ဗဟုသုတ | Posted by ရွှေစင်ဝင်း
### Zawgyi Version ###
“ မိဘတစ္ဦးဦး ကြယ္လြန္ရင္ ၾသရသ သားသမီးက အေမြရခြင့္ရွိတယ္ဆုိတာ ဟုတ္ပါသလားဆရာ” ဟု မိတ္ေဆြတစ္ဦး၏ သားျဖစ္သူက စာေရးသူထံ လာေရာက္တုိင္ပင္ေဆြးေႏြးျခင္းျဖစ္သည္။
“မိဘႏွစ္ပါးက ျမန္မာဗုဒၶဘာသာ၀င္ေတြျဖစ္မယ္ဆုိရင္ ျမန္မာ့ဓေလ့ထုံးတမ္းဥပေဒအရ ၾသရသ သားသမီး အျဖစ္ သတ္မွတ္ထားတဲ့အခ်က္ေတြျပည့္စုံမွ အေမြရခြင့္ရွိမွာ ျဖစ္တယ္”
“ၾသရသသားသမီးအျဖစ္ သတ္မွတ္ထားတဲ့ ဥပေဒအခ်က္အလက္က ဘယ္လုိလဲ ဆရာ”
“ျမန္မာ့ဓေလ့ထုံးတမ္းဥပေဒအရ ၾသရသအျဖစ္လုိအပ္တဲ့အခ်က္ ငါးခ်က္ရွိတယ္။ ဒါေတြက”
၁။ မိဘႏွစ္ပါးရဲ႕ တရား၀င္သားသမီး ျဖစ္ရမယ္။
၂။ သားရင္းသမီးရင္းျဖစ္ရမယ္။
၃။ သားျဖစ္လွ်င္ ဖခင္မကြယ္လြန္မီ သမီးျဖစ္လွ်င္ မိခင္မကြယ္လြန္မီ အသက္ ၁၈ ႏွစ္ျပည့္ရမယ္။
၄။ ၁၈ ႏွစ္ျပည့္ခ်ိန္၌ သားသမီးမ်ားတြင္ အႀကီးဆုံးျဖစ္ရမယ္။ ဒါ့အျပင္ သားျဖစ္လွ်င္ အဖ၊ သမီးျဖစ္လွ်င္ အမိ၏ ၀တၱရားမ်ားကို ကူညီေဆာင္ရြက္ႏုိင္စြမ္းရွိရမယ္”
၅။ သားျဖစ္လွ်င္ အဖ၏ပစၥည္းဥစၥာ ရွာေဖြေရးသမီးျဖစ္လွ်င္ အမိ၏ အိမ္ေထာင္ေရး၊ တာ၀န္မ်ားကုိ ကူညီ ေဆာင္ရြက္ရမယ္လုိ႔ သတ္မွတ္ျပ႒ာန္းထားပါတယ္”
ဒါဆုိရင္ အႀကီးဆုံးသားသမီးျဖစ္ၿပီး ဖခင္ကြယ္လြန္ရင္ သားအႀကီးဆုံးက ၾသရသသားျဖစ္မယ္။ သမီးအႀကီးက မိခင္ကြယ္လြန္ရင္ ၾသရသသမီးျဖစ္မယ္ဆုိတဲ့ သေဘာလား ဆရာ”
“သားသမီးမ်ားထဲမွာ အႀကီးဆုံးက သမီးျဖစ္ၿပီး ကြယ္လြန္သြားသူမွာ ဖခင္ျဖစ္ေနရင္ သမီးျဖစ္သူက ၾသရသ အခြင့္အေရးမရဘူး”
“ဖခင္ျဖစ္သူက မိခင္ထက္ဦးစြာ ကြယ္လြန္ၿပီး သားသမီးထဲမွာလည္း အႀကီးဆုံးက သားျဖစ္မွ ၾသရသသားျဖစ္ မယ္ဆုိတဲ့ သေဘာေပါ့”
“မွန္ပါတယ္။ အဲဒီ သေဘာပဲ၊ ဦးစြာ ကြယ္လြန္သူက မိခင္ျဖစ္ေနမယ္။ အႀကီးဆုံးသားသမီးက သမီး ျဖစ္ေနမွသာ ၾသရသသားသမီးအခြင့္ အေရးရမွာ ျဖစ္တယ္”
“အခုကိစၥက ကၽြန္ေတာ္ ေျမကြက္တစ္ကြက္၀ယ္လုိက္တယ္ ဆရာ”
“ေျမကြက္ဆုိေတာ့ ဘယ္လုိ ေျမအမ်ဳိးအစားလဲ။ အေဆာက္အအုံပါေသးလား”
“မူလကေတာ့ ပ်ဥ္ေထာင္အိမ္ေလးရွိတယ္။ လူမေနေတာ့ ပ်က္စီးေနပါၿပီ။ ကၽြန္ေတာ္က ေရမီး၊ အျပည့္အစုံရွိလုိ႔ ၀ယ္မယ္စိတ္ကူးလုိက္တာ”
“ေျမကြက္က ဂရန္ေျမလား၊ ေျမအမည္ေပါက္ အေျခအေနစုံစမ္းထားလား”
“ဟုတ္ကဲ့ ဆရာ၊ ေျမက ဂရန္ေျမ ေပ ၂၀ x ေပ ၆၀။ အမည္ေပါက္က အဘြားႀကီး အမည္ေပါက္။ ရွင္းပါတယ္”
“အဘြားႀကီး အမည္ေပါက္ဆုိေတာ့ သက္ရွိထင္ရွားမရွိေတာ့ဘူးလား”
“အဘြားႀကီးက သက္ရွိထင္ရွား ရွိေသးတယ္ဆရာ။ သူ႔ခင္ပြန္းက ကြယ္လြန္သြားတာ”
“သားသမီး ဘယ္ႏွေယာက္ရွိလဲ၊ အတူေနဘယ္သူရွိလဲ”
“သားသမီးက သုံးေယာက္ ဆရာ။ အႀကီးဆုံးကသားျဖစ္တယ္။ က်န္ႏွစ္ေယာက္က သမီးေတြျဖစ္ၿပီး မိခင္နဲ႔ အတူေနတယ္”
“သားျဖစ္သူက သီးျခားေနတာေပါ့”
“ဟုတ္တယ္ဆရာ၊ သားျဖစ္သူက ပဲခူးမွာေနတယ္။ ပဲခူးၿမိဳ႕သူနဲ႔ လက္ထက္ၿပီး အဲဒီမွာ စီးပြားေရးလုပ္တယ္ ေျပာပါတယ္။ အငယ္ဆုံး သမီးက ေက်ာင္းဆရာမျဖစ္ၿပီး အိမ္ေထာင္ မရွိဘူး ဆရာ”
“မိခင္ျဖစ္သူ ကုိယ္တုိင္က အိမ္နဲ႔ ေျမကို ေရာင္းမွာမဟုတ္လား။ သားသမီးေတြက ကန္႔ကြက္ပုိင္ခြင့္မရွိဘူးေလ။ မိခင္ျဖစ္သူက ေနာက္အိမ္ေထာင္ျပဳထားလုိ႔လား။ သမီးျဖစ္ သူေတြနဲ႔အတူေနတာ မဟုတ္လား”
“မိခင္ျဖစ္သူက ေနာက္အိမ္ေထာင္မျပဳပါဘူး။ သမီးႀကီးက အိမ္ေထာင္သည္ဆုိေတာ့ သူ႔ဆီမွာ ညီမနဲ႔ မိခင္ကုိ ေခၚထားတာလုိ႔ သိရတယ္။ အခုကိစၥမွာလည္း မိခင္က အသက္ႀကီးၿပီမုိ႔ အလွဴအတန္းလည္း လုပ္မယ္။ က်န္းမာေရး စရိတ္ဖယ္ထားမယ္ေပါ့ ဆရာ။ ဒါေၾကာင့္ သူမကြယ္လြန္မီေရာင္းသြားခ်င္တာ”
“ကန္႔ကြက္တဲ့ သူရွိေနလုိ႔လား ဘာအခက္အခဲရွိေနလဲ”
“သားအႀကီးဆုံးက သူက ၾသရသ သားျဖစ္လုိ႔ သူကို အေမြခြဲေပးဖုိ႔ ကန္႔ကြက္ေတာင္းဆုိထားလုိ႔ ဆရာ”
“ညိႇႏႈိင္းလုိ႔ မရဘူးလား”
“အဆင္မေျပဘူး ဆရာ။ အဘြားႀကီးက သူေသမွ အေမြခြဲယူလုိ႔ ေျပာတာနဲ႔ အဆင္မေျပၾကဘူး။ ၿပီးေတာ့ ဖခင္ေ၀စုကုိလည္း ရပုိင္ခြင့္မရွိဘူးလုိ႔ ေျပာၾကတယ္။ ဒါေၾကာင့္ ဆရာ့ဆီလာၿပီး တုိင္ပင္ေဆြးေႏြးတာ ဆရာ”
“ဥပေဒအရေတာ့ ျမန္မာဗုဒၶဘာသာ၀င္ လင္မယားႏွစ္ေယာက္ရဲ႕ လက္ထက္ပြားပစ္ၥည္းမွာ တစ္ဦးတစ္ ေယာက္ရဲ႕ အမည္နဲ႔ ၀ယ္ယူူအမည္ ေပါက္ေပမယ့္ လင္မယားႏွစ္ဦးပုိင္ ပစ္ၥည္းလုိ႔ သတ္မွတ္ပါတယ္”
“ဒါဆုိရင္ အခုေျမနဲ႔အိမ္က မိခင္၊ ဖခင္ႏွစ္ဦးပုိင္ပစ္ၥည္းလုိ႔ ေျပာရမွာေပါ့”
မွန္ပါတယ္။ ဒါေၾကာင့္ ဖခင္ကြယ္လြန္သြားတာေၾကာင့္ အႀကီးဆုံးသားျဖစ္တဲ့ သူက ၾသရသသားအျဖစ္ ေရာက္ရွိမွာျဖစ္ပါတယ္”
“ၾသရသ သားသမီးဆုိရင္ အေမြကုိ ႀကိဳၿပီး ေတာင္းခြင့္ရွိတယ္ေပါ့”
“ၾသရသသားသည္ ဖခင္ကြယ္လြန္ေသာအခါ မိခင္ထံမွ အေမြပစၥည္း၏ ေလးပုံတစ္ပုံေတာင္းယူခြင့္ရွိတယ္လုိ႔ ျပ႒ာန္းထားပါတယ္”
“သားသမီး သုံးဦးဆုိေတာ့ သုံးပုံတစ္ပုံရရွိမွာ မဟုတ္ဘူးလား ဆရာ”
“သုံးပုံတစ္ပုံက မိဘႏွစ္ဦးစလံုး ကြယ္လြန္သြားမွ ခြဲေ၀ရရွိမယ့္ ေ၀စုျဖစ္တယ္။ အခုကိစၥက ၾသရသသားျဖစ္လုိ႔ ေလးပုံတစ္ပုံဦးစြာ ခြဲေ၀ရရွိမွာျဖစ္တယ္။ မိခင္ကြယ္လြန္လုိ႔ က်န္တဲ့ပစၥည္းအေပၚမွာေတာ့ရခြင့္မရွိေတာ့ဘူး”
“ဦးစြာသုံးစြဲရပုိင္ခြင့္ရွိတဲ့ သေဘာေပါ့။ ဒါေပမယ့္ သမီးအငယ္ကေျပာေတာ့ သူတုိ႔ဖခင္က ကြယ္လြန္သြားသည္ အထိ ႏုိင္ငံျခားသား လက္မွတ္ကိုင္ေဆာင္သူလုိ႔ေျပာတယ္။ ဒါေၾကာင့္ အစ္ကိုႀကီးက အေမြရခြင့္မရွိေသးဘူးလုိ႔ ေျပာျပန္တယ္။ အဲဒါ ဘယ္လုိလဲ ဆရာ”
“ဖခင္ျဖစ္သူက ႏုိင္ငံျခားသားအျဖစ္ ကြယ္လြန္သြားတယ္ဆုိရင္ေတာ့ သားျဖစ္သူက ၾသရသအခြင့္ အေရးမရ ေတာ့ဘူး”
“ဘယ္လုိျဖစ္လုိ႔လဲ ဆရာ”
“မူလအိမ္ေျမကို ၀ယ္စဥ္ကတည္းက ျမန္မာဗုဒၶဘာသာဇနီးအမည္နဲ႔ ၀ယ္ခဲ့တာ မဟုတ္လား”
“ဟုတ္ကဲ့ ဆရာ၊ ၀ယ္စဥ္က သူ႔ခင္ပြန္းက ႏုိင္ငံျခားသား လက္မွတ္ကုိင္ေဆာင္တဲ့ တ႐ုတ္လူမ်ဳိးျဖစ္ေနလုိ႔ သူ႔အမည္နဲ႔ အိမ္ေျမကုိ ၀ယ္ခဲ့တာလုိ႔ ေျပာပါတယ္”
“၁၉၄၇ ခုႏွစ္နဲ႔ ၁၉၈၇ ခုႏွစ္ မေရႊ႕မေျပာင္းႏုိင္ေသာ ပစၥည္းလႊဲေျပာင္းျခင္းကို ကန္႔သတ္သည့္ ဥပေဒ မ်ားအရ ႏုိင္ငံျခားသားမ်ားသည္ မေရႊ႕မေျပာင္းႏုိင္ေသာ ပစၥည္းကို ၀ယ္ယူပိုင္ဆုိင္ခြင့္မရွိလုိ႔ ျပ႒ာန္းကန္႔သတ္ထားပါ တယ္။ ဒါေၾကာင့္ ႏုိင္ငံျခားသား သူေဌးေတြက ဇနီးသည္ ဗုဒၶဘာသာ၀င္အမ်ဳိးသမီးမ်ားရဲ႕ အမည္နဲ႔၀ယ္ၾကတာ ျဖစ္ပါတယ္။ အခုကိစၥမွာလည္း ႏုိင္ငံျခားသား ဖခင္က မူလကတည္းက ဥပေဒအရ ေျမနဲ႔အိမ္ကို ပုိင္ဆုိင္ခြင့္မရွိ တဲ့အတြက္ လင္မယားႏွစ္ဦးပုိင္ ပစၥည္းအျဖစ္ သတ္မွတ္လုိ႔ မရပါဘူး။ ဇနီးျဖစ္တဲ့ သူတစ္ဦးတည္းပုိင္ပစ္ၥည္း ျဖစ္ပါတယ္”
“ဒါဆုိရင္ မိခင္တစ္ဦးတည္း ပုိင္ဆုိင္အမည္ေပါက္မဟုတ္လား ဆရာ”
“ဟုတ္ပါတယ္။ တရား႐ုံးခ်ဳပ္က ဆုံးျဖတ္ထားတဲ့ ခူဇူးေပါက္ပါ (၂) ႏွင့္ ေဒၚပန္ ၁၉၉၂ ခုႏွစ္ ျမန္မာႏုိင္ငံ တရားစီရင္ထုံး စာမ်က္ႏွာ ၁၆ အမႈမွာ ဖခင္ျဖစ္သူမွာ ကြယ္လြန္သည္အထိ ႏုိင္ငံျခားသား လက္မွတ္ကုိင္ ေဆာင္သူျဖစ္၍ ႏုိင္ငံသားျဖစ္သူ ဇနီးအမည္ျဖင့္ ၀ယ္သည့္ အိိမ္ေျမအေပၚပုိင္ဆုိင္ခြင့္မရွိသျဖင့္ ၾသရသ သားျဖစ္သူမွာ မိခင္ထံမွ အေမြေတာင္းခြင့္မရွိလုိ႔ ဆုံးျဖတ္ထားပါတယ္။ ဒါေၾကာင့္ ယခုကိစၥမွာလည္း မိခင္ကြယ္ လြန္မွ အေမြရခြင့္ရွိမွာ ျဖစ္တဲ့အတြက္ မိခင္က သူပုိင္ေျမႏွင့္ အိမ္ကုိ ေရာင္းပုိင္ခြင့္ရွိပါတယ္”ဟု ရွင္းျပေဆြး ေႏြးလုိက္ပါသည္။
အိမ္ျခံေျမ ကိစၥအဝဝနွင့္ ပတ္သက္၍ ဥပေဒအၾကံေပးပညာရွင္မ်ားနွင့္ ေဆြးေႏြးတိုင္ပင္လိုပါက iMyanmarHouse.com (အိုင္ျမန္မာေဟာက္စ္ေဒါ႔ကြန္း) ၏ ဖုန္းနံပါတ္မ်ားျဖစ္ေသာ 09-966901767, 09-268022352 သို႔ ဆက္သြယ္ႏိုင္ပါသည္။ အေသးစိတ္ၾကည့္ရန္ ဤေနရာကို ႏွိပ္ပါ။
Credit: ထီယု (ဥပေဒအတုိင္ပင္ခံ)
### Unicode Version ###
“ မိဘတစ်ဦးဦး ကွယ်လွန်ရင် သြရသ သားသမီးက အမွေရခွင့်ရှိတယ်ဆိုတာ ဟုတ်ပါသလားဆရာ” ဟု မိတ်ဆွေတစ်ဦး၏ သားဖြစ်သူက စာရေးသူထံ လာရောက်တိုင်ပင်ဆွေးနွေးခြင်းဖြစ်သည်။
“မိဘနှစ်ပါးက မြန်မာဗုဒ္ဓဘာသာဝင်တွေဖြစ်မယ်ဆိုရင် မြန်မာ့ဓလေ့ထုံးတမ်းဥပဒေအရ သြရသ သားသမီး အဖြစ် သတ်မှတ်ထားတဲ့ အချက်တွေပြည့်စုံမှ အမွေရခွင့်ရှိမှာ ဖြစ်တယ်”
“သြရသသားသမီးအဖြစ် သတ်မှတ်ထားတဲ့ ဥပဒေအချက်အလက်က ဘယ်လိုလဲ ဆရာ”
“မြန်မာ့ဓလေ့ထုံးတမ်းဥပဒေအရ သြရသအဖြစ် လိုအပ်တဲ့အချက် ငါးချက်ရှိတယ်။ ဒါတွေက”
၁။ မိဘနှစ်ပါးရဲ့ တရားဝင်သားသမီး ဖြစ်ရမယ်။
၂။ သားရင်းသမီးရင်းဖြစ်ရမယ်။
၃။ သားဖြစ်လျှင် ဖခင်မကွယ်လွန်မီ သမီးဖြစ်လျှင် မိခင်မကွယ်လွန်မီ အသက် ၁၈ နှစ်ပြည့်ရမယ်။
၄။ ၁၈ နှစ်ပြည့်ချိန်၌ သားသမီးများတွင် အကြီးဆုံးဖြစ်ရမယ်။ ဒါ့အပြင် သားဖြစ်လျှင် အဖ၊ သမီးဖြစ်လျှင် အမိ၏ ဝတ္တရားများကို ကူညီဆောင်ရွက်နိုင်စွမ်းရှိရမယ်”
၅။ သားဖြစ်လျှင် အဖ၏ ပစ္စည်းဥစ္စာ ရှာဖွေရေးသမီးဖြစ်လျှင် အမိ၏ အိမ် ထောင်ရေး၊ တာဝန်များကို ကူညီ ဆောင်ရွက်ရမယ်လို့ သတ်မှတ်ပြဋ္ဌာန်းထားပါတယ်”
ဒါဆိုရင် အကြီးဆုံးသားသမီးဖြစ်ပြီး ဖခင်ကွယ်လွန်ရင် သားအကြီးဆုံးက သြရသသားဖြစ်မယ်။ သမီးအကြီးက မိခင်ကွယ်လွန်ရင် သြရသသမီးဖြစ်မယ်ဆိုတဲ့ သဘောလား ဆရာ”
“သားသမီးများထဲမှာ အကြီးဆုံးက သမီးဖြစ်ပြီး ကွယ်လွန်သွားသူမှာ ဖခင်ဖြစ်နေရင် သမီးဖြစ်သူက သြရသ အခွင့်အရေးမရဘူး”
“ဖခင်ဖြစ်သူက မိခင်ထက်ဦးစွာ ကွယ်လွန်ပြီး သားသမီးထဲမှာလည်း အကြီးဆုံးက သားဖြစ်မှ သြရသသားဖြစ် မယ်ဆိုတဲ့ သဘောပေါ့”
“မှန်ပါတယ်။ အဲဒီ သဘောပဲ၊ ဦးစွာ ကွယ်လွန်သူက မိခင်ဖြစ်နေမယ်။ အကြီးဆုံးသားသမီးက သမီး ဖြစ်နေမှ သာ သြရသသားသမီးအခွင့် အရေးရမှာ ဖြစ်တယ်”
“အခုကိစ္စက ကျွန်တော် မြေကွက်တစ်ကွက်ဝယ်လိုက်တယ် ဆရာ”
“မြေကွက်ဆိုတော့ ဘယ်လို မြေအမျိုးအစားလဲ။ အဆောက်အအုံပါသေးလား”
“မူလကတော့ ပျဉ်ထောင်အိမ်လေးရှိတယ်။ လူမနေတော့ ပျက်စီးနေပါပြီ။ ကျွန်တော်က ရေမီး၊ အပြည့်အစုံရှိလို့ ဝယ်မယ်စိတ်ကူးလိုက်တာ”
“မြေကွက်က ဂရန်မြေလား၊ မြေအမည်ပေါက် အခြေအနေစုံစမ်းထားလား”
“ဟုတ်ကဲ့ ဆရာ၊ မြေက ဂရန်မြေ ပေ ၂၀ x ပေ ၆၀။ အမည်ပေါက်က အဘွားကြီး အမည်ပေါက်။ ရှင်းပါ တယ်”
“အဘွားကြီး အမည်ပေါက်ဆိုတော့ သက်ရှိထင်ရှားမရှိတော့ဘူးလား”
“အဘွားကြီးက သက်ရှိထင်ရှား ရှိသေးတယ် ဆရာ။ သူ့ခင်ပွန်းက ကွယ်လွန်သွားတာ”
“သားသမီး ဘယ်နှယောက်ရှိလဲ၊ အတူနေဘယ်သူရှိလဲ”
“သားသမီးက သုံးယောက် ဆရာ။ အကြီးဆုံးက သားဖြစ်တယ်။ ကျန်နှစ်ယောက်က သမီးတွေဖြစ်ပြီး မိခင်နဲ့ အတူနေတယ်”
“သားဖြစ်သူက သီးခြားနေတာပေါ့”
“ဟုတ်တယ်ဆရာ၊ သားဖြစ်သူက ပဲခူးမှာနေတယ်။ ပဲခူးမြို့သူနဲ့ လက်ထက်ပြီး အဲဒီမှာ စီးပွားရေးလုပ် တယ် ပြောပါတယ်။ အငယ်ဆုံး သမီးက ကျောင်းဆရာမဖြစ်ပြီး အိမ်ထောင် မရှိဘူး ဆရာ”
“မိခင်ဖြစ်သူ ကိုယ်တိုင်က အိမ်နဲ့ မြေကို ရောင်းမှာမဟုတ်လား။ သားသမီးတွေက ကန့်ကွက်ပိုင်ခွင့်မရှိဘူးလေ။ မိခင်ဖြစ်သူက နောက်အိမ်ထောင်ပြုထားလို့လား။ သမီးဖြစ် သူတွေနဲ့အတူနေတာ မဟုတ်လား”
“မိခင်ဖြစ်သူက နောက်အိမ်ထောင်မပြုပါဘူး။ သမီးကြီးက အိမ်ထောင်သည်ဆိုတော့ သူ့ဆီမှာ ညီမနဲ့ မိခင်ကို ခေါ်ထားတာလို့ သိရတယ်။ အခုကိစ်္စမှာလည်း မိခင်က အသက်ကြီးပြီမို့ အလှူအတန်းလည်း လုပ်မယ်။ ကျန်းမာရေး စရိတ်ဖယ်ထားမယ်ပေါ့ ဆရာ။ ဒါကြောင့် သူမကွယ်လွန်မီရောင်းသွားချင်တာ”
“ကန့်ကွက်တဲ့ သူရှိနေလို့လား ဘာအခက်အခဲရှိနေလဲ”
“သားအကြီးဆုံးက သူက သြရသ သားဖြစ်လို့ သူကို အမွေခွဲပေးဖို့ ကန့်ကွက်တောင်းဆိုထားလို့ ဆရာ”
“ညှိနှိုင်းလို့ မရဘူးလား”
“အဆင်မပြေဘူး ဆရာ။ အဘွားကြီးက သူသေမှ အမွေခွဲယူလို့ ပြောတာနဲ့ အဆင်မပြေကြဘူး။ ပြီးတော့ ဖခင်ဝေစုကိုလည်း ရပိုင်ခွင့် မရှိဘူးလို့ ပြောကြတယ်။ ဒါကြောင့် ဆရာ့ဆီလာပြီး တိုင်ပင်ဆွေးနွေးတာ ဆရာ”
“ဥပဒေအရတော့ မြန်မာဗုဒ္ဓဘာသာဝင် လင်မယားနှစ်ယောက်ရဲ့ လက်ထက်ပွားပစ်္စည်းမှာ တစ်ဦးတစ် ယောက်ရဲ့ အမည်နဲ့ ဝယ်ယူူအမည် ပေါက်ပေမယ့် လင်မယားနှစ်ဦးပိုင် ပစ်္စည်းလို့ သတ်မှတ်ပါတယ်”
“ဒါဆိုရင် အခုမြေနဲ့အိမ်က မိခင်၊ ဖခင်နှစ်ဦးပိုင်ပစ်္စည်းလို့ ပြောရမှာပေါ့”
မှန်ပါတယ်။ ဒါကြောင့် ဖခင်ကွယ်လွန်သွားတာကြောင့် အကြီးဆုံးသားဖြစ်တဲ့ သူက သြရသသားအဖြစ် ရောက်ရှိမှာဖြစ်ပါတယ်”
“သြရသ သားသမီးဆိုရင် အမွေကို ကြိုပြီး တောင်းခွင့်ရှိတယ်ပေါ့”
“သြရသသားသည် ဖခင်ကွယ်လွန်သောအခါ မိခင်ထံမှ အမွေပစ္စည်း၏ လေးပုံတစ်ပုံတောင်းယူခွင့်ရှိတယ်လို့ ပြဋ္ဌာန်းထားပါတယ်”
“သားသမီး သုံးဦးဆိုတော့ သုံးပုံတစ်ပုံရရှိမှာ မဟုတ်ဘူးလား ဆရာ”
“သုံးပုံတစ်ပုံက မိဘနှစ်ဦးစလုံး ကွယ်လွန်သွားမှ ခွဲဝေရရှိမယ့် ဝေစုဖြစ်တယ်။ အခုကိစ္စက သြရသသားဖြစ်လို့ လေးပုံတစ်ပုံဦးစွာ ခွဲဝေရရှိမှာဖြစ်တယ်။ မိခင်ကွယ်လွန်လို့ ကျန်တဲ့ပစ္စည်းအပေါ်မှာတော့ရခွင့်မရှိတော့ဘူး”
“ဦးစွာသုံးစွဲရပိုင်ခွင့်ရှိတဲ့ သဘောပေါ့။ ဒါပေမယ့် သမီးအငယ်ကပြောတော့ သူတို့ဖခင်က ကွယ်လွန်သွားသည် အထိ နိုင်ငံခြားသား လက်မှတ်ကိုင်ဆောင်သူလို့ပြောတယ်။ ဒါကြောင့် အစ်ကိုကြီးက အမွေရခွင့်မရှိသေးဘူးလို့ ပြောပြန်တယ်။ အဲဒါ ဘယ်လိုလဲ ဆရာ”
“ဖခင်ဖြစ်သူက နိုင်ငံခြားသားအဖြစ် ကွယ်လွန်သွားတယ်ဆိုရင်တော့ သားဖြစ်သူက သြရသအခွင့် အရေးမရ တော့ဘူး”
“ဘယ်လိုဖြစ်လို့လဲ ဆရာ”
“မူလအိမ်မြေကို ဝယ်စဉ်ကတည်းက မြန်မာဗုဒ္ဓဘာသာဇနီးအမည်နဲ့ ဝယ်ခဲ့တာ မဟုတ်လား”
“ဟုတ်ကဲ့ ဆရာ၊ ဝယ်စဉ်က သူ့ခင်ပွန်းက နိုင်ငံခြားသား လက်မှတ်ကိုင်ဆောင်တဲ့ တရုတ်လူမျိုးဖြစ်နေလို့ သူ့အမည်နဲ့ အိမ်မြေကို ဝယ်ခဲ့တာလို့ ပြောပါတယ်”
“၁၉၄၇ ခုနှစ်နဲ့ ၁၉၈၇ ခုနှစ် မရွှေ့မပြောင်းနိုင်သော ပစ္စည်းလွှဲပြောင်းခြင်းကို ကန့်သတ်သည့် ဥပဒေ များအရ နိုင်ငံခြားသားများသည် မရွှေ့မပြောင်းနိုင်သော ပစ္စည်းကို ဝယ်ယူပိုင်ဆိုင်ခွင့်မရှိလို့ ပြဋ္ဌာန်းကန့်သတ်ထားပါ တယ်။ ဒါကြောင့် နိုင်ငံခြားသား သူဌေးတွေက ဇနီးသည် ဗုဒ္ဓဘာသာဝင်အမျိုးသမီးများရဲ့ အမည်နဲ့ ဝယ်ကြတာ ဖြစ်ပါတယ်။ အခုကိစ္စမှာလည်း နိုင်ငံခြားသား ဖခင်က မူလကတည်းက ဥပဒေအရ မြေနဲ့အိမ်ကို ပိုင်ဆိုင်ခွင့်မရှိ တဲ့အတွက် လင်မယားနှစ်ဦးပိုင် ပစ္စည်းအဖြစ် သတ်မှတ်လို့ မရပါဘူး။ ဇနီးဖြစ်တဲ့ သူတစ်ဦးတည်းပိုင်ပစ်္စည်း ဖြစ်ပါတယ်”
“ဒါဆိုရင် မိခင်တစ်ဦးတည်း ပိုင်ဆိုင်အမည်ပေါက် မဟုတ်လား ဆရာ”
“ဟုတ်ပါတယ်။ တရားရုံးချုပ်က ဆုံးဖြတ်ထားတဲ့ ခူဇူးပေါက်ပါ (၂) နှင့် ဒေါ်ပန် ၁၉၉၂ ခုနှစ် မြန်မာနိုင်ငံ တရားစီရင်ထုံး စာမျက်နှာ ၁၆ အမှုမှာ ဖခင်ဖြစ်သူမှာ ကွယ်လွန်သည်အထိ နိုင်ငံခြားသား လက်မှတ်ကိုင် ဆောင်သူဖြစ်၍ နိုင်ငံသားဖြစ်သူ ဇနီးအမည်ဖြင့် ဝယ်သည့် အိမ်မြေအပေါ်ပိုင်ဆိုင်ခွင့်မရှိသဖြင့် သြရသ သားဖြစ်သူမှာ မိခင်ထံမှ အမွေတောင်းခွင့်မရှိလို့ ဆုံးဖြတ်ထားပါတယ်။ ဒါကြောင့် ယခုကိစ္စမှာလည်း မိခင်ကွယ် လွန်မှ အမွေရခွင့်ရှိမှာ ဖြစ်တဲ့အတွက် မိခင်က သူပိုင်မြေနှင့် အိမ်ကို ရောင်းပိုင်ခွင့်ရှိပါတယ်”ဟု ရှင်းပြဆွေး နွေးလိုက်ပါသည်။
အိမ်ခြံမြေ ကိစ္စအဝဝနှင့် ပတ်သက်၍ ဥပဒေအကြံပေးပညာရှင်များနှင့် ဆွေးနွေးတိုင်ပင်လိုပါက iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ၏ ဖုန်းနံပါတ်များဖြစ်သော 09-966901767, 09-268022352 သို့ ဆက်သွယ်နိုင်ပါသည်။ အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။
Credit: ထီယု (ဥပဒေအတိုင်ပင်ခံ)