ပထမဇနီးကြယ္လြန္ၿပီးမွ ေမြးစားခံရေသာ သားသမီးသည္ ေမြးစားဖခင္ ေနာက္အိမ္ေထာင္ျပဳေသာ္ အေမြရခြင့္ရွိပါသလား ?

ပထမဇနီးကြယ္လြန္ၿပီးမွ ေမြးစားခံရေသာ သားသမီးသည္ ေမြးစားဖခင္ ေနာက္အိမ္ေထာင္ျပဳေသာ္ အေမြရခြင့္ရွိပါသလား ? - Property Knowledge in Myanmar from iMyanmarHouse.com
8 Nov 2019 1:04 pm တွင် တင်ခဲ့သည်
2450 ကြိမ် ကြည့်ရှု့ပြီး

ဗဟုသုတ | Posted by အေးမြတ်သူ

### Zawgyi Version ###

႐ုံးခန္းသို႔ စာေရးသူေရာက္ သည့္အခါ ေက်ာင္းေနဖက္ငယ္သူ ငယ္ခ်င္း ဦးတင္ျမင့္ကို ေတြ႕ရသည္။

“သူငယ္ခ်င္း ေရာက္ေနတာ ၾကာၿပီလား”ဟု စာေရးသူက ႀကိဳဆုိ ႏႈတ္ဆက္လုိက္ပါသည္။

“မၾကာေသးပါဘူး။ သူငယ္ခ်င္း တရား႐ုံးမသြားမီ အေရာက္လာခဲ့တာ”

“လာ သူငယ္ခ်င္းထုိင္၊ အေရးတႀကီး ကိစၥရွိလုိ႔လား”

“အေရးႀကီးတယ္ေတာ့ မဟုတ္ပါဘူး။ ဒါေပမယ့္ ေဆြးေႏြးထားတာ ေကာင္းမယ္ထင္လုိ႔”

“အခု ပင္စင္ယူလုိက္ၿပီ မဟုတ္လား”

“ႏွစ္ႏွစ္ခန္႔ရွိေတာ့မယ္”

“သူငယ္ခ်င္းရဲ႕ ဇနီးဆုံးစဥ္က တစ္ေခါက္ပဲ သူငယ္ခ်င္းရဲ႕ အိမ္ကို ေရာက္ခဲ့တာ။ အခု အဲဒီအိမ္မွာေန တာ မဟုတ္လား”

“ဟုတ္ပါတယ္။ ဇနီးကြယ္လြန္တာ ငါးႏွစ္ေက်ာ္သြားၿပီ”

“သူငယ္ခ်င္းမွာ သမီးတစ္ေယာက္ရွိတယ္ မဟုတ္လား”

“သမီးက အိမ္ေထာင္က်သြားၿပီ”

“သူငယ္ခ်င္းနဲ႔အတူေနတာ မဟုတ္လား”

“အတူေနတယ္လုိ႔ပဲ ေျပာရမလား။ သူ႔ခင္ပြန္းက အင္ဂ်င္နီယာဆုိေတာ့ နယ္ဘက္မွာ တာ၀န္က်တယ္။ ဇနီးျဖစ္လာေတာ့ အတူလုိက္ ေနရတာေပါ့”

“ဒါဆုိ သူငယ္ခ်င္းတစ္ေယာက္ တည္းျဖစ္ေနတာေပါ့။ ကုမၸဏီတစ္ခုမွာ အလုပ္၀င္တယ္လုိ႔ ၾကားပါတယ္”

“ဟုတ္ပါတယ္။ စာရင္းကုိင္ခ်ဳပ္ အျဖစ္ အခုတုိင္လုပ္ေနဆဲပါ”

“ေကာင္းပါတယ္။ သူငယ္ခ်င္းက က်န္းမာသန္စြမ္းေနဆဲဆိုေတာ့ ပိုၿပီး အဆင္ေျပမွာပါ”

“အထီးက်န္တဲ့ ေ၀ဒနာသက္ သာတာေပါ့လုိ႔ ေျပာရမွာပဲ”

“ဟုတ္တယ္။ အသက္ႀကီးရင့္ လာတာနဲ႔အမွ် အထီးက်န္တဲ့ဘ၀ကို ရင္ဆုိင္ရဲတဲ့ သတိ္ၱရွိဖုိ႔ အၿမဲေမြးျမဴ ထားရတယ္။ ဒါမွမဟုတ္ရင္ ကုိယ္၀ါသနာပါရာလုပ္ငန္း လူမႈေရး အသုိက္အ၀န္းနဲ႔ ဘာသာေရးဆုိင္ရာ လုပ္ငန္းေတြကို ၀င္ေရာက္ေဆာင္ရြက္တတ္ရတယ္”

“ဟုတ္ပါတယ္။ အလုပ္ကေလးရွိေတာ့ ပတ္၀န္းက်င္လူ႔အသုိက္အ၀န္းနဲ႔ အဆက္မျပတ္ေတာ့ဘူးေပါ့”

“သမီးက လာလုိက္သြားလုိက္ေတာ့ရွိတယ္ မဟုတ္လား”

“လာပါတယ္။ ဒါေပမယ့္ အၿမဲေတာ့ မေနႏုိင္ဘူးေပါ့”

“ဟုတ္ပါတယ္။ အရြယ္ေရာက္ေတာ့လည္း သူ႔လမ္းသူသြားၾကတာ ဓမၼတာပဲေလ။ အျပစ္တင္လုိ႔ေတာ့ မျဖစ္ဘူး ေပါ့။ မိဘတုိင္းႀကံဳေတြ႕ၾကရတဲ့ ကိစၥမဟုတ္လား”

“မွန္ပါတယ္။ သူငယ္ခ်င္းမုိ႔ ပြင့္ပြင့္လင္းလင္းေျပာရမယ္ဆုိရင္ သမီးအရင္း မဟုတ္ဘူး”

“ငယ္ငယ္ကတည္းက အတူေန တာ မဟုတ္လား။ သမီးရင္းလုိ႔ပဲ သိထားတာ”

“ကုိယ့္အစ္မရဲ႕ သမီးဆုိေတာ့ တူမေတာ့ ေတာ္စပ္ပါတယ္။ အစ္မက သူေမြးဖြားၿပီး တစ္ႏွစ္ခန္႔မွာ ဆုံး ပါးသြားတယ္။ ခင္ပြန္းျဖစ္သူကလည္း ေနာက္အိမ္ေထာင္ျပဳလုိက္ေတာ့ သားသမီးမရေသးတဲ့ တုိ႔လင္မယား ႏွစ္ေယာက္က ေခၚေမြး စားလုိက္တယ္ဆုိပါေတာ့”

“စာခ်ဳပ္စာတမ္းနဲ႔ ကိတိ္ၱမသားသမီးအျဖစ္ ေမြးစားခဲ့တာ မဟုတ္လား”

“မူလကေတာ့ စာခ်ဳပ္စာတမ္း ျပဳလုပ္မထားၾကဘူး။ တုိ႔ဇနီးေမာင္ႏွံ ႏွစ္ေယာက္ကလည္း သားသမီးရ လိမ့္ႏုိးနဲ႔ ေမွ်ာ္လင့္ရင္းေနလာခဲ့တာ ဇနီးျဖစ္သူ ကြယ္လြန္သြားတဲ့အထိ ဆုိပါေတာ့။ ၿပီးေတာ့ ကုိယ့္ဘက္က ေဆြမ်ဳိးျဖစ္ ေနေတာ့ ဇနီးသည္ကုိ အေမြစားအေမြခံအျဖစ္ ေမြးစားပါလုိ႔ ေျပာရမွာအားနာေနတာလည္း ပါတယ္ေပါ့ သူငယ္ခ်င္းရယ္”

“အခုလည္း သမီးတစ္ေယာက္တည္းဆုိေတာ့ သူငယ္ခ်င္းမရွိခဲ့ရင္လည္း သူပဲ ရပုိင္ခြင့္ရွိမွာေလ။ ဘာျပႆနာ ရွိမွာလဲ”

“သာမန္ေမြးစားသားသမီးဆုိရင္ ေမြးစားမိဘကြယ္လြန္သြားပါက အေမြအားလုံးမရဘူးလုိ႔ ေလ့လာသိရွိလုိက္ တယ္။ ဥပေဒအရ အေမြအကုန္မရဘူးလုိ႔ ေျပာၾကတယ္။ အဲဒါ ဟုတ္ပါသလား”

“ဥပေဒအရေျပာရမယ္ဆုိရင္ အေမြစားအေမြခံအျဖစ္ စာခ်ဳပ္စာတမ္း မွတ္ပုံတင္ျပဳလုပ္ၿပီး ကိတိ္ၱမသားသမီး အျဖစ္ ေမြးစားျခင္း မဟုတ္က အပတိဌ (ေကာက္ယူေမြးစားျခင္း) လုိ႔ ေခၚပါတယ္။ သူကေတာ့ အေမြဆက္ခံ ခြင့္ အခြင့္အေရးတစ္၀က္ပဲရတယ္”

“ရွင္းျပပါဦး သိထားရတာေပါ့”

“ေမြးစားမိဘမွာ သား၊ သမီး၊ ေျမး၊ ျမစ္နဲ႔ ကိတိ္ၱမေမြးစားသားသမီး မ်ားမရွိတဲ့အခါမွသာ အပတိဌ (ေကာက္ယူ ေမြးစား) သားသမီးက အေမြခံစားခြင့္ရွိမွာ ျဖစ္တယ္။ အေမြ ေ၀စုမွာလည္း ထက္၀က္သာျဖစ္ၿပီး က်န္ထက္၀က္ ကုိ ေမြးစားမိဘရဲ႕ ေဆြမ်ဳိးမ်ားက ရခြင့္ရွိတယ္လုိ႔ ဥပေဒအရ အတိအလင္းသတ္မွတ္ထားပါတယ္။ အဲဒီအေမြ ထက္၀က္ဟာလည္း ေမြး စားမိဘႏွစ္ပါးလုံး ကြယ္လြန္မွရပုိင္ ခြင့္ရွိတယ္လုိ႔ တရား႐ုံးခ်ဳပ္က ဆုံးျဖတ္ထားတဲ့ မဆင့္ႏွင့္ မမကေလး၊ ၁၉၃၉ ခုႏွစ္ ရန္ကုန္စီရင္ထုံး စာမ်က္ႏွာ - ၃၇၈ မွာ ဆုံးျဖတ္ထားပါတယ္”

“အဲဒါနဲ႔ ကုိယ့္တုိ႔ ဇနီးေမာင္ႏွံမရွိရင္ အခက္အခဲရွိမွာပဲလုိ႔ ေတြးဆၿပီး ဇနီးျဖစ္သူ ကြယ္လြန္ေတာ့ ကုိယ္ တစ္ဦးတည္းက ေမြးစားစာခ်ဳပ္ မွတ္ပုံတင္ျပဳလုပ္ ေမြးစားခဲ့တယ္”

“ဒါဆုိရင္ပိုေကာင္းသြားတာေပါ့။ စိတ္ေအးသြားရၿပီ မဟုတ္လား”

“ဒါေပမယ့္ အေျခအေနက ေျပာင္းသြားတယ္ သူငယ္ခ်င္း”

“ေျပာပါဦး ေျပာင္းလဲခ်ိန္ ေရာက္သြားၿပီဆုိပါေတာ့”

“သမီးက အိမ္ေထာင္ျပဳသြားတယ္”

“ဟုတ္ၿပီေလ၊ ဒါလည္း ျပႆနာေတာ့ မရွိပါဘူး။ သမီးရဲ႕ အိမ္ ေထာင္ဖက္ကုိ သူငယ္ခ်င္းက သေဘာမေတြ႕ လုိ႔လား”

“ဒီလုိေတာ့ မဟုတ္ဘူး။ တုိ႔ကုိယ္တုိင္ မၾကာခင္ ႏွစ္လခန္႔က ေနာက္အိမ္ေထာင္ျပဳလုိက္လုိ႔”

“ေၾသာ္ ဒီလုိကိုး၊ ေျပာင္းလဲခ်ိန္ ေရာက္သြားၿပီဆုိပါေတာ့””

စာေရးသူက ဦးတင္ျမင့္ကုိ ရယ္ ရယ္ေမာေမာ ေျပာလုိက္မိသည္။

“သမီးျဖစ္သူက သူ႔အေမေ၀စုကုိ အေမြခဲြေပးဖုိ႔ ေတာင္းဆုိေနလုိ႔ သူငယ္ခ်င္း”

“အေမ့ေ၀စုဆုိတာ ဘယ္အေမ့ ေ၀စုလဲ”

“သူ႔အေမအရင္းဆီက ေ၀စုက မရလုိက္ဘူး။ အိမ္ေထာင္ျပဳခါစဆုိေတာ့လည္း ဘာမွပုိင္ဆုိင္မႈမရွိေတာ့ အေဖရင္း ေနာက္အိမ္ေထာင္ျပဳေပမယ့္ ဘာအေမြမွ မရလုိက္ဘူး။ ဒီေတာ့လည္း ေမြးစားမိခင္ကုိယ့္ရဲ႕ ဇနီးေ၀စုကိုေတာင္းတာေပါ့ သူငယ္ခ်င္းရယ္။ ဘယ္လုိရပုိင္ခြင့္ရွိတယ္ဆုိတာ သိခ်င္လုိ႔”

“သူငယ္ခ်င္းရဲ႕ ဇနီးကြယ္လြန္မွ သူ ငယ္ခ်င္းတစ္ဦးတည္းက ကိတိ္ၱမ စာခ်ဳပ္ ခ်ဳပ္ဆုိ ေမြးစားတာ မဟုတ္ လား။ ဒါေၾကာင့္ ဥပေဒအရေျပာရရင္ေတာ့ သူငယ္ခ်င္းရဲ႕ ဇနီးနဲ႔က ကိတိ္ၱမသမီးအျဖစ္ မေရာက္ခဲ့ဘူး။ ဒါနဲ႔ ပတ္သက္လုိ႔ တရားလႊတ္ေတာ္ခ်ဳပ္က ဆုံးျဖတ္ထားတဲ့ ေဒၚခင္မာခ်ဳိႏွင့္ ဦးၫြန္႔ေအာင္ ၂၀၁၈ ခုႏွစ္ ျမန္မာႏုိင္ငံ တရားစီရင္ထုံး၊ စာမ်က္ႏွာ ၁၆ မွာ ပထမဇနီး ကြယ္လြန္ၿပီး ဖခင္တစ္ဦးတည္း ကိတိ္ၱမစာခ်ဳပ္ျဖင့္ ေမြးစားျခင္းခံရသူသည္ ေမြးစားဖခင္ ေနာက္အိမ္ေထာင္ျပဳခ်ိန္တြင္ ဖခင္ထံမွ အေမြေတာင္းခြင့္မရွိလုိ႔ ဆုံး ျဖတ္ထားပါတယ္။ ဒါေၾကာင့္ သူငယ္ခ်င္း မစုိးရိမ္နဲ႔။ သူငယ္ခ်င္း ကြယ္လြန္မွသာ ဖခင္ရဲ႕ ေ၀စုကို မိေထြး ျဖစ္သူထံမွ ေတာင္းပုိင္ခြင့္ရွိမယ္”ဟု အႀကံျပဳေဆြးေႏြးလုိက္ပါသည္။

အိမ္ျခံေျမ ကိစၥအဝဝနွင့္ ပတ္သက္၍ ဥပေဒအၾကံေပးပညာရွင္မ်ားနွင့္ ေဆြးေႏြးတိုင္ပင္လိုပါက iMyanmarHouse.com (အိုင္ျမန္မာေဟာက္စ္ေဒါ႔ကြန္း) ၏ ဖုန္းနံပါတ္မ်ားျဖစ္ေသာ 09-966901767, 09-268022352 သို႔ ဆက္သြယ္ႏိုင္ပါသည္။ အေသးစိတ္ၾကည့္ရန္ ဤေနရာကို ႏွိပ္ပါ။

Credit: ထီယု(ဥပေဒအတုိင္ပင္ခံ)

### Unicode Version ###

ရုံးခန်းသို့ စာရေးသူရောက် သည့်အခါ ကျောင်းနေဖက်ငယ်သူ ငယ်ချင်း ဦးတင်မြင့်ကို တွေ့ရသည်။

“သူငယ်ချင်း ရောက်နေတာ ကြာပြီလား”ဟု စာရေးသူက ကြိုဆို နှုတ်ဆက်လိုက်ပါသည်။

“မကြာသေးပါဘူး။ သူငယ်ချင်း တရားရုံးမသွားမီ အရောက်လာခဲ့တာ”

“လာ သူငယ်ချင်းထိုင်၊ အရေးတကြီး ကိစ္စရှိလို့လား”

“အရေးကြီးတယ်တော့ မဟုတ်ပါဘူး။ ဒါပေမယ့် ဆွေးနွေးထားတာ ကောင်းမယ်ထင်လို့”

“အခု ပင်စင်ယူလိုက်ပြီ မဟုတ်လား”

“နှစ်နှစ်ခန့်ရှိတော့မယ်”

“သူငယ်ချင်းရဲ့ ဇနီးဆုံးစဉ်က တစ်ခေါက်ပဲ သူငယ်ချင်းရဲ့ အိမ်ကို ရောက်ခဲ့တာ။ အခု အဲဒီအိမ်မှာနေ တာ မဟုတ်လား”

“ဟုတ်ပါတယ်။ ဇနီးကွယ်လွန်တာ ငါးနှစ်ကျော်သွားပြီ”

“သူငယ်ချင်းမှာ သမီးတစ်ယောက်ရှိတယ် မဟုတ်လား”

“သမီးက အိမ်ထောင်ကျသွားပြီ”

“သူငယ်ချင်းနဲ့အတူနေတာ မဟုတ်လား”

“အတူနေတယ်လို့ပဲ ပြောရမလား။ သူ့ခင်ပွန်းက အင်ဂျင်နီယာဆိုတော့ နယ်ဘက်မှာ တာဝန်ကျတယ်။ ဇနီးဖြစ်လာတော့ အတူလိုက် နေရတာပေါ့”

“ဒါဆို သူငယ်ချင်းတစ်ယောက် တည်းဖြစ်နေတာပေါ့။ ကုမ္ပဏီတစ်ခုမှာ အလုပ်ဝင်တယ်လို့ ကြားပါတယ်”

“ဟုတ်ပါတယ်။ စာရင်းကိုင်ချုပ် အဖြစ် အခုတိုင်လုပ်နေဆဲပါ”

“ကောင်းပါတယ်။ သူငယ်ချင်းက ကျန်းမာသန်စွမ်းနေဆဲဆိုတော့ ပိုပြီး အဆင်ပြေမှာပါ”

“အထီးကျန်တဲ့ ဝေဒနာသက် သာတာပေါ့လို့ ပြောရမှာပဲ”

“ဟုတ်တယ်။ အသက်ကြီးရင့် လာတာနဲ့အမျှ အထီးကျန်တဲ့ဘဝကို ရင်ဆိုင်ရဲတဲ့ သတ္တိရှိဖို့ အမြဲမွေးမြူ ထားရတယ်။ ဒါမှမဟုတ်ရင် ကိုယ်ဝါသနာပါရာလုပ်ငန်း လူမှုရေး အသိုက်အဝန်းနဲ့ ဘာသာရေးဆိုင်ရာ လုပ်ငန်းတွေကို ဝင်ရောက်ဆောင်ရွက်တတ်ရတယ်”

“ဟုတ်ပါတယ်။ အလုပ်ကလေးရှိတော့ ပတ်ဝန်းကျင်လူ့အသိုက်အဝန်းနဲ့ အဆက်မပြတ်တော့ဘူးပေါ့”

“သမီးက လာလိုက်သွားလိုက်တော့ရှိတယ် မဟုတ်လား”

“လာပါတယ်။ ဒါပေမယ့် အမြဲတော့ မနေနိုင်ဘူးပေါ့”

“ဟုတ်ပါတယ်။ အရွယ်ရောက်တော့လည်း သူ့လမ်းသူသွားကြတာ ဓမ္မတာပဲလေ။ အပြစ်တင်လို့တော့ မဖြစ်ဘူး ပေါ့။ မိဘတိုင်းကြုံတွေ့ကြရတဲ့ ကိစ္စမဟုတ်လား”

“မှန်ပါတယ်။ သူငယ်ချင်းမို့ ပွင့်ပွင့်လင်းလင်းပြောရမယ်ဆိုရင် သမီးအရင်း မဟုတ်ဘူး”

“ငယ်ငယ်ကတည်းက အတူနေ တာ မဟုတ်လား။ သမီးရင်းလို့ပဲ သိထားတာ”

“ကိုယ့်အစ်မရဲ့ သမီးဆိုတော့ တူမတော့ တော်စပ်ပါတယ်။ အစ်မက သူမွေးဖွားပြီး တစ်နှစ်ခန့်မှာ ဆုံး ပါးသွားတယ်။ ခင်ပွန်းဖြစ်သူကလည်း နောက်အိမ်ထောင်ပြုလိုက်တော့ သားသမီးမရသေးတဲ့ တို့လင်မယား နှစ်ယောက်က ခေါ်မွေး စားလိုက်တယ်ဆိုပါတော့”

“စာချုပ်စာတမ်းနဲ့ ကိတ္တိမသားသမီးအဖြစ် မွေးစားခဲ့တာ မဟုတ်လား”

“မူလကတော့ စာချုပ်စာတမ်း ပြုလုပ်မထားကြဘူး။ တို့ဇနီးမောင်နှံ နှစ်ယောက်ကလည်း သားသမီးရ လိမ့်နိုးနဲ့ မျှော်လင့်ရင်းနေလာခဲ့တာ ဇနီးဖြစ်သူ ကွယ်လွန်သွားတဲ့အထိ ဆိုပါတော့။ ပြီးတော့ ကိုယ့်ဘက်က ဆွေမျိုးဖြစ် နေတော့ ဇနီးသည်ကို အမွေစားအမွေခံအဖြစ် မွေးစားပါလို့ ပြောရမှာအားနာနေတာလည်း ပါတယ်ပေါ့ သူငယ်ချင်းရယ်”

“အခုလည်း သမီးတစ်ယောက်တည်းဆိုတော့ သူငယ်ချင်းမရှိခဲ့ရင်လည်း သူပဲ ရပိုင်ခွင့်ရှိမှာလေ။ ဘာပြဿနာ ရှိမှာလဲ”

“သာမန်မွေးစားသားသမီးဆိုရင် မွေးစားမိဘကွယ်လွန်သွားပါက အမွေအားလုံးမရဘူးလို့ လေ့လာသိရှိလိုက် တယ်။ ဥပဒေအရ အမွေအကုန်မရဘူးလို့ ပြောကြတယ်။ အဲဒါ ဟုတ်ပါသလား”

“ဥပဒေအရပြောရမယ်ဆိုရင် အမွေစားအမွေခံအဖြစ် စာချုပ်စာတမ်း မှတ်ပုံတင်ပြုလုပ်ပြီး ကိတ္တိမသားသမီး အဖြစ် မွေးစားခြင်း မဟုတ်က အပတိဌ (ကောက်ယူမွေးစားခြင်း) လို့ ခေါ်ပါတယ်။ သူကတော့ အမွေဆက်ခံ ခွင့် အခွင့်အရေးတစ်ဝက်ပဲရတယ်”

“ရှင်းပြပါဦး သိထားရတာပေါ့”

“မွေးစားမိဘမှာ သား၊ သမီး၊ မြေး၊ မြစ်နဲ့ ကိတ္တိမမွေးစားသားသမီး များမရှိတဲ့အခါမှသာ အပတိဌ (ကောက်ယူ မွေးစား) သားသမီးက အမွေခံစားခွင့်ရှိမှာ ဖြစ်တယ်။ အမွေ ဝေစုမှာလည်း ထက်ဝက်သာဖြစ်ပြီး ကျန်ထက်ဝက် ကို မွေးစားမိဘရဲ့ ဆွေမျိုးများက ရခွင့်ရှိတယ်လို့ ဥပဒေအရ အတိအလင်းသတ်မှတ်ထားပါတယ်။ အဲဒီအမွေ ထက်ဝက်ဟာလည်း မွေး စားမိဘနှစ်ပါးလုံး ကွယ်လွန်မှရပိုင် ခွင့်ရှိတယ်လို့ တရားရုံးချုပ်က ဆုံးဖြတ်ထားတဲ့ မဆင့်နှင့် မမကလေး၊ ၁၉၃၉ ခုနှစ် ရန်ကုန်စီရင်ထုံး စာမျက်နှာ - ၃၇၈ မှာ ဆုံးဖြတ်ထားပါတယ်”

“အဲဒါနဲ့ ကိုယ့်တို့ ဇနီးမောင်နှံမရှိရင် အခက်အခဲရှိမှာပဲလို့ တွေးဆပြီး ဇနီးဖြစ်သူ ကွယ်လွန်တော့ ကိုယ် တစ်ဦးတည်းက မွေးစားစာချုပ် မှတ်ပုံတင်ပြုလုပ် မွေးစားခဲ့တယ်”

“ဒါဆိုရင်ပိုကောင်းသွားတာပေါ့။ စိတ်အေးသွားရပြီ မဟုတ်လား”

“ဒါပေမယ့် အခြေအနေက ပြောင်းသွားတယ် သူငယ်ချင်း”

“ပြောပါဦး ပြောင်းလဲချိန် ရောက်သွားပြီဆိုပါတော့”

“သမီးက အိမ်ထောင်ပြုသွားတယ်”

“ဟုတ်ပြီလေ၊ ဒါလည်း ပြဿနာတော့ မရှိပါဘူး။ သမီးရဲ့ အိမ် ထောင်ဖက်ကို သူငယ်ချင်းက သဘောမတွေ့ လို့လား”

“ဒီလိုတော့ မဟုတ်ဘူး။ တို့ကိုယ်တိုင် မကြာခင် နှစ်လခန့်က နောက်အိမ်ထောင်ပြုလိုက်လို့”

“သြော် ဒီလိုကိုး၊ ပြောင်းလဲချိန် ရောက်သွားပြီဆိုပါတော့””

စာရေးသူက ဦးတင်မြင့်ကို ရယ် ရယ်မောမော ပြောလိုက်မိသည်။

“သမီးဖြစ်သူက သူ့အမေဝေစုကို အမွေခွဲပေးဖို့ တောင်းဆိုနေလို့ သူငယ်ချင်း”

“အမေ့ဝေစုဆိုတာ ဘယ်အမေ့ ဝေစုလဲ”

“သူ့အမေအရင်းဆီက ဝေစုက မရလိုက်ဘူး။ အိမ်ထောင်ပြုခါစဆိုတော့လည်း ဘာမှပိုင်ဆိုင်မှုမရှိတော့ အဖေရင်း နောက်အိမ်ထောင်ပြုပေမယ့် ဘာအမွေမှ မရလိုက်ဘူး။ ဒီတော့လည်း မွေးစားမိခင်ကိုယ့်ရဲ့ ဇနီးဝေစုကိုတောင်းတာပေါ့ သူငယ်ချင်းရယ်။ ဘယ်လိုရပိုင်ခွင့်ရှိတယ်ဆိုတာ သိချင်လို့”

“သူငယ်ချင်းရဲ့ ဇနီးကွယ်လွန်မှ သူ ငယ်ချင်းတစ်ဦးတည်းက ကိတ္တိမ စာချုပ် ချုပ်ဆို မွေးစားတာ မဟုတ် လား။ ဒါကြောင့် ဥပဒေအရပြောရရင်တော့ သူငယ်ချင်းရဲ့ ဇနီးနဲ့က ကိတ္တိမသမီးအဖြစ် မရောက်ခဲ့ဘူး။ ဒါနဲ့ ပတ်သက်လို့ တရားလွှတ်တော်ချုပ်က ဆုံးဖြတ်ထားတဲ့ ဒေါ်ခင်မာချိုနှင့် ဦးညွန့်အောင် ၂၀၁၈ ခုနှစ် မြန်မာနိုင်ငံ တရားစီရင်ထုံး၊ စာမျက်နှာ ၁၆ မှာ ပထမဇနီး ကွယ်လွန်ပြီး ဖခင်တစ်ဦးတည်း ကိတ္တိမစာချုပ်ဖြင့် မွေးစားခြင်းခံရသူသည် မွေးစားဖခင် နောက်အိမ်ထောင်ပြုချိန်တွင် ဖခင်ထံမှ အမွေတောင်းခွင့်မရှိလို့ ဆုံး ဖြတ်ထားပါတယ်။ ဒါကြောင့် သူငယ်ချင်း မစိုးရိမ်နဲ့။ သူငယ်ချင်း ကွယ်လွန်မှသာ ဖခင်ရဲ့ ဝေစုကို မိထွေး ဖြစ်သူထံမှ တောင်းပိုင်ခွင့်ရှိမယ်”ဟု အကြံပြုဆွေးနွေးလိုက်ပါသည်။

အိမ်ခြံမြေ ကိစ္စအဝဝနှင့် ပတ်သက်၍ ဥပဒေအကြံပေးပညာရှင်များနှင့် ဆွေးနွေးတိုင်ပင်လိုပါက iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ၏ ဖုန်းနံပါတ်များဖြစ်သော 09-966901767, 09-268022352 သို့ ဆက်သွယ်နိုင်ပါသည်။ အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။

Credit: ထီယု(ဥပဒေအတိုင်ပင်ခံ)

 

နောက်ဆုံးရ အိမ်ခြံမြေ ဗဟုသုတများ

KITCHEN ဆေးရောင်ရွေးချယ်မှုအတွက် အကြံပေးမှုတစ်ချို့
KITCHEN ဆေးရောင်ရွေးချယ်မှုအတွက် အကြံပေးမှုတစ်ချို့
စုံလင်ဖွေရှာ အိမ်ခြံမြေဥပဒေရေးရာ
စုံလင်ဖွေရှာ အိမ်ခြံမြေဥပဒေရေးရာ
သာသနာဂရန်မြေ လျှောက်ထားရာတွင် သိရှိထားသင့်သည့် အချက်အလက်များအကြောင်း ဥပဒေဗဟုသုတ အနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။...
သာသနာဂရန်မြေ လျှောက်ထားရာတွင် သိရှိထားသင့်သည့် အချက်အလက်များအကြောင်း ဥပဒေဗဟုသုတ အနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။...
မရွှေ့မပြောင်းနိုင်သောပစ္စည်းကို ကန့်သတ်သည့်ဥပဒေအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြ ပေးလိုက်ပါသည်။...
မရွှေ့မပြောင်းနိုင်သောပစ္စည်းကို ကန့်သတ်သည့်ဥပဒေအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြ ပေးလိုက်ပါသည်။...
၂၀၂၅-၂၀၂၆ ခုနှစ်အတွက် ရန်ကုန်တိုင်း မြို့နယ်စုံ အသစ်ထွက်ရှိလာသော ရာဖြတ်နှုန်းထားများ
၂၀၂၅-၂၀၂၆ ခုနှစ်အတွက် ရန်ကုန်တိုင်း မြို့နယ်စုံ အသစ်ထွက်ရှိလာသော ရာဖြတ်နှုန်းထားများ
မြေယာစီမံခန့်ခွဲမှု စပ်လျဉ်း၍ ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
မြေယာစီမံခန့်ခွဲမှု စပ်လျဉ်း၍ ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
ငွေရေးကြေးရေးဆိုင်ရာအဖွဲ့အစည်း ဥပဒေအကြောင်းကို ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။...
ငွေရေးကြေးရေးဆိုင်ရာအဖွဲ့အစည်း ဥပဒေအကြောင်းကို ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။...
အပတ်စဉ် သိမှတ်ဖွယ်ရာ ဥပဒေအမေးအဖြေကဏ္ဍ
အပတ်စဉ် သိမှတ်ဖွယ်ရာ ဥပဒေအမေးအဖြေကဏ္ဍ
အိမ်ခြံမြေအသိကြွယ်စေဖို့ရာ ဥပဒေအမေးအဖြေကဏ္ဍ
အိမ်ခြံမြေအသိကြွယ်စေဖို့ရာ ဥပဒေအမေးအဖြေကဏ္ဍ
စုပေါင်းပိုင် အဆောက်အအုံနှင့် စပ်လျဉ်း၍ လိုက်နာရမည့် အချက်အလက်များ ဥပဒေဗဟုသုတအအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။...
စုပေါင်းပိုင် အဆောက်အအုံနှင့် စပ်လျဉ်း၍ လိုက်နာရမည့် အချက်အလက်များ ဥပဒေဗဟုသုတအအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။...

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

တောင်အာဖရိကတွင် အမျိုးသမီးတစ်ဦးက သားဖွားအပြီး တစ်လခန့်အကြာတွင် ဗိုက်ထဲ၌ ကလေးတစ်ဦး ကျန်နေသေးကြောင်း တုန်လှုပ်စွာ သိလိုက်ရ
တောင်အာဖရိကတွင် အမျိုးသမီးတစ်ဦးက သားဖွားအပြီး တစ်လခန့်အကြာတွင် ဗိုက်ထဲ၌ ကလေးတစ်ဦး ကျန်နေသေးကြောင်း တုန်လှုပ်စွာ သိလိုက်ရ
ငလျင်လှုပ်ချိန်တွင် နေအိမ် အဆောက်အအုံများကို လေအိတ်ဖြင့် ပင့်မ ပေးထားကာ ထိခိုက်ပျက်စီးမှုမရှိစေရန် ကာကွယ်ပေးသည့် ဂျပန်နည
ငလျင်လှုပ်ချိန်တွင် နေအိမ် အဆောက်အအုံများကို လေအိတ်ဖြင့် ပင့်မ ပေးထားကာ ထိခိုက်ပျက်စီးမှုမရှိစေရန် ကာကွယ်ပေးသည့် ဂျပန်နည
မြေယာစီမံခန့်ခွဲမှု စပ်လျဉ်း၍ ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
မြေယာစီမံခန့်ခွဲမှု စပ်လျဉ်း၍ ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
စုပေါင်းပိုင် အဆောက်အအုံနှင့် စပ်လျဉ်း၍ လိုက်နာရမည့် အချက်အလက်များ ဥပဒေဗဟုသုတအအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
စုပေါင်းပိုင် အဆောက်အအုံနှင့် စပ်လျဉ်း၍ လိုက်နာရမည့် အချက်အလက်များ ဥပဒေဗဟုသုတအအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
အယ်လ်ဆာဗေဒေါနိုင်ငံရှိ သေမင်းတမန် အကျဉ်းစခန်းကြီး၏ ဓာတ်ပုံများ လူမှုကွန်ရက်တွင် ပျံ့နှံ့ဂယက်ရိုက်
အယ်လ်ဆာဗေဒေါနိုင်ငံရှိ သေမင်းတမန် အကျဉ်းစခန်းကြီး၏ ဓာတ်ပုံများ လူမှုကွန်ရက်တွင် ပျံ့နှံ့ဂယက်ရိုက်
ထိုင်း နာမည်ကြီးအဆိုတော် ကောင်းဟွေးရိုင်းက ငလျင်ကြောင့် အဆောက်အအုံပြိုကျသည့်အထဲတွင် မိဘ ၂ ပါး ပါသွားခဲ့ရသည့် ၁၉ နှစ်အရွယ
ထိုင်း နာမည်ကြီးအဆိုတော် ကောင်းဟွေးရိုင်းက ငလျင်ကြောင့် အဆောက်အအုံပြိုကျသည့်အထဲတွင် မိဘ ၂ ပါး ပါသွားခဲ့ရသည့် ၁၉ နှစ်အရွယ
အိမ်သာဆေးသမား၊ လန်ချားဆွဲသူဘဝမှ ဘီလျံနာသူဌေးကြီးဖြစ်လာခဲ့ကာ ပိုင်ဆိုင်သမျှ ယွမ် ၈ ဒသမ ၂ ဘီလီယံကို ဇနီး၊ သားသမီးများအတွက်
အိမ်သာဆေးသမား၊ လန်ချားဆွဲသူဘဝမှ ဘီလျံနာသူဌေးကြီးဖြစ်လာခဲ့ကာ ပိုင်ဆိုင်သမျှ ယွမ် ၈ ဒသမ ၂ ဘီလီယံကို ဇနီး၊ သားသမီးများအတွက်
တရုတ်ပြည်ရှိ လူငယ်တို့မှာ အိမ်ငှားနေထိုင်ခြင်းထက် ဟိုတယ်များတွင် နေထိုင်ကြမှု ပိုမိုများပြားလာလျက်ရှိ၊ ဟိုတယ်တွင် နေထိုင
တရုတ်ပြည်ရှိ လူငယ်တို့မှာ အိမ်ငှားနေထိုင်ခြင်းထက် ဟိုတယ်များတွင် နေထိုင်ကြမှု ပိုမိုများပြားလာလျက်ရှိ၊ ဟိုတယ်တွင် နေထိုင
အိန္ဒိယတွင် အမျိုးသားတစ်ဦးက လက်မထပ်မီ ၁၀ ရက်အလို၌ သတို့သမီးလောင်း၏ မိခင် (ယောက္ခမလောင်း) အား ခိုးပြေးသွားသည့်ဖြစ်ရပ် အိန
အိန္ဒိယတွင် အမျိုးသားတစ်ဦးက လက်မထပ်မီ ၁၀ ရက်အလို၌ သတို့သမီးလောင်း၏ မိခင် (ယောက္ခမလောင်း) အား ခိုးပြေးသွားသည့်ဖြစ်ရပ် အိန
အင်္ဂလန်နိုင်ငံ၊ ဘာမင်ဂန်မြို့တွင် အမှိုက်သိမ်းသမားအားလုံး အလုပ်ထွက်သွားသောကြောင့် တစ်မြို့လုံးရှိ နေအိမ်များရှေ့တွင် အမ
အင်္ဂလန်နိုင်ငံ၊ ဘာမင်ဂန်မြို့တွင် အမှိုက်သိမ်းသမားအားလုံး အလုပ်ထွက်သွားသောကြောင့် တစ်မြို့လုံးရှိ နေအိမ်များရှေ့တွင် အမ
Shwe Wutt Hmone
Aung Theikdi Villa

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service