အုပ်ထိန်းခွင့်ရှိသူဟု ဆိုသည့် သူထံမှ အရွယ်မရောက်သေးသူပိုင် အိမ် မြေကို ဝယ်မည်ဆိုလျှင်

အုပ်ထိန်းခွင့်ရှိသူဟု ဆိုသည့် သူထံမှ အရွယ်မရောက်သေးသူပိုင် အိမ် မြေကို ဝယ်မည်ဆိုလျှင် - Property Knowledge in Myanmar from iMyanmarHouse.com
10 May 2020 11:17 am တွင် တင်ခဲ့သည်
1027 ကြိမ် ကြည့်ရှု့ပြီး

ဗဟုသုတ | Posted by ဇာနည်ကျော်

[Unicode]

“မိဘအမည်ပေါက် အိမ်မြေကို အမည်မပြောင်းဘဲ ရောင်းလို့ရပါသလား ဆရာ”ဟု မိတ်ဆွေတစ်ဦး၏ သားဖြစ်သူက စာရေးသူထံ လာရောက်ဆွေးနွေးတိုင်ပင်ပါသည်။

“မိဘအမည်ပေါက်ဆိုတော့ နှစ်ဦးလုံးက ကွယ်လွန်သွားကြပြီလား။ သားသမီး ဘယ်နှယောက်ကျန်ခဲ့လဲ”

“မိဘနှစ်ပါးလုံးက ကွယ်လွန်သွားကြပြီ။ မိခင်ကတော့ ပြီးခဲ့တဲ့ ခုနစ်လခန့်က ကွယ်လွန်သွားတယ်လို့ ပြောပါ တယ်”

“မိဘအမွေပစ္စည်းဖြစ်လို့ သားသမီးအားလုံးက သဘောတူဖို့လိုလိမ့်မယ်”

“တစ်ဦးတစ်ယောက်က သဘောမတူရင် အရောင်းအဝယ်မဖြစ်နိုင်ဘူးလို့ ဆိုလိုတာလား ဆရာ”

“ဟုတ်ပါတယ်။ ဘာလို့လဲဆိုရင် မြေကွက်အမည်ပေါက် မိဘတွေရဲ့ သားသမီးတွေဖြစ်ပြီး အမွေဆက်ခံ ပိုင် ဆိုင်ကြသူများဖြစ်လို့ အမွေဆက်ခံပိုင်ဆိုင်ကြောင်း ကြေညာစာချုပ်ကို ချုပ်ဆိုကြရပါတယ်။ မှတ်ပုံတင် ကြေညာစာချုပ်ပြုလုပ်ပြီးမှ အရောင်းအဝယ်မှတ်ပုံတင်စာချုပ်ကို ချုပ်ဆိုရမှာ ဖြစ်တယ်”

“ပိုင်ဆိုင်ကြောင်း ကြေညာစာချုပ်ကို မှတ်ပုံတင်ပြုလုပ်ချုပ်ဆိုရ မယ်ဆိုတော့ သားသမီးတွေက အရွယ်ရောက် သူတွေ ဖြစ်ဖို့လိုတာပေါ့ ဆရာ”

“မှန်ပါတယ်။ ဥပဒေအရ အသက် ၁၈ နှစ်ပြည့်ပြီးသူတွေဖြစ်ရပါမယ်”

“အခုကိစ္စက အဲဒီလို မဟုတ်ဘူး ဆရာ”

“ပြောပါဦး၊ ဘယ်လိုဖြစ်နေလို့လဲ”

“ကျန်ခဲ့တဲ့ သားသမီးသုံးဦးက အရွယ်မရောက်သေးသူတွေဖြစ်နေတယ် ဆရာ”

“သြော် ... ဘယ်အသက်အရွယ်တွေ ရောက်နေပြီလဲ”

“အကြီးဆုံး သမီးက ကိုးတန်းကျောင်းသူ ဆရာ။ နောက်နှစ်ယောက်က ခြောက်တန်းနဲ့ လေးတန်းတွေလို့ ပြောပါတယ်”

“ဒါဆိုရင်တော့ ကလေးတွေနဲ့ အတူနေ သွေးသားတော်စပ်သူ တစ်ဦးဦးက အုပ်ထိန်းခွင့်ကို တရားရုံးမှာ လျှောက်ထား တောင်းဆိုရမှာ ဖြစ်တယ်”

“ကလေးတွေရဲ့ အဒေါ်ဖြစ်သူက အုပ်ထိန်းသူအဖြစ် လက်မှတ်ရေးထိုးဆောင်ရွက်လို့ မရဘူးလား ဆရာ”

“အဲဒီလိုတော့ မရဘူး။ ဥပဒေနဲ့အညီ ဆောင်ရွက်ရမှာဖြစ်တယ်။ အရွယ်မရောက်သေးဘူး ပစ္စည်းကို မိခင်အ ရင်းဖြစ်သူကပင် အုပ်ထိန်းခွင့် လက်မှတ်မရသေးမီရောင်းချခွင့်မရှိပါဘူး။ ရောင်းချခဲ့ရင်လည်း ဥပဒေအရ အ ရောင်းအဝယ် အထမ ပြောက်ဘဲ ပျက်ပြယ်သည့် အရောင်းအဝယ်ဖြစ်နေမှာဖြစ်တယ်”

“ဆရာပြောသလိုဆိုရင် မိခင်အရင်းကိုယ်တိုင်က အုပ်ထိန်းသူအဖြစ် လက်မှတ်ရေးထိုးရောင်းချလို့ မရဘူး ပေါ့”

“မှန်ပါတယ်။ ရှင်းအောင်ပြောရရင် တရားရုံးချုပ်က ဆုံးဖြတ်ထားတဲ့ ဦးမောင်မြင့် (ခ) တွန်းလီမြင့်နှင့်

(၁) မောင်ရှိုင်းမင်းဦး (၎င်း၏ နီးစပ်ရာ မိတ်ဆွေ - ဦးမင်းလွင်ဦး) ၊ (၂)ဒေါ်မိမိထွန်း ၂၀၁၆ ခုနှစ် မြန်မာနိုင်ငံ တရားစီရင်ထုံး စာမျက်နှာ - ၁၄၆ အမှုတွင် အချင်းဖြစ် မြေကွက်မှာ ညီအစ်ကိုနှစ်ဦးဖြစ်သည့် မောင်ရှိုင်းမင်း ဦးနှင့် ကွယ်လွန်သွားသည့် မောင်ဟိန်းဇော်လင်းတို့နှစ်ဦး အမည်ပေါက် မြေကွက်ဖြစ်သည်။ မိခင်ဖြစ်သူ ဒေါ်မိမိ ထွန်းသည် အမည်ပေါက်ပိုင်ရှင် မောင်ရှိုင်းမင်းဦးနှင့် မောင်ဟိန်းဇော်လင်း (မကွယ်လွန်မီ) အရွယ်မရောက် သေးသူ ပိုင်မြေကို (၃၀၃.၀၉) နေ့က အရောင်းအဝယ် စရန်ပေး ကတိစာချုပ်ပြုလုပ် ချုပ်ဆို၍ ဦးမောင်မြင့်အား ရောင်းချခဲ့သည်။ အဆိုပါ အရောင်းအဝယ် ကတိစာချုပ်နှင့် ဆက်စပ်ချုပ်ဆို သော စာချုပ်များ၌ အပိုင်ရောင်းချ သူမောင်ရှိုင်းမင်းဦးနှင့် မောင်ဟိန်းဇော်လင်းတို့ ညီအစ်ကိုနှစ်ဦးမှာ အရွယ်မရောက်သေးသူများဖြစ်၍ ၎င်းတို့၏ ကိုယ်နှင့်ပစ္စည်းအုပ်ထိန်းခွင့်နှင့် ပစ္စည်းရောင်းချခွင့်ကို မိခင်ဖြစ်သူက သက်ဆိုင်ရာ တရားရုံးတွင် လျှောက်ထား ရယူပြီး အရောင်းအဝယ် စာချုပ်ချုပ်ဆိုပေးမည်ဖြစ်ကြောင်း၊ အပိုင်ရောင်းချသူနေရာတွင် အရွယ်မရောက်သေး သူများ၏ သဘာဝအုပ်ထိန်းသူအဖြစ် မိခင်ဖြစ်သူ ဒေါ်မိမိထွန်းက လက်မှတ်ရေးထိုးထားသည်။ ဒေါ်မိမိထွန်း သည် သားနှစ်ဦးအပေါ် အုပ်ထိန်းခွင့်ပြုသည့် အမိန့်မှာ ၆.၈.၀၉ နေ့တွင် ချမှတ်ပြီး စီမံခန့်ခွဲရောင်းချခွင့်အမိန့်ကို ၅.၅.၂၀၁၀ နေ့တွင် ချမှတ်ခဲ့သဖြင့် အုပ်ထိန်းခွင့် မရမီ ၃၀.၃.၀၉ နေ့ကတည်းက အချင်းဖြစ်မြေကွက်ကို ရောင်းချခဲ့ကြောင်း ထင်ရှားသည်။ ထို့ကြောင့် စရန်ပေးကတိစာချုပ်အပါအဝင် ဆက်စပ်သော ကတိစာချုပ် များ ပျက်ပြယ်သည်ဟု အမိန့်ချမှတ်ခဲ့ပါတယ်”

“ဒါဆိုရင် အရွယ်မရောက်သေးတဲ့ သားသမီးပိုင်ပစ်္စည်းကို မိဘဖြစ် သူကပင် တရားရုံးမှ အုပ်ထိန်းခွင့်မရမီ စရန်ငွေပင်ယူပြီး ရောင်းချလို့မရတဲ့ သဘောပေါ့ ဆရာ”

“မှန်ပါတယ်။ ဒါကြောင့် ယခု ကိစ္စမှာလည်း ကွယ်လွန်သူ မိဘများရဲ့ အမွေပစ္စည်းကို ရောင်းချမှာဖြစ်ပေမယ့် ရောင်းချမယ့်သူက အရွယ်မရောက်သေးသူတွေဖြစ်နေတယ်။ ဒါကြောင့် သူတို့နဲ့ အနီးစပ်ဆုံး ဆွေမျိုးသားချင်း က အုပ်ထိန်းသူအဖြစ် တရားရုံးမှာ အရင်လျှောက်ထားရပါမယ်။ အုပ်ထိန်းခွင့် အမိန့်ရမှ ၎င်းတို့ ပိုင်ပစ္စည်းကို ရောင်းချခွင့်ပြုပါရန် အကျိုးအကြောင်း ခိုင်လုံစွာတင်ပြ လျှောက်ထားရပါတယ်။ အကြောင်းပြချက်ခိုင်လုံရင် တရားရုံးမှ ပစ္စည်းကို ရောင်းချခွင့်ပြုကြောင်း အမိန့်ချမှတ်ပေးသွားမှာ ဖြစ်ပါတယ်”

“အကြောင်းပြချက်ခိုင်လုံမှ ရောင်းချခွင့်ပြုတယ်ဆိုတဲ့ သဘောက ဘယ်လိုလဲ ဆရာ”

“ရောင်းချရတဲ့အကြောင်းအရင်းကို ဖော်ပြရပါမယ်။ ပိုင်ရှင်ကလေးများရဲ့ အကျိုးကျေးဇူးအတွက် အထောက် အကူပြုမယ့် ရောင်းချမှုမျိုးကိုသာ ခွင့်ပြုမှာဖြစ်တယ်”

“တကယ်လို့ အုပ်ထိန်းခွင့် လျှောက်သူက အပြိုင်လျှောက်ထားတာမျိုး ရှိပါသလား”

“ဒါလည်း ရှိနိုင်တာပဲ။ အခု အရွယ်မရောက်သေးတဲ့ ကလေးသုံးဦးဆိုရင် အဖေဘက်က ဆွေမျိုးတွေ ရှိသလို အမေဘက်က ဆွေမျိုးတွေလည်း ရှိနိုင်တာပဲလေ”

“ဟုတ်ပါတယ်။ အခု အတူနေ အဒေါ်ဖြစ်သူက ဖခင်ရဲ့ ညီမဖြစ်တယ်။ သူက ဦးဆောင်ရောင်းမှာ ဆရာ”

“ရောင်းမယ့်အနေအထားက ဘယ်လိုလဲ၊ တစ်ခြံလုံးကို ရောင်းမှာလား၊ အိမ်ပါသေးလား”

“ခြံတစ်ဝက်ဆရာ။ ပေ ၂၀ x ပေ ၆၀ ခန့်ရှိမယ်။ အိမ်မပါဘူး ဆရာ။ မြေတစ်ခြမ်းက အိမ်ဆောက်ထားပြီး မိဘတွေရှိစဉ်ကတည်းက အတူနေခဲ့တာလို့ ပြောတယ်။ အဒေါ် ဖြစ်သူက အပျိုကြီးလည်းဖြစ်တော့ အဆင်ပြေ မယ် ထင်ပါတယ်”

“ဘယ်သူ့ကိုပဲ ရောင်းရောင်းပေါ့။ ပစ္စည်းပိုင်ရှင်တွေက အရွယ်မရောက်သေးသူများဖြစ်တဲ့အတွက် ၎င်းတို့၏ ကိုယ်နှင့်ပစ်္စည်းကို အုပ်ထိန်းခွင့်ပြုပါရန် တရားရုံး၌ ဥပဒေနှင့်အညီ ဦးစွာလျှောက်ထားရယူထားမှာ ဖြစ်ပါတယ်။ ပြီးမှ ရောင်းချခြင်းကိစ္စကို ဆောင်ရွက်ရမှာ ဖြစ်တယ်။ ဝယ်သူအနေနဲ့တော့ တရားရုံးက ခွင့်ပြုချက်ရမှသာ စရန် ပေးခြင်း ရောင်းဝယ်စာချုပ်ပြုလုပ်ခြင်းများ ဆောင်ရွက်သင့်ပါတယ်” ဟု အကြံပြု ဆွေးနွေးလိုက်ပါသည်။

အိမ်ခြံမြေ ကိစ္စအဝဝနှင့် ပတ်သက်၍ ဥပဒေအကြံပေးပညာရှင်များနှင့် ဆွေးနွေးတိုင်ပင်လိုပါက iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ၏ ဖုန်းနံပါတ်များဖြစ်သော 09-966901767, 09-268022352 သို့ ဆက်သွယ်နိုင်ပါသည်။ အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။

Credit: ထီယု (ဥပဒေအတိုင်ပင်ခံ)

 

 [Zawgyi]

အုပ္ထိန္းခြင့္ရွိသူဟု ဆိုသည့္ သူထံမွ အ႐ြယ္မေရာက္ေသးသူပိုင္ အိမ္ ေျမကို ဝယ္မည္ဆိုလွ်င္

 

“မိဘအမည္ေပါက္ အိမ္ေျမကို အမည္မေျပာင္းဘဲ ေရာင္းလို႔ရပါသလား ဆရာ”ဟု မိတ္ေဆြတစ္ဦး၏ သားျဖစ္သူက စာေရးသူထံ လာေရာက္ေဆြးေႏြးတိုင္ပင္ပါသည္။

“မိဘအမည္ေပါက္ဆိုေတာ့ ႏွစ္ဦးလုံးက ကြယ္လြန္သြားၾကၿပီလား။ သားသမီး ဘယ္ႏွေယာက္က်န္ခဲ့လဲ”

“မိဘႏွစ္ပါးလုံးက ကြယ္လြန္သြားၾကၿပီ။ မိခင္ကေတာ့ ၿပီးခဲ့တဲ့ ခုနစ္လခန႔္က ကြယ္လြန္သြားတယ္လို႔ ေျပာပါ တယ္”

“မိဘအေမြပစၥည္းျဖစ္လို႔ သားသမီးအားလုံးက သေဘာတူဖို႔လိုလိမ့္မယ္”

“တစ္ဦးတစ္ေယာက္က သေဘာမတူရင္ အေရာင္းအဝယ္မျဖစ္ႏိုင္ဘူးလို႔ ဆိုလိုတာလား ဆရာ”

“ဟုတ္ပါတယ္။ ဘာလို႔လဲဆိုရင္ ေျမကြက္အမည္ေပါက္ မိဘေတြရဲ႕ သားသမီးေတြျဖစ္ၿပီး အေမြဆက္ခံ ပိုင္ ဆိုင္ၾကသူမ်ားျဖစ္လို႔ အေမြဆက္ခံပိုင္ဆိုင္ေၾကာင္း ေၾကညာစာခ်ဳပ္ကို ခ်ဳပ္ဆိုၾကရပါတယ္။ မွတ္ပုံတင္ ေၾကညာစာခ်ဳပ္ျပဳလုပ္ၿပီးမွ အေရာင္းအဝယ္မွတ္ပုံတင္စာခ်ဳပ္ကို ခ်ဳပ္ဆိုရမွာ ျဖစ္တယ္”

“ပိုင္ဆိုင္ေၾကာင္း ေၾကညာစာခ်ဳပ္ကို မွတ္ပုံတင္ျပဳလုပ္ခ်ဳပ္ဆိုရ မယ္ဆိုေတာ့ သားသမီးေတြက အ႐ြယ္ေရာက္ သူေတြ ျဖစ္ဖို႔လိုတာေပါ့ ဆရာ”

“မွန္ပါတယ္။ ဥပေဒအရ အသက္ ၁၈ ႏွစ္ျပည့္ၿပီးသူေတြျဖစ္ရပါမယ္”

“အခုကိစၥက အဲဒီလို မဟုတ္ဘူး ဆရာ”

“ေျပာပါဦး၊ ဘယ္လိုျဖစ္ေနလို႔လဲ”

“က်န္ခဲ့တဲ့ သားသမီးသုံးဦးက အ႐ြယ္မေရာက္ေသးသူေတြျဖစ္ေနတယ္ ဆရာ”

“ေၾသာ္ ... ဘယ္အသက္အ႐ြယ္ေတြ ေရာက္ေနၿပီလဲ”

“အႀကီးဆုံး သမီးက ကိုးတန္းေက်ာင္းသူ ဆရာ။ ေနာက္ႏွစ္ေယာက္က ေျခာက္တန္းနဲ႔ ေလးတန္းေတြလို႔ ေျပာပါတယ္”

“ဒါဆိုရင္ေတာ့ ကေလးေတြနဲ႔ အတူေန ေသြးသားေတာ္စပ္သူ တစ္ဦးဦးက အုပ္ထိန္းခြင့္ကို တရား႐ုံးမွာ ေလွ်ာက္ထား ေတာင္းဆိုရမွာ ျဖစ္တယ္”

“ကေလးေတြရဲ႕ အေဒၚျဖစ္သူက အုပ္ထိန္းသူအျဖစ္ လက္မွတ္ေရးထိုးေဆာင္႐ြက္လို႔ မရဘူးလား ဆရာ”

“အဲဒီလိုေတာ့ မရဘူး။ ဥပေဒနဲ႔အညီ ေဆာင္႐ြက္ရမွာျဖစ္တယ္။ အ႐ြယ္မေရာက္ေသးဘူး ပစၥည္းကို မိခင္အ ရင္းျဖစ္သူကပင္ အုပ္ထိန္းခြင့္ လက္မွတ္မရေသးမီေရာင္းခ်ခြင့္မရွိပါဘူး။ ေရာင္းခ်ခဲ့ရင္လည္း ဥပေဒအရ အ ေရာင္းအဝယ္ အထမ ေျပာက္ဘဲ ပ်က္ျပယ္သည့္ အေရာင္းအဝယ္ျဖစ္ေနမွာျဖစ္တယ္”

“ဆရာေျပာသလိုဆိုရင္ မိခင္အရင္းကိုယ္တိုင္က အုပ္ထိန္းသူအျဖစ္ လက္မွတ္ေရးထိုးေရာင္းခ်လို႔ မရဘူး ေပါ့”

“မွန္ပါတယ္။ ရွင္းေအာင္ေျပာရရင္ တရား႐ုံးခ်ဳပ္က ဆုံးျဖတ္ထားတဲ့ ဦးေမာင္ျမင့္ (ခ) တြန္းလီျမင့္ႏွင့္

(၁) ေမာင္ရႈိင္းမင္းဦး (၎၏ နီးစပ္ရာ မိတ္ေဆြ - ဦးမင္းလြင္ဦး) ၊ (၂)ေဒၚမိမိထြန္း ၂၀၁၆ ခုႏွစ္ ျမန္မာႏိုင္ငံ တရားစီရင္ထုံး စာမ်က္ႏွာ - ၁၄၆ အမႈတြင္ အခ်င္းျဖစ္ ေျမကြက္မွာ ညီအစ္ကိုႏွစ္ဦးျဖစ္သည့္ ေမာင္ရႈိင္းမင္း ဦးႏွင့္ ကြယ္လြန္သြားသည့္ ေမာင္ဟိန္းေဇာ္လင္းတို႔ႏွစ္ဦး အမည္ေပါက္ ေျမကြက္ျဖစ္သည္။ မိခင္ျဖစ္သူ ေဒၚမိမိ ထြန္းသည္ အမည္ေပါက္ပိုင္ရွင္ ေမာင္ရႈိင္းမင္းဦးႏွင့္ ေမာင္ဟိန္းေဇာ္လင္း (မကြယ္လြန္မီ) အ႐ြယ္မေရာက္ ေသးသူ ပိုင္ေျမကို (၃၀၃.၀၉) ေန႔က အေရာင္းအဝယ္ စရန္ေပး ကတိစာခ်ဳပ္ျပဳလုပ္ ခ်ဳပ္ဆို၍ ဦးေမာင္ျမင့္အား ေရာင္းခ်ခဲ့သည္။ အဆိုပါ အေရာင္းအဝယ္ ကတိစာခ်ဳပ္ႏွင့္ ဆက္စပ္ခ်ဳပ္ဆို ေသာ စာခ်ဳပ္မ်ား၌ အပိုင္ေရာင္းခ် သူေမာင္ရႈိင္းမင္းဦးႏွင့္ ေမာင္ဟိန္းေဇာ္လင္းတို႔ ညီအစ္ကိုႏွစ္ဦးမွာ အ႐ြယ္မေရာက္ေသးသူမ်ားျဖစ္၍ ၎တို႔၏ ကိုယ္ႏွင့္ပစၥည္းအုပ္ထိန္းခြင့္ႏွင့္ ပစၥည္းေရာင္းခ်ခြင့္ကို မိခင္ျဖစ္သူက သက္ဆိုင္ရာ တရား႐ုံးတြင္ ေလွ်ာက္ထား ရယူၿပီး အေရာင္းအဝယ္ စာခ်ဳပ္ခ်ဳပ္ဆိုေပးမည္ျဖစ္ေၾကာင္း၊ အပိုင္ေရာင္းခ်သူေနရာတြင္ အ႐ြယ္မေရာက္ေသး သူမ်ား၏ သဘာဝအုပ္ထိန္းသူအျဖစ္ မိခင္ျဖစ္သူ ေဒၚမိမိထြန္းက လက္မွတ္ေရးထိုးထားသည္။ ေဒၚမိမိထြန္း သည္ သားႏွစ္ဦးအေပၚ အုပ္ထိန္းခြင့္ျပဳသည့္ အမိန႔္မွာ ၆.၈.၀၉ ေန႔တြင္ ခ်မွတ္ၿပီး စီမံခန႔္ခြဲေရာင္းခ်ခြင့္အမိန႔္ကို ၅.၅.၂၀၁၀ ေန႔တြင္ ခ်မွတ္ခဲ့သျဖင့္ အုပ္ထိန္းခြင့္ မရမီ ၃၀.၃.၀၉ ေန႔ကတည္းက အခ်င္းျဖစ္ေျမကြက္ကို ေရာင္းခ်ခဲ့ေၾကာင္း ထင္ရွားသည္။ ထို႔ေၾကာင့္ စရန္ေပးကတိစာခ်ဳပ္အပါအဝင္ ဆက္စပ္ေသာ ကတိစာခ်ဳပ္ မ်ား ပ်က္ျပယ္သည္ဟု အမိန႔္ခ်မွတ္ခဲ့ပါတယ္”

“ဒါဆိုရင္ အ႐ြယ္မေရာက္ေသးတဲ့ သားသမီးပိုင္ပစ္ၥည္းကို မိဘျဖစ္ သူကပင္ တရား႐ုံးမွ အုပ္ထိန္းခြင့္မရမီ စရန္ေငြပင္ယူၿပီး ေရာင္းခ်လို႔မရတဲ့ သေဘာေပါ့ ဆရာ”

“မွန္ပါတယ္။ ဒါေၾကာင့္ ယခု ကိစၥမွာလည္း ကြယ္လြန္သူ မိဘမ်ားရဲ႕ အေမြပစၥည္းကို ေရာင္းခ်မွာျဖစ္ေပမယ့္ ေရာင္းခ်မယ့္သူက အ႐ြယ္မေရာက္ေသးသူေတြျဖစ္ေနတယ္။ ဒါေၾကာင့္ သူတို႔နဲ႔ အနီးစပ္ဆုံး ေဆြမ်ိဳးသားခ်င္း က အုပ္ထိန္းသူအျဖစ္ တရား႐ုံးမွာ အရင္ေလွ်ာက္ထားရပါမယ္။ အုပ္ထိန္းခြင့္ အမိန႔္ရမွ ၎တို႔ ပိုင္ပစၥည္းကို ေရာင္းခ်ခြင့္ျပဳပါရန္ အက်ိဳးအေၾကာင္း ခိုင္လုံစြာတင္ျပ ေလွ်ာက္ထားရပါတယ္။ အေၾကာင္းျပခ်က္ခိုင္လုံရင္ တရား႐ုံးမွ ပစၥည္းကို ေရာင္းခ်ခြင့္ျပဳေၾကာင္း အမိန႔္ခ်မွတ္ေပးသြားမွာ ျဖစ္ပါတယ္”

“အေၾကာင္းျပခ်က္ခိုင္လုံမွ ေရာင္းခ်ခြင့္ျပဳတယ္ဆိုတဲ့ သေဘာက ဘယ္လိုလဲ ဆရာ”

“ေရာင္းခ်ရတဲ့အေၾကာင္းအရင္းကို ေဖာ္ျပရပါမယ္။ ပိုင္ရွင္ကေလးမ်ားရဲ႕ အက်ိဳးေက်းဇူးအတြက္ အေထာက္ အကူျပဳမယ့္ ေရာင္းခ်မႈမ်ိဳးကိုသာ ခြင့္ျပဳမွာျဖစ္တယ္”

“တကယ္လို႔ အုပ္ထိန္းခြင့္ ေလွ်ာက္သူက အၿပိဳင္ေလွ်ာက္ထားတာမ်ိဳး ရွိပါသလား”

“ဒါလည္း ရွိႏိုင္တာပဲ။ အခု အ႐ြယ္မေရာက္ေသးတဲ့ ကေလးသုံးဦးဆိုရင္ အေဖဘက္က ေဆြမ်ိဳးေတြ ရွိသလို အေမဘက္က ေဆြမ်ိဳးေတြလည္း ရွိႏိုင္တာပဲေလ”

“ဟုတ္ပါတယ္။ အခု အတူေန အေဒၚျဖစ္သူက ဖခင္ရဲ႕ ညီမျဖစ္တယ္။ သူက ဦးေဆာင္ေရာင္းမွာ ဆရာ”

“ေရာင္းမယ့္အေနအထားက ဘယ္လိုလဲ၊ တစ္ၿခံလုံးကို ေရာင္းမွာလား၊ အိမ္ပါေသးလား”

“ၿခံတစ္ဝက္ဆရာ။ ေပ ၂၀ x ေပ ၆၀ ခန႔္ရွိမယ္။ အိမ္မပါဘူး ဆရာ။ ေျမတစ္ျခမ္းက အိမ္ေဆာက္ထားၿပီး မိဘေတြရွိစဥ္ကတည္းက အတူေနခဲ့တာလို႔ ေျပာတယ္။ အေဒၚ ျဖစ္သူက အပ်ိဳႀကီးလည္းျဖစ္ေတာ့ အဆင္ေျပ မယ္ ထင္ပါတယ္”

“ဘယ္သူ႔ကိုပဲ ေရာင္းေရာင္းေပါ့။ ပစၥည္းပိုင္ရွင္ေတြက အ႐ြယ္မေရာက္ေသးသူမ်ားျဖစ္တဲ့အတြက္ ၎တို႔၏ ကိုယ္ႏွင့္ပစ္ၥည္းကို အုပ္ထိန္းခြင့္ျပဳပါရန္ တရား႐ုံး၌ ဥပေဒႏွင့္အညီ ဦးစြာေလွ်ာက္ထားရယူထားမွာ ျဖစ္ပါတယ္။ ၿပီးမွ ေရာင္းခ်ျခင္းကိစၥကို ေဆာင္႐ြက္ရမွာ ျဖစ္တယ္။ ဝယ္သူအေနနဲ႔ေတာ့ တရား႐ုံးက ခြင့္ျပဳခ်က္ရမွသာ စရန္ ေပးျခင္း ေရာင္းဝယ္စာခ်ဳပ္ျပဳလုပ္ျခင္းမ်ား ေဆာင္႐ြက္သင့္ပါတယ္” ဟု အႀကံျပဳ ေဆြးေႏြးလိုက္ပါသည္။

အိမ္ၿခံေျမ ကိစၥအဝဝႏွင့္ ပတ္သက္၍ ဥပေဒအႀကံေပးပညာရွင္မ်ားႏွင့္ ေဆြးေႏြးတိုင္ပင္လိုပါက iMyanmarHouse.com (အိုင္ျမန္မာေဟာက္စ္ေဒါ့ကြန္း) ၏ ဖုန္းနံပါတ္မ်ားျဖစ္ေသာ 09-966901767, 09-268022352 သို႔ ဆက္သြယ္ႏိုင္ပါသည္။ အေသးစိတ္ၾကည့္ရန္ ဤေနရာကို ႏွိပ္ပါ။

Credit: ထီယု (ဥပေဒအတိုင္ပင္ခံ)

 

နောက်ဆုံးရ အိမ်ခြံမြေ ဗဟုသုတများ

ဟောင်ကောင် ရေကြောင်းရဲအရာရှိတစ်ဦး ၁၀ ဒေါ်လာဖိုး ဖုန်းဆက်ထီထိုးခဲ့ရာ ဒေါ်လာ ၆၉ သန်း Jackpot ဆုကြီး ထီပေါက်...
ဟောင်ကောင် ရေကြောင်းရဲအရာရှိတစ်ဦး ၁၀ ဒေါ်လာဖိုး ဖုန်းဆက်ထီထိုးခဲ့ရာ ဒေါ်လာ ၆၉ သန်း Jackpot ဆုကြီး ထီပေါက်...
ကာဇက်စတန်မှ ရွာကလေးတွင် ရွာသူရွာသားတို့မှာ လမ်းလျှောက်ရင်းပင် ရုတ်တရက် အိပ်ပျော်သွားတတ်ကြပြီး ပြန်နိုးလာချိန်တွင် မည်သည့်အချိန်က အိပ်ပျော်သွားသည်ကို မမှတ်မိကြသည့် ဆန်းကြယ်သော ဖြစ်ရပ်...
ကာဇက်စတန်မှ ရွာကလေးတွင် ရွာသူရွာသားတို့မှာ လမ်းလျှောက်ရင်းပင် ရုတ်တရက် အိပ်ပျော်သွားတတ်ကြပြီး ပြန်နိုးလာချိန်တွင် မည်သည့်အချိန်က အိပ်ပျော်သွားသည်ကို မမှတ်မိကြသည့် ဆန်းကြယ်သော ဖြစ်ရပ်...
ဟယ်ရီဆင်ဖို့ဒ်က တောမီးဦးတည်နေသည့် ဘရန့်ဝုဒ်အရပ်မှ သူ၏ စံအိမ်ဆီသို့ သွားရန် ကြိုးစားရာ ရဲအရာရှိတို့ လိုက်ပါစောင့်ကြပ်ပေးခဲ့...
ဟယ်ရီဆင်ဖို့ဒ်က တောမီးဦးတည်နေသည့် ဘရန့်ဝုဒ်အရပ်မှ သူ၏ စံအိမ်ဆီသို့ သွားရန် ကြိုးစားရာ ရဲအရာရှိတို့ လိုက်ပါစောင့်ကြပ်ပေးခဲ့...
ကယ်လီဖိုးနီးယားတွင် တောမီးကြောင့် အရေးပေါ်အခြေအနေ ကြေညာထားပြီး ညမထွက်ရအမိန့် ထုတ်ပြန်ထားရာ ဒုသမ္မတ ခါမလာဟဲရစ်၏ နေအိမ်အနီး ညဘက် သွားလာသူ ၂ ဦး ဖမ်းဆီးခံရ...
ကယ်လီဖိုးနီးယားတွင် တောမီးကြောင့် အရေးပေါ်အခြေအနေ ကြေညာထားပြီး ညမထွက်ရအမိန့် ထုတ်ပြန်ထားရာ ဒုသမ္မတ ခါမလာဟဲရစ်၏ နေအိမ်အနီး ညဘက် သွားလာသူ ၂ ဦး ဖမ်းဆီးခံရ...
ဂျပန်နိုင်ငံသားများအကြား “အိမ်သာ” ဟု ရည်ညွှန်းပြောဆိုကြသည့် ကျဉ်းမြောင်းလှသော လူနေခန်းလေးများ၊ ဟိုတယ်များ အမြဲပြည့်နေသော ဂျပန်တွင် နိုင်ငံခြားခရီးသွားများ တည်းခိုရန် စိတ်ဝင်စားလျက်ရှိ...
ဂျပန်နိုင်ငံသားများအကြား “အိမ်သာ” ဟု ရည်ညွှန်းပြောဆိုကြသည့် ကျဉ်းမြောင်းလှသော လူနေခန်းလေးများ၊ ဟိုတယ်များ အမြဲပြည့်နေသော ဂျပန်တွင် နိုင်ငံခြားခရီးသွားများ တည်းခိုရန် စိတ်ဝင်စားလျက်ရှိ...
(ထူးထူးခြားခြား အိမ်ခြံမြေဒိုင်ယာရီ) အိန္ဒိယတွင် အိမ်ခြံမြေ Developer တစ်ဦးက ဆောက်လုပ်ရေးအတွက် မြေတူးစဉ် ရွှေအိုးကြီးတစ်လုံး တူးဖော်တွေ့ရှိ...
(ထူးထူးခြားခြား အိမ်ခြံမြေဒိုင်ယာရီ) အိန္ဒိယတွင် အိမ်ခြံမြေ Developer တစ်ဦးက ဆောက်လုပ်ရေးအတွက် မြေတူးစဉ် ရွှေအိုးကြီးတစ်လုံး တူးဖော်တွေ့ရှိ...
မိုက်ခရိုဝေ့(Microwave) နှင့် ပြန်နွှေးပြီး မစားသင့်သော အစာ (၇) မျိုး
မိုက်ခရိုဝေ့(Microwave) နှင့် ပြန်နွှေးပြီး မစားသင့်သော အစာ (၇) မျိုး
အိမ်ခြံမြေအရေး iMyanmarHouse ကို တွေးလိုက်ပါ🤔
အိမ်ခြံမြေအရေး iMyanmarHouse ကို တွေးလိုက်ပါ🤔
ပစ္စည်းလွှဲပြောင်းခြင်း ဥပဒေအကြောင်းကို ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
ပစ္စည်းလွှဲပြောင်းခြင်း ဥပဒေအကြောင်းကို ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
အိမ်ပိုင်ရှင်များသတိထားနိုင်ဖို့ တစ်ထပ်အိမ်ကို အဆင့်မြှင့်တဲ့အခါ ဆောင်ရန်ရှောင်ဖွယ်အချက် ( ၄) ချက်...
အိမ်ပိုင်ရှင်များသတိထားနိုင်ဖို့ တစ်ထပ်အိမ်ကို အဆင့်မြှင့်တဲ့အခါ ဆောင်ရန်ရှောင်ဖွယ်အချက် ( ၄) ချက်...

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

အာဖရိကရှိ ဂါနာနိုင်ငံမှ မျိုးနွယ်စုတစ်ခု၏ ဘုရင်က ဆင်းရဲလှသော မျိုးနွယ်စုအတွက် ကနေဒါနိုင်ငံသို့ သွားကာ စိုက်ပျိုးရေးအလုပ်
အာဖရိကရှိ ဂါနာနိုင်ငံမှ မျိုးနွယ်စုတစ်ခု၏ ဘုရင်က ဆင်းရဲလှသော မျိုးနွယ်စုအတွက် ကနေဒါနိုင်ငံသို့ သွားကာ စိုက်ပျိုးရေးအလုပ်
ဆောက်လုပ်ရေးလုပ်ငန်းများအတွက် CHID ဘဏ်က ချေးငွေထုတ်ပေးလျက်ရှိ
ဆောက်လုပ်ရေးလုပ်ငန်းများအတွက် CHID ဘဏ်က ချေးငွေထုတ်ပေးလျက်ရှိ
အမေရိကန်ပြည်၊ မိုင်အမ်မီရှိ ကျွန်းတစ်ကျွန်းတွင် Jeff Bezos ၏ ခြံနှင့် ကပ်လျက်ရှိသော ၂ ဧကနီးပါး သာရှိသည့် ခြံတစ်ခြံ အရောင
အမေရိကန်ပြည်၊ မိုင်အမ်မီရှိ ကျွန်းတစ်ကျွန်းတွင် Jeff Bezos ၏ ခြံနှင့် ကပ်လျက်ရှိသော ၂ ဧကနီးပါး သာရှိသည့် ခြံတစ်ခြံ အရောင
ဂျပန်နိုင်ငံတွင် လူလုပ်ကျွန်းတုပေါ်၌ ကန်ဒေါ်လာ ၁၈ ဘီလီယံ အကုန်အကျခံကာ ဆောက်လုပ်ထားသော လေဆိပ်ကြီး ပင်လယ်အောက်သို့ နစ်မြုပ
ဂျပန်နိုင်ငံတွင် လူလုပ်ကျွန်းတုပေါ်၌ ကန်ဒေါ်လာ ၁၈ ဘီလီယံ အကုန်အကျခံကာ ဆောက်လုပ်ထားသော လေဆိပ်ကြီး ပင်လယ်အောက်သို့ နစ်မြုပ
တရုတ်ပြည်တွင် တိုက်ခန်းငှားရမ်းနေထိုင်သူတစ်ဦးက ကြက်ခြံအဖြစ် ပြောင်းလဲကာ ကြက်များ မွေးမြူထားရာ အိမ်ရှင်မှာ များစွာ တုန်လှ
တရုတ်ပြည်တွင် တိုက်ခန်းငှားရမ်းနေထိုင်သူတစ်ဦးက ကြက်ခြံအဖြစ် ပြောင်းလဲကာ ကြက်များ မွေးမြူထားရာ အိမ်ရှင်မှာ များစွာ တုန်လှ
တရုတ်ပြည်တွင် ၅၇ ထပ်မြင့်မားသော မိုးမျှော်တိုက်ကြီးကို ၁၉ ရက်အတွင်း ဆောက်လုပ်ခဲ့ပုံ
တရုတ်ပြည်တွင် ၅၇ ထပ်မြင့်မားသော မိုးမျှော်တိုက်ကြီးကို ၁၉ ရက်အတွင်း ဆောက်လုပ်ခဲ့ပုံ
အိမ်ရှင်အိမ်ငှားလိုက်နာရမည့် စည်းကမ်းချက်များအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
အိမ်ရှင်အိမ်ငှားလိုက်နာရမည့် စည်းကမ်းချက်များအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
၁၄ နာရီအတွင်း အမျိုးသားပေါင်း ၁၀၁ ဦးနှင့် အိပ်ခဲ့သော OnlyFans လူမှုကွန်ရက်မှ အကျော်အမော် အင်္ဂလန်နိုင်ငံသူ မိန်းကလေး Lil
၁၄ နာရီအတွင်း အမျိုးသားပေါင်း ၁၀၁ ဦးနှင့် အိပ်ခဲ့သော OnlyFans လူမှုကွန်ရက်မှ အကျော်အမော် အင်္ဂလန်နိုင်ငံသူ မိန်းကလေး Lil
တရုတ်ပြည်တွင် မိန်းကလေးများကြား နာမည်ကြီးနေသော အဖြူရောင်မာဖီးယားဂိုဏ်း၊ အမျိုးသမီးများအား စပေါ်ငွေ ပြန်မပေးသော အိမ်ရှင်မ
တရုတ်ပြည်တွင် မိန်းကလေးများကြား နာမည်ကြီးနေသော အဖြူရောင်မာဖီးယားဂိုဏ်း၊ အမျိုးသမီးများအား စပေါ်ငွေ ပြန်မပေးသော အိမ်ရှင်မ
ဂျပန်နိုင်ငံသားများအကြား “အိမ်သာ” ဟု ရည်ညွှန်းပြောဆိုကြသည့် ကျဉ်းမြောင်းလှသော လူနေခန်းလေးများ၊ ဟိုတယ်များ အမြဲပြည့်နေသော
ဂျပန်နိုင်ငံသားများအကြား “အိမ်သာ” ဟု ရည်ညွှန်းပြောဆိုကြသည့် ကျဉ်းမြောင်းလှသော လူနေခန်းလေးများ၊ ဟိုတယ်များ အမြဲပြည့်နေသော

နောင်လာမည့် အိမ်ခြံမြေ ပွဲစဉ်များ

imyanmarmarket
Maha Mini Condo

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service