မြေ၊ အဆောက်အဦငှားရမ်းခြင်းတွင် ငှားရမ်းသူ၊ ငှားယူသူထမ်းဆောင်ရသော အခွန်အခမျာ

မြေ၊ အဆောက်အဦငှားရမ်းခြင်းတွင် ငှားရမ်းသူ၊ ငှားယူသူထမ်းဆောင်ရသော အခွန်အခမျာ - Property Knowledge in Myanmar from iMyanmarHouse.com
26 Mar 2020 10:49 am တွင် တင်ခဲ့သည်
1499 ကြိမ် ကြည့်ရှု့ပြီး

ဗဟုသုတ | Posted by ရွှေစင်ဝင်း

### Unicode Version ###

လူပုဂ္ဂိုလ်တစ်ဦးမှ ငှားရမ်းခြင်း ဝန်ဆောင်မှုလုပ်ငန်းလုပ်ကိုင်ခြင်းသည် ၂၀၁၈ ခုနှစ် ပြည်ထောင်စု၏ အခွန်အကောက် ဥပဒေပုဒ်မ ၁၄ (ဃ) ပါ ကုန်သွယ်လုပ်ငန်းခွန်မကျသင့် သည့် ဝန်ဆောင်မှု(၃၀) မျိုးတွင် မပါဝင်ပါသဖြင့် ပုဒ်မခွဲ(င)အရ ကုန်သွယ်လုပ်ငန်းခွန် ၅ % ကျသင့်မည်ဖြစ်ပါသည်။

ကုန်သွယ်လုပ်ငန်းခွန် ဥပဒေပုဒ်မ ၅ (ခ) အရ ငှားရမ်းသူသည် ငှားယူသူ ထံမှ ငှားရမ်းခရငွေနှင့်အတူ ကုန်သွယ်လုပ်ငန်းခွန် ၅ % ကို တစ်ပါတည်းကောက်ခံပြီး ကုန်သွယ်လုပ်ငန်းခွန် ဥပဒေပုဒ်မ ၁၂ (က) အရ ငှားရမ်းခရရှိသည့် လကုန်ဆုံးပြီး (၁၀) ရက် အတွင်း သက်ဆိုင်ရာအခွန်ရုံးသို့ ပေးသွင်းရမည်ဖြစ်ပါသည်။

ငှားရမ်းသူမှ ထမ်းဆောင်ရသည့် ဝင်ငွေခွန်မှာ ၂၀၁၈ ခုနှစ် ပြည်ထောင်စု၏အခွန်အကောက်ဥပဒေပုဒ်မ ၁၉(ဃ) အရ မြေ၊ အဆောက်အဦငှားရမ်းခြင်း မှရရှိသော စုစုပေါင်းငှားရမ်းခရငွေအပေါ် ဝင်ငွေခွန်ဥပဒေပုဒ်မ ၆ အရ သက်သာခွင့်များ နုတ်ပယ်ပြီး ကျန်ငွေအပေါ် တစ်ဆယ်ရာခိုင်နှုန်းဖြင့် ဝင်ငွေခွန်ပေးဆောင်ရမည်ဖြစ်ပါ သည်။

တံဆိပ်ခေါင်းခွန်မှာ မြန်မာနိုင်ငံ တံဆိပ်ခေါင်းအက်ဥပဒေ နောက်ဆက်တွဲ ဇယား (၁) အမှတ်စဉ် (၃၅)(က)(၂) အရ (၃) နှစ် အငှားစာချုပ် ချုပ်ဆိုခြင်းအတွက် နှစ်စဉ်ပျမ်းမျှရရန်ရှိ သော ငှားရမ်းခသင့်ငွေပမာဏ သို့မဟုတ် တန်ဖိုးအပေါ် တံဆိပ်ခေါင်းခွန် ဝ.၅% ထမ်း ဆောင်ရမည်ဖြစ်ပါသည်။

ငှားရမ်းခသတ်မှတ်၍ စပေါ်မပေးရလျှင် တစ်နှစ်အောက်လျော့သောကာလအတွက် တံဆိပ်ခေါင်းခွန်မှာ တန်ဖိုးအပေါ် ဝ.၅%

တစ်နှစ်မှ သုံးနှစ်အထိ ငှားရမ်းမှုကာလအတွက် တစ်နှစ်စာငှားရမ်းခသင့်ငွေပမာဏ (သို့) တန်ဖိုးအပေါ် ဝ.၅%

သုံးနှစ်ထက်ကျော်လွန်သော ငှားရမ်းခြင်းကာလအတွက် တစ်နှစ်ပျမ်းမျှရရန်ရှိသော ငှားရမ်းခသင့်ငွေပမာဏ (သို့) တန်ဖိုးအပေါ် ၂%

သတ်မှတ်ကာလမရှိ (သို့) နှစ်ရှည်အငှားစာချုပ်ဖြစ်လျှင် ပထမ ၁၀ နှစ်အတွက် နှစ်စဉ်ငှားရမ်းခ၏ ၂%

ထာဝစဉ် ငှားရမ်းခြင်းစာချုပ်ဖြစ်ခဲ့လျှင် စာချုပ်ချုပ်သည့်နေ့မှ နှစ်ပေါင်း ၅၀ အတွက် ပေးရသော စုစုပေါင်းငှားရမ်းခ ၁/၅ အပေါ်တွင် ၂% ထမ်းဆောင်ရမည်။

အငှားစာချုပ်ချုပ်ဆိုခြင်းအပေါ် မြန်မာနိုင်ငံ တံဆိပ်ခေါင်းအက် ဥပဒေ ပုဒ်မ ၂၉(ဂ) အရ ငှားရမ်းရသူ (သို့မဟုတ်) ငှားရမ်းမည့်သူက ထိုက်သင့်သည့် တံဆိပ် ခေါင်းခွန်ကို ထမ်းဆောင်ရမည်ဖြစ်ပါသည်။

အိမ်ခြံမြေ ကိစ္စအဝဝနှင့် ပတ်သက်၍ ဥပဒေအကြံပေးပညာရှင်များနှင့် ဆွေးနွေးတိုင်ပင်လိုပါက iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ၏ ဖုန်းနံပါတ်များဖြစ်သော 09-966901767, 09-268022352 သို့ ဆက်သွယ်နိုင်ပါသည်။ အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။

iMyanmarHouse.com ၏ ဥပဒေအကြံပေး ပညာရှင်အဖွဲ့ မှ အထူးရေးသားဖော်ပြသည်။

Credit: iMyanmarHouse.com

 

### Zawgyi Version ###

ေျမ၊ အေဆာက္အဦငွားရမ္းျခင္းတြင္ ငွားရမ္းသူ၊ ငွားယူသူထမ္းေဆာင္ရေသာ အခြန္အခမ်ား

လူပုဂၢိဳလ္တစ္ဦးမွ ငွားရမ္းျခင္း ဝန္ေဆာင္မႈလုပ္ငန္းလုပ္ကိုင္ျခင္းသည္ ၂၀၁၈ ခုႏွစ္ ျပည္ေထာင္စု၏ အခြန္အေကာက္ ဥပေဒပုဒ္မ ၁၄ (ဃ) ပါ ကုန္သြယ္လုပ္ငန္းခြန္မက်သင့္ သည့္ ဝန္ေဆာင္မႈ(၃၀) မ်ိဳးတြင္ မပါဝင္ပါသျဖင့္ ပုဒ္မခြဲ(င)အရ ကုန္သြယ္လုပ္ငန္းခြန္ ၅ % က်သင့္မည္ျဖစ္ပါသည္။

ကုန္သြယ္လုပ္ငန္းခြန္ ဥပေဒပုဒ္မ ၅ (ခ) အရ ငွားရမ္းသူသည္ ငွားယူသူ ထံမွ ငွားရမ္းခရေငြႏွင့္အတူ ကုန္သြယ္လုပ္ငန္းခြန္ ၅ % ကို တစ္ပါတည္းေကာက္ခံၿပီး ကုန္သြယ္လုပ္ငန္းခြန္ ဥပေဒပုဒ္မ ၁၂ (က) အရ ငွားရမ္းခရ႐ွိသည့္ လကုန္ဆုံးၿပီး (၁၀) ရက္ အတြင္း သက္ဆိုင္ရာအခြန္႐ုံးသို႔ ေပးသြင္းရမည္ျဖစ္ပါသည္။

ငွားရမ္းသူမွ ထမ္းေဆာင္ရသည့္ ဝင္ေငြခြန္မွာ ၂၀၁၈ ခုႏွစ္ ျပည္ေထာင္စု၏အခြန္အေကာက္ဥပေဒပုဒ္မ ၁၉(ဃ) အရ ေျမ၊ အေဆာက္အဦငွားရမ္းျခင္း မွရ႐ွိေသာ စုစုေပါင္းငွားရမ္းခရေငြအေပၚ ဝင္ေငြခြန္ဥပေဒပုဒ္မ ၆ အရ သက္သာခြင့္မ်ား ႏုတ္ပယ္ၿပီး က်န္ေငြအေပၚ တစ္ဆယ္ရာခိုင္ႏႈန္းျဖင့္ ဝင္ေငြခြန္ေပးေဆာင္ရမည္ျဖစ္ပါ သည္။

တံဆိပ္ေခါင္းခြန္မွာ ျမန္မာႏိုင္ငံ တံဆိပ္ေခါင္းအက္ဥပေဒ ေနာက္ဆက္တြဲ ဇယား (၁) အမွတ္စဥ္ (၃၅)(က)(၂) အရ (၃) ႏွစ္ အငွားစာခ်ဳပ္ ခ်ဳပ္ဆိုျခင္းအတြက္ ႏွစ္စဥ္ပ်မ္းမွ်ရရန္႐ွိ ေသာ ငွားရမ္းခသင့္ေငြပမာဏ သို႔မဟုတ္ တန္ဖိုးအေပၚ တံဆိပ္ေခါင္းခြန္ ၀.၅% ထမ္း ေဆာင္ရမည္ျဖစ္ပါသည္။

ငွားရမ္းခသတ္မွတ္၍ စေပၚမေပးရလွ်င္ တစ္ႏွစ္ေအာက္ေလ်ာ့ေသာကာလအတြက္ တံဆိပ္ေခါင္းခြန္မွာ တန္ဖိုးအေပၚ ၀.၅%

တစ္ႏွစ္မွ သုံးႏွစ္အထိ ငွားရမ္းမႈကာလအတြက္ တစ္ႏွစ္စာငွားရမ္းခသင့္ေငြပမာဏ (သို႔) တန္ဖိုးအေပၚ ၀.၅%

သုံးႏွစ္ထက္ေက်ာ္လြန္ေသာ ငွားရမ္းျခင္းကာလအတြက္ တစ္ႏွစ္ပ်မ္းမွ်ရရန္ရွိေသာ ငွားရမ္းခသင့္ေငြပမာဏ (သို႔) တန္ဖိုးအေပၚ ၂%

သတ္မွတ္ကာလမရွိ (သို႔) ႏွစ္ရွည္အငွားစာခ်ဳပ္ျဖစ္လွ်င္ ပထမ ၁၀ ႏွစ္အတြက္ ႏွစ္စဥ္ငွားရမ္းခ၏ ၂%

ထာ၀စဥ္ ငွားရမ္းျခင္းစာခ်ဳပ္ျဖစ္ခဲ့လွ်င္ စာခ်ဳပ္ခ်ဳပ္သည့္ေန႔မွ ႏွစ္ေပါင္း ၅၀ အတြက္ ေပးရေသာ စုုစုေပါင္းငွားရမ္းခ ၁/၅ အေပၚတြင္ ၂% ထမ္းေဆာင္ရမည္။

အငွားစာခ်ဳပ္ခ်ဳပ္ဆိုျခင္းအေပၚ ျမန္မာႏိုင္ငံတံဆိပ္ေခါင္းအက္ ဥပေဒ ပုဒ္မ ၂၉(ဂ) အရ ငွားရမ္းရသူ (သို႔မဟုတ္) ငွားရမ္းမည့္သူက ထိုက္သင့္သည့္ တံဆိပ္ေခါင္းခြန္ကို ထမ္းေဆာင္ရမည္ျဖစ္ပါသည္။

အိမ္ျခံေျမ ကိစၥအဝဝနွင့္ ပတ္သက္၍ ဥပေဒအၾကံေပးပညာရွင္မ်ားနွင့္ ေဆြးေႏြးတိုင္ပင္လိုပါက iMyanmarHouse.com (အိုင္ျမန္မာေဟာက္စ္ေဒါ႔ကြန္း) ၏ ဖုန္းနံပါတ္မ်ားျဖစ္ေသာ 09-966901767, 09-268022352 သို႔ ဆက္သြယ္ႏိုင္ပါသည္။ အေသးစိတ္ၾကည့္ရန္ ဤေနရာကို ႏွိပ္ပါ။

iMyanmarHouse.com ၏ ဥပ​ေဒအၾကံ​ေပး ပညာ႐ွင္​အဖြဲ႔ မွ အထူးေရးသားေဖာ္ျပသည္။

Credit: iMyanmarHouse.com

နောက်ဆုံးရ အိမ်ခြံမြေ ဗဟုသုတများ

ဟောင်ကောင် ရေကြောင်းရဲအရာရှိတစ်ဦး ၁၀ ဒေါ်လာဖိုး ဖုန်းဆက်ထီထိုးခဲ့ရာ ဒေါ်လာ ၆၉ သန်း Jackpot ဆုကြီး ထီပေါက်...
ဟောင်ကောင် ရေကြောင်းရဲအရာရှိတစ်ဦး ၁၀ ဒေါ်လာဖိုး ဖုန်းဆက်ထီထိုးခဲ့ရာ ဒေါ်လာ ၆၉ သန်း Jackpot ဆုကြီး ထီပေါက်...
ကာဇက်စတန်မှ ရွာကလေးတွင် ရွာသူရွာသားတို့မှာ လမ်းလျှောက်ရင်းပင် ရုတ်တရက် အိပ်ပျော်သွားတတ်ကြပြီး ပြန်နိုးလာချိန်တွင် မည်သည့်အချိန်က အိပ်ပျော်သွားသည်ကို မမှတ်မိကြသည့် ဆန်းကြယ်သော ဖြစ်ရပ်...
ကာဇက်စတန်မှ ရွာကလေးတွင် ရွာသူရွာသားတို့မှာ လမ်းလျှောက်ရင်းပင် ရုတ်တရက် အိပ်ပျော်သွားတတ်ကြပြီး ပြန်နိုးလာချိန်တွင် မည်သည့်အချိန်က အိပ်ပျော်သွားသည်ကို မမှတ်မိကြသည့် ဆန်းကြယ်သော ဖြစ်ရပ်...
ဟယ်ရီဆင်ဖို့ဒ်က တောမီးဦးတည်နေသည့် ဘရန့်ဝုဒ်အရပ်မှ သူ၏ စံအိမ်ဆီသို့ သွားရန် ကြိုးစားရာ ရဲအရာရှိတို့ လိုက်ပါစောင့်ကြပ်ပေးခဲ့...
ဟယ်ရီဆင်ဖို့ဒ်က တောမီးဦးတည်နေသည့် ဘရန့်ဝုဒ်အရပ်မှ သူ၏ စံအိမ်ဆီသို့ သွားရန် ကြိုးစားရာ ရဲအရာရှိတို့ လိုက်ပါစောင့်ကြပ်ပေးခဲ့...
ကယ်လီဖိုးနီးယားတွင် တောမီးကြောင့် အရေးပေါ်အခြေအနေ ကြေညာထားပြီး ညမထွက်ရအမိန့် ထုတ်ပြန်ထားရာ ဒုသမ္မတ ခါမလာဟဲရစ်၏ နေအိမ်အနီး ညဘက် သွားလာသူ ၂ ဦး ဖမ်းဆီးခံရ...
ကယ်လီဖိုးနီးယားတွင် တောမီးကြောင့် အရေးပေါ်အခြေအနေ ကြေညာထားပြီး ညမထွက်ရအမိန့် ထုတ်ပြန်ထားရာ ဒုသမ္မတ ခါမလာဟဲရစ်၏ နေအိမ်အနီး ညဘက် သွားလာသူ ၂ ဦး ဖမ်းဆီးခံရ...
ဂျပန်နိုင်ငံသားများအကြား “အိမ်သာ” ဟု ရည်ညွှန်းပြောဆိုကြသည့် ကျဉ်းမြောင်းလှသော လူနေခန်းလေးများ၊ ဟိုတယ်များ အမြဲပြည့်နေသော ဂျပန်တွင် နိုင်ငံခြားခရီးသွားများ တည်းခိုရန် စိတ်ဝင်စားလျက်ရှိ...
ဂျပန်နိုင်ငံသားများအကြား “အိမ်သာ” ဟု ရည်ညွှန်းပြောဆိုကြသည့် ကျဉ်းမြောင်းလှသော လူနေခန်းလေးများ၊ ဟိုတယ်များ အမြဲပြည့်နေသော ဂျပန်တွင် နိုင်ငံခြားခရီးသွားများ တည်းခိုရန် စိတ်ဝင်စားလျက်ရှိ...
(ထူးထူးခြားခြား အိမ်ခြံမြေဒိုင်ယာရီ) အိန္ဒိယတွင် အိမ်ခြံမြေ Developer တစ်ဦးက ဆောက်လုပ်ရေးအတွက် မြေတူးစဉ် ရွှေအိုးကြီးတစ်လုံး တူးဖော်တွေ့ရှိ...
(ထူးထူးခြားခြား အိမ်ခြံမြေဒိုင်ယာရီ) အိန္ဒိယတွင် အိမ်ခြံမြေ Developer တစ်ဦးက ဆောက်လုပ်ရေးအတွက် မြေတူးစဉ် ရွှေအိုးကြီးတစ်လုံး တူးဖော်တွေ့ရှိ...
မိုက်ခရိုဝေ့(Microwave) နှင့် ပြန်နွှေးပြီး မစားသင့်သော အစာ (၇) မျိုး
မိုက်ခရိုဝေ့(Microwave) နှင့် ပြန်နွှေးပြီး မစားသင့်သော အစာ (၇) မျိုး
အိမ်ခြံမြေအရေး iMyanmarHouse ကို တွေးလိုက်ပါ🤔
အိမ်ခြံမြေအရေး iMyanmarHouse ကို တွေးလိုက်ပါ🤔
ပစ္စည်းလွှဲပြောင်းခြင်း ဥပဒေအကြောင်းကို ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
ပစ္စည်းလွှဲပြောင်းခြင်း ဥပဒေအကြောင်းကို ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
အိမ်ပိုင်ရှင်များသတိထားနိုင်ဖို့ တစ်ထပ်အိမ်ကို အဆင့်မြှင့်တဲ့အခါ ဆောင်ရန်ရှောင်ဖွယ်အချက် ( ၄) ချက်...
အိမ်ပိုင်ရှင်များသတိထားနိုင်ဖို့ တစ်ထပ်အိမ်ကို အဆင့်မြှင့်တဲ့အခါ ဆောင်ရန်ရှောင်ဖွယ်အချက် ( ၄) ချက်...

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

ဂျပန်အမျိုးသားတစ်ဦးက စိတ်ဖိစီးမှု ဖြေဖျောက်ရန်ဟုဆိုကာ နေအိမ်ပေါင်း ၁၀၀၀ ကျော်ကို ကျူးကျော်ဝင်ရောက်ခဲ့မှု ရဲတပ်ဖွဲ့ အံ့သြ
ဂျပန်အမျိုးသားတစ်ဦးက စိတ်ဖိစီးမှု ဖြေဖျောက်ရန်ဟုဆိုကာ နေအိမ်ပေါင်း ၁၀၀၀ ကျော်ကို ကျူးကျော်ဝင်ရောက်ခဲ့မှု ရဲတပ်ဖွဲ့ အံ့သြ
Tom Hanks ၏ လော့စ်အိန်ဂျလိစံအိမ် တောမီးဘေးမှ အံ့ဖွယ် မီးကွင်းကျန်ရစ်ခဲ့
Tom Hanks ၏ လော့စ်အိန်ဂျလိစံအိမ် တောမီးဘေးမှ အံ့ဖွယ် မီးကွင်းကျန်ရစ်ခဲ့
တရုတ်ပြည်တွင် တိုက်ခန်းငှားရမ်းနေထိုင်သူတစ်ဦးက ကြက်ခြံအဖြစ် ပြောင်းလဲကာ ကြက်များ မွေးမြူထားရာ အိမ်ရှင်မှာ များစွာ တုန်လှ
တရုတ်ပြည်တွင် တိုက်ခန်းငှားရမ်းနေထိုင်သူတစ်ဦးက ကြက်ခြံအဖြစ် ပြောင်းလဲကာ ကြက်များ မွေးမြူထားရာ အိမ်ရှင်မှာ များစွာ တုန်လှ
နတ်သမီးများ ပြန်ခေါ်မှ ရုပ်ရှင်နယ်သို့ ပြန်လာမည်ဟု ကြုံးဝါးခဲ့သော်လည်း ငွေလိုနေသဖြင့် ရုပ်ရှင်နယ်သို့ ခြေပြန်ချလာသူ ဂျင်
နတ်သမီးများ ပြန်ခေါ်မှ ရုပ်ရှင်နယ်သို့ ပြန်လာမည်ဟု ကြုံးဝါးခဲ့သော်လည်း ငွေလိုနေသဖြင့် ရုပ်ရှင်နယ်သို့ ခြေပြန်ချလာသူ ဂျင်
ကြွေပြားတွက်နည်း
ကြွေပြားတွက်နည်း
ရုပ်ရှင်သရုပ်ဆောင်အဖြစ် မအောင်မြင်သေးမီက လူသေအလောင်းများ သယ်ယူသည့်အလုပ်လုပ်ခဲ့ရသူ Kenny Ho (သို့မဟုတ်) ကျန်ကျောင်း၏ ဘဝဖြ
ရုပ်ရှင်သရုပ်ဆောင်အဖြစ် မအောင်မြင်သေးမီက လူသေအလောင်းများ သယ်ယူသည့်အလုပ်လုပ်ခဲ့ရသူ Kenny Ho (သို့မဟုတ်) ကျန်ကျောင်း၏ ဘဝဖြ
လော့စ်အိန်ဂျလိတွင် တောမီးအကြီးအကျယ် လောင်ကျွမ်းလျက်ရှိရာ ဘင်အက်ဖလက်၊ Tom hanks ၊ စတီဗင် စပီးဘာ့ဂ် တို့အပါအဝင် ကမ္ဘာကျော်
လော့စ်အိန်ဂျလိတွင် တောမီးအကြီးအကျယ် လောင်ကျွမ်းလျက်ရှိရာ ဘင်အက်ဖလက်၊ Tom hanks ၊ စတီဗင် စပီးဘာ့ဂ် တို့အပါအဝင် ကမ္ဘာကျော်
၃ နာရီထဲနဲ့ အပြီးဆောက်ကာ ကမ္ဘာ့အမြန်ဆုံးဆောက်လုပ်သောစံအိမ်အဖြစ် ဂင်းနက်စံချိန်တင်ခဲ့တဲ့ အမေရိကန်ပြည်က စံအိမ်ကြီး
၃ နာရီထဲနဲ့ အပြီးဆောက်ကာ ကမ္ဘာ့အမြန်ဆုံးဆောက်လုပ်သောစံအိမ်အဖြစ် ဂင်းနက်စံချိန်တင်ခဲ့တဲ့ အမေရိကန်ပြည်က စံအိမ်ကြီး
အင်္ဂလန်ရှိ ကျေးရွာတစ်ခုတွင် ၁၈ ရာစုကတည်းက ဆောက်လုပ်ခဲ့သည့် နေအိမ်ကို ပြန်လည်ပြင်ဆင်သော ဇနီးမောင်နှံ မီးဖိုဆောင်အောက်မှ
အင်္ဂလန်ရှိ ကျေးရွာတစ်ခုတွင် ၁၈ ရာစုကတည်းက ဆောက်လုပ်ခဲ့သည့် နေအိမ်ကို ပြန်လည်ပြင်ဆင်သော ဇနီးမောင်နှံ မီးဖိုဆောင်အောက်မှ
လိုနီဝီလီဆင်၏ ကြေကွဲဖွယ်ဘဝ (သို့မဟုတ်) ဟောလိဝုဒ်ရုပ်ရှင်မင်းသားတစ်ဦး၏ ဇနီးဟောင်း၊ မဂ္ဂဇင်းမျက်နှာဖုံးရှင် ဖက်ရှင်မော်ဒယ်
လိုနီဝီလီဆင်၏ ကြေကွဲဖွယ်ဘဝ (သို့မဟုတ်) ဟောလိဝုဒ်ရုပ်ရှင်မင်းသားတစ်ဦး၏ ဇနီးဟောင်း၊ မဂ္ဂဇင်းမျက်နှာဖုံးရှင် ဖက်ရှင်မော်ဒယ်

နောင်လာမည့် အိမ်ခြံမြေ ပွဲစဉ်များ

Ponnami Estate
Maha Mini Condo

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service