စြမ္းႏိုင္သူက ကြန္ဒိုေပၚတက္ အရစ္က်စနစ္ရဲ႕ေကာင္းခ်က္

စြမ္းႏိုင္သူက ကြန္ဒိုေပၚတက္ အရစ္က်စနစ္ရဲ႕ေကာင္းခ်က္ - Property Knowledge in Myanmar from iMyanmarHouse.com
28 Nov 2019 1:56 pm တွင် တင်ခဲ့သည်
1843 ကြိမ် ကြည့်ရှု့ပြီး

ဗဟုသုတ | Posted by စည်သူအောင်

### Zawgyi Version ###

၂၀၁၉ ခုနွစ္ကစလို႕တို္က္ခန္းအေရာင္းအဝယ္ေတြကလည္း ေရာင္းဝယ္မႈပံုစံတစ္မ်ိဳးေျပာင္းလာတယ္လို႕ ေျပာရမယ္။

အရင္ကဆိုရင္ ပထမဆံုးအၾကိမ္စရန္ေငြခ်ျပီးတာနဲ႔ ဝယ္သူဘက္ကကန္႕ကြက္ရန္ရွိမရွိ သတင္းစာေၾကာ္ျငာရန္နဲ႕ က်န္ေငြေပးေခ်ႏိုင္ဖို႕ ေငြရွာေဖြခ်ိန္ေပးတဲ့အေနနဲ႕ (၂၁) ရက္ျဖစ္ေစ (တစ္လ) ျဖစ္ေစ ရက္ခ်ိန္းၾကတယ္ေလ။

၂၀၁၉ ခုနွစ္ တိုက္ခန္းအေရာင္းအဝယ္ေတြေတြ႕ရတာက်ေတာ့ (၂)ၾကိမ္နဲ႕မျပီးေတာ့ဘူး ။ (၃)ၾကိမ္အနည္းဆံုးစာခ်ဳပ္ေပးရတာေတြ႕ရတယ္။ ဘာေၾကာင့္မ်ားဒီလို စနစ္ေျပာင္းသြားရတာလဲလို႕ ဝယ္သူေတြကိုေမးၾကည့္တဲ့အခါ “ ဆရာကလည္း … အခု ဒီမိုကေရစီအစိုးရလက္ထက္မွာ ” “ installment” ေခတ္ေလ။ (၂)ၾကိမ္နဲ႕အျပီးေပးေခ်စရာမလိုေတာ့ဘူး နွစ္နဲ႕ခ်ီျပီး အရစ္က်နဲ႕ေပးေခ်းတဲ့စနစ္ေခတ္စားလာေတာ့ ၊ ေရာင္းသူေတြကလည္း လက္ခံလာတယ္ေလ ဒါေၾကာင့္ အခုေနာက္ပိုင္း တိုက္ခန္းအေရာင္းအဝယ္ေတြ ၊ အိမ္ျခံေျမအေရာင္းအဝယ္ေတြ ကားအေရာင္းအဝယ္ေတြနဲ႕ အျခားလူသံုးကုန္ပစၥည္းအေရာင္းအဝယ္အားလံုး အရစ္က်ေပးစနစ္က်င့္သံုးလာၾကျပီေလ ”

“ အင္း….ဝယ္သူေတြေျပာမွာဘဲ ကၽြနု္ပ္လည္းသေဘာေပါက္သြားေတာ့တယ္။ ဒီေန႕လည္းတာေမြ ၊ရာျပည့္ေဈးနားမွာတိုက္ခန္းဝယ္သူကိုအျပီးအပိုင္းစာခ်ဳပ္ေပးရမယ့္ေန႔ျဖစ္လို႕ ၊ မနက္ (၈)နာရီေလာက္အေရာက္သြားေပးခဲ့ရတယ္။ အဲဒီအေရာင္းအဝယ္ကလည္း ဒီတစ္ၾကိမ္ဆိုရင္ (၃) ခါေျမာက္ရွိျပီေပါ့။

ဝယ္သူအေနနဲ႕ ပထမအၾကိမ္စရန္ေပးစဥ္က ပြဲမပ်က္ေအာင္ဆိုျပီး ပြဲစားေတြက စရန္ခ်ခိုင္လို႕ စရန္သိန္း (၂၀) ခ်ခဲ့ရတယ္။ ဝယ္သူဘက္က အဲဒီလို ပြဲစားေတြနဲ႕ခ်ဳပ္ခဲ့ရတဲ့ စရန္ေပးစာခ်ဳပ္က သိပ္ျပီးစိတ္တိုင္းမက်ဘူးဆိုျပီး ေမာင္ေကာင္းေဖ ကို စရန္ေပးစာခ်ဳပ္ေပးဖို႕လာေခၚျပန္တယ္။ေရာင္းသူက စရန္ေငြထပ္ေတာင္းလို႕ဘဲေလ။

“ ေမာင္ေကာင္းေဖ ” သြားေရာက္ျပီး ခ်ဳပ္ေပးတဲ့စရန္စာခ်ဳပ္ကိုေတာ့ တကယ့္ေရွ႕ေနနဲ႕ ခ်ဳပ္ဆိုတဲ့ စာခ်ဳပ္ျဖစ္လို႕ သိန္း (၅၀) ျပည့္သြားေအာင္ စရန္ေပးစာခ်ဳပ္အသစ္ခ်ဳပ္ေပးပါ လို႕ ေရာင္းသူကေတာင္းဆိုတာနဲ႕ ဝယ္သူက သိန္း (၃၀) ထပ္ေပးျပီး သိန္း (၅၀) စရန္ေပးတဲ့ စာခ်ဳပ္အသစ္ခ်ဳပ္ဆိုေပးခဲ့ရတယ္ေလ။

ဒုတိယအရစ္သိန္း (၂၀၀) ခန္႕ကို (၁)လျပည့္တဲ့ေန႕မွာေခ်ဖို႕ေတာင္းဆိုျပန္ေရာေရာင္းသူက ဘာေၾကာင့္အဲဒီလိုေတာင္းပါတာလဲဆိုေတာ့ သူကလည္း အဲဒီအနီးအနားမွာကြန္ဒိုတိုက္ခန္းျပန္ဝယ္ဖို႕ စရန္ေငြေပးဖို႕ပါတဲ့။အဲဒီေတာ့ စာဖတ္ပရိတ္သတ္ၾကီး စဥ္းစားၾကည့္ပါဦး တိုက္ခန္းေရာင္းသူထံက တိုက္ခန္းပိုင္ဆိုင္မႈနဲ႕ ပတ္သက္ျပီး ဘာမူရင္းစာရြက္မွမရဘဲနဲ႕ သိန္း (၂၀၀) ထပ္ေပးရမွာဆိုေတာ့ ဝယ္သူဘက္ကစိတ္ပူျပီေလဒါနဲ႕ ဒုတိယစာခ်ဳပ္တဲ့အခါမွာလည္း ေရွ႕ေနကသြားရျပန္ေရာ ။

ေရာင္းသူကလည္းတစ္ဖက္မွာ “ installment” နဲ႕ေပးလို႕ရတဲ့ ကြန္ဒိုတိုက္ိခန္းအသစ္ဝယ္ဖို႕အတြက္ ဒီကရတဲ့ သိန္း (၂၀၀) နဲ႕ ဟိုဘက္မွာသြားျပီး စရန္သြားေပးတယ္ေလ။ဟုတ္ေတာ့ဟုတ္ေနၾကတာဘဲဝယ္သူကေတာ့ သိန္း ၂၅၀ ေလာက္ေပးျပီး ဘာမွမရေသးေတာ့ စာခ်ဳပ္ကိုခုိင္မာေအာင္ခ်ဳပ္ေပးဖို႕ေရွ႕ေနကိုဘဲအားကိုတၾကီးနဲ႕ တြန္းအားေပးေနတာေပါ့။

ဒီေတာ့စာခ်ဳပ္ေပးတဲ့ ေရွ႕ေနအေနကလည္း ေရာင္းသူရဲ႕ ရာဇဝင္အလုပ္အကိုင္စီးပြားေရးအေျခအေနကို “အလႅာပ သလႅာပ” စကားေျပာဆိုရင္း ေရာင္းသူရဲ႕ အေျခအေနကိုတေစ့တေစာင္း အကဲခက္ေပးရတာေပါ့။ စိတ္ခ်ရတဲ့ အထိသိႏိုင္ေအာင္ၾကိဳးစားအားထုတ္ေပးရတာေပ့ါ။ တကယ္ေတာ့ “ ဘုမသိဘမသိ ” ၊ “ သူမသိ္ ငါမိသိ ” ပြဲစားစကားၾကည့္ျပီး ဝယ္ရတာမ်ိဳးဆိုေတာ့လည္း ဒီလိုဘဲစြန္႕စားျပီးစရန္ခ်ရတာေပါ့။

အခုၾကည့္ရတဲ့ပြဲမွာေတာ့ေရာင္းသူရဲ႕ စီးပြားေရးလုပ္ငန္းကခုိင္မာေနတာေတြ႕ရပါတယ္။ ဒါနဲ႕သီတင္းကၽြတ္ျပီးလို႕တန္ေဆာင္တိုင္ေရာက္ခါနီးတာနဲ႕ ေရာင္းသူက က်န္ေငြအျပီးေခ်ဖို႕ေျပာတယ္။ ဝယ္သူကလည္း အျပီးေခ်ခ်င္တာနဲ႕ အေတာ္ဘဲေပါ့။တိုက္ခန္းလက္ေရာက္ရခ်င္ျပီးမဟုတ္လား။ ေရာင္းသူကလည္း ဝယ္သူထံကက်န္ေငြေတြ ျမန္ျမန္ရမွျဖစ္မွာေလ။ ဒီကေနအေရာင္းအဝယ္စာခ်ဳပ္ျပီးတာနဲ႕ဝယ္သူထံကေငြကိုယူျပီး ကြန္ဒိုတိုက္ခန္းကိုအရစ္က်နဲ႕ဝယ္ထားတာကဒုတိယအရစ္သြားေပးျပီးတာနဲ႕ တစ္ခါထဲတိုက္ေပၚတက္လို႕ရသတဲ့ေလ။ ေတာ္ေတာ္ေကာင္းတဲ့ အရစ္က်စနစ္ပါလားေနာ္။

ဝယ္သူဘက္ကေတာ့ အျပီးအပိုင္စာခ်ဳပ္ေငြေခ်ျပီးေပမဲ့၊ ေရာင္းသူပစၥည္းေတြသယ္ျပီးတဲ့အထိ အခန္းထဲမွာ မိသားစုထိုင္ေစာင့္ရတာေပါ့။ ေရာင္းသူရဲ႕ ပစၥည္းအားလံုးသယ္သြားျပီးမွလက္ေရာက္ရတယ္လို႕ေျပာႏိုင္တာေပါ့။ စာခ်ဳပ္ျပီးခ်ိန္မွာဘဲ ေရာင္းသူဘက္ကအခန္းထဲက ပစၥည္းေတြသယ္ျပီးကားနဲ႕တင္သြားတယ္ေသာ့အပ့္ခဲ့မွဘဲဝယ္သူဘက္ကစိတ္ေအးသြားေတာ့တယ္။

အင္း….. ၂၀၁၉ ခုနွစ္တိုက္္ခန္းအေရာင္းအဝယ္ေတြေတြ႕ရသမွ်ကလည္းထူးထူးဆန္းဆန္းခ်ည္းပါဘဲလားလို႕ ေမာင္ေကာင္းေဖ တစ္ေယာက္အေတြးနယ္ခ်ဲ႕ေနမိပါေတာ့တယ္။

ၾကံတိုင္းေအာင္လို႕ေဆာင္တိုင္းေျမာက္ၾကပါေစ

အိမ္ျခံေျမ ကိစၥအဝဝနွင့္ ပတ္သက္၍ ဥပေဒအၾကံေပးပညာရွင္မ်ားနွင့္ ေဆြးေႏြးတိုင္ပင္လိုပါက iMyanmarHouse.com (အိုင္ျမန္မာေဟာက္စ္ေဒါ႔ကြန္း) ၏ ဖုန္းနံပါတ္မ်ားျဖစ္ေသာ 09-966901767, 09-268022352 သို႔ ဆက္သြယ္ႏိုင္ပါသည္။ အေသးစိတ္ၾကည့္ရန္ ဤေနရာကို ႏွိပ္ပါ။

လႊတ္ေတာ္ေရွ႕ေနေမာင္ေကာင္းေဖ မွ iMyanmarHouse.com (အိုင္ျမန္မာေဟာက္စ္ေဒါ႔ကြန္း) အတြက္ အထူးေရးသားေဖာ္ျပသည္။

Credit: iMyanmarHouse.com

 

### Unicode Version ###

၂၀၁၉ ခုနှစ်ကစလို့တိုက်ခန်းအရောင်းအဝယ်တွေကလည်း ရောင်းဝယ်မှုပုံစံတစ်မျိုးပြောင်းလာတယ်လို့ ပြောရမယ်။

အရင်ကဆိုရင် ပထမဆုံးအကြိမ်စရန်ငွေချပြီးတာနဲ့ ဝယ်သူဘက်ကကန့်ကွက်ရန်ရှိမရှိ သတင်းစာကြော်ငြာရန်နဲ့ ကျန်ငွေပေးချေနိုင်ဖို့ ငွေရှာဖွေချိန်ပေးတဲ့အနေနဲ့ (၂၁) ရက်ဖြစ်စေ (တစ်လ) ဖြစ်စေ ရက်ချိန်းကြတယ်လေ။

၂၀၁၉ ခုနှစ် တိုက်ခန်းအရောင်းအဝယ်တွေတွေ့ရတာကျတော့ (၂)ကြိမ်နဲ့မပြီးတော့ဘူး ။ (၃)ကြိမ်အနည်းဆုံးစာချုပ်ပေးရတာတွေ့ရတယ်။ ဘာကြောင့်များဒီလို စနစ်ပြောင်းသွားရတာလဲလို့ ဝယ်သူတွေကိုမေးကြည့်တဲ့အခါ “ ဆရာကလည်း … အခု ဒီမိုကရေစီအစိုးရလက်ထက်မှာ ” “ installment” ခေတ်လေ။ (၂)ကြိမ်နဲ့အပြီးပေးချေစရာမလိုတော့ဘူး နှစ်နဲ့ချီပြီး အရစ်ကျနဲ့ပေးချေးတဲ့စနစ်ခေတ်စားလာတော့ ၊ ရောင်းသူတွေကလည်း လက်ခံလာတယ်လေ ဒါကြောင့် အခုနောက်ပိုင်း တိုက်ခန်းအရောင်းအဝယ်တွေ ၊ အိမ်ခြံမြေအရောင်းအဝယ်တွေ ကားအရောင်းအဝယ်တွေနဲ့ အခြားလူသုံးကုန်ပစ္စည်းအရောင်းအဝယ်အားလုံး အရစ်ကျပေးစနစ်ကျင့်သုံးလာကြပြီလေ ”

“ အင်း….ဝယ်သူတွေပြောမှာဘဲ ကျွနိုပ်လည်းသဘောပေါက်သွားတော့တယ်။ ဒီနေ့လည်းတာမွေ ၊ရာပြည့်ဈေးနားမှာတိုက်ခန်းဝယ်သူကိုအပြီးအပိုင်းစာချုပ်ပေးရမယ့်နေ့ဖြစ်လို့ ၊ မနက် (၈)နာရီလောက်အရောက်သွားပေးခဲ့ရတယ်။ အဲဒီအရောင်းအဝယ်ကလည်း ဒီတစ်ကြိမ်ဆိုရင် (၃) ခါမြောက်ရှိပြီပေါ့။

ဝယ်သူအနေနဲ့ ပထမအကြိမ်စရန်ပေးစဉ်က ပွဲမပျက်အောင်ဆိုပြီး ပွဲစားတွေက စရန်ချခိုင်လို့ စရန်သိန်း (၂၀) ချခဲ့ရတယ်။ ဝယ်သူဘက်က အဲဒီလို ပွဲစားတွေနဲ့ချုပ်ခဲ့ရတဲ့ စရန်ပေးစာချုပ်က သိပ်ပြီးစိတ်တိုင်းမကျဘူးဆိုပြီး မောင်ကောင်းဖေ ကို စရန်ပေးစာချုပ်ပေးဖို့လာခေါ်ပြန်တယ်။ရောင်းသူက စရန်ငွေထပ်တောင်းလို့ဘဲလေ။

“ မောင်ကောင်းဖေ ” သွားရောက်ပြီး ချုပ်ပေးတဲ့စရန်စာချုပ်ကိုတော့ တကယ့်ရှေ့နေနဲ့ ချုပ်ဆိုတဲ့ စာချုပ်ဖြစ်လို့ သိန်း (၅၀) ပြည့်သွားအောင် စရန်ပေးစာချုပ်အသစ်ချုပ်ပေးပါ လို့ ရောင်းသူကတောင်းဆိုတာနဲ့ ဝယ်သူက သိန်း (၃၀) ထပ်ပေးပြီး သိန်း (၅၀) စရန်ပေးတဲ့ စာချုပ်အသစ်ချုပ်ဆိုပေးခဲ့ရတယ်လေ။

ဒုတိယအရစ်သိန်း (၂၀၀) ခန့်ကို (၁)လပြည့်တဲ့နေ့မှာချေဖို့တောင်းဆိုပြန်ရောရောင်းသူက ဘာကြောင့်အဲဒီလိုတောင်ပါတာလဲဆိုတော့ သူကလည်း အဲဒီအနီးအနားမှာကွန်ဒိုတိုက်ခန်းပြန်ဝယ်ဖို့ စရန်ငွေပေးဖို့ပါတဲ့။အဲဒီတော့ စာဖတ်ပရိတ်သတ်ကြီး စဉ်းစားကြည့်ပါဦး တိုက်ခန်းရောင်းသူထံက တိုက်ခန်းပိုင်ဆိုင်မှုနဲ့ ပတ်သက်ပြီး ဘာမူရင်းစာရွက်မှမရဘဲနဲ့ သိန်း (၂၀၀) ထပ်ပေးရမှာဆိုတော့ ဝယ်သူဘက်ကစိတ်ပူပြီလေဒါနဲ့ ဒုတိယစာချုပ်တဲ့အခါမှာလည်း ရှေ့နေကသွားရပြန်ရော ။

ရောင်းသူကလည်းတစ်ဖက်မှာ “ installment” နဲ့ပေးလို့ရတဲ့ ကွန်ဒိုတိုကိခန်းအသစ်ဝယ်ဖို့အတွက် ဒီကရတဲ့ သိန်း (၂၀၀) နဲ့ ဟိုဘက်မှာသွားပြီး စရန်သွားပေးတယ်လေ။ဟုတ်တော့ဟုတ်နေကြတာဘဲဝယ်သူကတော့ သိန်း ၂၅၀ လောက်ပေးပြီး ဘာမှမရသေးတော့ စာချုပ်ကိုခိုင်မာအောင်ချုပ်ပေးဖို့ရှေ့နေကိုဘဲအားကိုတကြီးနဲ့ တွန်းအားပေးနေတာပေါ့။

ဒီတော့စာချုပ်ပေးတဲ့ ရှေ့နေအနေကလည်း ရောင်းသူရဲ့ ရာဇဝင်အလုပ်အကိုင်စီးပွားရေးအခြေအနေကို “အလ္လာပ သလ္လာပ” စကားပြောဆိုရင်း ရောင်းသူရဲ့ အခြေအနေကိုတစေ့တစောင်း အကဲခက်ပေးရတာပေါ့။ စိတ်ချရတဲ့ အထိသိနိုင်အောင်ကြိုးစားအားထုတ်ပေးရတာပေ့ါ။ တကယ်တော့ “ ဘုမသိဘမသိ ” ၊ “ သူမသိ ငါမိသိ ” ပွဲစားစကားကြည့်ပြီး ဝယ်ရတာမျိုးဆိုတော့လည်း ဒီလိုဘဲစွန့်စားပြီးစရန်ချရတာပေါ့။

အခုကြည့်ရတဲ့ပွဲမှာတော့ရောင်းသူရဲ့ စီးပွားရေးလုပ်ငန်းကခိုင်မာနေတာတွေ့ရပါတယ်။ ဒါနဲ့သီတင်းကျွတ်ပြီးလို့တန်ဆောင်တိုင်ရောက်ခါနီးတာနဲ့ ရောင်းသူက ကျန်ငွေအပြီးချေဖို့ပြောတယ်။ ဝယ်သူကလည်း အပြီးချေချင်တာနဲ့ အတော်ဘဲပေါ့။တိုက်ခန်းလက်ရောက်ရချင်ပြီးမဟုတ်လား။ ရောင်းသူကလည်း ဝယ်သူထံကကျန်ငွေတွေ မြန်မြန်ရမှဖြစ်မှာလေ။ ဒီကနေအရောင်းအဝယ်စာချုပ်ပြီးတာနဲ့ဝယ်သူထံကငွေကိုယူပြီး ကွန်ဒိုတိုက်ခန်းကိုအရစ်ကျနဲ့ဝယ်ထားတာကဒုတိယအရစ်သွားပေးပြီးတာနဲ့ တစ်ခါထဲတိုက်ပေါ်တက်လို့ရသတဲ့လေ။ တော်တော်ကောင်းတဲ့ အရစ်ကျစနစ်ပါလားနော်။

ဝယ်သူဘက်ကတော့ အပြီးအပိုင်စာချုပ်ငွေချေပြီးပေမဲ့၊ ရောင်းသူပစ္စည်းတွေသယ်ပြီးတဲ့အထိ အခန်းထဲမှာ မိသားစုထိုင်စောင့်ရတာပေါ့။ ရောင်းသူရဲ့ ပစ္စည်းအားလုံးသယ်သွားပြီးမှလက်ရောက်ရတယ်လို့ပြောနိုင်တာပေါ့။ စာချုပ်ပြီးချိန်မှာဘဲ ရောင်းသူဘက်ကအခန်းထဲက ပစ္စည်းတွေသယ်ပြီးကားနဲ့တင်သွားတယ်သော့အပ့်ခဲ့မှဘဲဝယ်သူဘက်ကစိတ်အေးသွားတော့တယ်။

အင်း….. ၂၀၁၉ ခုနှစ်တိုက်ခန်းအရောင်းအဝယ်တွေတွေ့ရသမျှကလည်းထူးထူးဆန်းဆန်းချည်းပါဘဲလားလို့ မောင်ကောင်းဖေ တစ်ယောက်အတွေးနယ်ချဲ့နေမိပါတော့တယ်။

ကြံတိုင်းအောင်လို့ဆောင်တိုင်းမြောက်ကြပါစေ

အိမ်ခြံမြေ ကိစ္စအဝဝနှင့် ပတ်သက်၍ ဥပဒေအကြံပေးပညာရှင်များနှင့် ဆွေးနွေးတိုင်ပင်လိုပါက iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ၏ ဖုန်းနံပါတ်များဖြစ်သော 09-966901767, 09-268022352 သို့ ဆက်သွယ်နိုင်ပါသည်။ အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။

လွှတ်တော်ရှေ့နေမောင်ကောင်းဖေ မှ iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) အတွက် အထူးရေးသားဖော်ပြသည်။

Credit: iMyanmarHouse.com

 

နောက်ဆုံးရ အိမ်ခြံမြေ ဗဟုသုတများ

KITCHEN ဆေးရောင်ရွေးချယ်မှုအတွက် အကြံပေးမှုတစ်ချို့
KITCHEN ဆေးရောင်ရွေးချယ်မှုအတွက် အကြံပေးမှုတစ်ချို့
စုံလင်ဖွေရှာ အိမ်ခြံမြေဥပဒေရေးရာ
စုံလင်ဖွေရှာ အိမ်ခြံမြေဥပဒေရေးရာ
သာသနာဂရန်မြေ လျှောက်ထားရာတွင် သိရှိထားသင့်သည့် အချက်အလက်များအကြောင်း ဥပဒေဗဟုသုတ အနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။...
သာသနာဂရန်မြေ လျှောက်ထားရာတွင် သိရှိထားသင့်သည့် အချက်အလက်များအကြောင်း ဥပဒေဗဟုသုတ အနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။...
မရွှေ့မပြောင်းနိုင်သောပစ္စည်းကို ကန့်သတ်သည့်ဥပဒေအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြ ပေးလိုက်ပါသည်။...
မရွှေ့မပြောင်းနိုင်သောပစ္စည်းကို ကန့်သတ်သည့်ဥပဒေအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြ ပေးလိုက်ပါသည်။...
၂၀၂၅-၂၀၂၆ ခုနှစ်အတွက် ရန်ကုန်တိုင်း မြို့နယ်စုံ အသစ်ထွက်ရှိလာသော ရာဖြတ်နှုန်းထားများ
၂၀၂၅-၂၀၂၆ ခုနှစ်အတွက် ရန်ကုန်တိုင်း မြို့နယ်စုံ အသစ်ထွက်ရှိလာသော ရာဖြတ်နှုန်းထားများ
မြေယာစီမံခန့်ခွဲမှု စပ်လျဉ်း၍ ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
မြေယာစီမံခန့်ခွဲမှု စပ်လျဉ်း၍ ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
ငွေရေးကြေးရေးဆိုင်ရာအဖွဲ့အစည်း ဥပဒေအကြောင်းကို ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။...
ငွေရေးကြေးရေးဆိုင်ရာအဖွဲ့အစည်း ဥပဒေအကြောင်းကို ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။...
အပတ်စဉ် သိမှတ်ဖွယ်ရာ ဥပဒေအမေးအဖြေကဏ္ဍ
အပတ်စဉ် သိမှတ်ဖွယ်ရာ ဥပဒေအမေးအဖြေကဏ္ဍ
အိမ်ခြံမြေအသိကြွယ်စေဖို့ရာ ဥပဒေအမေးအဖြေကဏ္ဍ
အိမ်ခြံမြေအသိကြွယ်စေဖို့ရာ ဥပဒေအမေးအဖြေကဏ္ဍ
စုပေါင်းပိုင် အဆောက်အအုံနှင့် စပ်လျဉ်း၍ လိုက်နာရမည့် အချက်အလက်များ ဥပဒေဗဟုသုတအအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။...
စုပေါင်းပိုင် အဆောက်အအုံနှင့် စပ်လျဉ်း၍ လိုက်နာရမည့် အချက်အလက်များ ဥပဒေဗဟုသုတအအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။...

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

တရုတ်ပြည်၏ ဆင်းရဲမွဲတေမှု တိုက်ဖျက်ရေး အကူအညီစီမံကိန်းကြောင့် ကမ္ဘောဒီးယားရှိ ဝေးလံခေါင်ဖျား သော ရွာလေးတစ်ခု ခေတ်မီကာ စီ
တရုတ်ပြည်၏ ဆင်းရဲမွဲတေမှု တိုက်ဖျက်ရေး အကူအညီစီမံကိန်းကြောင့် ကမ္ဘောဒီးယားရှိ ဝေးလံခေါင်ဖျား သော ရွာလေးတစ်ခု ခေတ်မီကာ စီ
တရုတ်ပြည်တွင် မိန်းကလေးတစ်ဦးက အိမ်လခ သက်သာစေရန်အတွက် ၎င်းအလုပ်လုပ်သည့်စက်ရုံရှိ အိမ်သာခန်းအတွင်း နေထိုင်သည့်ဖြစ်ရပ် လူမှ
တရုတ်ပြည်တွင် မိန်းကလေးတစ်ဦးက အိမ်လခ သက်သာစေရန်အတွက် ၎င်းအလုပ်လုပ်သည့်စက်ရုံရှိ အိမ်သာခန်းအတွင်း နေထိုင်သည့်ဖြစ်ရပ် လူမှ
တရုတ်ပြည်တွင် မိမိကို သင်ကြားခဲ့သည့် ပါမောက္ခအမျိုးသမီးကြီးနေထိုင်ရန် တပည့်မိန်းကလေးက တိုက်ခန်း တစ်ခန်း ဝယ်ပေးထားခဲ့ပြီး
တရုတ်ပြည်တွင် မိမိကို သင်ကြားခဲ့သည့် ပါမောက္ခအမျိုးသမီးကြီးနေထိုင်ရန် တပည့်မိန်းကလေးက တိုက်ခန်း တစ်ခန်း ဝယ်ပေးထားခဲ့ပြီး
အိမ်ခြံမြေအသိကြွယ်စေဖို့ရာ ဥပဒေအမေးအဖြေကဏ္ဍ
အိမ်ခြံမြေအသိကြွယ်စေဖို့ရာ ဥပဒေအမေးအဖြေကဏ္ဍ
အိမ်ရာမဲ့ဘဝမှ သူဌေးဖြစ်လာသော အမေရိကန်ပြည်၊ ဒက်ထရွိုက်မြို့မှ အမျိုးသားတစ်ဦးအကြောင်း
အိမ်ရာမဲ့ဘဝမှ သူဌေးဖြစ်လာသော အမေရိကန်ပြည်၊ ဒက်ထရွိုက်မြို့မှ အမျိုးသားတစ်ဦးအကြောင်း
အယ်လ်ဆာဗေဒေါနိုင်ငံရှိ သေမင်းတမန် အကျဉ်းစခန်းကြီး၏ ဓာတ်ပုံများ လူမှုကွန်ရက်တွင် ပျံ့နှံ့ဂယက်ရိုက်
အယ်လ်ဆာဗေဒေါနိုင်ငံရှိ သေမင်းတမန် အကျဉ်းစခန်းကြီး၏ ဓာတ်ပုံများ လူမှုကွန်ရက်တွင် ပျံ့နှံ့ဂယက်ရိုက်
[ဆန်းကြယ်သော သဘာဝတရား] အီရန်နိုင်ငံက ခြောက်ခြားဖွယ် အသံနက်ကြီးများ ထုတ်လွှင့်သော ကျိန်စာသင့် တောအုပ်ကြီးအကြောင်း
[ဆန်းကြယ်သော သဘာဝတရား] အီရန်နိုင်ငံက ခြောက်ခြားဖွယ် အသံနက်ကြီးများ ထုတ်လွှင့်သော ကျိန်စာသင့် တောအုပ်ကြီးအကြောင်း
မြန်မာနိုင်ငံတွင် ငလျင်ကြောင့် ပျက်စီးခဲ့ရသည့် အခြေခံ အဆောက်အအုံများ ပြန်လည်ဆောက်လုပ်ရေး အတွက် အကူအညီပေးမည်ဟု အိန္ဒိယကတိ
မြန်မာနိုင်ငံတွင် ငလျင်ကြောင့် ပျက်စီးခဲ့ရသည့် အခြေခံ အဆောက်အအုံများ ပြန်လည်ဆောက်လုပ်ရေး အတွက် အကူအညီပေးမည်ဟု အိန္ဒိယကတိ
အိန္ဒိယတွင် အမျိုးသားတစ်ဦးက လက်မထပ်မီ ၁၀ ရက်အလို၌ သတို့သမီးလောင်း၏ မိခင် (ယောက္ခမလောင်း) အား ခိုးပြေးသွားသည့်ဖြစ်ရပ် အိန
အိန္ဒိယတွင် အမျိုးသားတစ်ဦးက လက်မထပ်မီ ၁၀ ရက်အလို၌ သတို့သမီးလောင်း၏ မိခင် (ယောက္ခမလောင်း) အား ခိုးပြေးသွားသည့်ဖြစ်ရပ် အိန
တောင်အာဖရိကတွင် အမျိုးသမီးတစ်ဦးက သားဖွားအပြီး တစ်လခန့်အကြာတွင် ဗိုက်ထဲ၌ ကလေးတစ်ဦး ကျန်နေသေးကြောင်း တုန်လှုပ်စွာ သိလိုက်ရ
တောင်အာဖရိကတွင် အမျိုးသမီးတစ်ဦးက သားဖွားအပြီး တစ်လခန့်အကြာတွင် ဗိုက်ထဲ၌ ကလေးတစ်ဦး ကျန်နေသေးကြောင်း တုန်လှုပ်စွာ သိလိုက်ရ
Aung Theikdi Villa
CarsDB

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service