ဗဟုသုတ | Posted by ရွှေစင်ဝင်း
### Unicode Version ###
လင်၊ မယား နှစ်ဦးအမည်ပေါက်ပိုင်ဆိုင်သည့်ပစ္စည်းကို ရောင်းချရာတွင် နှစ်ဦးစလုံး သည် ရောင်းသူအနေဖြင့် လက်မှတ်ရေးထိုး ရောင်းချမှသာ တရားဝင်မည်ဖြစ်ပြီး လင် (သို့မဟုတ်) မယား တစ်ဦးတည်း အမည်ပေါက်ပိုင်ဆိုင်သောပစ္စည်းကိုရောင်းချရာတွင် အမည်ပေါက်ပိုင်ဆိုင်သည့် လင် (သို့မဟုတ်) မယားသည် ရောင်းသူအနေဖြင့်လည်းကောင်း၊ ၎င်းတို့၏ အိမ်ထောင်ဖက် မယား (သို့မဟုတ်) လင်အား သက်သေအဖြစ်လည်းကောင်း အရောင်းအဝယ်စာချုပ်တွင် လက်မှတ်ရေးထိုးခိုင်ရန် လိုအပ်ပါသည်။
အဘယ်ကြောင့်ဆိုသော် လင်နှင့်မယားပိုင်ဆိုင်သော ပါရင်းပစ္စည်း၊ အမွေရလက်ထက်ပွားပစ္စည်း စသည့်တို့တွင် ပါရင်း ပါလာသူနှင့် အမွေရလက်ထက်ပွားပစ္စည်း ပါလာသူပစ္စည်းရှင် လင် (သို့မဟုတ်) မယားက သုံးပုံပုံ နှစ်ပုံ ပိုင်ဆိုင်ပြီး ပစ္စည်းမပါသူ လင် (သို့မဟုတ်) မယားက သုံးပုံပုံ တစ်ပုံကို အပြီးအပိုင်ရရှိသော အခွင့်အရေးရရှိသောကြောင့်ဖြစ်သည်။
ဝယ်ယူသူသည် ၎င်းဝယ်ယူသောပစ္စည်းသည် လင် (သို့မဟုတ်) မယားတစ်ဦးတည်းပိုင်ဆိုင်သော ပစ္စည်းဖြစ်လျှင် အဆိုပါပစ္စည်းသည် ပါရင်းပစ္စည်းသော်လည်းကောင်း၊ အမွေရလက်ထက်ပွားပစ္စည်းသော် လည်းကောင်း ဖြစ်နေလျှင် နောင်တစ်ချိန်အရှုပ်အရှင်းများဖြစ်ပေါ်လာနိုင်ပါသည်။ ထို့ကြောင့် အထက်ပါအတိုင်း အရောင်းအဝယ်စာချုပ်တွင် လက်မှတ်ရေးထိုး ရောင်းချစေခြင်းဖြင့် နောင်တစ်ချိန်တွင် အရှုပ်အရှင်းကန့်ကွက်မှုများ ပေါ်ပေါက်မည့်ကိစ္စကို ရှောင်ရှားနိုင်မှာဖြစ်ပါသည်။
အိမ်ခြံမြေ ကိစ္စအဝဝနှင့် ပတ်သက်၍ ဥပဒေအကြံပေးပညာရှင်များနှင့် ဆွေးနွေးတိုင်ပင်လိုပါက iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ၏ ဖုန်းနံပါတ်များဖြစ်သော 09-966901767, 09-268022352 သို့ ဆက်သွယ်နိုင်ပါသည်။ အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။
iMyanmarHouse.com ၏ ဥပဒေအကြံပေး ပညာရှင်အဖွဲ့ မှ အထူးရေးသားဖော်ပြသည်။
Credit: iMyanmarHouse.com
### Zawgyi Version ###
လင် (သို့မဟုတ်) မယား တစ်ဦးတည်း အမည်ပေါက်ပိုင်ဆိုင်သောပစ္စည်းကို ရောင်းချရာတွင် ၄င်းတို့၏ မယား(သို့မဟုတ်) လင်တို့ လက်မှတ်ရေးထိုးရန်လိုအပ်သလား။
လင်၊ မယား နှစ်ဦးအမည်ပေါက်ပိုင်ဆိုင်သည့်ပစ္စည်းကို ရောင်းချရာတွင် နှစ်ဦးစလုံး သည် ရောင်းသူအနေဖြင့် လက်မှတ်ရေးထိုး ရောင်းချမှသာ တရားဝင်မည်ဖြစ်ပြီး လင် (သို့မဟုတ်) မယား တစ်ဦးတည်း အမည်ပေါက်ပိုင်ဆိုင်သောပစ္စည်းကိုရောင်းချရာတွင် အမည်ပေါက်ပိုင်ဆိုင်သည့် လင် (သို့မဟုတ်) မယားသည် ရောင်းသူအနေဖြင့်လည်းကောင်း၊ ၄င်းတို့၏ အိမ်ထောင်ဖက် မယား (သို့မဟုတ်) လင်အား သက်သေအဖြစ်လည်းကောင်း အရောင်းအ၀ယ်စာချုပ်တွင် လက်မှတ်ရေးထိုးခိုင်ရန် လိုအပ်ပါသည်။