ဗဟုသုတ | Posted by ရွှေစင်ဝင်း
### Unicode Version ###
“မိမိနေထိုင်ရာ တိုက်ခန်းကို ပြင်ဆင်မယ်ဆိုရင် မြေရှင်ရဲ့ သဘောတူညီချက် လိုတယ်ဆိုတာ ဟုတ်ပါသလား ဆရာ”ဟု စာရေးသူထံ မိတ် ဆွေတစ်ဦးက လာရောက်ဆွေးနွေးပါသည်။
“ဘယ်အပိုင်းကို ပြင်ဆင်ချင်တာလဲ။ မိမိနေထိုင်ရာ တိုက်ခန်းကို ဆေးသုတ်မယ်၊ အလှဆင်မယ်ဆိုရင်တော့ အိမ်ရှင်၊ မြေရှင်ရဲ့ သဘောတူညီချက်မလိုပါဘူး”
“အခန်းတစ်ခန်းထပ်ဖွဲ့ချင်လို့ပါ ဆရာ။ ပြီးတော့ မီးဖိုခန်းလည်း နည်းနည်းပြင်ဆင်စရာလေးရှိလို့ပါ”
“မိတ်ဆွေကြီးက အဲဒီအခန်းကို ဝယ်ထားတာကြာပြီလား။ မူလကတည်းက အခန်းတွေ ကန့်ထားပြီးသားမဟုတ်လား”
“ဝယ်စဉ်က အိပ်ခန်းတစ်ခန်းဖွဲ့ထားပါတယ်”
“ခိုင်ခိုင်မာမာအုတ်စီပြီး အခန်းဖွဲ့ထားတာလား”
“မဟုတ်ဘူး ဆရာ၊ ဟောခန်းသဘောမျိုးပါ။ အထပ်သားနဲ့ အခန်းကန့်ထားတာဖြစ်ပါတယ်”
“အခုကိစ္စက နောက်ထပ်အခန်း တစ်ခန်းထပ်ဖွဲ့ချင်တဲ့ သဘောမဟုတ်လား”
“ဟုတ်ပါတယ် ဆရာ။ အချို့က ပြောတော့ ခိုင်ခိုင်မာမာ ဆောက်လုပ်ခြင်းမပြုရဘူးလို့ ပြောကြတယ်”
“မှန်ပါတယ်။ နံရံကိုဖောက်ပြီး ခိုင်ခိုင်မာမာထပ်ခိုးဖွဲ့တာမျိုး၊ အုတ်နံရံ ကာရံထားပြီး မူလဖွဲ့ထားတဲ့ အခန်းကို ဖျက်ပစ်တာမျိုး မလုပ်ရဘူး။ မြေရှင်က သဘောမတူရင် တရားစွဲဆိုပိုင်ခွင့်ရှိလာနိုင်တယ်”
“ဟုတ်ကဲ့ အဲဒါကြောင့် စိုးရိမ်လို့ မေးမြန်းဆွေးနွေးတာပါ”
“အခုကိစ္စက အထပ်သားနဲ့ ကာရံပြီး အခန်းဖွဲ့မှာဆိုတော့ မြေရှင် သဘောတူညီချက်ရဖို့ မလိုအပ်ပါဘူး”
“ဆရာ ပြောသလို မြေရှင်ကတရားစွဲ နှင်ချတာမျိုးဖြစ်မှာစိုးရိမ်မိလို့ပါ”
“ရှင်းအောင်ပြောရရင် တရားရုံးချုပ်က ဆုံးဖြတ်ထားတဲ့ ဒေါ်ခင်ကြည်နှင့် လီအောင်အီဆေးအမှု ၁၉၅၈ ခုနှစ် တရားစီရင်ထုံးမှာ သစ်သား ထရံအဟောင်းတစ်ခုကို တပ်ဆင်ခြင်းသည် ခိုင်မြဲသော အဆောက်အအုံ ဆောက်ခြင်းမဟုတ်။ ထိုသို့ပြု လုပ်ခြင်းဖြင့် အိမ်ကိုမထိခိုက်ပေဟု ဆုံးဖြတ်ထားပါတယ်။ ဒါကြောင့် မိတ်ဆွေရဲ့ အခန်းတစ်ခန်းကို အထပ်သားနဲ့ ဖွဲ့ခြင်းဟာ ခိုင်မြဲသော အဆောက်အအုံဆောက်လုပ်ခြင်း မဟုတ်တဲ့အတွက် ဥပဒေအရ အရေးယူနိုင်တဲ့ အပြုအမူမဟုတ်လို့ ပြောချင်ပါတယ်”
“ဟုတ်ကဲ့ ဆရာ၊ အခုမှ စိတ်ထဲ ရှင်းသွားတော့တယ်။ ဒါပေမယ့် တစ်ခုတော့ မေးချင်တယ်”
“ပြောပါဗျာ။ လွတ်လွတ်လပ်လပ်ပြောနိုင်ပါတယ်။ တိုက်ခန်းကို ပြင်ဆင်ပြီး ပြန်ရောင်းမယ်စိတ်ကူးလို့လား”
“ရောင်းမယ်လို့တော့ စိတ်မကူးပါဘူး ဆရာ။ အချို့ကပြောတော့ အောက်ထပ်တိုက်ခန်းမို့ ဈေးဆိုင်ဖွင့် လို့ရတယ် ပြောတယ် ဆရာ”
“အဲဒါတော့ မြေရှင်ရဲ့ သဘောတူညီချက်ရဖို့ လိုတယ်။ စတိုးဆိုင်ဖွင့်မယ်ဆိုရင် သက်ဆိုင်ရာ မြို့နယ် စည်ပင်သာယာရေး ကော်မတီရဲ့ ခွင့်ပြုချက်ကို ရယူရပါတယ်။ လိုအပ်ရင် ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီထံခွင့်ပြုချက်ရယူ ဆောင် ရွက်ရပါတယ်”
“ဟုတ်ကဲ့ ဆရာ၊ ဗဟုသုတအ ဖြစ် ဆွေးနွေးတာပါ ဆရာ။ အဆောက်အအုံတစ်တိုက်လုံး ပြင်ဆင်ဖို့လိုရင် ဘယ်လိုဆောင်ရွက်ရပါသလဲ ဆရာ”
“အဆောက်အအုံတစ်ခုလုံးနဲ့ သက်ဆိုင်တဲ့ မိလ္လာကိစ္စ၊ ဆေးသုတ်မယ့် ကိစ္စမျိုးဆိုရင်တော့ အဆောက် အအုံမှာနေထိုင်ကြတဲ့ သူတွေက စုပေါင်းထည့်ဝင်ဆောင်ရွက်ကြရမှာ ဖြစ်တယ်”
“အဲဒါနဲ့ ပတ်သက်လို့ သီးခြား ပြဋ္ဌာန်းထားတဲ့ ဥပဒေရှိပါသလား”
“ဥပဒေအဖြစ်နဲ့ သီးခြားပြဋ္ဌာန်းထားတာတော့ မရှိသေးဘူး။ အများဆိုင် အိမ်ရာတွေမှာတော့ အဲဒီစနစ်ကို မူလကတည်းက ကျင့်သုံးနေကြပြီဖြစ်ပါတယ်။ အိမ်ရာမှာနေထိုင်တဲ့ တိုက်ခန်းပိုင်ရှင်တွေစုပေါင်းပြီး ကော်မတီတစ်ခုဖွဲ့စည်းထားတယ်။ လစဉ် ဝန်ဆောင်မှုအတွက် စုပေါင်းထည့်ဝင်ငွေစုဆောင်းထားကြတယ်။ အဲဒီစုပေါင်းထည့်ဝင်ငွေနဲ့ အဆောက်အအုံကိုစုပေါင်းပြင်ဆင် ဆောင်ရွက်ကြပါတယ်”
“ဟုတ်ကဲ့ ကွန်ဒိုအိမ်ရာတွေမှာတော့ စုပေါင်းထည့်ဝင်ငွေနဲ့ ဆောင်ရွက်ကြတယ်လို့ သိရပါတယ်။ ဒါပေမယ့် အခုလို ကန်ထရိုက်တိုက်ပုံစံမျိုးမှာ ကုန်ကျစရိတ်ကောက်ခံရတာ မလွယ်ဘူး ဆရာ”
“မြေရှင်နဲ့ ညှိနှိုင်းဆောင်ရွက်ရတာမျိုးက တိုက်ခန်းနေသူ အားလုံးညီညွတ်မှုရှိဖို့ လိုတယ်”
“ကျွန်တော်နေတဲ့ တိုက်ဆိုရင် အပေါ်ထပ်က ရေစီးကျတာတွေရှိ လာတယ်။ နံရံက ဘိလပ်မြေတွေက လည်း ကွာကျစပြုနေပြီ။ ဒါကြောင့် တစ်ခါတစ်ရံမှာတော့ တိုက်ခန်းကို ရောင်းသွားဖို့ စိတ်ကူးမိတယ်”
“အိမ်ပြင်ဆင်မှုနဲ့ ပတ်သက်လို့က ရန်ကုန်မြို့တော် စည်ပင်သာယာရေး ဥပဒေအရ အသေးစားပြင်ဆင်မှုနဲ့ အကြီးစားပြင်ဆင်မှုဆိုပြီး ပြင်ဆင်ခွင့်လျှောက်ထားနိုင်ပါတယ်။ အဆောက်အအုံတစ်ခုလုံးကို ပြင်ဆင်ဖို့လိုရင်တော့ အကြီးစားပြင်ဆင်မှု လျှောက်ထားပြင်ဆင်ရမှာဖြစ်တယ်”
“ဒါဆိုရင် အိမ်ရှင်ရဲ့ သဘောတူညီမှုရှိဖို့ လိုမှာပေါ့ ဆရာ”
“ရှင်းအောင်ပြောရရင် ၂၀၁၈ ခုနှစ် ရန်ကုန်မြို့တော် စည်ပင်သာယာရေး ဥပဒေပုဒ်မ (၇၄) မှာ မြို့တော် နယ်နိမိတ်အတွင်း အဆောက်အအုံ တစ်ခုခု သို့မဟုတ် အစိတ်အပိုင်း တစ်ရပ်ရပ်၏ ပျက်စီးမှုအခြေအနေသည် မြို့တော် အင်္ဂါရပ်ကို ထိခိုက်စေလျှင်ဖြစ်စေ နောင်တွင် အန္တရာယ်ရှိနိုင်သည့်အထိ အခြေအနေဆိုးရွား လာနိုင်လျှင်ဖြစ်စေ ကော်မတီသည် ပိုင်ရှင်သို့မဟုတ် နေထိုင်သူအား မူလအတိုင်း ပြန်လည်ပြင်ဆင်ရန်ဆင့် ဆိုနိုင်သည်။ ယင်းအဆောက်အအုံ ပိုင်ရှင်က ငြင်းဆန်ခြင်းမရှိစေရလို့ ပြဋ္ဌာန်းထားပါတယ်။ ဒါကြောင့် အဆောက်အအုံနဲ့ ပတ်သက်လို့ စုပေါင်း ပြင်ဆင်ဖို့လိုအပ်လာရင် မြေပိုင်ရှင်က ငြင်းဆန်ခွင့် မရှိပါဘူး”
“ကုန်ကျစရိတ်ကို တိုက်ခန်းနေသူများနဲ့ မြေရှင်က စုပေါင်းကျခံရမှာ မဟုတ်လား ဆရာ”
“ဟုတ်ပါတယ်။ ဒါပေမယ့် ကုန်ကျစရိတ်ကိုနောက်မှ ထည့်ဝင်ပါမယ်ဆိုပြီး အကြွေးသတ်မှတ်တဲ့သူတွေလည်း ရှိလာနိုင်တယ်”
“ဟုတ်တယ် ဆရာ။ ဥပဒေက ကုန်ကျစရိတ်ကို စုပေါင်းထည့်ဝင်ရမယ်လို့ ပြဋ္ဌာန်းပေးထားရင် ကောင်းမယ် ဆရာ”
“မကြာတော့ပါဘူး။ စုပေါင်းကျခံရမယ့် အဆောက်အအုံပြင်ဆင် စရိတ်စနစ် အကောင်အထည်ဖော် ဆောင် ရွက်သွားမည်ဖြစ်ကြောင်း ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ်ရဲ့ အိမ်ရာ အဆောက်အအုံနဲ့ ပတ်သက်တဲ့ အခမ်းအနားတစ်ခုမှာ ပြောဆိုသွားတာ ရှိပါတယ်”
“ဒါဆိုရင်တော့ ဝမ်းသာစရာပဲပေါ့ ဆရာရယ်”
“ဟုတ်ပါတယ်။ ယခုအခါ နိုင်ငံတော် အစိုးရရဲ့ ဦးဆောင်မှုနဲ့ တိုင်းဒေသကြီးတွေမှာ ဝန်ထမ်းအိမ်ရာ တန်ဖိုး သင့်၊ တန်ဖိုးနည်းအိမ်ရာတွေကို ရောင်းချပေးနေပြီဖြစ်တယ်။ တချို့အိမ်ရာတွေမှာ လက်ရောက် ရယူနေထိုင် နေကြပြီဖြစ်တယ်။ ဒါကြောင့် စုပေါင်းပိုင် အဆောက်အအုံတွေဖြစ်တဲ့အတွက် အဆောက်အအုံ ပြင်ဆင်စရိတ် ကို တိုက်ခန်းနေသူ အားလုံး ထည့်ဝင်ရမယ့်စနစ် ဆောင်ရွက်လာမှာ ဖြစ်ပါတယ်”
“ဆရာပြောသလို အကြွေးနဲ့ ပေးဆပ်မယ်ဆိုလို့ တစ်ဦးဦးက စိုက်ထုတ်ထားမယ်ဆိုရင် အဲဒီကုန်ကျစရိတ်ကို ဥပဒေနဲ့အညီ တောင်းဆိုခွင့်ရှိလာ နိုင်တာပေါ့”
“မှန်ပါတယ်။ ငွေမပြေကျန်ငွေ ရလိုမှုအဖြစ် တရားစွဲရယူနိုင်တဲ့အထိ ပြည့်စုံစွာပြဋ္ဌာန်းလာလိမ့်မယ်လို့ မျှော်လင့် ရပါတယ်”ဟု ဆွေးနွေး လိုက်ပါသည်။
အိမ်ခြံမြေ ကိစ္စအဝဝနှင့် ပတ်သက်၍ ဥပဒေအကြံပေးပညာရှင်များနှင့် ဆွေးနွေးတိုင်ပင်လိုပါက iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ၏ ဖုန်းနံပါတ်များဖြစ်သော 09-966901767, 09-268022352 သို့ ဆက်သွယ်နိုင်ပါသည်။ အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။
Credit: ထီယု (ဥပဒေအတိုင်ပင်ခံ)
### Zawgyi Version ###
စုေပါင္းက်ခံရမည့္ ကန္ထ႐ုိက္တုိက္ အေဆာက္အအုံ ျပင္ဆင္စရိတ္စနစ္
“မိမိေနထုိင္ရာ တုိက္ခန္းကုိ ျပင္ဆင္မယ္ဆုိရင္ ေျမရွင္ရဲ႕ သေဘာတူညီခ်က္ လုိတယ္ဆုိတာ ဟုတ္ပါသလား ဆရာ”ဟု စာေရးသူထံ မိတ္ ေဆြတစ္ဦးက လာေရာက္ေဆြးေႏြးပါသည္။
“ဘယ္အပုိင္းကို ျပင္ဆင္ခ်င္တာလဲ။ မိမိေနထုိင္ရာ တုိက္ခန္းကုိ ေဆးသုတ္မယ္၊ အလွဆင္မယ္ဆုိရင္ေတာ့ အိမ္ရွင္၊ ေျမရွင္ရဲ႕ သေဘာတူညီခ်က္မလုိပါဘူး”
“အခန္းတစ္ခန္းထပ္ဖြဲ႕ခ်င္လုိ႔ပါ ဆရာ။ ၿပီးေတာ့ မီးဖုိခန္းလည္း နည္းနည္းျပင္ဆင္စရာေလးရွိလုိ႔ပါ”
“မိတ္ေဆြႀကီးက အဲဒီအခန္းကုိ ၀ယ္ထားတာၾကာၿပီလား။ မူလကတည္းက အခန္းေတြ ကန္႔ထားၿပီးသားမဟုတ္လား”
“၀ယ္စဥ္က အိပ္ခန္းတစ္ခန္းဖြဲ႕ထားပါတယ္”
“ခုိင္ခုိင္မာမာအုတ္စီၿပီး အခန္းဖဲြ႕ထားတာလား”
“မဟုတ္ဘူး ဆရာ၊ ေဟာခန္းသေဘာမ်ဳိးပါ။ အထပ္သားနဲ႔ အခန္းကန္႔ထားတာျဖစ္ပါတယ္”
“အခုကိစၥက ေနာက္ထပ္အခန္း တစ္ခန္းထပ္ဖဲြ႕ခ်င္တဲ့ သေဘာမဟုတ္လား”
“ဟုတ္ပါတယ္ ဆရာ။ အခ်ဳိ႕က ေျပာေတာ့ ခုိင္ခုိင္မာမာ ေဆာက္လုပ္ျခင္းမျပဳရဘူးလုိ႔ ေျပာၾကတယ္”
“မွန္ပါတယ္။ နံရံကိုေဖာက္ၿပီး ခုိင္ခုိင္မာမာထပ္ခုိးဖြဲ႕တာမ်ဳိး၊ အုတ္နံရံ ကာရံထားၿပီး မူလဖြဲ႕ထားတဲ့ အခန္းကို ဖ်က္ပစ္တာမ်ဳိး မလုပ္ရဘူး။ ေျမရွင္က သေဘာမတူရင္ တရားစြဲဆုိပုိင္ခြင့္ရွိလာႏုိင္တယ္”
“ဟုတ္ကဲ့ အဲဒါေၾကာင့္ စုိးရိမ္လုိ႔ ေမးျမန္းေဆြးေႏြးတာပါ”
“အခုကိစၥက အထပ္သားနဲ႔ ကာရံၿပီး အခန္းဖြဲ႕မွာဆုိေတာ့ ေျမရွင္ သေဘာတူညီခ်က္ရဖုိ႔ မလုိအပ္ပါဘူး”
“ဆရာ ေျပာသလုိ ေျမရွင္ကတရားစြဲ ႏွင္ခ်တာမ်ဳိးျဖစ္မွာစုိးရိမ္မိလုိ႔ပါ”
“ရွင္းေအာင္ေျပာရရင္ တရား႐ံုးခ်ဳပ္က ဆုံးျဖတ္ထားတဲ့ ေဒၚခင္ၾကည္ႏွင့္ လီေအာင္အီေဆးအမႈ ၁၉၅၈ ခုႏွစ္ တရားစီရင္ထုံးမွာ သစ္သား ထရံအေဟာင္းတစ္ခုကုိ တပ္ဆင္ျခင္းသည္ ခုိင္ၿမဲေသာ အေဆာက္အအုံ ေဆာက္ျခင္းမဟုတ္။ ထုိသုိ႔ျပဳ လုပ္ျခင္းျဖင့္ အိမ္ကိုမထိခုိက္ေပဟု ဆံုးျဖတ္ထားပါတယ္။ ဒါေၾကာင့္ မိတ္ေဆြရဲ႕ အခန္းတစ္ခန္းကို အထပ္သားနဲ႔ ဖဲြ႕ျခင္းဟာ ခုိင္ၿမဲေသာ အေဆာက္အအုံေဆာက္လုပ္ျခင္း မဟုတ္တဲ့အတြက္ ဥပေဒအရ အေရးယူႏုိင္တဲ့ အျပဳအမူမဟုတ္လုိ႔ ေျပာခ်င္ပါတယ္”
“ဟုတ္ကဲ့ ဆရာ၊ အခုမွ စိတ္ထဲ ရွင္းသြားေတာ့တယ္။ ဒါေပမယ့္ တစ္ခုေတာ့ ေမးခ်င္တယ္”
“ေျပာပါဗ်ာ။ လြတ္လြတ္လပ္လပ္ေျပာႏုိင္ပါတယ္။ တုိက္ခန္းကုိ ျပင္ဆင္ၿပီး ျပန္ေရာင္းမယ္စိတ္ကူးလုိ႔လား”
“ေရာင္းမယ္လုိ႔ေတာ့ စိတ္မကူးပါဘူး ဆရာ။ အခ်ဳိ႕ကေျပာေတာ့ ေအာက္ထပ္တုိက္ခန္းမုိ႔ ေစ်းဆုိင္ဖြင့္ လုိ႔ရတယ္ ေျပာတယ္ ဆရာ”
“အဲဒါေတာ့ ေျမရွင္ရဲ႕ သေဘာတူညီခ်က္ရဖုိ႔ လုိတယ္။ စတုိးဆုိင္ဖြင့္မယ္ဆုိရင္ သက္ဆုိင္ရာ ၿမိဳ႕နယ္ စည္ပင္သာယာေရး ေကာ္မတီရဲ႕ ခြင့္ျပဳခ်က္ကို ရယူရပါတယ္။ လုိအပ္ရင္ ရန္ကုန္ၿမိဳ႕ေတာ္ စည္ပင္သာယာေရး ေကာ္မတီထံခြင့္ျပဳခ်က္ရယူ ေဆာင္ ရြက္ရပါတယ္”
“ဟုတ္ကဲ့ ဆရာ၊ ဗဟုသုတအ ျဖစ္ ေဆြးေႏြးတာပါ ဆရာ။ အေဆာက္အအုံတစ္တုိက္လုံး ျပင္ဆင္ဖုိ႔လုိရင္ ဘယ္လုိေဆာင္ရြက္ရပါသလဲ ဆရာ”
“အေဆာက္အအုံတစ္ခုလုံးနဲ႔ သက္ဆုိင္တဲ့ မိလႅာကိစၥ၊ ေဆးသုတ္မယ့္ ကိစၥမ်ဳိးဆုိရင္ေတာ့ အေဆာက္ အအုံမွာေနထိုင္ၾကတဲ့ သူေတြက စုေပါင္းထည့္၀င္ေဆာင္ရြက္ၾကရမွာ ျဖစ္တယ္”
“အဲဒါနဲ႔ ပတ္သက္လုိ႔ သီးျခား ျပ႒ာန္းထားတဲ့ ဥပေဒရွိပါသလား”
“ဥပေဒအျဖစ္နဲ႔ သီးျခားျပ႒ာန္းထားတာေတာ့ မရွိေသးဘူး။ အမ်ားဆုိင္ အိမ္ရာေတြမွာေတာ့ အဲဒီစနစ္ကို မူလကတည္းက က်င့္သုံးေနၾကၿပီျဖစ္ပါတယ္။ အိမ္ရာမွာေနထုိင္တဲ့ တုိက္ခန္းပုိင္ရွင္ေတြစုေပါင္းၿပီး ေကာ္မတီတစ္ခုဖြဲ႕စည္းထားတယ္။ လစဥ္ ၀န္ေဆာင္မႈအတြက္ စုေပါင္းထည့္၀င္ေငြစုေဆာင္းထားၾကတယ္။ အဲဒီစုေပါင္းထည့္၀င္ေငြနဲ႔ အေဆာက္အအုံကုိစုေပါင္းျပင္ဆင္ ေဆာင္ရြက္ၾကပါတယ္”
“ဟုတ္ကဲ့ ကြန္ဒုိအိမ္ရာေတြမွာေတာ့ စုေပါင္းထည့္၀င္ေငြနဲ႔ ေဆာင္ရြက္ၾကတယ္လုိ႔ သိရပါတယ္။ ဒါေပမယ့္ အခုလုိ ကန္ထ႐ုိက္တုိက္ပုံစံမ်ဳိးမွာ ကုန္က်စရိတ္ေကာက္ခံရတာ မလြယ္ဘူး ဆရာ”
“ေျမရွင္နဲ႔ ညိႇႏႈိင္းေဆာင္ရြက္ရတာမ်ဳိးက တုိက္ခန္းေနသူ အားလုံးညီၫြတ္မႈရွိဖုိ႔ လုိတယ္”
“ကၽြန္ေတာ္ေနတဲ့ တုိက္ဆုိရင္ အေပၚထပ္က ေရစီးက်တာေတြရွိ လာတယ္။ နံရံက ဘိလပ္ေျမေတြက လည္း ကြာက်စျပဳေနၿပီ။ ဒါေၾကာင့္ တစ္ခါတစ္ရံမွာေတာ့ တုိက္ခန္းကို ေရာင္းသြားဖုိ႔ စိတ္ကူးမိတယ္”
“အိမ္ျပင္ဆင္မႈနဲ႔ ပတ္သက္လုိ႔က ရန္ကုန္ၿမိဳ႕ေတာ္ စည္ပင္သာယာေရး ဥပေဒအရ အေသးစားျပင္ဆင္မႈနဲ႔ အႀကီးစားျပင္ဆင္မႈဆုိၿပီး ျပင္ဆင္ခြင့္ေလွ်ာက္ထားႏုိင္ပါတယ္။ အေဆာက္အအုံတစ္ခုလုံးကို ျပင္ဆင္ဖုိ႔လုိရင္ေတာ့ အႀကီးစားျပင္ဆင္မႈ ေလွ်ာက္ထားျပင္ဆင္ရမွာျဖစ္တယ္”
“ဒါဆုိရင္ အိမ္ရွင္ရဲ႕ သေဘာတူညီမႈရွိဖို႔ လုိမွာေပါ့ ဆရာ”
“ရွင္းေအာင္ေျပာရရင္ ၂၀၁၈ ခုႏွစ္ ရန္ကုန္ၿမိဳ႕ေတာ္ စည္ပင္သာယာေရး ဥပေဒပုဒ္မ (၇၄) မွာ ၿမိဳ႕ေတာ္ နယ္နိမိတ္အတြင္း အေဆာက္အအုံ တစ္ခုခု သို႔မဟုတ္ အစိတ္အပုိင္း တစ္ရပ္ရပ္၏ ပ်က္စီးမႈအေျခအေနသည္ ၿမိဳ႕ေတာ္ အဂၤါရပ္ကို ထိခုိက္ေစလွ်င္ျဖစ္ေစ ေနာင္တြင္ အႏၲရာယ္ရွိႏိုင္သည့္အထိ အေျခအေနဆုိးရြား လာႏုိင္လွ်င္ျဖစ္ေစ ေကာ္မတီသည္ ပိုင္ရွင္သုိ႔မဟုတ္ ေနထုိင္သူအား မူလအတုိင္း ျပန္လည္ျပင္ဆင္ရန္ဆင့္ ဆုိႏုိင္သည္။ ယင္းအေဆာက္အအုံ ပုိင္ရွင္က ျငင္းဆန္ျခင္းမရွိေစရလုိ႔ ျပ႒ာန္းထားပါတယ္။ ဒါေၾကာင့္ အေဆာက္အအုံနဲ႔ ပတ္သက္လုိ႔ စုေပါင္း ျပင္ဆင္ဖုိ႔လုိအပ္လာရင္ ေျမပုိင္ရွင္က ျငင္းဆန္ခြင့္ မရွိပါဘူး”
“ကုန္က်စရိတ္ကို တုိက္ခန္းေနသူမ်ားနဲ႔ ေျမရွင္က စုေပါင္းက်ခံရမွာ မဟုတ္လား ဆရာ”
“ဟုတ္ပါတယ္။ ဒါေပမယ့္ ကုန္က်စရိတ္ကိုေနာက္မွ ထည့္၀င္ပါမယ္ဆုိၿပီး အေႂကြးသတ္မွတ္တဲ့သူေတြလည္း ရွိလာႏုိင္တယ္”
“ဟုတ္တယ္ ဆရာ။ ဥပေဒက ကုန္က်စရိတ္ကို စုေပါင္းထည့္၀င္ရမယ္လုိ႔ ျပ႒ာန္းေပးထားရင္ ေကာင္းမယ္ ဆရာ”
“မၾကာေတာ့ပါဘူး။ စုေပါင္းက်ခံရမယ့္ အေဆာက္အအုံျပင္ဆင္ စရိတ္စနစ္ အေကာင္အထည္ေဖာ္ ေဆာင္ ရြက္သြားမည္ျဖစ္ေၾကာင္း ရန္ကုန္တုိင္းေဒသႀကီး ၀န္ႀကီးခ်ဳပ္ရဲ႕ အိမ္ရာ အေဆာက္အအုံနဲ႔ ပတ္သက္တဲ့ အခမ္းအနားတစ္ခုမွာ ေျပာဆုိသြားတာ ရွိပါတယ္”
“ဒါဆုိရင္ေတာ့ ၀မ္းသာစရာပဲေပါ့ ဆရာရယ္”
“ဟုတ္ပါတယ္။ ယခုအခါ ႏုိင္ငံေတာ္ အစုိးရရဲ႕ ဦးေဆာင္မႈနဲ႔ တုိင္းေဒသႀကီးေတြမွာ ၀န္ထမ္းအိမ္ရာ တန္ဖုိး သင့္၊ တန္ဖုိးနည္းအိမ္ရာေတြကို ေရာင္းခ်ေပးေနၿပီျဖစ္တယ္။ တခ်ဳိ႕အိမ္ရာေတြမွာ လက္ေရာက္ ရယူေနထုိင္ ေနၾကၿပီျဖစ္တယ္။ ဒါေၾကာင့္ စုေပါင္းပုိင္ အေဆာက္အအုံေတြျဖစ္တဲ့အတြက္ အေဆာက္အအုံ ျပင္ဆင္စရိတ္ ကို တုိက္ခန္းေနသူ အားလုံး ထည့္၀င္ရမယ့္စနစ္ ေဆာင္ရြက္လာမွာ ျဖစ္ပါတယ္”
“ဆရာေျပာသလုိ အေႂကြးနဲ႔ ေပးဆပ္မယ္ဆုိလုိ႔ တစ္ဦးဦးက စုိက္ထုတ္ထားမယ္ဆုိရင္ အဲဒီကုန္က်စရိတ္ကို ဥပေဒနဲ႔အညီ ေတာင္းဆုိခြင့္ရွိလာ ႏုိင္တာေပါ့”
“မွန္ပါတယ္။ ေငြမေျပက်န္ေငြ ရလုိမႈအျဖစ္ တရားစြဲရယူႏုိင္တဲ့အထိ ျပည့္စုံစြာျပ႒ာန္းလာလိမ့္မယ္လုိ႔ ေမွ်ာ္လင့္ ရပါတယ္”ဟု ေဆြးေႏြး လုိက္ပါသည္။
အိမ္ျခံေျမ ကိစၥအဝဝနွင့္ ပတ္သက္၍ ဥပေဒအၾကံေပးပညာရွင္မ်ားနွင့္ ေဆြးေႏြးတိုင္ပင္လိုပါက iMyanmarHouse.com (အိုင္ျမန္မာေဟာက္စ္ေဒါ႔ကြန္း) ၏ ဖုန္းနံပါတ္မ်ားျဖစ္ေသာ 09-966901767, 09-268022352 သို႔ ဆက္သြယ္ႏိုင္ပါသည္။ အေသးစိတ္ၾကည့္ရန္ ဤေနရာကို ႏွိပ္ပါ။
Credit: ထီယု (ဥပေဒအတုိင္ပင္ခံ)