ပုဂ္ဂလိက အခြားစိုက်ခင်းတည်ထောင်ခွင့်ရရှိသူ လိုက်နာရမည့်စည်းကမ်းချက်များ

ပုဂ္ဂလိက အခြားစိုက်ခင်းတည်ထောင်ခွင့်ရရှိသူ လိုက်နာရမည့်စည်းကမ်းချက်များ - Property Knowledge in Myanmar from iMyanmarHouse.com
14 Feb 2020 1:26 pm တွင် တင်ခဲ့သည်
1814 ကြိမ် ကြည့်ရှု့ပြီး

ဗဟုသုတ | Posted by အေးမြတ်သူ

### Unicode Version ###

၁။ပုဂ္ဂလိကအခြားစိုက်ခင်း တည်ထောင်ရန်အတွက် မြေငှားရမ်းခြင်းကို နှစ်(၃၀)မြေငှားစာချုပ်စနစ်ဖြခွင့် ပြုသည်။ စာချုပ်သက်တမ်းတိုးမြင့်လိုပါက စာချုပ်သက်တမ်း မကုန်ဆုံးမီ (၁)နှစ် ကြိုတင်၍ သစ်တောဦးစီး ဌာနသို့တင်ပြလျှောက်ထားရမည်ဖြစ်ပြီး တစ်ကြိမ်လျှင် (၁၀)နှစ်ဖြင့် သက်တမ်း(၂)ကြိမ် တိုးမြှင့်နိုင်သည်။

၂။ ပုဂ္ဂလိကအခြားစိုက်ခင်း တည်ထောင်ခွင့်ရရှိသူသည် လုပ်ကိုင်ခွင့်ပြုထားသည့် မြေနေရာတွင် သစ်တောဦးစီးဌာနမှ အတည်ပြုထားသည့် စီမံချက်အတိုင်း ဧရိယာအားလုံး အပြည့်အဝ စိုက်ပျိုးရမည်။

၃။ ပုဂ္ဂလိကအခြားစိုက်ခင်း တည်ထောင်ခွင့်ရရှိသူသည် လုပ်ကိုင်ခွင့်ပြုထားသည့် မြေပေါ်တွင် သစ်တော စိုက်ခင်း တည်ထောင်ခြင်း၏ မူလရည်ရွယ်ချက်ကို မထိခိုက်စေဘဲ အခြားလုပ်ငန်းများကို လုပ်ကိုင်မည်ဆိုပါက တည်ဆဲ ဥပဒေများ၊ နည်းဥပဒေများ၊ လုပ်ထုံးလုပ်နည်းများနှင့်အညီ သစ်တောဦးစီးဌာန၏ ခွင့်ပြုချက်ရယူရမည်။

၄။ ပုဂ္ဂလိကအခြားစိုက်ခင်း တည်ထောင်ခွင့်ရရှိသူသည် ငှားရမ်းထားသောမြေအား ဆက်လက် စိုက်ပျိုး လုပ်ကိုင် လိုခြင်းမရှိပါက သစ်တောဦးစီးဌာနသို့ ပြန်လည်အပ်နှံရမည့်အပြင် သစ်တော ပျက်စီးဆုံးရှုံးမှုအတွက် သစ်တော ဦးစီးဌာနမှ သတ်မှတ်ထားသောလျော်ကြေးငွေကို (၁)လ အတွင်း ပေးဆောင်ရမည်။

၅။ ပုဂ္ဂလိကအခြားစိုက်ခင်း တည်ထောင်ခွင့်ရရှိသူသည် လုပ်ကိုင်ခွင့်ပြုထားသည့် မြေဧရိယာအတွင်း ပေါက်ရောက်နေသည့် ရင်စို့လုံးပတ် ၂' နှင့်အထက် သစ်ပင်များကို သစ်တောစိုက်ခင်း တည်ထောင်ရန်အတွက် ခုတ်လှဲရှင်းလင်းမည်ဆိုပါက သစ်တောဦးစီးဌာနသို့တင်ပြရမည်။

၆။ ပုဂ္ဂလိကအခြားစိုက်ခင်း တည်ထောင်ခွင့်ရရှိသူသည် လုပ်ကိုင်ခွင့်ပြုထားသည့်ဧရိယာအတွင်း မြေပေါ် မြေအောက်သယံဇာတပစ္စည်းများကို ရှာဖွေခြင်း၊ တူးဖော်ခြင်း၊ ထုတ်ယူခြင်းမပြုရ။

၇။ ပုဂ္ဂလိကအခြားစိုက်ခင်း တည်ထောင်ခွင့်ရရှိသူသည် လုပ်ကိုင်ခွင့်ရရှိသည့် သက်တမ်းအတွင်း အကြောင်းတစ်စုံတစ်ရာကြောင့် ဆက်လက်လုပ်ကိုင်နိုင်ခြင်းမရှိပါက ၎င်း၏တရားဝင် အမွေဆက်ခံခွင့်ရရှိသူနှင့် ဥပဒေနှင့်အညီ လွှဲအပ်ခခင်းခံရသူ (ဥပဒေနှင့်အညီ လွှဲအပ်ခြင်းခံရသူနှင့် ကုမ္ပဏီ၏ Board of Directors- ဒါရိုက်တာများအဖွဲ့၏ ဆုံးခြတ်ချက်ဖြင့် တရားဝင် ဆောင်ရွက်ခွင့်ရရှိသူ)ထံသို့ လုပ်ကိုင်ခွင့် လွှဲပြောင်းခြင်းအား ခိုင်လုံသောအထောက်အထားများတင်ပြ၍ သစ်တောဦးစီးဌာန၏ ခွင့်ပြုချက် ရယူရမည်။

၈။ ပုဂ္ဂလိကကျွန်းစိုက်ခင်း တည်ထောင်ခွင့်ရရှိသူသည် ခွင့်ပြုထားသည့်မြေကို ထပ်ဆင့် ငှားရမ်းခြင်း၊ ပေါင်နှံခြင်း၊ ရောင်းချခြင်း(သို့)တစ်ခြားနည်းလမ်းဖြင့် လွှဲပြောင်းပေးအပ်ခြင်း မပြုရ။

၉။ ပုဂ္ဂလိကအခြားစိုက်ခင်း တည်ထောင်ခွင့်ရရှိသူသည် လုပ်ကိုင်ခွင့်ရရှိသည့်မြေပေါ်တွင် စိုက်ပျိုးထားသာ အပင်များနှင့် ပုဂ္ဂလိကအခြားစိုက်ခင်းတည်ထောင်ခွင့်ကို လွှဲပြောင်းခြင်း၊ ရောင်းချခြင်း၊ ပေးကမ်းခြင်း၊ ပေါင်နှံခြင်းတို့ကို ဆောင်ရွက်လိုပါက သစ်တောဦးစီးဌာန၏ ခွင့်ပြုချက်ရယူရမည်။ ခွင့်ပြုချက်ရရှိပါက တည်ဆဲ ဥပဒေများ၊ နည်းဥပဒေများ၊ လုပ်ထုံးလုပ်နည်များနှင့်အညီလိုက်နာ ဆောင်ရွက်ရမည်။

၁၀။ ပုဂ္ဂလိကအခြားစိုက်ခင်း တည်ထောင်ခွင့်ရရှိသူသည် ခွင့်ပြုဧရိယာအတွင်း တည်ထောင်ပြီး စိုက်ခင်း များအား ပြုစုထိန်းသိမ်းစောင့်ရှောက်ရန်အတွက် ပျိုးဥယျာဉ်နှင့် ယာယီနေအိမ်/တဲများမှအပ အခြားအဆောက် အအုံများကို သစ်တောဦးစီးဌာန၏ ခွင့်ပြုချက်မရရှိဘဲ စိုက်ခင်းအတွင်းဆောက်လုပ်ခြင်း မပြုရ။

၁၁။ ပုဂ္ဂလိကအခြားစိုက်ခင်း တည်ထောင်ခွင့်ရရှိသူသည် စိုက်ခင်းမှတ်တမ်းစာအုပ်ထားရှိ၍ ရာသီအလိုက် လုပ်ငန်းဆောင်ရွက်ချက်များကို အသေးစိတ်မှန်ကန်စွာ ဖြည့်စွက်ထားရှိရမည်။ သစ်တောဦးစီးဌာနမှ တာဝန်ရှိ သူများ အခါအားလျော်စွာ လာရောက် ကြည့်ရှု့စစ်ဆေး၍ အ ကြံပြုချက်များ၊ မှတ်ချက်များရေးသားပါက ယင်း အကြံပြုချက်များ၊ မှတ်ချက်များနှင့်အညီ လိုက်နာဆောင်ရွက်ရမည်။

၁၂။ ပုဂ္ဂလိကအခြားစိုက်ခင်း တည်ထောင်ခွင့်ရရှိသူသည် သစ်တောဦးစီးဌာနနှင့် စာချုပ်ချုပ်ဆိုသည့်နေ့ မှစ၍ ဘဏ္ဍာနှစ်တစ်နှစ်အတွက် မြေငှားရမ်းခကို (၁)ဧကလျှေင် သစ်တောဦးစီးဌာနမှသတ်မှတ်ထားသာနှုန်းဖြင့် နှစ်စဉ်ပေးသွင်းရမည်။ ဒုတိယနှစ်မှစ၍ ဘဏ္ဍာရေးနှစ်အတွင်း ပေးသွင်းရမည်ဖြစ်ပြီး ဘဏ္ဍာနှစ်ကျော်လွန်ပါက တစ်ရက်လျှင် ဒဏ်ကြေးငွေ ၅၀၀ဝိ/-ကျပ်ပေးဆောင်ရမည်။ ရက်(၃၀)အတွင်း ပေးသွင်းခြင်းမရှိပါက စာချုပ်ရပ် စဲပြီး တရားစွဲဆိုခြင်းခံရမည်။

၁၃။ ချုပ်ဆိုခဲ့သော စာချုပ်သည် သစ်တောဦးစီးဌာနနှင့် ပုဂ္ဂလိကကျွန်းစိုက်ခင်း တည်ထောင်ခွင့်ရရှိသူ ဦး/ဒေါ် ----------၊ နိုင်ငံသားစိစစ်ထရးကေ်ခပားအမှတ်၊-------------တို့နှင့်သာ (--------ကုမ္ပဏီနှင့်သာ) သက်ဆိုင် စေရမည်။

၁၄။ပုဂ္ဂလိကကျွန်းစိုက်ခင်း တည်ထောင်ခွင့်ရရှိသူသည် စာချုပ်ပါစည်းကမ်းချက်တစ်စုံတစ်ရာကို ချိုးဖောက် ပါက စာချုပ်ရပ်စဲပြီး လုပ်ကိုင်ခွင့်ပြုထားသည့် မြေနှင့်မြေပါ်ရှိ အပင်နှင့်ပစ္စည်းများကို သိမ်းဆည်းခြင်းခံရမည့် အပြင် သစ်တောဥပဒေအပါအဝင် တည်ဆဲဥပဒေများနှင့်အညီအရေးယူခြင်းခံရမည်။

၁၅။သစ်တောဦးစီးဌာနသည် စာချုပ်ပါစည်းကမ်းချက်များကို သယံဇာတနှင့်သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီးဌာန၏ သဘောတူညီချက်ဖြင့် အခါအားလျော်စွာ ပြန်လည်ပြင်ဆင်သတ်မှတ်နိုင်သည်။ စသည့် စည်းကမ်းသတ်မှတ်ချက်များကို လိုက်နာဆောင်ရွက်ရန် လိုအပ်မည်ဖြစ်ပါသည်။

အိမ်ခြံမြေ ကိစ္စအဝဝနှင့် ပတ်သက်၍ ဥပဒေအကြံပေးပညာရှင်များနှင့် ဆွေးနွေးတိုင်ပင်လိုပါက iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ၏ ဖုန်းနံပါတ်များဖြစ်သော 09-966901767, 09-268022352 သို့ ဆက်သွယ်နိုင်ပါသည်။ အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။

iMyanmarHouse.com ၏ ဥပဒေအကြံပေး ပညာရှင်အဖွဲ့ မှ အထူးရေးသားဖော်ပြသည်။

Credit: iMyanmarHouse.com

### Zawgyi Version ###

ပုဂၢလိက အျခားစိုက္ခင္းတည္ေထာင္ခြင့္ရရွိသူ လိုက္နာရမည့္စည္းကမ္းခ်က္မ်ား

၁။ပုဂၢလိကအျခားစိုက္ခင္း တည္ေထာင္ရန္အတြက္ ေျမငွားရမ္းျခင္းကို ႏွစ္(၃၀)ေျမငွားစာခ်ဳပ္စနစ္ျဖခြင့္ ျပဳသည္။ စာခ်ဳပ္သက္တမ္းတိုးျမင့္လိုပါက စာခ်ဳပ္သက္တမ္း မကုန္ဆုံးမီ (၁)ႏွစ္ ႀကိဳတင္၍ သစ္ေတာဦးစီး ဌာနသို႔တင္ျပေလွ်ာက္ထားရမည္ျဖစ္ၿပီး တစ္ႀကိမ္လွ်င္ (၁၀)ႏွစ္ျဖင့္ သက္တမ္း(၂)ႀကိမ္ တိုးျမႇင့္ႏိုင္သည္။

၂။ ပုဂၢလိကအျခားစိုက္ခင္း တည္ေထာင္ခြင့္ရရွိသူသည္ လုပ္ကိုင္ခြင့္ျပဳထားသည့္ ေျမေနရာတြင္ သစ္ေတာဦးစီးဌာနမွ အတည္ျပဳထားသည့္ စီမံခ်က္အတိုင္း ဧရိယာအားလုံး အျပည့္အဝ စိုက္ပ်ိဳးရမည္။

၃။ ပုဂၢလိကအျခားစိုက္ခင္း တည္ေထာင္ခြင့္ရရွိသူသည္ လုပ္ကိုင္ခြင့္ျပဳထားသည့္ ေျမေပၚတြင္ သစ္ေတာ စိုက္ခင္း တည္ေထာင္ျခင္း၏ မူလရည္႐ြယ္ခ်က္ကို မထိခိုက္ေစဘဲ အျခားလုပ္ငန္းမ်ားကို လုပ္ကိုင္မည္ဆိုပါက တည္ဆဲ ဥပေဒမ်ား၊ နည္းဥပေဒမ်ား၊ လုပ္ထုံးလုပ္နည္းမ်ားႏွင့္အညီ သစ္ေတာဦးစီးဌာန၏ ခြင့္ျပဳခ်က္ရယူရမည္။

၄။ ပုဂၢလိကအျခားစိုက္ခင္း တည္ေထာင္ခြင့္ရရွိသူသည္ ငွားရမ္းထားေသာေျမအား ဆက္လက္ စိုက္ပ်ိဳး လုပ္ကိုင္ လိုျခင္းမရွိပါက သစ္ေတာဦးစီးဌာနသို႔ ျပန္လည္အပ္ႏွံရမည့္အျပင္ သစ္ေတာ ပ်က္စီးဆုံးရႈံးမႈအတြက္ သစ္ေတာ ဦးစီးဌာနမွ သတ္မွတ္ထားေသာေလ်ာ္ေၾကးေငြကို (၁)လ အတြင္း ေပးေဆာင္ရမည္။

၅။ ပုဂၢလိကအျခားစိုက္ခင္း တည္ေထာင္ခြင့္ရရွိသူသည္ လုပ္ကိုင္ခြင့္ျပဳထားသည့္ ေျမဧရိယာအတြင္း ေပါက္ေရာက္ေနသည့္ ရင္စို႔လုံးပတ္ ၂' ႏွင့္အထက္ သစ္ပင္မ်ားကို သစ္ေတာစိုက္ခင္း တည္ေထာင္ရန္အတြက္ ခုတ္လွဲရွင္းလင္းမည္ဆိုပါက သစ္ေတာဦးစီးဌာနသို႔တင္ျပရမည္။

၆။ ပုဂၢလိကအျခားစိုက္ခင္း တည္ေထာင္ခြင့္ရရွိသူသည္ လုပ္ကိုင္ခြင့္ျပဳထားသည့္ဧရိယာအတြင္း ေျမေပၚ ေျမေအာက္သယံဇာတပစၥည္းမ်ားကို ရွာေဖြျခင္း၊ တူးေဖာ္ျခင္း၊ ထုတ္ယူျခင္းမျပဳရ။

၇။ ပုဂၢလိကအျခားစိုက္ခင္း တည္ေထာင္ခြင့္ရရွိသူသည္ လုပ္ကိုင္ခြင့္ရရွိသည့္ သက္တမ္းအတြင္း အေၾကာင္းတစ္စုံတစ္ရာေၾကာင့္ ဆက္လက္လုပ္ကိုင္ႏိုင္ျခင္းမရွိပါက ၎၏တရားဝင္ အေမြဆက္ခံခြင့္ရရွိသူႏွင့္ ဥပေဒႏွင့္အညီ လႊဲအပ္ခခင္းခံရသူ (ဥပေဒႏွင့္အညီ လႊဲအပ္ျခင္းခံရသူႏွင့္ ကုမၸဏီ၏ Board of Directors- ဒါ႐ိုက္တာမ်ားအဖြဲ႕၏ ဆုံးျခတ္ခ်က္ျဖင့္ တရားဝင္ ေဆာင္႐ြက္ခြင့္ရရွိသူ)ထံသို႔ လုပ္ကိုင္ခြင့္ လႊဲေျပာင္းျခင္းအား ခိုင္လုံေသာအေထာက္အထားမ်ားတင္ျပ၍ သစ္ေတာဦးစီးဌာန၏ ခြင့္ျပဳခ်က္ ရယူရမည္။

၈။ ပုဂၢလိကကြၽန္းစိုက္ခင္း တည္ေထာင္ခြင့္ရရွိသူသည္ ခြင့္ျပဳထားသည့္ေျမကို ထပ္ဆင့္ ငွားရမ္းျခင္း၊ ေပါင္ႏွံျခင္း၊ ေရာင္းခ်ျခင္း(သို႔)တစ္ျခားနည္းလမ္းျဖင့္ လႊဲေျပာင္းေပးအပ္ျခင္း မျပဳရ။

၉။ ပုဂၢလိကအျခားစိုက္ခင္း တည္ေထာင္ခြင့္ရရွိသူသည္ လုပ္ကိုင္ခြင့္ရရွိသည့္ေျမေပၚတြင္ စိုက္ပ်ိဳးထားသာ အပင္မ်ားႏွင့္ ပုဂၢလိကအျခားစိုက္ခင္းတည္ေထာင္ခြင့္ကို လႊဲေျပာင္းျခင္း၊ ေရာင္းခ်ျခင္း၊ ေပးကမ္းျခင္း၊ ေပါင္ႏွံျခင္းတို႔ကို ေဆာင္႐ြက္လိုပါက သစ္ေတာဦးစီးဌာန၏ ခြင့္ျပဳခ်က္ရယူရမည္။ ခြင့္ျပဳခ်က္ရရွိပါက တည္ဆဲ ဥပေဒမ်ား၊ နည္းဥပေဒမ်ား၊ လုပ္ထုံးလုပ္နည္မ်ားႏွင့္အညီလိုက္နာ ေဆာင္႐ြက္ရမည္။

၁၀။ ပုဂၢလိကအျခားစိုက္ခင္း တည္ေထာင္ခြင့္ရရွိသူသည္ ခြင့္ျပဳဧရိယာအတြင္း တည္ေထာင္ၿပီး စိုက္ခင္း မ်ားအား ျပဳစုထိန္းသိမ္းေစာင့္ေရွာက္ရန္အတြက္ ပ်ိဳးဥယ်ာဥ္ႏွင့္ ယာယီေနအိမ္/တဲမ်ားမွအပ အျခားအေဆာက္ အအုံမ်ားကို သစ္ေတာဦးစီးဌာန၏ ခြင့္ျပဳခ်က္မရရွိဘဲ စိုက္ခင္းအတြင္းေဆာက္လုပ္ျခင္း မျပဳရ။

၁၁။ ပုဂၢလိကအျခားစိုက္ခင္း တည္ေထာင္ခြင့္ရရွိသူသည္ စိုက္ခင္းမွတ္တမ္းစာအုပ္ထားရွိ၍ ရာသီအလိုက္ လုပ္ငန္းေဆာင္႐ြက္ခ်က္မ်ားကို အေသးစိတ္မွန္ကန္စြာ ျဖည့္စြက္ထားရွိရမည္။ သစ္ေတာဦးစီးဌာနမွ တာဝန္ရွိ သူမ်ား အခါအားေလ်ာ္စြာ လာေရာက္ ၾကည့္ရႈ႕စစ္ေဆး၍ အ ႀကံျပဳခ်က္မ်ား၊ မွတ္ခ်က္မ်ားေရးသားပါက ယင္း အႀကံျပဳခ်က္မ်ား၊ မွတ္ခ်က္မ်ားႏွင့္အညီ လိုက္နာေဆာင္႐ြက္ရမည္။

၁၂။ ပုဂၢလိကအျခားစိုက္ခင္း တည္ေထာင္ခြင့္ရရွိသူသည္ သစ္ေတာဦးစီးဌာနႏွင့္ စာခ်ဳပ္ခ်ဳပ္ဆိုသည့္ေန႔ မွစ၍ ဘ႑ာႏွစ္တစ္ႏွစ္အတြက္ ေျမငွားရမ္းခကို (၁)ဧကေလွ်င္ သစ္ေတာဦးစီးဌာနမွသတ္မွတ္ထားသာႏႈန္းျဖင့္ ႏွစ္စဥ္ေပးသြင္းရမည္။ ဒုတိယႏွစ္မွစ၍ ဘ႑ာေရးႏွစ္အတြင္း ေပးသြင္းရမည္ျဖစ္ၿပီး ဘ႑ာႏွစ္ေက်ာ္လြန္ပါက တစ္ရက္လွ်င္ ဒဏ္ေၾကးေငြ ၅၀၀ဝိ/-က်ပ္ေပးေဆာင္ရမည္။ ရက္(၃၀)အတြင္း ေပးသြင္းျခင္းမရွိပါက စာခ်ဳပ္ရပ္ စဲၿပီး တရားစြဲဆိုျခင္းခံရမည္။

၁၃။ ခ်ဳပ္ဆိုခဲ့ေသာ စာခ်ဳပ္သည္ သစ္ေတာဦးစီးဌာနႏွင့္ ပုဂၢလိကကြၽန္းစိုက္ခင္း တည္ေထာင္ခြင့္ရရွိသူ ဦး/ေဒၚ ----------၊ ႏိုင္ငံသားစိစစ္ထရးေက္ခပားအမွတ္၊-------------တို႔ႏွင့္သာ (--------ကုမၸဏီႏွင့္သာ) သက္ဆိုင္ ေစရမည္။

၁၄။ပုဂၢလိကကြၽန္းစိုက္ခင္း တည္ေထာင္ခြင့္ရရွိသူသည္ စာခ်ဳပ္ပါစည္းကမ္းခ်က္တစ္စုံတစ္ရာကို ခ်ိဳးေဖာက္ ပါက စာခ်ဳပ္ရပ္စဲၿပီး လုပ္ကိုင္ခြင့္ျပဳထားသည့္ ေျမႏွင့္ေျမပၚရွိ အပင္ႏွင့္ပစၥည္းမ်ားကို သိမ္းဆည္းျခင္းခံရမည့္ အျပင္ သစ္ေတာဥပေဒအပါအဝင္ တည္ဆဲဥပေဒမ်ားႏွင့္အညီအေရးယူျခင္းခံရမည္။

၁၅။သစ္ေတာဦးစီးဌာနသည္ စာခ်ဳပ္ပါစည္းကမ္းခ်က္မ်ားကို သယံဇာတႏွင့္သဘာဝပတ္ဝန္းက်င္ ထိန္းသိမ္းေရးဝန္ႀကီးဌာန၏ သေဘာတူညီခ်က္ျဖင့္ အခါအားေလ်ာ္စြာ ျပန္လည္ျပင္ဆင္သတ္မွတ္ႏိုင္သည္။ စသည့္ စည္းကမ္းသတ္မွတ္ခ်က္မ်ားကို လိုက္နာေဆာင္႐ြက္ရန္ လိုအပ္မည္ျဖစ္ပါသည္။

အိမ္ၿခံေျမ ကိစၥအဝဝႏွင့္ ပတ္သက္၍ ဥပေဒအႀကံေပးပညာရွင္မ်ားႏွင့္ ေဆြးေႏြးတိုင္ပင္လိုပါက iMyanmarHouse.com (အိုင္ျမန္မာေဟာက္စ္ေဒါ့ကြန္း) ၏ ဖုန္းနံပါတ္မ်ားျဖစ္ေသာ 09-966901767, 09-268022352 သို႔ ဆက္သြယ္ႏိုင္ပါသည္။ အေသးစိတ္ၾကည့္ရန္ ဤေနရာကို ႏွိပ္ပါ။

iMyanmarHouse.com ၏ ဥပေဒအႀကံေပး ပညာရွင္အဖြဲ႕ မွ အထူးေရးသားေဖာ္ျပသည္။

Credit: iMyanmarHouse.com

နောက်ဆုံးရ အိမ်ခြံမြေ ဗဟုသုတများ

KITCHEN ဆေးရောင်ရွေးချယ်မှုအတွက် အကြံပေးမှုတစ်ချို့
KITCHEN ဆေးရောင်ရွေးချယ်မှုအတွက် အကြံပေးမှုတစ်ချို့
စုံလင်ဖွေရှာ အိမ်ခြံမြေဥပဒေရေးရာ
စုံလင်ဖွေရှာ အိမ်ခြံမြေဥပဒေရေးရာ
သာသနာဂရန်မြေ လျှောက်ထားရာတွင် သိရှိထားသင့်သည့် အချက်အလက်များအကြောင်း ဥပဒေဗဟုသုတ အနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။...
သာသနာဂရန်မြေ လျှောက်ထားရာတွင် သိရှိထားသင့်သည့် အချက်အလက်များအကြောင်း ဥပဒေဗဟုသုတ အနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။...
မရွှေ့မပြောင်းနိုင်သောပစ္စည်းကို ကန့်သတ်သည့်ဥပဒေအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြ ပေးလိုက်ပါသည်။...
မရွှေ့မပြောင်းနိုင်သောပစ္စည်းကို ကန့်သတ်သည့်ဥပဒေအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြ ပေးလိုက်ပါသည်။...
၂၀၂၅-၂၀၂၆ ခုနှစ်အတွက် ရန်ကုန်တိုင်း မြို့နယ်စုံ အသစ်ထွက်ရှိလာသော ရာဖြတ်နှုန်းထားများ
၂၀၂၅-၂၀၂၆ ခုနှစ်အတွက် ရန်ကုန်တိုင်း မြို့နယ်စုံ အသစ်ထွက်ရှိလာသော ရာဖြတ်နှုန်းထားများ
မြေယာစီမံခန့်ခွဲမှု စပ်လျဉ်း၍ ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
မြေယာစီမံခန့်ခွဲမှု စပ်လျဉ်း၍ ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
ငွေရေးကြေးရေးဆိုင်ရာအဖွဲ့အစည်း ဥပဒေအကြောင်းကို ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။...
ငွေရေးကြေးရေးဆိုင်ရာအဖွဲ့အစည်း ဥပဒေအကြောင်းကို ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။...
အပတ်စဉ် သိမှတ်ဖွယ်ရာ ဥပဒေအမေးအဖြေကဏ္ဍ
အပတ်စဉ် သိမှတ်ဖွယ်ရာ ဥပဒေအမေးအဖြေကဏ္ဍ
အိမ်ခြံမြေအသိကြွယ်စေဖို့ရာ ဥပဒေအမေးအဖြေကဏ္ဍ
အိမ်ခြံမြေအသိကြွယ်စေဖို့ရာ ဥပဒေအမေးအဖြေကဏ္ဍ
စုပေါင်းပိုင် အဆောက်အအုံနှင့် စပ်လျဉ်း၍ လိုက်နာရမည့် အချက်အလက်များ ဥပဒေဗဟုသုတအအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။...
စုပေါင်းပိုင် အဆောက်အအုံနှင့် စပ်လျဉ်း၍ လိုက်နာရမည့် အချက်အလက်များ ဥပဒေဗဟုသုတအအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။...

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

အိန္ဒိယတွင် ကျောင်းဆရာတစ်ဦးက ကမ္ဘာကျော် တပ်ဂျ်မဟာဗိမာန်ကြီး၏ ပုံတူ စံအိမ်ကြီးတစ်လုံးကို ၃ နှစ်ကြာ အချိန်ယူဆောက်လုပ်ကာ ဇန
အိန္ဒိယတွင် ကျောင်းဆရာတစ်ဦးက ကမ္ဘာကျော် တပ်ဂျ်မဟာဗိမာန်ကြီး၏ ပုံတူ စံအိမ်ကြီးတစ်လုံးကို ၃ နှစ်ကြာ အချိန်ယူဆောက်လုပ်ကာ ဇန
ထိုင်းတွင် သန့်ရှင်းရေး မိန်းကလေးတစ်ဦးကို ရုရှားဓာတ်ပုံဆရာတစ်ဦးက ဗွီဒီယိုရိုက်ကူးကာ TikTok တွင် တင်ခဲ့ရာ သန့်ရှင်းရေးမိန
ထိုင်းတွင် သန့်ရှင်းရေး မိန်းကလေးတစ်ဦးကို ရုရှားဓာတ်ပုံဆရာတစ်ဦးက ဗွီဒီယိုရိုက်ကူးကာ TikTok တွင် တင်ခဲ့ရာ သန့်ရှင်းရေးမိန
မည်သည့်အခါမျှ ရောက်ဖူးမည်မဟုတ်သော တားမြစ်နေရာများ
မည်သည့်အခါမျှ ရောက်ဖူးမည်မဟုတ်သော တားမြစ်နေရာများ
IP Man သရုပ်ဆောင် ဒွန်နီယန်းက ၎င်းအောက် အသက် ၁၈ နှစ်ငယ်သော ဇနီးနှင့် အိမ်ထောင်သက် ၂၂ နှစ်ပြည့် အခမ်းအနားကို Romantic ဆန်
IP Man သရုပ်ဆောင် ဒွန်နီယန်းက ၎င်းအောက် အသက် ၁၈ နှစ်ငယ်သော ဇနီးနှင့် အိမ်ထောင်သက် ၂၂ နှစ်ပြည့် အခမ်းအနားကို Romantic ဆန်
[ဥုံ- အမိတာဘ ဟရီး] မြောက်ကိုရီးယားတွင် နှစ်ပေါင်း ၁၀၀၀ သက်တမ်းရှိ ဗုဒ္ဓရုပ်ပွားတော်ကြီး တူးဖော်တွေ့ရှိ
[ဥုံ- အမိတာဘ ဟရီး] မြောက်ကိုရီးယားတွင် နှစ်ပေါင်း ၁၀၀၀ သက်တမ်းရှိ ဗုဒ္ဓရုပ်ပွားတော်ကြီး တူးဖော်တွေ့ရှိ
ငလျင်လှုပ်ချိန်တွင် နေအိမ် အဆောက်အအုံများကို လေအိတ်ဖြင့် ပင့်မ ပေးထားကာ ထိခိုက်ပျက်စီးမှုမရှိစေရန် ကာကွယ်ပေးသည့် ဂျပန်နည
ငလျင်လှုပ်ချိန်တွင် နေအိမ် အဆောက်အအုံများကို လေအိတ်ဖြင့် ပင့်မ ပေးထားကာ ထိခိုက်ပျက်စီးမှုမရှိစေရန် ကာကွယ်ပေးသည့် ဂျပန်နည
ဖခင်ဖြစ်သူ၏ ၆၂ နှစ်သက်တမ်းရှိ ဘဏ်ငွေစုစာအုပ်ကို နေအိမ်မှ အမှိုက်ပုံးထဲတွင် တွေ့ရှိသော အမျိုးသားမှာ နေ့ချင်းညချင်း သန်းကြ
ဖခင်ဖြစ်သူ၏ ၆၂ နှစ်သက်တမ်းရှိ ဘဏ်ငွေစုစာအုပ်ကို နေအိမ်မှ အမှိုက်ပုံးထဲတွင် တွေ့ရှိသော အမျိုးသားမှာ နေ့ချင်းညချင်း သန်းကြ
CP ကုမ္ပဏီအုပ်စု၏ ဥက္ကဌ ကျီယာ ရာဝါးနွန်းမှာ ကြွယ်ဝမှု ကန်ဒေါ်လာ ၅ ဘီလီယံဖြင့် ၂၀၂၅ ခုနှစ် ထိုင်းနိုင်ငံ၏ အချမ်းသာဆုံးပုဂ
CP ကုမ္ပဏီအုပ်စု၏ ဥက္ကဌ ကျီယာ ရာဝါးနွန်းမှာ ကြွယ်ဝမှု ကန်ဒေါ်လာ ၅ ဘီလီယံဖြင့် ၂၀၂၅ ခုနှစ် ထိုင်းနိုင်ငံ၏ အချမ်းသာဆုံးပုဂ
အမေရိကန်နိုင်ငံသားတစ်ဦး တရုတ်ပြည်တွင် ၁၅ နှစ်တာ ကွန်ဖူးကျင့်ခဲ့ပြီးနောက် အမြဲအခြေချနေထိုင်ခွင့် PR ရရှိခဲ့သည့်အပြင် ဝူတန
အမေရိကန်နိုင်ငံသားတစ်ဦး တရုတ်ပြည်တွင် ၁၅ နှစ်တာ ကွန်ဖူးကျင့်ခဲ့ပြီးနောက် အမြဲအခြေချနေထိုင်ခွင့် PR ရရှိခဲ့သည့်အပြင် ဝူတန
မြန်မာနိုင်ငံတွင် ငလျင်ကြောင့် ပျက်စီးခဲ့ရသည့် အခြေခံ အဆောက်အအုံများ ပြန်လည်ဆောက်လုပ်ရေး အတွက် အကူအညီပေးမည်ဟု အိန္ဒိယကတိ
မြန်မာနိုင်ငံတွင် ငလျင်ကြောင့် ပျက်စီးခဲ့ရသည့် အခြေခံ အဆောက်အအုံများ ပြန်လည်ဆောက်လုပ်ရေး အတွက် အကူအညီပေးမည်ဟု အိန္ဒိယကတိ
Shwe Wutt Hmone
imyanmarmarket

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service