ဗဟုသုတ | Posted by ဇာနည်ကျော်
[Unicode]
မြေအမျိုးအစားများကို လယ်ယာမြေ စီမံခန့်ခွဲရေးနှင့် စာရင်းအင်း ဦးစီးဌာန (ယခင် မြေစာရင်း)မှ စိုက်ပျိုးမြေများ - (လယ်၊ ယာ၊ ကိုင်း၊ ကျွန်း၊ ဥယျာဉ်၊ ဓနိ၊ ရော်ဘာ၊ တောင်ယာ ဟူ၍ မြေမျိုးကြီး ခုနစ်မျိုး ထပ်မံခွဲခြားထားပါသည်။) သစ်တောမြေများ၊ စိုက်ပျိုးနိုင်သောမြေရိုင်း၊ တောရိုင်းမြေ (အပတော) များ၊ စားကျက်မြေ၊ လမ်းမြေ၊ မီးရထားလမ်းမြေ၊ စက်ရုံမြေ၊ သတ္တုတွင်းမြေ၊ ဆည်မြောင်း၊ ကန်၊ တာတမံမြေ၊ မြစ်ချောင်းရေ အောက်မြေ၊ အင်းအိုင်မြေ၊ မြို့မြေ၊ ရွာမြေ၊ သာသနာ၊ သုသာန်၊ အဆောက်အဦမြေ၊ လေယာဉ်ကွင်းမြေ၊ ကျန်အခြားမြေဟူ၍ (၁၃) မျိုးထပ်မံ ခွဲခြားထားပါသည်။ စိုက်ပျိုးမြေများ အနက် မြန်မာနိုင်ငံ မြေစာရင်းလက်စွဲ ဥပဒေ အပိုဒ် (၁၁၇၆) အရ၊ ယခင် ကြေးတိုင်ဝန်များ အသိအမှတ်ပြုပြီးသော စိုက်ပျိုး လုပ်ကိုင်သည့် မြေမျိုးကြီးများကို အောက်ပါလက္ခဏာတို့ဖြင့် မြေတိုင်းစာရေးများ၏ ကွင်းထွက်မြေပုံပေါ်တွင် RG = အစိုးရဆည်ရေသောက်လယ်မြေ (Rice of the Government)၊ M or R - မိုးကောင်းသောက် လယ်မြေ၊ Mn or M - မူရင်းသို့မဟုတ် နွေရာသီတွင် စပါးစိုက်သော လယ်မြေ၊ T - ရေလွှမ်းမိုးသည့် လယ်မြေ(သို့) ဆည်ရေဝပ်လယ်မြေ၊ Y - ယာမြေ၊ K - အစဉ်အမြဲ ကိုင်းသီးနှံ (ဆောင်းသီးနှံ) စိုက်ပျိုးသော်လည်း မြေအခြေအနေ မတည်မြဲသည့် ရေလွှမ်းမိုးလေ့ ရှိသော မြေနုများ၊ KY - ကိုင်းယာ (သို့) အစဉ်အမြဲ ကိုင်းသီးနှံများ စိုက်ပျိုးလုပ်ကိုင်နိုင်သည့် မြစ်၊ ချောင်း၊ ကမ်းနား(သို့) မြေ အခြေအနေ မပြောင်လဲသော ရေလွှမ်းမိုးသည့် မြေရင့်များ (သို့)အမြဲကျွန်းများ၊ D - ဓနိမြေ၊ G - ဥယျာဉ်ခြံမြေ၊ တချို့သောမြို့နယ်များတွင် ပုဂ္ဂလိကဆည်၊ ကန်ရေသောက်လယ်မြေကို RP ဟူ၍လည်းကောင်း၊ P ဟူ၍ လည်းကောင်း၊ ရော်ဘာ (သို့) ကြက်ပေါင်စေး စိုက်ပျိုးသော မြေကို RR ဟူ၍ လည်းကောင်း၊ တောင်ယာမြေကို TY ဟူ၍ လည်းကောင်း သတ်မှတ်ဖော်ပြကြပါသည်။ သီးနှံ၏ တစ်ဧကအတွက် နှုန်းကောင်း၊ လတ်၊ ညံ့မှုပေါ်မူတည်၍ မြေမျိုးကြီး တစ်ခုချင်းစီကို အဆင့်အတန်း (သို့) အတန်းအစား ထပ်မံခွဲခြားသည်။
ဥပမာ - စပါး စိုက်ပျိုးသည့် လယ်မြေများအား ပထမတန်းစား လယ်မြေ (R1)၊ ဒုတိယ တန်းစားလယ်မြေ (R2)၊ တတိယ တန်းစားလယ်မြေ (R3) ဟူ၍ လည်းကောင်း၊ အခြောက်သီးနှံ စိုက်ပျိုးသည့် ယာမြေကို ထိုးနည်တူ Y1, Y2, Y3 ဟူ၍ လည်းကောင်း၊ ပုဂ္ဂလိက ဆည်ရေသောက် လယ်မြေ ကို P1,P2,P3 ဟူ၍လည်းကောင်း သတ်မှတ်ဖော်ပြကြသည်။(တချို့သောမြို့နယ် များတွင် P7 အထိ ခွဲခြားသည်။) ဓနိမြေ၊ ဥယျာဉ်ခြံမြေ၊ ရော်ဘာ မြေနှင့် တောင်ယာမြေတို့ကိုမူ မြေအတန်းအစား ထပ်မံခွဲခြားခြင်း မရှိပါဘူး။ ဒီနေရာမှ အလျဉ်းသင့်လို့ ပြောချင်တာက အများပြောပြောနေတဲ့ "ပုံစံ (၁၀၅ ) (၁၀၆) ဆိုတာ ဥပမာနဲ့ ပြောရရင် Passport ဆိုတာ "လူပုံ၊ လူရာဇဝင်"ကို ခေါ်တာပါ။ လူဓါတ်ပုံလေးလဲ ပါတယ်၊ လူရာဇဝင် အတိုချုပ်လေးလည်း ပါပါတယ်။ အဲဒီလိုပါပဲ၊ မြေပုံ မြေရာဇဝင်ဆိုတာကလည်း မြေပုံလေးလည်း ပါရမယ်။ မြေရာဇဝင်လေးလည်း ပါရပါမယ်။ ပုံစံ - (၁၀၅) ဆိုတာက မြေပုံ၊ ပုံစံ - (၁၀၆) က မြေရာဇဝင်ပါ။ မြေစာရင်း ပုံစံ (၁၀၅) ကို "လက်ရှိမြေပုံတွင် ယခုနှစ်အသုံးပြုနေသော ဦးပိုင်မြေပုံ" လို့ခေါ်ပါတယ်။ စာတိုခေါ်ရလျှင် "မြေပုံ"ပေါ့။ အိုးအိမ်ဦးစီးဌာနက ထုတ်ပေးတဲ့ မြေပုံကိုတော့ "S-22" လို့ခေါ်ပါတယ်။ ရန်ကုန် မြို့တော်စည်ပင်က ထုတ်ပေးတဲ့ မြေပုံမှာကတော့ ပုံစံနံပါတ် မပါရှိပါဘူး။ မြေပုံ ကလေးပါတဲ့ စာရွက်ကို မြေပုံလို့ မှတ်လိုက်မယ် ဆိုရင် သုံးမျိုးလုံး အကျုံး ဝင်ပါတယ်။ ပုံစံ - (၁၀၅) မြေပုံစာရွက်မှာ ကြည့်လို့ရတာတွေ အများကြီးရှိပါတယ်။ အလေ့အကျင့်ဖြစ်အောင် ကြည့်သင့်/မှတ်သင့်ပါတယ်။ တိုင်း၊ ပြည်နယ်၊ ခရိုင်၊ မြို့နယ်၊ ကျေးရွာအုပ်စု၊ ကွင်းအမှတ်၊ ကွင်းအမည်၊ ဦးပိုင်အမှတ်၊ မြေကွက်အမှတ်၊ ပိုင်ရှင်အမည်၊ ပိုင်ဆိုင်မှု၊ မြေအမျိုးအစား၊ အကျယ်အဝန်းနှင့် ရေးကူးပေးသည့် အကြောင်းအရာ စသည်ဖြင့် တိကျမှန်ကန်စွာ ရေးသားထားကြ ပါတယ်။
ပုံစံ (၁၀၅) ဆိုတာက “မြေစာရင်းဌာန” က ထုတ်ပေးတဲ့ "ပုံစံ တစ်ခုသာ" ဖြစ်ပါတယ်။ အဲဒီ ပုံစံက လယ်ယာမြေပဲ ဖြစ်ဖြစ်၊ ရွာမြေ၊ ဥယျာဉ်ခြံမြေပဲ ဖြစ်ဖြစ်၊ ဂရန်မြေပဲ ဖြစ်ဖြစ် သက်ဆိုင်ရာနယ်နိမိတ် အတွင်းမှာ ရှိတဲ့မြေတို့ရဲ့အကျယ်အဝန်းနဲ့ အမျိုးအစားကို ဖော်ပြပေးတဲ့ပုံစံစာရွက်သာ ဖြစ်ပါတယ်။ နောက်တစ်နည်း ညွှန်းဆိုရလျှင် ပုံစံ ၁၀၅ ဆိုတာ ပိုင်ဆိုင်မှု အာမခံချက် လုံးဝ မဟုတ်ပါ။ ပုံစံ ၁၀၅ ဆိုတာ တည်နေရာကို ဖော်ပြရန်၊ မြေအမျိုးအစားကို ဖော်ပြရန်၊ အိမ်ဆောက်လုပ်ခွင့် လျှောက်ထားရာတွင် တည်နေရာကို ညွန်းဆိုရန်၊ မြို့မြေဖြစ်ပါက ဂရံ လျှောက်ထားရာတွင် တည်နေရာကို ညွန်းဆိုရန်၊ စသည်တို့အတွက် “မြေစာရင်းဌာန” က ထုတ်ပေးတဲ့ "မြေပုံ ပုံစံ တစ်ခုသာ" ဖြစ်ပါတယ်။ ဒီပုံစံ (၁၀၅) လက်ထဲ ရောက်တာနဲ့ ကိုယ်လုပ်ချင်တာ လုပ်လို့ရမယ်လို့ "မထင်လိုက်ပါနဲ့"။ အခု ပုံစံ (၁၀၅) အရ ဝယ်ထားတဲ့မြေက “လယ်ယာမြေ” ဆိုရင်တော့ “လယ်ယာမြေလုပ်ပိုင်ခွင့်ပြုလတ်မှတ်” ရှိမယ် "ဆိုရင်" လယ်လုပ်လို့ရမယ်ပေါ့။ လယ်ယာမြေမှာ အဆောက်အအုံ ဆောက်ဖို့၊ စီးပွားရေးလုပ်ငန်းတစ်ခုခု အခြေတည်ပြီး လုပ်ကိုင်ဖို့ ဆိုတာကတော့ လယ်ယာမြေ အခြားနည်း အသုံးပြုခွင့် လ/ယ ၃၀ ခွင့်ပြုချက်ရှိမှ ရပါမယ်။ ပုံစံ ၁၀၅ တွင်ပါရှိသော “မြေမျိုးနှင့်အတန်း” နေရာမှာ..
(က) R = မိုးကောင်းလယ်မြေ
(ခ) R1 = ပထမတန်းစားမိုးကောင်းလယ်မြေ
(ဂ) R2 = ဒုတိယတန်းစား မိုးကောင်းလယ်မြေ
(ဃ) R3 = တတိယတန်းစား မိုးကောင်းလယ်မြေ (အထွက်နှုန်းစပါး ၃၀ အောက်)
(င) R4 = စတုထ္ထတန်းစား မိုးကောင်းလယ်မြေ (အထွက်နှုန်းစပါး ၂၀ အောက်)
(စ) RG = အစိုးရ ဆည်ရေသောက် လယ်မြေ
(ဆ) RP = ပုဂ္ဂလိက ဆည်ရေသောက် လယ်မြေ
(ဇ) M = မူရင်း သို့မဟုတ် နွေရာသီစိုက်လယ်မြေ
(ဈ) y = ယာမြေ
(ည) D = ဓနိမြေ
(ဋ) G = ဥယျာဉ်ခြံမြေ ဆိုပြီး စသဖြင့် ခွဲခြားပြထားတာပါ။
မြေခွန်နဲ့ ပတ်သက်ပြီး ပြောရရင် မြေခွန် စည်းကြပ်ကောက်ခံခြင်း၏ မူလဘူတ (သို့) အစဦးဆုံး (ဗွေဆော်ဦး)လုပ်ငန်းမှာ ကြေးတိုင်စိုက်ခြင်းပင်ဖြစ်ပါသည်။ (၁) မူလကြေးတိုင်စိုက်ခြင်း၊ (၂) ပြင်ဆင်ကြေးတိုင် စိုက်ခြင်း၊ (၃) အကျဉ်းချုံး၊ ကြေးတိုင်စိုက်ခြင်း လုပ်ငန်းဟူ၍ လုပ်ငန်း အမျိုးအစား (၃) ခုရှိသည်။ အချုပ်ကို တင်ပြရလျှင် ကြေးတိုင် လုပ်ငန်းတွင် ကြေးတိုင် ရပ်ကွက်ခွဲခြားခြင်း၊ မြေမျိုးခွဲခြားခြင်း၊ တစ်ဧက သီးနှံအထွက် တန်ဖိုး ရှာဖွေခြင်းနှင့် မြေခွန်နှုန်းထား သတ်မှတ်ခြင်းတို့ ပါဝင်သည်။ ကြေးတိုင် လုပ်ငန်းတစ်ရပ်ကို အောက်ဖော်ပြပါ အဆင့်များအလိုက် ကြိုတင်ပြင်ဆင်ခြင်း၊ လုပ်ငန်း အကောင်အထည်ဖော်ခြင်းတို့ကို ဆောင်ရွက်သည်-
(၁) ကြေးတိုင်စိုက်ခြင်း ဆောင်ရွက်မည် (သို့) ဆောင်ရွက်ရန်လို၊ မလိုကို သိရှိနိုင်ရန် ကနဦး စုံစမ်းလေ့လာခြင်း၊
(၂) လိုအပ်သည့် မြေတိုင်းတာခြင်းကို ဆောင်ရွက်ခြင်း (မူလမြေတိုင်းတာခြင်း သို့မဟုတ် နောက်ဆက်တွဲ ပြန်လည်၍ တိုင်းတာခြင်း၊
(၃) ကြေးတိုင် စိုက်ရခြင်း အကြောင်းရင်းများနှင့် ဖြစ်တန်ရာသော ငွေကြေးဆိုင်ရာ အကျိုးသက်ရောက်မှုများ ပါဝင်သည့် ကြိုတင်ခန့်မှန်းထားသော အစီရင်ခံစာကို အစိုးရကအမိန့်ချမှတ်နိုင်ရန် အတွက် ပြင်ဆင်ဆောင်ရွက်ခြင်း၊
(၄) ကြေးတိုင်အရာရှိနှင့် ဝန်ထမ်းများက ကြိုတင်ပြင်ဆင်မှု လုပ်ငန်းများကို ဆောင်ရွက်ခြင်း၊
(၅) ကြေးတိုင် လုပ်ငန်းများကို ဆောင်ရွက်ခြင်းနှင့် လုပ်ငန်းပြီးစီးသော် အစိုးရက အမိန့်ချမှတ်နိုင်ရန် ကြေးတိုင်အစီရင်ခံစာကို တင်ပြခြင်း၊
(၆) စည်းကြပ်မည့်မြေခွန်နှုန်းထားများကို အစိုးရ (ဘဏ္ဍာရေးနှင့် အခွန်ဝန်ကြီးဌာန) က အမိန့် ကြော်ငြာစာဖြင့် ထုတ်ပြန် ကြေညာခြင်း။
မြန်မာ တစ်နိုင်ငံလုံးတွင် မြေခွန်စည်းကြပ်သည့် “မူ” မှာ ယေဘူယျအားဖြင့် လယ်ယာမြေ တစ်ကွက်ကို တစ်နှစ်အတွင်း တစ်ကြိမ်သာ မြေခွန်စည်း ကြပ်သည်။ လယ်ယာမြေ တစ်ကွက်တွင် သီးနှံ (၂) ကြိမ် စိုက်ပျိုး၍ သီးနှံနှစ်ခုမှာ အထူးသီးနှံ ပြဋ္ဌာန်းထားပါက ၎င်းမြေပေါ်တွင် စည်းကြပ်ရမည့် မြေခွန်နှုန်းမှာ မြေမျိုးနှုန်း နှစ်ခုအနက် ပိုမြင့်သည့်နှုန်းဖြင့် စည်းကြပ်မည် ဖြစ်သည်။ အကယ်၍ ဒုတိယအကြိမ်စိုက်ပျိုးသော သီးနှံအပေါ် စည်းကြပ်သည့်နှုန်းသည် ပထမ အကြိမ် စိုက်ပျိုးပြီးသောနှုန်းထက် ပိုနေပါလျှင် ခြားနားသည့်မြေခွန်ကိုသာ ဒုတိယအကြိမ် စိုက်ပျိုးသော သီးနှံအပေါ်တွင် စည်းကြပ်သည်။
၁၉၆၂ ခုနှစ် တော်လှန်ရေး အစိုးရ လက်ထက်မှ စတင်၍ ဘဏ္ဍာရေးနှင့် အခွန်ဌာန၏ (၁၀.၁၁.၁၉၆၇) နေ့စွဲပါ အမိန့်ကြော်ငြာစာ အမှတ်- ၄၂၅ ကို ထုတ်ပြန်ပြီး မြေမျိုးကြီးအလိုက် သီးနှံနှုန်းဖြင့် စည်းကြပ်ခဲ့ရာ ယခုအချိန် အထိဖြစ်ပါသည်။ ကြေးတိုင် မစိုက်ရသေးသည့် ဒေသများတွင် မြေမျိုးကြီးအားလုံးကို တစ်ဧကလျှင် (အမြင့်ဆုံးနှုန်း) တစ်ကျပ် ပြား ၅၀၊ (အနိမ့် ဆုံးနှုန်း) တစ်ကျပ်ဖြင့် စည်းကြပ်ခဲ့သည်။ ကြေးတိုင် စိုက်သော အချိန်တွင် စိုက်ပျိုး လုပ်ကိုင်ပြီးသော မြေများရှိသော်လည်း တစ်နေရာနှင့် တစ်နေရာ ကွက်ကြားဝေးလံစွာ တည်ရှိ၍ အသွား အလာခက်ခဲပြီး နှစ်စဉ် တစ်ဦးချင်း စိုက်ပျိုး လုပ်ကွက်ကို စစ်ဆေးမှတ်သား၍ စည်းကြပ်ရန်အတွက် ကုန်ကျမည့် စရိတ်မှာ ရရှိနိုင်မည့် အခွန်တော်နှင့်နှိုင်းယှဉ်လျှင် တွက်ခြေမကိုက်သော ဒေသများအတွက် ကွင်းအလိုက်သော် လည်းကောင်း၊ ကွင်းမဖွဲ့ရသေးပါက ကျေးရွာအုပ်စု အလိုက်သော်လည်းကောင်း၊ မြေခွန်ကို စုပေါင်း၍ သတ်မှတ်စည်းကြပ်သည်။ (လုံးပေါင်းစနစ်ဖြင့် မြေခွန်စည်းကြပ်ခြင်းဟု ခေါ်သည်။) မြေခွန်မစည်းကြပ်သည့်မြေများ မြေခွန်စည်းကြပ်ခြင်းမှ လွတ်ငြိမ်း ချမ်းသာခွင့် ရရှိသည့်မြေများမှာ အောက်ပါအတိုင်း ဖြစ်ပါသည်-
(၁) အောက်မြန်မာနိုင်ငံတွင် ဘုန်းကြီးကျောင်း၊ ဘုရားစသည့် သာသနာနှင့် ပတ်သက်သော အဆောက်အအုံ အတွက် အသုံးပြုလျက် ရှိသောမြေ နှင့် ၎င်းတို့ ပိုင်ဆိုင်သောမြေများ၊ အထက်မြန်မာနိုင်ငံ၊ မြေနှင့်အခွန် ဥပဒေပြဋ္ဌာန်းသည့် နေ့တွင် တည်ရှိပြီးဖြစ်သော သာသနာပိုင်နှင့် ပတ်သက်သည့်မြေများ (မြေတိုင်းစာရေး၏ ကွင်းထွက်မြေပုံပေါ်တွင် အစိမ်းရောင်ခြယ်ထားသော သာသနာမြေများ)၊
(၂) မြန်မာတစ်နိုင်ငံလုံးတွင် အပိုင်ဂရန်ဖြင့် မြေခွန်လွတ်ငြိမ်းခွင့်ပြုထားသည့်မြေများ၊
(၃) အောက်မြန်မာနိုင်ငံတွင် ကျေးရွာ အတွင်းရှိ သုည ဒသမ ၂၅ ဧကအောက်နည်းသည့် အိမ်ယာမြေများနှင့်၊ မြို့မြေအတွင်းမှ သုညဒသမ ၂၅ဧက အောက်နည်း၍ စည်ပင်သာယာမှ အခွန်စည်းကြပ်လျက်ရှိသည့် အိမ်ယာမြေများ၊
(၄) မြန်မာတစ်နိုင်ငံလုံးတွင် ဆားခွန် ကောက်ခံထားပြီး ဆားလုပ်ငန်းအတွက် အသုံးပြု၍ ငွေရေးကြေးရေးအနေဖြင့် အကျိုးခံစားခွင့် လုံးဝမရှိသောမြေများ၊
(၅) (ယခင်) ၁၉၆၃ ခုနှစ်၊ သီးစားချထားရေး အက်ဥပဒေအရ သီးစားချထားခံယူမည့် သူမရှိသည့်မြေများ (သီးစားမခံ မြေလပ်များ)၊
(၆) ထန်းပင်များ။
ယခု မျက်မှောက်ကာလတွင် ကြေးတိုင်စိုက်ခြင်း လုပ်ငန်းကို နှစ် (၂)၀ လျှင် တစ်ကြိမ်ကျ ပြန်လည် ဆောင်ရွက်ရမြဲ ဖြစ်သော်လည်း အကြောင်းအမျိုးမျိုးကြောင့် ဆောင်ရွက်ခြင်း မပြုနိုင်သဖြင့် အကျဉ်းချုံး ကြေးတိုင် (သို့) ပြင်ဆင်ကြေးတိုင်လုပ်ငန်း ဆောင်ရွက်ခဲ့ရသည့် နှစ်များရှိခဲ့ပါသည်။ ထိုသို့ ဆောင်ရွက်ခဲ့သော်လည်း မြေမျိုးကြီး ပြောင်းလဲပြင်ဆင်ရန် လိုအပ်သည့်စာရင်းဇယားများအပေါ် သက်ဆိုင်ရာ အာဏာပိုင်၏ ခွင့်ပြုချက်၊ အတည်ပြုချက် မရရှိ၍ မြေမျိုးကြီး များမှာ ယခင်နှစ် (၁၀ဝ) ကျော်က အတိုင်းပင် တည်ရှိနေပါသေးသည်။ လွှတ်တော်ရှေ့နေမောင်ကောင်းဖေ၊ အေးဝင်းဦး (ဘူမိဗေဒ) မြန်မာတောင်သူကြီး ဂျာနယ်မှ ထုတ်နှုတ်ဖော်ပြပါသည်။
အိမ်ခြံမြေ ကိစ္စအဝဝနှင့် ပတ်သက်၍ ဥပဒေအကြံပေးပညာရှင်များနှင့် ဆွေးနွေးတိုင်ပင်လိုပါက iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ၏ ဖုန်းနံပါတ်များဖြစ်သော 09-966901767, 09-268022352 သို့ ဆက်သွယ်နိုင်ပါသည်။ အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။
iMyanmarHouse.com ၏ ဥပဒေအကြံပေး ပညာရှင်အဖွဲ့ မှ အထူးရေးသားဖော်ပြသည်။
Credit: iMyanmarHouse.com
[Zawgyi]
ေျမအမ်ိဳးအစား၊ ေျမမ်ိဳးႀကီး၊ ကြင္းထြက္ေျမပုံအမွတ္အသားမ်ား၊ ပုံစံ (၁၀၅) (၁၀၆)၊ ေၾကးတိုင္စိုက္ျခင္းႏွင့္ ေျမခြန္စည္းၾကပ္ျခင္းမ်ားအေၾကာင္းအႏွစ္ခ်ဳပ္
ေျမအမ်ိဳးအစားမ်ားကို လယ္ယာေျမ စီမံခန္႔ခြဲေရးႏွင့္ စာရင္းအင္း ဦးစီးဌာန (ယခင္ ေျမစာရင္း)မွ စိုက္ပ်ိဳးေျမမ်ား - (လယ္၊ ယာ၊ ကိုင္း၊ ကြၽန္း၊ ဥယ်ာဥ္၊ ဓနိ၊ ေရာ္ဘာ၊ ေတာင္ယာ ဟူ၍ ေျမမ်ိဳးႀကီး ခုနစ္မ်ိဳး ထပ္မံခြဲျခားထားပါသည္။) သစ္ေတာေျမမ်ား၊ စိုက္ပ်ိဳးႏိုင္ေသာေျမ႐ိုင္း၊ ေတာ႐ိုင္းေျမ (အပေတာ) မ်ား၊ စားက်က္ေျမ၊ လမ္းေျမ၊ မီးရထားလမ္းေျမ၊ စက္႐ုံေျမ၊ သတၱဳတြင္းေျမ၊ ဆည္ေျမာင္း၊ ကန္၊ တာတမံေျမ၊ ျမစ္ေခ်ာင္းေရ ေအာက္ေျမ၊ အင္းအိုင္ေျမ၊ ၿမိဳ႕ေျမ၊ ႐ြာေျမ၊ သာသနာ၊ သုသာန္၊ အေဆာက္အဦေျမ၊ ေလယာဥ္ကြင္းေျမ၊ က်န္အျခားေျမဟူ၍ (၁၃) မ်ိဳးထပ္မံ ခြဲျခားထားပါသည္။ စိုက္ပ်ိဳးေျမမ်ား အနက္ ျမန္မာႏိုင္ငံ ေျမစာရင္းလက္စြဲ ဥပေဒ အပိုဒ္ (၁၁၇၆) အရ၊ ယခင္ ေၾကးတိုင္ဝန္မ်ား အသိအမွတ္ျပဳၿပီးေသာ စိုက္ပ်ိဳး လုပ္ကိုင္သည့္ ေျမမ်ိဳးႀကီးမ်ားကို ေအာက္ပါလကၡဏာတို႔ျဖင့္ ေျမတိုင္းစာေရးမ်ား၏ ကြင္းထြက္ေျမပုံေပၚတြင္ RG = အစိုးရဆည္ေရေသာက္လယ္ေျမ (Rice of the Government)၊ M or R - မိုးေကာင္းေသာက္ လယ္ေျမ၊ Mn or M - မူရင္းသို႔မဟုတ္ ေႏြရာသီတြင္ စပါးစိုက္ေသာ လယ္ေျမ၊ T - ေရလႊမ္းမိုးသည့္ လယ္ေျမ(သို႔) ဆည္ေရဝပ္လယ္ေျမ၊ Y - ယာေျမ၊ K - အစဥ္အၿမဲ ကိုင္းသီးႏွံ (ေဆာင္းသီးႏွံ) စိုက္ပ်ိဳးေသာ္လည္း ေျမအေျခအေန မတည္ၿမဲသည့္ ေရလႊမ္းမိုးေလ့ ႐ွိေသာ ေျမႏုမ်ား၊ KY - ကိုင္းယာ (သို႔) အစဥ္အၿမဲ ကိုင္းသီးႏွံမ်ား စိုက္ပ်ိဳးလုပ္ကိုင္ႏိုင္သည့္ ျမစ္၊ ေခ်ာင္း၊ ကမ္းနား(သို႔) ေျမ အေျခအေန မေျပာင္လဲေသာ ေရလႊမ္းမိုးသည့္ ေျမရင့္မ်ား (သို႔)အၿမဲကြၽန္းမ်ား၊ D - ဓနိေျမ၊ G - ဥယ်ာဥ္ျခံေျမ၊ တခ်ိဳ႕ေသာၿမိဳ႕နယ္မ်ားတြင္ ပုဂၢလိကဆည္၊ ကန္ေရေသာက္လယ္ေျမကို RP ဟူ၍လည္းေကာင္း၊ P ဟူ၍ လည္းေကာင္း၊ ေရာ္ဘာ (သို႔) ၾကက္ေပါင္ေစး စိုက္ပ်ိဳးေသာ ေျမကို RR ဟူ၍ လည္းေကာင္း၊ ေတာင္ယာေျမကို TY ဟူ၍ လည္းေကာင္း သတ္မွတ္ေဖာ္ျပၾကပါသည္။ သီးႏွံ၏ တစ္ဧကအတြက္ ႏႈန္းေကာင္း၊ လတ္၊ ညံ့မႈေပၚမူတည္၍ ေျမမ်ိဳးႀကီး တစ္ခုခ်င္းစီကို အဆင့္အတန္း (သို႔) အတန္းအစား ထပ္မံခြဲျခားသည္။
ဥပမာ - စပါး စိုက္ပ်ိဳးသည့္ လယ္ေျမမ်ားအား ပထမတန္းစား လယ္ေျမ (R1)၊ ဒုတိယ တန္းစားလယ္ေျမ (R2)၊ တတိယ တန္းစားလယ္ေျမ (R3) ဟူ၍ လည္းေကာင္း၊ အေျခာက္သီးႏွံ စိုက္ပ်ိဳးသည့္ ယာေျမကို ထိုးနည္တူ Y1, Y2, Y3 ဟူ၍ လည္းေကာင္း၊ ပုဂၢလိက ဆည္ေရေသာက္ လယ္ေျမ ကို P1,P2,P3 ဟူ၍လည္းေကာင္း သတ္မွတ္ေဖာ္ျပၾကသည္။(တခ်ိဳ႕ေသာၿမိဳ႕နယ္ မ်ားတြင္ P7 အထိ ခြဲျခားသည္။) ဓနိေျမ၊ ဥယ်ာဥ္ျခံေျမ၊ ေရာ္ဘာ ေျမႏွင့္ ေတာင္ယာေျမတို႔ကိုမူ ေျမအတန္းအစား ထပ္မံခြဲျခားျခင္း မ႐ွိပါဘူး။ ဒီေနရာမွ အလ်ဥ္းသင့္လို႔ ေျပာခ်င္တာက အမ်ားေျပာေျပာေနတဲ့ "ပုံစံ (၁၀၅ ) (၁၀၆) ဆိုတာ ဥပမာနဲ႔ ေျပာရရင္ Passport ဆိုတာ "လူပုံ၊ လူရာဇ၀င္"ကို ေခၚတာပါ။ လူဓါတ္ပုံေလးလဲ ပါတယ္၊ လူရာဇ၀င္ အတိုခ်ဳပ္ေလးလည္း ပါပါတယ္။ အဲဒီလိုပါပဲ၊ ေျမပုံ ေျမရာဇ၀င္ဆိုတာကလည္း ေျမပုံေလးလည္း ပါရမယ္။ ေျမရာဇ၀င္ေလးလည္း ပါရပါမယ္။ ပုံစံ - (၁၀၅) ဆိုတာက ေျမပုံ၊ ပုံစံ - (၁၀၆) က ေျမရာဇ၀င္ပါ။ ေျမစာရင္း ပုံစံ (၁၀၅) ကို "လက္႐ွိေျမပုံတြင္ ယခုႏွစ္အသုံးျပဳေနေသာ ဦးပိုင္ေျမပုံ" လို႔ေခၚပါတယ္။ စာတိုေခၚရလွ်င္ "ေျမပုံ"ေပါ့။ အိုးအိမ္ဦးစီးဌာနက ထုတ္ေပးတဲ့ ေျမပုံကိုေတာ့ "S-22" လို႔ေခၚပါတယ္။ ရန္ကုန္ ၿမိဳ႕ေတာ္စည္ပင္က ထုတ္ေပးတဲ့ ေျမပုံမွာကေတာ့ ပုံစံနံပါတ္ မပါ႐ွိပါဘူး။ ေျမပုံ ကေလးပါတဲ့ စာ႐ြက္ကို ေျမပုံလို႔ မွတ္လိုက္မယ္ ဆိုရင္ သုံးမ်ိဳးလုံး အက်ံဳး ၀င္ပါတယ္။ ပုံစံ - (၁၀၅) ေျမပုံစာ႐ြက္မွာ ၾကည့္လို႔ရတာေတြ အမ်ားႀကီး႐ွိပါတယ္။ အေလ့အက်င့္ျဖစ္ေအာင္ ၾကည့္သင့္/မွတ္သင့္ပါတယ္။ တိုင္း၊ ျပည္နယ္၊ ခ႐ိုင္၊ ၿမိဳ႕နယ္၊ ေက်း႐ြာအုပ္စု၊ ကြင္းအမွတ္၊ ကြင္းအမည္၊ ဦးပိုင္အမွတ္၊ ေျမကြက္အမွတ္၊ ပိုင္႐ွင္အမည္၊ ပိုင္ဆိုင္မႈ၊ ေျမအမ်ိဳးအစား၊ အက်ယ္အ၀န္းႏွင့္ ေရးကူးေပးသည့္ အေၾကာင္းအရာ စသည္ျဖင့္ တိက်မွန္ကန္စြာ ေရးသားထားၾက ပါတယ္။
ပုံစံ (၁၀၅) ဆိုတာက “ေျမစာရင္းဌာန” က ထုတ္ေပးတဲ့ "ပုံစံ တစ္ခုသာ" ျဖစ္ပါတယ္။ အဲဒီ ပုံစံက လယ္ယာေျမပဲ ျဖစ္ျဖစ္၊ ႐ြာေျမ၊ ဥယ်ာဥ္ျခံေျမပဲ ျဖစ္ျဖစ္၊ ဂရန္ေျမပဲ ျဖစ္ျဖစ္ သက္ဆိုင္ရာနယ္နိမိတ္ အတြင္းမွာ ႐ွိတဲ့ေျမတို႔ရဲ႕အက်ယ္အဝန္းနဲ႔ အမ်ိဳးအစားကို ေဖာ္ျပေပးတဲ့ပုံစံစာ႐ြက္သာ ျဖစ္ပါတယ္။ ေနာက္တစ္နည္း ၫႊန္းဆိုရလွ်င္ ပုံစံ ၁၀၅ ဆိုတာ ပိုင္ဆိုင္မႈ အာမခံခ်က္ လုံးဝ မဟုတ္ပါ။ ပုံစံ ၁၀၅ ဆိုတာ တည္ေနရာကို ေဖာ္ျပရန္၊ ေျမအမ်ိဳးအစားကို ေဖာ္ျပရန္၊ အိမ္ေဆာက္လုပ္ခြင့္ ေလွ်ာက္ထားရာတြင္ တည္ေနရာကို ၫြန္းဆိုရန္၊ ၿမိဳ႕ေျမျဖစ္ပါက ဂရံ ေလွ်ာက္ထားရာတြင္ တည္ေနရာကို ၫြန္းဆိုရန္၊ စသည္တို႔အတြက္ “ေျမစာရင္းဌာန” က ထုတ္ေပးတဲ့ "ေျမပုံ ပုံစံ တစ္ခုသာ" ျဖစ္ပါတယ္။ ဒီပုံစံ (၁၀၅) လက္ထဲ ေရာက္တာနဲ႔ ကိုယ္လုပ္ခ်င္တာ လုပ္လို႔ရမယ္လို႔ "မထင္လိုက္ပါနဲ႔"။ အခု ပုံစံ (၁၀၅) အရ ဝယ္ထားတဲ့ေျမက “လယ္ယာေျမ” ဆိုရင္ေတာ့ “လယ္ယာေျမလုပ္ပိုင္ခြင့္ျပဳလတ္မွတ္” ႐ွိမယ္ "ဆိုရင္" လယ္လုပ္လို႔ရမယ္ေပါ့။ လယ္ယာေျမမွာ အေဆာက္အအုံ ေဆာက္ဖို႔၊ စီးပြားေရးလုပ္ငန္းတစ္ခုခု အေျခတည္ၿပီး လုပ္ကိုင္ဖို႔ ဆိုတာကေတာ့ လယ္ယာေျမ အျခားနည္း အသုံးျပဳခြင့္ လ/ယ ၃၀ ခြင့္ျပဳခ်က္႐ွိမွ ရပါမယ္။ ပုံစံ ၁၀၅ တြင္ပါ႐ွိေသာ “ေျမမ်ိဳးႏွင့္အတန္း” ေနရာမွာ..
(က) R = မိုးေကာင္းလယ္ေျမ
(ခ) R1 = ပထမတန္းစားမိုးေကာင္းလယ္ေျမ
(ဂ) R2 = ဒုတိယတန္းစား မိုးေကာင္းလယ္ေျမ
(ဃ) R3 = တတိယတန္းစား မိုးေကာင္းလယ္ေျမ (အထြက္ႏႈန္းစပါး ၃၀ ေအာက္)
(င) R4 = စတုထၳတန္းစား မိုးေကာင္းလယ္ေျမ (အထြက္ႏႈန္းစပါး ၂၀ ေအာက္)
(စ) RG = အစိုးရ ဆည္ေရေသာက္ လယ္ေျမ
(ဆ) RP = ပုဂၢလိက ဆည္ေရေသာက္ လယ္ေျမ
(ဇ) M = မူရင္း သို႔မဟုတ္ ေႏြရာသီစိုက္လယ္ေျမ
(ဈ) y = ယာေျမ
(ည) D = ဓနိေျမ
(ဋ) G = ဥယ်ာဥ္ျခံေျမ ဆိုၿပီး စသျဖင့္ ခြဲျခားျပထားတာပါ။
ေျမခြန္နဲ႔ ပတ္သက္ၿပီး ေျပာရရင္ ေျမခြန္ စည္းၾကပ္ေကာက္ခံျခင္း၏ မူလဘူတ (သို႔) အစဦးဆုံး (ေဗြေဆာ္ဦး)လုပ္ငန္းမွာ ေၾကးတိုင္စိုက္ျခင္းပင္ျဖစ္ပါသည္။ (၁) မူလေၾကးတိုင္စိုက္ျခင္း၊ (၂) ျပင္ဆင္ေၾကးတိုင္ စိုက္ျခင္း၊ (၃) အက်ဥ္းခ်ံဳး၊ ေၾကးတိုင္စိုက္ျခင္း လုပ္ငန္းဟူ၍ လုပ္ငန္း အမ်ိဳးအစား (၃) ခု႐ွိသည္။ အခ်ဳပ္ကို တင္ျပရလွ်င္ ေၾကးတိုင္ လုပ္ငန္းတြင္ ေၾကးတိုင္ ရပ္ကြက္ခြဲျခားျခင္း၊ ေျမမ်ိဳးခြဲျခားျခင္း၊ တစ္ဧက သီးႏွံအထြက္ တန္ဖိုး ႐ွာေဖြျခင္းႏွင့္ ေျမခြန္ႏႈန္းထား သတ္မွတ္ျခင္းတို႔ ပါဝင္သည္။ ေၾကးတိုင္ လုပ္ငန္းတစ္ရပ္ကို ေအာက္ေဖာ္ျပပါ အဆင့္မ်ားအလိုက္ ႀကိဳတင္ျပင္ဆင္ျခင္း၊ လုပ္ငန္း အေကာင္အထည္ေဖာ္ျခင္းတို႔ကို ေဆာင္႐ြက္သည္-
(၁) ေၾကးတိုင္စိုက္ျခင္း ေဆာင္႐ြက္မည္ (သို႔) ေဆာင္႐ြက္ရန္လို၊ မလိုကို သိ႐ွိႏိုင္ရန္ ကနဦး စုံစမ္းေလ့လာျခင္း၊
(၂) လိုအပ္သည့္ ေျမတိုင္းတာျခင္းကို ေဆာင္႐ြက္ျခင္း (မူလေျမတိုင္းတာျခင္း သို႔မဟုတ္ ေနာက္ဆက္တြဲ ျပန္လည္၍ တိုင္းတာျခင္း၊
(၃) ေၾကးတိုင္ စိုက္ရျခင္း အေၾကာင္းရင္းမ်ားႏွင့္ ျဖစ္တန္ရာေသာ ေငြေၾကးဆိုင္ရာ အက်ိဳးသက္ေရာက္မႈမ်ား ပါဝင္သည့္ ႀကိဳတင္ခန္႔မွန္းထားေသာ အစီရင္ခံစာကို အစိုးရကအမိန္႔ခ်မွတ္ႏိုင္ရန္ အတြက္ ျပင္ဆင္ေဆာင္႐ြက္ျခင္း၊
(၄) ေၾကးတိုင္အရာ႐ွိႏွင့္ ဝန္ထမ္းမ်ားက ႀကိဳတင္ျပင္ဆင္မႈ လုပ္ငန္းမ်ားကို ေဆာင္႐ြက္ျခင္း၊
(၅) ေၾကးတိုင္ လုပ္ငန္းမ်ားကို ေဆာင္႐ြက္ျခင္းႏွင့္ လုပ္ငန္းၿပီးစီးေသာ္ အစိုးရက အမိန္႔ခ်မွတ္ႏိုင္ရန္ ေၾကးတိုင္အစီရင္ခံစာကို တင္ျပျခင္း၊
(၆) စည္းၾကပ္မည့္ေျမခြန္ႏႈန္းထားမ်ားကို အစိုးရ (ဘ႑ာေရးႏွင့္ အခြန္ဝန္ႀကီးဌာန) က အမိန္႔ ေၾကာ္ျငာစာျဖင့္ ထုတ္ျပန္ ေၾကညာျခင္း။
ျမန္မာ တစ္ႏိုင္ငံလုံးတြင္ ေျမခြန္စည္းၾကပ္သည့္ “မူ” မွာ ေယဘူယ်အားျဖင့္ လယ္ယာေျမ တစ္ကြက္ကို တစ္ႏွစ္အတြင္း တစ္ႀကိမ္သာ ေျမခြန္စည္း ၾကပ္သည္။ လယ္ယာေျမ တစ္ကြက္တြင္ သီးႏွံ (၂) ႀကိမ္ စိုက္ပ်ိဳး၍ သီးႏွံႏွစ္ခုမွာ အထူးသီးႏွံ ျပ႒ာန္းထားပါက ၎ေျမေပၚတြင္ စည္းၾကပ္ရမည့္ ေျမခြန္ႏႈန္းမွာ ေျမမ်ိဳးႏႈန္း ႏွစ္ခုအနက္ ပိုျမင့္သည့္ႏႈန္းျဖင့္ စည္းၾကပ္မည္ ျဖစ္သည္။ အကယ္၍ ဒုတိယအႀကိမ္စိုက္ပ်ိဳးေသာ သီးႏွံအေပၚ စည္းၾကပ္သည့္ႏႈန္းသည္ ပထမ အႀကိမ္ စိုက္ပ်ိဳးၿပီးေသာႏႈန္းထက္ ပိုေနပါလွ်င္ ျခားနားသည့္ေျမခြန္ကိုသာ ဒုတိယအႀကိမ္ စိုက္ပ်ိဳးေသာ သီးႏွံအေပၚတြင္ စည္းၾကပ္သည္။
၁၉၆၂ ခုႏွစ္ ေတာ္လွန္ေရး အစိုးရ လက္ထက္မွ စတင္၍ ဘ႑ာေရးႏွင့္ အခြန္ဌာန၏ (၁၀.၁၁.၁၉၆၇) ေန႔စြဲပါ အမိန္႔ေၾကာ္ျငာစာ အမွတ္- ၄၂၅ ကို ထုတ္ျပန္ၿပီး ေျမမ်ိဳးႀကီးအလိုက္ သီးႏွံႏႈန္းျဖင့္ စည္းၾကပ္ခဲ့ရာ ယခုအခ်ိန္ အထိျဖစ္ပါသည္။ ေၾကးတိုင္ မစိုက္ရေသးသည့္ ေဒသမ်ားတြင္ ေျမမ်ိဳးႀကီးအားလုံးကို တစ္ဧကလွ်င္ (အျမင့္ဆုံးႏႈန္း) တစ္က်ပ္ ျပား ၅၀၊ (အနိမ့္ ဆုံးႏႈန္း) တစ္က်ပ္ျဖင့္ စည္းၾကပ္ခဲ့သည္။ ေၾကးတိုင္ စိုက္ေသာ အခ်ိန္တြင္ စိုက္ပ်ိဳး လုပ္ကိုင္ၿပီးေသာ ေျမမ်ား႐ွိေသာ္လည္း တစ္ေနရာႏွင့္ တစ္ေနရာ ကြက္ၾကားေဝးလံစြာ တည္႐ွိ၍ အသြား အလာခက္ခဲၿပီး ႏွစ္စဥ္ တစ္ဦးခ်င္း စိုက္ပ်ိဳး လုပ္ကြက္ကို စစ္ေဆးမွတ္သား၍ စည္းၾကပ္ရန္အတြက္ ကုန္က်မည့္ စရိတ္မွာ ရ႐ွိႏိုင္မည့္ အခြန္ေတာ္ႏွင့္ႏိႈင္းယွဥ္လွ်င္ တြက္ေျခမကိုက္ေသာ ေဒသမ်ားအတြက္ ကြင္းအလိုက္ေသာ္ လည္းေကာင္း၊ ကြင္းမဖြဲ႕ရေသးပါက ေက်း႐ြာအုပ္စု အလိုက္ေသာ္လည္းေကာင္း၊ ေျမခြန္ကို စုေပါင္း၍ သတ္မွတ္စည္းၾကပ္သည္။ (လုံးေပါင္းစနစ္ျဖင့္ ေျမခြန္စည္းၾကပ္ျခင္းဟု ေခၚသည္။) ေျမခြန္မစည္းၾကပ္သည့္ေျမမ်ား ေျမခြန္စည္းၾကပ္ျခင္းမွ လြတ္ၿငိမ္း ခ်မ္းသာခြင့္ ရ႐ွိသည့္ေျမမ်ားမွာ ေအာက္ပါအတိုင္း ျဖစ္ပါသည္-
(၁) ေအာက္ျမန္မာႏိုင္ငံတြင္ ဘုန္းႀကီးေက်ာင္း၊ ဘုရားစသည့္ သာသနာႏွင့္ ပတ္သက္ေသာ အေဆာက္အအုံ အတြက္ အသုံးျပဳလ်က္ ႐ွိေသာေျမ ႏွင့္ ၎တို႔ ပိုင္ဆိုင္ေသာေျမမ်ား၊ အထက္ျမန္မာႏိုင္ငံ၊ ေျမႏွင့္အခြန္ ဥပေဒျပ႒ာန္းသည့္ ေန႔တြင္ တည္႐ွိၿပီးျဖစ္ေသာ သာသနာပိုင္ႏွင့္ ပတ္သက္သည့္ေျမမ်ား (ေျမတိုင္းစာေရး၏ ကြင္းထြက္ေျမပုံေပၚတြင္ အစိမ္းေရာင္ျခယ္ထားေသာ သာသနာေျမမ်ား)၊
(၂) ျမန္မာတစ္ႏိုင္ငံလုံးတြင္ အပိုင္ဂရန္ျဖင့္ ေျမခြန္လြတ္ၿငိမ္းခြင့္ျပဳထားသည့္ေျမမ်ား၊
(၃) ေအာက္ျမန္မာႏိုင္ငံတြင္ ေက်း႐ြာ အတြင္း႐ွိ သုည ဒသမ ၂၅ ဧကေအာက္နည္းသည့္ အိမ္ယာေျမမ်ားႏွင့္၊ ၿမိဳ႕ေျမအတြင္းမွ သုညဒသမ ၂၅ဧက ေအာက္နည္း၍ စည္ပင္သာယာမွ အခြန္စည္းၾကပ္လ်က္႐ွိသည့္ အိမ္ယာေျမမ်ား၊
(၄) ျမန္မာတစ္ႏိုင္ငံလုံးတြင္ ဆားခြန္ ေကာက္ခံထားၿပီး ဆားလုပ္ငန္းအတြက္ အသုံးျပဳ၍ ေငြေရးေၾကးေရးအေနျဖင့္ အက်ိဳးခံစားခြင့္ လုံးဝမ႐ွိေသာေျမမ်ား၊
(၅) (ယခင္) ၁၉၆၃ ခုႏွစ္၊ သီးစားခ်ထားေရး အက္ဥပေဒအရ သီးစားခ်ထားခံယူမည့္ သူမ႐ွိသည့္ေျမမ်ား (သီးစားမခံ ေျမလပ္မ်ား)၊
(၆) ထန္းပင္မ်ား။
ယခု မ်က္ေမွာက္ကာလတြင္ ေၾကးတိုင္စိုက္ျခင္း လုပ္ငန္းကို ႏွစ္ (၂)၀ လွ်င္ တစ္ႀကိမ္က် ျပန္လည္ ေဆာင္႐ြက္ရၿမဲ ျဖစ္ေသာ္လည္း အေၾကာင္းအမ်ိဳးမ်ိဳးေၾကာင့္ ေဆာင္႐ြက္ျခင္း မျပဳႏိုင္သျဖင့္ အက်ဥ္းခ်ံဳး ေၾကးတိုင္ (သို႔) ျပင္ဆင္ေၾကးတိုင္လုပ္ငန္း ေဆာင္႐ြက္ခဲ့ရသည့္ ႏွစ္မ်ား႐ွိခဲ့ပါသည္။ ထိုသို႔ ေဆာင္႐ြက္ခဲ့ေသာ္လည္း ေျမမ်ိဳးႀကီး ေျပာင္းလဲျပင္ဆင္ရန္ လိုအပ္သည့္စာရင္းဇယားမ်ားအေပၚ သက္ဆိုင္ရာ အာဏာပိုင္၏ ခြင့္ျပဳခ်က္၊ အတည္ျပဳခ်က္ မရ႐ွိ၍ ေျမမ်ိဳးႀကီး မ်ားမွာ ယခင္ႏွစ္ (၁၀ဝ) ေက်ာ္က အတိုင္းပင္ တည္႐ွိေနပါေသးသည္။ လႊတ္ေတာ္ေ႐ွ႕ေနေမာင္ေကာင္းေဖ၊ ေအးဝင္းဦး (ဘူမိေဗဒ) ျမန္မာေတာင္သူႀကီး ဂ်ာနယ္မွ ထုတ္ႏႈတ္ေဖာ္ျပပါသည္။
အိမ္ျခံေျမ ကိစၥအဝဝနွင့္ ပတ္သက္၍ ဥပေဒအၾကံေပးပညာရွင္မ်ားနွင့္ ေဆြးေႏြးတိုင္ပင္လိုပါက iMyanmarHouse.com (အိုင္ျမန္မာေဟာက္စ္ေဒါ႔ကြန္း) ၏ ဖုန္းနံပါတ္မ်ားျဖစ္ေသာ 09-966901767, 09-268022352 သို႔ ဆက္သြယ္ႏိုင္ပါသည္။ အေသးစိတ္ၾကည့္ရန္ ဤေနရာကို ႏွိပ္ပါ။
iMyanmarHouse.com ၏ ဥပေဒအၾကံေပး ပညာ႐ွင္အဖြဲ႔ မွ အထူးေရးသားေဖာ္ျပသည္။
Credit: iMyanmarHouse.com