ဗဟုသုတ | Posted by အေးမြတ်သူ
### Unicode Version ###
ကိုယ်ပိုင်အလုပ်ဖြစ်ဖြစ် ဝန်ထမ်းဖြစ်ဖြစ် အလုပ်လုပ်နေကြသူတွေအဖို့ အချိန်းအတိုင်းအတာတစ်ခု ရလာတဲ့အခါ အားလပ်ရက်ရှည်ဆိုတာ ရယူဖို့ အရေးကြီးသလိုပဲ အားလပ်ရက်ရှည်ယူပြီးတဲ့နောက် နေ့သစ်တွေအတွက် အစီအစဉ်ချတာကလည်း ထပ်တူအရေးပါပါတယ်။
အောက်မှာဖော်ပြထားတာတွေကတော့ အောင်မြင်နေတဲ့သူတွေ အားလပ်ရက်ရှည်ယူပြီးတဲ့နောက် လုပ်ငန်းခွင်ထဲပြန်ဝင်တဲ့အခါ ပထမဆုံးလုပ်ဆောင်ကြတဲ့ ကိစ္စ ၆ ခုပါ။
၁။ စောစောထကြတယ်
- ပထမဆုံးလုပ်ဆောင်တာကတော့ အိပ်ရာစောစောထတာပါပဲ။ စောစောထတဲ့အတွက် အလုပ်စတင်ချိန် နောက်ကျမှာမဟုတ်တဲ့အပြင် စိတ်ကူးအကြံဉာဏ်တွေလည်း ပိုလို့ကွန့်မြူးပြီး အလုပ်ပိုဖြစ်ပါတယ်။
၂။ လုပ်ဆောင်ရန်စာရင်းကို စိစစ်ကြတယ်
- ထုတ်လုပ်နိုင်စွမ်းအားကောင်းကြတဲ့ လူတွေက ရှည်လျားပြီး အလုပ်မဖြစ်တဲ့ လုပ်ဆောင်ရန်စာရင်းတွေဟာ လုံးဝကိုအသုံးမဝင်ဘူးဆိုတာကို သိကြပါတယ်။ ဒါကြောင့် အားလပ်ရက်ရှည်ယူပြီး ပြန်လာတဲ့အခါ အဲ့ဒီလုပ်ဆောင်ရန်စာရင်းကနေ လက်တွေ့မကျ၊ အရေးမပါတဲ့အချက်တွေကို စတင်ဖြတ်တောက်ပစ်ထက် ပိုကောင်းတာမရှိတော့ပါဘူး။
၃။ အချိန်ဇယားကို နှစ်ခါပြန် စစ်ဆေးကြတယ်
- သင့်ရဲ့ အချိန်ဇယားကို နှစ်ခါပြန် စစ်ဆေးဖို့ မမေ့ပါနဲ့။
၄။ အီးမေးလ်အတွက် အချိန်ပေးကြတယ်
- အားလပ်ရက်တွေအတွင်း မဖတ်ဖြစ်လိုက်တဲ့ အီးမေးလ်တွေကို ဖတ်ဖို့၊ ပြန်ဖို့၊ အီးမေးလ်အင်ဘောက်စ် (အီးမေးလ်အစာတိုက်ပုံး) ကို စီမံဖို့အတွက် အချိန် ပေးကြပါတယ်။
၅။ လုပ်ဖော်ကိုင်ဖက်တွေနဲ့ ဆက်သွယ်ကြတယ်
- အားလပ်ရက်တွေအတွင်း အလုပ်နဲ့ပတ်သက်လို့ မသိလိုက်၊ လွတ်သွားတဲ့ သိသင့်သိအပ်တာတွေကို အချိတ်အဆက်မိဖို့ လုပ်ဖော်ကိုင်ဖက်တွေနဲ့ ဆက်သွယ်ကြပါတယ်။
၆။ အလုပ်မှာအာရုံစိုက်ဖို့ စိတ်နှိုးဆွကြတယ်
- အားလပ်ရက်ရှည်ယူတဲ့အခါယူနေစဉ်အတွင်း အလုပ်နဲ့ပတ်သက်ပြီး စိတ်တံခါး ပိတ်တတ်ဖို့အတွက် အရေးကြီးသလိုပဲ အားလပ်ရက်ရှည်ကနေပြန်လာပြီး လုပ်ငန်းခွင်ပြန်ဝင်တဲ့အခါ အလုပ်မှာ အာရုံစူးစိုက်နိုင်ဖို့အတွက် စိတ်ကို နှိုးဆွခေါ်ဆောင်ဖို့ရာလည်း ထပ်တူအရေးကြီးပါတယ်။
(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)
Credit: iMyanmarHouse.com
### Zawgyi Version ###
ေအာင္ျမင္သူတို႔ ရက္ၾကာၾကာအနားယူၿပီးေနာက္ ေဆာင္႐ြက္ေသာ ကိစၥရပ္ ၆ မ်ိဳး
ကိုယ္ပိုင္အလုပ္ျဖစ္ျဖစ္ ၀န္ထမ္းျဖစ္ျဖစ္ အလုပ္လုပ္ေနၾကသူေတြအဖို႔ အခ်ိန္းအတိုင္းအတာတစ္ခု ရလာတဲ့အခါ အားလပ္ရက္ရွည္ဆိုတာ ရယူဖို႔ အေရးႀကီးသလိုပဲ အားလပ္ရက္ရွည္ယူၿပီးတဲ့ေနာက္ ေန႔သစ္ေတြအတြက္ အစီအစဥ္ခ်တာကလည္း ထပ္တူအေရးပါပါတယ္။
ေအာက္မွာေဖာ္ျပထားတာေတြကေတာ့ ေအာင္ျမင္ေနတဲ့သူေတြ အားလပ္ရက္ရွည္ယူၿပီးတဲ့ေနာက္ လုပ္ငန္းခြင္ထဲျပန္ဝင္တဲ့အခါ ပထမဆုံးလုပ္ေဆာင္ၾကတဲ့ ကိစၥ ၆ ခုပါ။
၁။ ေစာေစာထၾကတယ္
- ပထမဆုံးလုပ္ေဆာင္တာကေတာ့ အိပ္ရာေစာေစာထတာပါပဲ။ ေစာေစာထတဲ့အတြက္ အလုပ္စတင္ခ်ိန္ ေနာက္က်မွာမဟုတ္တဲ့အျပင္ စိတ္ကူးအႀကံဉာဏ္ေတြလည္း ပိုလို႔ကြန႔္ျမဴးၿပီး အလုပ္ပိုျဖစ္ပါတယ္။
၂။ လုပ္ေဆာင္ရန္စာရင္းကို စိစစ္ၾကတယ္
- ထုတ္လုပ္ႏိုင္စြမ္းအားေကာင္းၾကတဲ့ လူေတြက ရွည္လ်ားၿပီး အလုပ္မျဖစ္တဲ့ လုပ္ေဆာင္ရန္စာရင္းေတြဟာ လုံးဝကိုအသုံးမဝင္ဘူးဆိုတာကို သိၾကပါတယ္။ ဒါေၾကာင့္ အားလပ္ရက္ရွည္ယူၿပီး ျပန္လာတဲ့အခါ အဲ့ဒီလုပ္ေဆာင္ရန္စာရင္းကေန လက္ေတြ႕မက်၊ အေရးမပါတဲ့အခ်က္ေတြကို စတင္ျဖတ္ေတာက္ပစ္ထက္ ပိုေကာင္းတာမရွိေတာ့ပါဘူး။
၃။ အခ်ိန္ဇယားကို ႏွစ္ခါျပန္ စစ္ေဆးၾကတယ္
- သင့္ရဲ႕ အခ်ိန္ဇယားကို ႏွစ္ခါျပန္ စစ္ေဆးဖို႔ မေမ့ပါနဲ႔။
၄။ အီးေမးလ္အတြက္ အခ်ိန္ေပးၾကတယ္
- အားလပ္ရက္ေတြအတြင္း မဖတ္ျဖစ္လိုက္တဲ့ အီးေမးလ္ေတြကို ဖတ္ဖို႔၊ ျပန္ဖို႔၊ အီးေမးလ္အင္ေဘာက္စ္ (အီးေမးလ္အစာတိုက္ပုံး) ကို စီမံဖို႔အတြက္ အခ်ိန္ ေပးၾကပါတယ္။
၅။ လုပ္ေဖာ္ကိုင္ဖက္ေတြနဲ႔ ဆက္သြယ္ၾကတယ္
- အားလပ္ရက္ေတြအတြင္း အလုပ္နဲ႔ပတ္သက္လို႔ မသိလိုက္၊ လြတ္သြားတဲ့ သိသင့္သိအပ္တာေတြကို အခ်ိတ္အဆက္မိဖို႔ လုပ္ေဖာ္ကိုင္ဖက္ေတြနဲ႔ ဆက္သြယ္ၾကပါတယ္။
၆။ အလုပ္မွာအာ႐ုံစိုက္ဖို႔ စိတ္ႏႈိးဆြၾကတယ္
- အားလပ္ရက္ရွည္ယူတဲ့အခါယူေနစဥ္အတြင္း အလုပ္နဲ႔ပတ္သက္ၿပီး စိတ္တံခါး ပိတ္တတ္ဖို႔အတြက္ အေရးႀကီးသလိုပဲ အားလပ္ရက္ရွည္ကေနျပန္လာၿပီး လုပ္ငန္းခြင္ျပန္ဝင္တဲ့အခါ အလုပ္မွာအာ႐ုံစူးစိုက္ႏိုင္ဖို႔အတြက္ စိတ္ကို ႏႈိးဆြေခၚေဆာင္ဖို႔ရာလည္း ထပ္တူအေရးႀကီးပါတယ္။
(iMyanmarHouse.com Team မွ ေရးသား ေဖာ္ျပသည္။)
Credit: iMyanmarHouse.com