ဦးပိုင်တွေကို ပေါင်းစပ်ခြင်း၊ ခွဲစိတ်ခြင်းအကြောင်းနှင့် ဦးပိုင်တစ်ဦးပိုင်ဟု ဘယ်လိုသတ်မှတ်မလဲ။

ဦးပိုင်တွေကို ပေါင်းစပ်ခြင်း၊ ခွဲစိတ်ခြင်းအကြောင်းနှင့် ဦးပိုင်တစ်ဦးပိုင်ဟု ဘယ်လိုသတ်မှတ်မလဲ။ - Property Knowledge in Myanmar from iMyanmarHouse.com
8 May 2020 1:46 pm တွင် တင်ခဲ့သည်
2702 ကြိမ် ကြည့်ရှု့ပြီး

ဗဟုသုတ | Posted by အေးမြတ်သူ

[Unicode]

မြေစာရင်းလက်စွဲ အပိုဒ် ၅၂၃ အရ အကွက်တစ်ကွက် (သို့) ကွင်းတစ်ခုအတွင်းရှိ တစ်ဦးတစ်ယောက်ထဲက အဝန်းအဝိုင်း တစ်ဆက်တစ်စပ်တည်း ပိုင်ဆိုင်ပြီး၊ လုပ်ကိုင်ခွင့် အမျိုးအစားမှာလည်း တစ်မျိုးတစ်စား ထဲဖြစ်သော မြေယာတွေကို ဦးပိုင်တစ်ဦးပိုင်ဟု သတ်မှတ်ထားပါတယ်။

တစ်ဦးတစ်ယောက်ရဲ့ပိုင်ဆိုင်မှုထဲမှာပဲ လုပ်ကိုင်ခွင့်လည်း တစ်ခုထဲပဲဆောင်ရွက်ခြင်းဖြစ်တဲ့မြေကို ဦးပိုင်တစ်ခုလို့ သတ်မှတ်ခြင်းဖြစ်တဲ့အတွက် ပိုင်ဆိုင်မှုမတူသည်ဖြစ်စေ၊ ပိုင်ဆိုင်မှုတူပြီး လုပ်ကိုင်မှု၊ မြေအသုံးချမှု မတူရင်(သို့) တစ်စပ်တည်းမဟုတ်ရင် ဦးပိုင်ကွဲပြားသွားပါတယ်။ ဦးပိုင်အမှတ်မတူတော့ပဲ ခွဲပေးရပါတယ်။

တစ်ချို့သောမြို့မြေမှာလည်း တစ်ဦးထဲက ပိုင်တဲ့မြေကွက်လို့ ဆိုပေမယ့် အိမ်ခြံမြေအစိတ်အပိုင်းက ဦးပိုင်တစ်ခု၊ လုပ်ကိုင်ခွင့်အသုံးပြုနေတဲ့ မြေကွက်နှင့်် သီးခြားလုပ်ငန်းတစ်ခုဆောင်ရွက်နေသော မြေကွက်က ဦးပိုင်တစ်ခု စီနှင့် ခွဲခြားသတ်မှတ်ပေးရပါတယ်။

တကယ်လို့ဦးပိုင်မြေကို ရောင်း၊ ဝယ်၊ လွှဲပြောင်း၊ ပေးကမ်းခြင်းကြောင့် ဖြစ်စေ၊ တရားရုံး၏အမိန့်ဒီကရီအရ ဖြစ်စေ၊ ခွဲစိတ်ရန်လိုအပ်ပါလာပါက မြေစာရင်းလက်စွဲ ဥပဒေအပိုဒ် (၅၆၆) (၅၆၆/က)တွင် ဖော်ပြထားသော စည်းမျဉ်းတွေအရ ခွဲစိတ်နိုင်ပါတယ်။

၎င်းစည်းမျဉ်းများမှာ ဦးပိုင်တစ်ခုကို ခွဲစိတ်ခြင်းများအတွက် ဦးပိုင်မှတ်ပုံစာရင်း (၁-က)မှာပါရှိတဲ့ မူလရေးသွင်းချက်တွေကိုပိတ်သိမ်းပြီး ခွဲစိတ်ခြင်းအကြောင်းပြချက်ဖော်ပြရပါမယ်။ပြီးနောက်(၁-က) မှတ်ပုံစာရင်း ဦးပိုင်ရေးသွင်းချက်ရဲ့နောက်စာမျက်နှာမှာ ခွဲစိတ်လိုက်တဲ့ ဦးပိုင်ခွဲတွေရေးသွင်းရပါ မယ်။ဦးပိုင်ခွဲတစ်ခုတိုင်း ဦးပိုင်အသစ်တစ်ခုစီလို စာမျက်နှာအသစ်နှင့် ဖြည့်စွက်ရပါမယ်။

အဲဒီဦးပိုင်ခွဲတွေရဲ့ ဧရိယာကို ပါဝင်တဲ့မြေကွက်တွေအလိုက် မှတ်ပုံစာရင်း(၁-ခ)အရ တွက်ချက်ပြီးတော့ မူလဦးပိုင်ဧရိယာအလိုက် တိုက်ဆိုင်စစ်ဆေးရပါမယ်။ ဦးပိုင်ခွဲများ ပေါင်းချုပ်ဧရိယာသည် မူလဦးပိုင်ဧရိယာနှင့် ကိုက်ညီစေရပါမယ်။

မူလက တစ်ဦးစီပိုင်သော်လည်း ဦးပိုင်အမှတ်ခွဲခြားပေးခဲ့ရတဲ့ ဦးပိုင်တွေက လက်ရှိမှာတစ်ယောက်ထဲက ဦးပိုင်အားလုံးစုပေါင်းပြီး ပြောင်းလဲပိုင်ဆိုင်လာပေမယ့် ခရိုင်အုပ်ချုပ်ရေးမှုး၏အမိန့်မရလျှင် (သို့) မြို့ကွက်တိုင်းတာခြင်း၊ကွင်းမြေပုံတိုင်းတာခြင်း၊ ဦးပိုင်စုံစမ်းသတ်မှတ်ခြင်း (Tenure Enquire)အသစ် ပြုလုပ်ခြင်းစသည့်ဆောင်ရွက်ချက်များပြုလုပ်သည်ပင်ဖြစ်စေ၊ ဦးပိုင်အသစ် ပြန်သတ်မှတ်မီ အတွင်း ပေါင်းစည်းမရနိုင်ပါကြောင်း ဖော်ပြထားပါသည်။

ဆရာဦးလှိုင်ဘွား လယ်ယာမြေ (Application )မှ ကိုးကားရေးသားထားခြင်းဖြစ်သည်။

အိမ်ခြံမြေ ကိစ္စအဝဝနှင့် ပတ်သက်၍ ဥပဒေအကြံပေးပညာရှင်များနှင့် ဆွေးနွေးတိုင်ပင်လိုပါက iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ၏ ဖုန်းနံပါတ်များဖြစ်သော 09-966901767, 09-268022352 သို့ ဆက်သွယ်နိုင်ပါသည်။ အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။

iMyanmarHouse.com ၏ ဥပဒေအကြံပေး ပညာရှင်အဖွဲ့ မှ အထူးရေးသားဖော်ပြသည်။

Credit: iMyanmarHouse.com

 

[Zawgyi]




တစ်ချို့သောမြို့မြေမှာလည်း တစ်ဦးထဲက ပိုင်တဲ့မြေကွက်လို့ ဆိုပေမယ့် အိမ်ခြံမြေအစိတ်အပိုင်းက ဦးပိုင်တစ်ခု၊ လုပ်ကိုင်ခွင့်အသုံးပြုနေတဲ့ မြေကွက်နှင့် သီးခြားလုပ်ငန်းတစ်ခုဆောင်ရွက်နေသော မြေကွက်က ဦးပိုင်တစ်ခု စီနှင့် ခွဲခြားသတ်မှတ်ပေးရပါတယ်။









နောက်ဆုံးရ အိမ်ခြံမြေ ဗဟုသုတများ

KITCHEN ဆေးရောင်ရွေးချယ်မှုအတွက် အကြံပေးမှုတစ်ချို့
KITCHEN ဆေးရောင်ရွေးချယ်မှုအတွက် အကြံပေးမှုတစ်ချို့
စုံလင်ဖွေရှာ အိမ်ခြံမြေဥပဒေရေးရာ
စုံလင်ဖွေရှာ အိမ်ခြံမြေဥပဒေရေးရာ
သာသနာဂရန်မြေ လျှောက်ထားရာတွင် သိရှိထားသင့်သည့် အချက်အလက်များအကြောင်း ဥပဒေဗဟုသုတ အနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။...
သာသနာဂရန်မြေ လျှောက်ထားရာတွင် သိရှိထားသင့်သည့် အချက်အလက်များအကြောင်း ဥပဒေဗဟုသုတ အနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။...
မရွှေ့မပြောင်းနိုင်သောပစ္စည်းကို ကန့်သတ်သည့်ဥပဒေအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြ ပေးလိုက်ပါသည်။...
မရွှေ့မပြောင်းနိုင်သောပစ္စည်းကို ကန့်သတ်သည့်ဥပဒေအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြ ပေးလိုက်ပါသည်။...
၂၀၂၅-၂၀၂၆ ခုနှစ်အတွက် ရန်ကုန်တိုင်း မြို့နယ်စုံ အသစ်ထွက်ရှိလာသော ရာဖြတ်နှုန်းထားများ
၂၀၂၅-၂၀၂၆ ခုနှစ်အတွက် ရန်ကုန်တိုင်း မြို့နယ်စုံ အသစ်ထွက်ရှိလာသော ရာဖြတ်နှုန်းထားများ
မြေယာစီမံခန့်ခွဲမှု စပ်လျဉ်း၍ ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
မြေယာစီမံခန့်ခွဲမှု စပ်လျဉ်း၍ ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
ငွေရေးကြေးရေးဆိုင်ရာအဖွဲ့အစည်း ဥပဒေအကြောင်းကို ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။...
ငွေရေးကြေးရေးဆိုင်ရာအဖွဲ့အစည်း ဥပဒေအကြောင်းကို ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။...
အပတ်စဉ် သိမှတ်ဖွယ်ရာ ဥပဒေအမေးအဖြေကဏ္ဍ
အပတ်စဉ် သိမှတ်ဖွယ်ရာ ဥပဒေအမေးအဖြေကဏ္ဍ
အိမ်ခြံမြေအသိကြွယ်စေဖို့ရာ ဥပဒေအမေးအဖြေကဏ္ဍ
အိမ်ခြံမြေအသိကြွယ်စေဖို့ရာ ဥပဒေအမေးအဖြေကဏ္ဍ
စုပေါင်းပိုင် အဆောက်အအုံနှင့် စပ်လျဉ်း၍ လိုက်နာရမည့် အချက်အလက်များ ဥပဒေဗဟုသုတအအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။...
စုပေါင်းပိုင် အဆောက်အအုံနှင့် စပ်လျဉ်း၍ လိုက်နာရမည့် အချက်အလက်များ ဥပဒေဗဟုသုတအအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။...

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

သြစတေးလျတွင် ဝေးလံခေါင်သီသော ဒေသရှိ မြို့လေးတစ်မြို့က ဆရာဝန်တစ်ဦး ခေါ်ယူနေ၊ လစာ ဒေါ်လာ ၄၀၀၀၀၀ ကျော် ပေးမည့်အပြင် အိမ်လခမ
သြစတေးလျတွင် ဝေးလံခေါင်သီသော ဒေသရှိ မြို့လေးတစ်မြို့က ဆရာဝန်တစ်ဦး ခေါ်ယူနေ၊ လစာ ဒေါ်လာ ၄၀၀၀၀၀ ကျော် ပေးမည့်အပြင် အိမ်လခမ
မရွှေ့မပြောင်းနိုင်သောပစ္စည်းကို ကန့်သတ်သည့်ဥပဒေအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြ ပေးလိုက်ပါသည်။
မရွှေ့မပြောင်းနိုင်သောပစ္စည်းကို ကန့်သတ်သည့်ဥပဒေအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြ ပေးလိုက်ပါသည်။
ကင်ညာနိုင်ငံတွင် ဘယ်လ်ဂျီယံနိုင်ငံသား လူငယ် ၂ ဦးကို ပုရွက်ဆိတ်အကောင် ၅၀၀၀ ခိုးယူမှုဖြင့် ဖမ်းဆီးခဲ့မှု နာမည်ကြီးနေ၊ ပုရွ
ကင်ညာနိုင်ငံတွင် ဘယ်လ်ဂျီယံနိုင်ငံသား လူငယ် ၂ ဦးကို ပုရွက်ဆိတ်အကောင် ၅၀၀၀ ခိုးယူမှုဖြင့် ဖမ်းဆီးခဲ့မှု နာမည်ကြီးနေ၊ ပုရွ
အယ်လ်ဆာဗေဒေါနိုင်ငံရှိ သေမင်းတမန် အကျဉ်းစခန်းကြီး၏ ဓာတ်ပုံများ လူမှုကွန်ရက်တွင် ပျံ့နှံ့ဂယက်ရိုက်
အယ်လ်ဆာဗေဒေါနိုင်ငံရှိ သေမင်းတမန် အကျဉ်းစခန်းကြီး၏ ဓာတ်ပုံများ လူမှုကွန်ရက်တွင် ပျံ့နှံ့ဂယက်ရိုက်
မည်သည့်အခါမျှ ရောက်ဖူးမည်မဟုတ်သော တားမြစ်နေရာများ
မည်သည့်အခါမျှ ရောက်ဖူးမည်မဟုတ်သော တားမြစ်နေရာများ
ဖခင်ဖြစ်သူ၏ ၆၂ နှစ်သက်တမ်းရှိ ဘဏ်ငွေစုစာအုပ်ကို နေအိမ်မှ အမှိုက်ပုံးထဲတွင် တွေ့ရှိသော အမျိုးသားမှာ နေ့ချင်းညချင်း သန်းကြ
ဖခင်ဖြစ်သူ၏ ၆၂ နှစ်သက်တမ်းရှိ ဘဏ်ငွေစုစာအုပ်ကို နေအိမ်မှ အမှိုက်ပုံးထဲတွင် တွေ့ရှိသော အမျိုးသားမှာ နေ့ချင်းညချင်း သန်းကြ
အိမ်ဖြူတော်အနီးရှိ ဒေါ်လာ ၂၃ သန်းတန် စံအိမ်ကို ဝယ်ယူသွားသူမှာ Mark Zuckerberg ဖြစ်ကြောင်း ပေါ်ပေါက်လာ
အိမ်ဖြူတော်အနီးရှိ ဒေါ်လာ ၂၃ သန်းတန် စံအိမ်ကို ဝယ်ယူသွားသူမှာ Mark Zuckerberg ဖြစ်ကြောင်း ပေါ်ပေါက်လာ
အိမ်ရာမဲ့ဘဝမှ သူဌေးဖြစ်လာသော အမေရိကန်ပြည်၊ ဒက်ထရွိုက်မြို့မှ အမျိုးသားတစ်ဦးအကြောင်း
အိမ်ရာမဲ့ဘဝမှ သူဌေးဖြစ်လာသော အမေရိကန်ပြည်၊ ဒက်ထရွိုက်မြို့မှ အမျိုးသားတစ်ဦးအကြောင်း
ဆွီဒင်တွင် မိခင်ဖြစ်သူက သားသမီး ၂ ဦး မွေးဖွားမှုအတွက် လစာဖြင့်ခွင့် ၂၁ လ ရယူခဲ့ပြီး လက်တွဲဖော် အမျိုးသားက ခွင့် ၁၅ လ ရယူ
ဆွီဒင်တွင် မိခင်ဖြစ်သူက သားသမီး ၂ ဦး မွေးဖွားမှုအတွက် လစာဖြင့်ခွင့် ၂၁ လ ရယူခဲ့ပြီး လက်တွဲဖော် အမျိုးသားက ခွင့် ၁၅ လ ရယူ
အိန္ဒိယတွင် တဲအိမ်အချို့ကို အာဏာပိုင်တို့က ဖြိုချဖျက်ဆီး၊ အိမ်ဖျက်ခံရသူတို့အား ရူပီး ၁၀ သိန်း လျော်ကြေးပေးရန် အိန္ဒိယ တရ
အိန္ဒိယတွင် တဲအိမ်အချို့ကို အာဏာပိုင်တို့က ဖြိုချဖျက်ဆီး၊ အိမ်ဖျက်ခံရသူတို့အား ရူပီး ၁၀ သိန်း လျော်ကြေးပေးရန် အိန္ဒိယ တရ
Shwe Wutt Hmone
Aung Theikdi Villa

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service