သင်စိတ်ကူးထဲက အိမ်လေးဝယ်နိုင်ဖို့ထက် လက်တွေ့မှာမိမိအတွက် အဆင်ပြေနိုင်မယ့်အိမ်ကို ရွေးချယ်လိုက်ပါ

သင်စိတ်ကူးထဲက အိမ်လေးဝယ်နိုင်ဖို့ထက် လက်တွေ့မှာမိမိအတွက် အဆင်ပြေနိုင်မယ့်အိမ်ကို ရွေးချယ်လိုက်ပါ - Property Knowledge in Myanmar from iMyanmarHouse.com
15 May 2020 10:03 am တွင် တင်ခဲ့သည်
1177 ကြိမ် ကြည့်ရှု့ပြီး

ဗဟုသုတ | Posted by နှင်းအိခင်

[Unicode]

လူတိုင်းတွင် မိမိစိတ်တိုင်းကျစိတ်ကူးထားသောအိမ်မျိုး ရှိတတ်သည်။ သို့ရာတွင် သင်လိုချင်သည့် စိတ်ကူးယဉ်အိမ်မှာ စိတ်ကူးယဉ်သည့် အဆင့်တွင်သာရှိပြီး အမှန်တကယ်ဖြစ်လာရန် ဝေးနေသေးသည့် အိမ်တစ်လုံးဖြစ်သည်။ ထို့ကြောင့် သင်သည် အိမ်တစ်လုံးရွေးချယ်ဝယ်ယူသည့်အခါတွင် လက်တွေ့ကျကျ စဉ်းစားတတ်ရန်လိုအပ်သည်။

မည်ကဲ့သို့သောအိမ်သည် သင့်အတွက် သင့်တော်မည်ဆိုသည်ကို စဉ်းစားရာတွင် ရေရှည်ကို တွက်ချက်ရန် လိုအပ်သည်။ မိမိဝယ်ယူမည့်အိမ်သည် လက်ရှိလိုအပ်ချက်များနှင့်သာမက မိမိ၏ရေရှည်အစီအမံများအတွက်ပါ သင့်တော်ကိုက်ညီစေရန် ကြိုးစားပါ။ မိမိဝယ်လိုသည့်အိမ်ကို နောက်ပိုင်းတွင် မည်ကဲ့သို့ ပြန်ရောင်းနိုင်မည် သို့မဟုတ် ထိုအိမ်မှ ဝင်ငွေရလမ်းတစ်ခုကို မည်ကဲ့သို့ ဖန်တီးနိုင်မည်ဆိုသည်ကို ထည့်သွင်းစဉ်းစားအပ်သည်။ မိမိယခုဝယ်ယူမည့်အိမ်သည် မိမိ၏တစ်ဘဝ လုံးအတွက်စိတ်ကူးထားသော အိမ်မျိုးဖြစ်ရန် မလိုအပ်သေးပါ။ သို့သော် မိမိ၏လက်ရှိလိုအပ်ချက်များ၊ အနာဂတ်လိုအပ်ချက်များကို ဖြည့်ဆည်းနိုင်သည့် အိမ်မျိုးဖြစ်ရန် လိုသည်။

အိမ်ခြံမြေအမျိုးအစားများ

အိမ်များ သီးသန့်နေလိုခြင်း၊ အေးငြိမ်းသည့် ပတ်ဝန်းကျင်လိုအပ်ခြင်းတို့ဖြစ်ပါက အိမ်တစ်လုံးဝယ်ယူခြင်းသည် ကောင်းမွန်သည့်ရွေးချယ်မှုဖြစ်သည်။ မြေကိုသာဝယ်ပြီး မိမိစိတ်တိုင်းကျ အိမ်သစ်ဆောက်လုပ် နေထိုင်မည်လား၊ ယခင်အိမ်ပုံစံမျိုး ဆောက်ပြီး နေထိုင်မည်လားဆိုသည်ကို ဆုံးဖြတ်ရမည်ဖြစ်သည်။ အိမ်ဆောက်မည်ဆိုပါက အဓိကအချက်မှာ မြေပင်ဖြစ်သည်။ မြေဈေးနှုန်းသည် အကျယ်အဝန်းနှင့် တည်နေရာတို့အပေါ်တွင် မူတည်သည်။ မြေကွက်သည် လမ်းမကြီးများပေါ် သို့မဟုတ် စီးပွားရေးအရအချက်အခြာကျသောနေရာများတွင် တည်ရှိပါက အခြားနေရာများထက် ဈေးနှုန်းပိုများမည်ဖြစ်သည်။ အသစ်ဆောက်လုပ်ပြီး အိမ်တစ်လုံးဝယ်ယူခြင်းသည် မြေကွက်ဝယ်ယူပြီး ကိုယ်တိုင်အိမ်ဆောက်သည်ထက် ပို၍ကုန်ကျမည်ဖြစ်သည်။ လူနေပြီးအိမ်ကိုဝယ်ယူပါက ထိုနှစ်ခုထက် ပို၍ဈေးသက်သာမည်ဖြစ်သော်လည်း အိမ်၏အခြေအနေပေါ်လည်း မူတည်နေပေသည်။ အိမ်သည် ကောင်းမွန်သောအခြေအနေတွင်ရှိပါက များစွာပြင်ဆင်ရန်လိုအပ်မည်မဟုတ်ပါ။ သို့မဟုတ်ပါက အိမ်ပြင်ဆင်ရသည့်စရိတ်သည် အသစ်ဆောက်လုပ်ပြီးအိမ်တစ်လုံးဝယ်ယူသည့်နီးပါး ကုန်ကျနိုင်သည်။

ကွန်ဒိုတိုက်ခန်းများ။ အိမ်ဝယ်ယူရာတွင် ကွန်ဒိုတိုက်ခန်းများကို လူအများသဘောကျကြသည်။ အကြောင်းမှာ လုံခြုံရေးနှင့် အခြားဝန်ဆောင်မှုများကို ရရှိနိုင်သောကြောင့်ဖြစ်သည်။ သို့ရာတွင် ကွန်ဒိုတိုက်ခန်းတွင်နေထိုင်ပါက မြက်ခင်းရိတ်ခြင်း၊ ယင်းလိပ်ဆေးသုတ်ခြင်း၊ အခြားပြုပြင်ထိန်းသိမ်းခြင်းဝန်ဆောင်မှုများအတွက် လစဉ် ပြုပြင်ထိန်းသိမ်းခကို ပေးရမည်ဖြစ်သည်။ မြို့လယ်နှင့်အတန်ငယ်ဝေးသောနေရာရှိ အိမ်ဈေးနှင့်ယှဉ်ကြည့်ပါက ရှုခင်းကောင်းသောမြို့လယ်ရှိ ကွန်ဒိုတိုက်ခန်းဈေးသည် နှစ်ဆ၊ သုံးဆပိုများလေ့ရှိသည်။ ထို့ကြောင့် မိမိအနေဖြင့် ဇိမ်ခံပုံစံဆန်သောအိမ်မျိုး အလိုရှိခြင်းမဟုတ်ပါက ကွန်ဒိုတိုက်ခန်းငယ်လေးများကို ပိုမိုရွေးချယ်သင့်သည်။ ကွန်ဒိုတိုက်ခန်းငယ်များတွင် ဓာတ်လှေကားနှင့် လုံခြုံရေးမှလွဲ၍ အခြားဝန်ဆောင်မှုများမရှိပါ။ ကွန်ဒိုတိုက်ခန်းငယ်များသည် ပုံမှန်ကွန်ဒိုတိုက်ခန်းကြီးများထက် ဈေးများစွာသက်သာသည်။

မိမိဝယ်ယူလိုသည့် အိမ်အမျိုးအစားကို စဉ်းစားချင့်ချိန်သည့်အပြင် www. iMyanmarHouse.com ကဲ့သို့သော ဝဘ်ဆိုက်များတွင်လည်း အခြားရွေးချယ်ဖွယ်ရာများကို ရှာဖွေလေ့လာနိုင်ပေသည်။ ဤဝဘ်ဆိုက်တွင် အိမ်ခြံမြေနှင့်စပ်လျဉ်းသော နောက်ဆုံးပေါ် သတင်းအချက်အလက်များ၊ အခွင့်အလမ်းများကို တွေ့ရှိနိုင်မည်ဖြစ်သည်။

အားလုံးအတွက်ငွေကြေးဆိုင်ရာ ဗဟုသုတမှ ကောက်နုတ်ဖော်ပြသည်။

အိမ်ခြံမြေ ကိစ္စအဝဝနှင့် ပတ်သက်၍ ဥပဒေအကြံပေးပညာရှင်များနှင့် ဆွေးနွေးတိုင်ပင်လိုပါက iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ၏ ဖုန်းနံပါတ်များဖြစ်သော 09-966901767, 09-268022352 သို့ ဆက်သွယ်နိုင်ပါသည်။ အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။

iMyanmarHouse.com ၏ ဥပဒေအကြံပေး ပညာရှင်အဖွဲ့ မှ အထူးရေးသားဖော်ပြသည်။

Credit: iMyanmarHouse.com

 

[Zawgyi]












 

 

နောက်ဆုံးရ အိမ်ခြံမြေ ဗဟုသုတများ

KITCHEN ဆေးရောင်ရွေးချယ်မှုအတွက် အကြံပေးမှုတစ်ချို့
KITCHEN ဆေးရောင်ရွေးချယ်မှုအတွက် အကြံပေးမှုတစ်ချို့
စုံလင်ဖွေရှာ အိမ်ခြံမြေဥပဒေရေးရာ
စုံလင်ဖွေရှာ အိမ်ခြံမြေဥပဒေရေးရာ
သာသနာဂရန်မြေ လျှောက်ထားရာတွင် သိရှိထားသင့်သည့် အချက်အလက်များအကြောင်း ဥပဒေဗဟုသုတ အနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။...
သာသနာဂရန်မြေ လျှောက်ထားရာတွင် သိရှိထားသင့်သည့် အချက်အလက်များအကြောင်း ဥပဒေဗဟုသုတ အနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။...
မရွှေ့မပြောင်းနိုင်သောပစ္စည်းကို ကန့်သတ်သည့်ဥပဒေအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြ ပေးလိုက်ပါသည်။...
မရွှေ့မပြောင်းနိုင်သောပစ္စည်းကို ကန့်သတ်သည့်ဥပဒေအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြ ပေးလိုက်ပါသည်။...
၂၀၂၅-၂၀၂၆ ခုနှစ်အတွက် ရန်ကုန်တိုင်း မြို့နယ်စုံ အသစ်ထွက်ရှိလာသော ရာဖြတ်နှုန်းထားများ
၂၀၂၅-၂၀၂၆ ခုနှစ်အတွက် ရန်ကုန်တိုင်း မြို့နယ်စုံ အသစ်ထွက်ရှိလာသော ရာဖြတ်နှုန်းထားများ
မြေယာစီမံခန့်ခွဲမှု စပ်လျဉ်း၍ ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
မြေယာစီမံခန့်ခွဲမှု စပ်လျဉ်း၍ ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
ငွေရေးကြေးရေးဆိုင်ရာအဖွဲ့အစည်း ဥပဒေအကြောင်းကို ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။...
ငွေရေးကြေးရေးဆိုင်ရာအဖွဲ့အစည်း ဥပဒေအကြောင်းကို ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။...
အပတ်စဉ် သိမှတ်ဖွယ်ရာ ဥပဒေအမေးအဖြေကဏ္ဍ
အပတ်စဉ် သိမှတ်ဖွယ်ရာ ဥပဒေအမေးအဖြေကဏ္ဍ
အိမ်ခြံမြေအသိကြွယ်စေဖို့ရာ ဥပဒေအမေးအဖြေကဏ္ဍ
အိမ်ခြံမြေအသိကြွယ်စေဖို့ရာ ဥပဒေအမေးအဖြေကဏ္ဍ
စုပေါင်းပိုင် အဆောက်အအုံနှင့် စပ်လျဉ်း၍ လိုက်နာရမည့် အချက်အလက်များ ဥပဒေဗဟုသုတအအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။...
စုပေါင်းပိုင် အဆောက်အအုံနှင့် စပ်လျဉ်း၍ လိုက်နာရမည့် အချက်အလက်များ ဥပဒေဗဟုသုတအအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။...

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

တရုတ်ပြည်၏ ဆင်းရဲမွဲတေမှု တိုက်ဖျက်ရေး အကူအညီစီမံကိန်းကြောင့် ကမ္ဘောဒီးယားရှိ ဝေးလံခေါင်ဖျား သော ရွာလေးတစ်ခု ခေတ်မီကာ စီ
တရုတ်ပြည်၏ ဆင်းရဲမွဲတေမှု တိုက်ဖျက်ရေး အကူအညီစီမံကိန်းကြောင့် ကမ္ဘောဒီးယားရှိ ဝေးလံခေါင်ဖျား သော ရွာလေးတစ်ခု ခေတ်မီကာ စီ
အယ်လ်ဆာဗေဒေါနိုင်ငံရှိ သေမင်းတမန် အကျဉ်းစခန်းကြီး၏ ဓာတ်ပုံများ လူမှုကွန်ရက်တွင် ပျံ့နှံ့ဂယက်ရိုက်
အယ်လ်ဆာဗေဒေါနိုင်ငံရှိ သေမင်းတမန် အကျဉ်းစခန်းကြီး၏ ဓာတ်ပုံများ လူမှုကွန်ရက်တွင် ပျံ့နှံ့ဂယက်ရိုက်
[ဆန်းကြယ်သော သဘာဝတရား] အီရန်နိုင်ငံက ခြောက်ခြားဖွယ် အသံနက်ကြီးများ ထုတ်လွှင့်သော ကျိန်စာသင့် တောအုပ်ကြီးအကြောင်း
[ဆန်းကြယ်သော သဘာဝတရား] အီရန်နိုင်ငံက ခြောက်ခြားဖွယ် အသံနက်ကြီးများ ထုတ်လွှင့်သော ကျိန်စာသင့် တောအုပ်ကြီးအကြောင်း
ထိုင်းတွင် သန့်ရှင်းရေး မိန်းကလေးတစ်ဦးကို ရုရှားဓာတ်ပုံဆရာတစ်ဦးက ဗွီဒီယိုရိုက်ကူးကာ TikTok တွင် တင်ခဲ့ရာ သန့်ရှင်းရေးမိန
ထိုင်းတွင် သန့်ရှင်းရေး မိန်းကလေးတစ်ဦးကို ရုရှားဓာတ်ပုံဆရာတစ်ဦးက ဗွီဒီယိုရိုက်ကူးကာ TikTok တွင် တင်ခဲ့ရာ သန့်ရှင်းရေးမိန
ထိုင်း နာမည်ကြီးအဆိုတော် ကောင်းဟွေးရိုင်းက ငလျင်ကြောင့် အဆောက်အအုံပြိုကျသည့်အထဲတွင် မိဘ ၂ ပါး ပါသွားခဲ့ရသည့် ၁၉ နှစ်အရွယ
ထိုင်း နာမည်ကြီးအဆိုတော် ကောင်းဟွေးရိုင်းက ငလျင်ကြောင့် အဆောက်အအုံပြိုကျသည့်အထဲတွင် မိဘ ၂ ပါး ပါသွားခဲ့ရသည့် ၁၉ နှစ်အရွယ
သာသနာဂရန်မြေ လျှောက်ထားရာတွင် သိရှိထားသင့်သည့် အချက်အလက်များအကြောင်း ဥပဒေဗဟုသုတ အနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
သာသနာဂရန်မြေ လျှောက်ထားရာတွင် သိရှိထားသင့်သည့် အချက်အလက်များအကြောင်း ဥပဒေဗဟုသုတ အနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
ဟောလိဝုဒ်ကြယ်ပွင့် Vin Diesel က Paloma နှင့် လမ်းခွဲချိန်တွင် သူမအတွက် လူနေမှုအဆင့်နိမ့်မသွားစေရန် အိမ်မှ နှင်မထုတ်ဘဲ မိ
ဟောလိဝုဒ်ကြယ်ပွင့် Vin Diesel က Paloma နှင့် လမ်းခွဲချိန်တွင် သူမအတွက် လူနေမှုအဆင့်နိမ့်မသွားစေရန် အိမ်မှ နှင်မထုတ်ဘဲ မိ
တရုတ်ပြည်တွင် မိန်းကလေးတစ်ဦးက အိမ်လခ သက်သာစေရန်အတွက် ၎င်းအလုပ်လုပ်သည့်စက်ရုံရှိ အိမ်သာခန်းအတွင်း နေထိုင်သည့်ဖြစ်ရပ် လူမှ
တရုတ်ပြည်တွင် မိန်းကလေးတစ်ဦးက အိမ်လခ သက်သာစေရန်အတွက် ၎င်းအလုပ်လုပ်သည့်စက်ရုံရှိ အိမ်သာခန်းအတွင်း နေထိုင်သည့်ဖြစ်ရပ် လူမှ
အိန္ဒိယတွင် တဲအိမ်အချို့ကို အာဏာပိုင်တို့က ဖြိုချဖျက်ဆီး၊ အိမ်ဖျက်ခံရသူတို့အား ရူပီး ၁၀ သိန်း လျော်ကြေးပေးရန် အိန္ဒိယ တရ
အိန္ဒိယတွင် တဲအိမ်အချို့ကို အာဏာပိုင်တို့က ဖြိုချဖျက်ဆီး၊ အိမ်ဖျက်ခံရသူတို့အား ရူပီး ၁၀ သိန်း လျော်ကြေးပေးရန် အိန္ဒိယ တရ
တောင်အာဖရိကတွင် အမျိုးသမီးတစ်ဦးက သားဖွားအပြီး တစ်လခန့်အကြာတွင် ဗိုက်ထဲ၌ ကလေးတစ်ဦး ကျန်နေသေးကြောင်း တုန်လှုပ်စွာ သိလိုက်ရ
တောင်အာဖရိကတွင် အမျိုးသမီးတစ်ဦးက သားဖွားအပြီး တစ်လခန့်အကြာတွင် ဗိုက်ထဲ၌ ကလေးတစ်ဦး ကျန်နေသေးကြောင်း တုန်လှုပ်စွာ သိလိုက်ရ
CarsDB
MIngalardon Garden City

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service