ဗဟုသုတ | Posted by ရွှေစင်ဝင်း
### Zawgyi Version ###
“တား၀ရမ္းထုတ္ထားတဲ့ အိမ္ကုိ ၀ယ္မိရင္ ဘယ္လုိျဖစ္ႏုိင္သလဲ ဆရာ”ဟု မိတ္ေဆြတစ္ဦး၏ သမီးျဖစ္သူက စာေရးသူထံ လာေရာက္ေဆြးေႏြးျခင္းျဖစ္သည္။
“တား၀ရမ္းထုတ္ဆင့္တာက အမ်ဳိးမ်ဳိးရွိတယ္။ အမႈတစ္ခုခ်င္းေပၚမွာ မူတည္ၿပီး ေဆာင္ရြက္ရတာျဖစ္တယ္။ အခုကိစၥက ဘယ္လုိျဖစ္တာလဲ”
“ကၽြန္မရဲ႕ ငယ္သူငယ္ခ်င္းတစ္ဦးက ေငြအခက္အခဲရွိေနလုိ႔ သူ႔ အိမ္ကို ေရာင္းတယ္ ဆရာ။ ေစ်းကလည္း သင့္တာနဲ႔ စရန္ေငြေပးလုိက္တယ္။ သူငယ္ခ်င္းကိုယုံေတာ့ သတင္းစာထဲလည္း မထည့္မိဘူး”
“ေနာက္ေတာ့ ဘယ္လုိသိလုိက္သလဲ”
“ကၽြန္မရဲ႕ ညီမက အဲဒီအိမ္ကို ၀ရမ္းကပ္ထားတယ္လုိ႔ သူ႔အေပါင္းအသင္းတစ္ေယာက္က ေျပာလုိ႔ သိခဲ့ရ တယ္”
“ဒါနဲ႔ သြားမစုံစမ္းဘူးလား”
“စုံစမ္းတယ္ ဆရာ။ ရပ္ကြက္ အုပ္ခ်ဳပ္ေရးမွဴးဆီ သြားစုံစမ္းပါတယ္။ အုပ္ခ်ဳပ္ေရးမွဴး ေျပာစကားအရေတာ့ အမႈျဖစ္ေနတယ္လုိ႔ သိရတယ္။ တရား႐ုံးက အမႈျဖစ္ေနစဥ္အတြင္း မေရာင္းရလုိ႔ တားျမစ္ထားတယ္လုိ႔ သိရတယ္”
“ဒီအဆင့္ကေတာ့ ရွင္းလုိ႔ရပါတယ္”
“ဟုတ္ကဲ့၊ ကၽြန္မလည္း စိတ္႐ႈပ္သြားတယ္ ဆရာ။ စရန္ေငြကလည္း ေပးထားေတာ့ ဘယ္လုိျဖစ္ႏုိင္ပါသလဲ။ အိမ္ကုိ တရား႐ုံးက သိမ္းႏုိင္သလား”
“ဒီလုိေတာ့ မဟုတ္ဘူး။ တရားစြဲဆုိခံထားရတဲ့အမႈက အေမြမႈလား၊ ေငြေၾကးမေပးလုိ႔ အေႂကြးေငြအတြက္ တရားစြဲတာလားဆုိတာ သိခဲ့လား”
“သူေျပာတာေတာ့ ေခ်းထားတဲ့ ေငြေၾကးမဆပ္ႏုိင္လုိ႔ တရားစြဲတာဆုိၿပီး သိရတယ္ ဆရာ”
“ေခ်းေငြရလုိမႈဆုိရင္ေတာ့ မစုိးရိမ္ရပါဘူး”
“ေလလံပစ္တဲ့အထဲပါသြားရင္ ကၽြန္မတုိ႔ ေငြလည္း႐ႈံး၊ အိမ္လည္းဆုံးျဖစ္မယ္ ဆရာ”
“အေမြခြဲေ၀လုိမႈ၊ ပစၥည္းလက္ ေရာက္ရလုိမႈေတြမွာ အမႈ႐ႈံးလုိ႔ ပစ္ၥည္းခြဲေ၀ေပးရတာမ်ဳိး။ မိမိေနထုိင္ တဲ့ အိမ္က ဆင္းေပးရတာမ်ဳိးက်ေတာ့ ေငြေၾကးေပးဆပ္လုိက္တာနဲ႔ ေျဖရွင္းလုိ႔ရတဲ့ ကိစၥမဟုတ္ဘူး”
“အခုကိစၥကေတာ့ ေငြမေပးဆပ္ ႏုိင္လုိ႔ အိမ္ကို ၀ရမ္းကပ္တယ္လုိ႔ ေျပာပါတယ္ ဆရာ”
“ဒါဆုိရင္ေတာ့ ေရာင္းခ်ျခင္း လႊဲေျပာင္းျခင္းမျပဳရဆုိတဲ့ တား၀ရမ္း မဟုတ္ေတာ့ဘူး”
“ဘယ္လုိ ကြာပါသလဲ ဆရာ”
“တား၀ရမ္းဆုိတာက အမႈစစ္ေဆးေနစဥ္အတြင္းမွာ အခ်င္းျဖစ္ ပစၥည္းကို ေရာင္းခ်ျခင္း၊ လႊဲေျပာင္း ျခင္း၊ ေပးကမ္းျခင္း မျပဳရလုိ႔ တရား႐ုံးက တားျမစ္မိန္႔ထုတ္ဆင့္ေပးတာ ျဖစ္တယ္။ သက္ဆုိင္ရာ အေဆာက္ အအုံနဲ႔ ရပ္ကြက္အုပ္ခ်ဳပ္ေရးမွဴး႐ုံးမ်ားမွာ အဲဒီတား၀ရမ္းအမိန္႔ကုိ ကပ္ရပါတယ္”
“ဟုတ္ကဲ့ ဆရာ၊ အခုကိစ္ၥက ေရာင္းခ်ခြင့္ျပဳတယ္ဆုိလားပဲ ဆရာ”
“အခုကိစၥက ေငြရလုိမႈ တရားစြဲဆုိတာ ျဖစ္တယ္။ တရား႐ႈံးက ေငြေပးဆပ္ရန္ တရား႐ုံးရဲ႕ အမိန္႔ကုိ မလုိက္နာ လုိ႔ တရား႐ႈံးပုိင္ပစၥည္းကို ေလလံတင္ေရာင္းခ်ဖုိ႔ ပစၥည္းကုိ ၀ရမ္းဖမ္းဆီးေၾကာင္း ခ်မွတ္တဲ့အမိန္႔ ျဖစ္တယ္”
“ကၽြန္မတုိ႔ ၀ယ္ထားတဲ့ ကိစၥကို ဘယ္လုိစဥ္းစားမလဲ ဆရာ”
“အခုကိစၥက မိန္းကေလးရဲ႕ သူငယ္ခ်င္းအမည္ေပါက္ေျမကြက္လား၊ အမည္ေပါက္က ဘယ္သူလဲ”
“သူေျပာတာကေတာ့ သူ႔အေမ အမည္ေပါက္ ေျမကြက္လုိ႔ေျပာတယ္။ ဒါေပမယ့္ သူ႔အေမနဲ႔ အေဖက ကြယ္လြန္ သြားၿပီဆရာ။ သူ႔ေအာက္က ေမာင္ငယ္တစ္ေယာက္ရွိတယ္ ဆရာ။ ေမာင္ျဖစ္သူကလည္း အစာအိမ္ ကင္ဆာဆုိၿပီး ခဲြစိတ္ထားရတယ္”
“ဘာပဲျဖစ္ျဖစ္ေလ၊ ေမာင္ႏွမ ႏွစ္ဦး အေမြဆက္ခံတဲ့ ေျမနဲ႔ အိမ္ျဖစ္ေနတာကုိး”
“ဟုတ္ပါတယ္ ဆရာ။ ဒါေၾကာင့္မုိ႔ ၀ရမ္းကပ္ခံရတယ္လုိ႔ သိရပါ တယ္။ ဥပေဒအရ ဘယ္လုိ ကုစား ႏုိင္ပါသလဲ ဆရာ”
“၀ရမ္းခြာေပးဖုိ႔ ပစ္ၥည္းပုိင္ရွင္က ေလွ်ာက္ထားႏုိင္ပါတယ္”
“ဒါဆုိရင္ ကၽြန္မတုိ႔က ကန္႔ ကြက္ရမယ့္ သေဘာလား ဆရာ”
“မွန္ပါတယ္။ မိမိကုိယ္တုိင္ တရား႐ုံးမွာသြားေရာက္ၿပီး ကန္႔ကြက္လႊာတင္ရမွာ ျဖစ္ပါတယ္။ အဲဒီလုိ ေလွ်ာက္ ထားရင္ေတာ့ တရား႐ုံးက စုံစမ္းစစ္ေဆးၿပီး မွန္ကန္ရင္ေလ လံတင္ေရာင္းခ်ျခင္း မျပဳေသးဘဲ ဆုိင္းငံ့ထား ေၾကာင္း အမိန္႔ခ်မွတ္ႏုိင္ပါတယ္”
“ေငြေပးဆပ္လုိက္ရင္ အဆင္မေျပႏုိင္ဘူးလား ဆရာ”
“အဲဒါေတာ့ အေကာင္းဆုံးေပါ့။ ဒါေပမယ့္ ေပးဆပ္ဖုိ႔ ေငြေၾကးက အဆင္ေျပပါ့မလား။ စရန္ေငြက ဘယ္ ေလာက္ခ်ထားသလဲ”
“ေရာင္းဖုိ႔ေငြရဲ႕ တစ္၀က္နဲပါး ဆရာ”
“အဲဒီေငြက တရား႐ုံးမွာ ေပးဆပ္ထားတာရွိရင္ေတာ့ အဆင္ေျပတာေပါ့။ ဒါမွမဟုတ္ရင္ က်န္တဲ့ အိမ္ေျမ ေရာင္းဖုိးေငြက တရား႐ုံးရဲ႕ ဒီကရီအရေပးဆပ္ရမယ့္ ေငြေၾကးထက္နည္းေနရင္ အခက္ေတြ႕ႏုိင္တယ္”
“အရစ္က်ေပးဆပ္လုိ႔ မရဘူးလား ဆရာ”
“တရားမက်င့္ထုံးဥပေဒအမိန္႔ ၂၀၊ နည္း ၁၁ အရေတာ့ ဒီကရီက် ေငြမွာ ေငြေၾကးသက္သက္ေပးဆပ္ရန္ ျဖစ္ပါက လုံေလာက္ေသာအေၾကာင္းရွိလွ်င္ အရစ္က်ေပးဆပ္ခြင့္ကို တရား႐ုံးက ခြင့္ျပဳႏုိင္ေၾကာင္း ျပ႒ာန္းထား ပါတယ္”
“ဒါဆုိရင္ အရစ္က်ေပးဆပ္ခြင့္ေတာ့ ရႏုိင္တာေပါ့”
“မွန္ပါတယ္။ တရား႐ုံးက သင့္ေတာ္တဲ့ အရစ္က်ေပးသြင္းဖုိ႔ ခ်မွတ္ႏုိင္တယ္။ ဒါေပမယ့္ သတ္မွတ္ရစ္ အတြင္း မေပးႏုိင္ရင္ေတာ့ ပစၥည္းကို ေလလံတင္ေရာင္းခ်ျခင္း ခံရမွာျဖစ္ပါတယ္”
“ဒီလုိ ဆရာရယ္။ ကၽြန္မက ေရာင္းဖုိးေငြနဲ႔ ေပးဆပ္လုိက္ရင္ မရဘူးလား ဆရာ”
“ျဖစ္ပါတယ္။ မိမိကုိယ္တုိင္ တရား႐ုံးမွာ လုိက္ပါ ေငြသြင္းရင္ေတာ့ အဆင္ေျပမွာျဖစ္တယ္”
“အဲဒီလုိ လုပ္လုိ႔ရတယ္ဆုိရင္ ၿပီးတာပါပဲ ဆရာရယ္။ ကၽြန္မေဆာင္ရြက္လုိ႔ ျဖစ္ႏုိင္ပါတယ္။ စာခ်ဳပ္စာတမ္း ခ်ဳပ္ဆုိဖုိ႔နဲ႔ တရား႐ုံးမွာ ေဆာင္ရြက္ရမယ့္ ကိစၥေတြကုိ ဆရာလုိက္ပါေဆာင္ရြက္ေပးႏုိင္မလား ဆရာ။ အက်ဳိး ေဆာင္ခလည္း ကၽြန္မသီးျခားကန္ေတာ့ပါမယ္”
“ေဆာင္ရြက္ေပးလုိ႔ရပါတယ္။ စရန္ေငြစာရြက္စာတမ္းနဲ႔ ႐ုံးခ်ိန္းကို သိရွိထားဖုိ႔ေတာ့ လုိတယ္”
“ဟုတ္ကဲ့။ ဆရာ့ဆီ ႀကိဳတင္အေၾကာင္းၾကားေဆာင္ရြက္ပါမယ္”
“အခုကိစၥက ေခ်းေငြရလုိမႈျဖစ္တဲ့အတြက္ ေငြေပးဆပ္လုိ႔ အဆင္ေျပသြားႏုိင္တာ ျဖစ္တယ္။ အေမြမႈေတြလုိ ပစၥည္းလက္ေရာက္ရလိုမႈမ်ဳိးဆုိရင္ေတာ့ ေငြေပးဆပ္ၿပီး ေျဖရွင္းလုိ႔ မရႏုိင္ပါဘူး”
“အဲဒါမ်ဳိးဆုိရင္ ေငြေၾကးဆုံး႐ႈံးႏုိင္တာေပါ့ေနာ္”
“မွန္ပါတယ္။ ေရာင္းပုိင္ခြင့္မရွိဘဲ ေရာင္းခ်တာမ်ဳိးျဖစ္လုိ႔ ေရာင္းသူထံမွ ေပးေခ်ထားတဲ့ ေငြေၾကးနဲ႔ နစ္နာေၾကး ရလုိမႈ တရားစြဲဆုိေတာင္းယူရမွာ ျဖစ္တယ္”
“ဒါဆုိရင္ ကၽြန္မကံေကာင္းေသးတယ္ဆုိရမွာေပါ့”
“ဟုတ္ပါတယ္။ ဘယ္လုိပဲျဖစ္ျဖစ္ အျမန္ဆုံး ေဆာင္ရြက္ႏုိင္ဖုိ႔လုိပါတယ္။ ျဖစ္ႏုိင္ရင္ ေငြအေၾကေပးသြင္း လုိက္ ရင္ေတာ့ အမႈပိတ္မွာျဖစ္တယ္”
ဟုတ္ကဲ့ ဆရာ။ အတတ္ႏုိင္ဆုံး ႀကိဳးစားပါမယ္။ ၿပီးမွ အေရာင္းအ၀ယ္ မွတ္ပုံတင္စာခ်ဳပ္ျပဳလုပ္ရမွာေပါ့ေနာ္”
“မွန္ပါတယ္။ တရား႐ုံးရဲ႕ ဒီကရီ ေပးဆပ္ရန္ ေငြေၾကးေပးသြင္းၿပီးမွ သက္ဆုိင္ရာၿမိဳ႕ေတာ္ စည္ပင္သာယာေရး ေကာ္မတီေျမယာ ဌာနမွာ ေျမပုံကူးေလွ်ာက္ထားၿပီး အေမြဆက္ခံပုိင္ဆုိင္ေၾကာင္း ေၾကညာခ်က္ျပဳလုပ္ကာ အေရာင္းအ၀ယ္မွတ္ပုံ တင္ စာခ်ဳပ္ ခ်ဳပ္ဆုိရမယ္”လုိ႔ အႀကံဳျပဳ ရွင္းျပလုိက္ပါသည္။
Credit: ထီယု (ဥပေဒအတုိင္ပင္ခံ)
### Unicode Version ###
“တားဝရမ်းထုတ်ထားတဲ့ အိမ်ကို ဝယ်မိရင် ဘယ်လိုဖြစ်နိုင်သလဲ ဆရာ”ဟု မိတ်ဆွေတစ်ဦး၏ သမီးဖြစ်သူက စာရေးသူထံ လာရောက်ဆွေးနွေးခြင်းဖြစ်သည်။
“တားဝရမ်းထုတ်ဆင့်တာက အမျိုးမျိုးရှိတယ်။ အမှုတစ်ခုချင်းပေါ်မှာ မူတည်ပြီး ဆောင်ရွက်ရတာဖြစ်တယ်။ အခုကိစ္စက ဘယ်လိုဖြစ်တာလဲ”
“ကျွန်မရဲ့ ငယ်သူငယ်ချင်းတစ်ဦးက ငွေအခက်အခဲရှိနေလို့ သူ့ အိမ်ကို ရောင်းတယ် ဆရာ။ ဈေးကလည်း သင့်တာနဲ့ စရန်ငွေပေးလိုက်တယ်။ သူငယ်ချင်းကိုယုံတော့ သတင်းစာထဲလည်း မထည့်မိဘူး”
“နောက်တော့ ဘယ်လိုသိလိုက်သလဲ”
“ကျွန်မရဲ့ ညီမက အဲဒီအိမ်ကို ဝရမ်းကပ်ထားတယ်လို့ သူ့အပေါင်းအသင်းတစ်ယောက်က ပြောလို့ သိခဲ့ရ တယ်”
“ဒါနဲ့ သွားမစုံစမ်းဘူးလား”
“စုံစမ်းတယ် ဆရာ။ ရပ်ကွက် အုပ်ချုပ်ရေးမှူးဆီ သွားစုံစမ်းပါတယ်။ အုပ်ချုပ်ရေးမှူး ပြောစကားအရတော့ အမှုဖြစ်နေတယ်လို့ သိရတယ်။ တရားရုံးက အမှုဖြစ်နေစဉ်အတွင်း မရောင်းရလို့ တားမြစ်ထားတယ်လို့ သိရတယ်”
“ဒီအဆင့်ကတော့ ရှင်းလို့ရပါတယ်”
“ဟုတ်ကဲ့၊ ကျွန်မလည်း စိတ်ရှုပ်သွားတယ် ဆရာ။ စရန်ငွေကလည်း ပေးထားတော့ ဘယ်လိုဖြစ်နိုင်ပါသလဲ။ အိမ်ကို တရားရုံးက သိမ်းနိုင်သလား”
“ဒီလိုတော့ မဟုတ်ဘူး။ တရားစွဲဆိုခံထားရတဲ့အမှုက အမွေမှုလား၊ ငွေကြေးမပေးလို့ အကြွေးငွေအတွက် တရားစွဲတာလားဆိုတာ သိခဲ့လား”
“သူပြောတာတော့ ချေးထားတဲ့ ငွေကြေးမဆပ်နိုင်လို့ တရားစွဲတာဆိုပြီး သိရတယ် ဆရာ”
“ချေးငွေရလိုမှုဆိုရင်တော့ မစိုးရိမ်ရပါဘူး”
“လေလံပစ်တဲ့အထဲပါသွားရင် ကျွန်မတို့ ငွေလည်းရှုံး၊ အိမ်လည်းဆုံးဖြစ်မယ် ဆရာ”
“အမွေခွဲဝေလိုမှု၊ ပစ္စည်းလက် ရောက်ရလိုမှုတွေမှာ အမှုရှုံးလို့ ပစ်္စည်းခွဲဝေပေးရတာမျိုး။ မိမိနေထိုင် တဲ့ အိမ်က ဆင်းပေးရတာမျိုးကျတော့ ငွေကြေးပေးဆပ်လိုက်တာနဲ့ ဖြေရှင်းလို့ရတဲ့ ကိစ္စမဟုတ်ဘူး”
“အခုကိစ္စကတော့ ငွေမပေးဆပ် နိုင်လို့ အိမ်ကို ဝရမ်းကပ်တယ်လို့ ပြောပါတယ် ဆရာ”
“ဒါဆိုရင်တော့ ရောင်းချခြင်း လွှဲပြောင်းခြင်းမပြုရဆိုတဲ့ တားဝရမ်း မဟုတ်တော့ဘူး”
“ဘယ်လို ကွာပါသလဲ ဆရာ”
“တားဝရမ်းဆိုတာက အမှုစစ်ဆေးနေစဉ်အတွင်းမှာ အချင်းဖြစ် ပစ္စည်းကို ရောင်းချခြင်း၊ လွှဲပြောင်း ခြင်း၊ ပေးကမ်းခြင်း မပြုရလို့ တရားရုံးက တားမြစ်မိန့်ထုတ်ဆင့်ပေးတာ ဖြစ်တယ်။ သက်ဆိုင်ရာ အဆောက် အအုံနဲ့ ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးများမှာ အဲဒီတားဝရမ်းအမိန့်ကို ကပ်ရပါတယ်”
“ဟုတ်ကဲ့ ဆရာ၊ အခုကိစ်္စက ရောင်းချခွင့်ပြုတယ်ဆိုလားပဲ ဆရာ”
“အခုကိစ္စက ငွေရလိုမှု တရားစွဲဆိုတာ ဖြစ်တယ်။ တရားရှုံးက ငွေပေးဆပ်ရန် တရားရုံးရဲ့ အမိန့်ကို မလိုက်နာ လို့ တရားရှုံးပိုင်ပစ္စည်းကို လေလံတင်ရောင်းချဖို့ ပစ္စည်းကို ဝရမ်းဖမ်းဆီးကြောင်း ချမှတ်တဲ့အမိန့် ဖြစ်တယ်”
“ကျွန်မတို့ ဝယ်ထားတဲ့ ကိစ္စကို ဘယ်လိုစဉ်းစားမလဲ ဆရာ”
“အခုကိစ္စက မိန်းကလေးရဲ့ သူငယ်ချင်းအမည်ပေါက်မြေကွက်လား၊ အမည်ပေါက်က ဘယ်သူလဲ”
“သူပြောတာကတော့ သူ့အမေ အမည်ပေါက် မြေကွက်လို့ပြောတယ်။ ဒါပေမယ့် သူ့အမေနဲ့ အဖေက ကွယ်လွန် သွားပြီဆရာ။ သူ့အောက်က မောင်ငယ်တစ်ယောက်ရှိတယ် ဆရာ။ မောင်ဖြစ်သူကလည်း အစာအိမ် ကင်ဆာဆိုပြီး ခွဲစိတ်ထားရတယ်”
“ဘာပဲဖြစ်ဖြစ်လေ၊ မောင်နှမ နှစ်ဦး အမွေဆက်ခံတဲ့ မြေနဲ့ အိမ်ဖြစ်နေတာကိုး”
“ဟုတ်ပါတယ် ဆရာ။ ဒါကြောင့်မို့ ဝရမ်းကပ်ခံရတယ်လို့ သိရပါ တယ်။ ဥပဒေအရ ဘယ်လို ကုစား နိုင်ပါသလဲ ဆရာ”
“ဝရမ်းခွာပေးဖို့ ပစ်္စည်းပိုင်ရှင်က လျှောက်ထားနိုင်ပါတယ်”
“ဒါဆိုရင် ကျွန်မတို့က ကန့် ကွက်ရမယ့် သဘောလား ဆရာ”
“မှန်ပါတယ်။ မိမိကိုယ်တိုင် တရားရုံးမှာသွားရောက်ပြီး ကန့်ကွက်လွှာတင်ရမှာ ဖြစ်ပါတယ်။ အဲဒီလို လျှောက် ထားရင်တော့ တရားရုံးက စုံစမ်းစစ်ဆေးပြီး မှန်ကန်ရင်လေ လံတင်ရောင်းချခြင်း မပြုသေးဘဲ ဆိုင်းငံ့ထား ကြောင်း အမိန့်ချမှတ်နိုင်ပါတယ်”
“ငွေပေးဆပ်လိုက်ရင် အဆင်မပြေနိုင်ဘူးလား ဆရာ”
“အဲဒါတော့ အကောင်းဆုံးပေါ့။ ဒါပေမယ့် ပေးဆပ်ဖို့ ငွေကြေးက အဆင်ပြေပါ့မလား။ စရန်ငွေက ဘယ် လောက်ချထားသလဲ”
“ရောင်းဖို့ငွေရဲ့ တစ်ဝက်နဲပါး ဆရာ”
“အဲဒီငွေက တရားရုံးမှာ ပေးဆပ်ထားတာရှိရင်တော့ အဆင်ပြေတာပေါ့။ ဒါမှမဟုတ်ရင် ကျန်တဲ့ အိမ်မြေ ရောင်းဖိုးငွေက တရားရုံးရဲ့ ဒီကရီအရပေးဆပ်ရမယ့် ငွေကြေးထက်နည်းနေရင် အခက်တွေ့နိုင်တယ်”
“အရစ်ကျပေးဆပ်လို့ မရဘူးလား ဆရာ”
“တရားမကျင့်ထုံးဥပဒေအမိန့် ၂၀၊ နည်း ၁၁ အရတော့ ဒီကရီကျ ငွေမှာ ငွေကြေးသက်သက်ပေးဆပ်ရန် ဖြစ်ပါက လုံလောက်သောအကြောင်းရှိလျှင် အရစ်ကျပေးဆပ်ခွင့်ကို တရားရုံးက ခွင့်ပြုနိုင်ကြောင်း ပြဋ္ဌာန်းထား ပါတယ်”
“ဒါဆိုရင် အရစ်ကျပေးဆပ်ခွင့်တော့ ရနိုင်တာပေါ့”
“မှန်ပါတယ်။ တရားရုံးက သင့်တော်တဲ့ အရစ်ကျပေးသွင်းဖို့ ချမှတ်နိုင်တယ်။ ဒါပေမယ့် သတ်မှတ်ရစ် အတွင်း မပေးနိုင်ရင်တော့ ပစ္စည်းကို လေလံတင်ရောင်းချခြင်း ခံရမှာဖြစ်ပါတယ်”
“ဒီလို ဆရာရယ်။ ကျွန်မက ရောင်းဖိုးငွေနဲ့ ပေးဆပ်လိုက်ရင် မရဘူးလား ဆရာ”
“ဖြစ်ပါတယ်။ မိမိကိုယ်တိုင် တရားရုံးမှာ လိုက်ပါ ငွေသွင်းရင်တော့ အဆင်ပြေမှာဖြစ်တယ်”
“အဲဒီလို လုပ်လို့ရတယ်ဆိုရင် ပြီးတာပါပဲ ဆရာရယ်။ ကျွန်မဆောင်ရွက်လို့ ဖြစ်နိုင်ပါတယ်။ စာချုပ်စာတမ်း ချုပ်ဆိုဖို့နဲ့ တရားရုံးမှာ ဆောင်ရွက်ရမယ့် ကိစ္စတွေကို ဆရာလိုက်ပါဆောင်ရွက်ပေးနိုင်မလား ဆရာ။ အကျိုး ဆောင်ခလည်း ကျွန်မသီးခြားကန်တော့ပါမယ်”
“ဆောင်ရွက်ပေးလို့ရပါတယ်။ စရန်ငွေစာရွက်စာတမ်းနဲ့ ရုံးချိန်းကို သိရှိထားဖို့တော့ လိုတယ်”
“ဟုတ်ကဲ့။ ဆရာ့ဆီ ကြိုတင်အကြောင်းကြားဆောင်ရွက်ပါမယ်”
“အခုကိစ္စက ချေးငွေရလိုမှုဖြစ်တဲ့အတွက် ငွေပေးဆပ်လို့ အဆင်ပြေသွားနိုင်တာ ဖြစ်တယ်။ အမွေမှုတွေလို ပစ္စည်းလက်ရောက်ရလိုမှုမျိုးဆိုရင်တော့ ငွေပေးဆပ်ပြီး ဖြေရှင်းလို့ မရနိုင်ပါဘူး”
“အဲဒါမျိုးဆိုရင် ငွေကြေးဆုံးရှုံးနိုင်တာပေါ့နော်”
“မှန်ပါတယ်။ ရောင်းပိုင်ခွင့်မရှိဘဲ ရောင်းချတာမျိုးဖြစ်လို့ ရောင်းသူထံမှ ပေးချေထားတဲ့ ငွေကြေးနဲ့ နစ်နာကြေး ရလိုမှု တရားစွဲဆိုတောင်းယူရမှာ ဖြစ်တယ်”
“ဒါဆိုရင် ကျွန်မကံကောင်းသေးတယ်ဆိုရမှာပေါ့”
“ဟုတ်ပါတယ်။ ဘယ်လိုပဲဖြစ်ဖြစ် အမြန်ဆုံး ဆောင်ရွက်နိုင်ဖို့လိုပါတယ်။ ဖြစ်နိုင်ရင် ငွေအကြေပေးသွင်း လိုက် ရင်တော့ အမှုပိတ်မှာဖြစ်တယ်”
ဟုတ်ကဲ့ ဆရာ။ အတတ်နိုင်ဆုံး ကြိုးစားပါမယ်။ ပြီးမှ အရောင်းအဝယ် မှတ်ပုံတင်စာချုပ်ပြုလုပ်ရမှာပေါ့နော်”
“မှန်ပါတယ်။ တရားရုံးရဲ့ ဒီကရီ ပေးဆပ်ရန် ငွေကြေးပေးသွင်းပြီးမှ သက်ဆိုင်ရာမြို့တော် စည်ပင်သာယာရေး ကော်မတီမြေယာ ဌာနမှာ မြေပုံကူးလျှောက်ထားပြီး အမွေဆက်ခံပိုင်ဆိုင်ကြောင်း ကြေညာချက်ပြုလုပ်ကာ အရောင်းအဝယ်မှတ်ပုံ တင် စာချုပ် ချုပ်ဆိုရမယ်”လို့ အကြုံပြု ရှင်းပြလိုက်ပါသည်။
Credit: ထီယု (ဥပဒေအတိုင်ပင်ခံ)