ဝါကၽြတ္မွာ ေနအိမ္သစ္တစ္လံုးဝယ္ယူေနထုိင္ဖုိ႔အတြက္ ဘာေတြ ျပင္ဆင္ထားရမလဲ…..

ဝါကၽြတ္မွာ ေနအိမ္သစ္တစ္လံုးဝယ္ယူေနထုိင္ဖုိ႔အတြက္ ဘာေတြ ျပင္ဆင္ထားရမလဲ….. - Property Knowledge in Myanmar from iMyanmarHouse.com
22 Oct 2019 1:07 pm တွင် တင်ခဲ့သည်
1494 ကြိမ် ကြည့်ရှု့ပြီး

ဗဟုသုတ | Posted by ဇာနည်ကျော်

### Zawgyi Version ###

ဝါလလည္းကင္းလြတ္လုိ႔ သီတင္းအခ်ိန္အခါသမယကုိလည္း ေက်ာ္လြန္သြားၿပီး အခ်ိန္အခါဆုိေတာ့ ျမန္မာတုိ႔ရဲ႕ ဓေလ့ထံုးတမ္း အစဥ္အလာေတြအတုိင္းပဲ အသိုက္ေျပာင္း၊ ေနရာထုိင္ခင္းေျပာင္း အမႈကိစၥေတြ ျပဳလုပ္ဖုိ႔အခ်ိန္က်ေရာက္ၿပီပဲ ျဖစ္ပါတယ္။ ေနရာထုိင္ခင္း အိုးအိမ္အသစ္ေျပာင္းေရႊ႕ဖုိ႔ စီစဥ္ထားတဲ့သူေတြလည္း ႀကိဳတင္ၿပီးေတာ့ ေနထိုင္မယ့္ အိုးအိမ္ေနရာအသစ္ကုိလည္း ေရြးခ်ယ္ၿပီးေလာက္ၿပီလည္းျဖစ္မွာပါ။ ဒီတစ္ႏွစ္ဝါကၽြတ္မွာေတာ့ ဇနီးေမာင္ႏွံ၊ မိသားစုေတြရဲ႕ ဝင္ေငြေကာင္းလာၿပီး စုေဆာင္းထားတဲ့ ေငြေၾကးစု ေဆာင္းေငြေလးနဲ႔ ေနအိမ္အသစ္တစ္လံုးကုိ ပုိင္ဆုိင္ဝယ္ယူၾကမယ့္ သူေတြလည္း ရွိမွာပါ။ ဒီလုိမ်ိဳး ေနအိမ္သစ္တစ္လံုးကုိဝယ္ယူပုိင္ဆုိင္ေတာ့မယ္ဆုိရင္ သိထားသင့္စရာအခ်က္အလက္ ဗဟုသုတေလးကုိသတိထားႏုိင္ဖုိ႔ ေဖာ္ျပေပးလုိက္ပါတယ္…..

၁။ မိမိတုိ႔ရဲ႕ေငြေၾကးနဲ႔တတ္ႏုိင္တဲ့ ေနအိမ္သစ္တစ္လံုးကုိပဲဝယ္ ယူသင့္ပါတယ္။ လက္ထဲမွာရွိေနတဲ့ ေငြေၾကးပမာဏထက္မ်ား လြန္းတဲ့ အိမ္မ်ိဳးကုိဝယ္ယူဖုိ႔ဆုိတာ သိပ္ၿပီးေတာ့ အဆင္မေျပ ႏုိင္ပါဘူး။ ေငြေၾကးမ်ားလြန္းလုိ႔ ေခ်းငွားတာပဲျဖစ္ျဖစ္၊ အရစ္က်ဝယ္ယူလုိက္ရတာမ်ိဳးက သင့္အတြက္ဝန္ထုပ္ဝန္ပုိးျဖစ္လာႏုိင္ပါတယ္။ အဆင္ေျပမွ ျပန္ၿပီးေပးသြင္းသြားမယ့္ ေငြေၾကးေတြအတြက္ စုိးရိမ္ပူပန္ေနရလုိ႔ သင့္အိမ္ကေလးမွာ စိတ္ေအးေအးေနႏုိင္ မွာ မဟုတ္ပါဘူး။ ဒါ့ေၾကာင့္မုိ႔လုိ႔ မိမိတုိ႔ရဲ႕ေငြေၾကးေလးနဲ႔တတ္ႏုိင္တဲ့ အိမ္သစ္ကေလးတစ္ကုိပဲအေသအခ်ာေရြးခ်ယ္ၿပီး ေနထုိင္ပါ။ ေနာက္ေနာင္ ေငြေၾကးအဆင္ေျပလာတဲ့အခါမွ မိမိေနခ်င္တဲ့အိမ္သစ္ကေလးကုိ ဝယ္ယူလုိ႔ရႏုိင္ပါေသးတယ္။

၂။ စိတ္ခ်ယံုၾကည္ရတဲ့ အိမ္ၿခံေျမအက်ိဳးေဆာင္နဲ႔ တုိင္ပင္ေဆြးေႏြးပါ။ ေမးျမန္းပါ။ အကူအညီယူပါ။ သင္တုိ႔ရဲ႕ အိမ္ၿခံေျမေစ်းကြက္ထဲဝါရင့္ၿပီးေတာ့ စိတ္ခ်ယံုၾကည္ရတဲ့ ပြဲစား၊ အက်ိဳးေဆာင္ကုိပဲ သင့္အိမ္အဝယ္အလုပ္ကုိအပ္ႏွံပါ။ အက်ိဳးေဆာင္၊ ပြဲစားအလုပ္ဆုိတာ မ်ိဳးက ယံုၾကည္ရတစ္ဝက္၊ မယံုၾကည္ရတစ္ဝက္ အလုပ္မ်ိဳးပါ။ ေစ်း ကြက္ထဲမွာ ပြဲတစ္ပြဲစာေလာက္နဲ႔ ပညာျပသြားတတ္တဲ့ ပြဲစားေတြမ်ားပါတယ္။ ဒါ့ေၾကာင့္မုိ႔လုိ႔ စိတ္ခ်ယံုၾကည္ရၿပီး အလုပ္အေၾကာင္းကုိလည္း ေကာင္းေကာင္းနားလည္တဲ့အက်ိဳးေဆာင္ကိုပဲဝယ္ယူဖုိ႔ အိမ္ရွာခုိင္းတာတု႔ိ၊ ေစ်းစကားေျပာအေရာင္းအဝယ္ ညွိႏႈိင္းေဆာင္ ရြက္ေစတာတုိ႔ကုိ ျပဳလုပ္သင့္ပါတယ္။

၃။ ၿပီးျပည့္စံုလြန္းတဲ့ အိမ္ေတြဆုိတာ ေစ်းကြက္ထဲမွာ မရွိဘူးဆုိတာ သင့္အေနန႔ဲ သိထားသင့္ပါတယ္။ သင့္ရဲ႕ ပထမဆံုးဝယ္ယူေနထုိင္မယ့္အိမ္က သင့္စိတ္ကူးအိမ္မက္ထဲကအတုိင္းလည္း ျဖစ္ခ်င္မွျဖစ္ပါလိမ့္မယ္။ အိမ္တစ္လံုးစာေစ်းႏႈန္း၊ အိမ္အက်ယ္၊ ေနရာအစရွိသ ျဖင့္ အခ်က္အလက္ေတြအားလံုးက သင္လုိခ်င္သလုိေတာ့ျဖစ္လာမွာမဟုတ္ပါဘူး။ သင့္ေငြေၾကးနဲ႔ တန္ဖုိးမွ်တဲ့ေနအိမ္တစ္လံုးေတာ့ စီစစ္ၿပီးေတာ့ ေရြးခ်ယ္ဝယ္ယူသင့္ပါတယ္။

၄။ သင့္မိသားစုနဲ႔ သင့္ေတာ္ကုိက္ညီမယ့္ ေနအိမ္တစ္လံုးကုိ ေရြးခ်ယ္ဝယ္ယူပါ။ အကယ္၍ သင္ေကာ၊ သင့္အိမ္က မိသားစုဝင္ ေတြထဲမွာလမ္းသိပ္မသြားလာႏုိင္တဲ့ အသက္ႀကီးသူေတြ၊ ကေလးငယ္ေလးေတြပါလာရင္ အထပ္ျမင့္အိမ္ေတြက အဆင္မေျပႏုိင္ဆုိတာမ်ိဳးပါ။ ေနာက္ၿပီး အိမ္ရဲ႕ျပင္ဆင္မႈေတြ၊အလုပ္ကိစၥအဝဝအတြက္ တာဝန္ယူလုပ္ေပးမယ့္သူမရွိတဲ့ အခါမ်ိဳးေတြအတြက္လည္း အရမ္းႀကီးျပင္ဆင္ျပဳျပင္ေပးေနရမယ့္ အိမ္မ်ိဳးကုိ မေရြးခ်ယ္တာပုိေကာင္းပါတယ္။ အိမ္ရဲ႕အမိုး၊ ေရႏုတ္ေျမာင္း၊ ၿခံဝင္း၊ အစရွိ သျဖင့္ေတြက ျပင္ဆင္ဖုိ႔ဆုိရင္ နည္းနည္းေလးအားစုိက္ပင္ပန္းရႏုိင္ပါတယ္။

၅။ အိမ္နဲ႔ပတ္သက္တဲ့ အခြန္ေတြ၊ ေဆာင္ရမယ့္ အဖုိးအခ၊ အခြန္အခနဲ႔ စာရင္းေတြနဲ႔ပတ္သက္ၿပီးေတာ့အတိအက် သိရွိထားဖုိ႔လိုပါလိမ့္မယ္။ ေျမခြန္၊ ေရခြန္၊ မီးခြန္နဲ႔ တျခားအဖိုးအခ ေပးေဆာင္ရမယ့္ပမာဏနဲ႔ အခ်ိန္၊ ဌာနဆုိင္ရာေတြမွာ သြားေရာက္မွတ္ပံုတင္ရမယ့္ ကိစၥအဝဝအတြက္ကုိလည္း ႀကိဳတင္ေလ့လာသိရွိထားဖုိ႔ လုိပါတယ္။

Credit: iMyanmarHouse.com (iMyanmarHouse.com Team မွ ေရးသား ေဖာ္ျပသည္။)

### Unicode Version ###

ဝါလလည်းကင်းလွတ်လို့ သီတင်းအချိန်အခါသမယကိုလည်း ကျော်လွန်သွားပြီး အချိန်အခါဆိုတော့ မြန်မာတို့ရဲ့ ဓလေ့ထုံးတမ်း အစဉ်အလာတွေအတိုင်းပဲ အသိုက်ပြောင်း၊ နေရာထိုင်ခင်းပြောင်း အမှုကိစ္စတွေ ပြုလုပ်ဖို့အချိန်ကျရောက်ပြီပဲ ဖြစ်ပါတယ်။ နေရာထိုင်ခင်း အိုးအိမ်အသစ်ပြောင်းရွှေ့ဖို့ စီစဉ်ထားတဲ့သူတွေလည်း ကြိုတင် ပြီးတော့ နေထိုင်မယ့် အိုးအိမ်နေရာအသစ်ကိုလည်း ရွေးချယ်ပြီးလောက်ပြီလည်း ဖြစ်မှာပါ။ ဒီတစ်နှစ်ဝါကျွတ်မှာတော့ ဇနီးမောင်နှံ၊ မိသားစုတွေရဲ့ ဝင်ငွေကောင်းလာပြီး စုဆောင်းထားတဲ့ ငွေကြေးစု ဆောင်းငွေလေးနဲ့ နေအိမ်အသစ်တစ်လုံးကို ပိုင်ဆိုင်ဝယ်ယူကြမယ့် သူတွေလည်း ရှိမှာပါ။ ဒီလိုမျိုး နေအိမ်သစ်တစ်လုံးကို ဝယ်ယူပိုင် ဆိုင်တော့မယ်ဆိုရင် သိထားသင့်စရာအချက်အလက် ဗဟုသုတလေးကိုသတိထားနိုင်ဖို့ ဖော်ပြပေးလိုက် ပါတယ်…..

၁။ မိမိတို့ရဲ့ငွေကြေးနဲ့တတ်နိုင်တဲ့ နေအိမ်သစ်တစ်လုံးကိုပဲဝယ် ယူသင့်ပါတယ်။ လက်ထဲမှာရှိနေတဲ့ ငွေကြေးပမာဏထက်များ လွန်းတဲ့ အိမ်မျိုးကိုဝယ်ယူဖို့ဆိုတာ သိပ်ပြီးတော့ အဆင်မပြေ နိုင်ပါဘူး။ ငွေကြေးများလွန်းလို့ ချေးငှားတာပဲဖြစ်ဖြစ်၊ အရစ်ကျဝယ်ယူလိုက်ရတာမျိုးက သင့်အတွက် ဝန်ထုပ်ဝန်ပိုးဖြစ်လာနိုင်ပါတယ်။ အဆင်ပြေမှ ပြန်ပြီးပေးသွင်းသွားမယ့် ငွေကြေးတွေအတွက် စိုးရိမ်ပူပန်နေရလို့ သင့်အိမ်ကလေးမှာ စိတ်အေးအေးနေနိုင် မှာ မဟုတ်ပါဘူး။ ဒါ့ကြောင့်မို့လို့ မိမိတို့ရဲ့ငွေကြေးလေးနဲ့ တတ်နိုင်တဲ့ အိမ်သစ်ကလေးတစ်ကိုပဲအသေအချာရွေးချယ်ပြီး နေထိုင်ပါ။ နောက်နောင် ငွေကြေးအဆင်ပြေလာတဲ့အခါမှ မိမိနေချင်တဲ့အိမ်သစ်ကလေးကို ဝယ်ယူလို့ရနိုင်ပါသေးတယ်။

၂။ စိတ်ချယုံကြည်ရတဲ့ အိမ်ခြံမြေအကျိုးဆောင်နဲ့ တိုင်ပင်ဆွေးနွေး ပါ။ မေးမြန်းပါ။ အကူအညီယူပါ။ သင်တို့ရဲ့ အိမ်ခြံမြေဈေးကွက်ထဲ ဝါရင့်ပြီးတော့ စိတ်ချယုံကြည်ရတဲ့ ပွဲစား၊ အကျိုးဆောင်ကိုပဲ သင့် အိမ်အဝယ် အလုပ်ကိုအပ်နှံပါ။ အကျိုးဆောင်၊ ပွဲစားအလုပ်ဆိုတာ မျိုးက ယုံကြည်ရတစ်ဝက်၊ မယုံကြည်ရတစ်ဝက် အလုပ်မျိုးပါ။ ဈေး ကွက်ထဲမှာ ပွဲတစ်ပွဲစာလောက်နဲ့ ပညာပြသွားတတ်တဲ့ ပွဲစားတွေ များပါတယ်။ ဒါ့ကြောင့်မို့လို့ စိတ်ချယုံကြည်ရပြီး အလုပ်အကြောင်း ကိုလည်း ကောင်းကောင်းနားလည်တဲ့ အကျိုးဆောင်ကိုပဲ ဝယ်ယူဖို့ အိမ်ရှာခိုင်းတာတု့ိ၊ ဈေးစကားပြော အရောင်းအဝယ် ညှိနှိုင်းဆောင် ရွက်စေတာတို့ကို ပြုလုပ်သင့်ပါတယ်။

၃။ ပြီးပြည့်စုံလွန်းတဲ့ အိမ်တွေဆိုတာ ဈေးကွက်ထဲမှာ မရှိဘူးဆိုတာ သင့်အနေနဲ့ သိထားသင့်ပါတယ်။ သင့်ရဲ့ ပထမဆုံးဝယ်ယူနေထိုင်မယ့်အိမ်က သင့်စိတ်ကူးအိမ်မက်ထဲကအတိုင်းလည်း ဖြစ်ချင်မှဖြစ်ပါလိမ့်မယ်။ အိမ်တစ်လုံးစာဈေးနှုန်း၊ အိမ်အကျယ်၊ နေရာအစရှိသ ဖြင့် အချက်အလက်တွေအားလုံးက သင်လိုချင်သလိုတော့ဖြစ်လာ မှာမဟုတ်ပါဘူး။ သင့်ငွေကြေးနဲ့ တန်ဖိုးမျှတဲ့နေအိမ်တစ်လုံးတော့ စီစစ်ပြီးတော့ ရွေးချယ်ဝယ်ယူသင့်ပါတယ်။

၄။ သင့်မိသားစုနဲ့ သင့်တော်ကိုက်ညီမယ့် နေအိမ်တစ်လုံးကို ရွေး ချယ်ဝယ်ယူပါ။ အကယ်၍ သင်ကော၊ သင့်အိမ်က မိသားစုဝင် တွေထဲမှာ လမ်းသိပ်မသွားလာနိုင်တဲ့ အသက်ကြီးသူတွေ၊ ကလေးငယ်လေးတွေပါလာရင် အထပ်မြင့်အိမ်တွေက အဆင်မပြေနိုင်ဆိုတာမျိုးပါ။ နောက်ပြီး အိမ်ရဲ့ပြင်ဆင်မှုတွေ၊ အလုပ်ကိစ္စအဝဝအတွက် တာဝန်ယူလုပ်ပေးမယ့်သူမရှိတဲ့ အခါမျိုးတွေအတွက်လည်း အရမ်းကြီးပြင်ဆင်ပြုပြင်ပေးနေရမယ့် အိမ်မျိုးကို မရွေးချယ်တာပိုကောင်းပါတယ်။ အိမ်ရဲ့အမိုး၊ ရေနုတ်မြောင်း၊ ခြံဝင်း၊ အစရှိ သဖြင့်တွေက ပြင်ဆင်ဖို့ဆိုရင် နည်းနည်းလေးအားစိုက်ပင်ပန်းရနိုင်ပါတယ်။

၅။ အိမ်နဲ့ပတ်သက်တဲ့ အခွန်တွေ၊ ဆောင်ရမယ့် အဖိုးအခ၊ အခွန်အခနဲ့ စာရင်းတွေနဲ့ပတ်သက်ပြီးတော့ အတိအကျ သိရှိထားဖို့လိုပါ လိမ့်မယ်။ မြေခွန်၊ ရေခွန်၊ မီးခွန်နဲ့ တခြားအဖိုးအခ ပေးဆောင်ရမယ့် ပမာဏနဲ့ အချိန်၊ ဌာနဆိုင်ရာတွေမှာ သွားရောက်မှတ်ပုံတင်ရမယ့် ကိစ္စအဝဝအတွက်ကိုလည်း ကြိုတင်လေ့လာ သိရှိထားဖို့ လိုပါတယ်။

Credit: iMyanmarHouse.com (iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)

နောက်ဆုံးရ အိမ်ခြံမြေ ဗဟုသုတများ

တရုတ်ဘီလျံနာကြီး ရစ်ချတ်လျိုက တက္ကသိုလ်တက်စဉ် ယွမ် ၅၀၀ နှင့် ကြက်ဥ ၇၆ လုံး ထောက်ပံ့ပေးခဲ့ ဖူးသော ဇာတိကျေးရွာလေးမှ ရွာသူရွာသားများ၏ ကျေးဇူးကို တုံ့ပြန်သောအားဖြင့် နှစ်သစ်ကူးလက်ဆောင် အဖြစ် တစ်ဦးလျှင် ဒေါ်လာ ၁၄၀၀ စီအပြင် စားသောက်ကုန်၊ အဝတ်အထည်နှင့် အိမ...

တိုယိုတာ ကုမ္ပဏီက ဒေါ်လာ ၁၀ ဘီလီယံ သုံးစွဲကာ ဆောက်လုပ်ထားသော အနာဂတ်မြို့သစ်ကြီးတွင် နည်းပညာသစ်များကို စမ်းသပ်သွားမည်ဖြစ်ရာ နေထိုင်မည့်သူများ ခေါ်ယူလျက်ရှိ...
တိုယိုတာ ကုမ္ပဏီက ဒေါ်လာ ၁၀ ဘီလီယံ သုံးစွဲကာ ဆောက်လုပ်ထားသော အနာဂတ်မြို့သစ်ကြီးတွင် နည်းပညာသစ်များကို စမ်းသပ်သွားမည်ဖြစ်ရာ နေထိုင်မည့်သူများ ခေါ်ယူလျက်ရှိ...
ဟောင်ကောင် ရေကြောင်းရဲအရာရှိတစ်ဦး ၁၀ ဒေါ်လာဖိုး ဖုန်းဆက်ထီထိုးခဲ့ရာ ဒေါ်လာ ၆၉ သန်း Jackpot ဆုကြီး ထီပေါက်...
ဟောင်ကောင် ရေကြောင်းရဲအရာရှိတစ်ဦး ၁၀ ဒေါ်လာဖိုး ဖုန်းဆက်ထီထိုးခဲ့ရာ ဒေါ်လာ ၆၉ သန်း Jackpot ဆုကြီး ထီပေါက်...
ကာဇက်စတန်မှ ရွာကလေးတွင် ရွာသူရွာသားတို့မှာ လမ်းလျှောက်ရင်းပင် ရုတ်တရက် အိပ်ပျော်သွားတတ်ကြပြီး ပြန်နိုးလာချိန်တွင် မည်သည့်အချိန်က အိပ်ပျော်သွားသည်ကို မမှတ်မိကြသည့် ဆန်းကြယ်သော ဖြစ်ရပ်...
ကာဇက်စတန်မှ ရွာကလေးတွင် ရွာသူရွာသားတို့မှာ လမ်းလျှောက်ရင်းပင် ရုတ်တရက် အိပ်ပျော်သွားတတ်ကြပြီး ပြန်နိုးလာချိန်တွင် မည်သည့်အချိန်က အိပ်ပျော်သွားသည်ကို မမှတ်မိကြသည့် ဆန်းကြယ်သော ဖြစ်ရပ်...
ဟယ်ရီဆင်ဖို့ဒ်က တောမီးဦးတည်နေသည့် ဘရန့်ဝုဒ်အရပ်မှ သူ၏ စံအိမ်ဆီသို့ သွားရန် ကြိုးစားရာ ရဲအရာရှိတို့ လိုက်ပါစောင့်ကြပ်ပေးခဲ့...
ဟယ်ရီဆင်ဖို့ဒ်က တောမီးဦးတည်နေသည့် ဘရန့်ဝုဒ်အရပ်မှ သူ၏ စံအိမ်ဆီသို့ သွားရန် ကြိုးစားရာ ရဲအရာရှိတို့ လိုက်ပါစောင့်ကြပ်ပေးခဲ့...
ကယ်လီဖိုးနီးယားတွင် တောမီးကြောင့် အရေးပေါ်အခြေအနေ ကြေညာထားပြီး ညမထွက်ရအမိန့် ထုတ်ပြန်ထားရာ ဒုသမ္မတ ခါမလာဟဲရစ်၏ နေအိမ်အနီး ညဘက် သွားလာသူ ၂ ဦး ဖမ်းဆီးခံရ...
ကယ်လီဖိုးနီးယားတွင် တောမီးကြောင့် အရေးပေါ်အခြေအနေ ကြေညာထားပြီး ညမထွက်ရအမိန့် ထုတ်ပြန်ထားရာ ဒုသမ္မတ ခါမလာဟဲရစ်၏ နေအိမ်အနီး ညဘက် သွားလာသူ ၂ ဦး ဖမ်းဆီးခံရ...
ဂျပန်နိုင်ငံသားများအကြား “အိမ်သာ” ဟု ရည်ညွှန်းပြောဆိုကြသည့် ကျဉ်းမြောင်းလှသော လူနေခန်းလေးများ၊ ဟိုတယ်များ အမြဲပြည့်နေသော ဂျပန်တွင် နိုင်ငံခြားခရီးသွားများ တည်းခိုရန် စိတ်ဝင်စားလျက်ရှိ...
ဂျပန်နိုင်ငံသားများအကြား “အိမ်သာ” ဟု ရည်ညွှန်းပြောဆိုကြသည့် ကျဉ်းမြောင်းလှသော လူနေခန်းလေးများ၊ ဟိုတယ်များ အမြဲပြည့်နေသော ဂျပန်တွင် နိုင်ငံခြားခရီးသွားများ တည်းခိုရန် စိတ်ဝင်စားလျက်ရှိ...
(ထူးထူးခြားခြား အိမ်ခြံမြေဒိုင်ယာရီ) အိန္ဒိယတွင် အိမ်ခြံမြေ Developer တစ်ဦးက ဆောက်လုပ်ရေးအတွက် မြေတူးစဉ် ရွှေအိုးကြီးတစ်လုံး တူးဖော်တွေ့ရှိ...
(ထူးထူးခြားခြား အိမ်ခြံမြေဒိုင်ယာရီ) အိန္ဒိယတွင် အိမ်ခြံမြေ Developer တစ်ဦးက ဆောက်လုပ်ရေးအတွက် မြေတူးစဉ် ရွှေအိုးကြီးတစ်လုံး တူးဖော်တွေ့ရှိ...
မိုက်ခရိုဝေ့(Microwave) နှင့် ပြန်နွှေးပြီး မစားသင့်သော အစာ (၇) မျိုး
မိုက်ခရိုဝေ့(Microwave) နှင့် ပြန်နွှေးပြီး မစားသင့်သော အစာ (၇) မျိုး
အိမ်ခြံမြေအရေး iMyanmarHouse ကို တွေးလိုက်ပါ🤔
အိမ်ခြံမြေအရေး iMyanmarHouse ကို တွေးလိုက်ပါ🤔

ငှါးရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

အင်္ဂလန်တွင် အိမ်သို့ ဧည့်သည်လာလျှင် ၁၀ ပေါင် ကောက်ခံသည့် အိမ်ရှင်အပါအဝင် အိမ်ငှားတို့ ရင်ဆိုင်ရသည့်အဖြစ်များ
အင်္ဂလန်တွင် အိမ်သို့ ဧည့်သည်လာလျှင် ၁၀ ပေါင် ကောက်ခံသည့် အိမ်ရှင်အပါအဝင် အိမ်ငှားတို့ ရင်ဆိုင်ရသည့်အဖြစ်များ
အင်္ဂလန်မှ အိမ်ခြံမြေကျွမ်းကျင်ပညာရှင်တစ်ဦးပြောသော အိမ်အမြန်ဆုံး ရောင်းထွက်ခြင်းနှင့် နေအိမ်တံခါးမကြီး ဆေးရောင်တို့အကြား
အင်္ဂလန်မှ အိမ်ခြံမြေကျွမ်းကျင်ပညာရှင်တစ်ဦးပြောသော အိမ်အမြန်ဆုံး ရောင်းထွက်ခြင်းနှင့် နေအိမ်တံခါးမကြီး ဆေးရောင်တို့အကြား
ဆောက်လုပ်ရေးလုပ်ငန်းများအတွက် CHID ဘဏ်က ချေးငွေထုတ်ပေးလျက်ရှိ
ဆောက်လုပ်ရေးလုပ်ငန်းများအတွက် CHID ဘဏ်က ချေးငွေထုတ်ပေးလျက်ရှိ
၃ နာရီထဲနဲ့ အပြီးဆောက်ကာ ကမ္ဘာ့အမြန်ဆုံးဆောက်လုပ်သောစံအိမ်အဖြစ် ဂင်းနက်စံချိန်တင်ခဲ့တဲ့ အမေရိကန်ပြည်က စံအိမ်ကြီး
၃ နာရီထဲနဲ့ အပြီးဆောက်ကာ ကမ္ဘာ့အမြန်ဆုံးဆောက်လုပ်သောစံအိမ်အဖြစ် ဂင်းနက်စံချိန်တင်ခဲ့တဲ့ အမေရိကန်ပြည်က စံအိမ်ကြီး
တေလာဆွစ်ဖ်က ခရစ္စမတ်ကာလအတွင်း ချစ်သူ Travis Kelce ၏ ဒေါ်လာ ၆ သန်းတန် စံအိမ်ကြီးတွင် နေထိုင်ဖြတ်သန်းမည်
တေလာဆွစ်ဖ်က ခရစ္စမတ်ကာလအတွင်း ချစ်သူ Travis Kelce ၏ ဒေါ်လာ ၆ သန်းတန် စံအိမ်ကြီးတွင် နေထိုင်ဖြတ်သန်းမည်
အမွေမမီမြေးများ အမွေခွဲဝေခြင်းအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသား ဖော်ပြပေးလိုက်ပါသည်။
အမွေမမီမြေးများ အမွေခွဲဝေခြင်းအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသား ဖော်ပြပေးလိုက်ပါသည်။
Tom Hanks ၏ လော့စ်အိန်ဂျလိစံအိမ် တောမီးဘေးမှ အံ့ဖွယ် မီးကွင်းကျန်ရစ်ခဲ့
Tom Hanks ၏ လော့စ်အိန်ဂျလိစံအိမ် တောမီးဘေးမှ အံ့ဖွယ် မီးကွင်းကျန်ရစ်ခဲ့
နတ်သမီးများ ပြန်ခေါ်မှ ရုပ်ရှင်နယ်သို့ ပြန်လာမည်ဟု ကြုံးဝါးခဲ့သော်လည်း ငွေလိုနေသဖြင့် ရုပ်ရှင်နယ်သို့ ခြေပြန်ချလာသူ ဂျင်
နတ်သမီးများ ပြန်ခေါ်မှ ရုပ်ရှင်နယ်သို့ ပြန်လာမည်ဟု ကြုံးဝါးခဲ့သော်လည်း ငွေလိုနေသဖြင့် ရုပ်ရှင်နယ်သို့ ခြေပြန်ချလာသူ ဂျင်
အိမ်ပိုင်ရှင်များသတိထားနိုင်ဖို့ တစ်ထပ်အိမ်ကို အဆင့်မြှင့်တဲ့အခါ ဆောင်ရန်ရှောင်ဖွယ်အချက် ( ၄) ချက်
အိမ်ပိုင်ရှင်များသတိထားနိုင်ဖို့ တစ်ထပ်အိမ်ကို အဆင့်မြှင့်တဲ့အခါ ဆောင်ရန်ရှောင်ဖွယ်အချက် ( ၄) ချက်
တရုတ်ပြည်တွင် တိုက်ခန်းငှားရမ်းနေထိုင်သူတစ်ဦးက ကြက်ခြံအဖြစ် ပြောင်းလဲကာ ကြက်များ မွေးမြူထားရာ အိမ်ရှင်မှာ များစွာ တုန်လှ
တရုတ်ပြည်တွင် တိုက်ခန်းငှားရမ်းနေထိုင်သူတစ်ဦးက ကြက်ခြံအဖြစ် ပြောင်းလဲကာ ကြက်များ မွေးမြူထားရာ အိမ်ရှင်မှာ များစွာ တုန်လှ

နောင်လာမည့် အိမ်ခြံမြေ ပွဲစဉ်များ

Ponnami Estate
Maha Mini Condo

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service