အေမြသည္ စုန္ရမည္ျဖစ္၍ အေမြရခြင့္ မရွိသူက အိမ္ေျမကို မေရာင္းႏုိင္ျခင္း

အေမြသည္ စုန္ရမည္ျဖစ္၍ အေမြရခြင့္ မရွိသူက အိမ္ေျမကို မေရာင္းႏုိင္ျခင္း - Property Knowledge in Myanmar from iMyanmarHouse.com
19 Sep 2019 1:30 pm တွင် တင်ခဲ့သည်
2595 ကြိမ် ကြည့်ရှု့ပြီး

ဗဟုသုတ | Posted by နှင်းအိခင်

### Zawgyi Version ###

တစ္ေန႔ကျဖစ္သည္။ စာေရးသူ၏ စာဖတ္ပရိသတ္တစ္ဦးဟု မိတ္ဆက္၍ စာေရးသူရွိရာ ႐ုံးခန္းသုိ႔ အသက္ ၆၀ ၀န္းက်င္ခန္႔ရွိမည့္ အမ်ဳိးသားတစ္ဦးေရာက္လာပါသည္။

“ကၽြန္ေတာ့္ အမည္က ဦးေက်ာ္ျဖစ္ပါတယ္။ ဆရာ့ေဆာင္းပါးေတြ ဖတ္ျဖစ္ပါတယ္။ အခုကိစၥကို တုိင္ပင္ခ်င္လုိ႔ ဆရာ့ဆီေရာက္လာတာ”

“ဟုတ္ကဲ့ စာဖတ္ပရိတ္သတ္ တစ္ဦးဆုိေတာ့ အကူအညီေပးရမွာေပါ့ဗ်ာ။ ဘာအခက္အခဲကိစ္ၥရွိေနလုိ႔လဲ”

“ကၽြန္ေတာ္က နယ္မွာ တာ၀န္က်ၿပီး ရန္ကုန္ၿမိဳ႕နဲ႔ ေ၀းတာၾကာၿပီ ဆရာ။ ေနာက္လာမယ့္ လပုိင္းမွာ ပင္စင္ယူရ မွာဆုိေတာ့ ရန္ကုန္မွာ ျပန္ေနဖုိ႔ စိတ္ကူးထားတယ္”

“စုေဆာင္းထားေငြနဲ႔ အိမ္၀ယ္ဖုိ႔ စိတ္ကူးထားလုိ႔လား”

“အဲဒီေလာက္ မရွိေသးပါဘူး ဆရာရယ္။ အိမ္ေထာင္ျပဳတာ ေနာက္က်ေတာ့ သားသမီးေတြကလည္း အ ေထာက္အကူမျပဳႏုိင္ေသးဘူး”

“ဟုတ္ကဲ့ ျဖစ္တတ္ပါတယ္။ ဒါေပမယ့္ သားသမီးဆုိတာ မိဘအတြက္ ခြန္အားတစ္ခုပါ”

“ဟုတ္ပါတယ္။ သူတုိ႔ႏွစ္ေယာက္အတြက္ ကၽြန္ေတာ္လည္း ခြန္အားေတြရွိေနတာပါ။ အႀကီးသမီးက မႏၲေလး ေဆးေက်ာင္းမွာ ေနာက္ဆုံးႏွစ္ဆရာ။ သားငယ္ကေတာ့ အေဒၚနဲ႔ ရန္ကုန္မွာလာေနတယ္”

“အေဒၚက ေထာက္ပံ့ေပးထားတယ္ေပါ့”

“ဟုတ္ကဲ့။ အခုကိစၥက ကၽြန္ေတာ့္ညီမ၊ သားရဲ႕ အေဒၚက ကြယ္လြန္သြားလုိ႔ဆရာ”

“ဗ်ာ ဒီေတာ့ ဦးေက်ာ္ရဲဲ႕သားအတြက္ အခက္ေတြ႔သြားၿပီေပါ့”

“ဟုတ္ပါတယ္။ သားက နည္းပညာတကၠသုိလ္မွာ တတိယႏွစ္ ေက်ာင္းသား ဆရာ”

“အေဒၚက တူျဖစ္သူကုိ ေခၚထားတယ္ဆုိေတာ့ အပ်ဳိႀကီးထင္တယ္”

“မုဆုိးမပါ ဆရာ။ အခုသူပုိင္ အိမ္ကုိ ကၽြန္ေတာ္တုိ႔က အေမြဆက္ခံတယ္ မဟုတ္လား”

“အင္း”

စာေရးသူက အနည္းငယ္စဥ္းစားလုိက္သည္။ ဒါေပမယ့္ ေသခ်ာေအာင္ ေမးခြန္းထုတ္လုိက္မိသည္။

“မုဆုိးမအိမ္ဆုိတာက ဘယ္လုိလဲ ရွင္းျပပါဦး။ သားသမီးမက်န္ခဲ့ဘူးလား”

“သူတုိ႔ လင္မယားႏွစ္ေယာက္က သားသမီးမထြန္းကားလုိ႔ ကၽြန္ေတာ့္ သားကို ေမြးစားတယ္ဆုိပါေတာ့။ သူတုိ႔ ဆီေခၚထားၿပီး အစစအရာရာ ေထာက္ပံ့ေက်ာင္းထားေပးတာ ဆရာ။ ဆယ္တန္းလည္း ရန္ကုန္မွာပဲ ေအာင္ တာ”

“သားသမီးအျဖစ္ ေမြးစားတဲ့ စာခ်ဳပ္စာတမ္းမရွိဘူးလား”

“စာခ်ဳပ္စာတမ္းနဲ႔ ကိတိ္ၱမေမြးစားတာေတာ့ မလုပ္ျဖစ္ဘူး ထင္တယ္။ သူ႔ေယာက်္ားရွိေတာ့အားနာၿပီး မလုပ္တာ ျဖစ္မယ္”

“ေနာက္ပုိင္းလည္း မလုပ္ျဖစ္ဘူးထင္တယ္။ မဟုတ္လား”

“သားကုိ ေသခ်ာေမးၾကည့္မွ သိမယ္ ဆရာ။ ဘာပဲျဖစ္ျဖစ္ သားသမီး မက်န္ခဲ့ဘူးဆုိေတာ့ ေမာင္ႏွမသား ခ်င္းက အေမြရတယ္ မဟုတ္လား”

“အိမ္က လုံးခ်င္းအိမ္လား တုိက္ခန္းလား”

“ႏွစ္ထပ္အိမ္ဆရာ။ ဒဂုံၿမိဳ႕သစ္ အေရွ႕ပုိင္းမွာပါ”

“ဒါဆုိရင္ အိမ္နဲ႔ ေျမပုိင္ေပါ့။ ဂရန္ေျမျဖစ္မယ္။ အမည္ေပါက္က ကြယ္လြန္သူ ညီမရဲ႕ အမည္ေပါက္ မဟုတ္ လား”

“ဟုတ္တယ္ ဆရာ။ တူ၀ရီးႏွစ္ေယာက္တည္းဆုိေတာ့ အေပၚထပ္မွာေနတယ္။ ေအာက္ထပ္ေတာ့ ၀င္ေငြရ ေအာင္ဆုိၿပီး အိမ္ငွားထားတယ္ ဆရာ”

“ညီမ က်န္းမာေရးမေကာင္းေတာ့ ကၽြန္ေတာ့္ ညီရဲ႕ မိသားစုက လာေနတယ္”

“ဒါဆုိရင္ ဦးေက်ာ္က ေမာင္ႏွမ ဘယ္ႏွဦးရွိသလဲ”

“သုံးေယာက္ပါ ဆရာ။ ညီအငယ္ဆုံးကေတာ့ ျပည့္စုံတယ္လုိ႔ ဆုိရမယ္။ သားသမီးႏွစ္ဦးလုံးကလည္း ကုမၸဏီ ေတြမွာ အလုပ္လုပ္ၾကတဲ့သူေတြဆုိေတာ့ အဆင္ေျပတယ္လုိ႔ ေျပာရမွာေပါ့။ မိန္းမကလည္း ေရႊဆုိင္ရွိတယ္ ဆရာ။ အခ်ဳိ႕ကေျပာေတာ့ ေမာင္ႏွမေတြျဖစ္လုိ႔ ကၽြန္ေတာ္တုိ႔ ညီအစ္ကုိႏွစ္ေယာက္က ခံစားခြင့္ရွိတယ္လုိ႔ ေျပာတယ္။ ဟုတ္ပါသလား ဆရာ”

“မိဘအေမြဆုိရင္ေတာ့ မွန္ပါတယ္။ သားသမီးသုံးဦးက အေမြဆက္ခံခြင့္ရွိၿပီး က်န္တစ္ဦးမွာ အေမြစား အေမြခံ သားသမီး မက်န္ဘဲ ကြယ္လြန္သြားရင္ေတာ့ က်န္သားသမီးမ်ားက အခ်ဳိးခံက်အေမြဆက္ခံခြင့္ရွိမွာ ျဖစ္ တယ္”

“အခုကိစၥက မိဘပစၥည္းမဟုတ္ဘူးေလ။ ညီမပစၥည္းျဖစ္ေနတယ္ဆုိေတာ့ ဆရာ”

“ဟုတ္ပါတယ္။ ေသခ်ာရွင္းျပရရင္ေတာ့ အဲဒီအေမြပစၥည္းျဖစ္တဲ့ အိမ္နဲ႔ေျမဟာ ဦးေက်ာ္ရဲ႕ ညီမတုိ႔ လင္မယား ပုိင္ျဖစ္တယ္။ ဥပေဒအရ လင္ေယာက်္ားကြယ္လြန္သြားတဲ့အတြက္ လင္ေယာက်္ားရဲ႕ ေ၀စုကုိ ဇနီးျဖစ္သူက အေမြဆက္ခံခြင့္ရမွာျဖစ္တယ္။ ဒါေၾကာင့္ ဦးေက်ာ္ရဲ႕ ညီမက အိမ္နဲ႔ေျမတစ္ခုလုံးကို သူတစ္ဦးတည္း ပုိင္ဆုိင္ ခြင့္ရသြားမွာျဖစ္တယ္။ သားသမီးမက်န္ရစ္တဲ့အတြက္ ဦးေက်ာ္ေျပာသလုိ ေမာင္ႏွမမ်ားထံ အေမြဆင္း သက္မွာျဖစ္ပါတယ္”

“ေအာက္ထပ္မွာ အိမ္ငွားေတြရွိေနေတာ့ ျဖစ္ႏုိင္ရင္ ေရာင္းၿပီး ကၽြန္ေတာ္တုိ႔ ညီအစ္ကိုႏွစ္ေယာက္ အေမြခြဲ လုိက္ခ်င္တယ္”

“ညီျဖစ္သူက ဘာေျပာသလဲ။ ညီျဖစ္သူကေတာ့ မေရာင္းခ်င္ဘူး။ အစ္ကိုတုိ႔ မိသားစုက ေအာက္ထပ္ အိမ္ ငွားကုိ ႏွင္ၿပီးေနေပါ့လုိ႔ ေျပာတယ္”

“အိမ္ငွားျဖစ္သူက အိမ္မွဆင္းေပးမယ့္ အေျခအေနရွိသလား”

“ဒီႏွစ္ကုန္ပုိင္းအထိ စာခ်ဳပ္ ခ်ဳပ္ထားတယ္ေျပာတယ္”

“စိတ္ေတာ့ပ်က္မသြားနဲ႔ ဦးေက်ာ္။ ဥပေဒေၾကာင္းအရ ကၽြန္ေတာ္ေျပာျပမယ့္ ျမန္မာ့ဓေလ့ထုံး တမ္းဥပေဒမွာ အေမြမႈတြင္ စုန္ႏုိင္လွ်င္ မဆန္ရလုိ႔ သတ္မွတ္ထားတယ္။ တစ္နည္းအားျဖင့္ အေမြဆန္ျခင္းကို လက္မခံတဲ့ သေဘာပဲ။ ဒါေပမယ့္ စုန္ႏုိင္တဲ့ ေဆြမ်ဳိးသားခ်င္း မရွိရင္ေတာ့ အေမြရွင္ရဲ႕ အထက္ဘက္ေဆြမ်ဳိးမ်ားကို ဆန္ခြင့္ရွိတယ္”

“ကၽြန္ေတာ္တုိ႔ ကိစၥမွာ ကၽြန္ေတာ္က ေသသူရဲ႕ အႀကီးျဖစ္ေနေတာ့ ရပုိင္ခြင့္ရွိပါ့မလား”

“ကြယ္လြန္သူရဲ႕ ညီ ညီမမ်ားက ကြယ္လြန္သူရဲ႕ အစ္ကို အစ္မမ်ားကုိ အေမြမွ ပယ္ထုတ္ခြင့္ရွိတယ္လုိ႔ ေမာင္တူနဲ႔ မခ်စ္၊ ရန္ကုန္တရား စီရင္ထုံးအတြဲ - ၄၊ စာမ်က္ႏွာ - ၆၂ မွာ အတိအလင္းေဖာ္ျပထားပါတယ္။ ဒါေၾကာင့္ ညီမျဖစ္သူရဲ႕ အေမြကုိ ဦးေက်ာ္ရဲ႕ ညီျဖစ္သူ ကြယ္လြန္သူရဲ႕ ေမာင္က ရပုိင္ခြင့္ရွိမွာ ျဖစ္ပါတယ္”

“ဒါေၾကာင့္မုိ႔ ညီငယ္ မိသားစုက ၀င္ေနတာျဖစ္မယ္ ဆရာ”

“တစ္ခုေတာ့ရွိတာေပါ့ ဦးေက်ာ္”

“ဟုတ္ကဲ့ ေျပာပါဦး ဆရာ”

“ဦးေက်ာ္ရဲ႕ သားကုိ ညီမျဖစ္သူတုိ႔က စာခ်ဳပ္စာတမ္းနဲ႔ ေမြးစားတာ မဟုတ္ေပမယ့္ ပတ္၀န္းက်င္နဲ႔ ေဆြ မ်ဳိးမိတ္ေဆြအားလုံးက ေမြးစားသားအျဖစ္ အသိအမွတ္ျပဳထားရင္ေတာ့ အပတိဌလုိ႔ေခၚတဲ့ ေကာက္ယူေမြး စားသားအျဖစ္ အေမြရခြင့္ရွိမွာ ျဖစ္တယ္”

“ဘယ္လုိ အခြင့္အေရးလဲ ဆရာ”

ေမြးစားမိဘမွာ သားသမီး၊ ေျမးျမစ္ႏွင့္ ကိတိ္ၱမေမြးစားသားသမီးမရွိမွ အပတိဌသားသမီးမ်ား အေမြခံစားခြင့္ရွိၿပီး အေမြေ၀စုမွာ တစ္၀က္သာျဖစ္သည္။ က်န္တစ္၀က္မွာ အေမြရွင္၏ ေဆြမ်ဳိးမ်ားကရသည္လုိ႔ ေမာင္စိန္ႏွင့္ ဦးဖုိး ကို ဘီအယ္တီ (Burma Law Times) အတြဲ - ၁၂ စာမ်က္ႏွာ ၂၃၆ မွာ အတိအလင္းေဖာ္ျပထားပါတယ္။ ဒါေၾကာင့္ ေမြးစားသားျဖစ္ေၾကာင္း အေထာက္အထားတင္ျပႏုိင္ဖုိ႔ လုိပါတယ္”ဟု အႀကံျပဳေဆြးေႏြးလုိက္ပါသည္။

အိမ္ျခံေျမ ကိစၥအဝဝနွင့္ ပတ္သက္၍ ဥပေဒအၾကံေပးပညာရွင္မ်ားနွင့္ ေဆြးေႏြးတိုင္ပင္လိုပါက iMyanmarHouse.com (အိုင္ျမန္မာေဟာက္စ္ေဒါ႔ကြန္း) ၏ ဖုန္းနံပါတ္မ်ားျဖစ္ေသာ 09-966901767, 09-268022352 သို႔ ဆက္သြယ္ႏိုင္ပါသည္။ အေသးစိတ္ၾကည့္ရန္ ဤေနရာကို ႏွိပ္ပါ။

Credit: ထီယု(ဥပေဒအတုိင္ပင္ခံ)

### Unicode Version ###

တစ်နေ့ကဖြစ်သည်။ စာရေးသူ၏ စာဖတ်ပရိသတ်တစ်ဦးဟု မိတ်ဆက်၍ စာရေးသူရှိရာ ရုံးခန်းသို့ အသက် ၆၀ ဝန်းကျင်ခန့်ရှိမည့် အမျိုးသားတစ်ဦးရောက်လာပါသည်။

“ကျွန်တော့် အမည်က ဦးကျော်ဖြစ်ပါတယ်။ ဆရာ့ဆောင်းပါးတွေ ဖတ်ဖြစ်ပါတယ်။ အခုကိစ္စကို တိုင်ပင်ချင်လို့ ဆရာ့ဆီရောက်လာတာ”

“ဟုတ်ကဲ့ စာဖတ်ပရိတ်သတ် တစ်ဦးဆိုတော့ အကူအညီပေးရမှာပေါ့ဗျာ။ ဘာအခက်အခဲကိစ်္စရှိနေလို့လဲ”

“ကျွန်တော်က နယ်မှာ တာဝန်ကျပြီး ရန်ကုန်မြို့နဲ့ ဝေးတာကြာပြီ ဆရာ။ နောက်လာမယ့် လပိုင်းမှာ ပင်စင်ယူရ မှာဆိုတော့ ရန်ကုန်မှာ ပြန်နေဖို့ စိတ်ကူးထားတယ်”

“စုဆောင်းထားငွေနဲ့ အိမ်ဝယ်ဖို့ စိတ်ကူးထားလို့လား”

“အဲဒီလောက် မရှိသေးပါဘူး ဆရာရယ်။ အိမ်ထောင်ပြုတာ နောက်ကျတော့ သားသမီးတွေကလည်း အ ထောက်အကူမပြုနိုင်သေးဘူး”

“ဟုတ်ကဲ့ ဖြစ်တတ်ပါတယ်။ ဒါပေမယ့် သားသမီးဆိုတာ မိဘအတွက် ခွန်အားတစ်ခုပါ”

“ဟုတ်ပါတယ်။ သူတို့နှစ်ယောက်အတွက် ကျွန်တော်လည်း ခွန်အားတွေရှိနေတာပါ။ အကြီးသမီးက မန္တလေး ဆေးကျောင်းမှာ နောက်ဆုံးနှစ်ဆရာ။ သားငယ်ကတော့ အဒေါ်နဲ့ ရန်ကုန်မှာလာနေတယ်”

“အဒေါ်က ထောက်ပံ့ပေးထားတယ်ပေါ့”

“ဟုတ်ကဲ့။ အခုကိစ္စက ကျွန်တော့်ညီမ၊ သားရဲ့ အဒေါ်က ကွယ်လွန်သွားလို့ဆရာ”

“ဗျာ ဒီတော့ ဦးကျော်ရဲ့သားအတွက် အခက်တွေ့သွားပြီပေါ့”

“ဟုတ်ပါတယ်။ သားက နည်းပညာတက္ကသိုလ်မှာ တတိယနှစ် ကျောင်းသား ဆရာ”

“အဒေါ်က တူဖြစ်သူကို ခေါ်ထားတယ်ဆိုတော့ အပျိုကြီးထင်တယ်”

“မုဆိုးမပါ ဆရာ။ အခုသူပိုင် အိမ်ကို ကျွန်တော်တို့က အမွေဆက်ခံတယ် မဟုတ်လား”

“အင်း”

စာရေးသူက အနည်းငယ်စဉ်းစားလိုက်သည်။ ဒါပေမယ့် သေချာအောင် မေးခွန်းထုတ်လိုက်မိသည်။

“မုဆိုးမအိမ်ဆိုတာက ဘယ်လိုလဲ ရှင်းပြပါဦး။ သားသမီးမကျန်ခဲ့ဘူးလား”

“သူတို့ လင်မယားနှစ်ယောက်က သားသမီးမထွန်းကားလို့ ကျွန်တော့် သားကို မွေးစားတယ်ဆိုပါတော့။ သူတို့ ဆီခေါ်ထားပြီး အစစအရာရာ ထောက်ပံ့ကျောင်းထားပေးတာ ဆရာ။ ဆယ်တန်းလည်း ရန်ကုန်မှာပဲ အောင် တာ”

“သားသမီးအဖြစ် မွေးစားတဲ့ စာချုပ်စာတမ်းမရှိဘူးလား”

“စာချုပ်စာတမ်းနဲ့ ကိတ္တိမမွေးစားတာတော့ မလုပ်ဖြစ်ဘူး ထင်တယ်။ သူ့ယောကျ်ားရှိတော့အားနာပြီး မလုပ်တာ ဖြစ်မယ်”

“နောက်ပိုင်းလည်း မလုပ်ဖြစ်ဘူးထင်တယ်။ မဟုတ်လား”

“သားကို သေချာမေးကြည့်မှ သိမယ် ဆရာ။ ဘာပဲဖြစ်ဖြစ် သားသမီး မကျန်ခဲ့ဘူးဆိုတော့ မောင်နှမသား ချင်းက အမွေရတယ် မဟုတ်လား”

“အိမ်က လုံးချင်းအိမ်လား တိုက်ခန်းလား”

“နှစ်ထပ်အိမ်ဆရာ။ ဒဂုံမြို့သစ် အရှေ့ပိုင်းမှာပါ”

“ဒါဆိုရင် အိမ်နဲ့ မြေပိုင်ပေါ့။ ဂရန်မြေဖြစ်မယ်။ အမည်ပေါက်က ကွယ်လွန်သူ ညီမရဲ့ အမည်ပေါက် မဟုတ် လား”

“ဟုတ်တယ် ဆရာ။ တူဝရီးနှစ်ယောက်တည်းဆိုတော့ အပေါ်ထပ်မှာနေတယ်။ အောက်ထပ်တော့ ဝင်ငွေရ အောင်ဆိုပြီး အိမ်ငှားထားတယ် ဆရာ”

“ညီမ ကျန်းမာရေးမကောင်းတော့ ကျွန်တော့် ညီရဲ့ မိသားစုက လာနေတယ်”

“ဒါဆိုရင် ဦးကျော်က မောင်နှမ ဘယ်နှဦးရှိသလဲ”

“သုံးယောက်ပါ ဆရာ။ ညီအငယ်ဆုံးကတော့ ပြည့်စုံတယ်လို့ ဆိုရမယ်။ သားသမီးနှစ်ဦးလုံးကလည်း ကုမ္ပဏီ တွေမှာ အလုပ်လုပ်ကြတဲ့သူတွေဆိုတော့ အဆင်ပြေတယ်လို့ ပြောရမှာပေါ့။ မိန်းမကလည်း ရွှေဆိုင်ရှိတယ် ဆရာ။ အချို့ကပြောတော့ မောင်နှမတွေဖြစ်လို့ ကျွန်တော်တို့ ညီအစ်ကိုနှစ်ယောက်က ခံစားခွင့်ရှိတယ်လို့ ပြောတယ်။ ဟုတ်ပါသလား ဆရာ”

“မိဘအမွေဆိုရင်တော့ မှန်ပါတယ်။ သားသမီးသုံးဦးက အမွေဆက်ခံခွင့်ရှိပြီး ကျန်တစ်ဦးမှာ အမွေစား အမွေခံ သားသမီး မကျန်ဘဲ ကွယ်လွန်သွားရင်တော့ ကျန်သားသမီးများက အချိုးခံကျအမွေဆက်ခံခွင့်ရှိမှာ ဖြစ် တယ်”

“အခုကိစ္စက မိဘပစ္စည်းမဟုတ်ဘူးလေ။ ညီမပစ္စည်းဖြစ်နေတယ်ဆိုတော့ ဆရာ”

“ဟုတ်ပါတယ်။ သေချာရှင်းပြရရင်တော့ အဲဒီအမွေပစ္စည်းဖြစ်တဲ့ အိမ်နဲ့မြေဟာ ဦးကျော်ရဲ့ ညီမတို့ လင်မယား ပိုင်ဖြစ်တယ်။ ဥပဒေအရ လင်ယောကျ်ားကွယ်လွန်သွားတဲ့အတွက် လင်ယောကျ်ားရဲ့ ဝေစုကို ဇနီးဖြစ်သူက အမွေဆက်ခံခွင့်ရမှာဖြစ်တယ်။ ဒါကြောင့် ဦးကျော်ရဲ့ ညီမက အိမ်နဲ့မြေတစ်ခုလုံးကို သူတစ်ဦးတည်း ပိုင်ဆိုင် ခွင့်ရသွားမှာဖြစ်တယ်။ သားသမီးမကျန်ရစ်တဲ့အတွက် ဦးကျော်ပြောသလို မောင်နှမများထံ အမွေဆင်း သက်မှာဖြစ်ပါတယ်”

“အောက်ထပ်မှာ အိမ်ငှားတွေရှိနေတော့ ဖြစ်နိုင်ရင် ရောင်းပြီး ကျွန်တော်တို့ ညီအစ်ကိုနှစ်ယောက် အမွေခွဲ လိုက်ချင်တယ်”

“ညီဖြစ်သူက ဘာပြောသလဲ။ ညီဖြစ်သူကတော့ မရောင်းချင်ဘူး။ အစ်ကိုတို့ မိသားစုက အောက်ထပ် အိမ် ငှားကို နှင်ပြီးနေပေါ့လို့ ပြောတယ်”

“အိမ်ငှားဖြစ်သူက အိမ်မှဆင်းပေးမယ့် အခြေအနေရှိသလား”

“ဒီနှစ်ကုန်ပိုင်းအထိ စာချုပ် ချုပ်ထားတယ်ပြောတယ်”

“စိတ်တော့ပျက်မသွားနဲ့ ဦးကျော်။ ဥပဒေကြောင်းအရ ကျွန်တော်ပြောပြမယ့် မြန်မာ့ဓလေ့ထုံး တမ်းဥပဒေမှာ အမွေမှုတွင် စုန်နိုင်လျှင် မဆန်ရလို့ သတ်မှတ်ထားတယ်။ တစ်နည်းအားဖြင့် အမွေဆန်ခြင်းကို လက်မခံတဲ့ သဘောပဲ။ ဒါပေမယ့် စုန်နိုင်တဲ့ ဆွေမျိုးသားချင်း မရှိရင်တော့ အမွေရှင်ရဲ့ အထက်ဘက်ဆွေမျိုးများကို ဆန်ခွင့်ရှိတယ်”

“ကျွန်တော်တို့ ကိစ္စမှာ ကျွန်တော်က သေသူရဲ့ အကြီးဖြစ်နေတော့ ရပိုင်ခွင့်ရှိပါ့မလား”

“ကွယ်လွန်သူရဲ့ ညီ ညီမများက ကွယ်လွန်သူရဲ့ အစ်ကို အစ်မများကို အမွေမှ ပယ်ထုတ်ခွင့်ရှိတယ်လို့ မောင်တူနဲ့ မချစ်၊ ရန်ကုန်တရား စီရင်ထုံးအတွဲ - ၄၊ စာမျက်နှာ - ၆၂ မှာ အတိအလင်းဖော်ပြထားပါတယ်။ ဒါကြောင့် ညီမဖြစ်သူရဲ့ အမွေကို ဦးကျော်ရဲ့ ညီဖြစ်သူ ကွယ်လွန်သူရဲ့ မောင်က ရပိုင်ခွင့်ရှိမှာ ဖြစ်ပါတယ်”

“ဒါကြောင့်မို့ ညီငယ် မိသားစုက ဝင်နေတာဖြစ်မယ် ဆရာ”

“တစ်ခုတော့ရှိတာပေါ့ ဦးကျော်”

“ဟုတ်ကဲ့ ပြောပါဦး ဆရာ”

“ဦးကျော်ရဲ့ သားကို ညီမဖြစ်သူတို့က စာချုပ်စာတမ်းနဲ့ မွေးစားတာ မဟုတ်ပေမယ့် ပတ်ဝန်းကျင်နဲ့ ဆွေ မျိုးမိတ်ဆွေအားလုံးက မွေးစားသားအဖြစ် အသိအမှတ်ပြုထားရင်တော့ အပတိဌလို့ခေါ်တဲ့ ကောက်ယူမွေး စားသားအဖြစ် အမွေရခွင့်ရှိမှာ ဖြစ်တယ်”

“ဘယ်လို အခွင့်အရေးလဲ ဆရာ”

မွေးစားမိဘမှာ သားသမီး၊ မြေးမြစ်နှင့် ကိတ္တိမမွေးစားသားသမီးမရှိမှ အပတိဌသားသမီးများ အမွေခံစားခွင့်ရှိပြီး အမွေဝေစုမှာ တစ်ဝက်သာဖြစ်သည်။ ကျန်တစ်ဝက်မှာ အမွေရှင်၏ ဆွေမျိုးများကရသည်လို့ မောင်စိန်နှင့် ဦးဖိုး ကို ဘီအယ်တီ (Burma Law Times) အတွဲ - ၁၂ စာမျက်နှာ ၂၃၆ မှာ အတိအလင်းဖော်ပြထားပါတယ်။ ဒါကြောင့် မွေးစားသားဖြစ်ကြောင်း အထောက်အထားတင်ပြနိုင်ဖို့ လိုပါတယ်”ဟု အကြံပြုဆွေးနွေးလိုက်ပါသည်။

အိမ်ခြံမြေ ကိစ္စအဝဝနှင့် ပတ်သက်၍ ဥပဒေအကြံပေးပညာရှင်များနှင့် ဆွေးနွေးတိုင်ပင်လိုပါက iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ၏ ဖုန်းနံပါတ်များဖြစ်သော 09-966901767, 09-268022352 သို့ ဆက်သွယ်နိုင်ပါသည်။ အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။

Credit: ထီယု(ဥပဒေအတိုင်ပင်ခံ)

နောက်ဆုံးရ အိမ်ခြံမြေ ဗဟုသုတများ

တရုတ်ဘီလျံနာကြီး ရစ်ချတ်လျိုက တက္ကသိုလ်တက်စဉ် ယွမ် ၅၀၀ နှင့် ကြက်ဥ ၇၆ လုံး ထောက်ပံ့ပေးခဲ့ ဖူးသော ဇာတိကျေးရွာလေးမှ ရွာသူရွာသားများ၏ ကျေးဇူးကို တုံ့ပြန်သောအားဖြင့် နှစ်သစ်ကူးလက်ဆောင် အဖြစ် တစ်ဦးလျှင် ဒေါ်လာ ၁၄၀၀ စီအပြင် စားသောက်ကုန်၊ အဝတ်အထည်နှင့် အိမ...

တိုယိုတာ ကုမ္ပဏီက ဒေါ်လာ ၁၀ ဘီလီယံ သုံးစွဲကာ ဆောက်လုပ်ထားသော အနာဂတ်မြို့သစ်ကြီးတွင် နည်းပညာသစ်များကို စမ်းသပ်သွားမည်ဖြစ်ရာ နေထိုင်မည့်သူများ ခေါ်ယူလျက်ရှိ...
တိုယိုတာ ကုမ္ပဏီက ဒေါ်လာ ၁၀ ဘီလီယံ သုံးစွဲကာ ဆောက်လုပ်ထားသော အနာဂတ်မြို့သစ်ကြီးတွင် နည်းပညာသစ်များကို စမ်းသပ်သွားမည်ဖြစ်ရာ နေထိုင်မည့်သူများ ခေါ်ယူလျက်ရှိ...
ဟောင်ကောင် ရေကြောင်းရဲအရာရှိတစ်ဦး ၁၀ ဒေါ်လာဖိုး ဖုန်းဆက်ထီထိုးခဲ့ရာ ဒေါ်လာ ၆၉ သန်း Jackpot ဆုကြီး ထီပေါက်...
ဟောင်ကောင် ရေကြောင်းရဲအရာရှိတစ်ဦး ၁၀ ဒေါ်လာဖိုး ဖုန်းဆက်ထီထိုးခဲ့ရာ ဒေါ်လာ ၆၉ သန်း Jackpot ဆုကြီး ထီပေါက်...
ကာဇက်စတန်မှ ရွာကလေးတွင် ရွာသူရွာသားတို့မှာ လမ်းလျှောက်ရင်းပင် ရုတ်တရက် အိပ်ပျော်သွားတတ်ကြပြီး ပြန်နိုးလာချိန်တွင် မည်သည့်အချိန်က အိပ်ပျော်သွားသည်ကို မမှတ်မိကြသည့် ဆန်းကြယ်သော ဖြစ်ရပ်...
ကာဇက်စတန်မှ ရွာကလေးတွင် ရွာသူရွာသားတို့မှာ လမ်းလျှောက်ရင်းပင် ရုတ်တရက် အိပ်ပျော်သွားတတ်ကြပြီး ပြန်နိုးလာချိန်တွင် မည်သည့်အချိန်က အိပ်ပျော်သွားသည်ကို မမှတ်မိကြသည့် ဆန်းကြယ်သော ဖြစ်ရပ်...
ဟယ်ရီဆင်ဖို့ဒ်က တောမီးဦးတည်နေသည့် ဘရန့်ဝုဒ်အရပ်မှ သူ၏ စံအိမ်ဆီသို့ သွားရန် ကြိုးစားရာ ရဲအရာရှိတို့ လိုက်ပါစောင့်ကြပ်ပေးခဲ့...
ဟယ်ရီဆင်ဖို့ဒ်က တောမီးဦးတည်နေသည့် ဘရန့်ဝုဒ်အရပ်မှ သူ၏ စံအိမ်ဆီသို့ သွားရန် ကြိုးစားရာ ရဲအရာရှိတို့ လိုက်ပါစောင့်ကြပ်ပေးခဲ့...
ကယ်လီဖိုးနီးယားတွင် တောမီးကြောင့် အရေးပေါ်အခြေအနေ ကြေညာထားပြီး ညမထွက်ရအမိန့် ထုတ်ပြန်ထားရာ ဒုသမ္မတ ခါမလာဟဲရစ်၏ နေအိမ်အနီး ညဘက် သွားလာသူ ၂ ဦး ဖမ်းဆီးခံရ...
ကယ်လီဖိုးနီးယားတွင် တောမီးကြောင့် အရေးပေါ်အခြေအနေ ကြေညာထားပြီး ညမထွက်ရအမိန့် ထုတ်ပြန်ထားရာ ဒုသမ္မတ ခါမလာဟဲရစ်၏ နေအိမ်အနီး ညဘက် သွားလာသူ ၂ ဦး ဖမ်းဆီးခံရ...
ဂျပန်နိုင်ငံသားများအကြား “အိမ်သာ” ဟု ရည်ညွှန်းပြောဆိုကြသည့် ကျဉ်းမြောင်းလှသော လူနေခန်းလေးများ၊ ဟိုတယ်များ အမြဲပြည့်နေသော ဂျပန်တွင် နိုင်ငံခြားခရီးသွားများ တည်းခိုရန် စိတ်ဝင်စားလျက်ရှိ...
ဂျပန်နိုင်ငံသားများအကြား “အိမ်သာ” ဟု ရည်ညွှန်းပြောဆိုကြသည့် ကျဉ်းမြောင်းလှသော လူနေခန်းလေးများ၊ ဟိုတယ်များ အမြဲပြည့်နေသော ဂျပန်တွင် နိုင်ငံခြားခရီးသွားများ တည်းခိုရန် စိတ်ဝင်စားလျက်ရှိ...
(ထူးထူးခြားခြား အိမ်ခြံမြေဒိုင်ယာရီ) အိန္ဒိယတွင် အိမ်ခြံမြေ Developer တစ်ဦးက ဆောက်လုပ်ရေးအတွက် မြေတူးစဉ် ရွှေအိုးကြီးတစ်လုံး တူးဖော်တွေ့ရှိ...
(ထူးထူးခြားခြား အိမ်ခြံမြေဒိုင်ယာရီ) အိန္ဒိယတွင် အိမ်ခြံမြေ Developer တစ်ဦးက ဆောက်လုပ်ရေးအတွက် မြေတူးစဉ် ရွှေအိုးကြီးတစ်လုံး တူးဖော်တွေ့ရှိ...
မိုက်ခရိုဝေ့(Microwave) နှင့် ပြန်နွှေးပြီး မစားသင့်သော အစာ (၇) မျိုး
မိုက်ခရိုဝေ့(Microwave) နှင့် ပြန်နွှေးပြီး မစားသင့်သော အစာ (၇) မျိုး
အိမ်ခြံမြေအရေး iMyanmarHouse ကို တွေးလိုက်ပါ🤔
အိမ်ခြံမြေအရေး iMyanmarHouse ကို တွေးလိုက်ပါ🤔

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

တရုတ်ပြည်တွင် မြစ်ရေစီးကြောင်းအတိုင်း မြစ်လယ်၌ အလျားလိုက် ဆောက်လုပ်ထားသည့် ပေါလော တံတား၏ အံ့မခန်း အင်ဂျင်နီယာ ပညာ
တရုတ်ပြည်တွင် မြစ်ရေစီးကြောင်းအတိုင်း မြစ်လယ်၌ အလျားလိုက် ဆောက်လုပ်ထားသည့် ပေါလော တံတား၏ အံ့မခန်း အင်ဂျင်နီယာ ပညာ
တရုတ်ပြည်တွင် လူမှုကွန်ရက်အကောင့်နှင့် fan page အပါအဝင် အမည်ပါ ဖယ်ရှားခံခဲ့ရပြီးနောက် ပြင်သစ်တွင် နေအိမ်များဝယ်ယူကာ အခြေ
တရုတ်ပြည်တွင် လူမှုကွန်ရက်အကောင့်နှင့် fan page အပါအဝင် အမည်ပါ ဖယ်ရှားခံခဲ့ရပြီးနောက် ပြင်သစ်တွင် နေအိမ်များဝယ်ယူကာ အခြေ
မိုက်ခရိုဝေ့(Microwave) နှင့် ပြန်နွှေးပြီး မစားသင့်သော အစာ (၇) မျိုး
မိုက်ခရိုဝေ့(Microwave) နှင့် ပြန်နွှေးပြီး မစားသင့်သော အစာ (၇) မျိုး
ဘရစ်တ်နီ စပီးယား လှေကားထိပ်မှ သရဲများ၏ တွန်းချခံရသောကြောင့် မနေရဲသောအိမ်၊ ရုပ်ရှင်မင်းသမီး ဘရစ်နီး မာဖီတို့ ဇနီးမောင်နှံ
ဘရစ်တ်နီ စပီးယား လှေကားထိပ်မှ သရဲများ၏ တွန်းချခံရသောကြောင့် မနေရဲသောအိမ်၊ ရုပ်ရှင်မင်းသမီး ဘရစ်နီး မာဖီတို့ ဇနီးမောင်နှံ
(ထူးထူးခြားခြား အိမ်ခြံမြေဒိုင်ယာရီ) အိန္ဒိယတွင် အိမ်ခြံမြေ Developer တစ်ဦးက ဆောက်လုပ်ရေးအတွက် မြေတူးစဉ် ရွှေအိုးကြီးတစ်
(ထူးထူးခြားခြား အိမ်ခြံမြေဒိုင်ယာရီ) အိန္ဒိယတွင် အိမ်ခြံမြေ Developer တစ်ဦးက ဆောက်လုပ်ရေးအတွက် မြေတူးစဉ် ရွှေအိုးကြီးတစ်
လော့စ်အိန်ဂျလိတွင် တောမီးအကြီးအကျယ် လောင်ကျွမ်းလျက်ရှိရာ ဘင်အက်ဖလက်၊ Tom hanks ၊ စတီဗင် စပီးဘာ့ဂ် တို့အပါအဝင် ကမ္ဘာကျော်
လော့စ်အိန်ဂျလိတွင် တောမီးအကြီးအကျယ် လောင်ကျွမ်းလျက်ရှိရာ ဘင်အက်ဖလက်၊ Tom hanks ၊ စတီဗင် စပီးဘာ့ဂ် တို့အပါအဝင် ကမ္ဘာကျော်
ဆောက်လုပ်ရေးလုပ်ငန်းများအတွက် CHID ဘဏ်က ချေးငွေထုတ်ပေးလျက်ရှိ
ဆောက်လုပ်ရေးလုပ်ငန်းများအတွက် CHID ဘဏ်က ချေးငွေထုတ်ပေးလျက်ရှိ
ဂျပန်နိုင်ငံတွင် လူလုပ်ကျွန်းတုပေါ်၌ ကန်ဒေါ်လာ ၁၈ ဘီလီယံ အကုန်အကျခံကာ ဆောက်လုပ်ထားသော လေဆိပ်ကြီး ပင်လယ်အောက်သို့ နစ်မြုပ
ဂျပန်နိုင်ငံတွင် လူလုပ်ကျွန်းတုပေါ်၌ ကန်ဒေါ်လာ ၁၈ ဘီလီယံ အကုန်အကျခံကာ ဆောက်လုပ်ထားသော လေဆိပ်ကြီး ပင်လယ်အောက်သို့ နစ်မြုပ
တရုတ်ပြည်တွင် ၅၇ ထပ်မြင့်မားသော မိုးမျှော်တိုက်ကြီးကို ၁၉ ရက်အတွင်း ဆောက်လုပ်ခဲ့ပုံ
တရုတ်ပြည်တွင် ၅၇ ထပ်မြင့်မားသော မိုးမျှော်တိုက်ကြီးကို ၁၉ ရက်အတွင်း ဆောက်လုပ်ခဲ့ပုံ
၃ နာရီထဲနဲ့ အပြီးဆောက်ကာ ကမ္ဘာ့အမြန်ဆုံးဆောက်လုပ်သောစံအိမ်အဖြစ် ဂင်းနက်စံချိန်တင်ခဲ့တဲ့ အမေရိကန်ပြည်က စံအိမ်ကြီး
၃ နာရီထဲနဲ့ အပြီးဆောက်ကာ ကမ္ဘာ့အမြန်ဆုံးဆောက်လုပ်သောစံအိမ်အဖြစ် ဂင်းနက်စံချိန်တင်ခဲ့တဲ့ အမေရိကန်ပြည်က စံအိမ်ကြီး

နောင်လာမည့် အိမ်ခြံမြေ ပွဲစဉ်များ

CarsDB
The Crest

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service