ေျမနဲ႕အိမ္ဘဏ္ေပါင္ျပီးေနာက္မွာ……

ေျမနဲ႕အိမ္ဘဏ္ေပါင္ျပီးေနာက္မွာ…… - Property Knowledge in Myanmar from iMyanmarHouse.com
31 Jan 2020 12:21 pm တွင် တင်ခဲ့သည်
3460 ကြိမ် ကြည့်ရှု့ပြီး

ဗဟုသုတ | Posted by စည်သူအောင်

### Zawgyi Version ###

အိမ္ျခံေျမမ်ားေရာင္းဝယ္ၾကတဲ့အခါ ေရာင္းသူအမ်ိဳးမ်ိဳးနဲ႕ ၾကံဳရသလို၊ ဝယ္သူအမ်ိဳးမ်ိဳးနဲ႕လည္း ဆံုတတ္ပါတယ္။ ဒီကေန႔စာခ်ဳပ္ဖို႔လာေခၚလို႕လိုက္သြားတဲ့အခါ ေရာင္းမယ့္သူေတြက လူငယ္ေတြမဟုတ္ဘဲ ပင္စင္စားလူၾကီးေတြျဖစ္ေနတာကိုေတြ႕ရလို႕ အေတာ္ထူးဆန္းေနသလိုပါဘဲ။

အသက္ၾကီးလို႕ေရာင္းၾကတယ္ဆိုေတာ့ သားသမီးေတြအေမြခြဲေပးဖို႕လား၊ ဒါမွမဟုတ္ မေသခင္ အလွဴၾကီးေပးသြားဖို႕မ်ားလား စဥ္းစားစရာေပါ့။ေျမာက္ဒဂံုရဲ႕လူၾကိဳက္အမ်ားဆံုးရပ္ကြက္ဆိုေတာ့လည္း အတြင္းလမ္းသြယ္ေတာင့္မွ (40 ‘x 60’) ေျမကြက္နဲ႕အိမ္ကို သိန္း ၉၀၀ - ၁၀၀၀ တန္ပါတယ္။

ဒါေပမဲ့ တကယ္တန္းေရာင္းမယ့္အိမ္ေရာက္သြားတဲ့အခါက်ေတာ့ ထင္သလိုမဟုတ္ပါဘူး။ ဘဏ္ေပါင္ထားတဲ့ေျမနဲ႕အိမ္ျဖစ္ေနတယ္။ဝယ္သူက ဘဏ္ကိုလိုက္ေရြးျပီးေငြေခ်ရမွာပါ။ဘာေၾကာင့္ ေပါင္နွံထားရသလဲလို႕ေမးရင္ ေရွ႕ေနကလွ်ာရွည္တယ္ျဖစ္မွာစိုးလို႕ေမးမထြက္ပါဘူး။ဒီေတာ့ ေရာင္းသူ အန္ကယ္နဲ႕ အန္တီလည္း တို႕ ထုတ္ျပတဲ့ သက္ေသခံအေထာက္အထားေတြကိုအရင္စစ္ၾကည့္ရေတာ့တာေပါ့ေလ။

ေခ်းေငြထုတ္ခြင့္ျပဳခ်က္အေၾကာင္းၾကားစာ

ထုတ္ျပတဲ့စာရြက္စာတမ္းေတြက ေျမငွါးဂရန္မဟုတ္ဘဲ ဘဏ္တစ္ခုက ေပးထားတဲ့ စာရြက္ (၂) ရြက္နဲ႕ က်မ္းက်ိန္လႊာမိတၱဴတစ္ရြက္ပါ။ပထမ တစ္ရြက္က ဘဏ္တစ္ခုနဲ႔ ေခ်းေငြဌာနက ေရာင္းသူတို႕ကို ေခ်းေငြခြင့္ျပဳတဲ့ အေၾကာင္းၾကားစာပါ။ လူၾကီးမင္းမ်ားအေနျဖင့္ ……………..ေန႕ကၽြႏ္ုပ္ဘဏ္ခြဲမွာ ေလွ်ာက္ထားခဲ့တဲ့ေခ်းေငြကို ကၽြန္ေတာ္မ်ားဘဏ္ ……. မွ ေခ်းေငြ/စာရင္းပိုထုတ္ေခ်းေငြက်ပ္ …………….. သိန္း တိတိ ခြင့္ျပဳပါေၾကာင္း အေၾကာင္းၾကားအပ္ပါတယ္။ ယခုခြင့္ျပဳခ်က္ကိုလက္ခံျပီးေငြေခ်းရန္သေဘာတူပါက လူၾကီးမင္းမ်ားအဆင္ေျပတဲ့အခ်ိန္မွာ ဘဏ္သို႕ၾကြေရာက္ပါရန္ ေမတၱာရပ္ခံပါတယ္…. ဆိုျပီး မန္ေနဂ်ာက ၾကိဳဆိုတဲ့စာပါ။

ဘဏ္မွာ လက္ခံသိမ္းထားတဲ့ စာခ်ဳပ္စာတမ္းမ်ား

ေနာက္စာရြက္တစ္ရြက္ကေတာ့ ဘဏ္ခြဲတစ္ခုကစာခ်ဳပ္စာတမ္းမ်ား လက္ခံရရွိတဲ့ေျပစာပါ။ ေျပစာမွာေတာ့ လူၾကီးမင္းတို႔ထံမွ ေပးအပ္ေသာ စာခ်ဳပ္စာတမ္းမူရင္းမ်ားကို ေရွ႕ေနအစီရင္ခံစာေတာင္းယူရန္အတြက္ လက္ခံရရွိပါတယ္။ လက္ခံရရွိတဲ့ စာခ်ဳပ္စာတမ္းေတြကေတာ့ ဦး……… + ေဒၚ.….…..အမည္ေပါက္ပိုင္ဆိုင္ေသာ ဒဂံုျမိဳ႕သစ္ (ေျမာက္ပိုင္း) ျမိဳ႕သစ္ .….….….. ရပ္ကြက္ ၊ .….….…. လမ္း ၊ ေျမကြက္အမွတ္ (.........) ၏ အနွစ္ (၆၀) ျမငွါးဂရန္စာခ်ဳပ္မူရင္း (တစ္စံု) ၊ ဘဏ္ေငြေခ်းရန္အေၾကာင္းျပခ်က္ပါ ေျမပံု/ေျမရာဇဝင္ (ပံုစံ-၁၀၅/ပံုစံ-၁၀၆) မူရင္း (၃)ရြက္နဲ႕ က်မ္းက်ိန္လႊာ (မူရင္း) တို႔ကို ဘဏ္ကလက္ခံယူထားတာကိုေတြ႕ရပါတယ္။

ပိုင္ဆိုင္မႈ မွန္ကန္ေၾကာင္း က်မ္းက်ိန္လည္းျပရတယ္

ဒီအေထာက္အထား (၂)ရြက္အရ ဘဏ္တစ္ခုမွာေပါင္းျပီးေငြေခ်းထားတာေသခ်ာေနျပီး ပိုမိုခိုင္လံုေအာင္ က်မ္းက်ိန္မူရင္းဘဏ္မွာေပးခဲ့ရလို႕က်မ္းက်ိန္မိတၱဳကို ထုတ္ျပလို႕ ဖတ္ၾကည့္လိုက္တဲ့အခါ ေရာင္းသူ (၂)ဦးက ဘဏ္အတြက္က်မ္းက်ိန္လႊာ လုပ္ေပးထားတာျဖစ္ပါတယ္။ ေျမာက္ဒဂံုျမိဳ႕နယ္ ၊ ေျမတိုင္းရပ္ကြက္ အမွတ္ () …လမ္း၊ ေျမကြက္အမွတ္ ( ) ဧရိယာ (၀.၀၅၅ ဧက) ရွိတဲ့ အနွစ္ ၆၀ ေျမငွါးဂရန္စာခ်ဳပ္ကို ရန္ကုန္ျမိဳ႕ေတာ္စည္ပင္သာယာေရးေကာ္မတီ၊ ျမိဳ႕ျပစီမံကိန္းနွင့္ ေျမစီမံခန္႕ခြဲမႈဌာနမွ ကၽြန္ေတာ္တုိ႕အား ေျမငွါးခ်ထားခဲ့ပါတယ္။

အဲဒီအနွစ္(၆၀) ဂရန္ေျမကြက္ကို ရန္ကုန္ျမိဳ႕…..ဘဏ္တြင္ အေပါင္ျပဳလုပ္၍ ေခ်းေငြရယူဖို႕အတြက္ ေလွ်ာက္ထားရယူခဲ့ပါတယ္။ယခုတင္ျပထားေသာ ၂၀၁၉-၂၀၂၀ ခုနွစ္ ဘဏ္ေငြေခ်းရန္ ေျမပံု/ေျမရာဇဝင္ အနွစ္(၆၀)ေျမငွါးဂရန္မွာ ရန္ကုန္ျမိဳ႕ေတာ္စည္ပင္သာယာေရးေကာ္မတီ ျမိဳ႕ျပစီမံကိန္းလုပ္ငန္းတာဝန္ခံအဖြဲ႕မွ ထုတ္ေပးထားေသာ စာရြက္စာတမ္းမ်ားအမွန္ျဖစ္ပါတယ္။အထက္ေဖာ္ျပပါ ေျမကြက္နဲ႕ အိမ္အပါအဝင္အက်ိဳးခံစားခြင့္အရပ္ရပ္တို႕ကို ကၽြန္ေတာ္/ကၽြန္မတို႕သာ ပိုင္ဆိုင္အက်ိဳးခံစားခြင့္ရွိပါတယ္။ အျခားသူတစ္ပါအားေရာင္းခ်ထားျခင္း၊ ေပါင္နွံထားျခင္း၊ ေပးကမ္းထားျခင္း၊ လွဴဒါန္းထားျခင္း၊ စြန္႔လႊတ္ထားျခင္း၊ တရားစြဲဆိုခံထားရျခင္းတို႕မရွိပါ။ အာမခံတင္သြင္းထားျခင္းတို႕လည္းမရွိပါ။ အရႈပ္အရွင္းတစ္စံုတစ္ရာ ကင္းရွင္းပါတယ္လို႕ က်မ္းက်ိန္ထားတာေတြ႕ရပါတယ္။ ဒီအေထာက္အထားေတြအရ ဘဏ္မွာ ေပါင္ထားတာေသခ်ာျပီးဝယ္သူဘက္က ေျမနဲ႔အိမ္ကိုၾကိဳက္ေနတယ္ဆိုေတာ့လည္း ဘဏ္က ေရြးႏႈတ္ႏိုင္တဲ့ အထိ ဝယ္ေဈးရဲ႕ ၃ ပံု ၂ ပံုေလာက္ အရင္ေပးျပီးဘဏ္မွာလိုက္ထုတ္ရေတာ့တာေပါ့။ဘဏ္မွာေခ်းေငြနဲ႕အတိုးအရင္းေငြေပးေခ်းျပီး အထက္ကေဖာ္ျပခဲ့တဲ့ ေျမငွါးဂရန္ေတြျပန္ထုတ္ျပီး ဝယ္သူလက္ထဲအပ္လိုက္ရေတာ့တာေပါ့။

ဝယ္သူဘက္ကလည္း ေျမငွါးဂရန္ဘဲရေသးတာ ေျမနဲ႔အိမ္က ရေသးတာမဟုတ္ဘူးေလ။ေရာင္းသူေတြကလည္း သားသမီးေတြနဲ႕တိုင္ပင္ျပီးအျမန္ဆံုးေျပာင္းေပးဖို႕ စီစဥ္ေနၾကပါတယ္။ဒါေၾကာင့္လည္း ပထမအရစ္မ်ားမွာ အမ်ားၾကီးယူထာလိုက္တာေပါ့။ဝယ္သူကလည္း ေရာင္းသူေတြရဲ႕အသက္အရြယ္ကုိၾကည့္ျပီးယံုၾကည္မႈနဲ႕ ေရာင္းေဈးရဲ႕ ၃ ပံု ၂ ပံုကို ေပးလိုက္တာေပါ့။ ျပီးေတာ့လည္း မိဘအရြယ္ေတြမို႔လို႔ ကူညီလိုက္တဲ့သေဘာလည္းပါတာေပါ့ေလ။

ဘဏ္ေပါင္မယ္ဆိုရင္အေသအခ်ာစဥ္းစားဆံုးျဖတ္ပါ

ေရာင္းသူေတြကေတာ့ သူေတာ္ေကာင္းနဲ႕ေတြ႕ရတာဘဲဆိုျပီး ပီတိေတြျဖစ္ေနပံုရပါတယ္။ ျပံဳလိုေပ်ာ္လို႔ စိတ္လက္ေပါ့ပါးလန္းဆန္းေနတဲ့အသြင္းကိုျမင္ၾကရတယ္။ အသက္ၾကီးမွ မိမိတို႕နဲ႕ပိုင္ဆိုင္တဲ့ ေျမနွင့္အိမ္ဘဏ္ေပါင္တယ္ဆိုတာ အေတာ္စဥ္းစားစရာဘဲ။ ပင္စင္စားဘဝနဲ႕ ဘယ္လိုလုပ္ျပီး အတိုးပံုမွန္ဆ ပ္ႏိုင္မွာလဲ လစဥ္အတိုးေပးႏိုင္ေအာင္အေတာ္ၾကိဳးစားရုန္းကန္းခဲ့ၾကရတဲ့ပံုပါဘဲ။ ေနာက္ဆံုးဖြတ္မရဓါးမဆံုး အျဖစ္မခံႏိုင္ေတာ့ လို႕ အခုလိုျပန္ေရာင္းၾကတာျဖစ္မွာေပါ့ေလ။ဒီေနရာမွာ ေရာင္းသူကိုၾကည့္ျပီး သံေဝဂရစရာေပၚလာပါတယ္။ ပိုင္ဆိုင္မႈ ေပါင္နွံျပီးေငြေခ်းတာအဆင္ေျပေပမဲ့ အတိုးမေပးႏိုင္ခဲ့ရင္ အခုေရာင္းသူတို႕လို ေျမနဲ႕အိမ္ကို အျမန္ေရာင္းျပီး ျပန္ဆပ္လို္က္မွ ပူပင္ေသာကကင္းႏိုင္ပါတယ္။ အဲဒီလိုမဟုတ္ဘဲ အတိုးတက္တာကိုထိုင္ၾကည့္ေနမယ္ဆိုရင္ေတာ့ မေရြးႏိုင္တဲ့အိမ္နွင့္ေျမကို ဘဏ္ကေလလံတင္ေရာင္းခ်ျခင္းခံရႏိုင္ပါတယ္။

ဝယ္ယူသူဘက္က ၾကည့္ျပန္ေတာ့လည္း သူလည္းစြန္႕စားျခင္းတစ္ရပ္လုပ္ျပရတာဘဲ၊ အသက္အရြယ္ၾကီးတဲ့ ပုဂၢိဳလ္ထံက ျပန္ဝယ္ေပးလိုက္ျခင္းဟာ ဒုကၡေရာက္ေနသူကို ကူညီလိုက္တဲ့သေဘာပါဘဲ။ ထို႔အတူပါဘဲ အေပါင္ေျမနဲ႕အိမ္ကို ဝယ္ယူလိုသူမ်ားအေနနဲ႕လည္း၊ ဘဏ္ေပါင္ျပီဆိုကတည္းက ဘဏ္မွာအေပါင္ေျမငွါးဂရန္ေပးလိုက္ရသလို ဘဏ္က ေခ်းေငြထုတ္ေပးတဲ့အေၾကာင္းၾကာစာရမွ ေခ်းေငြရတာေတြ႕ရပါတယ္။ဒီလိုေခ်ေငြရဖို႕အတြက္ ဘဏ္ေခ်းေငြထုတ္ရန္ ေျမပံု/ေျမရာဇဝင္ကူးေပးရသလို ပိုင္ဆိုင္ေၾကာင္းက်မ္းက်ိန္ေပးရတယ္ဆိုတဲ့ အေထာက္အထားေတြလည္းေဆာင္ရြက္ေပးရေၾကာင္း ဗဟုသုတ အသစ္ထပ္မံရရွိတဲ့ အက်ိဳးတရားေတြရရွိပါတယ္ခင္ဗ်ာ။

စာဖတ္ျခင္းရဲ႕အက်ိဳး ဗဟုသုတတိုးၾကပါေစ

အိမ္ျခံေျမ ကိစၥအဝဝနွင့္ ပတ္သက္၍ ဥပေဒအၾကံေပးပညာရွင္မ်ားနွင့္ ေဆြးေႏြးတိုင္ပင္လိုပါက iMyanmarHouse.com (အိုင္ျမန္မာေဟာက္စ္ေဒါ႔ကြန္း) ၏ ဖုန္းနံပါတ္မ်ားျဖစ္ေသာ 09-966901767, 09-268022352 သို႔ ဆက္သြယ္ႏိုင္ပါသည္။ အေသးစိတ္ၾကည့္ရန္ ဤေနရာကို ႏွိပ္ပါ။

လႊတ္ေတာ္ေရွ႕ေနေမာင္ေကာင္းေဖ ( iMyanmarHouse.com အိုင္ျမန္မာေဟာက္စ္ေဒါ႔ကြန္း) မွ အထူးေရးသားေဖာ္ျပသည္။

Credit: iMyanmarHouse.com

 

### Unicode Version ###

အိမ်ခြံမြေများရောင်းဝယ်ကြတဲ့အခါ ရောင်းသူအမျိုးမျိုးနဲ့ ကြုံရသလို၊ ဝယ်သူအမျိုးမျိုးနဲ့လည်း ဆုံတတ်ပါတယ်။ ဒီကနေ့စာချုပ်ဖို့လာခေါ်လို့လိုက်သွားတဲ့အခါ ရောင်းမယ့်သူတွေက လူငယ်တွေမဟုတ်ဘဲ ပင်စင်စားလူကြီးတွေဖြစ်နေတာကိုတွေ့ရလို့ အတော်ထူးဆန်းနေသလိုပါဘဲ။

အသက်ကြီးလို့ရောင်းကြတယ်ဆိုတော့ သားသမီးတွေအမွေခွဲပေးဖို့လား၊ ဒါမှမဟုတ် မသေခင် အလှူကြီးပေးသွားဖို့များလား စဉ်းစားစရာပေါ့။မြောက်ဒဂုံရဲ့လူကြိုက်အများဆုံးရပ်ကွက်ဆိုတော့လည်း အတွင်းလမ်းသွယ်တောင့်မှ (40 ‘x 60’) မြေကွက်နဲ့အိမ်ကို သိန်း ၉၀၀ - ၁၀၀၀ တန်ပါတယ်။

ဒါပေမဲ့ တကယ်တန်းရောင်းမယ့်အိမ်ရောက်သွားတဲ့အခါကျတော့ ထင်သလိုမဟုတ်ပါဘူး။ ဘဏ်ပေါင်ထားတဲ့မြေနဲ့အိမ်ဖြစ်နေတယ်။ဝယ်သူက ဘဏ်ကိုလိုက်ရွေးပြီးငွေချေရမှာပါ။ဘာကြောင့် ပေါင်နှံထားရသလဲလို့မေးရင် ရှေ့နေကလျှာရှည်တယ်ဖြစ်မှာစိုးလို့မေးမထွက်ပါဘူး။ဒီတော့ ရောင်းသူ အန်ကယ်နဲ့ အန်တီလည်း တို့ ထုတ်ပြတဲ့ သက်သေခံအထောက်အထားတွေကိုအရင်စစ်ကြည့်ရတော့တာပေါ့လေ။

ချေးငွေထုတ်ခွင့်ပြုချက်အကြောင်းကြားစာ

ထုတ်ပြတဲ့စာရွက်စာတမ်းတွေက မြေငှါးဂရန်မဟုတ်ဘဲ ဘဏ်တစ်ခုက ပေးထားတဲ့ စာရွက် (၂) ရွက်နဲ့ ကျမ်းကျိန်လွှာမိတ္တူတစ်ရွက်ပါ။ပထမ တစ်ရွက်က ဘဏ်တစ်ခုနဲ့ ချေးငွေဌာနက ရောင်းသူတို့ကို ချေးငွေခွင့်ပြုတဲ့ အကြောင်းကြားစာပါ။ လူကြီးမင်းများအနေဖြင့် ……………..နေ့ကျွန်ုပ်ဘဏ်ခွဲမှာ လျှောက်ထားခဲ့တဲ့ချေးငွေကို ကျွန်တော်များဘဏ် ……. မှ ချေးငွေ/စာရင်းပိုထုတ်ချေးငွေကျပ် …………….. သိန်း တိတိ ခွင့်ပြုပါကြောင်း အကြောင်းကြားအပ်ပါတယ်။ ယခုခွင့်ပြုချက်ကိုလက်ခံပြီးငွေချေးရန်သဘောတူပါက လူကြီးမင်းများအဆင်ပြေတဲ့အချိန်မှာ ဘဏ်သို့ကြွရောက်ပါရန် မေတ္တာရပ်ခံပါတယ်…. ဆိုပြီး မန်နေဂျာက ကြိုဆိုတဲ့စာပါ။

ဘဏ်မှာ လက်ခံသိမ်းထားတဲ့ စာချုပ်စာတမ်းများ

နောက်စာရွက်တစ်ရွက်ကတော့ ဘဏ်ခွဲတစ်ခုကစာချုပ်စာတမ်းများ လက်ခံရရှိတဲ့ပြေစာပါ။ ပြေစာမှာတော့ လူကြီးမင်းတို့ထံမှ ပေးအပ်သော စာချုပ်စာတမ်းမူရင်းများကို ရှေ့နေအစီရင်ခံစာတောင်းယူရန်အတွက် လက်ခံရရှိပါတယ်။ လက်ခံရရှိတဲ့ စာချုပ်စာတမ်းတွေကတော့ ဦး……… + ဒေါ်.….…..အမည်ပေါက်ပိုင်ဆိုင်သော ဒဂုံမြို့သစ် (မြောက်ပိုင်း) မြို့သစ် .….….….. ရပ်ကွက် ၊ .….….…. လမ်း ၊ မြေကွက်အမှတ် (.........) ၏ အနှစ် (၆၀) မြငှါးဂရန်စာချုပ်မူရင်း (တစ်စုံ) ၊ ဘဏ်ငွေချေးရန်အကြောင်းပြချက်ပါ မြေပုံ/မြေရာဇဝင် (ပုံစံ-၁၀၅/ပုံစံ-၁၀၆) မူရင်း (၃)ရွက်နဲ့ ကျမ်းကျိန်လွှာ (မူရင်း) တို့ကို ဘဏ်ကလက်ခံယူထားတာကိုတွေ့ရပါတယ်။

ပိုင်ဆိုင်မှု မှန်ကန်ကြောင်း ကျမ်းကျိန်လည်းပြရတယ်

ဒီအထောက်အထား (၂)ရွက်အရ ဘဏ်တစ်ခုမှာပေါင်းပြီးငွေချေးထားတာသေချာနေပြီး ပိုမိုခိုင်လုံအောင် ကျမ်းကျိန်မူရင်းဘဏ်မှာပေးခဲ့ရလို့ကျမ်းကျိန်မိတ္တုကို ထုတ်ပြလို့ ဖတ်ကြည့်လိုက်တဲ့အခါ ရောင်းသူ (၂)ဦးက ဘဏ်အတွက်ကျမ်းကျိန်လွှာ လုပ်ပေးထားတာဖြစ်ပါတယ်။ မြောက်ဒဂုံမြို့နယ် ၊ မြေတိုင်းရပ်ကွက် အမှတ် () …လမ်း၊ မြေကွက်အမှတ် ( ) ဧရိယာ (ဝ.၀၅၅ ဧက) ရှိတဲ့ အနှစ် ၆၀ မြေငှါးဂရန်စာချုပ်ကို ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီ၊ မြို့ပြစီမံကိန်းနှင့် မြေစီမံခန့်ခွဲမှုဌာနမှ ကျွန်တော်တို့အား မြေငှါးချထားခဲ့ပါတယ်။ အဲဒီအနှစ်(၆၀) ဂရန်မြေကွက်ကို ရန်ကုန်မြို့…..ဘဏ်တွင် အပေါင်ပြုလုပ်၍ ချေးငွေရယူဖို့အတွက် လျှောက်ထားရယူခဲ့ပါတယ်။ ယခုတင်ပြထားသော ၂၀၁၉-၂၀၂၀ ခုနှစ် ဘဏ်ငွေချေးရန် မြေပုံ/မြေရာဇဝင် အနှစ်(၆၀)မြေငှါးဂရန်မှာ ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီ မြို့ပြစီမံကိန်းလုပ်ငန်းတာဝန်ခံအဖွဲ့မှ ထုတ်ပေးထားသော စာရွက်စာတမ်းများအမှန်ဖြစ်ပါတယ်။ အထက်ဖော်ပြပါ မြေကွက်နဲ့ အိမ်အပါအဝင်အကျိုးခံစားခွင့်အရပ်ရပ်တို့ကို ကျွန်တော်/ကျွန်မတို့သာ ပိုင်ဆိုင်အကျိုးခံစားခွင့်ရှိပါတယ်။ အခြားသူတစ်ပါအားရောင်းချထားခြင်း၊ ပေါင်နှံထားခြင်း၊ ပေးကမ်းထားခြင်း၊ လှူဒါန်းထားခြင်း၊ စွန့်လွှတ်ထားခြင်း၊ တရားစွဲဆိုခံထားရခြင်းတို့မရှိပါ။ အာမခံတင်သွင်းထားခြင်းတို့လည်းမရှိပါ။ အရှုပ်အရှင်းတစ်စုံတစ်ရာ ကင်းရှင်းပါတယ်လို့ ကျမ်းကျိန်ထားတာတွေ့ရပါတယ်။ ဒီအထောက်အထားတွေအရ ဘဏ်မှာ ပေါင်ထားတာသေချာပြီးဝယ်သူဘက်က မြေနဲ့အိမ်ကိုကြိုက်နေတယ်ဆိုတော့လည်း ဘဏ်က ရွေးနှုတ်နိုင်တဲ့ အထိ ဝယ်ဈေးရဲ့ ၃ ပုံ ၂ ပုံလောက် အရင်ပေးပြီးဘဏ်မှာလိုက်ထုတ်ရတော့တာပေါ့။ဘဏ်မှာချေးငွေနဲ့အတိုးအရင်းငွေပေးချေးပြီး အထက်ကဖော်ပြခဲ့တဲ့ မြေငှါးဂရန်တွေပြန်ထုတ်ပြီး ဝယ်သူလက်ထဲအပ်လိုက်ရတော့တာပေါ့။ ဝယ်သူဘက်ကလည်း မြေငှါးဂရန်ဘဲရသေးတာ မြေနဲ့အိမ်က ရသေးတာမဟုတ်ဘူးလေ။ရောင်းသူတွေကလည်း သားသမီးတွေနဲ့တိုင်ပင်ပြီးအမြန်ဆုံးပြောင်းပေးဖို့ စီစဉ်နေကြပါတယ်။ဒါကြောင့်လည်း ပထမအရစ်များမှာ အများကြီးယူထာလိုက်တာပေါ့။ဝယ်သူကလည်း ရောင်းသူတွေရဲ့အသက်အရွယ်ကိုကြည့်ပြီးယုံကြည်မှုနဲ့ ရောင်းဈေးရဲ့ ၃ ပုံ ၂ ပုံကို ပေးလိုက်တာပေါ့။ ပြီးတော့လည်း မိဘအရွယ်တွေမို့လို့ ကူညီလိုက်တဲ့သဘောလည်းပါတာပေါ့လေ။

ဘဏ်ပေါင်မယ်ဆိုရင်အသေအချာစဉ်းစားဆုံးဖြတ်ပါ

ရောင်းသူတွေကတော့ သူတော်ကောင်းနဲ့တွေ့ရတာဘဲဆိုပြီး ပီတိတွေဖြစ်နေပုံရပါတယ်။ ပြုံလိုပျော်လို့ စိတ်လက်ပေါ့ပါးလန်းဆန်းနေတဲ့အသွင်းကိုမြင်ကြရတယ်။ အသက်ကြီးမှ မိမိတို့နဲ့ပိုင်ဆိုင်တဲ့ မြေနှင့်အိမ်ဘဏ်ပေါင်တယ်ဆိုတာ အတော်စဉ်းစားစရာဘဲ။ ပင်စင်စားဘဝနဲ့ ဘယ်လိုလုပ်ပြီး အတိုးပုံမှန်ဆ ပ်နိုင်မှာလဲ လစဉ်အတိုးပေးနိုင်အောင်အတော်ကြိုးစားရုန်းကန်းခဲ့ကြရတဲ့ပုံပါဘဲ။ နောက်ဆုံးဖွတ်မရဓါးမဆုံး အဖြစ်မခံနိုင်တော့ လို့ အခုလိုပြန်ရောင်းကြတာဖြစ်မှာပေါ့လေ။ ဒီနေရာမှာ ရောင်းသူကိုကြည့်ပြီး သံဝေဂရစရာပေါ်လာပါတယ်။ ပိုင်ဆိုင်မှု ပေါင်နှံပြီးငွေချေးတာအဆင်ပြေပေမဲ့ အတိုးမပေးနိုင်ခဲ့ရင် အခုရောင်းသူတို့လို မြေနဲ့အိမ်ကို အမြန်ရောင်းပြီး ပြန်ဆပ်လိုက်မှ ပူပင်သောကကင်းနိုင်ပါတယ်။ အဲဒီလိုမဟုတ်ဘဲ အတိုးတက်တာကိုထိုင်ကြည့်နေမယ်ဆိုရင်တော့ မရွေးနိုင်တဲ့အိမ်နှင့်မြေကို ဘဏ်ကလေလံတင်ရောင်းချခြင်းခံရနိုင်ပါတယ်။

ဝယ်ယူသူဘက်က ကြည့်ပြန်တော့လည်း သူလည်းစွန့်စားခြင်းတစ်ရပ်လုပ်ပြရတာဘဲ၊ အသက်အရွယ်ကြီးတဲ့ ပုဂ္ဂိုလ်ထံက ပြန်ဝယ်ပေးလိုက်ခြင်းဟာ ဒုက္ခရောက်နေသူကို ကူညီလိုက်တဲ့သဘောပါဘဲ။ ထို့အတူပါဘဲ အပေါင်မြေနဲ့အိမ်ကို ဝယ်ယူလိုသူများအနေနဲ့လည်း၊ ဘဏ်ပေါင်ပြီဆိုကတည်းက ဘဏ်မှာအပေါင်မြေငှါးဂရန်ပေးလိုက်ရသလို ဘဏ်က ချေးငွေထုတ်ပေးတဲ့အကြောင်းကြာစာရမှ ချေးငွေရတာတွေ့ရပါတယ်။ဒီလိုချေငွေရဖို့အတွက် ဘဏ်ချေးငွေထုတ်ရန် မြေပုံ/မြေရာဇဝင်ကူးပေးရသလို ပိုင်ဆိုင်ကြောင်းကျမ်းကျိန်ပေးရတယ်ဆိုတဲ့ အထောက်အထားတွေလည်းဆောင်ရွက်ပေးရကြောင်း ဗဟုသုတ အသစ်ထပ်မံရရှိတဲ့ အကျိုးတရားတွေရရှိပါတယ်ခင်ဗျာ။

စာဖတ်ခြင်းရဲ့အကျိုး ဗဟုသုတတိုးကြပါစေ

အိမ်ခြံမြေ ကိစ္စအဝဝနှင့် ပတ်သက်၍ ဥပဒေအကြံပေးပညာရှင်များနှင့် ဆွေးနွေးတိုင်ပင်လိုပါက iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ၏ ဖုန်းနံပါတ်များဖြစ်သော 09-966901767, 09-268022352 သို့ ဆက်သွယ်နိုင်ပါသည်။ အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။

လွှတ်တော်ရှေ့နေမောင်ကောင်းဖေ ( iMyanmarHouse.com အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) မှ အထူးရေးသားဖော်ပြသည်။

Credit: iMyanmarHouse.com

နောက်ဆုံးရ အိမ်ခြံမြေ ဗဟုသုတများ

ဟောင်ကောင် ရေကြောင်းရဲအရာရှိတစ်ဦး ၁၀ ဒေါ်လာဖိုး ဖုန်းဆက်ထီထိုးခဲ့ရာ ဒေါ်လာ ၆၉ သန်း Jackpot ဆုကြီး ထီပေါက်...
ဟောင်ကောင် ရေကြောင်းရဲအရာရှိတစ်ဦး ၁၀ ဒေါ်လာဖိုး ဖုန်းဆက်ထီထိုးခဲ့ရာ ဒေါ်လာ ၆၉ သန်း Jackpot ဆုကြီး ထီပေါက်...
ကာဇက်စတန်မှ ရွာကလေးတွင် ရွာသူရွာသားတို့မှာ လမ်းလျှောက်ရင်းပင် ရုတ်တရက် အိပ်ပျော်သွားတတ်ကြပြီး ပြန်နိုးလာချိန်တွင် မည်သည့်အချိန်က အိပ်ပျော်သွားသည်ကို မမှတ်မိကြသည့် ဆန်းကြယ်သော ဖြစ်ရပ်...
ကာဇက်စတန်မှ ရွာကလေးတွင် ရွာသူရွာသားတို့မှာ လမ်းလျှောက်ရင်းပင် ရုတ်တရက် အိပ်ပျော်သွားတတ်ကြပြီး ပြန်နိုးလာချိန်တွင် မည်သည့်အချိန်က အိပ်ပျော်သွားသည်ကို မမှတ်မိကြသည့် ဆန်းကြယ်သော ဖြစ်ရပ်...
ဟယ်ရီဆင်ဖို့ဒ်က တောမီးဦးတည်နေသည့် ဘရန့်ဝုဒ်အရပ်မှ သူ၏ စံအိမ်ဆီသို့ သွားရန် ကြိုးစားရာ ရဲအရာရှိတို့ လိုက်ပါစောင့်ကြပ်ပေးခဲ့...
ဟယ်ရီဆင်ဖို့ဒ်က တောမီးဦးတည်နေသည့် ဘရန့်ဝုဒ်အရပ်မှ သူ၏ စံအိမ်ဆီသို့ သွားရန် ကြိုးစားရာ ရဲအရာရှိတို့ လိုက်ပါစောင့်ကြပ်ပေးခဲ့...
ကယ်လီဖိုးနီးယားတွင် တောမီးကြောင့် အရေးပေါ်အခြေအနေ ကြေညာထားပြီး ညမထွက်ရအမိန့် ထုတ်ပြန်ထားရာ ဒုသမ္မတ ခါမလာဟဲရစ်၏ နေအိမ်အနီး ညဘက် သွားလာသူ ၂ ဦး ဖမ်းဆီးခံရ...
ကယ်လီဖိုးနီးယားတွင် တောမီးကြောင့် အရေးပေါ်အခြေအနေ ကြေညာထားပြီး ညမထွက်ရအမိန့် ထုတ်ပြန်ထားရာ ဒုသမ္မတ ခါမလာဟဲရစ်၏ နေအိမ်အနီး ညဘက် သွားလာသူ ၂ ဦး ဖမ်းဆီးခံရ...
ဂျပန်နိုင်ငံသားများအကြား “အိမ်သာ” ဟု ရည်ညွှန်းပြောဆိုကြသည့် ကျဉ်းမြောင်းလှသော လူနေခန်းလေးများ၊ ဟိုတယ်များ အမြဲပြည့်နေသော ဂျပန်တွင် နိုင်ငံခြားခရီးသွားများ တည်းခိုရန် စိတ်ဝင်စားလျက်ရှိ...
ဂျပန်နိုင်ငံသားများအကြား “အိမ်သာ” ဟု ရည်ညွှန်းပြောဆိုကြသည့် ကျဉ်းမြောင်းလှသော လူနေခန်းလေးများ၊ ဟိုတယ်များ အမြဲပြည့်နေသော ဂျပန်တွင် နိုင်ငံခြားခရီးသွားများ တည်းခိုရန် စိတ်ဝင်စားလျက်ရှိ...
(ထူးထူးခြားခြား အိမ်ခြံမြေဒိုင်ယာရီ) အိန္ဒိယတွင် အိမ်ခြံမြေ Developer တစ်ဦးက ဆောက်လုပ်ရေးအတွက် မြေတူးစဉ် ရွှေအိုးကြီးတစ်လုံး တူးဖော်တွေ့ရှိ...
(ထူးထူးခြားခြား အိမ်ခြံမြေဒိုင်ယာရီ) အိန္ဒိယတွင် အိမ်ခြံမြေ Developer တစ်ဦးက ဆောက်လုပ်ရေးအတွက် မြေတူးစဉ် ရွှေအိုးကြီးတစ်လုံး တူးဖော်တွေ့ရှိ...
မိုက်ခရိုဝေ့(Microwave) နှင့် ပြန်နွှေးပြီး မစားသင့်သော အစာ (၇) မျိုး
မိုက်ခရိုဝေ့(Microwave) နှင့် ပြန်နွှေးပြီး မစားသင့်သော အစာ (၇) မျိုး
အိမ်ခြံမြေအရေး iMyanmarHouse ကို တွေးလိုက်ပါ🤔
အိမ်ခြံမြေအရေး iMyanmarHouse ကို တွေးလိုက်ပါ🤔
ပစ္စည်းလွှဲပြောင်းခြင်း ဥပဒေအကြောင်းကို ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
ပစ္စည်းလွှဲပြောင်းခြင်း ဥပဒေအကြောင်းကို ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
အိမ်ပိုင်ရှင်များသတိထားနိုင်ဖို့ တစ်ထပ်အိမ်ကို အဆင့်မြှင့်တဲ့အခါ ဆောင်ရန်ရှောင်ဖွယ်အချက် ( ၄) ချက်...
အိမ်ပိုင်ရှင်များသတိထားနိုင်ဖို့ တစ်ထပ်အိမ်ကို အဆင့်မြှင့်တဲ့အခါ ဆောင်ရန်ရှောင်ဖွယ်အချက် ( ၄) ချက်...

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

ဟယ်ရီဆင်ဖို့ဒ်က တောမီးဦးတည်နေသည့် ဘရန့်ဝုဒ်အရပ်မှ သူ၏ စံအိမ်ဆီသို့ သွားရန် ကြိုးစားရာ ရဲအရာရှိတို့ လိုက်ပါစောင့်ကြပ်ပေးခ
ဟယ်ရီဆင်ဖို့ဒ်က တောမီးဦးတည်နေသည့် ဘရန့်ဝုဒ်အရပ်မှ သူ၏ စံအိမ်ဆီသို့ သွားရန် ကြိုးစားရာ ရဲအရာရှိတို့ လိုက်ပါစောင့်ကြပ်ပေးခ
အာဖရိကရှိ ဂါနာနိုင်ငံမှ မျိုးနွယ်စုတစ်ခု၏ ဘုရင်က ဆင်းရဲလှသော မျိုးနွယ်စုအတွက် ကနေဒါနိုင်ငံသို့ သွားကာ စိုက်ပျိုးရေးအလုပ်
အာဖရိကရှိ ဂါနာနိုင်ငံမှ မျိုးနွယ်စုတစ်ခု၏ ဘုရင်က ဆင်းရဲလှသော မျိုးနွယ်စုအတွက် ကနေဒါနိုင်ငံသို့ သွားကာ စိုက်ပျိုးရေးအလုပ်
တရုတ်ပြည်တွင် လူမှုကွန်ရက်အကောင့်နှင့် fan page အပါအဝင် အမည်ပါ ဖယ်ရှားခံခဲ့ရပြီးနောက် ပြင်သစ်တွင် နေအိမ်များဝယ်ယူကာ အခြေ
တရုတ်ပြည်တွင် လူမှုကွန်ရက်အကောင့်နှင့် fan page အပါအဝင် အမည်ပါ ဖယ်ရှားခံခဲ့ရပြီးနောက် ပြင်သစ်တွင် နေအိမ်များဝယ်ယူကာ အခြေ
ကမ္ဘာ့အချမ်းသာဆုံးပုဂ္ဂိုလ်များဖြစ်သော Elon Musk, Jeff Bezos နှင့် Mark Zuckerberg တို့၏ စံအိမ်ကြီးများ
ကမ္ဘာ့အချမ်းသာဆုံးပုဂ္ဂိုလ်များဖြစ်သော Elon Musk, Jeff Bezos နှင့် Mark Zuckerberg တို့၏ စံအိမ်ကြီးများ
ဂျပန်မှ အသက် ၇၅ နှစ်အရွယ် သန်းကြွယ်သူဌေး အဘိုးမှာ စက်ဘီးကိုသာစီးကာ အခမဲ့ရသော ကူပွန်များဖြင့်သာ ၃၆ နှစ်လုံး နေထိုင်ရပ်တည်
ဂျပန်မှ အသက် ၇၅ နှစ်အရွယ် သန်းကြွယ်သူဌေး အဘိုးမှာ စက်ဘီးကိုသာစီးကာ အခမဲ့ရသော ကူပွန်များဖြင့်သာ ၃၆ နှစ်လုံး နေထိုင်ရပ်တည်
အမွေမမီမြေးများ အမွေခွဲဝေခြင်းအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသား ဖော်ပြပေးလိုက်ပါသည်။
အမွေမမီမြေးများ အမွေခွဲဝေခြင်းအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသား ဖော်ပြပေးလိုက်ပါသည်။
ဂျပန်နိုင်ငံသားများအကြား “အိမ်သာ” ဟု ရည်ညွှန်းပြောဆိုကြသည့် ကျဉ်းမြောင်းလှသော လူနေခန်းလေးများ၊ ဟိုတယ်များ အမြဲပြည့်နေသော
ဂျပန်နိုင်ငံသားများအကြား “အိမ်သာ” ဟု ရည်ညွှန်းပြောဆိုကြသည့် ကျဉ်းမြောင်းလှသော လူနေခန်းလေးများ၊ ဟိုတယ်များ အမြဲပြည့်နေသော
အိမ်ရှင်နှင်ထုတ်ခြင်းခံရသော အိမ်ငှားက အိမ်နောက်ဘက်ရှိ ပန်းအိုးများအားလုံးကို ယူဆောင်သွားရာ အိမ်ရှင်မှာ ယမ်းပုံမီးကျဖြစ်က
အိမ်ရှင်နှင်ထုတ်ခြင်းခံရသော အိမ်ငှားက အိမ်နောက်ဘက်ရှိ ပန်းအိုးများအားလုံးကို ယူဆောင်သွားရာ အိမ်ရှင်မှာ ယမ်းပုံမီးကျဖြစ်က
တရုတ်ပြည်တွင် တိုက်ခန်းငှားရမ်းနေထိုင်သူတစ်ဦးက ကြက်ခြံအဖြစ် ပြောင်းလဲကာ ကြက်များ မွေးမြူထားရာ အိမ်ရှင်မှာ များစွာ တုန်လှ
တရုတ်ပြည်တွင် တိုက်ခန်းငှားရမ်းနေထိုင်သူတစ်ဦးက ကြက်ခြံအဖြစ် ပြောင်းလဲကာ ကြက်များ မွေးမြူထားရာ အိမ်ရှင်မှာ များစွာ တုန်လှ
အမေရိကန်ပြည်တွင် သူခိုးများက နေအိမ်များကို အလုံးလိုက်ခိုးယူလျက်ရှိနေ
အမေရိကန်ပြည်တွင် သူခိုးများက နေအိမ်များကို အလုံးလိုက်ခိုးယူလျက်ရှိနေ

နောင်လာမည့် အိမ်ခြံမြေ ပွဲစဉ်များ

imyanmarmarket
CarsDB

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service