စကွာတာမြေအား မြေငှားစာချုပ်(ဂရန်)လျှောက်ထားရာတွင် ဆောင်ရွက်ပုံအဆင့်ဆင့်

စကွာတာမြေအား မြေငှားစာချုပ်(ဂရန်)လျှောက်ထားရာတွင် ဆောင်ရွက်ပုံအဆင့်ဆင့် - Property Knowledge in Myanmar from iMyanmarHouse.com
14 May 2020 1:22 pm တွင် တင်ခဲ့သည်
1018 ကြိမ် ကြည့်ရှု့ပြီး

ဗဟုသုတ | Posted by စည်သူအောင်

[Unicode]

စကွာတာမြေအား အမည်ပေါက် သို့မဟုတ် မှတ်ပုံတင်စာချုပ်စာတမ်းဖြင့် လွှဲပြောင်းလက်ခံရရှိသူက မြေငှား စာချုပ်(ဂရန်) လျှောက်ထားခွင့်ရှိပြီး မြေငှားစာချုပ်ထုတ်ပေးရာတွင် အောက်ပါအတိုင်း အဆင့်ဆင့်စိစစ်ရမည်-

(က) ဌာနမှသတ်မှတ်ထားသော လျှောက်လွှာပုံစံတွင် ပြည့်စုံစွာ ဖြည့်စွက်ထား ခြင်း ရှိ၊ မရှိ၊

(ခ) ပိုင်ဆိုင်မှုအထောက်အထားများ၊ မှတ်ပုံတင်စာချုပ်များ ပြည့်စုံမှုရှိ၊ မရှိ၊ ၎င်းမိတ္တူကို မူရင်းနှင့်တိုက်ဆိုင်စစ်ဆေးခြင်း ရှိ၊ မရှိ၊

(ဂ) နိုင်ငံသားစိစစ်ရေးကတ်ပြား သို့မဟုတ် အမျိုးသားမှတ်ပုံတင် ကတ်ပြား မိတ္တူကို မူရင်းနှင့် တိုက်ဆိုင်စစ်ဆေးခြင်း ရှိ၊ မရှိ၊

(ဃ) မြေငှားခကြွေးကျန် ကင်းရှင်းကြောင်း ထောက်ခံချက် သို့မဟုတ် မြေငှားခ နောက်ဆုံး ပေးဆောင်ပြီးကြောင်းပြေစာမိတ္တူကို မူရင်းနှင့်တိုက်ဆိုင်စစ်ဆေးခြင်း ရှိ၊ မရှိ၊

(င) မြေတိုင်းမှ မြေရာဇဝင်အစီရင်ခံခြင်း၊

(စ) တင်ပြထားသည့် မြေပိုင်ဆိုင်မှု အထောက်အထားများနှင့် မြေစာရင်း ကိုက်ညီမှု ရှိ၊ မရှိ၊

(ဆ) မြေရာဇဝင်ပါမှတ်ချက်များကို အောက်ပါအတိုင်းစိစစ်ခြင်း-

(၁) မြေသိမ်း ရှိ၊ မရှိ၊

(၂) မြေတန်ဖိုးဖြတ်မှတ်ချက် ရှိ၊ မရှိ၊

(၃) အစိုးရဌာနဆိုင်ရာများ၏ တားမြစ်ချက် ရှိ၊ မရှိ၊

(၄) တရားရုံးတစ်ခုခုမှ တားဝရမ်း သို့မဟုတ် ဘဏ်တစ်ခုခုမှ ကန့်ကွက်ချက် ရှိ၊ မရှိ၊

(၅) ကန့်ကွက်ချက် ရှိ၊ မရှိ၊

(၆) ဂရန်စည်းကမ်းပျက်မှတ်ချက် ရှိ၊ မရှိ၊

(၇) ပြည်တွင်းအခွန်များဦးစီးဌာနမှ ကန့်ကွက်တားမြစ်ချက် သို့မဟုတ် ကြွေးကျန် ရှိ၊ မရှိ။

(ဇ) ၁၉၈ရ ခုနှစ် မရွှေ့မပြောင်းနိုင်သောပစ္စည်းလွှဲပြောင်းခြင်းကို ကန့်သတ်သည့် ဥပဒေနှင့် ငြိစွန်းမှု ရှိ၊ မရှိ၊

(ဈ) ကန့်ကွက်ရန်ကြော်ငြာစာကို မြေပေါ်တွင်(၁)စောင်၊ လျှောက်ထားသူ ကာယကံရှင်သို့ (၁)စောင်၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးနှင့် မြို့နယ်အုပ်ချုပ်ရေးမှူးရုံးသို့ (၁)စောင်စီကို လျှောက်ထားသူမှ ပေးပို့နိုင်ရေး ထုတ်ပေးရန်နှင့် ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးနှင့် မြို့နယ် အုပ်ချုပ်ရေးမှူးရုံးတို့မှ လက်ခံရရှိကြောင်း အထောက်အထား (၁)စောင်အား လျှောက်ထားသူက ပြန်လည် တင်ပြခြင်း ရှိ၊ မရှိ၊

(ည) မြေပေါ်ကွင်းဆင်းတိုင်းတာစစ်ဆေးခြင်းနှင့် အစီရင်ခံတင်ပြခြင်း၊

(ဋ) အထက်ပါအချက်များ ပြည့်စုံမှန်ကန်မှုရှိက မြန်မာ့အလင်း(သို့မဟုတ်)ကြေးမုံသတင်းစာ နှင့် မြို့တော်သတင်းစာတို့တွင် ကန့်ကွက်ရန် ရှိ၊ မရှိ ကြော်ငြာခြင်း၊

(ဌ) သတင်းစာ ကြော်ငြာပြီး သတ်မှတ်ရက်အတွင်း ကန့်ကွက်ချက်မရှိပါက အဆင့်ဆင့် စိစစ်ပြီး ဌာနမှူး၏ခွင့်ပြုချက်ရယူခြင်းနှင့် ကော်မတီဝင်များ အစည်းအဝေးသို့ တင်ပြ ခွင့်ပြုချက်ရယူခြင်း၊

(ဍ) ကော်မတီဝင်များအစည်းအဝေးခွင့်ပြုချက်ရရှိပါက သတ်မှတ်ထားသော မြို့နယ်အလိုက် ဝန်ဆောင်ခနှုန်းထားပေးသွင်းစေခြင်း၊ စည်းကမ်းပျက် ဒဏ်ကြေးပေးသွင်းစေခြင်းနှင့် ဝန်ဆောင်ခပေးသွင်းပြီးပါက မြေငှား စာချုပ်(ဂရန်)စာအုပ်တောင်းခံခြင်း၊

(ဎ) သက်ဆိုင်ရာမြေတိုင်းမှ မြေငှားစာချုပ်များပေါ်တွင် အငှားချထားမည့်မြေ၏ အတိုင်းအတာပါသော မြေပုံကိုရေးဆွဲခြင်း၊

(ဏ) မြေငှားချထားသူ၊ မြေငှားစာချုပ်ချခြင်းခံရသူနှင့် သက်သေတို့ကို မြေငှား စာချုပ်(ဂရန်) များပေါ်တွင် လက်မှတ်ရေးထိုးစေခြင်း၊

(တ) မြေငှားစာချုပ်များကို အဆင့်ဆင့်ပြန်လည်တင်ပြ၍ ဌာနမှူးမှ အတည်ပြု လက်မှတ်ရေးထိုး ပြီးနောက် ကာယကံရှင်အား မူရင်းကိုထုတ်ပေးခြင်း၊ မြန်မာနိုင်ငံတံဆိပ်ခေါင်းခွန်ဥပဒေအရ သတ်မှတ်ထားသော နှုန်းထား အတိုင်း အထူးကပ်တံဆိပ်ခေါင်းကပ်စေခြင်း၊ ကျန် မူရင်းခွဲ (ရုံးလက်ခံ)ကို သက်ဆိုင်ရာအမှုတွဲတွင် ပူးတွဲထားရှိပြီး အမှုတွဲထိန်းသို့ စနစ်တကျ ထိန်းသိမ်းထားရှိရန် အမှုတွဲ အားပေးပို့ခြင်း၊

(ထ) မြေငှားစာချုပ်ထုတ်ပေးပြီးသည့်အမှုတွဲကို ယင်းသို့ထုတ်ပေးပြီးကြောင်း မြို့မြေစာရင်းတွင်မှတ်သား ထားခြင်း၊ ကွန်ပျူတာမှတ်တမ်းတွင် မှတ်သားခြင်း၊

(ဒ) မြေငှားခစည်းကြပ်ကောက်ခံနိုင်ရေးအတွက် မြေငှားစာချုပ်ထုတ်ပေးခံရသူ အမည်ဖြင့် အခွန်စည်းကြပ်ခွဲပုံစာရင်းတွင် ရေးသွင်းခြင်းနှင့် မြေငှားခ စည်းကြပ်ကောက်ခံခြင်း စသည်တို့ကို ဆောင်ရွက်ပြီးပါက လျှောက်ထားသူအမည်ဖြင့် မြေငှားစာချုပ်(ဂရန်)ရှိမည်ဖြစ်ပါသည်။

အိမ်ခြံမြေ ကိစ္စအဝဝနှင့် ပတ်သက်၍ ဥပဒေအကြံပေးပညာရှင်များနှင့် ဆွေးနွေးတိုင်ပင်လိုပါက iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ၏ ဖုန်းနံပါတ်များဖြစ်သော 09-966901767, 09-268022352 သို့ ဆက်သွယ်နိုင်ပါသည်။ အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။

iMyanmarHouse.com ၏ ဥပဒေအကြံပေး ပညာရှင်အဖွဲ့ မှ အထူးရေးသားဖော်ပြသည်။

Credit: iMyanmarHouse.com

 

 

[Zawgyi]










(၁) မြေသိမ်း ရှိ၊ မရှိ၊





















 

နောက်ဆုံးရ အိမ်ခြံမြေ ဗဟုသုတများ

KITCHEN ဆေးရောင်ရွေးချယ်မှုအတွက် အကြံပေးမှုတစ်ချို့
KITCHEN ဆေးရောင်ရွေးချယ်မှုအတွက် အကြံပေးမှုတစ်ချို့
စုံလင်ဖွေရှာ အိမ်ခြံမြေဥပဒေရေးရာ
စုံလင်ဖွေရှာ အိမ်ခြံမြေဥပဒေရေးရာ
သာသနာဂရန်မြေ လျှောက်ထားရာတွင် သိရှိထားသင့်သည့် အချက်အလက်များအကြောင်း ဥပဒေဗဟုသုတ အနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။...
သာသနာဂရန်မြေ လျှောက်ထားရာတွင် သိရှိထားသင့်သည့် အချက်အလက်များအကြောင်း ဥပဒေဗဟုသုတ အနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။...
မရွှေ့မပြောင်းနိုင်သောပစ္စည်းကို ကန့်သတ်သည့်ဥပဒေအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြ ပေးလိုက်ပါသည်။...
မရွှေ့မပြောင်းနိုင်သောပစ္စည်းကို ကန့်သတ်သည့်ဥပဒေအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြ ပေးလိုက်ပါသည်။...
၂၀၂၅-၂၀၂၆ ခုနှစ်အတွက် ရန်ကုန်တိုင်း မြို့နယ်စုံ အသစ်ထွက်ရှိလာသော ရာဖြတ်နှုန်းထားများ
၂၀၂၅-၂၀၂၆ ခုနှစ်အတွက် ရန်ကုန်တိုင်း မြို့နယ်စုံ အသစ်ထွက်ရှိလာသော ရာဖြတ်နှုန်းထားများ
မြေယာစီမံခန့်ခွဲမှု စပ်လျဉ်း၍ ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
မြေယာစီမံခန့်ခွဲမှု စပ်လျဉ်း၍ ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
ငွေရေးကြေးရေးဆိုင်ရာအဖွဲ့အစည်း ဥပဒေအကြောင်းကို ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။...
ငွေရေးကြေးရေးဆိုင်ရာအဖွဲ့အစည်း ဥပဒေအကြောင်းကို ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။...
အပတ်စဉ် သိမှတ်ဖွယ်ရာ ဥပဒေအမေးအဖြေကဏ္ဍ
အပတ်စဉ် သိမှတ်ဖွယ်ရာ ဥပဒေအမေးအဖြေကဏ္ဍ
အိမ်ခြံမြေအသိကြွယ်စေဖို့ရာ ဥပဒေအမေးအဖြေကဏ္ဍ
အိမ်ခြံမြေအသိကြွယ်စေဖို့ရာ ဥပဒေအမေးအဖြေကဏ္ဍ
စုပေါင်းပိုင် အဆောက်အအုံနှင့် စပ်လျဉ်း၍ လိုက်နာရမည့် အချက်အလက်များ ဥပဒေဗဟုသုတအအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။...
စုပေါင်းပိုင် အဆောက်အအုံနှင့် စပ်လျဉ်း၍ လိုက်နာရမည့် အချက်အလက်များ ဥပဒေဗဟုသုတအအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။...

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

ဟောလိဝုဒ်ကြယ်ပွင့် Vin Diesel က Paloma နှင့် လမ်းခွဲချိန်တွင် သူမအတွက် လူနေမှုအဆင့်နိမ့်မသွားစေရန် အိမ်မှ နှင်မထုတ်ဘဲ မိ
ဟောလိဝုဒ်ကြယ်ပွင့် Vin Diesel က Paloma နှင့် လမ်းခွဲချိန်တွင် သူမအတွက် လူနေမှုအဆင့်နိမ့်မသွားစေရန် အိမ်မှ နှင်မထုတ်ဘဲ မိ
အမေရိကန်နိုင်ငံသားတစ်ဦး တရုတ်ပြည်တွင် ၁၅ နှစ်တာ ကွန်ဖူးကျင့်ခဲ့ပြီးနောက် အမြဲအခြေချနေထိုင်ခွင့် PR ရရှိခဲ့သည့်အပြင် ဝူတန
အမေရိကန်နိုင်ငံသားတစ်ဦး တရုတ်ပြည်တွင် ၁၅ နှစ်တာ ကွန်ဖူးကျင့်ခဲ့ပြီးနောက် အမြဲအခြေချနေထိုင်ခွင့် PR ရရှိခဲ့သည့်အပြင် ဝူတန
အင်ဒိုနီးရှား အမျိုးသားတစ်ဦးက သားဖြစ်သူကို “ဆက်သွယ်ရေး၊ သတင်းအချက်အလက်နှင့် စာရင်းအင်းဌာန” ဟု ကြံကြံဖန်ဖန် နာမည်ပေးထားမှ
အင်ဒိုနီးရှား အမျိုးသားတစ်ဦးက သားဖြစ်သူကို “ဆက်သွယ်ရေး၊ သတင်းအချက်အလက်နှင့် စာရင်းအင်းဌာန” ဟု ကြံကြံဖန်ဖန် နာမည်ပေးထားမှ
IP Man သရုပ်ဆောင် ဒွန်နီယန်းက ၎င်းအောက် အသက် ၁၈ နှစ်ငယ်သော ဇနီးနှင့် အိမ်ထောင်သက် ၂၂ နှစ်ပြည့် အခမ်းအနားကို Romantic ဆန်
IP Man သရုပ်ဆောင် ဒွန်နီယန်းက ၎င်းအောက် အသက် ၁၈ နှစ်ငယ်သော ဇနီးနှင့် အိမ်ထောင်သက် ၂၂ နှစ်ပြည့် အခမ်းအနားကို Romantic ဆန်
မလေးရှားတွင် လူမှုကွန်ရက် influencer မိန်းကလေးတစ်ဦးက ငွေအိတ်လိုက် သယ်ယူလာကာ ရွှေ ၉ ပိဿာကျော် ကြွားလုံးထုတ် ဝယ်ယူပြခဲ့သည်
မလေးရှားတွင် လူမှုကွန်ရက် influencer မိန်းကလေးတစ်ဦးက ငွေအိတ်လိုက် သယ်ယူလာကာ ရွှေ ၉ ပိဿာကျော် ကြွားလုံးထုတ် ဝယ်ယူပြခဲ့သည်
ဖခင်ဖြစ်သူ၏ ၆၂ နှစ်သက်တမ်းရှိ ဘဏ်ငွေစုစာအုပ်ကို နေအိမ်မှ အမှိုက်ပုံးထဲတွင် တွေ့ရှိသော အမျိုးသားမှာ နေ့ချင်းညချင်း သန်းကြ
ဖခင်ဖြစ်သူ၏ ၆၂ နှစ်သက်တမ်းရှိ ဘဏ်ငွေစုစာအုပ်ကို နေအိမ်မှ အမှိုက်ပုံးထဲတွင် တွေ့ရှိသော အမျိုးသားမှာ နေ့ချင်းညချင်း သန်းကြ
အိန္ဒိယတွင် ကျောင်းဆရာတစ်ဦးက ကမ္ဘာကျော် တပ်ဂျ်မဟာဗိမာန်ကြီး၏ ပုံတူ စံအိမ်ကြီးတစ်လုံးကို ၃ နှစ်ကြာ အချိန်ယူဆောက်လုပ်ကာ ဇန
အိန္ဒိယတွင် ကျောင်းဆရာတစ်ဦးက ကမ္ဘာကျော် တပ်ဂျ်မဟာဗိမာန်ကြီး၏ ပုံတူ စံအိမ်ကြီးတစ်လုံးကို ၃ နှစ်ကြာ အချိန်ယူဆောက်လုပ်ကာ ဇန
ကင်ညာနိုင်ငံတွင် ဘယ်လ်ဂျီယံနိုင်ငံသား လူငယ် ၂ ဦးကို ပုရွက်ဆိတ်အကောင် ၅၀၀၀ ခိုးယူမှုဖြင့် ဖမ်းဆီးခဲ့မှု နာမည်ကြီးနေ၊ ပုရွ
ကင်ညာနိုင်ငံတွင် ဘယ်လ်ဂျီယံနိုင်ငံသား လူငယ် ၂ ဦးကို ပုရွက်ဆိတ်အကောင် ၅၀၀၀ ခိုးယူမှုဖြင့် ဖမ်းဆီးခဲ့မှု နာမည်ကြီးနေ၊ ပုရွ
စုပေါင်းပိုင် အဆောက်အအုံနှင့် စပ်လျဉ်း၍ လိုက်နာရမည့် အချက်အလက်များ ဥပဒေဗဟုသုတအအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
စုပေါင်းပိုင် အဆောက်အအုံနှင့် စပ်လျဉ်း၍ လိုက်နာရမည့် အချက်အလက်များ ဥပဒေဗဟုသုတအအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
ငလျင်လှုပ်ချိန်တွင် နေအိမ် အဆောက်အအုံများကို လေအိတ်ဖြင့် ပင့်မ ပေးထားကာ ထိခိုက်ပျက်စီးမှုမရှိစေရန် ကာကွယ်ပေးသည့် ဂျပန်နည
ငလျင်လှုပ်ချိန်တွင် နေအိမ် အဆောက်အအုံများကို လေအိတ်ဖြင့် ပင့်မ ပေးထားကာ ထိခိုက်ပျက်စီးမှုမရှိစေရန် ကာကွယ်ပေးသည့် ဂျပန်နည
CarsDB
Shwe Wutt Hmone

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service