ထူးထူးျခားျခားအေမြပစၥည္းစီမံခန္႔ခြဲေပးသြားတဲ့ ပေဟဠိရုပ္ရွင္မင္းသား

ထူးထူးျခားျခားအေမြပစၥည္းစီမံခန္႔ခြဲေပးသြားတဲ့ ပေဟဠိရုပ္ရွင္မင္းသား - Property Knowledge in Myanmar from iMyanmarHouse.com
24 Dec 2019 10:41 am တွင် တင်ခဲ့သည်
4811 ကြိမ် ကြည့်ရှု့ပြီး

ဗဟုသုတ | Posted by ရွှေစင်ဝင်း

### Zawgyi Version ###

ဤသို႕ မွတ္ပံုတင္ေမြးစားစာခ်ဳပ္မျပဳလုပ္ခဲ့ျခင္းေၾကာင့္ ဝင္းဦးပိုင္ဆုိင္ထားေသာ ေရႊ႕ေျပာင္းႏိုင္သည့္ ပစၥည္း၊ မေရႊ႕ေျပာင္းႏိုင္ေသာပစၥည္းမ်ားနွင့္ပတ္သက္၍ ေမြးစားသားရထိုက္ ၊ မရထိုက္ ဥပဒေျပႆနာမွာ ေနာင္အခါတြင္ စိတ္ဝင္စားစရာ အေကာင္းဆံုးျဖစ္ရပ္မွန္ဇာတ္လမ္းတစ္ခုျဖစ္လာရပါေတာ့သည္။

သူ႕အမည္က ကိုလွျမင့္ ျပင္ဦးလြင္ျမိဳ႕ ဗို္လ္သင္တန္းေက်ာင္းဆင္း ၊ တပ္မေတာ္ျပန္တမ္းဝင္အရာရွိတစ္ေယာက္ ဗိုလ္ၾကီးအဆင့္အထိတာဝန္ထမ္းေဆာင္ျပီးေနာက္ တပ္မေတာ္မွ အျငိမ္းစားယူခဲ့သူ ၊ ထို႕ေနာက္မွ အႏုပညာနယ္သို႕ ဝင္ေရာက္ကာ နွစ္ေယာက္ထဲေနခ်င္တယ္ဇာတ္ကားတြင္ ပထမဆံုးပါဝင္သရုပ္ေဆာင္ရာမွ ႏိုင္ငံေက်ာ္ ရုပ္ရွင္မင္းသား ဝင္းဦး ျဖစ္လာသူျဖစ္သည္။

ဝင္ဦးသည္ ရုပ္ရွင္နယ္ပယ္တြင္သာေက်ာ္ၾကားခဲ့ျခင္းမဟုတ္ဘဲ စာေပနယ္နွင့္ ဂီတအႏုပညာနယ္တြင္လည္း ထင္ေပၚေက်ာ္ၾကားခဲ့သူ စြယ္စံုရမင္းသားတစ္ေယာက္ျဖစ္ခဲ့သည္။ ကိုလွျမင့္ (ခ) ဝင္းဦး (ခ) ကိုဦးသည္ ဗမာလူမ်ိဳး ဗုဒၶဘာသာဝင္တစ္ဦးျဖစ္သည္။ ပါေမာကၡဦးဘညြန္႕နွင့္ ေဒၚအုန္းခင္တို႕မွ သူ၏မိဘနွစ္ပါးျဖစ္သည္။ သူသည္ အႏုပညာေလာကတြင္ လွ်မ္းလွ်မ္းေတာက္ ေက်ာ္ၾကားသူတစ္ေယာက္ျဖစ္ေသာ္လည္း အိမ္ေထာင္ျပဳခဲ့သည္ကို မေတြ႕ရေပ။

မွတ္ပံုတင္မထား ၊ ေမြးစားစာခ်ဳပ္မ်ား ခိုင္မာမႈမရွိပါခင္ဗ်ား

အိမ္ေထာင္မျပဳသျဖင့္ မိမိ၏ အႏုပညာနွင့္ ပိုင္ဆိုင္မႈအေမြကို ဆက္ခံ၍ တပည့္တစ္ဦးကို ေမြးစားခဲ့ေၾကာင္း ေတြ႕ရသည္။ ကိတၱိမေမြးစားစာခ်ဳပ္ခ်ဳပ္ခဲ့ေသာ္လည္း အေမြဆက္ခံျခင္းဥပေဒအရ ဥပေဒနွင့္အညီ မွတ္ပံုတင္ထားခဲ့ျခင္းမရွိခဲ့ေပ။ အရပ္ကတိစာခ်ဳပ္သာ ခ်ဳပ္ဆိုထားသည္။ သို႕အတြက္ တရားဝင္ကိတၱိမသားေမြးစားစာခ်ဳပ္ျဖစ္မလာခဲ့ေပ။ဤသို႕ မွတ္ပံုတင္ေမြးစားစာခ်ဳပ္မျပဳလုပ္ခဲ့ျခင္းေၾကာင့္ ဝင္ဦးပိုင္ဆိုင္ထားေသာ ေရႊ႕ေျပာင္းႏိုင္သည့္ပစၥည္း၊ မေရႊ႕ေျပာင္းႏိုင္သည္ေသာပစၥည္းမ်ားနွင့္ ပတ္သက္၍ ေမြးစားသားရထိုက္ ၊ မရထိုက္၊ ဥပေဒျပႆနာနွင့္ ေနာင္အခါတြင္ စိတ္ဝင္စားစရာအေကာင္းဆံုးျဖစ္ရပ္မွန္ဇာတ္လမ္းတစ္ခုျဖစ္လာရပါေတာ့သည္။

လွ်ိဳ႕ဝွက္ဆန္းၾကယ္စြာ တင္ျပတတ္သူ

ရုပ္ရွင္မင္းသား ဝင္ဦးသည္ ၄င္းေရးသားခဲ့ေသာ ဝတၱဳမ်ားနွင့္ ၄င္းဒါရုိ္က္တာအျဖစ္ ပါဝင္ရုိက္ကူးခဲ့ေသာ ဇာတ္ကားမ်ားတြင္ လွ်ိဳ႕ဝွက္ဆန္းၾကယ္စြာ ရုိက္ကူးတင္ဆက္ျပေလ့ရွိသည္။ ရုပ္ရွင္မင္းသားဝင္ဦး ပါဝင္ေရးသားရုိက္ကူးသရုပ္ေဆာင္ခဲ့သည္ ဇာတ္ကားမ်ားကို ၾကည့္ခဲ့ဖူးသူ စာဖတ္ပရိသတ္မ်ားအေနျဖင့္ျပန္လည္ေအာင္ေမ့တမ္းတ သတိရလ်က္ရွိေနၾကဦးမည္ျဖစ္ပါသည္။

အေမြခံသား ေမြးစားျပီးေနာက္ ပေဟဠိဆန္ဆန္ ဘာသာကူးေျပာင္းခဲ့ျပန္သည္။ ရုပ္ရွင္မင္းသားဝင္းဦးသည္ အႏုပညာနယ္ပယ္တြင္ လ်ွိဳ႕ဝွက္ဆန္းၾကယ္စြာ တင္ျပရုံမက သူ၏ဘဝဇာတ္ေၾကာင္းကိုလည္း မည္သူနွင့္မွ်မတူ ၊ တစ္မူထူးစြာ လုပ္ေဆာင္ျပခဲ့သည္ကို ေတြ႕ရသည္။ ဗမာ ဗုဒၶဘာသာဝင္တစ္ေယာက္ဘဝတြင္ တပည့္တစ္ဦးကို “ ကိတၱိမေမြးစား” ခဲ့ျပီးေနာက္လူပ်ိဳၾကီးဘဝျဖင့္ ရွာေဖြစုေဆာင္းခဲ့ေသာ မိမိ၏ အေမြပစၥည္းမ်ားအား မိမိကြယ္လြန္ျပီးေနာက္ မိမိေပးလိုသူအား ရေစလိုသျဖင့္ဟုဆိုကာ ရန္ကုန္တကၠသိုလ္အတြင္းရွိ “ ယုဒသန္ဘုရားရွိခိုးေက်ာင္း ” ၌ နွစ္ျခင္းခံ၍ ခရစ္ယာန္ဘာသာကိုကူးေျပာင္းခဲ့ျပန္သည္။ ဘာယာကူးေျပာင္းရျခင္းမွာ ႏိုင္ငံရပ္ျခားသို႕ သြားလွ်င္ အကူအညီရႏိုင္ေစရန္ ပေဟဠိဆန္စြာ အေျဖေပးခဲ့သည္ဟု သိရသည္။

ေသတမ္းစာေရးခြင့္မရွိတာ ဗုဒၶဘာသာ

ရုပ္ရွင္မင္းသားဝင္းဦးသည္ မူလက ဗုဒၶဘာသာဝင္ျဖစ္ခဲ့ျပီးေနာက္ပိုင္း ခရစ္ယာန္ဘာသာကူးေျပာင္းသြားခဲ့သျဖင့္ ကိတၱိမသားေမြးစားခဲ့ျခင္းနွင့္ အေမြဆက္ခံေရးမ်ားမွာလည္း ေျပာင္းလဲသြားခဲ့ပါသည္။ဗုဒၶဘာသာဝင္တိုင္း သားသမီးေမြးစားခြင့္ရွိေသာ္လည္း ခရစ္ယာန္ဘာသာဝင္မ်ားအေနျဖင့္ သားသမီးေမြးစားျခင္းကို အသိအမွတ္မျပဳၾကပါ ။ ခရစ္ယာန္ဘာသာဝင္တို႕သည္ မိမိတို႕ပိုင္ပစၥည္းမ်ားကို ေသတမ္းစားေရး၍ စီမံခန္႕ခြဲမႈျပဳလုပ္ေသာ္လည္ ဗုဒၶဘာသာဝင္မ်ားမွာ ေသတမ္းစာေရးသား၍ စီခံခန္႕ခြဲပိုင္ခြင့္မရွိပါ။

ထို႕ေၾကာင့္ သားသမီးေမြးစားထားေသာ ျမန္မာဗုဒၶဘာသာဝင္ေမြးစားမိဘမ်ားသည္ ခရစ္ယာန္ဘာသာသို႔ ကူးေျပာင္းသြားခဲ့ပါကေမြးစားခ်င္းမွာ ပ်က္ျပယ္သြားပါသည္။ဤ အခ်က္မွာ ျမန္မာဗုဒၶဘာသာဝင္တို႕အတြက္ ဗဟုသုတအျဖစ္ သိထားသည္။ သင္ခန္းစာယူထားသင့္သည္။ ထိုသို႕အေျခခံမူခ်င္း မတူညီေသာ လုပ္ရပ္ကို ပေဟဠိဆန္ဆန္ လုပ္ျပသကဲ့သို႕ ထိုသို႕ဥပေဒအရ အဆံုးအျဖတ္ေပးရခက္သည့္ လုပ္ရပ္မ်ိဳးကို လွ်ိဳ႕ဝွက္ဆန္ဆန္ ဝင္းဦးက လုပ္ျပျပန္သည္။

အိမ္ရာေအာက္က စာအုပ္မွာ ဘာစာမွမပါ ပေဟဠိဆန္လိုက္တာ

၁၉၈၈ ခုနွစ္ ၊ ဒီဇင္ဘာလမွာ ဝင္ဦး၏ ဘဝနိဂံုးခ်ဳပ္ရမည့္အခ်ိန္ကာလတြင္ အထူးနားမက်န္းျဖစ္လာ၍ ျမရတနာ ေဆးခန္းသို႕ တက္ေရာက္ေဆးကုသမႈခံယူစဥ္မွာ ကြယ္လြန္သြားခဲ့သည္။ သူေသသြားသည့္အခါ သူ၏ ေခါင္းဆံုးေအာက္၌ လွ်ိဳ႕ဝွက္စြာ ဝွက္သိမ္းထားခဲ့ေသာ စာအိတ္ကို သိလိုေဇာျဖင့္ ေဖာက္ဖတ္ၾကည့္ခဲ့ေသာ ေဆြမ်ိဳးသားခ်င္းမ်ားမွာ စာအိတ္အတြင္း၌ မည္သည့္စာရြက္စာတမ္းမွ် မေတြ႕ရွိရသျဖင့္ မ်ားစြာ အံ့အားသင့္ခဲ့ၾကရသည္။ ေဆြမ်ိဳးမ်ားအျပင္မွာ ေသတမ္းစာဟု ထင္ခဲ့ျခင္းမွာ မွားသြားခဲ့သည္။

က်န္းမားေရအေျခအေနအရ သူ လူ႕ဘဝမွာ မေနရေတာ့ဟု သိရွိလာေသာရုပ္ရွင္မင္းသားဝင္းဦးသည္ သူပိုင္အေမြပစၥည္းမ်ားအား စီမ့ခန္႕ခြဲေပးသူအျဖစ္ ၂၈-၁၁-၈၈ တြင္ ေဒၚအိုင္းရင္းတင္လွကို ခန္႕အပ္ခဲ့သည္ကို မည္သူမွ် မသိလိုက္ၾကေခ်။ ထို႕ေၾကာင့္ ဝင္ဦးကြယ္လြန္ျပီၤးသည့္ေနာက္ ဝင္းဦး၏ ေမြးစားသားနွင့္ ေသတမ္းစာခန္႕အပ္သူတို႕ အေမြလုၾကေတာ့သည္။

ေမြးစားသားသမီးကိစၥ ျပဌာန္းခ်က္မွာမပါ၊ ေမြးစားသားအမႈရႈံးရတာ

ဝင္ဦး၏ ေသတမ္းစာအရ အေမြပစၥည္းမ်ား စီမံခန္႕ခြဲႏိုင္ရန္ ေဒၚအိုင္းရင္းတင္လွက တရားရုံးတြင္ ေသတမ္းစာအတည္ျပဳလက္မွတ္ေလွ်ာက္သည္။ ဗုဒၶဘာသာဝင္ဘဝက အတည္ျပဳလက္မွတ္ထုတ္မေပးရန္ ကန္႕ကြက္သည္။ ဦးဝင္းဦး (ခ) ဦးကိုဦး ဗုဒၶဘာသာဝင္အျဖစ့္နွင့္ရွိေနစဥ္က ေမြးစားခဲ့ျခင္းမို႕ သူလည္း သူ၏ေမြးစားဖခင္အေမြကို ရထိုက္သည္ဟု အေၾကာင္းျပသည္။ ေမြးစားဖခင္ ပိုင္ဆိုင္ခဲ့ေသာရန္ကုန္ျမိဳ႕ ၊ မဟာဗႏၶဳလပန္းျခံလမ္း (ဘားလမ္း) ၊ အမွတ္ ၂၉၃ (ေျမညီထပ္) ရွိ အခန္းကို သူလည္း ရထိုက္သည့္ဟုဆိုကာ တရားစြဲသည္။ သို႕ေသာ္ မေအာင္ျမင္ပါ။

မေအာင္ျမင္ဘဲ ရႈံးနိမ့္ရျခင္းမွာေသတမ္းစာအတည္ျပဳလက္မွတ္ရဖို႕ ေလွ်ာက္ထားလွ်င္ အေမြဆက္ခံျခင္းဥပေဒအရ ေလွ်ာက္ထားရသည္။ ယင္းအေမြဆက္ခံျခင္းဥပေဒတြင္ ေမြးစားသားသမီးမ်ား၏ကိစၥ အဆံုးအျဖတ္ေပးရန္ျပဌာန္းခ်က္တြင္ မပါေသာေၾကာင့္ျဖစ္သည္။ ယင္းျပဌာန္းခ်က္အရ ေသြးသားေတာ္စပ္သူနွင့္ ေဆြမ်ိဳးေတာ္စပ္သူမ်ား၏စာရင္းတြင္လည္း ေမြးစားသားသမီး၏ ကိစၥကို လံုးဝထည့္သြင္းျပဌာန္းထားျခင္းမရွိပါ။

သက္ေသခိုင္လံုမွ ေသတမ္းစာအတည္ျပဳလက္မွတ္ရ

ေသတမ္းစာအတည္ျပဳလက္မွတ္ေလွ်ာက္ထားသူ ေဒၚအိုင္းရင္းတင္လွက ေသတမ္းစာေရးသားခဲ့သူ ဦးဝင္းဦးသည္ လြတ္လပ္ေသာဆႏၵျဖင့္ နည္းလမ္းတက် ေရးသားခဲ့ေၾကာင္းတရားရုံးက ေက်နပ္သည့္အထိ သက္ေသျပသည္။ ထို႔အတူ ခရစ္ယာန္ဘာသာကို သက္ဝင္ယံုၾကည္သူျဖစ္ေၾကာင္းလည္း သက္ေသျပႏိုင္သျဖင့္ တရားရုံးက ေသတမ္းစာအတည္ျပဳလက္မွတ္ကို ထုတ္ေပးလိုက္ပါသည္။

ဥစၥာရင္းမွန္သူသာ ျပန္ရတဲ့ ဝင္ဦးရဲ႕ အေမြ

ရုပ္ရွင္မင္းသား ဝင္းဦးအေနျဖင့္ မိမိပိုင္ေရႊ႕ေျပာင္းႏိုင္ေသာပစၥည္းနွင့္ မေရႊ႕ေျပာင္းႏိုင္ေသာပစၥည္းမ်ားကို စီမံခန္႕ခြဲရာတြင္ တရားရုံးတြင္ အမႈအခင္းမ်ားမျဖစ္ပြားေစရန္ ပေဟဠိဆန္ဆန္ ဗုဒၶဘာသာဝင္အျဖစ္မွ စြန္႕လြတ္၍ေသတမ္းစာေရး၍ စီမံခန္႕ခြဲေပးေစလိုေသာေစတနာျဖင့္ ခရစ္ယာန္ဘာသာသို႕ ကူးေျပာင္းခဲ့ေသာ္လည္း အေမြဆိုသည့္အတိုင္း သက္ဆိုင္သူမ်ားက ဝိုင္းအံု၍ ေမႊလိုက္ျခင္းကို ခံစားခဲ့ရသည္ ။ သို႕ေသာ္လည္း အေမြဆက္ခံျခင္းဥပေဒအရ ဥပေဒနွင့္အညီ စီမံခန္႕ခြဲခြင့္ကို ေဒၚအိုင္းရင္းတင္လွတစ္ေယာက္တည္းသာ ေသတမ္းသာအတည္ျပဳလက္မွတ္ရရွိသြားေၾကာင္း သိလိုက္ရပါေတာ့သည္။

အိမ္ျခံေျမ ကိစၥအဝဝနွင့္ ပတ္သက္၍ ဥပေဒအၾကံေပးပညာရွင္မ်ားနွင့္ ေဆြးေႏြးတိုင္ပင္လိုပါက iMyanmarHouse.com (အိုင္ျမန္မာေဟာက္စ္ေဒါ႔ကြန္း) ၏ ဖုန္းနံပါတ္မ်ားျဖစ္ေသာ 09-966901767, 09-268022352 သို႔ ဆက္သြယ္ႏိုင္ပါသည္။ အေသးစိတ္ၾကည့္ရန္ ဤေနရာကို ႏွိပ္ပါ။

ကိုးကား ဦးအုန္းေမာင္ (Bsc.BL) တရားရုံးခ်ဳပ္ေရွ႕ေနနွင့္ ႏိုၾတိပဗၺလစ္ အသံုးခ်ဥပေဒေကာက္ႏႈတ္ခ်က္မ်ားမွ ဝင္ဦး၏အေမြပစၥည္းနွင့္ ျပႆနာမ်ား။

Credit: လႊတ္ေတာ္ေရွ႕ေနေမာင္ေကာင္းေဖ

 

 

 ### Unicode Version ###

ဤသို့ မှတ်ပုံတင်မွေးစားစာချုပ်မပြုလုပ်ခဲ့ခြင်းကြောင့် ဝင်းဦးပိုင်ဆိုင်ထားသော ရွှေ့ပြောင်းနိုင်သည့် ပစ္စည်း၊ မရွှေ့ပြောင်းနိုင်သောပစ္စည်းများနှင့်ပတ်သက်၍ မွေးစားသားရထိုက် ၊ မရထိုက် ဥပဒပြေဿနာမှာ နောင်အခါတွင် စိတ်ဝင်စားစရာ အကောင်းဆုံးဖြစ်ရပ်မှန်ဇာတ်လမ်းတစ်ခုဖြစ်လာရပါတော့သည်။

သူ့အမည်က ကိုလှမြင့် ပြင်ဦးလွင်မြို့ ဗိုလ်သင်တန်းကျောင်းဆင်း ၊ တပ်မတော်ပြန်တမ်းဝင်အရာရှိတစ်ယောက် ဗိုလ်ကြီးအဆင့်အထိတာဝန်ထမ်းဆောင်ပြီးနောက် တပ်မတော်မှ အငြိမ်းစားယူခဲ့သူ ၊ ထို့နောက်မှ အနုပညာနယ်သို့ ဝင်ရောက်ကာ နှစ်ယောက်ထဲနေချင်တယ်ဇာတ်ကားတွင် ပထမဆုံးပါဝင်သရုပ်ဆောင်ရာမှ နိုင်ငံကျော် ရုပ်ရှင်မင်းသား ဝင်းဦး ဖြစ်လာသူဖြစ်သည်။ ဝင်ဦးသည် ရုပ်ရှင်နယ်ပယ်တွင်သာကျော်ကြားခဲ့ခြင်းမဟုတ်ဘဲ စာပေနယ်နှင့် ဂီတအနုပညာနယ်တွင်လည်း ထင်ပေါ်ကျော်ကြားခဲ့သူ စွယ်စုံရမင်းသားတစ်ယောက်ဖြစ်ခဲ့သည်။ ကိုလှမြင့် (ခ) ဝင်းဦး (ခ) ကိုဦးသည် ဗမာလူမျိုး ဗုဒ္ဓဘာသာဝင်တစ်ဦးဖြစ်သည်။ ပါမောက္ခဦးဘညွန့်နှင့် ဒေါ်အုန်းခင်တို့မှ သူ၏မိဘနှစ်ပါးဖြစ်သည်။ သူသည် အနုပညာလောကတွင် လျှမ်းလျှမ်းတောက် ကျော်ကြားသူတစ်ယောက်ဖြစ်သော်လည်း အိမ်ထောင်ပြုခဲ့သည်ကို မတွေ့ရပေ။

မှတ်ပုံတင်မထား ၊ မွေးစားစာချုပ်များ ခိုင်မာမှုမရှိပါခင်ဗျား

အိမ်ထောင်မပြုသဖြင့် မိမိ၏ အနုပညာနှင့် ပိုင်ဆိုင်မှုအမွေကို ဆက်ခံ၍ တပည့်တစ်ဦးကို မွေးစားခဲ့ကြောင်း တွေ့ရသည်။ ကိတ္တိမမွေးစားစာချုပ်ချုပ်ခဲ့သော်လည်း အမွေဆက်ခံခြင်းဥပဒေအရ ဥပဒေနှင့်အညီ မှတ်ပုံတင်ထားခဲ့ခြင်းမရှိခဲ့ပေ။ အရပ်ကတိစာချုပ်သာ ချုပ်ဆိုထားသည်။ သို့အတွက် တရားဝင်ကိတ္တိမသားမွေးစားစာချုပ်ဖြစ်မလာခဲ့ပေ။ဤသို့ မှတ်ပုံတင်မွေးစားစာချုပ်မပြုလုပ်ခဲ့ခြင်းကြောင့် ဝင်ဦးပိုင်ဆိုင်ထားသော ရွှေ့ပြောင်းနိုင်သည့်ပစ္စည်း၊ မရွှေ့ပြောင်းနိုင်သည်သောပစ္စည်းများနှင့် ပတ်သက်၍ မွေးစားသားရထိုက် ၊ မရထိုက်၊ ဥပဒေပြဿနာနှင့် နောင်အခါတွင် စိတ်ဝင်စားစရာအကောင်းဆုံးဖြစ်ရပ်မှန်ဇာတ်လမ်းတစ်ခုဖြစ်လာရပါတော့သည်။

လျှို့ဝှက်ဆန်းကြယ်စွာ တင်ပြတတ်သူ

ရုပ်ရှင်မင်းသား ဝင်ဦးသည် ၎င်းရေးသားခဲ့သော ဝတ္တုများနှင့် ၎င်းဒါရိုက်တာအဖြစ် ပါဝင်ရိုက်ကူးခဲ့သော ဇာတ်ကားများတွင် လျှို့ဝှက်ဆန်းကြယ်စွာ ရိုက်ကူးတင်ဆက်ပြလေ့ရှိသည်။ ရုပ်ရှင်မင်းသားဝင်ဦး ပါဝင်ရေးသားရိုက်ကူးသရုပ်ဆောင်ခဲ့သည် ဇာတ်ကားများကို ကြည့်ခဲ့ဖူးသူ စာဖတ်ပရိသတ်များအနေဖြင့်ပြန်လည်အောင်မေ့တမ်းတ သတိရလျက်ရှိနေကြဦးမည်ဖြစ်ပါသည်။

အမွေခံသား မွေးစားပြီးနောက် ပဟေဠိဆန်ဆန် ဘာသာကူးပြောင်းခဲ့ပြန်သည်။ ရုပ်ရှင်မင်းသားဝင်းဦးသည် အနုပညာနယ်ပယ်တွင် လျှို့ဝှက်ဆန်းကြယ်စွာ တင်ပြရုံမက သူ၏ဘဝဇာတ်ကြောင်းကိုလည်း မည်သူနှင့်မျှမတူ ၊ တစ်မူထူးစွာ လုပ်ဆောင်ပြခဲ့သည်ကို တွေ့ရသည်။ ဗမာ ဗုဒ္ဓဘာသာဝင်တစ်ယောက်ဘဝတွင် တပည့်တစ်ဦးကို “ ကိတ္တိမမွေးစား” ခဲ့ပြီးနောက်လူပျိုကြီးဘဝဖြင့် ရှာဖွေစုဆောင်းခဲ့သော မိမိ၏ အမွေပစ္စည်းများအား မိမိကွယ်လွန်ပြီးနောက် မိမိပေးလိုသူအား ရစေလိုသဖြင့်ဟုဆိုကာ ရန်ကုန်တက္ကသိုလ်အတွင်းရှိ “ ယုဒသန်ဘုရားရှိခိုးကျောင်း ” ၌ နှစ်ခြင်းခံ၍ ခရစ်ယာန်ဘာသာကိုကူးပြောင်းခဲ့ပြန်သည်။ ဘာယာကူးပြောင်းရခြင်းမှာ နိုင်ငံရပ်ခြားသို့ သွားလျှင် အကူအညီရနိုင်စေရန် ပဟေဠိဆန်စွာ အဖြေပေးခဲ့သည်ဟု သိရသည်။

သေတမ်းစာရေးခွင့်မရှိတာ ဗုဒ္ဓဘာသာ

ရုပ်ရှင်မင်းသားဝင်းဦးသည် မူလက ဗုဒ္ဓဘာသာဝင်ဖြစ်ခဲ့ပြီးနောက်ပိုင်း ခရစ်ယာန်ဘာသာကူးပြောင်းသွားခဲ့သဖြင့် ကိတ္တိမသားမွေးစားခဲ့ခြင်းနှင့် အမွေဆက်ခံရေးများမှာလည်း ပြောင်းလဲသွားခဲ့ပါသည်။ဗုဒ္ဓဘာသာဝင်တိုင်း သားသမီးမွေးစားခွင့်ရှိသော်လည်း ခရစ်ယာန်ဘာသာဝင်များအနေဖြင့် သားသမီးမွေးစားခြင်းကို အသိအမှတ်မပြုကြပါ ။ ခရစ်ယာန်ဘာသာဝင်တို့သည် မိမိတို့ပိုင်ပစ္စည်းများကို သေတမ်းစားရေး၍ စီမံခန့်ခွဲမှုပြုလုပ်သော်လည် ဗုဒ္ဓဘာသာဝင်များမှာ သေတမ်းစာရေးသား၍ စီခံခန့်ခွဲပိုင်ခွင့်မရှိပါ။

ထို့ကြောင့် သားသမီးမွေးစားထားသော မြန်မာဗုဒ္ဓဘာသာဝင်မွေးစားမိဘများသည် ခရစ်ယာန်ဘာသာသို့ ကူးပြောင်းသွားခဲ့ပါကမွေးစားချင်းမှာ ပျက်ပြယ်သွားပါသည်။ဤ အချက်မှာ မြန်မာဗုဒ္ဓဘာသာဝင်တို့အတွက် ဗဟုသုတအဖြစ် သိထားသည်။ သင်ခန်းစာယူထားသင့်သည်။ ထိုသို့အခြေခံမူချင်း မတူညီသော လုပ်ရပ်ကို ပဟေဠိဆန်ဆန် လုပ်ပြသကဲ့သို့ ထိုသို့ဥပဒေအရ အဆုံးအဖြတ်ပေးရခက်သည့် လုပ်ရပ်မျိုးကို လျှို့ဝှက်ဆန်ဆန် ဝင်းဦးက လုပ်ပြပြန်သည်။

အိမ်ရာအောက်က စာအုပ်မှာ ဘာစာမှမပါ ပဟေဠိဆန်လိုက်တာ

၁၉၈၈ ခုနှစ် ၊ ဒီဇင်ဘာလမှာ ဝင်ဦး၏ ဘဝနိဂုံးချုပ်ရမည့်အချိန်ကာလတွင် အထူးနားမကျန်းဖြစ်လာ၍ မြရတနာ ဆေးခန်းသို့ တက်ရောက်ဆေးကုသမှုခံယူစဉ်မှာ ကွယ်လွန်သွားခဲ့သည်။ သူသေသွားသည့်အခါ သူ၏ ခေါင်းဆုံးအောက်၌ လျှို့ဝှက်စွာ ဝှက်သိမ်းထားခဲ့သော စာအိတ်ကို သိလိုဇောဖြင့် ဖောက်ဖတ်ကြည့်ခဲ့သော ဆွေမျိုးသားချင်းများမှာ စာအိတ်အတွင်း၌ မည်သည့်စာရွက်စာတမ်းမျှ မတွေ့ရှိရသဖြင့် များစွာ အံ့အားသင့်ခဲ့ကြရသည်။ ဆွေမျိုးများအပြင်မှာ သေတမ်းစာဟု ထင်ခဲ့ခြင်းမှာ မှားသွားခဲ့သည်။

ကျန်းမားရေအခြေအနေအရ သူ လူ့ဘဝမှာ မနေရတော့ဟု သိရှိလာသောရုပ်ရှင်မင်းသားဝင်းဦးသည် သူပိုင်အမွေပစ္စည်းများအား စီမ့ခန့်ခွဲပေးသူအဖြစ် ၂၈-၁၁-၈၈ တွင် ဒေါ်အိုင်းရင်းတင်လှကို ခန့်အပ်ခဲ့သည်ကို မည်သူမျှ မသိလိုက်ကြချေ။ ထို့ကြောင့် ဝင်ဦးကွယ်လွန်ပြီၤးသည့်နောက် ဝင်းဦး၏ မွေးစားသားနှင့် သေတမ်းစာခန့်အပ်သူတို့ အမွေလုကြတော့သည်။

မွေးစားသားသမီးကိစ္စ ပြဌာန်းချက်မှာမပါ၊ မွေးစားသားအမှုရှုံးရတာ

ဝင်ဦး၏ သေတမ်းစာအရ အမွေပစ္စည်းများ စီမံခန့်ခွဲနိုင်ရန် ဒေါ်အိုင်းရင်းတင်လှက တရားရုံးတွင် သေတမ်းစာအတည်ပြုလက်မှတ်လျှောက်သည်။ ဗုဒ္ဓဘာသာဝင်ဘဝက အတည်ပြုလက်မှတ်ထုတ်မပေးရန် ကန့်ကွက်သည်။ ဦးဝင်းဦး (ခ) ဦးကိုဦး ဗုဒ္ဓဘာသာဝင်အဖြစ့်နှင့်ရှိနေစဉ်က မွေးစားခဲ့ခြင်းမို့ သူလည်း သူ၏မွေးစားဖခင်အမွေကို ရထိုက်သည်ဟု အကြောင်းပြသည်။ မွေးစားဖခင် ပိုင်ဆိုင်ခဲ့သောရန်ကုန်မြို့ ၊ မဟာဗန္ဓုလပန်းခြံလမ်း (ဘားလမ်း) ၊ အမှတ် ၂၉၃ (မြေညီထပ်) ရှိ အခန်းကို သူလည်း ရထိုက်သည့်ဟုဆိုကာ တရားစွဲသည်။ သို့သော် မအောင်မြင်ပါ။

မအောင်မြင်ဘဲ ရှုံးနိမ့်ရခြင်းမှာသေတမ်းစာအတည်ပြုလက်မှတ်ရဖို့ လျှောက်ထားလျှင် အမွေဆက်ခံခြင်းဥပဒေအရ လျှောက်ထားရသည်။ ယင်းအမွေဆက်ခံခြင်းဥပဒေတွင် မွေးစားသားသမီးများ၏ကိစ္စ အဆုံးအဖြတ်ပေးရန်ပြဌာန်းချက်တွင် မပါသောကြောင့်ဖြစ်သည်။ ယင်းပြဌာန်းချက်အရ သွေးသားတော်စပ်သူနှင့် ဆွေမျိုးတော်စပ်သူများ၏စာရင်းတွင်လည်း မွေးစားသားသမီး၏ ကိစ္စကို လုံးဝထည့်သွင်းပြဌာန်းထားခြင်းမရှိပါ။

သက်သေခိုင်လုံမှ သေတမ်းစာအတည်ပြုလက်မှတ်ရ

သေတမ်းစာအတည်ပြုလက်မှတ်လျှောက်ထားသူ ဒေါ်အိုင်းရင်းတင်လှက သေတမ်းစာရေးသားခဲ့သူ ဦးဝင်းဦးသည် လွတ်လပ်သောဆန္ဒဖြင့် နည်းလမ်းတကျ ရေးသားခဲ့ကြောင်းတရားရုံးက ကျေနပ်သည့်အထိ သက်သေပြသည်။ ထို့အတူ ခရစ်ယာန်ဘာသာကို သက်ဝင်ယုံကြည်သူဖြစ်ကြောင်းလည်း သက်သေပြနိုင်သဖြင့် တရားရုံးက သေတမ်းစာအတည်ပြုလက်မှတ်ကို ထုတ်ပေးလိုက်ပါသည်။

ဥစ္စာရင်းမှန်သူသာ ပြန်ရတဲ့ ဝင်ဦးရဲ့ အမွေ

ရုပ်ရှင်မင်းသား ဝင်းဦးအနေဖြင့် မိမိပိုင်ရွှေ့ပြောင်းနိုင်သောပစ္စည်းနှင့် မရွှေ့ပြောင်းနိုင်သောပစ္စည်းများကို စီမံခန့်ခွဲရာတွင် တရားရုံးတွင် အမှုအခင်းများမဖြစ်ပွားစေရန် ပဟေဠိဆန်ဆန် ဗုဒ္ဓဘာသာဝင်အဖြစ်မှ စွန့်လွတ်၍သေတမ်းစာရေး၍ စီမံခန့်ခွဲပေးစေလိုသောစေတနာဖြင့် ခရစ်ယာန်ဘာသာသို့ ကူးပြောင်းခဲ့သော်လည်း အမွေဆိုသည့်အတိုင်း သက်ဆိုင်သူများက ဝိုင်းအုံ၍ မွှေလိုက်ခြင်းကို ခံစားခဲ့ရသည် ။ သို့သော်လည်း အမွေဆက်ခံခြင်းဥပဒေအရ ဥပဒေနှင့်အညီ စီမံခန့်ခွဲခွင့်ကို ဒေါ်အိုင်းရင်းတင်လှတစ်ယောက်တည်းသာ သေတမ်းသာအတည်ပြုလက်မှတ်ရရှိသွားကြောင်း သိလိုက်ရပါတော့သည်။

အိမ်ခြံမြေ ကိစ္စအဝဝနှင့် ပတ်သက်၍ ဥပဒေအကြံပေးပညာရှင်များနှင့် ဆွေးနွေးတိုင်ပင်လိုပါက iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ၏ ဖုန်းနံပါတ်များဖြစ်သော 09-966901767, 09-268022352 သို့ ဆက်သွယ်နိုင်ပါသည်။ အသေးစိတ်ကြည့်ရန်  ဤနေရာကို နှိပ်ပါ။

ကိုးကား ဦးအုန်းမောင် (Bsc.BL) တရားရုံးချုပ်ရှေ့နေနှင့် နိုတြိပဗ္ဗလစ် အသုံးချဥပဒေကောက်နှုတ်ချက်များမှ ဝင်ဦး၏အမွေပစ္စည်းနှင့် ပြဿနာများ။

Credit: လွှတ်တော်ရှေ့နေမောင်ကောင်းဖေ

 

နောက်ဆုံးရ အိမ်ခြံမြေ ဗဟုသုတများ

ဟောင်ကောင် ရေကြောင်းရဲအရာရှိတစ်ဦး ၁၀ ဒေါ်လာဖိုး ဖုန်းဆက်ထီထိုးခဲ့ရာ ဒေါ်လာ ၆၉ သန်း Jackpot ဆုကြီး ထီပေါက်...
ဟောင်ကောင် ရေကြောင်းရဲအရာရှိတစ်ဦး ၁၀ ဒေါ်လာဖိုး ဖုန်းဆက်ထီထိုးခဲ့ရာ ဒေါ်လာ ၆၉ သန်း Jackpot ဆုကြီး ထီပေါက်...
ကာဇက်စတန်မှ ရွာကလေးတွင် ရွာသူရွာသားတို့မှာ လမ်းလျှောက်ရင်းပင် ရုတ်တရက် အိပ်ပျော်သွားတတ်ကြပြီး ပြန်နိုးလာချိန်တွင် မည်သည့်အချိန်က အိပ်ပျော်သွားသည်ကို မမှတ်မိကြသည့် ဆန်းကြယ်သော ဖြစ်ရပ်...
ကာဇက်စတန်မှ ရွာကလေးတွင် ရွာသူရွာသားတို့မှာ လမ်းလျှောက်ရင်းပင် ရုတ်တရက် အိပ်ပျော်သွားတတ်ကြပြီး ပြန်နိုးလာချိန်တွင် မည်သည့်အချိန်က အိပ်ပျော်သွားသည်ကို မမှတ်မိကြသည့် ဆန်းကြယ်သော ဖြစ်ရပ်...
ဟယ်ရီဆင်ဖို့ဒ်က တောမီးဦးတည်နေသည့် ဘရန့်ဝုဒ်အရပ်မှ သူ၏ စံအိမ်ဆီသို့ သွားရန် ကြိုးစားရာ ရဲအရာရှိတို့ လိုက်ပါစောင့်ကြပ်ပေးခဲ့...
ဟယ်ရီဆင်ဖို့ဒ်က တောမီးဦးတည်နေသည့် ဘရန့်ဝုဒ်အရပ်မှ သူ၏ စံအိမ်ဆီသို့ သွားရန် ကြိုးစားရာ ရဲအရာရှိတို့ လိုက်ပါစောင့်ကြပ်ပေးခဲ့...
ကယ်လီဖိုးနီးယားတွင် တောမီးကြောင့် အရေးပေါ်အခြေအနေ ကြေညာထားပြီး ညမထွက်ရအမိန့် ထုတ်ပြန်ထားရာ ဒုသမ္မတ ခါမလာဟဲရစ်၏ နေအိမ်အနီး ညဘက် သွားလာသူ ၂ ဦး ဖမ်းဆီးခံရ...
ကယ်လီဖိုးနီးယားတွင် တောမီးကြောင့် အရေးပေါ်အခြေအနေ ကြေညာထားပြီး ညမထွက်ရအမိန့် ထုတ်ပြန်ထားရာ ဒုသမ္မတ ခါမလာဟဲရစ်၏ နေအိမ်အနီး ညဘက် သွားလာသူ ၂ ဦး ဖမ်းဆီးခံရ...
ဂျပန်နိုင်ငံသားများအကြား “အိမ်သာ” ဟု ရည်ညွှန်းပြောဆိုကြသည့် ကျဉ်းမြောင်းလှသော လူနေခန်းလေးများ၊ ဟိုတယ်များ အမြဲပြည့်နေသော ဂျပန်တွင် နိုင်ငံခြားခရီးသွားများ တည်းခိုရန် စိတ်ဝင်စားလျက်ရှိ...
ဂျပန်နိုင်ငံသားများအကြား “အိမ်သာ” ဟု ရည်ညွှန်းပြောဆိုကြသည့် ကျဉ်းမြောင်းလှသော လူနေခန်းလေးများ၊ ဟိုတယ်များ အမြဲပြည့်နေသော ဂျပန်တွင် နိုင်ငံခြားခရီးသွားများ တည်းခိုရန် စိတ်ဝင်စားလျက်ရှိ...
(ထူးထူးခြားခြား အိမ်ခြံမြေဒိုင်ယာရီ) အိန္ဒိယတွင် အိမ်ခြံမြေ Developer တစ်ဦးက ဆောက်လုပ်ရေးအတွက် မြေတူးစဉ် ရွှေအိုးကြီးတစ်လုံး တူးဖော်တွေ့ရှိ...
(ထူးထူးခြားခြား အိမ်ခြံမြေဒိုင်ယာရီ) အိန္ဒိယတွင် အိမ်ခြံမြေ Developer တစ်ဦးက ဆောက်လုပ်ရေးအတွက် မြေတူးစဉ် ရွှေအိုးကြီးတစ်လုံး တူးဖော်တွေ့ရှိ...
မိုက်ခရိုဝေ့(Microwave) နှင့် ပြန်နွှေးပြီး မစားသင့်သော အစာ (၇) မျိုး
မိုက်ခရိုဝေ့(Microwave) နှင့် ပြန်နွှေးပြီး မစားသင့်သော အစာ (၇) မျိုး
အိမ်ခြံမြေအရေး iMyanmarHouse ကို တွေးလိုက်ပါ🤔
အိမ်ခြံမြေအရေး iMyanmarHouse ကို တွေးလိုက်ပါ🤔
ပစ္စည်းလွှဲပြောင်းခြင်း ဥပဒေအကြောင်းကို ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
ပစ္စည်းလွှဲပြောင်းခြင်း ဥပဒေအကြောင်းကို ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
အိမ်ပိုင်ရှင်များသတိထားနိုင်ဖို့ တစ်ထပ်အိမ်ကို အဆင့်မြှင့်တဲ့အခါ ဆောင်ရန်ရှောင်ဖွယ်အချက် ( ၄) ချက်...
အိမ်ပိုင်ရှင်များသတိထားနိုင်ဖို့ တစ်ထပ်အိမ်ကို အဆင့်မြှင့်တဲ့အခါ ဆောင်ရန်ရှောင်ဖွယ်အချက် ( ၄) ချက်...

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

ဂျပန်နိုင်ငံတွင် လူလုပ်ကျွန်းတုပေါ်၌ ကန်ဒေါ်လာ ၁၈ ဘီလီယံ အကုန်အကျခံကာ ဆောက်လုပ်ထားသော လေဆိပ်ကြီး ပင်လယ်အောက်သို့ နစ်မြုပ
ဂျပန်နိုင်ငံတွင် လူလုပ်ကျွန်းတုပေါ်၌ ကန်ဒေါ်လာ ၁၈ ဘီလီယံ အကုန်အကျခံကာ ဆောက်လုပ်ထားသော လေဆိပ်ကြီး ပင်လယ်အောက်သို့ နစ်မြုပ
အိမ်ရှင်နှင်ထုတ်ခြင်းခံရသော အိမ်ငှားက အိမ်နောက်ဘက်ရှိ ပန်းအိုးများအားလုံးကို ယူဆောင်သွားရာ အိမ်ရှင်မှာ ယမ်းပုံမီးကျဖြစ်က
အိမ်ရှင်နှင်ထုတ်ခြင်းခံရသော အိမ်ငှားက အိမ်နောက်ဘက်ရှိ ပန်းအိုးများအားလုံးကို ယူဆောင်သွားရာ အိမ်ရှင်မှာ ယမ်းပုံမီးကျဖြစ်က
တရုတ်ပြည်တွင် ပြန်ပေးဆွဲခံရသော ကလေးတစ်ဦး ၂၆ နှစ်အကြာ၌ ဆောက်လုပ်ရေးကုမ္ပဏီ ပိုင်ရှင် မိဘများနှင့် ပြန်လည်ဆုံစည်း၊ ဖခင်ဖြစ
တရုတ်ပြည်တွင် ပြန်ပေးဆွဲခံရသော ကလေးတစ်ဦး ၂၆ နှစ်အကြာ၌ ဆောက်လုပ်ရေးကုမ္ပဏီ ပိုင်ရှင် မိဘများနှင့် ပြန်လည်ဆုံစည်း၊ ဖခင်ဖြစ
အိမ်ပိုင်ရှင်များသတိထားနိုင်ဖို့ တစ်ထပ်အိမ်ကို အဆင့်မြှင့်တဲ့အခါ ဆောင်ရန်ရှောင်ဖွယ်အချက် ( ၄) ချက်
အိမ်ပိုင်ရှင်များသတိထားနိုင်ဖို့ တစ်ထပ်အိမ်ကို အဆင့်မြှင့်တဲ့အခါ ဆောင်ရန်ရှောင်ဖွယ်အချက် ( ၄) ချက်
အင်္ဂလန်ရှိ ကျေးရွာတစ်ခုတွင် ၁၈ ရာစုကတည်းက ဆောက်လုပ်ခဲ့သည့် နေအိမ်ကို ပြန်လည်ပြင်ဆင်သော ဇနီးမောင်နှံ မီးဖိုဆောင်အောက်မှ
အင်္ဂလန်ရှိ ကျေးရွာတစ်ခုတွင် ၁၈ ရာစုကတည်းက ဆောက်လုပ်ခဲ့သည့် နေအိမ်ကို ပြန်လည်ပြင်ဆင်သော ဇနီးမောင်နှံ မီးဖိုဆောင်အောက်မှ
၁၄ နာရီအတွင်း အမျိုးသားပေါင်း ၁၀၁ ဦးနှင့် အိပ်ခဲ့သော OnlyFans လူမှုကွန်ရက်မှ အကျော်အမော် အင်္ဂလန်နိုင်ငံသူ မိန်းကလေး Lil
၁၄ နာရီအတွင်း အမျိုးသားပေါင်း ၁၀၁ ဦးနှင့် အိပ်ခဲ့သော OnlyFans လူမှုကွန်ရက်မှ အကျော်အမော် အင်္ဂလန်နိုင်ငံသူ မိန်းကလေး Lil
တရုတ်ပြည်တွင် ၅၇ ထပ်မြင့်မားသော မိုးမျှော်တိုက်ကြီးကို ၁၉ ရက်အတွင်း ဆောက်လုပ်ခဲ့ပုံ
တရုတ်ပြည်တွင် ၅၇ ထပ်မြင့်မားသော မိုးမျှော်တိုက်ကြီးကို ၁၉ ရက်အတွင်း ဆောက်လုပ်ခဲ့ပုံ
ပြင်သစ်နိုင်ငံတွင် အိမ်ငှားက အိမ်လခ မပေးသောကြောင့် အိမ်ရှင်က တံခါးနှင့် ပြတင်းပေါက်များ ဖြုတ်ပစ်
ပြင်သစ်နိုင်ငံတွင် အိမ်ငှားက အိမ်လခ မပေးသောကြောင့် အိမ်ရှင်က တံခါးနှင့် ပြတင်းပေါက်များ ဖြုတ်ပစ်
မိုက်ခရိုဝေ့(Microwave) နှင့် ပြန်နွှေးပြီး မစားသင့်သော အစာ (၇) မျိုး
မိုက်ခရိုဝေ့(Microwave) နှင့် ပြန်နွှေးပြီး မစားသင့်သော အစာ (၇) မျိုး
ဂျပန်နိုင်ငံသားများအကြား “အိမ်သာ” ဟု ရည်ညွှန်းပြောဆိုကြသည့် ကျဉ်းမြောင်းလှသော လူနေခန်းလေးများ၊ ဟိုတယ်များ အမြဲပြည့်နေသော
ဂျပန်နိုင်ငံသားများအကြား “အိမ်သာ” ဟု ရည်ညွှန်းပြောဆိုကြသည့် ကျဉ်းမြောင်းလှသော လူနေခန်းလေးများ၊ ဟိုတယ်များ အမြဲပြည့်နေသော

နောင်လာမည့် အိမ်ခြံမြေ ပွဲစဉ်များ

The Crest
CarsDB

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service