မြန်မာ့ဓလေ့ထုံးတမ်းဥပဒေအရ သားသမီးများအမွေဆက်ခံခွင့်နှင့် မွေးစားခြင်းဥပဒေအကြောင်းအရာ
မြန်မာ့ဓလေ့ထုံးတမ်းဥပဒေအရ သားသမီးများအမွေဆက်ခံခွင့်နှင့် မွေးစားခြင်းဥပဒေအကြောင်းအရာ - Property Knowledge in Myanmar from iMyanmarHouse.com
26 Feb 2020 10:07 am တွင် တင်ခဲ့သည်
5274 ကြိမ် ကြည့်ရှု့ပြီး
ဗဟုသုတ | Posted by ရွှေစင်ဝင်း
### Unicode Version ###
မြန်မာဗုဒ္ဓဘာသာဝင်များအတွက် သားသမီးများသည် မိဘများထံတွင် မည်သည့်အချိန်ကာလအတွင်း အမွေခွဲဝေပေးရန် တောင်းဆိုနိုင်သည်ဟု ဥပဒေအရ သတ်မှတ်ထားခြင်းမရှိပါ။
မြန်မာ့ဓလေ့ထုံးတမ်းဥပဒေအရ မိဘနှစ်ပါးသည် ဆက်လက်ပေါင်းသင်းခြင်းမရှိ ခွဲခွာကြလျှင် ဖခင်၏ ပိုင်ဆိုင်မှုအမွေ၊ မိခင်၏ပိုင်ဆိုင်မှုအမွေဆိုပြီး အမွေ(၂)ရပ်ဖြစ်ထွန်းလာသည်။ ဖခင်နှင့်အတူလိုက်နေသော သားသမီးသည် ဖခင်အမွေကိုဆက်ခံ၍ မိခင်အမွေကို ဆက်ခံခွင့်မရှိတော့ပေ။ သို့သော် မိခင်၊ဖခင်ကွဲကွာသော်လည်း သားသမီးများသည် အတူမနေသည့်မိဘတို့ကို ပစ်ပယ်မထားပဲ သားသမီးတို့ ပြုစုစောင့်ရှောက်အပ်သည့်ဝတ္တရားများကို ဆက်လက်ဆောင်ရွက်ပြီး မိဘနှင့်သားသမီး သံယောဇဉ်မပြတ် နေထိုင်ဆက်သွယ်မှုရှိလျှင်ဖြစ်စေ၊ မိဘကသားသမီးအား မိသားစုဝင်တစ်ဦးအဖြစ် သံယောဇဉ်မပြတ်ထားရှိလျှင် မိဘထံမှ အမွေဆက်ခံခွင့်ရရှိပါသည်။
မြန်မာ့ဓလေ့ထုံးတမ်းဥပဒေအရ အမွေစားအမွေခံတစ်ဦးသည် အမွေရှင်တစ်ဦးအား သာစဉ်နာစဉ် ပြုစုစောင့်ရှောက်ရန်တမင်ပျက်ကွက်ပါက အမွေဆက်ခံခွင့်ဆုံးရှုံးပါသည်။ အမွေဆက်ခံခွင့် မရှိသူ တစ်ဦးကလည်း အမွေရှင်တစ်ယောက်ကို မည်မျှပင်ဖြစ်စေ၊ သာစဉ်နာစဉ်ပြုစုစောင့်ရှောက်ရုံမျှဖြင့် အမွေဆက်ခံခွင့်မထိုက်နိုင်ပါ။
မြန်မာ့ဓလေ့ထုံးတမ်းဥပဒေအရ အဖေ(သို့) အမေတစ်ဦးဦး ကွယ်လွန်သည့်အခါ သြရသသားသမီးက ကျန်ရစ်သူမိဘထံ အမွေတောင်းခံ ခွင့်ရှိပါသည်။ ကျန်ရစ်သည့်မိဘက နောက်အိမ်ထောင်ပြုသောအခါတွင်လည်း သားသမီးများသည် ကျန်ရစ်သော မိဘထံမှ အမွေတောင်းခံခွင့်ရှိသည်။
ကိတ္တိမဆိုသည်မှာ အမွေစား၊ အမွေခံသားသမီးအဖြစ် အထင်အရှားမွေးစားခြင်းကို ဆိုလိုပါသည်။ လင်မယား တို့သည် သားရင်းသမီးရင်းများရှိနေပါမူ ကိတ္တိမသားသမီးထပ်မံမွေးစားခွင့်ရှိပါသည်။ သို့သော် မွေးစားမှုပြုသည့်အခါ လင်သည်မယား၏ သဘောတူညီချက်မရှိလျှက်နှင့်မွေးစားခြင်း၊ မယားသည် လင်မသိစေပဲ မိမိဆန္ဒတစ်ခုတည်းနှင့် သားသမီးမမွေးစားနိုင်ပါ။ ဆွေမျိူးမတော်စပ်သူနှစ်ဦးက၎င်း၊ လင်မယားမဟုတ်သူ နှစ်ဦးက၎င်း ကိတ္တိမသားသမီးမွေးစား၍မရနိုင်ပါ။
မြန်မာ့ဓလေ့ထုံးတမ်းဥပဒေအရမွေးစားခြင်းပျက်ပြယ်နိုင်သော အကြောင်းအရင်းအများအပြားရှိပါသည်။
(၁) မိရင်းဖရင်းတို့က မွေးစားသည့်ကလေး အရွယ်မရောက်မီ ပြန်ခေါ်ခြင်း။
(၂) မွေးစားသည့် သားရဟန်းဘောင်သို့ ကူးဝင်ခြင်း။
(၃) မွေးစားမှုပြုသည့်မိဘသည် ဗုဒ္ဓဘာသာကိုစွန့်ကာ အခြားဘာသာဝင်ခံယူခြင်း(မွေးစားခြင်းကို ဗုဒ္ဓဘာသာ တွင်သာအတည်ပြုသည်။)
(၄) မွေးစားစာချုပ်ပျက်ပြယ်စေရန်ရည်ရွယ်၍ မိဘနှင့် မွေးစားသားသမီးတို့ အဆက်ဖြတ်ခြင်းတို့သည် မွေးစားခြင်းပျက်ပြယ်နိုင်သော အကြောင်းအရင်းများဖြစ်သည်။
အိမ်ခြံမြေ ကိစ္စအဝဝနှင့် ပတ်သက်၍ ဥပဒေအကြံပေးပညာရှင်များနှင့် ဆွေးနွေးတိုင်ပင်လိုပါက iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ၏ ဖုန်းနံပါတ်များဖြစ်သော 09-966901767, 09-268022352 သို့ ဆက်သွယ်နိုင်ပါသည်။ အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။
iMyanmarHouse.com ၏ ဥပဒေအကြံပေး ပညာရှင်အဖွဲ့ မှ အထူးရေးသားဖော်ပြသည်။
Credit: iMyanmarHouse.com
### Zawgyi Version ###
နောက်ဆုံးရ အိမ်ခြံမြေ ဗဟုသုတများ
KITCHEN ဆေးရောင်ရွေးချယ်မှုအတွက် အကြံပေးမှုတစ်ချို့
KITCHEN ဆေးရောင်ရွေးချယ်မှုအတွက် အကြံပေးမှုတစ်ချို့
စုံလင်ဖွေရှာ အိမ်ခြံမြေဥပဒေရေးရာ
စုံလင်ဖွေရှာ အိမ်ခြံမြေဥပဒေရေးရာ
သာသနာဂရန်မြေ လျှောက်ထားရာတွင် သိရှိထားသင့်သည့် အချက်အလက်များအကြောင်း ဥပဒေဗဟုသုတ အနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။...
သာသနာဂရန်မြေ လျှောက်ထားရာတွင် သိရှိထားသင့်သည့် အချက်အလက်များအကြောင်း ဥပဒေဗဟုသုတ အနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။...
မရွှေ့မပြောင်းနိုင်သောပစ္စည်းကို ကန့်သတ်သည့်ဥပဒေအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြ ပေးလိုက်ပါသည်။...
မရွှေ့မပြောင်းနိုင်သောပစ္စည်းကို ကန့်သတ်သည့်ဥပဒေအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြ ပေးလိုက်ပါသည်။...
၂၀၂၅-၂၀၂၆ ခုနှစ်အတွက် ရန်ကုန်တိုင်း မြို့နယ်စုံ အသစ်ထွက်ရှိလာသော ရာဖြတ်နှုန်းထားများ
၂၀၂၅-၂၀၂၆ ခုနှစ်အတွက် ရန်ကုန်တိုင်း မြို့နယ်စုံ အသစ်ထွက်ရှိလာသော ရာဖြတ်နှုန်းထားများ
မြေယာစီမံခန့်ခွဲမှု စပ်လျဉ်း၍ ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
မြေယာစီမံခန့်ခွဲမှု စပ်လျဉ်း၍ ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
ငွေရေးကြေးရေးဆိုင်ရာအဖွဲ့အစည်း ဥပဒေအကြောင်းကို ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။...
ငွေရေးကြေးရေးဆိုင်ရာအဖွဲ့အစည်း ဥပဒေအကြောင်းကို ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။...
အပတ်စဉ် သိမှတ်ဖွယ်ရာ ဥပဒေအမေးအဖြေကဏ္ဍ
အပတ်စဉ် သိမှတ်ဖွယ်ရာ ဥပဒေအမေးအဖြေကဏ္ဍ
အိမ်ခြံမြေအသိကြွယ်စေဖို့ရာ ဥပဒေအမေးအဖြေကဏ္ဍ
အိမ်ခြံမြေအသိကြွယ်စေဖို့ရာ ဥပဒေအမေးအဖြေကဏ္ဍ
စုပေါင်းပိုင် အဆောက်အအုံနှင့် စပ်လျဉ်း၍ လိုက်နာရမည့် အချက်အလက်များ ဥပဒေဗဟုသုတအအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။...
စုပေါင်းပိုင် အဆောက်အအုံနှင့် စပ်လျဉ်း၍ လိုက်နာရမည့် အချက်အလက်များ ဥပဒေဗဟုသုတအအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။...
ရောင်းရန်ရှိသော အိမ်ခြံမြေများ
အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်
အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ
အိမ်ရာမဲ့ဘဝမှ သူဌေးဖြစ်လာသော အမေရိကန်ပြည်၊ ဒက်ထရွိုက်မြို့မှ အမျိုးသားတစ်ဦးအကြောင်း
အိမ်ရာမဲ့ဘဝမှ သူဌေးဖြစ်လာသော အမေရိကန်ပြည်၊ ဒက်ထရွိုက်မြို့မှ အမျိုးသားတစ်ဦးအကြောင်း
တောင်အာဖရိကတွင် အမျိုးသမီးတစ်ဦးက သားဖွားအပြီး တစ်လခန့်အကြာတွင် ဗိုက်ထဲ၌ ကလေးတစ်ဦး ကျန်နေသေးကြောင်း တုန်လှုပ်စွာ သိလိုက်ရ
တောင်အာဖရိကတွင် အမျိုးသမီးတစ်ဦးက သားဖွားအပြီး တစ်လခန့်အကြာတွင် ဗိုက်ထဲ၌ ကလေးတစ်ဦး ကျန်နေသေးကြောင်း တုန်လှုပ်စွာ သိလိုက်ရ
ဟောလိဝုဒ်ကြယ်ပွင့် Vin Diesel က Paloma နှင့် လမ်းခွဲချိန်တွင် သူမအတွက် လူနေမှုအဆင့်နိမ့်မသွားစေရန် အိမ်မှ နှင်မထုတ်ဘဲ မိ
ဟောလိဝုဒ်ကြယ်ပွင့် Vin Diesel က Paloma နှင့် လမ်းခွဲချိန်တွင် သူမအတွက် လူနေမှုအဆင့်နိမ့်မသွားစေရန် အိမ်မှ နှင်မထုတ်ဘဲ မိ
တရုတ်ပြည်ရှိ လူငယ်တို့မှာ အိမ်ငှားနေထိုင်ခြင်းထက် ဟိုတယ်များတွင် နေထိုင်ကြမှု ပိုမိုများပြားလာလျက်ရှိ၊ ဟိုတယ်တွင် နေထိုင
တရုတ်ပြည်ရှိ လူငယ်တို့မှာ အိမ်ငှားနေထိုင်ခြင်းထက် ဟိုတယ်များတွင် နေထိုင်ကြမှု ပိုမိုများပြားလာလျက်ရှိ၊ ဟိုတယ်တွင် နေထိုင
ဖခင်ဖြစ်သူ၏ ၆၂ နှစ်သက်တမ်းရှိ ဘဏ်ငွေစုစာအုပ်ကို နေအိမ်မှ အမှိုက်ပုံးထဲတွင် တွေ့ရှိသော အမျိုးသားမှာ နေ့ချင်းညချင်း သန်းကြ
ဖခင်ဖြစ်သူ၏ ၆၂ နှစ်သက်တမ်းရှိ ဘဏ်ငွေစုစာအုပ်ကို နေအိမ်မှ အမှိုက်ပုံးထဲတွင် တွေ့ရှိသော အမျိုးသားမှာ နေ့ချင်းညချင်း သန်းကြ
အင်ဒိုနီးရှား အမျိုးသားတစ်ဦးက သားဖြစ်သူကို “ဆက်သွယ်ရေး၊ သတင်းအချက်အလက်နှင့် စာရင်းအင်းဌာန” ဟု ကြံကြံဖန်ဖန် နာမည်ပေးထားမှ
အင်ဒိုနီးရှား အမျိုးသားတစ်ဦးက သားဖြစ်သူကို “ဆက်သွယ်ရေး၊ သတင်းအချက်အလက်နှင့် စာရင်းအင်းဌာန” ဟု ကြံကြံဖန်ဖန် နာမည်ပေးထားမှ
သာသနာဂရန်မြေ လျှောက်ထားရာတွင် သိရှိထားသင့်သည့် အချက်အလက်များအကြောင်း ဥပဒေဗဟုသုတ အနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
သာသနာဂရန်မြေ လျှောက်ထားရာတွင် သိရှိထားသင့်သည့် အချက်အလက်များအကြောင်း ဥပဒေဗဟုသုတ အနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
စက်ဘီးတစ်စီးဖြင့် ဆပ်ပြာမှုန့်များ တစ်အိမ်ဝင်တစ်အိမ်ထွက် လိုက်လံရောင်းချခဲ့ရသည့်ဘဝမှ ကန်ဒေါ်လာ ၃ ဒသမ ၄ ဘီလီယံ ချမ်းသာကြွ
စက်ဘီးတစ်စီးဖြင့် ဆပ်ပြာမှုန့်များ တစ်အိမ်ဝင်တစ်အိမ်ထွက် လိုက်လံရောင်းချခဲ့ရသည့်ဘဝမှ ကန်ဒေါ်လာ ၃ ဒသမ ၄ ဘီလီယံ ချမ်းသာကြွ
မည်သည့်အခါမျှ ရောက်ဖူးမည်မဟုတ်သော တားမြစ်နေရာများ
မည်သည့်အခါမျှ ရောက်ဖူးမည်မဟုတ်သော တားမြစ်နေရာများ
မလေးရှားတွင် လူမှုကွန်ရက် influencer မိန်းကလေးတစ်ဦးက ငွေအိတ်လိုက် သယ်ယူလာကာ ရွှေ ၉ ပိဿာကျော် ကြွားလုံးထုတ် ဝယ်ယူပြခဲ့သည်
မလေးရှားတွင် လူမှုကွန်ရက် influencer မိန်းကလေးတစ်ဦးက ငွေအိတ်လိုက် သယ်ယူလာကာ ရွှေ ၉ ပိဿာကျော် ကြွားလုံးထုတ် ဝယ်ယူပြခဲ့သည်
MIngalardon Garden City
imyanmarmarket
iMyanmarHouse Mobile App
iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service