ဗဟုသုတ | Posted by နှင်းအိခင်
### Zawgyi Version ###
“အိမ္၀ယ္ဖုိ႔ စီစဥ္တာ အဆင္မေျပျဖစ္ေနလုိ႔ ဆရာ”ဟု မိတ္ေဆြ တစ္ဦး၏ သားျဖစ္သူက စာေရးသူထံ လာေရာက္တုိင္ပင္ေဆြးေႏြးျခင္းျဖစ္သည္။
“အိမ္ဆုိေတာ့ တုိက္ခန္းလား ေျမနဲ႔အိမ္လား”
“ေျမနဲ႔ အိမ္ပါ ဆရာ။ ႏွစ္ထပ္ပ်ဥ္ေထာင္အိမ္ပါ ဆရာ”
“ေျမအမည္ေပါက္ ကုိယ္တုိင္ေရာင္းတာလား”
“ေျမအမည္ေပါက္ ဇနီးေမာင္ႏွံကေတာ့ ကြယ္လြန္သြားၿပီ။ ဂရန္ေျမျဖစ္ၿပီး ေပ ၂၀ x ေပ ၆၀ ေျမကြက္ ျဖစ္ပါတယ္”
“သားသမီးေတြက အေ၀မတည့္ၾကလုိ႔လား”
“ကၽြန္ေတာ္သိတာကေတာ့ သမီးတစ္ေယာက္ပဲ က်န္ခဲ့တာလုိ႔ သိတယ္။ အခု သူကုိယ္တုိင္က ေရာင္းမယ္ဆုိလုိ႔ စဥ္းစားျဖစ္တာပါ”
“ဒါဆုိရင္ အိမ္ေျမေရာင္းမယ့္ သူနဲ႔ ေမာင္ရင္က ခင္မင္ရင္းႏွီးသူေတြေပါ့”
“အဲဒီလုိေတာ့ မဟုတ္ဘူး ဆရာ။ ကၽြန္ေတာ္ရဲ႕ သူငယ္ခ်င္းတစ္ေယာက္နဲ႔ အဲဒီ အမ်ဳိးသမီးက ခင္မင္ၾကတယ္။ ေငြေၾကးလည္း လုိအပ္ေနလုိ႔ အိမ္ေျမေရာင္းခ်င္တယ္ေပါ့။ သူငယ္ခ်င္းက ကၽြန္ေတာ့္ကုိ ေျပာျပလုိ႔ သြားေရာက္ ၾကည့္မိတယ္။ သူ႔လက္ထဲမွာလည္း ဂရန္မူရင္းရွိတယ္။ ဒါေပမယ့္ သူက အဲဒီအိမ္မွာ မေနဘူး ခင္ဗ်။ အိမ္ေထာင္သည္ဆုိေတာ့ ခင္ပြန္းရွိရာ ျပည္ၿမိဳ႕မွာေနတယ္”
“ေရာင္းမယ္ဆုိတဲ့ အိမ္က ေသာ့ပိတ္ထားတာေပါ့”
“ညီမ၀မ္းကြဲတစ္ေယာက္ေနတယ္”
“သူတုိ႔က ဆင္းေပးပါ့မလား။ ေတြ႕ဆုံၿပီးၿပီလား”
“ဟုတ္ကဲ့ ေတြ႔ၿပီးပါၿပီ။ အဲဒီ ေတာ့မွ ဇာတ္လမ္းက စတာပဲ ဆရာ”
“စိတ္၀င္စားစရာပဲ ေျပာပါဦး”
“ေျမအမည္ေပါက္ ဇနီးေမာင္ႏွံရဲ႕ သမီးအရင္းမဟုတ္ဘူး ဆရာ။ ေမြးစားသမီးလုိ႔ ေျပာပါတယ္”
“အေမြစား အေမြခံအျဖစ္ မွတ္ပုံတင္ စာခ်ဳပ္နဲ႔ ေမြးစားထားတာလား”
“သူေျပာတာေတာ့ စာခ်ဳပ္ စာတမ္းမရွိဘူး။ ေျမအမည္ေပါက္ ဇနီးေမာင္ႏွံအေနနဲ႔ဆုိရင္ ဇနီးျဖစ္သူဘက္က တူမေတာ္စပ္တယ္လုိ႔ ေျပာပါတယ္”
“သားသမီး မထြန္းကားတာနဲ႔ ဇနီးျဖစ္သူက သူ႔ရဲ႕ တူမကုိ ေမြးစားတဲ့ သေဘာေပါ့”
“စာခ်ဳပ္စာတမ္းနဲ႔ ေမြးစားတာေတာ့ မဟုတ္ဘူး။ ဒါေပမယ့္ သမီး ရင္းတစ္ေယာက္လုိ ေကၽြးေမြးျပဳစု ေစာင့္ ေရွာက္ခဲ့တယ္။ ဘြဲ႔ရအိမ္ေထာင္က်တဲ့အထိေပါ့ ဆရာ”
“ဘာပဲျဖစ္ျဖစ္ ဇနီးေမာင္ႏွံရဲ႕ ေမြးစားသမီးအျဖစ္ေတာ့ ပတ္၀န္းက်င္က လက္ခံၿပီးသား အေျခအေန ရွိေနပါ တယ္။ ေမြးစားမိခင္က အရင္ ကြယ္လြန္သြားတာလား”
“ဟုတ္တယ္ ဆရာ။ ဇနီးျဖစ္သူ ကြယ္လြန္ၿပီး ရွစ္ႏွစ္ေက်ာ္ ကုိးႏွစ္နီးပါးမွ ခင္ပြန္းျဖစ္သူက ကြယ္လြန္ခဲ့တာလုိ႔ ေျပာတယ္”
“ခင္ပြန္းသည္က ျပည္ၿမိဳ႕မွာေနတယ္ဆုိေတာ့ မိန္းကေလးအေနနဲ႔ ခင္ပြန္းသည္ရွိရာ ျပည္ၿမိဳ႕ကို လုိက္ ေနတယ္ဆုိပါေတာ့”
“ဟုတ္ပါတယ္ ဆရာ။ အေဒၚရွိ စဥ္ကေတာ့ အိမ္အ၀င္အထြက္ရွိေနတာေပါ့။ အေဒၚကြယ္လြန္သြားေတာ့လည္း ေ၀းသြားတာျဖစ္မယ္”
ေမြးစားမိခင္မရွိေတာ့ ေမြးစားဖခင္က ယခုလက္ရွိေနတဲ့ သူဘက္က ေဆြမ်ဳိးေတြကုိ ေခၚထားတာျဖစ္မွာေပါ့”
“ဟုတ္ပါတယ္ ဆရာ။ ေမြးစား ဖခင္ရဲ႕ တူမအရင္းလုိ႔ ေျပာပါတယ္”
“ဒါဆုိရင္ေတာ့ သူတုိ႔က ဖယ္ေပးမယ့္ သေဘာ မရွိေလာက္ဘူး”
“ဟုတ္တယ္ ဆရာ။ သူတုိ႔အေနနဲ႔ ေနအိမ္က ဖယ္ေပးမယ့္ သေဘာမရွိဘူး။ ဒါေၾကာင့္ ဘာဆက္လုပ္ရ မွန္း မသိျဖစ္ေနလုိ႔ ဆရာ”
“စရန္ေငြေပးၿပီးၿပီလား”
“ေပးမယ့္ေန႔မွာပဲ စုံစမ္းလုိက္ေတာ့ အခုလုိကိစ္ၥေပၚလာတာ ဆရာ။ ကၽြန္ေတာ္ကလည္း ကတိမပ်က္ခ်င္ဘူး။ ဒါေၾကာင့္ ဆရာ့ဆီလာၿပီး တုိင္ပင္တာပါ”
“ဥပေဒအရ ေျပာရမယ္ဆုိရင္ေတာ့ မွတ္ပုံတင္စာခ်ဳပ္စာတမ္းနဲ႔ လင္မယားႏွစ္ဦးလုံးက အေမြစား အေမြခံအျဖစ္ ေမြးစားခဲ့တာမ်ဳိး မဟုတ္ဘူး”
“ဇနီးျဖစ္သူရဲ႕ တူမအရင္းဆုိေတာ့ ဆက္စပ္ခံစားခြင့္ မရွိဘူးလား”
“ပတ္၀န္းက်င္အားလုံးက ေမြးစားသမီးအျဖစ္ အသိအမွတ္ျပဳထားၾကတဲ့အတြက္ အေမြဆက္ခံႏုိင္ခြင့္ ရွိတဲ့ အပတိဌသားသမီးအျဖစ္ေတာ့ ဥပေဒအရ ေရာက္ရွိသြားမွာ ျဖစ္ပါတယ္”
“အပတိဌ သမီးဆိုေတာ့ အေမြ ဆက္ခံခြင့္ရွိတဲ့ သေဘာေပါ့”
“မွန္ပါတယ္။ ဒါေပမယ့္ ေျမအမည္ေပါက္ ဇနီးေမာင္ႏွံအေနနဲ႔ ဇနီးျဖစ္သူက အရင္ကြယ္လြန္သြားတယ္။ ဒါနဲ႔ သူတုိ႔ မိသားစုက ဗုဒၶဘာသာကုိးကြယ္ၾကသူေတြ မဟုတ္လား”
“ဟုတ္ပါတယ္ ဆရာ”
“ဒါဆုိရင္ေတာ့ ျမန္မာ့ ဓေလ့ထုံးတမ္းဥပေဒအရ လင္မယား တစ္ဦး ကြယ္လြန္သြားရင္ ႏွစ္ဦးပုိင္ က်န္ရစ္တဲ့ ပစ္ၥည္းအေပၚ က်န္တဲ့ မုဆုိးဖုိ၊ ဒါမွမဟုတ္ မုဆုိးမက ရရွိမွာ ျဖစ္ပါတယ္”
“ဆရာေျပာစကားအရဆုိရင္ ေမြးစားဖခင္က ဒီအိမ္နဲ႔ေျမကို သူတစ္ဦးတည္းပုိင္ဆုိင္ခြင့္ရမယ္ဆုိတဲ့ သေဘာ လား ဆရာ”
“မွန္ပါတယ္။ ဒါ့အျပင္ ေမြးစားဖခင္က ေနာက္အိမ္ေထာင္မျပဳဘဲ မုဆုိးဖုိဘ၀နဲ႔ ကြယ္လြန္ခဲ့တယ္”
“ဟုတ္ကဲ့ ဆရာ။ ဘယ္လုိျဖစ္ႏုိင္ပါသလဲ”
“သားရင္း သမီးရင္း က်န္ခဲ့မယ္။ ဒါမွမဟုတ္ အေမြစား အေမြခံအျဖစ္ ကိတိ္ၱမေမြးစား မွတ္ပုံတင္စာခ်ဳပ္နဲ႔ ေမြးစားထားတဲ့ သားသမီးရွိရင္ေတာ့ အဲဒီသားသမီးက အေမြရခြင့္ရွိမွာ ျဖစ္ပါတယ္။ အခုကိစ္ၥက အပတိဌ ေမြးစား သားသမီးျဖစ္ေနတယ္။ ၿပီးေတာ့ အေဒၚကြယ္လြန္ၿပီး ေနာက္ပုိင္း ေမြးစားဖခင္ထံ အ၀င္အထြက္မရွိ ေတာ့ဘူး။ ျပည္ၿမိဳ႕မွာပဲ အေနမ်ားေနတယ္။ ဒါေၾကာင့္ ေမြးစားဖခင္က သူ႔ရဲ႕ တူမအရင္းကို ေခၚထားတယ္။ တူမအရင္းဆုိေတာ့ ဘယ္လုိ ေတာ္စပ္သလဲ။ မိန္းကေလးရဲ႕ မိဘေတြရွိေသးလား”
“ကြယ္လြန္သြားတဲ့ ေမြးစားဖခင္မွာ ေမာင္ႏွမသုံးဦးရွိတယ္။ က်န္ႏွစ္ဦးက သက္ရွိထင္ရွားရွိတယ္။ အခု အိမ္မွာေနတဲ့ တူမက ညီမငယ္ရဲ႕ သမီးလုိ႔ သိရတယ္”
“ဘယ္မွာေနတယ္ဆုိတာက အဓိက မဟုတ္ေတာ့ဘူး။ အဓိက အခ်က္က ကြယ္လြန္သြားတဲ့ ေမြးစား ဖခင္မွာ ေမြးခ်င္းညီမငယ္ေတြရွိေနတဲ့ အခ်က္ပဲ”
“ဟုတ္ကဲ့ ဆရာ။ ဥပေဒအရ ဘယ္လုိျဖစ္ႏုိင္ပါသလဲ”
“ေမြးစားမိဘမ်ား ကြယ္လြန္သြားခ်ိန္တြင္ မိဘတစ္ဦးဦး၏ တရား၀င္လင္ (သုိ႔မဟုတ္) မယား၊ သားရင္း၊ သမီးရင္း၊ ကတိ္ၱမသားသမီးအပါအ၀င္၊ ေျမးျမစ္မ်ား မက်န္ရစ္ခဲ့လွ်င္ အပတိဌသားသမီးသည္ ေမြးစားမိဘ၏ အေမြထက္၀က္ကုိ ဆက္ခံ၍ က်န္ထက္၀က္ကို ေမြးစားမိဘ၏ အနီးဆုံးေဆြမ်ဳိးမ်ားက ဆက္ခံသည္လုိ႔ မသန္းၫြန္႔ႏွင့္ ေဒၚေရႊသစ္ရန္ကုန္အတြဲ - ၁၄၊ စာမ်က္ႏွာ - ၅၅၇ အမႈမွာ ဆုံးျဖတ္ထားပါတယ္”
“ဒါဆုိရင္ ေမြးစားဖခင္ရဲ႕ ညီမငယ္ႏွစ္ဦးက ထက္၀က္ရႏုိင္မွာေပါ့ ဆရာ”
“တစ္ခုရွိတာက အပတိဌ သားသမီးသည္ ေမြးစားမိဘနဲ႔ အတူမေန၊ ရံဖန္ရံခါမွ်သာ ဆက္သြယ္ေသာ အပတိဌ သားသမီးသည္ အေမြရခြင့္ မရွိလုိ႔ ဦးခ်စ္ေထြးႏွင့္ ေမာင္ၫြန္႔ေ၀၊ ၁၉၇၆ ျမန္မာႏုိင္ငံ တရားစီရင္ထုံး စာမ်က္ႏွာ - ၁၇ အမႈမွာ ေဖာ္ျပထားတဲ့အတြက္ ဒီကိစ္ၥမွာ အေမြမႈျဖစ္ႏုိင္လုိ႔ ညိႇႏႈိင္းေဆာင္ရြက္ၿပီး အဆင္ေျပရင္ ၀ယ္လုိက္ပါ”ဟုသာ အႀကံေပးေဆြးေႏြးလုိက္ပါသည္။
Credit: ထီယု (ဥပေဒအတုိင္ပင္ခံ)
### Unicode Version ###
“အိမ်ဝယ်ဖို့ စီစဉ်တာ အဆင်မပြေဖြစ်နေလို့ ဆရာ”ဟု မိတ်ဆွေ တစ်ဦး၏ သားဖြစ်သူက စာရေးသူထံ လာရောက်တိုင်ပင်ဆွေးနွေးခြင်းဖြစ်သည်။
“အိမ်ဆိုတော့ တိုက်ခန်းလား မြေနဲ့အိမ်လား”
“မြေနဲ့ အိမ်ပါ ဆရာ။ နှစ်ထပ်ပျဉ်ထောင်အိမ်ပါ ဆရာ”
“မြေအမည်ပေါက် ကိုယ်တိုင်ရောင်းတာလား”
“မြေအမည်ပေါက် ဇနီးမောင်နှံကတော့ ကွယ်လွန်သွားပြီ။ ဂရန်မြေဖြစ်ပြီး ပေ ၂၀ x ပေ ၆၀ မြေကွက် ဖြစ်ပါတယ်”
“သားသမီးတွေက အဝေမတည့်ကြလို့လား”
“ကျွန်တော်သိတာကတော့ သမီးတစ်ယောက်ပဲ ကျန်ခဲ့တာလို့ သိတယ်။ အခု သူကိုယ်တိုင်က ရောင်းမယ်ဆိုလို့ စဉ်းစားဖြစ်တာပါ”
“ဒါဆိုရင် အိမ်မြေရောင်းမယ့် သူနဲ့ မောင်ရင်က ခင်မင်ရင်းနှီးသူတွေပေါ့”
“အဲဒီလိုတော့ မဟုတ်ဘူး ဆရာ။ ကျွန်တော်ရဲ့ သူငယ်ချင်းတစ်ယောက်နဲ့ အဲဒီ အမျိုးသမီးက ခင်မင်ကြတယ်။ ငွေကြေးလည်း လိုအပ်နေလို့ အိမ်မြေရောင်းချင်တယ်ပေါ့။ သူငယ်ချင်းက ကျွန်တော့်ကို ပြောပြလို့ သွားရောက် ကြည့်မိတယ်။ သူ့လက်ထဲမှာလည်း ဂရန်မူရင်းရှိတယ်။ ဒါပေမယ့် သူက အဲဒီအိမ်မှာ မနေဘူး ခင်ဗျ။ အိမ်ထောင်သည်ဆိုတော့ ခင်ပွန်းရှိရာ ပြည်မြို့မှာနေတယ်”
“ရောင်းမယ်ဆိုတဲ့ အိမ်က သော့ပိတ်ထားတာပေါ့”
“ညီမဝမ်းကွဲတစ်ယောက်နေတယ်”
“သူတို့က ဆင်းပေးပါ့မလား။ တွေ့ဆုံပြီးပြီလား”
“ဟုတ်ကဲ့ တွေ့ပြီးပါပြီ။ အဲဒီ တော့မှ ဇာတ်လမ်းက စတာပဲ ဆရာ”
“စိတ်ဝင်စားစရာပဲ ပြောပါဦး”
“မြေအမည်ပေါက် ဇနီးမောင်နှံရဲ့ သမီးအရင်းမဟုတ်ဘူး ဆရာ။ မွေးစားသမီးလို့ ပြောပါတယ်”
“အမွေစား အမွေခံအဖြစ် မှတ်ပုံတင် စာချုပ်နဲ့ မွေးစားထားတာလား”
“သူပြောတာတော့ စာချုပ် စာတမ်းမရှိဘူး။ မြေအမည်ပေါက် ဇနီးမောင်နှံအနေနဲ့ဆိုရင် ဇနီးဖြစ်သူဘက်က တူမတော်စပ်တယ်လို့ ပြောပါတယ်”
“သားသမီး မထွန်းကားတာနဲ့ ဇနီးဖြစ်သူက သူ့ရဲ့ တူမကို မွေးစားတဲ့ သဘောပေါ့”
“စာချုပ်စာတမ်းနဲ့ မွေးစားတာတော့ မဟုတ်ဘူး။ ဒါပေမယ့် သမီး ရင်းတစ်ယောက်လို ကျွေးမွေးပြုစု စောင့် ရှောက်ခဲ့တယ်။ ဘွဲ့ရအိမ်ထောင်ကျတဲ့အထိပေါ့ ဆရာ”
“ဘာပဲဖြစ်ဖြစ် ဇနီးမောင်နှံရဲ့ မွေးစားသမီးအဖြစ်တော့ ပတ်ဝန်းကျင်က လက်ခံပြီးသား အခြေအနေ ရှိနေပါ တယ်။ မွေးစားမိခင်က အရင် ကွယ်လွန်သွားတာလား”
“ဟုတ်တယ် ဆရာ။ ဇနီးဖြစ်သူ ကွယ်လွန်ပြီး ရှစ်နှစ်ကျော် ကိုးနှစ်နီးပါးမှ ခင်ပွန်းဖြစ်သူက ကွယ်လွန်ခဲ့တာလို့ ပြောတယ်”
“ခင်ပွန်းသည်က ပြည်မြို့မှာနေတယ်ဆိုတော့ မိန်းကလေးအနေနဲ့ ခင်ပွန်းသည်ရှိရာ ပြည်မြို့ကို လိုက် နေတယ်ဆိုပါတော့”
“ဟုတ်ပါတယ် ဆရာ။ အဒေါ်ရှိ စဉ်ကတော့ အိမ်အဝင်အထွက်ရှိနေတာပေါ့။ အဒေါ်ကွယ်လွန်သွားတော့လည်း ဝေးသွားတာဖြစ်မယ်”
မွေးစားမိခင်မရှိတော့ မွေးစားဖခင်က ယခုလက်ရှိနေတဲ့ သူဘက်က ဆွေမျိုးတွေကို ခေါ်ထားတာဖြစ်မှာပေါ့”
“ဟုတ်ပါတယ် ဆရာ။ မွေးစား ဖခင်ရဲ့ တူမအရင်းလို့ ပြောပါတယ်”
“ဒါဆိုရင်တော့ သူတို့က ဖယ်ပေးမယ့် သဘော မရှိလောက်ဘူး”
“ဟုတ်တယ် ဆရာ။ သူတို့အနေနဲ့ နေအိမ်က ဖယ်ပေးမယ့် သဘောမရှိဘူး။ ဒါကြောင့် ဘာဆက်လုပ်ရ မှန်း မသိဖြစ်နေလို့ ဆရာ”
“စရန်ငွေပေးပြီးပြီလား”
“ပေးမယ့်နေ့မှာပဲ စုံစမ်းလိုက်တော့ အခုလိုကိစ်္စပေါ်လာတာ ဆရာ။ ကျွန်တော်ကလည်း ကတိမပျက်ချင်ဘူး။ ဒါကြောင့် ဆရာ့ဆီလာပြီး တိုင်ပင်တာပါ”
“ဥပဒေအရ ပြောရမယ်ဆိုရင်တော့ မှတ်ပုံတင်စာချုပ်စာတမ်းနဲ့ လင်မယားနှစ်ဦးလုံးက အမွေစား အမွေခံအဖြစ် မွေးစားခဲ့တာမျိုး မဟုတ်ဘူး”
“ဇနီးဖြစ်သူရဲ့ တူမအရင်းဆိုတော့ ဆက်စပ်ခံစားခွင့် မရှိဘူးလား”
“ပတ်ဝန်းကျင်အားလုံးက မွေးစားသမီးအဖြစ် အသိအမှတ်ပြုထားကြတဲ့အတွက် အမွေဆက်ခံနိုင်ခွင့် ရှိတဲ့ အပတိဌသားသမီးအဖြစ်တော့ ဥပဒေအရ ရောက်ရှိသွားမှာ ဖြစ်ပါတယ်”
“အပတိဌ သမီးဆိုတော့ အမွေ ဆက်ခံခွင့်ရှိတဲ့ သဘောပေါ့”
“မှန်ပါတယ်။ ဒါပေမယ့် မြေအမည်ပေါက် ဇနီးမောင်နှံအနေနဲ့ ဇနီးဖြစ်သူက အရင်ကွယ်လွန်သွားတယ်။ ဒါနဲ့ သူတို့ မိသားစုက ဗုဒ္ဓဘာသာကိုးကွယ်ကြသူတွေ မဟုတ်လား”
“ဟုတ်ပါတယ် ဆရာ”
“ဒါဆိုရင်တော့ မြန်မာ့ ဓလေ့ထုံးတမ်းဥပဒေအရ လင်မယား တစ်ဦး ကွယ်လွန်သွားရင် နှစ်ဦးပိုင် ကျန်ရစ်တဲ့ ပစ်္စည်းအပေါ် ကျန်တဲ့ မုဆိုးဖို၊ ဒါမှမဟုတ် မုဆိုးမက ရရှိမှာ ဖြစ်ပါတယ်”
“ဆရာပြောစကားအရဆိုရင် မွေးစားဖခင်က ဒီအိမ်နဲ့မြေကို သူတစ်ဦးတည်းပိုင်ဆိုင်ခွင့်ရမယ်ဆိုတဲ့ သဘော လား ဆရာ”
“မှန်ပါတယ်။ ဒါ့အပြင် မွေးစားဖခင်က နောက်အိမ်ထောင်မပြုဘဲ မုဆိုးဖိုဘဝနဲ့ ကွယ်လွန်ခဲ့တယ်”
“ဟုတ်ကဲ့ ဆရာ။ ဘယ်လိုဖြစ်နိုင်ပါသလဲ”
“သားရင်း သမီးရင်း ကျန်ခဲ့မယ်။ ဒါမှမဟုတ် အမွေစား အမွေခံအဖြစ် ကိတ္တိမမွေးစား မှတ်ပုံတင်စာချုပ်နဲ့ မွေးစားထားတဲ့ သားသမီးရှိရင်တော့ အဲဒီသားသမီးက အမွေရခွင့်ရှိမှာ ဖြစ်ပါတယ်။ အခုကိစ်္စက အပတိဌ မွေးစား သားသမီးဖြစ်နေတယ်။ ပြီးတော့ အဒေါ်ကွယ်လွန်ပြီး နောက်ပိုင်း မွေးစားဖခင်ထံ အဝင်အထွက်မရှိ တော့ဘူး။ ပြည်မြို့မှာပဲ အနေများနေတယ်။ ဒါကြောင့် မွေးစားဖခင်က သူ့ရဲ့ တူမအရင်းကို ခေါ်ထားတယ်။ တူမအရင်းဆိုတော့ ဘယ်လို တော်စပ်သလဲ။ မိန်းကလေးရဲ့ မိဘတွေရှိသေးလား”
“ကွယ်လွန်သွားတဲ့ မွေးစားဖခင်မှာ မောင်နှမသုံးဦးရှိတယ်။ ကျန်နှစ်ဦးက သက်ရှိထင်ရှားရှိတယ်။ အခု အိမ်မှာနေတဲ့ တူမက ညီမငယ်ရဲ့ သမီးလို့ သိရတယ်”
“ဘယ်မှာနေတယ်ဆိုတာက အဓိက မဟုတ်တော့ဘူး။ အဓိက အချက်က ကွယ်လွန်သွားတဲ့ မွေးစား ဖခင်မှာ မွေးချင်းညီမငယ်တွေရှိနေတဲ့ အချက်ပဲ”
“ဟုတ်ကဲ့ ဆရာ။ ဥပဒေအရ ဘယ်လိုဖြစ်နိုင်ပါသလဲ”
“မွေးစားမိဘများ ကွယ်လွန်သွားချိန်တွင် မိဘတစ်ဦးဦး၏ တရားဝင်လင် (သို့မဟုတ်) မယား၊ သားရင်း၊ သမီးရင်း၊ ကတ္တိမသားသမီးအပါအဝင်၊ မြေးမြစ်များ မကျန်ရစ်ခဲ့လျှင် အပတိဌသားသမီးသည် မွေးစားမိဘ၏ အမွေထက်ဝက်ကို ဆက်ခံ၍ ကျန်ထက်ဝက်ကို မွေးစားမိဘ၏ အနီးဆုံးဆွေမျိုးများက ဆက်ခံသည်လို့ မသန်းညွန့်နှင့် ဒေါ်ရွှေသစ်ရန်ကုန်အတွဲ - ၁၄၊ စာမျက်နှာ - ၅၅၇ အမှုမှာ ဆုံးဖြတ်ထားပါတယ်”
“ဒါဆိုရင် မွေးစားဖခင်ရဲ့ ညီမငယ်နှစ်ဦးက ထက်ဝက်ရနိုင်မှာပေါ့ ဆရာ”
“တစ်ခုရှိတာက အပတိဌ သားသမီးသည် မွေးစားမိဘနဲ့ အတူမနေ၊ ရံဖန်ရံခါမျှသာ ဆက်သွယ်သော အပတိဌ သားသမီးသည် အမွေရခွင့် မရှိလို့ ဦးချစ်ထွေးနှင့် မောင်ညွန့်ဝေ၊ ၁၉၇၆ မြန်မာနိုင်ငံ တရားစီရင်ထုံး စာမျက်နှာ - ၁၇ အမှုမှာ ဖော်ပြထားတဲ့အတွက် ဒီကိစ်္စမှာ အမွေမှုဖြစ်နိုင်လို့ ညှိနှိုင်းဆောင်ရွက်ပြီး အဆင်ပြေရင် ဝယ်လိုက်ပါ”ဟုသာ အကြံပေးဆွေးနွေးလိုက်ပါသည်။
Credit: ထီယု (ဥပဒေအတိုင်ပင်ခံ)