ဗဟုသုတ | Posted by အေးမြတ်သူ
[Unicode]
ညဉ့်ကား ငြိမ်သက်လှသည်။ ဆိုင်ဂုံမြို့ကြီး၏ အခြေအနေ အရပ်ရပ်ကား မငြိမ်သက်ချေ။
သက်ကြီးခေါင်းချချိန်ခန့်တွင် တက္ကသိုလ်ပါမောက္ခကြီးတစ်ဦး၏ နေအိမ်အတွင်းသို့ ဗီယက်နမ် ကွန်မြူနစ် တပ်သားများ ဝင်ရောက်လာ၏။
ကလေးငယ် ယောက်ျားကလေး ၃ ဦးမှာ ကြောက်ရွံ့တုန်လှုပ်စွာဖြင့် မိခင်အနီး ကပ်နေကြသည်။
ယင်းနောက် တက္ကသိုလ်ပါမောက္ခကြီးမှာ စစ်ကားပေါ်သို့ တင်ဆောင်ကာ ဘယ်ဆီဘယ်ဝယ်မှန်းမသိသော အရပ်သို့ ခေါ်ဆောင်သွားခြင်း ခံရလေတော့၏။
ထိုအခိုက်အတန့်ကလေးသည် ကလေးငယ်များအတွက် ၎င်းတို့ဖခင်ကြီးကို နောက်ဆုံးတွေ့မြင်လိုက်ရခြင်းဖြစ်ပြီး နောင်မည်သည့်အခါ တွင်မျှ ပြန်လည်တွေ့ဆုံနိုင်ခြင်း မရှိတော့ချေ။
အချိန်ကား ဗီယက်နမ်မှ အမေရိကန်တပ်များ ဆုတ်ခွာသွားကြပြီးနောက် ဆိုင်ဂုံမြို့တော်ကြီးကို မြောက်ပိုင်း ကွန်မြူနစ်တပ်များ ဝင်ရောက်သိမ်းပိုက်လိုက်ချိန်ဖြစ်လေသည်။
ယောက်ျားကလေး ၃ ဦးတွင် အကြီးဆုံးမှာ ၈ နှစ်သာ ရှိသေးပြီး ၎င်းအောက်မှ ကလေးငယ်များမှာ ၄ နှစ်နှင့် ၂ နှစ်အရွယ်များသာ ရှိသေးသည်။
ဖခင်မရှိတော့သည့်နောက်ပိုင်း ၈ နှစ်သားကလေးမှာ မိသားစုအတွက် အကြီးမားဆုံး ယောက်ျားသားဖြစ်လာခဲ့ပြီး ကျန်ကလေးငယ် ၂ ဦးအတွက် အစ်ကိုကြီး အဖအရာသို့ ရောက်ရှိခဲ့ရသည်။
မိသားစု အသက်ရှင်ရပ်တည်နိုင်ရေးအတွက် ၈ နှစ်အရွယ်နှင့် မမျှအောင် မိသားစုတာဝန် ပုခုံးပေါ်သို့ ကျရောက်လာတော့သည်။
ဆိုင်ဂုံမြို့ကြီး ကွန်မြူနစ်တို့ လက်အောက်ကျသွားပြီး အခြေအနေအရပ်ရပ်မှာ ဝရုန်းသုန်းကား ဖြစ်နေသည်။
များစွာသော လူအုပ်ကြီးသည် လေကြောင်းမှ ထွက်ပြေးရန်အတွက် Tan Son Nhut လေဆိပ်အတွင်း ဝင်ခွင့်ရရန် စုပြုံတိုးဝှေ့ကာ ပွက်လောရိုက်နေကြသည်။
ပင်လယ်ရေလမ်းကြောင်းမှ ထွက်ပြေးရန်အတွက် ဆိုင်ဂုံမြစ်ဘက်သို့ ဦးတည်စုပြုံသွားရောက်နေသော လူအုပ်ကြီးများကလည်း ထုနှင့်ထည်နှင့်။
ရဟတ်ယာဉ်များသို့ အတင်းတွယ်ကပ် ဖက်တွယ်ထားသူများ၊ ထွက်ခွာစပြုနေသည့် လှေများပေါ်သို့ လိုက်ပါရန် ရေထဲသို့ ခုန်ဆင်းသွားသူများဖြင့် ဝရုန်းသုန်းကား ဖြစ်နေ၏။
အထက်ပါဖြစ်ရပ်များဖြစ်ပွားအပြီး ရက်အနည်းငယ်အကြာတွင် ဖခင်ဖြစ်သူကို ဖမ်းဆီးသွားပုံကို ၈ နှစ်သားကလေး လောင်ဒွမ် မျက်ဝါးထင်ထင် တွေ့ကြုံရင်ဆိုင်လိုက်ရခြင်း ဖြစ်သည်။
လူအများလေးစားသည့် ပညာတတ်တစ်ဦးဖြစ်သော ဖခင်၏ တစ်ဦးတည်းသော ပြစ်မှုမှာ ကွန်မြူနစ်အစိုးရသစ်ကို ထောက်ခံရန် ငြင်းဆန်ခဲ့ခြင်း ဖြစ်သည်။
ထိုနေ့သည်ကား လောင်ဒွမ်၏ ကလေးဘဝ နိတိဌံခဲ့သည့်နေ့ဖြစ်သည့်နည်းတူ သာယာတည်ငြိမ်သော မိသားစုဘဝကလေး တစ်စစီ ကြေမွပျက်စီးသွားသောနေ့လည်း ဖြစ်သည်။
ဒွမ်ဘစ်ဟာ့ကို ပညာပေးစခန်းသို့ ခေါ်ဆောင်သွားမည်ဖြစ်ကြောင်း ဇနီးဖြစ်သူကို ပြောပြခဲ့သော်လည်း ကျန်ခဲ့သူ မိသားစုအနေဖြင့်မူ ၎င်းတို့၏ ခင်ပွန်း၊ ဖခင်ကို မည်သည့်အခါမျှ ပြန်တွေ့တော့မည်မဟုတ်ကြောင်း သိပြီးဖြစ်လေသည်။
လောင်ဒွမ်က မိခင်ကြီး၏ မျက်နှာအမူအရာကို ကြည့်လိုက်ရာတွင် စိတ်ဓာတ်ခိုင်မာကာ လောကဓံကို ကြံ့ကြံ့ခံနိုင်သည့် မိန်းမတစ်ဦး၏ မျက်နှာမျိုးတွေ့ရသည်။
ကျန်ခဲ့သည့် မိသားစုကို ရင်အုပ်မကွာ စောင့်ရှောက်မည်ဟူသော ဆုံးဖြတ်ချက်ခိုင်မာပြတ်သားသည့် မိန်းမသားတစ်ဦး၏ အမူအရာမျိုး တွေ့ရ၏။
လောင်ဒွမ်၏ ဖခင်နည်းတူ အခြားသော ဆရာဝန်များ၊ ရှေ့နေများ၊ စာရေးဆရာများ၊ အနုပညာရှင်များ၊ အခြားသော ပညာတတ်ပုဂ္ဂိုလ် ထောင်နှင့်ချီ၍ ဖမ်းဆီးခံခဲ့ရသည်။
ပါမောက္ခတစ်ဦးဖြစ်သည့်အပြင် ဗီယက်နမ်၏ အကြီးမားဆုံးတက္ကသိုလ်များမှ တစ်ခု၏ ဒုတိယဥက္ကဌဖြစ်သော ဒွမ်ဘစ်ဟာ့သည် ကွန်မြူနစ်များအတွက် ခြိမ်းခြောက်မှုတစ်ရပ်ဖြစ်သည်ဟု ယူဆခဲ့ကြဟန်ရသည်။
လူကြားကောင်းစေရန် ပြန်လည်ပညာပေးစခန်းဟု အမည်ပေးထားသော်လည်း စင်စစ်ကား အကျဉ်းထောင်များသာဖြစ်ပြီး အလုပ်ကြမ်းများ လုပ်ကိုင်ကြရကာ ငြင်းပန်းနှိပ်စက်ခြင်း၊ ငတ်မွတ်ခြင်း၊ ရောဂါဘယတို့နှင့် ရင်ဆိုင်ကြရ၏။
ပြန်လည်ပညာပေးစခန်းဟူသော အမည်နှင့် ကိုက်ညီမည့်လုပ်ဆောင်ချက် တစ်ခုတည်းသာရှိပြီး ညှင်းပန်းနှိပ်စက်ကာ ကွန်မြူနစ်ဝါဒကို သွတ်သွင်းရန် ကြိုးစားခြင်းသာ ဖြစ်သည်။
တစ်နိုင်ငံလုံးအတိုင်းအတာအားဖြင့် စစ်ဘက်အရာရှိဟောင်းများ၊ အစိုးရဝန်ထမ်းများ၊ တောင်ဗီယက်နမ်အစိုးရကို အားပေးကူညီခဲ့သူများ ၃၀၀၀၀၀ ကျော် ဖမ်းဆီးခြင်းခံခဲ့ရသည်။
ဖခင်ဖြစ်သူ အဖမ်းခံရချိန်က လောင်ဒွမ်၏ ညီငယ် ၂ ဦးမှာ ၄ နှစ်နှင့် ၂ နှစ်အရွယ်များသာရှိသေးပြီး ဖခင်၏ ပုံရိပ် ၎င်းတို့မှတ်ဉာဏ်တွင် စွဲထင်ကျန်ရစ်ခြင်း မရှိချေ။
လောင်ဒွမ်မှာမူ ကောင်းစွာမှတ်သားမိနေသည်များ ရှိခဲ့သော်လည်း ဖခင်ကြီးနှင့် ပြန်လည်ဆုံစည်းနိုင်ခွင့်ကား မရတော့ချေ။
…………
လောင်ဒွမ် ၁၂ နှစ်သားအရွယ်သို့ ရောက်သောအခါ ကွန်မြူနစ်လက်အောက်မှ လွတ်မြောက်ရန်အတွက် လှေငယ်တစ်စင်းဖြင့် ဗီယက်နမ်မှ ထွက်ပြေးခဲ့ရာ ပင်လယ်ထဲတွင် ရက်ပေါင်းများစွာ မျောပါနေခဲ့ပြီး နောက်ဆုံးတွင် မလေးရှားရှိ ဒုက္ခသည်စခန်းတစ်ခု၌ သောင်တင်နေခဲ့လေသည်။
ထိုမှ တဆင့် အမေရိကန်ပြည်ထောင်စုသို့ ခိုလှုံခွင့်ရခဲ့သည်မှ စတင်ပြီး အနာဂတ်မဲ့သော နေ့ရက်တို့ ကုန်ဆုံးကာ ကြိုးစားရုန်းကန်မှု ခရီးရှည်ကြီး ဖြတ်သန်းအပြီး ယနေ့ကဲ့သို့ သန်းကြွယ်သူဌေးဘဝသို့ ရောက်ရှိခဲ့ခြင်း ဖြစ်သည်။
ချမ်းသာကြွယ်ဝခဲ့ပြီးနောက်ပိုင်း လောင်ဒွမ်က အိမ်ခြံမြေလောကအတွင်း မည်သို့ရောက်လာပုံ၊ လုပ်ငန်းစတင်ပုံ၊ ယခုအခြေအနေသို့ ရောက်အောင် မည်သို့လျှောက်လှမ်းခဲ့ပုံ၊ အနာဂတ်တွင်လည်း အောင်မြင်မှုများရရှိအောင် မည်သို့စီမံထားပုံ၊ သူ၏ခံယူချက်၊ အမှားများနှင့် စပ်လျဉ်းပြီး သူ၏အယူအဆ အစရှိသည်တို့ကို ထုတ်ဖော်ဖွင့်ဟခဲ့သည်။
အကယ်၍ သင်သည် အပြုသဘောဆောင်သည့် စိတ်ထားမျိုးရရှိစေမည့်၊ ဘဝအောင်မြင်ရေးအတွက် စိတ်ဓာတ်ခွန်အားရစေမည့် ဘဝဇာတ်ကြောင်းတစ်ခု ဖတ်ရှုလိုနေသည်ဆိုပါက လောင်ဒွမ်၏ ဘဝဇာတ်ကြောင်းမှာ သင်ရှာဖွေနေသောအရာပင် ဖြစ်၏။
ဖခင် ဒွမ်ဘစ်ဟာ့
လောင်ဒွမ်၏ ဘဝဇာတ်ကြောင်းကို လေ့လာမည်ဆိုပါက ဗီယက်နမ်၏ နောက်ခံအကျဉ်းချုပ်နှင့် လောင်ဒွမ်၏ ဖခင်အကြောင်းတို့ကို လေ့လာရန် လိုအပ်သည်။
လောင်ဒွမ်၏ ဖခင် ဒွမ်ဘစ်ဟာ့သည် ဗီယက်နမ် စာနယ်ဇင်းသမား၊ ပညာရေးလောကမှ ဆရာတစ်ဦး၊ ဒီမိုကရေစီရေး တက်ကြွလှုပ်ရှားသူတစ်ဦးဖြစ်ပြီး ဒုတိယကမ္ဘာစစ်ကြီးအတွင်း ၁၉၄၂ ခုနှစ်တွင် မွေးဖွားခဲ့သူ ဖြစ်သည်။
ဗီယက်နမ် ကွန်မြူနစ် ခေါင်းဆောင်တို့ကို ဝေဖန်မှုများအတွက် မကြာခဏ ထောင်ချခံခဲ့ရသူ ဖြစ်၏။
သူ၏ ကြိုးပမ်းမှုများအတွက် နိုင်ငံတကာက ဆုတံဆိပ်ပေါင်း များစွာချီးမြှင့်ခဲ့ရာ ရောဘတ် အက်ဖ်-ကနေဒီ လူ့အခွင့်အရေးဆုလည်း အပါအဝင်ဖြစ်သည်။
ဒွမ်ဘစ်ဟာ့ကို ဗီယက်နမ်၏ ဆာခါရော့ဗ်ဟု တင်စားကြသည်။
(မှတ်ချက်။ ။ ဆာခါရော့ဗ်မှာ ဆိုဗီယက်အနုမြူသိပ္ပံပညာရှင်ဖြစ်ပြီး သာမိုနျူကလီးယားလက်နက်များ တီထွင်ခဲ့သူဖြစ်ကာ လူ့အခွင့်အရေး၊ ငြိမ်းချမ်းရေးနှင့် လက်နက်ဖျက်သိမ်းရေးတို့ကို လှုပ်ရှားခဲ့သူဖြစ်ခြင်းကြောင့် ငြိမ်းချမ်းရေးနိုဗယ်ဆု ရရှိခဲ့သူလည်း ဖြစ်သည်။ ဆိုဗီယက်အစိုးရနှင့် ဆိုဗီယက်သတင်းမီဒီယာများကမူ ဆာခါရော့ဗ်ကို သစ္စာဖောက်အဖြစ် ဝိုင်းဝန်းဆန့်ကျင်ကြကာ ဆာခါရော့ဗ်မှာ ဆိုဗီယက်မှ ထွက်ပြေးခဲ့ရသည်။ ဥရောပါ ပါလီမန်က ဆာခါရော့ဗ်ကို ဂုဏ်ပြုသောအားဖြင့် လူ့အခွင့်အရေးနှင့် လွတ်မြောက်ရေးကြိုးပမ်းသူတို့ကို ဆာခါရော့ဗ်ဆုများ ချီးမြင့်လေ့ရှိသည်။ မြန်မာနိုင်ငံ၏ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်သည် ၁၉၉၀ ပြည့်နှစ်တွင် ဆာခါရော့ဗ်ဆု ရရှိခဲ့သည်။ ဆာခါရော့ဗ်ဆုနှင့် ငြိမ်းချမ်းရေးနိုဗယ်ဆု နှစ်မျိုးလုံး ရရှိသူ ကမ္ဘာပေါ်တွင် ၅ ဦးသာရှိရာ ဒေါ်အောင်ဆန်းစုကြည်လည်း အပါအဝင်ဖြစ်သည်။)
ဒွမ်ဘစ်ဟာ့သည် ဟနွိုင်းမြို့တော်မှ ၁၀ မိုင်ခန့် ဝေးကွာသော Hà Tây မြို့ကလေးတွင် မွေးဖွားသူဖြစ်ပြီး သူ၏ ပညာရည်ထူးချွန်မှုကြောင့် အမေရိကန်ပြည်ထောင်စုသို့ ရာနှုန်းပြည့်ပညာသင်ဆုရရှိကာ ၁၉၇၁ ခုနှစ်တွင် ဖလော်ရီဒါ ပြည်နယ်တက္ကသိုလ်မှ ပီအိတ်ချ်ဒီဘွဲ့ ရခဲ့သည်။
ထိုနှစ်ထဲတွင်ပင် ဗီယက်နမ်သို့ ပြန်လာခဲ့ပြီး ပါမောက္ခတစ်ဦးဖြစ်လာကာ ဆိုင်ဂုန်တွင် တစ်ခုတည်းသော ဗုဒ္ဓတက္ကသိုလ်ဖြစ်သည့် Van Hanh ဗုဒ္ဓတက္ကသိုလ်တွင် ဒုတိယဥက္ကဌဖြစ်လာခဲ့သည်။
ဒွမ်ဘစ်ဟာ့သည် တက္ကသိုလ်မဂ္ဂဇင်းဖြစ်သော Tu Tuong (အတွေးအမြင်ဟု အဓိပ္ပာယ်ရ) မဂ္ဂဇင်းတွင်လည်း အယ်ဒီတာ တာဝန်ယူခဲ့သေးသည်။
ဗီယက်နမ် ပြည်တွင်းစစ်ပြီးလုချိန် ၁၉၇၅ ခုနှစ်၊ ဧပြီလတွင်ကား ဆိုင်ဂုံမြို့ကြီးကို တောင်ပိုင်းဗီယက်နမ်တပ်များက လက်လွှတ်လိုက်ရပြီးနောက် မြောက်ပိုင်းကွန်မြူနစ်တို့ လက်အောက်တို့ ကျရောက်သွားတော့သည်။
Van Hanh ဗုဒ္ဓတက္ကသိုလ်ကို ကွန်မြူနစ်အစိုးရက သိမ်းယူလိုက်ပြီး တက္ကသိုလ်အဆောက်အအုံများမှာ အဆောင်များအဖြစ် ပြောင်းလဲခြင်း ခံလိုက်ရသည်။
ဒွမ်ဘစ်ဟာ့ကို စီအိုင်အေ၏ သူလျှိုမဖြစ်နိုင်သော်လည်း တချိန်တွင် သူလျှိုဖြစ်လာနိုင်သူတစ်ဦးဟု သတ်မှတ်ကာ ဖမ်းဆီးခဲ့ပြီး ၁၉၇၆ ခုနှစ်၊ သြဂုတ်လ ၂၉ ရက်တွင် ပညာပေးစခန်းသို့ ပို့ဆောင်ခြင်းခံခဲ့ရသည်။
ပညာပေးစခန်းဟူသည်မှာ အမည်ခံသာဖြစ်ပြီး အကျဉ်းထောင်သာ ဖြစ်လေသည်။
ဒွမ်ဘစ်ဟာ့သည် တရားရုံးတင်စစ်ဆေးခြင်းမရှိဘဲ ပညာပေးစခန်းသို့ ပို့ဆောင်ခံရပြီး ၁၂ နှစ်တာ နေထိုင်ခဲ့ရသည်။ …….ထောင်ထဲတွင် အခြားအကျဉ်းသား ၄၀ နှင့်အတူ အခန်းတစ်ခုထဲတွင် ရောနှောနေထိုင်ခဲ့ရ၏။
ဒွမ်ဘစ်ဟာ့သည် သူ၏လုပ်ဆောင်ချက်များအတွက် နိုင်ငံတကာဆုတံဆိပ်များစွာ ချီးမြှင့်ခြင်းခံခဲ့ရရာ ထောင်ဒဏ်ချမှတ်ခံနေရစဉ် ကာလများတွင်လည်း ဆုတံဆိပ်များ ရရှိခဲ့သည်။
၂၀၀၀ ပြည့်နှစ်တွင် နိုင်ငံတကာ သတင်းမီဒီယာသိပ္ပံက ၂၀ ရာစု ကမ္ဘာ့သတင်းလွတ်လပ်ခွင့် သူရဲကောင်း ၅၀ ဦးစာရင်းတွင် ဒွမ်ဘစ်ဟာ့ကို ထည့်သွင်းသတ်မှတ်ခဲ့သည်။
ယခုမျှဆိုလျှင် လောင်ဒွမ့်ဖခင်အကြောင်း အတန်မျှ ရိပ်စားမိလောက်ပြီ ဖြစ်သည်။
လောင်ဒွမ်၏ ဘဝတွင် ပြင်းပြသည့် ဆန္ဒတစ်ခုမှာ အခြားသူများကို ကူညီစောင်မလိုခြင်း ဖြစ်သည်။
ထိုသို့ ကူညီနိုင်ရန်အတွက် လောင်ဒွမ်က အိမ်ခြံမြေကို လမ်းကြောင်းတစ်ခုအဖြစ် ရွေးချယ်ခဲ့သည်။
လောင်ဒွမ်သည် ဗီယက်နမ်မှ လှေကလေးဖြင့် စွန့်စွန့်စားစား ထွက်ပြေးခဲ့သည့် ၁၂ နှစ်အရွယ် ကလေးငယ်တစ်ဦးဘဝ၊ ဒုက္ခသည်စခန်းတွင် နေထိုင်ရသည့်ဘဝမျိုးမှ သန်းကြွယ်သူဌေးအဖြစ်သို့ ရောက်အောင် လျှောက်လှမ်းခဲ့ရသည့် ခရီးကားရှည်လျားလှသည်။
(၁၉၇၅ ခုနှစ်၊ ဧပြီလ- ဗီယက်နမ်နိုင်ငံ)
အေးချမ်းသာယာလှသော ဘဝဖြင့်မျိုးဖြင့် လူ့ဘဝခရီးကို စတင်ခဲ့ရသည့် လောင်ဒွမ်သည် ငယ်စဉ်ကတည်းကပင် ဘဝတစ်ဆစ်ချိုး အပြောင်းအလဲကြီးနှင့် ရင်ဆိုင်ခဲ့ရ၏။
ဖခင်ကြီးအတွက် ပူဆွေးသောက ဝေဒနာများကြားမှ အားတင်းရုန်းထခဲ့ပြီး ကလေးငယ်တစ်ဦးအရွယ်သာ ရှိသေးသည့် လောင်ဒွမ်မှာ ညီငယ် နှစ်ဦးအတွက် အစ်ကိုကြီးအဖအရာ နေရာကိုလည်းကောင်း၊ မိသားစုရှင်သန်ရပ်တည်နိုင်ရေးအတွက် မိခင်ကြီးနှင့် အတူ ရုန်းကန်ရန်အတွက်လည်းကောင်း ကြီးလေးသောတာဝန်များ သူ၏ပုခုံးပေါ် ကျရောက်လာလေသည်။
လောင်ဒွမ်၏ မိခင်မှာ အလုပ် ၂ ခုလုပ်ကိုင်ရ၏။ လောင်ဒွမ်က နေ့စဉ်နေ့တိုင်း ကျောင်းဆင်းချိန်ရောက်သည်နှင့် ရိက္ခာခွဲတမ်းရရန် တန်းစီရ၏။
ထိုသို့ တန်းစီစောင့်ဆိုင်းရချိန်မှာ ပျှမ်းမျှအားဖြင့် ၃ နာရီမှ ၄ နာရီအကြား ကြာမြင့်လေ့ရှိသည်။
တနင်္လာနေ့များတွင် ဆန်အနည်းငယ် ပေးဝေလေ့ရှိပြီး နာရီပေါင်းများစွာ တန်းစီစောင့်ဆိုင်းကြရ၏။
အင်္ဂါနေ့များတွင် ဟင်းသီးဟင်းရွက်တချို့..အစရှိသဖြင့် စားသောက်ကုန်များကို နေ့အလိုက်ခွဲခြား ပေးဝေလေ့ရှိသည်။
ဤသည်ကား ကွန်မြူနစ် အစိုးရ လက်အောက်တွင် လောင်ဒွမ်၏ ဖြတ်သန်းခဲ့ရပုံ ဖြစ်လေသည်။
လောင်ဒွမ်၏ မိဘနှစ်ဦးလုံးမှာ အမေရိကန်ပြည်ထောင်စု၊ ဖလော်ရီဒါ ပြည်နယ်တက္ကသိုလ်တွင် ရာနှုန်းပြည့် ပညာတော်သင်ဆု ရရှိခဲ့ကြကာ ဖခင်မှာ Phd ရရှိခဲ့ပြီး မိခင်မှာ မဟာဘွဲ့ရရှိခဲ့သည်။
ဗီယက်နမ်ရှိ ထိပ်တန်းတက္ကသိုလ်များမှ ပါမောက္ခများဖြစ်ကြသည်။ သို့ရာတွင် ဆိုင်ဂုံမြို့ကြီး မကျဆုံးမီကာလအထိသာ ဖြစ်ခဲ့၏။
လောင်ဒွမ်၏ မိဘများက သားများကိုလည်း ၎င်းတို့ခြေရာနင်းကာ ၎င်းတို့လျှောက်လှမ်းခဲ့သည့် လမ်းကြောင်းအတိုင်း လျှောက်စေလိုသည်။
သို့ရာတွင် မြောက်ပိုင်းမှ ကွန်မြူနစ်များ ဝင်ရောက်လာချိန်တွင်ကား အရာအားလုံး ပြောင်းလဲခဲ့ရတော့သည်။
လူနေအဆင့်အတန်း များစွာထိုးကျသွားပြီး ဗီယက်နမ်ပြည်သူများအတွက် အမှောင်မိုက်ဆုံးနေ့ရက်များ ကျရောက်လာလေသည်။
ပြည်တွင်းစစ်ကာလအတွင်း ဗီယက်နမ်တောင်ပိုင်း၏ စီးပွားရေးကဏ္ဍသို့ ထည့်ဝင်ရင်းနှီးမြှုပ်နှံခဲ့သည့် ဒေါ်လာဘီလီယံပေါင်းများစွာကို ပြန်လည်ရုပ်သိမ်းသွားရာ ဆင်းရဲမွဲတေမှုမှာ ကပ်ရောဂါတစ်ခုအလား အလျင်အမြန် ပျံ့နှံ့သွား၏။
ငွေကြေးစနစ် ကမောက်ကမဖြစ်နေပြီး ဗီယက်နမ်ငွေမှာ တန်ဖိုးမရှိသလောက်ဖြစ်နေသည်။
လူတိုင်းမှာ အသက်ရှင်ရုံမျှအတွက်ပင် ခဲယဉ်းစွာ ရုန်းကန်နေရပြီး မျှော်လင့်ချက်မဲ့ဘဝမျိုးဖြင့် ရှင်သန်နေကြရ၏။
ထိုကာလကြီးအတွင်း သာမန်ဗီယက်နမ်ပြည်သူအများစု၏ ဘဝမှာ အမိုက်မှောင်ကျနေပြီး စိတ်ပျက်ဖွယ် အခြေအနေမျိုးဖြစ်ကာ လောင်ဒွမ်တို့မိသားစုမှာမူ ဖခင်အကျဉ်းချခံရပြီး အမည်မည်းစာရင်းအသွင်းခံထားရခြင်းကြောင့် ဘူးလေးရာဖရုံဆင့်ဆိုသကဲ့သို့ ပိုမို အခက်ကြုံကြရသည်။
ထိုသို့သော အခြေအနေမျိုးတွင် လောင်ဒွမ်၏ မိခင်သည် အရေးကြီးသော ဆုံးဖြတ်ချက်တစ်ခုကို ကိုယ်ကျိုးမငဲ့ဘဲ ဆုံးဖြတ်ခဲ့ရတော့သည်။
လောင်ဒွမ်မှာ ၁၃ နှစ်အရွယ်ရောက်နေပြီဖြစ်ပြီး ဘဝသည် ယခုအတိုင်းဆက်သွားနေပါက တိုးတက်မှုရှိလာတော့မည်မဟုတ်ကြောင်း မိခင်ကြီးက ဆင်ခြင်ခဲ့မိပြီး ဗီယက်နမ်မှ ထွက်ပြေးကာ ဘဝသစ်ကို စတင်ရန် ဆုံးဖြတ်လိုက်ရသည်။
သို့ရာတွင် အန္တရာယ်အလွန်များခြင်း၊ ကုန်ကျစရိတ်များခြင်းတို့ကြောင့် မိသားစုဝင်များမှ တစ်ဦးသာ ထွက်ပြေးရန်နှင့် သားအကြီးဆုံး ဖြစ်သော လောင်ဒွမ်ကို ထွက်ပြေးစေရန် ဆုံးဖြတ်လိုက်ခြင်း ဖြစ်သည်။
စင်စစ်ကား လောင်ဒွမ် ၁၂ နှစ်သားအရွယ်ကတည်းကပင် မိသားစုလိုက် ထွက်ပြေးရန် ကြိုးပမ်းခဲ့ကြဖူးသေးသည်။
ထွက်ပြေးရန် နောက်ဆုံးအချိန်သို့ရောက်မှ လောင်ဒွမ်၏ မိခင်ကြီးက စိတ်ကူးပြောင်းလိုက်ခြင်း ဖြစ်၏။
မိသားစုဝင်အားလုံး အန္တရာယ် ကြုံရခြင်းမျိုးမဖြစ်စေရန် ထိုသို့ ဆုံးဖြတ်ခဲ့ခြင်းဖြစ်သည်။
လောင်ဒွမ်သည် ဦးလေးနှင့် အဒေါ်ဖြစ်သူတို့ စောင့်ရှောက်မှုဖြင့် ထွက်ပြေးခဲ့သော်လည်း ဖမ်းဆီးခံခဲ့ကြရသည်။
ထိုသို့ အဖမ်းခံရရာတွင် ဦးလေးဖြစ်သူမှာ ထွက်ပြေးလွတ်မြောက်သွားသော်လည်း လောင်ဒွမ်မှာ အဖမ်းခံခဲ့ရကာ ရက်ပေါင်းများစွာ ထိန်းသိမ်းခံခဲ့ရ၏။
လောင်ဒွမ်နှင့် အဒေါ်ဖြစ်သူတို့ကို နေပူထဲတွင် နာရီပေါင်းများစွာ ထိုင်ခိုင်းထားခဲ့၏။
အမေရိကန်များ လာရောက်ကယ်တင်အောင် စောင့်နေသင့်ကြောင့်လည်း ကွန်မြူနစ်စစ်သည်တို့က လှောင်ပြောင်ခဲ့ကြသည်။
လောင်ဒွမ်သည် ဗီယက်နမ်မှ ထွက်ပြေးရန် နှစ်ကြိမ်တိုင်ကြိုးပမ်းခဲ့သော်လည်း မအောင်မြင်ခဲ့ချေ။
ထိုသို့ ထွက်ပြေးမှုကြောင့် ဖမ်းဆီးခံရသူ အမျိုးသမီးနှင့် ကလေးငယ်ပေါင်း ၈၀၀၀၀၀ ခန့် ရှိခဲ့သည်။
၁၉၈၀ ပြည့်လွန်ကာလများတွင် သတင်းမီဒီယာများတွင် ဗီယက်နမ်မှ ထွက်ပြေးကြသူများအကြောင်း အကျယ်တဝင့်ဖော်ပြခဲ့ကြဖူးသည်။
လှေဖြင့် ထွက်ပြေးသူများသည် အန္တရာယ်ပေါင်းများစွာ၊ ကြမ်းတမ်းမှုများစွာနှင့် ရင်ဆိုင်ခဲ့ရသည်။
သေးငယ်လှသော ငါးဖမ်းလှေကလေးများတွင် မတန်တဆ လူများပြည့်သိပ်လိုက်ပါကြရခြင်း၊ မုန်တိုင်းများ၊ ပင်လယ်ဓားပြအန္တရာယ်၊ အစာရေစာ ငတ်မွတ်ခြင်း အစရှိသည်တို့နှင့် ရင်ဆိုင်ကြရသည်။
အခွင့်အလမ်းဆီသို့ ထွက်ပြေးခြင်း
လောင်ဒွမ်သည် ပင်လယ်ထွက်ရန် မသင့်လျော်သော လှေတစ်စီးတွင် အခြားသော ဒုက္ခသည် ၁၅၂ ဦးနှင့်အတူ လိုက်ပါခဲ့၏။
ကလေးဘဝ ဆုံးရှုံးခဲ့ပြီးဖြစ်သော လောင်ဒွမ်၏ ပုခုံးပေါ်တွင် မိသားစုတစ်ခုလုံး၏ မျှော်လင့်ချက်အိပ်မက်များ ထမ်းပိုးထားခဲ့ရ၏။
အခြားသော ရွယ်တူကလေးငယ်များ ပျော်ရွှင်စွာ ဆော့ကစားနေချိန်တွင် လောင်ဒွမ်သည် မိဘအိမ်နှင့် မိသားစုကို ကျောခိုင်းခဲ့ရရုံမျှမက အောင်မြင်ရန် အလားအလာနည်းပါးလှသော၊ အန္တရာယ်ကြီးမားလှသော ခရီးတွင် လိုက်ပါနေခဲ့ရသည်။
ထိုသို့ ကြောက်မက်ဖွယ်ခရီးကို သွားနေရသော်လည်း လောင်ဒွမ်တွင် ကြောက်ရွံ့စိတ် စိုးစဉ်းမျှမရှိ။
သို့ရာတွင် ခရီးစဉ်၏ အောင်မြင်နိုင်ရေးမှာ ၅၀ ရာခိုင်နှုန်းပင် မရှိကြောင်း လောင်ဒွမ်က နောင်အခါတွင် သုံးသပ်ခဲ့မိသည်။
သူ၏ ခရီးတွင် အန္တရာယ်များစွာ ရှိနေကြောင်း လောင်ဒွမ်သိခဲ့သည်။
အမေရိကန်တို့ထွက်သွားပြီးနောက် ကွန်မြူနစ်အစိုးရလက်ထက် ထုတ်ဝေသော ငွေမှာ ငွေကြေးအလွန်ဖောင်းပွမှုကြောင့် များစွာတန်ဖိုးမရှိလှ။
ထို့ကြောင့် ထွက်ပြေးကြသူများသည် ငွေကြေးအစား တန်ဖိုးရှိသည့်ပစ္စည်းအားလုံးကို တပါတည်းယူဆောင်လာခဲ့ကြသည်။
ပင်လယ်ဓားပြများကလည်း ဗီယက်နမ်မှ လှေဖြင့် ထွက်ပြေးနေကြသူများတွင် တန်ဖိုးရှိပစ္စည်းများ ပါလာသည်ကို သိကြသည်။
ထို့ကြောင့် ပင်လယ်တွင် လှည့်လည်နေကာ ထွက်ပြေးသူတို့၏ လှေများကို သားကောင်ရှာနေကြ၏။
တွေ့ရှိပါက တန်ဖိုးရှိပစ္စည်းများ လုယက်၊ မိန်းကလေးများကို အဓမ္မပြုကျင့်ကာ လှေများကို နှစ်မြှုပ်ပစ်လေ့ရှိကြသည်။
လောင်ဒွမ်တို့လှေကလေးကား ကံကောင်းထောက်မစွာဖြင့်ပင် ပင်လယ်ဓားပြတို့နှင့် ရင်မဆိုင်ခဲ့ရချေ။
ပင်လယ်ဓားပြတို့နှင့် ရင်မဆိုင်ရသော်လည်း စားနပ်ရိက္ခာပြဿနာနှင့် ရင်ဆိုင်လာကြရသည်။
ရက်ပေါင်းများစွာ မျောပါနေသည်ဖြစ်ရာ ရိက္ခာမှာ တစထက်တစ်စ လျော့ပါးလာနေသည်။
နောက်ဆုံးတွင် တစ်ရက်စာ စားစရာနှင့်ရေသာ ကျန်တော့သည့်အချိန်သို့ ရောက်လာ၏။
ကံကြမ္မာသည် လောင်ဒွမ်တို့ကို ထပ်မံမျက်နှာသာ ပေးလိုက်ပြန်သည်။
ထိုနေ့တွင်ပင် သင်္ဘောကြီးတစ်စင်းက လောင်ဒွမ်တို့၏ လှေကလေးကို တွေ့မြင်သွားပြီး လှေပေါ်လိုက်ပါလာသူများကို သင်္ဘောပေါ်သို့ တင်ဆောင်ခေါ်ယူကာ ကယ်တင်ပေးခဲ့၏။
ယင်းနောက် သဘော်ကြီး ရောက်ရှိနေသည့်နေရာမှ အနီးဆုံးဖြစ်သည့် မလေးရှားနိုင်ငံမှ ဒုက္ခသည်စခန်းတစ်ခုသို့ ပို့ဆောင်ပေးခဲ့သည်။
ပင်လယ်ပြင်တွင် ပင်လယ်ဓားပြတို့နှင့်ရင်ဆိုင်ရမည့် အန္တရာယ်၊ ပင်လယ်ထဲတွင် အစာရေငတ်မွတ်သေဆုံးရမည့်ဘေးတို့မှ လွတ်ကင်းခဲ့ပြီဖြစ်သည်။
မလေးရှားမှ ဒုက္ခသည်စခန်းမှာ ငရဲကျွန်း (Hell Island) ဟု အမည်ရသည်။
မလေးရှားဒုက္ခသည်စခန်းသို့ ရောက်ရှိသည့် ပထမဆုံးညတွင် လောင်ဒွမ်က သူရင်ဆိုင်ခဲ့ရသည့် နာကျင်မှုများ၊ အထီးကျန်မှုများ၊ ကြောက်ရွံ့မှုများကို ပြန်လည်တွေးတောနေမိ၏။
ထိုညသည် လောင်ဒွမ်ကို အမှန်တကယ်ရင့်ကျက်သည့် လူကြီးတစ်ဦး၏ စိတ်ဓာတ်မျိုး ရရှိစေခဲ့သည့် ညတစ်ညဖြစ်လေသည်။
လောင်ဒွမ်က ပင်လယ်ကမ်းခြေတွင် ထိုင်ရင်း ညဉ့်အမှောင် ကောင်းကင်ယံမှ ကြယ်ပွင့်များကို ငေးမျှော်ကြည့်နေမိသည်။
သူ့ကိုချစ်သောသူ၊ သူကချစ်ရသူများနှင့် သူ၏အကြားတွင် အပြောကျယ်လှသော သမုဒ္ဒရာကြီးတစ်စင်း ပိုင်းခြားထားလေပြီ။ ဘယ်သောအခါမှ ပြန်လည်ဆုံစည်းမည်ကိုလည်း သူမသိ။
ဝမ်းနည်းမှုသည် ရုတ်ချည်းကြီးစိုးလာကာ ပထမဆုံးအကြိမ် ရှိုက်ငိုမိ၏။ မွေးချင်းများတွင် သူက အကြီးဆုံးဖြစ်သည်။
ယောက်ျားဟူသည်မှာ စိတ်ဓာတ်ခိုင်မာရမည်ဖြစ်ပြီး မငိုကြွေးရဟု လောင်ဒွမ်သိသော်လည်း ထိုအခိုက်အတန့်လေးတွင်မူ မထိန်းနိုင်တော့။ ထိုညက တစ်ညလုံး ငိုကြွေးနေမိခဲ့သည်။
ကွန်မြူနစ်တို့၏ လက်အောက်မှ ထွက်လာနိုင်သောကြောင့် ကံကောင်းသူလား (သို့မဟုတ်) မိသားစုနှင့် ကွဲကွာသွားရခြင်းကြောင့် ကံဆိုးသူလားဟူသည်ကို လောင်ဒွမ်မသိပါ။
ကျန်ရစ်ခဲ့မည့် မိခင်ကြီး ရင်ဆိုင်ရမည့် ပြဿနာများကား ကြီးမားကြောင်းလည်း လောင်ဒွမ်တွေးတောမိသည်။
နံနက်လင်းအားကြီးအချိန်သို့ ရောက်သောအခါ ဆုံးဖြတ်ချက်တစ်ခုကို ခိုင်မာစွာ ချမှတ်လိုက်၏။
နောင်အခါတွင် မည်သည့်အခါမျှ မိမိတစ်ဦးတည်းအတွက် ဝမ်းနည်းငိုကြွေးခြင်းမျိုး မပြုလုပ်တော့ဟု ဆုံးဖြတ်လိုက်သည်။ အနာဂတ်သည် မိမိအပေါ်တွင်သာ မူတည်နေပြီ မဟုတ်ပါလော။
မိမိကိုယ်တိုင်၏ဘဝနှင့် မိသားစုအတွက် စွမ်းနိုင်သမျှ အရာအားလုံးကြိုးပမ်းသွားရန် ဆုံးဖြတ်လိုက်သည်။
(နွံအိုင်မှ နှင်းတောသို့)
ဗီယက်နမ်မှ ထွက်ပြေးလာကြသူများထက် လောင်ဒွမ်အတွက် ကံကောင်းသည့်အချက်တစ်ခုမှာ အမေရိကန်ပြည်ထောင်စု၊ မင်နီဆိုးတားပြည်နယ်တွင် ဦးလေးတစ်ယောက်ရှိနေခြင်း ဖြစ်သည်။
လောင်ဒွမ်သည် ဒုက္ခသည်စခန်းတွင် တစ်နှစ်ခန့်သာ နေထိုင်လိုက်ရပြီး ဦးလေး၏ကြိုးပမ်းပေးမှုဖြင့် အမေရိကန်တွင် ခိုလှုံခွင့်ရခဲ့၏။
ဦးလေးနှင့်အတူ လွတ်လပ်သာယာသည့်မြေတွင် ကြီးပြင်းလူလားမြောက်လာသော်လည်း ဗီယက်နမ်တွင် ချန်ရစ်ခဲ့ရသည့် မိသားစုကို တစ်နေ့မျှ မမေ့။
နောင်နှစ်အနည်းငယ်ကြာသောအခါ လောင်ဒွမ်၏ ညီငယ်တစ်ဦး ထပ်မံရောက်ရှိလာခဲ့၏။
လောင်ဒွမ်၏ ရည်မှန်းချက်မှာမူ သူ၏ကိုယ်ပိုင်နေအိမ်တွင် တစ်မိသားစုလုံး တစုတစည်းတည်း နေထိုင်နိုင်ရန် ဖြစ်သည်။
အသက် ၁၈ နှစ်အရွယ်တွင် လောင်ဒွမ်ဘွဲ့ရခဲ့ပြီး ဦးလေးထံမှ ထွက်ခွာကာ ကိုယ့်ဘဝကိုယ် ရပ်တည်ခဲ့သည်။
ယင်းနောက် ညီငယ်လေးကို အထက်တန်းကျောင်းပြီးသည်အထိ ထောက်ပံ့ပေးခဲ့၏။
လောင်ဒွမ်၏ ဖခင် ဒွမ်ဘစ်ဟာ့ (Doan Viet Hoat ဟု ရိုက်ကာ ဝီကီပီဒီယာတွင် ရှာဖွေဖတ်ရှုနိုင်ပါသည်) သည် ထောင်ဒဏ်ကျခံ နေရစဉ် ကာလအတွင်း ဆောင်းပါးပေါင်းများစွာ ရေးသားခဲ့ပြီး စာရေးအလွန်သွက်သူတစ်ဦး ဖြစ်သည်။
လူ့အခွင့်အရေးနှင့် ဒီမိုကရေစီတို့အကြောင်း ရေးသားထားသည့် သူ၏ ဆောင်းပါးများကို ထောင်အတွင်းမှ ခိုးထုတ်ကာ ကမ္ဘာတစ်ဝန်းရှိ သတင်းမီဒီယာများတွင် ပုံနှိပ်ဖော်ပြခဲ့သည်။
အဆိုပါဆောင်းပါးများသည် ဒွမ်ဘစ်ဟာ့အတွက် ၎င်း၏အကြောင်းကို ဖော်ပြရုံသက်သက်မျှ မဟုတ်ဘဲ ၎င်းအသက်ရှင်နိုင်ရန် အလွန်အရေးပါသော တစ်ခုတည်းသော အခွင့်အရေးလည်းဖြစ်သည်။
အဘယ်ကြောင့်ဆိုလျှင် သူ၏ ဆောင်းပါးများကြောင့် ကမ္ဘာက သိလာပြီး ကွန်မြူနစ်တို့အနေဖြင့် လက်စမဖျောက်ရဲတော့သောကြောင့် ဖြစ်သည်။
လောင်ဒွမ် အသက် ၁၆ နှစ်သားအရွယ်ရောက်သောအခါ မင်နီဆိုးတားပြည်နယ်အစိုးရအဖွဲ့နှင့် လူ့အခွင့်အရေးအဖွဲ့အစည်းများက လောင်ဒွမ်သည် နာမည်ကျော်ဗီယက်နမ် အကျဉ်းသား ဒွမ်ဘစ်ဟာ့၏ သားဖြစ်ကြောင်း သိလာကြသည်။
လောင်ဒွမ်မှာ နိုင်ငံရေးအကျဉ်းသားများအတွက် စံနမူနာပြ ရင်သွေးငယ်ဖြစ်လာခဲ့ပြီး အမေရိကန်ပြည်ထောင်စုအနှံ့အပြားရှိ ဆွေးနွေးပွဲများတွင် တက်ရောက်စကားပြောရန် ဖိတ်ကြားခြင်းခံရရာ ဝါရှင်တန်ဒီစီမြို့တော်ပင်လျှင် ပါဝင်သည်။
အဆိုပါ စံနမူနာပြ ရင်သွေးငယ် ပုံရိပ်ဖြင့် ဆွေးနွေးပွဲများစွာတွင် ပါဝင်ခဲ့ပြီးနောက်ပိုင်း လောင်ဒွမ်က သူ၏ ပန်းတိုင်မှာ ကလေးတစ်ဦးအဖြစ် ရှိနေရန်မဟုတ်ဘဲ မိခင်ကြီးနှင့် အငယ်ဆုံးညီထွေးတို့ကို အမေရိကန်ပြည်သို့ ခေါ်ယူနိုင်ရေးဖြစ်ကြောင်း ပြန်လည်ဆင်ခြင်မိသည်။
ယင်းနောက်ပိုင်း မိခင်ကြီးကို ခေါ်ယူခဲ့နိုင်သည်။ လောင်ဒွမ်၏ အသက် ၃၂ နှစ်အရွယ်တွင် ဖခင်ကြီးပြန်လည်လွတ်မြောက်ရေးအတွက် ညှိနှိုင်းနိုင်ခဲ့ပြီး မိသားစုပြန်လည်ပေါင်းစည်းခဲ့ကြသည်။ (လူတွေကို ကူညီချင်တဲ့စိတ် ကျွန်တော့်မှာ အခိုင်အမာရှိနေတယ်။ အိမ်ခြံမြေဟာ အလွန်မြင့်မြတ်တဲ့ အသက်မွေးဝမ်းကျောင်းအလုပ်ဖြစ်ပါတယ်။ အခြားသူတွေကို အလုပ်အကျွေးပြု ကူညီဖို့ အကောင်းဆုံးနည်းလမ်း တစ်ခုလည်း ဖြစ်ပါတယ်)
လောင်ဒွမ်သည် ကျောင်းပြီးသွားပြီးနောက်ပိုင်း အိမ်ခြံမြေကုမ္ပဏီတစ်ခုသို့ ဝင်ရောက်ကာ အကျိုးဆောင်အဖြစ် ဆယ်စုနှစ် တစ်ခုကျော်ကြာ လုပ်ကိုင်ခဲ့၏။
အိမ်ခြံမြေလောက အသိအမြင်များ၊ အဆက်အသွယ်များ များစွာရရှိလာသည်နှင့်အတူ ငွေကြေးလည်း အတန်စုဆောင်းလာမိသည်။
အိမ်ခြံမြေနယ်တွင် ၁၅ နှစ်ခန့်လုပ်ကိုင်ခဲ့ပြီးနောက် အရောင်းဘက်သို့ ကူးပြောင်းကာ ၂၀၀၉ ခုနှစ်တွင် Realty Group အမည်ဖြင့် အိမ်ခြံမြေကုမ္ပဏီ တည်ထောင်ခဲ့သည်။ ပထမ ၄ နှစ်တာ ကာလအတွင်း အရောင်းအဝယ်ပေါင်း ၁၀၀၀ ကျော် အလုပ်ဖြစ်ခဲ့သည်။
နောင် ၈ နှစ် ကြာမြင့်သောအခါ Realty Group သည် မင်နီဆိုးတားပြည်နယ်၏ အကြီးမားဆုံး အိမ်ခြံမြေကုမ္ပဏီများတွင် တစ်ခုအပါအဝင် ဖြစ်လာသည်။
ဆုတံဆိပ်ပေါင်း များစွာရရှိခဲ့သည့်အပြင် ပြည်နယ်အတွင်း တိုးတက်မှုတွင် နံပါတ် ၁ အဖြစ် ရပ်တည်ခဲ့သည်။
မိမိဘေးတွင် မိမိထက် ပင်ကိုယ်အရည်အသွေး ပိုမိုထက်မြက်သူများသာရှိကြောင်း လောင်ဒွမ်က မာနကင်းစွာ ပြောပြသည်။
ပထမဆုံးကျေးဇူးတင်ရမည်မှာ ပထမဆုံးခန့်ထားခဲ့သည့် အေမန်ဒါ မားချန်ဖြစ်ပြီး သူမသည် ကုမ္ပဏီ၏ အစဦးကာလ အောင်မြင်မှုများအတွက် အရေးပါကြောင်း လောင်ဒွမ်က ဆိုသည်။
ယင်းနောက်ပိုင်း မိုက်ခ် ဘာနီယာနှင့် ဇနီး ဂျက်ဆီကာ ဘာနီယာတို့ကို ခန့်အပ်ခဲ့ရာ လောင်ဒွမ်၏ အကျိးဆောင်ကုမ္ပဏီကြီး အောင်မြင်တိုးတက်မှုများ ရစေရန် အမှန်တကယ်ဝိုင်းဝန်းကူညီပေးခဲ့ကြပြီး Realty Group ကို နောက်တစ်ဆင့်သို့ ရောက်ရှိစေရန် တွန်းတင်ပေးခဲ့ကြကြောင်း လောင်ဒွမ်က ကျေးဇူးတင်စကားပြောကြား၏။
လောင်ဒွမ်အကြောင်းသိသူများ၊ သူနှင့်အတူ လက်တွဲအလုပ်လုပ်ကိုင်ခဲ့ဖူးသူများ ပြောပြသည်ကား လောင်ဒွမ်၏ အောင်မြင်မှု လျှို့ဝှက်ချက်မှာ “အခြားသူများကို ကူညီလိုသည့် စိတ်ရင်းကောင်းရှိခြင်း” ဖြစ်သည်ဟု ဆိုသည်။
သူ၏ အိမ်ခြံမြေကုမ္ပဏီနှင့် စပ်လျဉ်းပြီး လောင်ဒွမ်၏ အမြင်မှာ ဝန်ထမ်းများအတွက် သာယာကောင်းမွန်ကာ အပြုသဘောဆောင်သည့် ဝန်းကျင်မျိုးဖန်တီးပေးရန်၊ ကုမ္ပဏီမှ မည်သူမျှ ထွက်လိုစိတ်မရှိစေရန်နှင့် ဝန်ထမ်းတိုင်း အောင်မြင်မှုများ ရစေရန် ဖန်တီးပေးရေး ဖြစ်သည်။
သူ၏ မူဝါဒ ကောင်းစွာအလုပ်ဖြစ်ခဲ့ပါ၏။
လောင်ဒွမ်၏ ကုမ္ပဏီတွင် ဝန်ထမ်းတိုင်းကို ကုမ္ပဏီတစ်ခု၏ အမှုဆောင်အရာရှိချုပ်ကဲ့သို့ ဆက်ဆံလေ့ရှိပြီး ဝန်ထမ်းတစ်ဦးစီတိုင်း၏ တာဝန်များအတွက် လိုအပ်သည်များအားလုံး ပံ့ပိုးပေးရန် မိမိတို့အလုပ်လုပ်နေကြခြင်းဖြစ်ကြောင်း လောင်ဒွမ်က ပြောဖူးသည်။
ယခုအခါ လောင်ဒွမ်၏ ကုမ္ပဏီမှာ အောင်မြင်မှုများစွာရရှိနေပြီဖြစ်သော်လည်း လောင်ဒွမ်အတွက်ကား မလေးရှား ဒုက္ခသည်စခန်းတွင် ပင်လယ်ကမ်းခြေဘေး၌ ငိုကြွေးနေခဲ့သည့် မိတကွဲဖတကွဲ အထီးကျန် ကလေးငယ်တစ်ဦး၏ စိတ်သဘောနှင့် မည်သို့မျှ ခြားနားပြောင်းလဲသွားခြင်းမရှိ၊ မာန်မာန ထောင်လွှားခြင်းများ ရှိမနေခဲ့။
လောင်ဒွမ်က ပြောကြားရာတွင် ဘဝကို ရုပ်ရှင်ဇာတ်လမ်းတစ်ခုသဖွယ် မှတ်ယူကြောင်း၊ လူတိုင်းသည် မိမိဘဝရုပ်ရှင်တွင် ကိုယ်တိုင်ပင် ဇာတ်ညွှန်းရေးဆရာ၊ ဒါရိုက်တာ၊ သရုပ်ဆောင်များဖြစ်ကြောင်း ၊ ဇာတ်လမ်းသွားကို မနှစ်သက်ပါက မိမိကိုယ်တိုင် ပြောင်းလဲရေးသား၍ ရကြောင်း ပြောကြားဖူးသည်။
ဘဝဟူသည်မှာ ခရီးသွားနေခြင်းမျိုးလည်း ဖြစ်ကြောင်း၊ လမ်းဆုံးသို့ရောက်ချိန်မှာ ဘဝခရီး အဆုံးသတ်ချိန်ပင်ဖြစ်ကြောင်း၊ ကမ္ဘာမြေပေါ်တွင် ဘဝခရီးရှည်ကြီးချီတက်နေစဉ်အတွင်း မည်သည့်အရာများလုပ်ဆောင်ခဲ့သည်ဟူသော သမိုင်းက အရေးကြီးကြောင်းလည်း လောင်ဒွမ်က ဆိုသည်။
ပင်လယ်ကမ်းခြေတွင် ငိုကြွေးနေခဲ့ဖူးသော ကလေးငယ်၊ အိမ်ခြံမြေအကျိုးဆောင်အလုပ်ကို နှစ်ပေါင်းများစွာ လုပ်ကိုင်ခဲ့ပြီး အောင်မြင်သော လုပ်ငန်းရှင်ဖြစ်နေသူ လောင်ဒွမ်ထံ အီးမေးလ်ဖြင့် စာရေးသားဆက်သွယ်လိုပါက long.doan@realtygroupmn.com သို့ ဆက်သွယ်နိုင်ကြောင်း သိရသည်။
လောင်ဒွမ်သည် အိမ်ခြံမြေလောကတွင်နှစ်ပေါင်း ၂၅ နှစ်ကျော် လုပ်ကိုင်ခဲ့သူဖြစ်သည်။ မင်နီဆိုးတားပြည်နယ်တွင်သာမက အမေရိကန်ပြည်ထောင်စုတစ်ခုလုံး၏ ထိပ်တန်းအိမ်ခြံမြေအကျိုးဆောင်များတွင် တစ်ဦးအပါအဝင်ဖြစ်၏။
သူသည် Realty Group ကိုတည်ထောင်သူ၊ အမှုဆောင်အရာရှိချုပ်ဖြစ်၏။ Realty Group သည် မင်နီဆိုးတားပြည်နယ်တွင် အလျင်မြန်ဆုံးကြီးထွားတိုးတက်လာနေသည့် အိမ်ခြံမြေကုမ္ပဏီဖြစ်ကာ အိမ်ခြံမြေအကျိုးဆောင်များ မွေးထုတ်၊ ပံ့ပိုးကူညီမှုများ ပြုလုပ်ပေးလျက်ရှိနေသည်။
လောင်ဒွမ်က သူ၏ အောင်မြင်မှုများအတွက် ဇနီးဖြစ်သူ မီရှဲလ်ကို ကျေးဇူးတင်ကြောင်း၊ မီရှဲလ်သည် ယခုကဲ့သို့ အောင်မြင်မှုများ ရရှိစေရန် အကြီးမားဆုံးပံ့ပိုးကူညီပေးခဲ့သူဖြစ်ကြောင်း၊ မီရှဲလ်သာ မရှိလျှင် ယခုကဲ့သို့ အောင်မြင်မှုများ ရရှိလာမည် မဟုတ်ကြောင်းလည်း လောင်ဒွမ်က ဇနီးဖြစ်သူ၏ ကျေးဇူးကို ထုတ်ဖော်ပြောကြားသည်။
လောင်ဒွမ်က အမေရိကသို့ ရောက်ချိန်တွင် စနစ်တစ်ခု၏ သားကောင်အဖြစ် မခံယူဘဲ ဒုက္ခအပေါင်းကို ကျော်ဖြတ်နိုင်သည့် အောင်နိုင်သူဟူသော စိတ်ဓာတ်မျိုး (victim to victor mindset) ကိုသာ မွေးမြူခဲ့ခြင်း၊ အခက်အခဲ အတားအဆီးများစွာ ရှိခဲ့သော်လည်း စိတ်ဓာတ်ခိုင်မာစွာဖြတ်သန်းနိုင်မှုတို့ကြောင့် နောက်ဆုံးတွင် အောင်မြင်မှုတည်းဟူသော ဆုလာဘ်ရရှိခဲ့ခြင်းဖြစ်ကြောင်း ပြောပြဖူးသည်။
လောင်ဒွမ်၏ ဘဝဇာတ်ကြောင်းမှ ရရှိသည့်သင်ခန်းစာမှာ ကျွန်ုပ်တို့၏ ဘဝကို ကိုယ်တိုင်ထိန်းချုပ်ပဲ့ကိုင် ဇာတ်ညွှန်းရေးသားရန်နှင့် ဘဝအခက်အခဲရင်ဆိုင်ရချိန်များတွင် မိမိဘေးတွင်အတူရှိပေးမည့်သူများကို ပိုင်ဆိုင်ထားနိုင်ရန်တို့ ဖြစ်သည်။
လောင်ဒွမ်သည်နှစ်ပေါင်းများစွာ အိမ်ခြံမြေလောကတွင် ဖြတ်သန်းပြီးနောက် လူအများကို ကူညီရန်ဟူသော စိတ်ကို အခြေခံကာ Realty Group အမည်ဖြင့် ကုမ္ပဏီတစ်ခု တည်ထောင်နိုင်ခဲ့သည်။ သူ၏ ကုမ္ပဏီတွင် plug and play partnership model ဟူသည့် လုပ်ငန်း ပုံစံဖော်ဆောင်ထားပြီး ဝန်ထမ်းအကျိုးဆောင်တစ်ဦးချင်းကို ကုမ္ပဏီ စီအီးအိုများသဖွယ် ဆက်ဆံလေ့ရှိသည်ဟု ဆိုသည်။
Realty Group သည် ဝန်ထမ်းအကျိုးဆောင်များကို သင်တန်းများပို့ချခြင်း၊ အခက်အခဲကျော်လွှားပုံများ သင်ကြားခြင်း၊ ပုံမှန်ဝင်ငွေ ရရှိအောင် ကူညီပေးခြင်းတို့ ပြုလုပ်သည်။ ဝန်ထမ်းအကျိုးဆောင်များအတွက် အိမ်ခြံမြေလုပ်ငန်းဟူသည် အလုပ်တစ်ခုဆိုရုံမျှမက အသက်မွေးဝမ်းကြောင်းတစ်ခုသဖွယ် ကျွမ်းကျင်လာအောင် ကူညီပေးခဲ့သည်။
အောင်မြင်မှုသို့ ချီတက်ရာတွင် မထားရှိရမည့် စိတ်ဓာတ်များနှင့် စပ်လျဉ်းပြီး လောင်ဒွမ်ပြောကြားထားပုံ ဗွီဒီယိုဖိုင်ကို https://www.facebook.com/watch/?v=670745340072106 အင်တာနက်လင့်ခ်တွင် ကြည့်ရှုနိုင်ပါသည်။
လောင်ဒွမ်က အောင်မြင်မှုသို့ လျှောက်လှမ်းရာတွင် မိမိ၏ အားသာချက်များကို သိရှိထားရန် အရေးကြီးကြောင်း ပြောကြားသည်။
အချိန်ကို ထိရောက်စွာသုံးစွဲနိုင်ရန်အတွက် မည်သည့်အလုပ်ကို လုပ်ဆောင်သည်ဖြစ်စေ စနစ်ကျရန်လိုကြောင်း၊ အချိန်သည် အကန့်အသတ်ဖြင့်သာ ရရှိပြီး မည်သူမျှ ပိုမရဘဲ လူတိုင်းတစ်နေ့တာအတွက် တူညီသောအချိန်သာ ရရှိကြောင်း လောင်ဒွမ်က ဆိုသည်။
လောင်ဒွမ်၏ အရေးပါသော စိတ်ခံယူမှုတစ်ခုမှာ “အောင်မြင်ခြင်း/ သင်ခန်းစာ” ဟူသော ခံယူချက်ဖြစ်သည်။
လုပ်ငန်းများတွင် တခါတရံ ရှုံးနိမ့်မှုများ ရင်ဆိုင်ရလေ့ရှိသည်။ အရေးကြီးသည့်အချက်မှာ အဆိုပါအတွေ့အကြုံမှ လေ့လာသင်ယူကာ နောင်တစ်ကြိမ်တွင် အောင်မြင်မှုရစေမည့် အခွင့်အလမ်းမြှင့်တင်ပေးရန်ဖြစ်သည်ဟု လောင်ဒွမ်က ဆိုသည်။
လောင်ဒွမ်၏ အဆိုပါစိတ်ဓာတ်များနှင့် နည်းဗျူဟာများကြောင့် သူ၏ Realty Group ကုမ္ပဏီသည် မင်နီဆိုးတားပြည်နယ်တွင် ဖွံ့ဖြိုးမှု အလျင်မြန်ဆုံးဖြစ်လာခဲ့ပြီး နိုင်ငံ၏ အနောက်ပိုင်းသို့ လုပ်ငန်းများ ချဲ့ထွင်ရန် စီစဉ်လျက်ရှိကာ နောက်ဆုံးတွင် တစ်နိုင်ငံလုံး အတိုင်းအတာအထိ တိုးချဲ့သွားနိုင်ရန် ရည်မှန်းထားသည်။
မိတ်ဆွေသည် အိမ်ခြံမြေအကျိုးဆောင်လုပ်ငန်း (သို့) ဆောက်လုပ်ရေးလုပ်ငန်း လုပ်ကိုင်နေသူတစ်ဦးဖြစ်ပါက iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) မှ သင်၏အိမ်ခြံမြေလုပ်ငန်း အထူးတလည် အောင်မြင်နိုင်စေရန်အတွက် ကူညီပံ့ပိုးပေးနိုင်ပါသည်။ iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ဝဘ်ဆိုက်နှင့် လက်တွဲ၍ အိမ်ခြံမြေလုပ်ငန်းလုပ်ကိုင်ပြီး မြန်မာနိုင်ငံတဝှမ်းလုံးတွင်အောင်မြင်နေသော အကျိုးဆောင် စုစုပေါင်း (၂၃၀၀) ကျော် နှင့် ဆောက်လုပ်ရေးလုပ်ငန်း စုစုပေါင်း (၇၀၀) ကျော်ရှိပါသည် ။ iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ဝဘ်ဆိုက်ကို တစ်လလျှင် ပြည်တွင်းပြည်ပ မှ လူဦးရေ (၃.၈) သန်းကျော် ဝင်ရောက်အသုံးပြုနေပြီး မြန်မာတစ်နိုင်ငံလုံးတွင် နံပါတ်(၁) လူသုံးအများဆုံး အိမ်ခြံမြေရောင်းဝယ်ငှားဝဘ်ဆိုက် ဖြစ်ပါသည်။ ရန်ကုန် ၊ မန္တလေး၊ ငွေဆောင်၊ ချောင်းသာ၊ တောင်ကြီး၊ ကလော၊ ပြင်ဦးလွင်၊ စစ်တွေ၊ မြဝတီ အစရှိသော မြန်မာတစ်နိုင်ငံလုံးတွင်ရှိသည့် အိမ်ခြံမြေစီမံကိန်းများကို ရောင်းချပေးနေပါသည်။ သင်၏ အကျိုးဆောင်လုပ်ငန်း (သို့မဟုတ်) ဆောက်လုပ်ရေးလုပ်ငန်းအောင်မြင်စေရန်အတွက် iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) နှင့် အခုပင်လျှင် ဆက်သွယ် မေးမြန်းစုံစမ်းနိုင်ပါသည် ။ (Hot Line ဖုန်း : 09-252605671 ~ 5 )
အိမ်ခြံမြေ ကိစ္စအဝဝနှင့် ပတ်သက်၍ ဥပဒေအကြံပေးပညာရှင်များနှင့် ဆွေးနွေးတိုင်ပင်လိုပါက iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ၏ ဖုန်းနံပါတ်များဖြစ်သော 09-966901767, 09-268022352 သို့ ဆက်သွယ်နိုင်ပါသည်။ အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။
ရောင်းရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။
ငှားရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။
(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)
Credit: iMyanmarHouse.com
[Zawgyi]
အသက္ ၁၃ ႏွစ္အ႐ြယ္တြင္ ဗီယက္နမ္မွ ငါးဖမ္းေလွျဖင့္ ပင္လယ္အတြင္းထြက္ေျပးခဲ့ၿပီး မေလး႐ွားဒုကၡသည္စခန္း၌ တစ္ႏွစ္ခန္႔ ေနခဲ့ရကာ အေမရိကန္ျပည္၏ ထိပ္တန္းအိမ္ျခံေျမအက်ိဳးေဆာင္ သန္းႂကြယ္သူေဌးျဖစ္လာသူ
ညဥ့္ကား ျငိမ္သက္လွသည္။ ဆိုင္ဂံုျမိဳ ႔ၾကီး၏ အေျခအေန အရပ္ရပ္ကား မျငိမ္သက္ေခ်။
သက္ၾကီးေခါင္းခ်ခ်ိန္ခန္႔တြင္ တကၠသိုလ္ပါေမာကၡၾကီးတစ္ဦး၏ ေနအိမ္အတြင္းသို႔ ဗီယက္နမ္ ကြန္ျမဴနစ္ တပ္သားမ်ား ဝင္ေရာက္လာ၏။
ကေလးငယ္ ေယာက်္ားကေလး ၃ ဦးမွာ ေၾကာက္ရံြ ႔တုန္လႈပ္စြာျဖင့္ မိခင္အနီး ကပ္ေနၾကသည္။
ယင္းေနာက္ တကၠသိုလ္ပါေမာကၡၾကီးမွာ စစ္ကားေပၚသို႔ တင္ေဆာင္ကာ ဘယ္ဆီဘယ္ဝယ္မွန္းမသိေသာ အရပ္သို႔ ေခၚေဆာင္သြားျခင္း ခံရေလေတာ့၏။
ထိုအခိုက္အတန္႔ကေလးသည္ ကေလးငယ္မ်ားအတြက္ ၎တို႔ဖခင္ၾကီးကို ေနာက္ဆံုးေတြ႔ျမင္လိုက္ရျခင္းျဖစ္ျပီး ေနာင္မည္သည့္အခါ တြင္မွ် ျပန္လည္ေတြ႔ဆံုႏိုင္ျခင္း မရွိေတာ့ေခ်။
အခ်ိန္ကား ဗီယက္နမ္မွ အေမရိကန္တပ္မ်ား ဆုတ္ခြာသြားၾကျပီးေနာက္ ဆိုင္ဂံုျမိဳ ႔ေတာ္ၾကီးကို ေျမာက္ပိုင္း ကြန္ျမဴနစ္တပ္မ်ား ဝင္ေရာက္သိမ္းပိုက္လိုက္ခ်ိန္ျဖစ္ေလသည္။
ေယာက်္ားကေလး ၃ ဦးတြင္ အၾကီးဆံုးမွာ ၈ ႏွစ္သာ ရွိေသးျပီး ၎ေအာက္မွ ကေလးငယ္မ်ားမွာ ၄ ႏွစ္ႏွင့္ ၂ ႏွစ္အရြယ္မ်ားသာ ရွိေသးသည္။
ဖခင္မရွိေတာ့သည့္ေနာက္ပိုင္း ၈ ႏွစ္သားကေလးမွာ မိသားစုအတြက္ အၾကီးမားဆံုး ေယာက်္ားသားျဖစ္လာခဲ့ျပီး က်န္ကေလးငယ္ ၂ ဦးအတြက္ အစ္ကိုၾကီး အဖအရာသို႔ ေရာက္ရိွခဲ့ရသည္။
မိသားစု အသက္ရွင္ရပ္တည္ႏိုင္ေရးအတြက္ ၈ ႏွစ္အရြယ္ႏွင့္ မမွ်ေအာင္ မိသားစုတာဝန္ ပုခံုးေပၚသို႔ က်ေရာက္လာေတာ့သည္။
ဆိုင္ဂံုျမိဳ ႔ၾကီး ကြန္ျမဴနစ္တို႔ လက္ေအာက္က်သြားျပီး အေျခအေနအရပ္ရပ္မွာ ဝရုန္းသုန္းကား ျဖစ္ေနသည္။
မ်ားစြာေသာ လူအုပ္ၾကီးသည္ ေလေၾကာင္းမွ ထြက္ေျပးရန္အတြက္ Tan Son Nhut ေလဆိပ္အတြင္း ဝင္ခြင့္ရရန္ စုျပံဳတိုးေဝွ႔ကာ ပြက္ေလာရိုက္ေနၾကသည္။
ပင္လယ္ေရလမ္းေၾကာင္းမွ ထြက္ေျပးရန္အတြက္ ဆိုင္ဂံုျမစ္ဘက္သို႔ ဦးတည္စုျပံဳသြားေရာက္ေနေသာ လူအုပ္ၾကီးမ်ားကလည္း ထုႏွင့္ထည္ႏွင့္။
ရဟတ္ယာဥ္မ်ားသို႔ အတင္းတြယ္ကပ္ ဖက္တြယ္ထားသူမ်ား၊ ထြက္ခြာစျပဳေနသည့္ ေလွမ်ားေပၚသို႔ လိုက္ပါရန္ ေရထဲသို႔ ခုန္ဆင္းသြားသူမ်ားျဖင့္ ဝရုန္းသုန္းကား ျဖစ္ေန၏။
အထက္ပါျဖစ္ရပ္မ်ားျဖစ္ပြားအျပီး ရက္အနည္းငယ္အၾကာတြင္ ဖခင္ျဖစ္သူကို ဖမ္းဆီးသြားပံုကို ၈ ႏွစ္သားကေလး ေလာင္ဒြမ္ မ်က္ဝါးထင္ထင္ ေတြ႔ၾကံဳရင္ဆိုင္လိုက္ရျခင္း ျဖစ္သည္။
လူအမ်ားေလးစားသည့္ ပညာတတ္တစ္ဦးျဖစ္ေသာ ဖခင္၏ တစ္ခုတည္းေသာ ျပစ္မႈမွာ ကြန္ျမဴနစ္အစိုးရသစ္ကို ေထာက္ခံရန္ ျငင္းဆန္ခဲ့ျခင္း ျဖစ္သည္။
ထိုေန႔သည္ကား ေလာင္ဒြမ္၏ ကေလးဘဝ နိတိဌံခဲ့သည့္ေန႔ျဖစ္သည့္နည္းတူ သာယာတည္ျငိမ္ေသာ မိသားစုဘဝကေလး တစ္စစီ ေၾကမြပ်က္စီးသြားေသာေန႔လည္း ျဖစ္သည္။
ဒြမ္ဘစ္ဟာ့ကို ပညာေပးစခန္းသို႔ ေခၚေဆာင္သြားမည္ျဖစ္ေၾကာင္း ဇနီးျဖစ္သူကို ေျပာျပခဲ့ေသာ္လည္း က်န္ခဲ့သူ မိသားစုအေနျဖင့္မူ ၎တို႔၏ ခင္ပြန္း၊ ဖခင္ကို မည္သည့္အခါမွ် ျပန္ေတြ႔ေတာ့မည္မဟုတ္ေၾကာင္း သိျပီးျဖစ္ေလသည္။
ေလာင္ဒြမ္က မိခင္ၾကီး၏ မ်က္ႏွာအမူအရာကို ၾကည့္လိုက္ရာတြင္ စိတ္ဓာတ္ခိုင္မာကာ ေလာကဓံကို ၾကံ ႔ၾကံ ႔ခံႏိုင္သည့္ မိန္းမတစ္ဦး၏ မ်က္ႏွာမ်ဳိးေတြ႔ရသည္။
က်န္ခဲ့သည့္ မိသားစုကို ရင္အုပ္မကြာ ေစာင့္ေရွာက္မည္ဟူေသာ ဆံုးျဖတ္ခ်က္ခိုင္မာျပတ္သားသည့္ မိန္းမသားတစ္ဦး၏ အမူအရာမ်ဳိး ေတြ႔ရ၏။
ေလာင္ဒြမ္၏ ဖခင္နည္းတူ အျခားေသာ ဆရာဝန္မ်ား၊ ေရွ ႔ေနမ်ား၊ စာေရးဆရာမ်ား၊ အႏုပညာရွင္မ်ား၊ အျခားေသာ ပညာတတ္ပုဂၢိဳလ္ ေထာင္ႏွင့္ခ်ီ၍ ဖမ္းဆီးခံခဲ့ရသည္။
ပါေမာကၡတစ္ဦးျဖစ္သည့္အျပင္ ဗီယက္နမ္၏ အၾကီးမားဆံုးတကၠသိုလ္မ်ားမွ တစ္ခု၏ ဒုတိယဥကၠဌျဖစ္ေသာ ဒြမ္ဘစ္ဟာ့သည္ ကြန္ျမဴနစ္မ်ားအတြက္ ျခိမ္းေျခာက္မႈတစ္ရပ္ျဖစ္သည္ဟု ယူဆခဲ့ၾကဟန္ရသည္။
လူၾကားေကာင္းေစရန္ ျပန္လည္ပညာေပးစခန္းဟု အမည္ေပးထားေသာ္လည္း စင္စစ္ကား အက်ဥ္းေထာင္မ်ားသာျဖစ္ျပီး အလုပ္ၾကမ္းမ်ား လုပ္ကိုင္ၾကရကာ ျငင္းပန္းႏွိပ္စက္ျခင္း၊ ငတ္မြတ္ျခင္း၊ ေရာဂါဘယတို႔ႏွင့္ ရင္ဆိုင္ၾကရ၏။
ျပန္လည္ပညာေပးစခန္းဟူေသာ အမည္ႏွင့္ ကိုက္ညီမည့္လုပ္ေဆာင္ခ်က္ တစ္ခုတည္းသာရွိျပီး ညွင္းပန္းႏွိပ္စက္ကာ ကြန္ျမဴနစ္ဝါဒကို သြတ္သြင္းရန္ ၾကိဳးစားျခင္းသာ ျဖစ္သည္။
တစ္ႏိုင္ငံလံုးအတိုင္းအတာအားျဖင့္ စစ္ဘက္အရာရွိေဟာင္းမ်ား၊ အစိုးရဝန္ထမ္းမ်ား၊ ေတာင္ဗီယက္နမ္အစိုးရကို အားေပးကူညီခဲ့သူမ်ား ၃၀၀၀၀၀ ေက်ာ္ ဖမ္းဆီးျခင္းခံခဲ့ရသည္။
ဖခင္ျဖစ္သူ အဖမ္းခံရခ်ိန္က ေလာင္ဒြမ္၏ ညီငယ္ ၂ ဦးမွာ ၄ ႏွစ္ႏွင့္ ၂ ႏွစ္အရြယ္မ်ားသာရွိေသးျပီး ဖခင္၏ ပံုရိပ္ ၎တို႔မွတ္ဥာဏ္တြင္ စြဲထင္က်န္ရစ္ျခင္း မရွိေခ်။
ေလာင္ဒြမ္မွာမူ ေကာင္းစြာမွတ္သားမိေနသည္မ်ား ရွိခဲ့ေသာ္လည္း ဖခင္ၾကီးႏွင့္ ျပန္လည္ဆံုစည္းႏိုင္ခြင့္ကား မရေတာ့ေခ်။
…………
ေလာင္ဒြမ္ ၁၂ ႏွစ္သားအရြယ္သို႔ ေရာက္ေသာအခါ ကြန္ျမဴနစ္လက္ေအာက္မွ လြတ္ေျမာက္ရန္အတြက္ ေလွငယ္တစ္စင္းျဖင့္ ဗီယက္နမ္မွ ထြက္ေျပးခဲ့ရာ ပင္လယ္ထဲတြင္ ရက္ေပါင္းမ်ားစြာ ေမ်ာပါေနခဲ့ျပီး ေနာက္ဆံုးတြင္ မေလးရွားရွိ ဒုကၡသည္စခန္းတစ္ခု၌ ေသာင္တင္ေနခဲ့ေလသည္။
ထိုမွ တဆင့္ အေမရိကန္ျပည္ေထာင္စုသို႔ ခိုလံႈခြင့္ရခဲ့သည္မွ စတင္ျပီး အနာဂတ္မဲ့ေသာ ေန႔ရက္တို႔ ကုန္ဆံုးကာ ၾကိဳးစားရုန္းကန္မႈ ခရီးရွည္ၾကီး ျဖတ္သန္းအျပီး ယေန႔ကဲ့သို႔ သန္းၾကြယ္သူေဌးဘဝသို႔ ေရာက္ရွိခဲ့ျခင္း ျဖစ္သည္။
ခ်မ္းသာၾကြယ္ဝခဲ့ျပီးေနာက္ပိုင္း ေလာင္ဒြမ္က အိမ္ျခံေျမေလာကအတြင္း မည္သို႔ေရာက္လာပံု၊ လုပ္ငန္းစတင္ပံု၊ ယခုအေျခအေနသို႔ ေရာက္ေအာင္ မည္သို႔ေလွ်ာက္လွမ္းခဲ့ပံု၊ အနာဂတ္တြင္လည္း ေအာင္ျမင္မႈမ်ားရရွိေအာင္ မည္သို႔စီမံထားပံု၊ သူ၏ခံယူခ်က္၊ အမွားမ်ားႏွင့္ စပ္လ်ဥ္းျပီး သူ၏အယူအဆ အစရွိသည္တို႔ကို ထုတ္ေဖာ္ဖြင့္ဟခဲ့သည္။
အကယ္၍ သင္သည္ အျပဳသေဘာေဆာင္သည့္ စိတ္ထားမ်ဳိးရရွိေစမည့္၊ ဘဝေအာင္ျမင္ေရးအတြက္ စိတ္ဓာတ္ခြန္အားရေစမည့္ ဘဝဇာတ္ေၾကာင္းတစ္ခု ဖတ္ရႈလိုေနသည္ဆိုပါက ေလာင္ဒြမ္၏ ဘဝဇာတ္ေၾကာင္းမွာ သင္ရွာေဖြေနေသာအရာပင္ ျဖစ္၏။
ဖခင္ ဒြမ္ဘစ္ဟာ့
ေလာင္ဒြမ္၏ ဘဝဇာတ္ေၾကာင္းကို ေလ့လာမည္ဆိုပါက ဗီယက္နမ္၏ ေနာက္ခံအက်ဥ္းခ်ဳပ္ႏွင့္ ေလာင္ဒြမ္၏ ဖခင္အေၾကာင္းတို႔ကို ေလ့လာရန္ လိုအပ္သည္။
ေလာင္ဒြမ္၏ ဖခင္ ဒြမ္ဘစ္ဟာ့သည္ ဗီယက္နမ္ စာနယ္ဇင္းသမား၊ ပညာေရးေလာကမွ ဆရာတစ္ဦး၊ ဒီမိုကေရစီေရး တက္ၾကြလႈပ္ရွားသူတစ္ဦးျဖစ္ျပီး ဒုတိယကမၻာစစ္ၾကီးအတြင္း ၁၉၄၂ ခုႏွစ္တြင္ ေမြးဖြားခဲ့သူ ျဖစ္သည္။
ဗီယက္နမ္ ကြန္ျမဴနစ္ ေခါင္းေဆာင္တို႔ကို ေဝဖန္မႈမ်ားအတြက္ မၾကာခဏ ေထာင္ခ်ခံခဲ့ရသူ ျဖစ္၏။
သူ၏ ၾကိဳးပမ္းမႈမ်ားအတြက္ ႏိုင္ငံတကာက ဆုတံဆိပ္ေပါင္း မ်ားစြာခ်ီးျမွင့္ခဲ့ရာ ေရာဘတ္ အက္ဖ္-ကေနဒီ လူ႔အခြင့္အေရးဆုလည္း အပါအဝင္ျဖစ္သည္။
ဒြမ္ဘစ္ဟာ့ကို ဗီယက္နမ္၏ ဆာခါေရာ့ဗ္ဟု တင္စားၾကသည္။
(မွတ္ခ်က္။ ။ ဆာခါေရာ့ဗ္မွာ ဆိုဗီယက္အႏုျမဴသိပၸံပညာရွင္ျဖစ္ျပီး သာမိုႏ်ဴကလီးယားလက္နက္မ်ား တီထြင္ခဲ့သူျဖစ္ကာ လူ႔အခြင့္အေရး၊ ျငိမ္းခ်မ္းေရးႏွင့္ လက္နက္ဖ်က္သိမ္းေရးတို႔ကို လႈပ္ရွားခဲ့သူျဖစ္ျခင္းေၾကာင့္ ျငိမ္းခ်မ္းေရးႏိုဗယ္ဆု ရရွိခဲ့သူလည္း ျဖစ္သည္။ ဆိုဗီယက္အစိုးရႏွင့္ ဆိုဗီယက္သတင္းမီဒီယာမ်ားကမူ ဆာခါေရာ့ဗ္ကို သစၥာေဖာက္အျဖစ္ ဝိုင္းဝန္းဆန္႔က်င္ၾကကာ ဆာခါေရာ့ဗ္မွာ ဆိုဗီယက္မွ ထြက္ေျပးခဲ့ရသည္။ ဥေရာပါ ပါလီမန္က ဆာခါေရာ့ဗ္ကို ဂုဏ္ျပဳေသာအားျဖင့္ လူ႔အခြင့္အေရးႏွင့္ လြတ္ေျမာက္ေရးၾကိဳးပမ္းသူတို႔ကို ဆာခါေရာ့ဗ္ဆုမ်ား ခ်ီးျမင့္ေလ့ရွိသည္။ ျမန္မာႏိုင္ငံ၏ ႏိုင္ငံေတာ္အတိုင္ပင္ခံပုဂၢိဳလ္ ေဒၚေအာင္ဆန္းစုၾကည္သည္ ၁၉၉၀ ျပည့္ႏွစ္တြင္ ဆာခါေရာ့ဗ္ဆု ရရွိခဲ့သည္။ ဆာခါေရာ့ဗ္ဆုႏွင့္ ျငိမ္းခ်မ္းေရးႏိုဗယ္ဆု ႏွစ္မ်ဳိးလံုး ရရွိသူ ကမၻာေပၚတြင္ ၅ ဦးသာရွိရာ ေဒၚေအာင္ဆန္းစုၾကည္လည္း အပါအဝင္ျဖစ္သည္။)
ဒြမ္ဘစ္ဟာ့သည္ ဟႏြိဳင္းျမိဳ ႔ေတာ္မွ ၁၀ မိုင္ခန္႔ ေဝးကြာေသာ Hà Tây ျမိဳ ႔ကေလးတြင္ ေမြးဖြားသူျဖစ္ျပီး သူ၏ ပညာရည္ထူးခၽြန္မႈေၾကာင့္ အေမရိကန္ျပည္ေထာင္စုသို႔ ရာႏႈန္းျပည့္ပညာသင္ဆုရရွိကာ ၁၉၇၁ ခုႏွစ္တြင္ ဖေလာ္ရီဒါ ျပည္နယ္တကၠသိုလ္မွ ပီအိတ္ခ်္ဒီဘြဲ႔ ရခဲ့သည္။
ထိုႏွစ္ထဲတြင္ပင္ ဗီယက္နမ္သို႔ ျပန္လာခဲ့ျပီး ပါေမာကၡတစ္ဦးျဖစ္လာကာ ဆိုင္ဂုန္တြင္ တစ္ခုတည္းေသာ ဗုဒၶတကၠသိုလ္ျဖစ္သည့္ Van Hanh ဗုဒၶတကၠသိုလ္တြင္ ဒုတိယဥကၠဌျဖစ္လာခဲ့သည္။
ဒြမ္ဘစ္ဟာ့သည္ တကၠသိုလ္မဂၢဇင္းျဖစ္ေသာ Tu Tuong (အေတြးအျမင္ဟု အဓိပၸာယ္ရ) မဂၢဇင္းတြင္လည္း အယ္ဒီတာ တာဝန္ယူခဲ့ေသးသည္။
ဗီယက္နမ္ ျပည္တြင္းစစ္ျပီးလုခ်ိန္ ၁၉၇၅ ခုႏွစ္၊ ဧျပီလတြင္ကား ဆိုင္ဂံုျမိဳ ႔ၾကီးကို ေတာင္ပိုင္းဗီယက္နမ္တပ္မ်ားက လက္လႊတ္လိုက္ရျပီးေနာက္ ေျမာက္ပိုင္းကြန္ျမဴနစ္တို႔ လက္ေအာက္တို႔ က်ေရာက္သြားေတာ့သည္။
Van Hanh ဗုဒၶတကၠသိုလ္ကို ကြန္ျမဴနစ္အစိုးရက သိမ္းယူလိုက္ျပီး တကၠသိုလ္အေဆာက္အအံုမ်ားမွာ အေဆာင္မ်ားအျဖစ္ ေျပာင္းလဲျခင္း ခံလိုက္ရသည္။
ဒြမ္ဘစ္ဟာ့ကို စီအိုင္ေအ၏ သူလွ်ိဳမျဖစ္ႏိုင္ေသာ္လည္း တခ်ိန္တြင္ သူလွ်ိဳျဖစ္လာႏိုင္သူတစ္ဦးဟု သတ္မွတ္ကာ ဖမ္းဆီးခဲ့ျပီး ၁၉၇၆ ခုႏွစ္၊ ၾသဂုတ္လ ၂၉ ရက္တြင္ ပညာေပးစခန္းသို႔ ပို႔ေဆာင္ျခင္းခံခဲ့ရသည္။
ပညာေပးစခန္းဟူသည္မွာ အမည္ခံသာျဖစ္ျပီး အက်ဥ္းေထာင္သာ ျဖစ္ေလသည္။
ဒြမ္ဘစ္ဟာ့သည္ တရားရံုးတင္စစ္ေဆးျခင္းမရွိဘဲ ပညာေပးစခန္းသို႔ ပို႔ေဆာင္ခံရျပီး ၁၂ ႏွစ္တာ ေနထိုင္ခဲ့ရသည္။ …….ေထာင္ထဲတြင္ အျခားအက်ဥ္းသား ၄၀ ႏွင့္အတူ အခန္းတစ္ခုထဲတြင္ ေရာေႏွာေနထိုင္ခဲ့ရ၏။
ဒြမ္ဘစ္ဟာ့သည္ သူ၏လုပ္ေဆာင္ခ်က္မ်ားအတြက္ ႏိုင္ငံတကာဆုတံဆိပ္မ်ားစြာ ခ်ီးျမွင့္ျခင္းခံခဲ့ရရာ ေထာင္ဒဏ္ခ်မွတ္ခံေနရစဥ္ ကာလမ်ားတြင္လည္း ဆုတံဆိပ္မ်ား ရရွိခဲ့သည္။
၂၀၀၀ ျပည့္ႏွစ္တြင္ ႏိုင္ငံတကာ သတင္းမီဒီယာသိပၸံက ၂၀ ရာစု ကမၻာ့သတင္းလြတ္လပ္ခြင့္ သူရဲေကာင္း ၅၀ ဦးစာရင္းတြင္ ဒြမ္ဘစ္ဟာ့ကို ထည့္သြင္းသတ္မွတ္ခဲ့သည္။
ယခုမွ်ဆိုလွ်င္ ေလာင္ဒြမ့္ဖခင္အေၾကာင္း အတန္မွ် ရိပ္စားမိေလာက္ျပီ ျဖစ္သည္။
ေလာင္ဒြမ္၏ ဘဝတြင္ ျပင္းျပသည့္ ဆႏၵတစ္ခုမွာ အျခားသူမ်ားကို ကူညီေစာင္မလိုျခင္း ျဖစ္သည္။
ထိုသို႔ ကူညီႏိုင္ရန္အတြက္ ေလာင္ဒြမ္က အိမ္ျခံေျမကို လမ္းေၾကာင္းတစ္ခုအျဖစ္ ေရြးခ်ယ္ခဲ့သည္။
ေလာင္ဒြမ္သည္ ဗီယက္နမ္မွ ေလွကေလးျဖင့္ စြန္႔စြန္႔စားစား ထြက္ေျပးခဲ့သည့္ ၁၂ ႏွစ္အရြယ္ ကေလးငယ္တစ္ဦးဘဝ၊ ဒုကၡသည္စခန္းတြင္ ေနထိုင္ရသည့္ဘဝမ်ဳိးမွ သန္းၾကြယ္သူေဌးအျဖစ္သို႔ ေရာက္ေအာင္ ေလွ်ာက္လွမ္းခဲ့ရသည့္ ခရီးကားရွည္လ်ားလွသည္။
(၁၉၇၅ ခုႏွစ္၊ ဧျပီလ- ဗီယက္နမ္ႏိုင္ငံ)
ေအးခ်မ္းသာယာလွေသာ ဘဝျဖင့္မ်ဳိးျဖင့္ လူ႔ဘဝခရီးကို စတင္ခဲ့ရသည့္ ေလာင္ဒြမ္သည္ ငယ္စဥ္ကတည္းကပင္ ဘဝတစ္ဆစ္ခ်ဳိး အေျပာင္းအလဲၾကီးႏွင့္ ရင္ဆိုင္ခဲ့ရ၏။
ဖခင္ၾကီးအတြက္ ပူေဆြးေသာက ေဝဒနာမ်ားၾကားမွ အားတင္းရုန္းထခဲ့ျပီး ကေလးငယ္တစ္ဦးအရြယ္သာ ရွိေသးသည့္ ေလာင္ဒြမ္မွာ ညီငယ္ ႏွစ္ဦးအတြက္ အစ္ကိုၾကီးအဖအရာ ေနရာကိုလည္းေကာင္း၊ မိသားစုရွင္သန္ရပ္တည္ႏိုင္ေရးအတြက္ မိခင္ၾကီးႏွင့္ အတူ ရုန္းကန္ရန္အတြက္လည္းေကာင္း ၾကီးေလးေသာတာဝန္မ်ား သူ၏ပုခံုးေပၚ က်ေရာက္လာေလသည္။
ေလာင္ဒြမ္၏ မိခင္မွာ အလုပ္ ၂ ခုလုပ္ကိုင္ရ၏။ ေလာင္ဒြမ္က ေန႔စဥ္ေန႔တိုင္း ေက်ာင္းဆင္းခ်ိန္ေရာက္သည္ႏွင့္ ရိကၡာခြဲတမ္းရရန္ တန္းစီရ၏။
ထိုသို႔ တန္းစီေစာင့္ဆိုင္းရခ်ိန္မွာ ပွ်မ္းမွ်အားျဖင့္ ၃ နာရီမွ ၄ နာရီအၾကား ၾကာျမင့္ေလ့ရွိသည္။
တနလၤာေန႔မ်ားတြင္ ဆန္အနည္းငယ္ ေပးေဝေလ့ရွိျပီး နာရီေပါင္းမ်ားစြာ တန္းစီေစာင့္ဆိုင္းၾကရ၏။
အဂၤ ါေန႔မ်ားတြင္ ဟင္းသီးဟင္းရြက္တခ်ိဳ ႔..အစရွိသျဖင့္ စားေသာက္ကုန္မ်ားကို ေန႔အလိုက္ခြဲျခား ေပးေဝေလ့ရွိသည္။
ဤသည္ကား ကြန္ျမဴနစ္ အစိုးရ လက္ေအာက္တြင္ ေလာင္ဒြမ္၏ ျဖတ္သန္းခဲ့ရပံု ျဖစ္ေလသည္။
ေလာင္ဒြမ္၏ မိဘႏွစ္ဦးလံုးမွာ အေမရိကန္ျပည္ေထာင္စု၊ ဖေလာ္ရီဒါ ျပည္နယ္တကၠသိုလ္တြင္ ရာႏႈန္းျပည့္ ပညာေတာ္သင္ဆု ရရွိခဲ့ၾကကာ ဖခင္မွာ Phd ရရွိခဲ့ျပီး မိခင္မွာ မဟာဘြဲ႔ရရွိခဲ့သည္။
ဗီယက္နမ္ရွိ ထိပ္တန္းတကၠသိုလ္မ်ားမွ ပါေမာကၡမ်ားျဖစ္ၾကသည္။ သို႔ရာတြင္ ဆိုင္ဂံုျမိဳ ႔ၾကီး မက်ဆံုးမီကာလအထိသာ ျဖစ္ခဲ့၏။
ေလာင္ဒြမ္၏ မိဘမ်ားက သားမ်ားကိုလည္း ၎တို႔ေျခရာနင္းကာ ၎တို႔ေလွ်ာက္လွမ္းခဲ့သည့္ လမ္းေၾကာင္းအတိုင္း ေလွ်ာက္ေစလိုသည္။
သို႔ရာတြင္ ေျမာက္ပိုင္းမွ ကြန္ျမဴနစ္မ်ား ဝင္ေရာက္လာခ်ိန္တြင္ကား အရာအားလံုး ေျပာင္းလဲခဲ့ရေတာ့သည္။
လူေနအဆင့္အတန္း မ်ားစြာထိုးက်သြားျပီး ဗီယက္နမ္ျပည္သူမ်ားအတြက္ အေမွာင္မိုက္ဆံုးေန႔ရက္မ်ား က်ေရာက္လာေလသည္။
ျပည္တြင္းစစ္ကာလအတြင္း ဗီယက္နမ္ေတာင္ပိုင္း၏ စီးပြားေရးက႑သို႔ ထည့္ဝင္ရင္းႏွီးျမွဳပ္ႏွံခဲ့သည့္ ေဒၚလာဘီလီယံေပါင္းမ်ားစြာကို ျပန္လည္ရုပ္သိမ္းသြားရာ ဆင္းရဲမြဲေတမႈမွာ ကပ္ေရာဂါတစ္ခုအလား အလ်င္အျမန္ ပ်ံ ႔ႏွံ႔သြား၏။
ေငြေၾကးစနစ္ ကေမာက္ကမျဖစ္ေနျပီး ဗီယက္နမ္ေငြမွာ တန္ဖိုးမရွိသေလာက္ျဖစ္ေနသည္။
လူတိုင္းမွာ အသက္ရွင္ရံုမွ်အတြက္ပင္ ခဲယဥ္းစြာ ရုန္းကန္ေနရျပီး ေမွ်ာ္လင့္ခ်က္မဲ့ဘဝမ်ဳိးျဖင့္ ရွင္သန္ေနၾကရ၏။
ထိုကာလၾကီးအတြင္း သာမန္ဗီယက္နမ္ျပည္သူအမ်ားစု၏ ဘဝမွာ အမိုက္ေမွာင္က်ေနျပီး စိတ္ပ်က္ဖြယ္ အေျခအေနမ်ဳိးျဖစ္ကာ ေလာင္ဒြမ္တို႔မိသားစုမွာမူ ဖခင္အက်ဥ္းခ်ခံရျပီး အမည္မည္းစာရင္းအသြင္းခံထားရျခင္းေၾကာင့္ ဘူးေလးရာဖရံုဆင့္ဆိုသကဲ့သို႔ ပိုမို အခက္ၾကံဳၾကရသည္။
ထိုသို႔ေသာ အေျခအေနမ်ဳိးတြင္ ေလာင္ဒြမ္၏ မိခင္သည္ အေရးၾကီးေသာ ဆံုးျဖတ္ခ်က္တစ္ခုကို ကိုယ္က်ဳိးမငဲ့ဘဲ ဆံုးျဖတ္ခဲ့ရေတာ့သည္။
ေလာင္ဒြမ္မွာ ၁၃ ႏွစ္အရြယ္ေရာက္ေနျပီျဖစ္ျပီး ဘဝသည္ ယခုအတိုင္းဆက္သြားေနပါက တိုးတက္မႈရွိလာေတာ့မည္မဟုတ္ေၾကာင္း မိခင္ၾကီးက ဆင္ျခင္ခဲ့မိျပီး ဗီယက္နမ္မွ ထြက္ေျပးကာ ဘဝသစ္ကို စတင္ရန္ ဆံုးျဖတ္လိုက္ရသည္။
သို႔ရာတြင္ အႏၱရာယ္အလြန္မ်ားျခင္း၊ ကုန္က်စရိတ္မ်ားျခင္းတို႔ေၾကာင့္ မိသားစုဝင္မ်ားမွ တစ္ဦးသာ ထြက္ေျပးရန္ႏွင့္ သားအၾကီးဆံုး ျဖစ္ေသာ ေလာင္ဒြမ္ကို ထြက္ေျပးေစရန္ ဆံုးျဖတ္လိုက္ျခင္း ျဖစ္သည္။
စင္စစ္ကား ေလာင္ဒြမ္ ၁၂ ႏွစ္သားအရြယ္ကတည္းကပင္ မိသားစုလိုက္ ထြက္ေျပးရန္ ၾကိဳးပမ္းခဲ့ၾကဖူးေသးသည္။
ထြက္ေျပးရန္ ေနာက္ဆံုးအခ်ိန္သို႔ေရာက္မွ ေလာင္ဒြမ္၏ မိခင္ၾကီးက စိတ္ကူးေျပာင္းလိုက္ျခင္း ျဖစ္၏။
မိသားစုဝင္အားလံုး အႏၱရာယ္ ၾကံဳရျခင္းမ်ဳိးမျဖစ္ေစရန္ ထိုသို႔ ဆံုးျဖတ္ခဲ့ျခင္းျဖစ္သည္။
ေလာင္ဒြမ္သည္ ဦးေလးႏွင့္ အေဒၚျဖစ္သူတို႔ ေစာင့္ေရွာက္မႈျဖင့္ ထြက္ေျပးခဲ့ေသာ္လည္း ဖမ္းဆီးခံခဲ့ၾကရသည္။
ထိုသို႔ အဖမ္းခံရရာတြင္ ဦးေလးျဖစ္သူမွာ ထြက္ေျပးလြတ္ေျမာက္သြားေသာ္လည္း ေလာင္ဒြမ္မွာ အဖမ္းခံခဲ့ရကာ ရက္ေပါင္းမ်ားစြာ ထိန္းသိမ္းခံခဲ့ရ၏။
ေလာင္ဒြမ္ႏွင့္ အေဒၚျဖစ္သူတို႔ကို ေနပူထဲတြင္ နာရီေပါင္းမ်ားစြာ ထိုင္ခိုင္းထားခဲ့၏။
အေမရိကန္မ်ား လာေရာက္ကယ္တင္ေအာင္ ေစာင့္ေနသင့္ေၾကာင့္လည္း ကြန္ျမဴနစ္စစ္သည္တို႔က ေလွာင္ေျပာင္ခဲ့ၾကသည္။
ေလာင္ဒြမ္သည္ ဗီယက္နမ္မွ ထြက္ေျပးရန္ ႏွစ္ၾကိမ္တုိင္ၾကိဳးပမ္းခဲ့ေသာ္လည္း မေအာင္ျမင္ခဲ့ေခ်။
ထိုသို႔ ထြက္ေျပးမႈေၾကာင့္ ဖမ္းဆီးခံရသူ အမ်ဳိးသမီးႏွင့္ ကေလးငယ္ေပါင္း ၈၀၀၀၀၀ ခန္႔ ရွိခဲ့သည္။
၁၉၈၀ ျပည့္လြန္ကာလမ်ားတြင္ သတင္းမီဒီယာမ်ားတြင္ ဗီယက္နမ္မွ ထြက္ေျပးၾကသူမ်ားအေၾကာင္း အက်ယ္တဝင့္ေဖာ္ျပခဲ့ၾကဖူးသည္။
ေလွျဖင့္ ထြက္ေျပးသူမ်ားသည္ အႏၱရာယ္ေပါင္းမ်ားစြာ၊ ၾကမ္းတမ္းမႈမ်ားစြာႏွင့္ ရင္ဆိုင္ခဲ့ရသည္။
ေသးငယ္လွေသာ ငါးဖမ္းေလွကေလးမ်ားတြင္ မတန္တဆ လူမ်ားျပည့္သိပ္လိုက္ပါၾကရျခင္း၊ မုန္တိုင္းမ်ား၊ ပင္လယ္ဓားျပအႏၱရာယ္၊ အစာေရစာ ငတ္မြတ္ျခင္း အစရွိသည္တို႔ႏွင့္ ရင္ဆိုင္ၾကရသည္။
အခြင့္အလမ္းဆီသို႔ ထြက္ေျပးျခင္း
ေလာင္ဒြမ္သည္ ပင္လယ္ထြက္ရန္ မသင့္ေလ်ာ္ေသာ ေလွတစ္စီးတြင္ အျခားေသာ ဒုကၡသည္ ၁၅၂ ဦးႏွင့္အတူ လိုက္ပါခဲ့၏။
ကေလးဘဝ ဆံုးရံႈးခဲ့ျပီးျဖစ္ေသာ ေလာင္ဒြမ္၏ ပုခံုးေပၚတြင္ မိသားစုတစ္ခုလံုး၏ ေမွ်ာ္လင့္ခ်က္အိပ္မက္မ်ား ထမ္းပိုးထားခဲ့ရ၏။
အျခားေသာ ရြယ္တူကေလးငယ္မ်ား ေပ်ာ္ရႊင္စြာ ေဆာ့ကစားေနခ်ိန္တြင္ ေလာင္ဒြမ္သည္ မိဘအိမ္ႏွင့္ မိသားစုကို ေက်ာခိုင္းခဲ့ရရံုမွ်မက ေအာင္ျမင္ရန္ အလားအလာနည္းပါးလွေသာ၊ အႏၱရာယ္ၾကီးမားလွေသာ ခရီးတြင္ လိုက္ပါေနခဲ့ရသည္။
ထိုသို႔ ေၾကာက္မက္ဖြယ္ခရီးကို သြားေနရေသာ္လည္း ေလာင္ဒြမ္တြင္ ေၾကာက္ရြံ ႔စိတ္ စိုးစဥ္းမွ်မရွိ။
သို႔ရာတြင္ ခရီးစဥ္၏ ေအာင္ျမင္ႏိုင္ေရးမွာ ၅၀ ရာခိုင္ႏႈန္းပင္ မရွိေၾကာင္း ေလာင္ဒြမ္က ေနာင္အခါတြင္ သံုးသပ္ခဲ့မိသည္။
သူ၏ ခရီးတြင္ အႏၱရာယ္မ်ားစြာ ရွိေနေၾကာင္း ေလာင္ဒြမ္သိခဲ့သည္။
အေမရိကန္တို႔ထြက္သြားျပီးေနာက္ ကြန္ျမဴနစ္အစိုးရလက္ထက္ ထုတ္ေဝေသာ ေငြမွာ ေငြေၾကးအလြန္ေဖာင္းပြမႈေၾကာင့္ မ်ားစြာတန္ဖိုးမရွိလွ။
ထို႔ေၾကာင့္ ထြက္ေျပးၾကသူမ်ားသည္ ေငြေၾကးအစား တန္ဖိုးရွိသည့္ပစၥည္းအားလံုးကို တပါတည္းယူေဆာင္လာခဲ့ၾကသည္။
ပင္လယ္ဓားျပမ်ားကလည္း ဗီယက္နမ္မွ ေလွျဖင့္ ထြက္ေျပးေနၾကသူမ်ားတြင္ တန္ဖိုးရွိပစၥည္းမ်ား ပါလာသည္ကို သိၾကသည္။
ထို႔ေၾကာင့္ ပင္လယ္တြင္ လွည့္လည္ေနကာ ထြက္ေျပးသူတို႔၏ ေလွမ်ားကို သားေကာင္ရွာေနၾက၏။
ေတြ႔ရွိပါက တန္ဖိုးရွိပစၥည္းမ်ား လုယက္၊ မိန္းကေလးမ်ားကို အဓမၼျပဳက်င့္ကာ ေလွမ်ားကို ႏွစ္ျမွဳပ္ပစ္ေလ့ရွိၾကသည္။
ေလာင္ဒြမ္တို႔ေလွကေလးကား ကံေကာင္းေထာက္မစြာျဖင့္ပင္ ပင္လယ္ဓားျပတို႔ႏွင့္ ရင္မဆိုင္ခဲ့ရေခ်။
ပင္လယ္ဓားျပတို႔ႏွင့္ ရင္မဆိုင္ရေသာ္လည္း စားနပ္ရိကၡာျပႆနာႏွင့္ ရင္ဆိုင္လာၾကရသည္။
ရက္ေပါင္းမ်ားစြာ ေမ်ာပါေနသည္ျဖစ္ရာ ရိကၡာမွာ တစထက္တစ္စ ေလ်ာ့ပါးလာေနသည္။
ေနာက္ဆံုးတြင္ တစ္ရက္စာ စားစရာႏွင့္ေရသာ က်န္ေတာ့သည့္အခ်ိန္သို႔ ေရာက္လာ၏။
ကံၾကမၼာသည္ ေလာင္ဒြမ္တို႔ကို ထပ္မံမ်က္ႏွာသာ ေပးလိုက္ျပန္သည္။
ထိုေန႔တြင္ပင္ သေဘၤာၾကီးတစ္စင္းက ေလာင္ဒြမ္တို႔၏ ေလွကေလးကို ေတြ႔ျမင္သြားျပီး ေလွေပၚလိုက္ပါလာသူမ်ားကို သေဘၤာေပၚသို႔ တင္ေဆာင္ေခၚယူကာ ကယ္တင္ေပးခဲ့၏။
ယင္းေနာက္ သေဘ္ာၾကီး ေရာက္ရွိေနသည့္ေနရာမွ အနီးဆံုးျဖစ္သည့္ မေလးရွားႏိုင္ငံမွ ဒုကၡသည္စခန္းတစ္ခုသို႔ ပို႔ေဆာင္ေပးခဲ့သည္။
ပင္လယ္ျပင္တြင္ ပင္လယ္ဓားျပတို႔ႏွင့္ရင္ဆိုင္ရမည့္ အႏၱရာယ္၊ ပင္လယ္ထဲတြင္ အစာေရငတ္မြတ္ေသဆံုးရမည့္ေဘးတို႔မွ လြတ္ကင္းခဲ့ျပီျဖစ္သည္။
မေလးရွားမွ ဒုကၡသည္စခန္းမွာ ငရဲကၽြန္း (Hell Island) ဟု အမည္ရသည္။
မေလးရွားဒုကၡသည္စခန္းသို႔ ေရာက္ရွိသည့္ ပထမဆံုးညတြင္ ေလာင္ဒြမ္က သူရင္ဆိုင္ခဲ့ရသည့္ နာက်င္မႈမ်ား၊ အထီးက်န္မႈမ်ား၊ ေၾကာက္ရြံ ႔မႈမ်ားကို ျပန္လည္ေတြးေတာေနမိ၏။
ထိုညသည္ ေလာင္ဒြမ္ကို အမွန္တကယ္ရင့္က်က္သည့္ လူၾကီးတစ္ဦး၏ စိတ္ဓာတ္မ်ဳိး ရရွိေစခဲ့သည့္ ညတစ္ညျဖစ္ေလသည္။
ေလာင္ဒြမ္က ပင္လယ္ကမ္းေျခတြင္ ထိုင္ရင္း ညဥ့္အေမွာင္ ေကာင္းကင္ယံမွ ၾကယ္ပြင့္မ်ားကို ေငးေမွ်ာ္ၾကည့္ေနမိသည္။
သူ႔ကိုခ်စ္ေသာသူ၊ သူကခ်စ္ရသူမ်ားႏွင့္ သူ၏အၾကားတြင္ အေျပာက်ယ္လွေသာ သမုဒၵရာၾကီးတစ္စင္း ပိုင္းျခားထားေလျပီ။ ဘယ္ေသာအခါမွ ျပန္လည္ဆံုစည္းမည္ကိုလည္း သူမသိ။
ဝမ္းနည္းမႈသည္ ရုတ္ခ်ည္းၾကီးစိုးလာကာ ပထမဆံုးအၾကိမ္ ရႈိက္ငိုမိ၏။ ေမြးခ်င္းမ်ားတြင္ သူက အၾကီးဆံုးျဖစ္သည္။
ေယာက်္ားဟူသည္မွာ စိတ္ဓာတ္ခိုင္မာရမည္ျဖစ္ျပီး မငိုေၾကြးရဟု ေလာင္ဒြမ္သိေသာ္လည္း ထိုအခိုက္အတန္႔ေလးတြင္မူ မထိန္းႏိုင္ေတာ့။ ထိုညက တစ္ညလံုး ငိုေၾကြးေနမိခဲ့သည္။
ကြန္ျမဴနစ္တို႔၏ လက္ေအာက္မွ ထြက္လာႏိုင္ေသာေၾကာင့္ ကံေကာင္းသူလား (သို႔မဟုတ္) မိသားစုႏွင့္ ကြဲကြာသြားရျခင္းေၾကာင့္ ကံဆိုးသူလားဟူသည္ကို ေလာင္ဒြမ္မသိပါ။
က်န္ရစ္ခဲ့မည့္ မိခင္ၾကီး ရင္ဆိုင္ရမည့္ ျပႆနာမ်ားကား ၾကီးမားေၾကာင္းလည္း ေလာင္ဒြမ္ေတြးေတာမိသည္။
နံနက္လင္းအားၾကီးအခ်ိန္သို႔ ေရာက္ေသာအခါ ဆံုးျဖတ္ခ်က္တစ္ခုကို ခိုင္မာစြာ ခ်မွတ္လိုက္၏။
ေနာင္အခါတြင္ မည္သည့္အခါမွ် မိမိတစ္ဦးတည္းအတြက္ ဝမ္းနည္းငိုေၾကြးျခင္းမ်ဳိး မျပဳလုပ္ေတာ့ဟု ဆံုးျဖတ္လိုက္သည္။ အနာဂတ္သည္ မိမိအေပၚတြင္သာ မူတည္ေနျပီ မဟုတ္ပါေလာ။
မိမိကိုယ္တိုင္၏ဘဝႏွင့္ မိသားစုအတြက္ စြမ္းႏိုင္သမွ် အရာအားလံုးၾကိဳးပမ္းသြားရန္ ဆံုးျဖတ္လိုက္သည္။
(ႏြံအိုင္မွ ႏွင္းေတာသို႔)
ဗီယက္နမ္မွ ထြက္ေျပးလာၾကသူမ်ားထက္ ေလာင္ဒြမ္အတြက္ ကံေကာင္းသည့္အခ်က္တစ္ခုမွာ အေမရိကန္ျပည္ေထာင္စု၊ မင္နီဆိုးတားျပည္နယ္တြင္ ဦးေလးတစ္ေယာက္ရွိေနျခင္း ျဖစ္သည္။
ေလာင္ဒြမ္သည္ ဒုကၡသည္စခန္းတြင္ တစ္ႏွစ္ခန္႔သာ ေနထိုင္လိုက္ရျပီး ဦးေလး၏ၾကိဳးပမ္းေပးမႈျဖင့္ အေမရိကန္တြင္ ခိုလံႈခြင့္ရခဲ့၏။
ဦးေလးႏွင့္အတူ လြတ္လပ္သာယာသည့္ေျမတြင္ ၾကီးျပင္းလူလားေျမာက္လာေသာ္လည္း ဗီယက္နမ္တြင္ ခ်န္ရစ္ခဲ့ရသည့္ မိသားစုကို တစ္ေန႔မွ် မေမ့။
ေနာင္ႏွစ္အနည္းငယ္ၾကာေသာအခါ ေလာင္ဒြမ္၏ ညီငယ္တစ္ဦး ထပ္မံေရာက္ရွိလာခဲ့၏။
ေလာင္ဒြမ္၏ ရည္မွန္းခ်က္မွာမူ သူ၏ကိုယ္ပိုင္ေနအိမ္တြင္ တစ္မိသားစုလံုး တစုတစည္းတည္း ေနထိုင္ႏိုင္ရန္ ျဖစ္သည္။
အသက္ ၁၈ ႏွစ္အရြယ္တြင္ ေလာင္ဒြမ္ဘြဲ႔ရခဲ့ျပီး ဦးေလးထံမွ ထြက္ခြာကာ ကိုယ့္ဘဝကိုယ္ ရပ္တည္ခဲ့သည္။
ယင္းေနာက္ ညီငယ္ေလးကို အထက္တန္းေက်ာင္းျပီးသည္အထိ ေထာက္ပံ့ေပးခဲ့၏။
ေလာင္ဒြမ္၏ ဖခင္ ဒြမ္ဘစ္ဟာ့ (Doan Viet Hoat ဟု ရိုက္ကာ ဝီကီပီဒီယာတြင္ ရွာေဖြဖတ္ရႈႏိုင္ပါသည္) သည္ ေထာင္ဒဏ္က်ခံ ေနရစဥ္ ကာလအတြင္း ေဆာင္းပါးေပါင္းမ်ားစြာ ေရးသားခဲ့ျပီး စာေရးအလြန္သြက္သူတစ္ဦး ျဖစ္သည္။
လူ႔အခြင့္အေရးႏွင့္ ဒီမိုကေရစီတို႔အေၾကာင္း ေရးသားထားသည့္ သူ၏ ေဆာင္းပါးမ်ားကို ေထာင္အတြင္းမွ ခိုးထုတ္ကာ ကမၻာတစ္ဝန္းရွိ သတင္းမီဒီယာမ်ားတြင္ ပံုႏွိပ္ေဖာ္ျပခဲ့သည္။
အဆိုပါေဆာင္းပါးမ်ားသည္ ဒြမ္ဘစ္ဟာ့အတြက္ ၎၏အေၾကာင္းကို ေဖာ္ျပရံုသက္သက္မွ် မဟုတ္ဘဲ ၎အသက္ရွင္ႏိုင္ရန္ အလြန္အေရးပါေသာ တစ္ခုတည္းေသာ အခြင့္အေရးလည္းျဖစ္သည္။
အဘယ္ေၾကာင့္ဆိုလွ်င္ သူ၏ ေဆာင္းပါးမ်ားေၾကာင့္ ကမၻာက သိလာျပီး ကြန္ျမဴနစ္တို႔အေနျဖင့္ လက္စမေဖ်ာက္ရဲေတာ့ေသာေၾကာင့္ ျဖစ္သည္။
ေလာင္ဒြမ္ အသက္ ၁၆ ႏွစ္သားအရြယ္ေရာက္ေသာအခါ မင္နီဆိုးတားျပည္နယ္အစိုးရအဖြဲ႔ႏွင့္ လူ႔အခြင့္အေရးအဖြဲ႔အစည္းမ်ားက ေလာင္ဒြမ္သည္ နာမည္ေက်ာ္ဗီယက္နမ္ အက်ဥ္းသား ဒြမ္ဘစ္ဟာ့၏ သားျဖစ္ေၾကာင္း သိလာၾကသည္။
ေလာင္ဒြမ္မွာ ႏိုင္ငံေရးအက်ဥ္းသားမ်ားအတြက္ စံနမူနာျပ ရင္ေသြးငယ္ျဖစ္လာခဲ့ျပီး အေမရိကန္ျပည္ေထာင္စုအႏွံ႔အျပားရွိ ေဆြးေႏြးပြဲမ်ားတြင္ တက္ေရာက္စကားေျပာရန္ ဖိတ္ၾကားျခင္းခံရရာ ဝါရွင္တန္ဒီစီျမိဳ ႔ေတာ္ပင္လွ်င္ ပါဝင္သည္။
အဆိုပါ စံနမူနာျပ ရင္ေသြးငယ္ ပံုရိပ္ျဖင့္ ေဆြးေႏြးပြဲမ်ားစြာတြင္ ပါဝင္ခဲ့ျပီးေနာက္ပိုင္း ေလာင္ဒြမ္က သူ၏ ပန္းတိုင္မွာ ကေလးတစ္ဦးအျဖစ္ ရွိေနရန္မဟုတ္ဘဲ မိခင္ၾကီးႏွင့္ အငယ္ဆံုးညီေထြးတို႔ကို အေမရိကန္ျပည္သို႔ ေခၚယူႏိုင္ေရးျဖစ္ေၾကာင္း ျပန္လည္ဆင္ျခင္မိသည္။
ယင္းေနာက္ပိုင္း မိခင္ၾကီးကို ေခၚယူခဲ့ႏိုင္သည္။ ေလာင္ဒြမ္၏ အသက္ ၃၂ ႏွစ္အရြယ္တြင္ ဖခင္ၾကီးျပန္လည္လြတ္ေျမာက္ေရးအတြက္ ညွိႏႈိင္းႏိုင္ခဲ့ျပီး မိသားစုျပန္လည္ေပါင္းစည္းခဲ့ၾကသည္။ (လူေတြကို ကူညီခ်င္တဲ့စိတ္ ကၽြန္ေတာ့္မွာ အခိုင္အမာရွိေနတယ္။ အိမ္ျခံေျမဟာ အလြန္ျမင့္ျမတ္တဲ့ အသက္ေမြးဝမ္းေက်ာင္းအလုပ္ျဖစ္ပါတယ္။ အျခားသူေတြကို အလုပ္အေကၽြးျပဳ ကူညီဖို႔ အေကာင္းဆံုးနည္းလမ္း တစ္ခုလည္း ျဖစ္ပါတယ္)
ေလာင္ဒြမ္သည္ ေက်ာင္းျပီးသြားျပီးေနာက္ပိုင္း အိမ္ျခံေျမကုမၸဏီတစ္ခုသို႔ ဝင္ေရာက္ကာ အက်ဳိးေဆာင္အျဖစ္ ဆယ္စုႏွစ္ တစ္ခုေက်ာ္ၾကာ လုပ္ကိုင္ခဲ့၏။
အိမ္ျခံေျမေလာက အသိအျမင္မ်ား၊ အဆက္အသြယ္မ်ား မ်ားစြာရရွိလာသည္ႏွင့္အတူ ေငြေၾကးလည္း အတန္စုေဆာင္းလာမိသည္။
အိမ္ျခံေျမနယ္တြင္ ၁၅ ႏွစ္ခန္႔လုပ္ကိုင္ခဲ့ျပီးေနာက္ အေရာင္းဘက္သို႔ ကူးေျပာင္းကာ ၂၀၀၉ ခုႏွစ္တြင္ Realty Group အမည္ျဖင့္ အိမ္ျခံေျမကုမၸဏီ တည္ေထာင္ခဲ့သည္။ ပထမ ၄ ႏွစ္တာ ကာလအတြင္း အေရာင္းအဝယ္ေပါင္း ၁၀၀၀ ေက်ာ္ အလုပ္ျဖစ္ခဲ့သည္။
ေနာင္ ၈ ႏွစ္ ၾကာျမင့္ေသာအခါ Realty Group သည္ မင္နီဆိုးတားျပည္နယ္၏ အၾကီးမားဆံုး အိမ္ျခံေျမကုမၸဏီမ်ားတြင္ တစ္ခုအပါအဝင္ ျဖစ္လာသည္။
ဆုတံဆိပ္ေပါင္း မ်ားစြာရရွိခဲ့သည့္အျပင္ ျပည္နယ္အတြင္း တိုးတက္မႈတြင္ နံပါတ္ ၁ အျဖစ္ ရပ္တည္ခဲ့သည္။
မိမိေဘးတြင္ မိမိထက္ ပင္ကိုယ္အရည္အေသြး ပိုမိုထက္ျမက္သူမ်ားသာရွိေၾကာင္း ေလာင္ဒြမ္က မာနကင္းစြာ ေျပာျပသည္။
ပထမဆံုးေက်းဇူးတင္ရမည္မွာ ပထမဆံုးခန္႔ထားခဲ့သည့္ ေအမန္ဒါ မားခ်န္ျဖစ္ျပီး သူမသည္ ကုမၸဏီ၏ အစဦးကာလ ေအာင္ျမင္မႈမ်ားအတြက္ အေရးပါေၾကာင္း ေလာင္ဒြမ္က ဆိုသည္။
ယင္းေနာက္ပိုင္း မိုက္ခ္ ဘာနီယာႏွင့္ ဇနီး ဂ်က္ဆီကာ ဘာနီယာတို႔ကို ခန္႔အပ္ခဲ့ရာ ေလာင္ဒြမ္၏ အက်ိးေဆာင္ကုမၸဏီၾကီး ေအာင္ျမင္တိုးတက္မႈမ်ား ရေစရန္ အမွန္တကယ္ဝိုင္းဝန္းကူညီေပးခဲ့ၾကျပီး Realty Group ကို ေနာက္တစ္ဆင့္သို႔ ေရာက္ရွိေစရန္ တြန္းတင္ေပးခဲ့ၾကေၾကာင္း ေလာင္ဒြမ္က ေက်းဇူးတင္စကားေျပာၾကား၏။
ေလာင္ဒြမ္အေၾကာင္းသိသူမ်ား၊ သူႏွင့္အတူ လက္တြဲအလုပ္လုပ္ကိုင္ခဲ့ဖူးသူမ်ား ေျပာျပသည္ကား ေလာင္ဒြမ္၏ ေအာင္ျမင္မႈ လွ်ိဳ ႔ဝွက္ခ်က္မွာ “အျခားသူမ်ားကို ကူညီလိုသည့္ စိတ္ရင္းေကာင္းရွိျခင္း” ျဖစ္သည္ဟု ဆိုသည္။
သူ၏ အိမ္ျခံေျမကုမၸဏီႏွင့္ စပ္လ်ဥ္းျပီး ေလာင္ဒြမ္၏ အျမင္မွာ ဝန္ထမ္းမ်ားအတြက္ သာယာေကာင္းမြန္ကာ အျပဳသေဘာေဆာင္သည့္ ဝန္းက်င္မ်ဳိးဖန္တီးေပးရန္၊ ကုမၸဏီမွ မည္သူမွ် ထြက္လိုစိတ္မရွိေစရန္ႏွင့္ ဝန္ထမ္းတိုင္း ေအာင္ျမင္မႈမ်ား ရေစရန္ ဖန္တီးေပးေရး ျဖစ္သည္။
သူ၏ မူဝါဒ ေကာင္းစြာအလုပ္ျဖစ္ခဲ့ပါ၏။
ေလာင္ဒြမ္၏ ကုမၸဏီတြင္ ဝန္ထမ္းတိုင္းကို ကုမၸဏီတစ္ခု၏ အမႈေဆာင္အရာရွိခ်ဳပ္ကဲ့သို႔ ဆက္ဆံေလ့ရွိျပီး ဝန္ထမ္းတစ္ဦးစီတိုင္း၏ တာဝန္မ်ားအတြက္ လိုအပ္သည္မ်ားအားလံုး ပံ့ပိုးေပးရန္ မိမိတို႔အလုပ္လုပ္ေနၾကျခင္းျဖစ္ေၾကာင္း ေလာင္ဒြမ္က ေျပာဖူးသည္။
ယခုအခါ ေလာင္ဒြမ္၏ ကုမၸဏီမွာ ေအာင္ျမင္မႈမ်ားစြာရရွိေနျပီျဖစ္ေသာ္လည္း ေလာင္ဒြမ္အတြက္ကား မေလးရွား ဒုကၡသည္စခန္းတြင္ ပင္လယ္ကမ္းေျခေဘး၌ ငိုေၾကြးေနခဲ့သည့္ မိတကြဲဖတကြဲ အထီးက်န္ ကေလးငယ္တစ္ဦး၏ စိတ္သေဘာႏွင့္ မည္သို႔မွ် ျခားနားေျပာင္းလဲသြားျခင္းမရွိ၊ မာန္မာန ေထာင္လႊားျခင္းမ်ား ရွိမေနခဲ့။
ေလာင္ဒြမ္က ေျပာၾကားရာတြင္ ဘဝကို ရုပ္ရွင္ဇာတ္လမ္းတစ္ခုသဖြယ္ မွတ္ယူေၾကာင္း၊ လူတိုင္းသည္ မိမိဘဝရုပ္ရွင္တြင္ ကိုယ္တိုင္ပင္ ဇာတ္ညႊန္းေရးဆရာ၊ ဒါရိုက္တာ၊ သရုပ္ေဆာင္မ်ားျဖစ္ေၾကာင္း ၊ ဇာတ္လမ္းသြားကို မႏွစ္သက္ပါက မိမိကိုယ္တိုင္ ေျပာင္းလဲေရးသား၍ ရေၾကာင္း ေျပာၾကားဖူးသည္။
ဘဝဟူသည္မွာ ခရီးသြားေနျခင္းမ်ဳိးလည္း ျဖစ္ေၾကာင္း၊ လမ္းဆံုးသို႔ေရာက္ခ်ိန္မွာ ဘဝခရီး အဆံုးသတ္ခ်ိန္ပင္ျဖစ္ေၾကာင္း၊ ကမၻာေျမေပၚတြင္ ဘဝခရီးရွည္ၾကီးခ်ီတက္ေနစဥ္အတြင္း မည္သည့္အရာမ်ားလုပ္ေဆာင္ခဲ့သည္ဟူေသာ သမိုင္းက အေရးၾကီးေၾကာင္းလည္း ေလာင္ဒြမ္က ဆိုသည္။
ပင္လယ္ကမ္းေျခတြင္ ငိုေၾကြးေနခဲ့ဖူးေသာ ကေလးငယ္၊ အိမ္ျခံေျမအက်ဳိးေဆာင္အလုပ္ကို ႏွစ္ေပါင္းမ်ားစြာ လုပ္ကိုင္ခဲ့ျပီး ေအာင္ျမင္ေသာ လုပ္ငန္းရွင္ျဖစ္ေနသူ ေလာင္ဒြမ္ထံ အီးေမးလ္ျဖင့္ စာေရးသားဆက္သြယ္လိုပါက long.doan@realtygroupmn.com သို႔ ဆက္သြယ္ႏိုင္ေၾကာင္း သိရသည္။
ေလာင္ဒြမ္သည္ အိမ္ျခံေျမေလာကတြင္ႏွစ္ေပါင္း ၂၅ ႏွစ္ေက်ာ္ လုပ္ကိုင္ခဲ့သူျဖစ္သည္။ မင္နီဆိုးတားျပည္နယ္တြင္သာမက အေမရိကန္ျပည္ေထာင္စုတစ္ခုလံုး၏ ထိပ္တန္းအိမ္ျခံေျမအက်ဳိးေဆာင္မ်ားတြင္ တစ္ဦးအပါအဝင္ျဖစ္၏။
သူသည္ Realty Group ကိုတည္ေထာင္သူ၊ အမႈေဆာင္အရာရွိခ်ဳပ္ျဖစ္၏။ Realty Group သည္ မင္နီဆိုးတားျပည္နယ္တြင္ အလ်င္ျမန္ဆံုးၾကီးထြားတိုးတက္လာေနသည့္ အိမ္ျခံေျမကုမၸဏီျဖစ္ကာ အိမ္ျခံေျမအက်ဳိးေဆာင္မ်ား ေမြးထုတ္၊ ပံ့ပိုးကူညီမႈမ်ား ျပဳလုပ္ေပးလ်က္ရွိေနသည္။
ေလာင္ဒြမ္က သူ၏ ေအာင္ျမင္မႈမ်ားအတြက္ ဇနီးျဖစ္သူ မီရွဲလ္ကို ေက်းဇူးတင္ေၾကာင္း၊ မီရွဲလ္သည္ ယခုကဲ့သို႔ ေအာင္ျမင္မႈမ်ား ရရွိေစရန္ အၾကီးမားဆံုးပံ့ပိုးကူညီေပးခဲ့သူျဖစ္ေၾကာင္း၊ မီရွဲလ္သာ မရွိလွ်င္ ယခုကဲ့သို႔ ေအာင္ျမင္မႈမ်ား ရရွိလာမည္ မဟုတ္ေၾကာင္းလည္း ေလာင္ဒြမ္က ဇနီးျဖစ္သူ၏ ေက်းဇူးကို ထုတ္ေဖာ္ေျပာၾကားသည္။
ေလာင္ဒြမ္က အေမရိကသို႔ ေရာက္ခ်ိန္တြင္ စနစ္တစ္ခု၏ သားေကာင္အျဖစ္ မခံယူဘဲ ဒုကၡအေပါင္းကို ေက်ာ္ျဖတ္ႏိုင္သည့္ ေအာင္ႏိုင္သူဟူေသာ စိတ္ဓာတ္မ်ဳိး (victim to victor mindset) ကိုသာ ေမြးျမဴခဲ့ျခင္း၊ အခက္အခဲ အတားအဆီးမ်ားစြာ ရွိခဲ့ေသာ္လည္း စိတ္ဓာတ္ခိုင္မာစြာျဖတ္သန္းႏိုင္မႈတို႔ေၾကာင့္ ေနာက္ဆံုးတြင္ ေအာင္ျမင္မႈတည္းဟူေသာ ဆုလာဘ္ရရွိခဲ့ျခင္းျဖစ္ေၾကာင္း ေျပာျပဖူးသည္။
ေလာင္ဒြမ္၏ ဘဝဇာတ္ေၾကာင္းမွ ရရွိသည့္သင္ခန္းစာမွာ ကၽြႏု္ပ္တို႔၏ ဘဝကို ကိုယ္တိုင္ထိန္းခ်ဳပ္ပဲ့ကိုင္ ဇာတ္ညႊန္းေရးသားရန္ႏွင့္ ဘဝအခက္အခဲရင္ဆိုင္ရခ်ိန္မ်ားတြင္ မိမိေဘးတြင္အတူရွိေပးမည့္သူမ်ားကို ပိုင္ဆိုင္ထားႏိုင္ရန္တို႔ ျဖစ္သည္။
ေလာင္ဒြမ္သည္ႏွစ္ေပါင္းမ်ားစြာ အိမ္ျခံေျမေလာကတြင္ ျဖတ္သန္းျပီးေနာက္ လူအမ်ားကို ကူညီရန္ဟူေသာ စိတ္ကို အေျခခံကာ Realty Group အမည္ျဖင့္ ကုမၸဏီတစ္ခု တည္ေထာင္ႏိုင္ခဲ့သည္။ သူ၏ ကုမၸဏီတြင္ plug and play partnership model ဟူသည့္ လုပ္ငန္း ပံုစံေဖာ္ေဆာင္ထားျပီး ဝန္ထမ္းအက်ဳိးေဆာင္တစ္ဦးခ်င္းကို ကုမၸဏီ စီအီးအိုမ်ားသဖြယ္ ဆက္ဆံေလ့ရွိသည္ဟု ဆိုသည္။
Realty Group သည္ ဝန္ထမ္းအက်ဳိးေဆာင္မ်ားကို သင္တန္းမ်ားပို႔ခ်ျခင္း၊ အခက္အခဲေက်ာ္လႊားပံုမ်ား သင္ၾကားျခင္း၊ ပံုမွန္ဝင္ေငြ ရရွိေအာင္ ကူညီေပးျခင္းတို႔ ျပဳလုပ္သည္။ ဝန္ထမ္းအက်ဳိးေဆာင္မ်ားအတြက္ အိမ္ျခံေျမလုပ္ငန္းဟူသည္ အလုပ္တစ္ခုဆိုရံုမွ်မက အသက္ေမြးဝမ္းေၾကာင္းတစ္ခုသဖြယ္ ကၽြမ္းက်င္လာေအာင္ ကူညီေပးခဲ့သည္။
ေအာင္ျမင္မႈသို႔ ခ်ီတက္ရာတြင္ မထားရွိရမည့္ စိတ္ဓာတ္မ်ားႏွင့္ စပ္လ်ဥ္းျပီး ေလာင္ဒြမ္ေျပာၾကားထားပံု ဗြီဒီယိုဖိုင္ကို https://www.facebook.com/watch/?v=670745340072106 အင္တာနက္လင့္ခ္တြင္ ၾကည့္ရႈႏိုင္ပါသည္။
ေလာင္ဒြမ္က ေအာင္ျမင္မႈသို႔ ေလွ်ာက္လွမ္းရာတြင္ မိမိ၏ အားသာခ်က္မ်ားကို သိရွိထားရန္ အေရးၾကီးေၾကာင္း ေျပာၾကားသည္။
အခ်ိန္ကို ထိေရာက္စြာသံုးစြဲႏိုင္ရန္အတြက္ မည္သည့္အလုပ္ကို လုပ္ေဆာင္သည္ျဖစ္ေစ စနစ္က်ရန္လိုေၾကာင္း၊ အခ်ိန္သည္ အကန္႔အသတ္ျဖင့္သာ ရရွိျပီး မည္သူမွ် ပိုမရဘဲ လူတိုင္းတစ္ေန႔တာအတြက္ တူညီေသာအခ်ိန္သာ ရရွိေၾကာင္း ေလာင္ဒြမ္က ဆိုသည္။
ေလာင္ဒြမ္၏ အေရးပါေသာ စိတ္ခံယူမႈတစ္ခုမွာ “ေအာင္ျမင္ျခင္း/ သင္ခန္းစာ” ဟူေသာ ခံယူခ်က္ျဖစ္သည္။
လုပ္ငန္းမ်ားတြင္ တခါတရံ ရံႈးနိမ့္မႈမ်ား ရင္ဆိုင္ရေလ့ရွွိသည္။ အေရးၾကီးသည့္အခ်က္မွာ အဆိုပါအေတြ႔အၾကံဳမွ ေလ့လာသင္ယူကာ ေနာင္တစ္ၾကိမ္တြင္ ေအာင္ျမင္မႈရေစမည့္ အခြင့္အလမ္းျမွင့္တင္ေပးရန္ျဖစ္သည္ဟု ေလာင္ဒြမ္က ဆိုသည္။
ေလာင္ဒြမ္၏ အဆိုပါစိတ္ဓာတ္မ်ားႏွင့္ နည္းဗ်ဴဟာမ်ားေၾကာင့္ သူ၏ Realty Group ကုမၸဏီသည္ မင္နီဆိုးတားျပည္နယ္တြင္ ဖြံ႔ျဖိဳးမႈ အလ်င္ျမန္ဆံုးျဖစ္လာခဲ့ျပီး ႏိုင္ငံ၏ အေနာက္ပိုင္းသို႔ လုပ္ငန္းမ်ား ခ်ဲ႕ထြင္ရန္ စီစဥ္လ်က္ရွိကာ ေနာက္ဆံုးတြင္ တစ္ႏိုင္ငံလံုး အတိုင္းအတာအထိ တိုးခ်ဲ႕သြားႏိုင္ရန္ ရည္မွန္းထားသည္။
မိတ္ေဆြသည္ အိမ္ျခံေျမအက်ိဳးေဆာင္လုပ္ငန္း (သို႔) ေဆာက္လုပ္ေရးလုပ္ငန္း လုပ္ကိုင္ေနသူတစ္ဦးျဖစ္ပါက iMyanmarHouse.com (အိုင္ျမန္မာေဟာက္စ္ေဒါ့ကြန္း) မွ သင္၏အိမ္ျခံေျမလုပ္ငန္း အထူးတလည္ ေအာင္ျမင္ႏိုင္ေစရန္အတြက္ ကူညီပံ့ပိုးေပးႏိုင္ပါသည္။ iMyanmarHouse.com (အိုင္ျမန္မာေဟာက္စ္ေဒါ့ကြန္း) ဝဘ္ဆိုက္ႏွင့္ လက္တြဲ၍ အိမ္ျခံေျမလုပ္ငန္းလုပ္ကိုင္ၿပီး ျမန္မာႏိုင္ငံတဝွမ္းလုံးတြင္ေအာင္ျမင္ေနေသာ အက်ိဳးေဆာင္ စုစုေပါင္း (၂၃၀၀) ေက်ာ္ ႏွင့္ ေဆာက္လုပ္ေရးလုပ္ငန္း စုစုေပါင္း (၇၀၀) ေက်ာ္႐ွိပါသည္ ။ iMyanmarHouse.com (အိုင္ျမန္မာေဟာက္စ္ေဒါ့ကြန္း) ဝဘ္ဆိုက္ကို တစ္လလွ်င္ ျပည္တြင္းျပည္ပ မွ လူဦးေရ (၃.၈) သန္းေက်ာ္ ဝင္ေရာက္အသုံးျပဳေနၿပီး ျမန္မာတစ္ႏိုင္ငံလုံးတြင္ နံပါတ္(၁) လူသုံးအမ်ားဆုံး အိမ္ျခံေျမေရာင္းဝယ္ငွားဝဘ္ဆိုက္ ျဖစ္ပါသည္။ ရန္ကုန္ ၊ မႏၲေလး၊ ေငြေဆာင္၊ ေခ်ာင္းသာ၊ ေတာင္ႀကီး၊ ကေလာ၊ ျပင္ဦးလြင္၊ စစ္ေတြ၊ ျမဝတီ အစ႐ွိေသာ ျမန္မာတစ္ႏိုင္ငံလုံးတြင္႐ွိသည့္ အိမ္ျခံေျမစီမံကိန္းမ်ားကို ေရာင္းခ်ေပးေနပါသည္။ သင္၏ အက်ိဳးေဆာင္လုပ္ငန္း (သို႔မဟုတ္) ေဆာက္လုပ္ေရးလုပ္ငန္းေအာင္ျမင္ေစရန္အတြက္ iMyanmarHouse.com (အိုင္ျမန္မာေဟာက္စ္ေဒါ့ကြန္း) ႏွင့္ အခုပင္လွ်င္ ဆက္သြယ္ ေမးျမန္းစုံစမ္းႏိုင္ပါသည္ ။ (Hot Line ဖုန္း : 09-252605671 ~ 5 )
အိမ္ၿခံေျမ ကိစၥအဝဝႏွင့္ ပတ္သက္၍ ဥပေဒအႀကံေပးပညာရွင္မ်ားႏွင့္ ေဆြးေႏြးတိုင္ပင္လိုပါက iMyanmarHouse.com (အိုင္ျမန္မာေဟာက္စ္ေဒါ့ကြန္း) ၏ ဖုန္းနံပါတ္မ်ားျဖစ္ေသာ 09-966901767, 09-268022352 သို႔ ဆက္သြယ္ႏိုင္ပါသည္။ အေသးစိတ္ၾကည့္ရန္ ဤေနရာကို ႏွိပ္ပါ။
ေရာင္းရန္အိမ္ၿခံေျမမ်ားကို သင္စိတ္တိုင္းက် ရွာေဖြရန္အတြက္ ဤေနရာကို ႏွိပ္ပါ။
ငွားရန္အိမ္ၿခံေျမမ်ားကို သင္စိတ္တိုင္းက် ရွာေဖြရန္အတြက္ ဤေနရာကို ႏွိပ္ပါ။
(iMyanmarHouse.com Team မွ ေရးသား ေဖာ္ျပသည္။)
Credit: iMyanmarHouse.com