင်းဖြစ်မြေကွက်မှ ဖယ်ရွားထွက်ခွာပေးစေလိုမှုနဲ့ တရားစွဲဆို လိုက်ပါ ”“ ဥပဒေအတိုင်း မှန်ကန်တဲ့ ဆုံးဖြတ်ချက်ရမှာပေါ့ကွာ ” ဟု အားပေးရင်း ဆက်၍ကျွန်မက “ သူငယ်ချင်းလိုအဖြစ်မျိုး ဖြစ်ခဲ့ဖူးတာကို လေ့လာထားတာ ရှိပါတယ် ၊ အဲဒီလိုအယူခံမှုမှာဆိုရင် လည်း ပိုင်ရှင်အစစ်ဖြစ်သူက ခွင့်ပြုချက်ဖြင့်ထားသူအား နှင်လိုကြောင်း စွဲဆိုတဲ့နေရာမှာ ၊ အမှုပုံစဲ မှားယွင်းမှု မရှိကြောင်း နဲ့ တရားရုံးက စီရင်ပိုင်ခွင့်ရှိကြောင်းကို ဆုံးဖြတ်ထားပါတယ် ”
“ အဲဒီအမှုကို ရှင်းပြပါရစေ ”
“ ဒေါ်ကြည်ကြည် (၎င်း၏အခွင့်ရကိုယ်စားလှယ် ဦးမင်းဟန် )နှင့် ဦးကင်စူး (၎င်း၏ အထူးကိုယ်စားလှယ်စာရသူဒေါ်ဖြူဖြုဝင်း) ၊ ၂၀၀၅ ခုနှစ်၊ တရားမ ပထမအယူခံမှု ၊ မြန်မာနိုင်ငံ တရားစီရင်ထုံး ၊ စာ - ၁၀၉ ” မှာဆိုရင် ခွင့်ပြုချက်ဖြင့်ထားသော အချင်းဖြစ်မြကွက်မှ ဖယ်ရှားထွက်ခွားပေးစေလိုမှုတွင် ၊ လယ်ယာမြေ နိုင်ငံပိုင်ပြုလုပ်ရေး အက်ဥပဒေပုဒ်မ ၃ (ခ) ခြွင်းချက်အရ လယ်ယာမြေဟူသော စကားရပ်၌ မြို့ရွာအတွင်း တည်ရှိသော လူနေအိမ်ရာအဖြစ် လက်ရှိထားသည့် မြေမပါဝင်ခြင်းနှင့် ခွင့်ပြုချက်ဖြင့်ထားသူအား နှင်လိုကြောင်း စွဲဆိုမှုကို ၁၉၅၃ ခုနှစ် ၊ လယ်ယာမြေ နိုင်ငံပိုင်ပြုလုပ်ရေး အက်ဥပေဒ ပုဒ်မ ၃၆ က တားမြစ်ပိတ်ပင်ထားမှု မရှိကြောင်းကို ဆုံးဖြတ်ထားပါတယ် ”
“ အမှုဖြစ်စဉ်မှာ မွန်ပြည်နယ်တရားရုံး ၊ ၂၀၀၄ ခုနှစ် ၊ တရားမကြီးမှုအမှတ် ၆၁ မှာ ဒေါ်ကြည်ကြည်က ၎င်း၏အခွင့်ရ ကိုယ်စားလှယ် ဦးမင်းဟန်မှ တစ်ဆင့်ဦးကင်စူးအပေါ် အခမဲ့ခွင့်ပြုချက်ဖြင့်ထားသော အချင်းဖြစ်မြေကွက်မှ ဖယ်ရှားထွက်ခွာပေးစေလိုမှု စွဲဆိုရာ ၊ ပြည်နယ်တရားရုံးက တရားလိုစွဲဆိုသောအမှုကို စရိတ်နှင့်တကွ ပလပ်လိုက်ပါတယ် ”
“ ဒေါ်ကြည်ကြည်က ပြည်နယ်တရားရုံး၏ စီရင်ချက်နှင့် ဒီကရီအပေါ် မကျေနပ်သဖြင့် တရားရုံးချုပ်တွင် ဤတရားမအယူခံမှုကို တင်သွင်းခြင်း ဖြစ်ပါတယ် ”“ မူလမှာ အဆိုလွှာအရ မွန်ပြည်နယ် ၊ မော်လမြိုင်မြို့ ၊ စမ်းကြီးရပ် ၊ ဈေးကြိုရပ်ကွက်နယ်မြေ ၊ ကျိုက္ခမီလမ်း ။ အမှတ် ၁၉ (အေ)ဟု ခေါ်တွင်သော ဧရိယာ ၉.၁၆ ဧကရှိ မြေကွက်သည် တရားလိုဒေါ်ကြည်ကြည်၏ခင်ပွန်း ဦးတင်းဝိန်ပိုင်မြေကွက်ဖြစ်၍ ဦးတင်းဝိန်က ဦးမောင်မောင်မိသားစုအား ထိုမြေကွက်တွင် အခမဲ့ခွင့်ပြုချက်ဖြင့်နေထိုင်ခွင့်ပြုခဲ့ကြောင်း ၊ တရားလိုဒေါ်ကြည်ကြည်ဟာ ခင်ပွန်း၏အခြားဇနီးဖြစ်သူနှင့် အမွေမှုဖြစ်ပြီး အနိုင်ဒီကရီရသဖြင့် အမွေဆိုင်မြေကွက်၏ ၁/၃ အကျယ်အဝန်းကို ရခဲ့ကြောင်း ၊ တရားပြိုင်ဦးကင်စူးသည် ဦးသော်မောင်၏ သားသမီးဖြစ်၍ အခမဲ့နေထိုင်ခွင့်ကို စာဖြင့်တရားဝင်အကြောင်းကြားကာ ဖယ်ရှားထွက်ခွာပေးစေလိုမှု စွဲဆိုပါတယ် ”
“ မူလမှု ချေလွှာအရ အချင်းဖြစ်မြေကွက်ကြီးသည် ၊ ယနေ့တိုင် မြို့မြေအမည်စာရင်းတွင် ဥယျာဉ်ခြံမြေ အမျိုးအစားဖြင့်တည်ရှိနေကြောင်း ၊ ၁၉၄၂ ခုနှစ် မတိုင်မှီကပင် ၊ ဦးသော်မောင်သည် အဆိုပါ ဥယျာဉ်ခြံမြေတွင် သီးစားချထား လုပ်ကိုင်နေသော တောင်ယာသမားဖြစ်ကြောင်း ၊ ဦးသော်မောင်သည် ဦးတင်းဝိန်၏ အခမဲ့ခွင့်ပြုချက်ဖြင့် နေထိုင်ခွင့်ပြုခြင်း ခံရသူမဟုတ်ကြောင်း ၊ ဦးသော်မောင် ကွယ်လွန်သောအခါ သားများဖြစ်သော ဦးအန်တီး ၊ ဦးအောင်ခိုင်နှင့် ဦးကင်စူးတို့က အမည်ပေါက် သီးစားချထားခံရသူများအဖြစ် လက်ငုတ်လက်ရင်း ဆက်လက်လုပ်ကိုင်ခဲ့ရာ ယနေ့တိုင်ဖြစ်ကြောင်း ၊ တရားလိုဒေါ်ကြည်ကြည်သည် ၊ လယ်ယာမြေပေါ်တွင် လယ်လုပ်နေသူ တရားပြိုင် ဦးကင်စူးအား ခွင့်ပြုချက်ဖြင့် နေထိုင်သူအဖြစ်နှင်ထုတ်ရန် တရားစွဲဆိုခွင့် မရှိသည့်အပြင် ၊ တရားရုံးအနေဖြင့်လည်း၊ ယခုအမှုကို စီရင်ပိုင်ခွင့်မရှိကြောင်း ၊ တရားစွဲဆိုသည့်ပုံစံ မှားယွင်းနေကြောင်း ဖော်ပြထုချေပါတယ် ”
“ ပြည်နယ်တရားရုံးက ၊ “ အချင်းဖြစ်မြေကွက်မှာ ၁၉၅၃-၅၄ ခုနှစ်များတွင် ဦးတင်းဝိန်အမည်ပေါက်သော်လည်း ၊ လက်ရှိလယ်ယာမြေလုပ်ကိုင်သူများကိုသာ မြေယာကော်မတီက သီးစားချထားသဖြင့် ၊ လက်ရှိမြေကွက်တွင် အခွန်စည်းကြပ်ခံရသူမှာ ဦးကင်စူးဖြစ်၍ ခွင့်ပြုချက်ဖြင့် နေထိုင်သူ မဟုတ်သဖြင့် နှင်လိုမှု စွဲဆိုခြင်း ၊ အမှုပုံစံမှန်ကန်သည်ဟု မဆိုနိုင်ကြောင်း နှင့် ” အချင်းဖြစ်မြေသည် လယ်ယာမြေဖြစ်၍ တရားမတရားရုံးတွင် စွဲဆိုပိုင်ခွင့်မရှိပါ ”ဟု ပြောဆိုဆုံးဖြတ်ပြီး အမှုအားပလပ်လိုက်ပါတယ် ”
“ တရားရုံးချုပ်က ဆုံးဖြတ်ရာမှာ လယ်ယာမြေနိုင်ငံပိုင်ပြုလုပ်ရေးအက်ဥပဒေပုဒ်မ ၃(ခ)၏ ခြွင်းချက်အရ လယ်ယာမြေဟူသော လူနေအိမ်ရာအဖြစ် လက်ရှိထားသည့် မြေမပါဝင်ကြောင်း ၊ အချင်းဖြစ်မြေကွက်တည်ရှိရာ မော်လမြိုင်မြို့ ဈေးကြိုရပ်ကွက်သည် မြို့နယ်စည်ပင်သာယာရေးနယ်နိမိတ်အတွင်း တည်ရှိပြီး လူနေရပ်ကွက်ဖြစ်ကြောင်း ၊ သက်သေခံချက်အရ ပေါ်ပေါက်နေပေရာ အချင်းဖြစ်မြေသည်လယ်ယာမြေတွင် အကျုံးမဝင်ပါကြောင်း နှင့် ယခုအမှုတွင် အခမဲ့ခွင့်ပြုချက်ဖြင့် နေထိုင်ခြင်း မှန်မမှန်ကိုသာ စဉ်းစားဆုံးဖြတ်ရမည်ဖြစ်ပြီး အချင်းဖြစ်မြေပိုင်ဆိုင်ခွင့်ကို အဆုံးအဖြတ်ပေးရန် မလိုကြောင်း၊ လယ်ယာမြေနိုင်ငံပိုင် ပြုလုပ်ရေးအက်ဥပဒေပုဒ်မ ၃၆ က တားမြစ်ပိတ်ပင်ခြင်း မရျိဟူ၍ဆိုကာ ၊ ဤအယူခံမှုကို ခွင့်ပြုပြီး ၊ မူလပြည်နယ်တရားရုံး၏ စီရင်ချက်နှင့်ဒီကရီကို ပယ်ဖျက်လိုက်ကာ ၊မူလတရားလို စွဲသောအမှုကို ပြန်လည်ဖွင့်လှစ်ပေးခဲ့ပါတယ် ”
“ ကဲ ဒီလောက်ဆိုရင် သူငယ်ချင်း သဘောပေါက်သွားမှာပါ ကိုယ်တို့ကတော့ တရားမရုံးမှာပဲ တရားစွဲကြတာပေ့ါနော် ”
အိမ်ခြံမြေ ကိစ္စအဝဝနှင့် ပတ်သက်၍ ဥပဒေအကြံပေးပညာရှင်များနှင့် ဆွေးနွေးတိုင်ပင်လိုပါက iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ၏ ဖုန်းနံပါတ်များဖြစ်သော 09-966901767, 09-268022352 သို့ ဆက်သွယ်နိုင်ပါသည်။ အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။
Credit: ကြာညိုသင်း (ဥပဒေရေးရာအတိုင်ပင်ခံရှေ့နေ)
[Zawgyi]
ခြင့္ျပဳခ်က္ျဖင့္ ထားသူအား နွင္လိုလွ်င္ လူေနအိမ္ရာလား၊ လယ္ယာေျမလား စိစစ္ရန္
ကၽြန္မ၏ေက်ာင္းေနဖက္ မိတ္ေဆြျဖစ္သူ ေဒၚသဇင္နွင္းသည္ ဖုန္းနွင့္ဆက္သြယ္ကာ ခ်ိန္းဆိုသျဖင့္ ျမိဳ႕ထဲရွိ မိမိရုံးခန္းသို႕ အသြားတြင္ သူမခ်ိန္းဆိုရာ လွည္းတန္း ၊ ဗဟိုလမ္းမေပၚရွိ ျပည္ေဒၚဥ ထမင္းသုပ္နွင့္ စားဖြယ္စံုဆိုင္တြင္ပင္ ေတြ႕ဆံုၾကပါသည္။
ဆိုင္သို႕ ဝင္လိုက္သည္နွင့္ ေဒၚသဇင္နွင္းက ဦးစြာေရာက္ေနျပီး စားေသာက္ဖြယ္ရာမ်ားကို မွာၾကားထားနွင့္ကာ ဆီးၾကိဳလ်က္ ေနရာေပးပါသည္။ ကၽြန္မက “ သူငယ္ခ်င္းရယ္ ရပါတယ္ကြာ ၊ ကိုယ္က ျမိဳ႕ထဲသြားတိုင္း ၊ ဒီဆိုင္မွာစားေနက်ဆိုေတာ့ အဆင္ေျပပါတယ္၊ သူငယ္ခ်င္းရဲ႕ ကိစၥကို လင္းစမ္းပါဦး ” ဟု စကားလမ္းေၾကာင္း ဖြင့္ေပးလိုက္ပါသည္။
ထိုအခါမွ သူမက “ ဒီလိုပါ သူငယ္ခ်င္းရယ္ ၊ ကို္ယ့္မိဘေတြဆီက ရထားတဲ့ အေမြနဲ႕က ကိုယ့္ေမြးရပ္ေျမ ေက်းရြာက ေျမကြက္ပဲ ရွိပါတယ္ ၊ အဲဒီေျမကြက္မွာ ယခင္ကထဲက အခမဲ့ထားတဲ့ မိသားစုရွိပါတယ္ ၊ သူတို႕က ေနလည္းေနျပီး ေနတဲ့ေျမကြက္မွာ လယ္ယာလည္းလုပ္ကိုင္ၾကပါတယ္ ၊ အခုျပႆနာ ျဖစ္လာတာကေတာ့ ကိုယ့္အေနနဲ႕ အဲဒီေျမကြက္မွာ ေရသန္႕စက္ရုံေလးတစ္ခု ေဆာက္မလားလို႕ စီစဥ္ေနပါတယ္ ၊ ဒါေပမဲ့ မိဘေတြလက္ထက္ကတည္းက အခမဲ့ထားတဲ့ မိသားစုက ဖယ္ရွားမေပးႏိုင္ဘူးလို႕ ျငင္းဆိုေနပါတယ္၊ သူတို႕ဟာ သူတို႕မိဘေတြလက္ထက္ကတည္းက လယ္ယာေျမမွာ သီးစားခ်ထားခံရသူမ်ားျဖစ္ျပီး ၊ လက္ငုတ္လက္ရင္းဆက္လက္လုပ္ကိုင္ခဲ့တာ ၊ ယေန႕တိုင္ျဖစ္ေၾကာင္း ေျပာေနလို႕ပါ ၊ ေနာက္ျပီး တရားတေဘာင္ စဲြရင္လည္း စြဲႏိုင္တယ္ ၊ တရားမရုံးကလည္း စီရင္ပိုင္ခြင့္ မရွိဘူးလို႕ပါ ေျပာေနတယ္ ၊ အဲဒါ ဘယ္လိုနည္းနဲ႕ ဖယ္ရွားခိုင္းရင္ ရမယ္ဆိုတာကို သူငယ္ခ်င္းရဲ႕ အၾကံညဏ္ေလး လုိခ်င္လို႕ပါကြာ ” ဟု အားငယ္သံျဖင့္ ေျပာပါသည္။
ထို႕ေၾကာင့္ ကၽြန္မက “ ဟုတ္ပါျပီ၊ ဒါနဲ႕ ကိုယ္ေမးခ်င္တာက အဲဒီေျမကြက္ဟာ သူတို႕ေျပာသလို လယ္ယာေျမလား ၊ ဒါမွမဟုတ္ လူေနအိမ္ရာလားဆိုတာေတာ့ အမွန္အတိုင္း ေျပာျပပါ” ဟု ေျပာ၍ သူမက “ သူငယ္ခ်င္းရယ္ လူေနအိမ္ရာအစစ္ပါကြာ ၊ ကုိယ့္မိဘေတြက စာခ်ဳပ္စာတမ္းနဲ႕ ဝယ္ထားတဲ့ ေျမကြက္ပါ ၊ျမိဳ႕နယ္စည္ပင္သာယာေရးနယ္နိမိတ္အတြင္းက လူေနရပ္ကြက္ပါ ၊ ဒါေပမဲ့ ေျမစာရင္းဌာနမွာ ေတာ့ ဥေယ်ာဥ္ျခံေျမလို႕ အမည္ေပါက္ထားပါတယ္၊ ဒီလိုဆိုရင္ ကိုယ့္အေနနဲ႕ အေျခအေနေကာ ေကာင္းပါ့မလား ” ဟု စိုးရိမ္းစိတ္ျဖင့္ ေမးလာသျဖင့္ ကၽြန္မက “ သိပ္ျပီး ျပႆနာေတာ့ မရွိပါဘူး၊ အခုက အခမဲ့ခြင့္ျပဳခ်က္ျဖင့္ ေနထိုင္ျခင္း မွန္မမွန္ ကိုသာ အရင္သက္ေသျပရမွာပါ ၊ ဒါနဲ႕ အဲဒီေျမကြက္ရဲ႕ အမည္ေပါက္ကေကာ သူငယ္ခ်င္းရဲ႕ မိဘေတြပဲ မဟုတ္လား ” ဟု ေမးရာ သူမက “ ဟုတ္ပါတယ္ ၊ကိုယ့္မိဘေတြရဲ႕ အမည္ေပါက္ ျဖစ္ပါတယ္၊ သူတို႕ကိုလည္း ေမတၱာျဖင့္ အခမဲ့ခြင့္ျပဳခ်က္နွင့္ ေနထိုင္ခြင့္ ေပးထားတာကို အိမ္နီးခ်င္းေတြက သက္ေသအျဖစ္ လက္မွတ္ထိုးထားတဲ့ အရပ္ကတိစာခ်ဳပ္ ခ်ဳပ္ထားတာ ရွိပါတယ္ ”
“ ဒါေပမဲ့ ၊ အဲဒီမိသားစုက လယ္ယာေျမလုပ္ကိုင္သူအျဖစ္ ၊ ေျမယာေကာ္မတီမွာ သီးစားခ်ထား၍ ေနထိုင္လုပ္ကိုင္ျပီး ၊ အခြန္စည္းၾကပ္ခံရသူ ျဖစ္ေနပါတယ္၊ ဒါေၾကာင့္လည္း သူတို႕က လယ္ယာေျမမွာ သီးစားလုပ္ကိုင္လ်က္ ၊ အခြန္စည္းၾကပ္ခံရသူက ၊ ခြင့္ျပဳခ်က္အရ ေနထိုင္သူ မဟုတ္ပါလို႕ ေျပာေနပါတယ္၊ ကိုယ့္မိဘေတြအဖို႕ ေစတနာနဲ႕ ေနစရာေပးခဲ့မိတာက ၊ အခုေတာ့ လက္လႊတ္ဆံုးရႈံးရေတာ့မလို႕ ျဖစ္ေနျပီေလကြာ ” ဟု ေျပာသျဖင့္ ကၽြန္မက “ ဒီလိုေတာ့လည္း လက္လႊတ္ဆံုးရႈံးစရာမလိိုပါဘူး၊ အမွန္အတိုင္းျဖစ္ေစရမွာပါ ၊ လယ္ယာေျမ ႏိုင္ငံပိုင္ျပဳလုပ္ေရးအက္ဥပေဒပုဒ္မ (ခ) ၏ ျခြင္းခ်က္မွာ လယ္ယာေျမဟူေသာ စကားရပ္၌ ျမိဳ႕ရြာအတြင္းတည္ရွိေသာ လူေနအိမ္ရာအျဖစ္ လက္ရွိထားသည့္ေျမ မပါဝင္ေၾကာင္း ေဖာ္ျပထားပါတယ္ ”“ ဒါေၾကာင့္ သိ္ပ္ျပီးေတာ့ စိတ္မပူပါနဲ႕ ၊ တရားရုံးမွာပဲ အခမဲ့ခြင့္ျပဳခ်က္ျဖင့္ထားေသာ အခ်င္းျဖစ္ေျမကြက္မွ ဖယ္ရြားထြက္ခြာေပးေစလိုမႈနဲ႕ တရားစြဲဆို လိုက္ပါ ”“ ဥပေဒအတိုင္း မွန္ကန္တဲ့ ဆံုးျဖတ္ခ်က္ရမွာေပါ့ကြာ ” ဟု အားေပးရင္း ဆက္၍ကၽြန္မက “ သူငယ္ခ်င္းလိုအျဖစ္မ်ိဳး ျဖစ္ခဲ့ဖူးတာကို ေလ့လာထားတာ ရွိပါတယ္ ၊ အဲဒီလိုအယူခံမႈမွာဆိုရင္ လည္း ပိုင္ရွင္အစစ္ျဖစ္သူက ခြင့္ျပဳခ်က္ျဖင့္ထားသူအား နွင္လိုေၾကာင္း စြဲဆိုတဲ့ေနရာမွာ ၊ အမႈပံုစဲ မွားယြင္းမႈ မရွိေၾကာင္း နဲ႕ တရားရုံးက စီရင္ပိုင္ခြင့္ရွိေၾကာင္းကို ဆံုးျဖတ္ထားပါတယ္ ”
“ အဲဒီအမႈကို ရွင္းျပပါရေစ ”
“ ေဒၚၾကည္ၾကည္ (၄င္း၏အခြင့္ရကိုယ္စားလွယ္ ဦးမင္းဟန္ )နွင့္ ဦးကင္စူး (၄င္း၏ အထူးကိုယ္စားလွယ္စာရသူေဒၚျဖဴျဖဳဝင္း) ၊ ၂၀၀၅ ခုနွစ္၊ တရားမ ပထမအယူခံမႈ ၊ ျမန္မာႏိုင္ငံ တရားစီရင္ထံုး ၊ စာ - ၁၀၉ ” မွာဆိုရင္ ခြင့္ျပဳခ်က္ျဖင့္ထားေသာ အခ်င္းျဖစ္ျမကြက္မွ ဖယ္ရွားထြက္ခြားေပးေစလိုမႈတြင္ ၊ လယ္ယာေျမ ႏိုင္ငံပိုင္ျပဳလုပ္ေရး အက္ဥပေဒပုဒ္မ ၃ (ခ) ျခြင္းခ်က္အရ လယ္ယာေျမဟူေသာ စကားရပ္၌ ျမိဳ႕ရြာအတြင္း တည္ရွိေသာ လူေနအိမ္ရာအျဖစ္ လက္ရွိထားသည့္ ေျမမပါဝင္ျခင္းနွင့္ ခြင့္ျပဳခ်က္ျဖင့္ထားသူအား နွင္လိုေၾကာင္း စြဲဆိုမႈကို ၁၉၅၃ ခုနွစ္ ၊ လယ္ယာေျမ ႏိုင္ငံပိုင္ျပဳလုပ္ေရး အက္ဥေပဒ ပုဒ္မ ၃၆ က တားျမစ္ပိတ္ပင္ထားမႈ မရွိေၾကာင္းကို ဆံုးျဖတ္ထားပါတယ္ ”
“ အမႈျဖစ္စဥ္မွာ မြန္ျပည္နယ္တရားရုံး ၊ ၂၀၀၄ ခုနွစ္ ၊ တရားမၾကီးမႈအမွတ္ ၆၁ မွာ ေဒၚၾကည္ၾကည္က ၄င္း၏အခြင့္ရ ကိုယ္စားလွယ္ ဦးမင္းဟန္မွ တစ္ဆင့္ဦးကင္စူးအေပၚ အခမဲ့ခြင့္ျပဳခ်က္ျဖင့္ထားေသာ အခ်င္းျဖစ္ေျမကြက္မွ ဖယ္ရွားထြက္ခြာေပးေစလိုမႈ စြဲဆိုရာ ၊ ျပည္နယ္တရားရုံးက တရားလိုစြဲဆိုေသာအမႈကို စရိတ္နွင့္တကြ ပလပ္လိုက္ပါတယ္ ”
“ ေဒၚၾကည္ၾကည္က ျပည္နယ္တရားရုံး၏ စီရင္ခ်က္နွင့္ ဒီကရီအေပၚ မေက်နပ္သျဖင့္ တရားရုံးခ်ဳပ္တြင္ ဤတရားမအယူခံမႈကို တင္သြင္းျခင္း ျဖစ္ပါတယ္ ”“ မူလမွာ အဆိုလႊာအရ မြန္ျပည္နယ္ ၊ ေမာ္လျမိဳင္ျမိဳ႕ ၊ စမ္းၾကီးရပ္ ၊ ေဈးၾကိဳရပ္ကြက္နယ္ေျမ ၊ က်ိဳကၡမီလမ္း ။ အမွတ္ ၁၉ (ေအ)ဟု ေခၚတြင္ေသာ ဧရိယာ ၉.၁၆ ဧကရွိ ေျမကြက္သည္ တရားလိုေဒၚၾကည္ၾကည္၏ခင္ပြန္း ဦးတင္းဝိန္ပိုင္ေျမကြက္ျဖစ္၍ ဦးတင္းဝိန္က ဦးေမာင္ေမာင္မိသားစုအား ထိုေျမကြက္တြင္ အခမဲ့ခြင့္ျပဳခ်က္ျဖင့္ေနထိုင္ခြင့္ျပဳခဲ့ေၾကာင္း ၊ တရားလိုေဒၚၾကည္ၾကည္ဟာ ခင္ပြန္း၏အျခားဇနီးျဖစ္သူနွင့္ အေမြမႈျဖစ္ျပီး အနုိင္ဒီကရီရသျဖင့္ အေမြဆိုင္ေျမကြက္၏ ၁/၃ အက်ယ္အဝန္းကို ရခဲ့ေၾကာင္း ၊ တရားျပိဳင္ဦးကင္စူးသည္ ဦးေသာ္ေမာင္၏ သားသမီးျဖစ္၍ အခမဲ့ေနထိုင္ခြင့္ကို စာျဖင့္တရားဝင္အေၾကာင္းၾကားကာ ဖယ္ရွားထြက္ခြာေပးေစလိုမႈ စြဲဆိုပါတယ္ ”
“ မူလမႈ ေခ်လႊာအရ အခ်င္းျဖစ္ေျမကြက္ၾကီးသည္ ၊ ယေန႕တိုင္ ျမိဳ႕ေျမအမည္စာရင္းတြင္ ဥယ်ာဥ္ျခံေျမ အမ်ိဳးအစားျဖင့္တည္ရွိေနေၾကာင္း ၊ ၁၉၄၂ ခုနွစ္ မတိုင္မီွကပင္ ၊ ဦးေသာ္ေမာင္သည္ အဆိုပါ ဥယ်ာဥ္ျခံေျမတြင္ သီးစားခ်ထား လုပ္ကိုင္ေနေသာ ေတာင္ယာသမားျဖစ္ေၾကာင္း ၊ ဦးေသာ္ေမာင္သည္ ဦးတင္းဝိန္၏ အခမဲ့ခြင့္ျပဳခ်က္ျဖင့္ ေနထိုင္ခြင့္ျပဳျခင္း ခံရသူမဟုတ္ေၾကာင္း ၊ ဦးေသာ္ေမာင္ ကြယ္လြန္ေသာအခါ သားမ်ားျဖစ္ေသာ ဦးအန္တီး ၊ ဦးေအာင္ခိုင္နွင့္ ဦးကင္စူးတုိ႕က အမည္ေပါက္ သီးစားခ်ထားခံရသူမ်ားအျဖစ္ လက္ငုတ္လက္ရင္း ဆက္လက္လုပ္ကိုင္ခဲ့ရာ ယေန႕တိုင္ျဖစ္ေၾကာင္း ၊ တရားလိုေဒၚၾကည္ၾကည္သည္ ၊ လယ္ယာေျမေပၚတြင္ လယ္လုပ္ေနသူ တရားျပိဳင္ ဦးကင္စူးအား ခြင့္ျပဳခ်က္ျဖင့္ ေနထိုင္သူအျဖစ္နွင္ထုတ္ရန္ တရားစြဲဆိုခြင့္ မရွိသည့္အျပင္ ၊ တရားရုံးအေနျဖင့္လည္း၊ ယခုအမႈကို စီရင္ပိုင္ခြင့္မရွိေၾကာင္း ၊ တရားစြဲဆိုသည့္ပံုစံ မွားယြင္းေနေၾကာင္း ေဖာ္ျပထုေခ်ပါတယ္ ”
“ ျပည္နယ္တရားရုံးက ၊ “ အခ်င္းျဖစ္ေျမကြက္မွာ ၁၉၅၃-၅၄ ခုနွစ္မ်ားတြင္ ဦးတင္းဝိန္အမည္ေပါက္ေသာ္လည္း ၊ လက္ရွိလယ္ယာေျမလုပ္ကိုင္သူမ်ားကိုသာ ေျမယာေကာ္မတီက သီးစားခ်ထားသျဖင့္ ၊ လက္ရွိေျမကြက္တြင္ အခြန္စည္းၾကပ္ခံရသူမွာ ဦးကင္စူးျဖစ္၍ ခြင့္ျပဳခ်က္ျဖင့္ ေနထိုင္သူ မဟုတ္သျဖင့္ နွင္လိုမႈ စြဲဆိုျခင္း ၊ အမႈပံုစံမွန္ကန္သည္ဟု မဆိုႏိုင္ေၾကာင္း နွင့္ ” အခ်င္းျဖစ္ေျမသည္ လယ္ယာေျမျဖစ္၍ တရားမတရားရုံးတြင္ စြဲဆိုပိုင္ခြင့္မရိွပါ ”ဟု ေျပာဆိုဆံုးျဖတ္ျပီး အမႈအားပလပ္လိုက္ပါတယ္ ”
“ တရားရုံးခ်ဳပ္က ဆံုးျဖတ္ရာမွာ လယ္ယာေျမႏိုင္ငံပိုင္ျပဳလုပ္ေရးအက္ဥပေဒပုဒ္မ ၃(ခ)၏ ျခြင္းခ်က္အရ လယ္ယာေျမဟူေသာ လူေနအိမ္ရာအျဖစ္ လက္ရွိထားသည့္ ေျမမပါဝင္ေၾကာင္း ၊ အခ်င္းျဖစ္ေျမကြက္တည္ရွိရာ ေမာ္လျမိဳင္ျမိဳ႕ ေဈးၾကိဳရပ္ကြက္သည္ ျမိဳ႕နယ္စည္ပင္သာယာေရးနယ္နိမိတ္အတြင္း တည္ရွိျပီး လူေနရပ္ကြက္ျဖစ္ေၾကာင္း ၊ သက္ေသခံခ်က္အရ ေပၚေပါက္ေနေပရာ အခ်င္းျဖစ္ေျမသည္လယ္ယာေျမတြင္ အက်ံဳးမဝင္ပါေၾကာင္း နွင့္ ယခုအမႈတြင္ အခမဲ့ခြင့္ျပဳခ်က္ျဖင့္ ေနထိုင္ျခင္း မွန္မမွန္ကုိသာ စဥ္းစားဆံုးျဖတ္ရမည္ျဖစ္ျပီး အခ်င္းျဖစ္ေျမပိုင္ဆိုင္ခြင့္ကို အဆံုးအျဖတ္ေပးရန္ မလိုေၾကာင္း၊ လယ္ယာေျမႏိုင္ငံပိုင္ ျပဳလုပ္ေရးအက္ဥပေဒပုဒ္မ ၃၆ က တားျမစ္ပိတ္ပင္ျခင္း မရ်ိဟူ၍ဆိုကာ ၊ ဤအယူခံမႈကို ခြင့္ျပဳျပီး ၊ မူလျပည္နယ္တရားရုံး၏ စီရင္ခ်က္နွင့္ဒီကရီကို ပယ္ဖ်က္လိုက္ကာ ၊မူလတရားလို စြဲေသာအမႈကို ျပန္လည္ဖြင့္လွစ္ေပးခဲ့ပါတယ္ ”
“ ကဲ ဒီေလာက္ဆိုရင္ သူငယ္ခ်င္း သေဘာေပါက္သြားမွာပါ ကိုယ္တို႕ကေတာ့ တရားမရုံးမွာပဲ တရားစြဲၾကတာေပ့ါေနာ္ ”
အိမ္ျခံေျမ ကိစၥအဝဝနွင့္ ပတ္သက္၍ ဥပေဒအၾကံေပးပညာရွင္မ်ားနွင့္ ေဆြးေႏြးတိုင္ပင္လိုပါက iMyanmarHouse.com (အိုင္ျမန္မာေဟာက္စ္ေဒါ႔ကြန္း) ၏ ဖုန္းနံပါတ္မ်ားျဖစ္ေသာ 09-966901767, 09-268022352 သို႔ ဆက္သြယ္ႏိုင္ပါသည္။ အေသးစိတ္ၾကည့္ရန္ ဤေနရာကို ႏွိပ္ပါ။
Credit: ၾကာညိဳသင္း (ဥပေဒေရးရာအတိုင္ပင္ခံေရွ႕ေန)