အိမ္ျခံေျမ/တိုက္ခန္းေရာင္းသူ အမ်ိဳးမ်ိဳးနဲ႕ၾကံဳရတဲ့ အက်ိဳးေဆာင္မ်ားနဲ႕ ေရွ႕ေန

အိမ္ျခံေျမ/တိုက္ခန္းေရာင္းသူ အမ်ိဳးမ်ိဳးနဲ႕ၾကံဳရတဲ့ အက်ိဳးေဆာင္မ်ားနဲ႕ ေရွ႕ေန - Property Knowledge in Myanmar from iMyanmarHouse.com
16 Sep 2019 11:42 am တွင် တင်ခဲ့သည်
2199 ကြိမ် ကြည့်ရှု့ပြီး

ဗဟုသုတ | Posted by အေးမြတ်သူ

### Zawgyi Version ###

ေရွ႕ေနတစ္ေယာက္အေနနဲ႕ အိမ္ျခံေျမတိုက္ခန္းအေရာင္းအဝယ္စာခ်ဳပ္ ေတြကိုလိုက္ပါခ်ဳပ္ဆိုေပးရတဲ့ေနရာမွာ အေတြ႕အၾကံဳ ဗဟုသုတေတြကလည္း ယူလို႔မကုန္ေအာင္ရရွိပါတယ္။ေရာင္းသူဝယ္သူအမ်ိဳးမ်ိဳးနဲ႕ေတြ႕ရသလိုလိုင္စင္ရ ကန္ထရိုက္တာ အမိ်ဳးမ်ိဳးနဲ႕ (Sub) ဆပ္ ကန္ထရုိက္အမ်ိဳးမ်ိဳးနဲ႕လည္းေတြ႕ရပါတယ္။

ေရာင္းသူအခ်ိဳ႕ရဲ႕ စိတ္ေနစိတ္ထား

ေရွးဦးစြာေရာင္းသူအမ်ိဳးမ်ိဳးေတြ႔ရပံုကဒီလိုပါ။ အခ်ိဳ႕ေသာ ေရာင္းသူေတြက ဝယ္ယူရန္လာသူကို “ ငါ့ရဲ႕ျခံနွင့္အိမ္” ကိုတကယ္ေကာ ဝယ္ႏိုင္ရဲ႕လား ငါပိုင္တဲ့ကြန္ဒိုတိုက္ကို သိန္း ၁၅၀၀ သိန္း ၂၀၀၀ ေပးျပီးဝယ္နိုင္တဲ့သူေတြေကာ ဟုတ္ရဲ႕လားလို႕ အထင္ေသးတဲ့မ်က္နွာနဲ႕ၾကည့္တာကိုလည္းခံရဘူးပါတယ္။

အခ်ိဳ႕ေသာ ေရာင္းသူေတြကေတာ့ “ သူ႔ရဲ႕ အိမ္ထဲကိုျဖစ္ေစ သူ႔ရဲ႕ တိုက္ခန္းအတြင္းကိုျဖစ္ေစ ပြဲစားမ်ားမ်ားေခၚလာတာကို မၾကိဳက္တာေတြ႕ရျပန္တယ္။ မျဖစ္မေနပြဲစားအျဖစ္လိုက္ပါလာတဲ့သူေတြကိုလည္း ေျခအဆံုးေခါင္းအဆံုးၾကည့္ျပီး မနွစ္ျမိဳ႕တဲ့ အမူအယာနဲ႕ၾကည့္တတ္ၾကတယ္။သူတို႕ရဲ႕စိတ္ထဲမွာေတာ့ တိုက္ခန္းေရာင္းျပီး ေငြလိုခ်င္လြန္းလို႕သာ ပြဲစားအပ္လိုက္ရေပမယ့္ မ်က္နွာမွာေတာ့ အထင္ေသးတဲ့အမူအယာေပၚေနတယ္ေလ ။အေရာင္းအဝယ္ပြဲျဖစ္ျပန္ေတာ့လည္း ပြဲခ ၂% ရာခိုင္နႈန္း အျပည့္မေပးခ်င္တာကို ေတြ႕ရျပန္ပါတယ္။ ” ပုထုဇဥ္ေတြရဲ႕သေဘာက ဒီလိုဘဲထင္ပါရဲ႕ေလ။

အိမ္ျခံေျမ အက်ိဳးေဆာင္လည္း မာန နဲ႕ပါ

အဲဒီလို ေရာင္းသူေတြဘက္က အထင္အျမင္ေသးခံရမွာစိုးတဲ့အတြက္ အခ်ိဳ႕ေသာ အက်ိဳးေဆာင္အမ်ိဳးသမီးေတြမ်ားဆိုရင္ ေမာ္ဒယ္မင္းသမီး ရႈံးရေလာက္ေအာင္ ရႈိးအျပည့္နဲ႕ျပင္ဆင္လာၾကတာေတြ႕ရပါတယ္။

တစ္ကိုယ္လံုးမွာလည္း ေရႊေတြသီးေနေအာင္ဝတ္ဆင္လာၾကပါတယ္။ လူမွာအဝတ္ေတာင္းမွာအကြတ္ ဆိုတဲ့ ဆိုရုိးနဲ႕အညီ ဝတ္ဆင္လာရတာမ်ိဳးေတြလည္းရွိပါတယ္။ ဒီလို ဒီဆိုင္မ်ိဳးေတြေတြ႕ရမွသာ အိမ္္ရွင္ေရာင္းသူေတြက ေခၚခ်င္ေျပာခ်င္ရွိတာကိုး..

ေအာင္ျမင္ေသာ အခ်ိဳ႕ေသာ အက်ိဳးေဆာင္မ်ားဆိုရင္ …ဟ္ိတ္ဟန္ေကာင္းတဲ့အျပင္ ေနာက္ဆံုးေပၚကားအေကာင္းစားစီးျပီးလာတာကိုေတြ႕ရမွ ေရာင္းသူက အထင္ၾကီးသြားတတ္တယ္ေလ။ “ ကဲ … ဘာတတ္ႏိုင္ေသးလဲ ” ဒီလိုအက်ိဳးေဆာင္မ်ိဳးနဲ႕လိုက္ပါေဆာင္ရြက္ေပးရတဲ့ပြဲမ်ိဳးဆိုရင္ ေရွ႕ေနလည္း မ်က္နွာပန္းပြင့္တာေပါ့ေနာ္…..

ဝယ္ေရာင္းပြဲစား ခပ္ၾကြားၾကြား

အခ်ိဳ႕ေသာ ေရာင္းသူေတြက်ျပန္ေတာ့လည္း အိမ္ျခံေျမတိုက္ခန္းအေရာင္းအဝယ္လုပ္ေနၾကသူမ်ားျဖစ္ေနတာကိုေတြ႕ရတယ္။ သူတို႔က်ျပန္ေတာ့ ဝယ္သူကိုဘာမွနားမလည္းဘူးထင္ျပီး ၊ ဒီေျမကြက္ကို အမည္ေပါက္ရေအာင္ ဘယ္လိုေဆာင္ရြက္ေပးထားတာျဖစ္တယ္၊ ဒီတိုက္ခန္းနဲ႕ပတ္သက္ျပီး လိုေလေသးမရွိရေအာင္ စာခ်ဳပ္စာတမ္းအဆက္အစပ္ေတြဘယ္လိုျပည့္စံုေအာင္ထားတာျဖစ္တယ္ဆိုျပီး ဝယ္သူယံုၾကည္ေအာင္ရႊန္းရႊန္းေဝေအာင္ ေျပာတတ္ၾကတယ္။

ေရွ႕ေနကဆရာလုပ္တာမၾကိဳက္သူမ်ား

သူတို႕ဘယ္လိုဘဲရႊန္းရႊန္းေဝေအာင္ေျပာေပမယ့္။ဝယ္ယူလိုသူေတြက ေျပာတိုင္းမယံုရဲၾကဘူးေလ။တကယ္တန္းစရန္ေပးစာခ်ဳပ္ဖို႔လာတဲ့အခါ စာခ်ဳပ္စာတမ္းကၽြမ္းက်င္တဲ့ေရွ႕ေနကိုရွာေဖြေခၚယူလာတတ္ၾကတယ္။ဝယ္သူဘက္မွာေရွ႕ေနပါလာျပီဆိုကတည္းက ေရာင္းသူတစ္ခ်ိဳ႕ဟာ ေျမကြက္လာၾကည့္စဥ္ကလို ဟက္ဟက္ပက္ပက္မရွိေတာ့တာေတြ႕ရတယ္။

ဒီလိုစိတ္စႏိုးစေနာင့္ျဖစ္ရ ျခင္းက အေၾကာင္းအမ်ိဳးမ်ိဳးရွိတတ္တယ္။ တေၾကာင္းက သူတို႕၀ယ္ထားတဲ့ေျမကြက္ျဖစ္ေစ ၊ တိုက္ခန္းျဖစ္ေစ ဝယ္ယူျပီးစာခ်ဳပ္ခ်ဳပ္တဲ့အခါမွာ လမ္းေဘးေဈးဆိုင္ကအလြယ္တကူဝယ္ယူရရွိတဲ့ စာခ်ဳပ္ေတြနဲ႕ခ်ဳပ္ထားတာျဖစ္တဲ့အတြက္ ေရွ႕ေနမ်က္စိနဲ႕ၾကည့္ရင္ လိုအပ္ခ်က္ေတြရွိတဲ့အတြက္ ဒါေလးျပင္ေပးပါဦး အေထာက္အထားစာရြက္ေလးေတြျပပါဦးစသျဖင့္ ေမးတက္ၾကပါတယ္။ အနွစ္ ၆၀ ဂရန္ေျမငွါးစာခ်ဳပ္ျပပါဦး စသျဖင့္ေတာင္းၾကည့္ၾကပါတယ္။

ဂရန္ေျမငွါးစာခ်ဳပ္ဆိုတဲ့ေနရာမွာလည္း (၂)မ်ိဳးရွိျပန္တယ္။ ျမိဳ႕ျပနွင့္ အိမ္ရာဖြံ႕ျဖိဳးမႈ ဦးစီးဌာနကထုတ္ေပးတဲ့ ဂရန္လား ဒါမွမဟုတ္ ရန္ကုန္ျမိဳ႕ေတာ္စည္ပင္သာယာေရးေကာ္မတီက ထုတ္ေပးတဲ့ ဂရန္လား ဒါမွမဟုတ္ အျခားတိုင္းနဲ႕ျပည္နယ္ေထြအုပ္ရုံးက ထုတ္ေပးတဲ့ ဂရန္လားဆိုတာ အေသအခ်ာၾကည့္တတ္ၾကတယ္ေလ။စိတ္မခ်ရင္ သက္ဆိုင္ရာ အို္းအိမ္း/စည္ပင္ နဲ႕ ခရုိင္ေထြအုပ္ရုံးေတြမွာ သြားေရာက္စံုစမ္းၾကတယ္။

အမႈလိုက္ေရွ႕ေနလား ၊ စာခ်ဳပ္စာတမ္းေရွ႕ေနလား ခြဲျခားဆက္ဆံၾက

အဲဒီေတာ့ ပြဲျမန္ျမန္ျဖစ္ဖို႕ေနွာင့္ေနွးသြားျပီေလ။ဒီလို အေၾကာင္းေတြေၾကာင့္ ေရွ႕ေနပါလာရင္ ဝယ္ေရာင္းပြဲစားေတြက မၾကိဳက္ၾကဘူး။ကၽြမ္းက်င္တဲ့ ေရွ႕ေနမပါခဲ့ရင္ေတာ့ သူတို႕လည္းကၽြမ္းက်င္တယ္ဆိုတာၾကြားတဲ့အျပင္ သိန္းေထာင္နဲ႕ခ်ီအေရာင္းအဝယ္လုပ္လာတာျဖစ္လို႕ ေရွ႕ေနေတြထက္ေတာင္သူတို႕က ပိုျပီးနားလည္တတ္ကၽြမ္းတယ္လို ယံုၾကည္လာၾကတဲ့အတြက္ ေရွ႕ေနပါလာရင္ေတာင္ သူတို႕ေလာက္နားမလည္ပါဘူး။ ဒီလို သိန္း ၁၀၀၀ သိန္း ၂၀၀၀ စာခ်ဳပ္မ်ိဳးေကာ ဒီေရွ႕ေနစာခ်ဳပ္ဖူးရဲ႕လားလို႕ အထင္ေသးတတ္ၾကျပန္တယ္။

စာအုပ္ၾကီးသမားေရွ႕ေနဆိုေလ ၊ စိတ္ပ်က္ေန

စာခ်ဳပ္စာတမ္းကၽြမ္းက်င္တဲ့ေရွ႕ေနေတြ႕တဲ့အခါက်ရင္ေတာ့ ေရွ႕ေနက ေရာင္းသူရဲ႕ မွတ္ပံုတင္မူရင္းကစျပီး တိုက္ဆိုင္စစ္ေဆးတက္လို႕ သူတို႕မနွစ္ျမိဳ႕ၾကျပန္ဘူးေလ။ ဒီေရွ႕ေနက စာအုပ္ၾကီးသမားဘဲ ၊ အခ်ိန္ေတြကုန္တယ္ဘဏ္သြားဖို႕ေနာက္က်ေနျပီဆိုျပီး စိတ္မရွည္တတ္ၾကဘူး။ ေရွ႕ေနဆိုတာကေတာ့ အေထာက္အထားစာရြက္စာတမ္းေတြမစစ္လို႕မျဖစ္ဘူးေလ ။ေရွ႕ေနရဲ႕ေပါ့ဆမႈေၾကာင့္ အဝယ္မွားခဲ့ရင္ဝယ္သူအတြက္ ဘဝမွာ ၾကီးမာတဲ့နစ္နာဆံုးရႈံးမႈျဖစ္ရမွာေလ။ သူတို႕ဝယ္ျခင္းမဝယ္ျခင္းဟာ ေရွ႕ေနကိုပံုအပ္ထားတာမဟုတ္လား။ ဒီေတာ့ ေရွ႔ေနလုပ္သူမ်ားမွာ ေဇာေခၽြးျပန္တဲ့အထိ စိစစ္ေနၾကရပါတယ္။ ဒါမွသာေရွ႕ေနေကာင္းပီသမွာေလ။

ဒါေၾကာင့္ဘယ္လိုေရာင္းသူဘဲေတြ႕ေတြ႕ သူတို႕ေရာင္းတဲ့ ေျမနဲ႕အိမ္/တိုက္ခန္းတို႕ရဲ႕ပတ္သက္ျပီးျပည့္စံုမွန္ကန္တယ္ဆိုရင္ ဝယ္သူဘက္ကလိုက္ပါေဆာင္ရြက္ေပးရတဲ့ေရွ႕ေနတစ္ေယာက္အေနနဲ႕ သည္းခံျခင္းသံခေမာက္ေဆာင္းျပီး ေအာင္ျမင္ေအာင္ေဆာင္ရြက္ေပးခဲ့ရေၾကာင္းပါခင္ဗ်ား။

စိတ္ရွည္ ၊ ဇြဲသန္ သည္းညဥ္းခံမွေအာင္ျမင္တဲ့အက်ိဳးေဆာင္ ျဖစ္လာမွာအမွန္

အိမ္ျခံေျမ ကိစၥအဝဝနွင့္ ပတ္သက္၍ ဥပေဒအၾကံေပးပညာရွင္မ်ားနွင့္ ေဆြးေႏြးတိုင္ပင္လိုပါက iMyanmarHouse.com (အိုင္ျမန္မာေဟာက္စ္ေဒါ႔ကြန္း) ၏ ဖုန္းနံပါတ္မ်ားျဖစ္ေသာ 09-966901767, 09-268022352 သို႔ ဆက္သြယ္ႏိုင္ပါသည္။ အေသးစိတ္ၾကည့္ရန္ ဤေနရာကို ႏွိပ္ပါ။

လႊတ္ေတာ္ေရွ႕ေနေမာင္ေကာင္းေဖ မွ iMyanmarHouse.com (အိုင္ျမန္မာေဟာက္စ္ေဒါ႔ကြန္း) အတြက္ အထူးေရးသားေဖာ္ျပသည္။

Credit: iMyanmarHouse.com

 

### Unicode Version ###

ရှေ့နေတစ်ယောက်အနေနဲ့ အိမ်ခြံမြေတိုက်ခန်းအရောင်းအဝယ်စာချုပ် တွေကိုလိုက်ပါချုပ်ဆိုပေးရတဲ့နေရာမှာ အတွေ့အကြုံ ဗဟုသုတတွေကလည်း ယူလို့မကုန်အောင်ရရှိပါတယ်။ရောင်းသူဝယ်သူအမျိုးမျိုးနဲ့တွေ့ရသလိုလိုင်စင်ရ ကန်ထရိုက်တာ အမျိုးမျိုးနဲ့ (Sub) ဆပ် ကန်ထရိုက် အမျိုးမျိုးနဲ့လည်းတွေ့ရပါတယ်။

ရောင်းသူအချို့ရဲ့ စိတ်နေစိတ်ထား

ရှေးဦးစွာရောင်းသူအမျိုးမျိုးတွေ့ရပုံကဒီလိုပါ။ အချို့သော ရောင်းသူတွေက ဝယ်ယူရန်လာသူကို “ ငါ့ရဲ့ခြံနှင့်အိမ်” ကိုတကယ်ကော ဝယ်နိုင်ရဲ့လား ငါပိုင်တဲ့ကွန်ဒိုတိုက်ကို သိန်း ၁၅၀၀ သိန်း ၂၀၀၀ ပေးပြီးဝယ်နိုင်တဲ့သူတွေကော ဟုတ်ရဲ့လားလို့ အထင်သေးတဲ့မျက်နှာနဲ့ကြည့်တာကိုလည်းခံရဘူးပါတယ်။

အချို့သော ရောင်းသူတွေကတော့ “ သူ့ရဲ့ အိမ်ထဲကိုဖြစ်စေ သူ့ရဲ့ တိုက်ခန်းအတွင်းကိုဖြစ်စေ ပွဲစားများများခေါ်လာတာကို မကြိုက်တာတွေ့ရပြန်တယ်။ မဖြစ်မနေပွဲစားအဖြစ်လိုက်ပါလာတဲ့သူတွေကိုလည်း ခြေအဆုံးခေါင်းအဆုံးကြည့်ပြီး မနှစ်မြို့တဲ့ အမူအယာနဲ့ကြည့်တတ်ကြတယ်။သူတို့ရဲ့စိတ်ထဲမှာတော့ တိုက်ခန်းရောင်းပြီး ငွေလိုချင်လွန်းလို့သာ ပွဲစားအပ်လိုက်ရပေမယ့် မျက်နှာမှာတော့ အထင်သေးတဲ့အမူအယာပေါ်နေတယ်လေ ။အရောင်းအဝယ်ပွဲဖြစ်ပြန်တော့လည်း ပွဲခ ၂% ရာခိုင်နှုန်း အပြည့်မပေးချင်တာကို တွေ့ရပြန်ပါတယ်။ ” ပုထုဇဉ်တွေရဲ့သဘောက ဒီလိုဘဲထင်ပါရဲ့လေ။

အိမ်ခြံမြေ အကျိုးဆောင်လည်း မာန နဲ့ပါ

အဲဒီလို ရောင်းသူတွေဘက်က အထင်အမြင်သေးခံရမှာစိုးတဲ့အတွက် အချို့သော အကျိုးဆောင်အမျိုးသမီးတွေများဆိုရင် မော်ဒယ်မင်းသမီး ရှုံးရလောက်အောင် ရှိုးအပြည့်နဲ့ပြင်ဆင်လာကြတာတွေ့ရပါတယ်။

တစ်ကိုယ်လုံးမှာလည်း ရွှေတွေသီးနေအောင်ဝတ်ဆင်လာကြပါတယ်။ လူမှာအဝတ်တောင်းမှာအကွတ် ဆိုတဲ့ ဆိုရိုးနဲ့အညီ ဝတ်ဆင်လာရတာမျိုးတွေလည်းရှိပါတယ်။ ဒီလို ဒီဆိုင်မျိုးတွေတွေ့ရမှသာ အိမ်ရှင်ရောင်းသူတွေက ခေါ်ချင်ပြောချင်ရှိတာကိုး..

အောင်မြင်သော အချို့သော အကျိုးဆောင်များဆိုရင် …ဟိတ်ဟန်ကောင်းတဲ့အပြင် နောက်ဆုံးပေါ်ကားအကောင်းစားစီးပြီးလာတာကိုတွေ့ရမှ ရောင်းသူက အထင်ကြီးသွားတတ်တယ်လေ။ “ ကဲ … ဘာတတ်နိုင်သေးလဲ ” ဒီလိုအကျိုးဆောင်မျိုးနဲ့လိုက်ပါဆောင်ရွက်ပေးရတဲ့ပွဲမျိုးဆိုရင် ရှေ့နေလည်း မျက်နှာပန်းပွင့်တာပေါ့နော်…..

ဝယ်ရောင်းပွဲစား ခပ်ကြွားကြွား

အချို့သော ရောင်းသူတွေကျပြန်တော့လည်း အိမ်ခြံမြေတိုက်ခန်းအရောင်းအဝယ်လုပ်နေကြသူများဖြစ်နေတာကိုတွေ့ရတယ်။ သူတို့ကျပြန်တော့ ဝယ်သူကိုဘာမှနားမလည်းဘူးထင်ပြီး ၊ ဒီမြေကွက်ကို အမည်ပေါက်ရအောင် ဘယ်လိုဆောင်ရွက်ပေးထားတာဖြစ်တယ်၊ ဒီတိုက်ခန်းနဲ့ပတ်သက်ပြီး လိုလေသေးမရှိရအောင် စာချုပ်စာတမ်းအဆက်အစပ်တွေဘယ်လိုပြည့်စုံအောင်ထားတာဖြစ်တယ်ဆိုပြီး ဝယ်သူယုံကြည်အောင်ရွှန်းရွှန်းဝေအောင် ပြောတတ်ကြတယ်။

ရှေ့နေကဆရာလုပ်တာမကြိုက်သူများ

သူတို့ဘယ်လိုဘဲရွှန်းရွှန်းဝေအောင်ပြောပေမယ့်။ဝယ်ယူလိုသူတွေက ပြောတိုင်းမယုံရဲကြဘူးလေ။တကယ်တန်းစရန်ပေးစာချုပ်ဖို့လာတဲ့အခါ စာချုပ်စာတမ်းကျွမ်းကျင်တဲ့ရှေ့နေကိုရှာဖွေခေါ်ယူလာတတ်ကြတယ်။ဝယ်သူဘက်မှာရှေ့နေပါလာပြီဆိုကတည်းက ရောင်းသူတစ်ချို့ဟာ မြေကွက်လာကြည့်စဉ်ကလို ဟက်ဟက်ပက်ပ်က်မရှိတော့တာတွေ့ရတယ်။

ဒီလိုစိတ်စနိုးစနောက်ဖြစ်ရ ခြင်းက အကြောင်းအမျိုးမျိုးရှိတတ်တယ်။ တကြောင်းက သူတို့ဝယ်ထားတဲ့မြေကွက်ဖြစ်စေ ၊ တိုက်ခန်းဖြစ်စေ ဝယ်ယူပြီးစာချုပ်ချုပ်တဲ့အခါမှာ လမ်းဘေးဈေးဆိုင်ကအလွယ်တကူဝယ်ယူရရှိတဲ့ စာချုပ်တွေနဲ့ချုပ်ထားတာဖြစ်တဲ့အတွက် ရှေ့နေမျက်စိနဲ့ကြည့်ရင် လိုအပ်ချက်တွေရှိတဲ့အတွက် ဒါလေးပြင်ပေးပါဦး အထောက်အထားစာရွက်လေးတွေပြပါဦးစသဖြင့် မေးတက်ကြပါတယ်။ အနှစ် ၆၀ ဂရန်မြေငှါးစာချုပ်ပြပါဦး စသဖြင့်တောင်းကြည့်ကြပါတယ်။

ဂရန်မြေငှါးစာချုပ်ဆိုတဲ့နေရာမှာလည်း (၂)မျိုးရှိပြန်တယ်။ မြို့ပြနှင့် အိမ်ရာဖွံ့ဖြိုးမှု ဦးစီးဌာနကထုတ်ပေးတဲ့ ဂရန်လား ဒါမှမဟုတ် ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီက ထုတ်ပေးတဲ့ ဂရန်လား ဒါမှမဟုတ် အခြားတိုင်းနဲ့ပြည်နယ်ထွေအုပ်ရုံးက ထုတ်ပေးတဲ့ ဂရန်လားဆိုတာ အသေအချာကြည့်တတ်ကြတယ်လေ။စိတ်မချရင် သက်ဆိုင်ရာ အိုးအိမ်း/စည်ပင် နဲ့ ခရိုင်ထွေအုပ်ရုံးတွေမှာ သွားရောက်စုံစမ်းကြတယ်။

အမှုလိုက်ရှေ့နေလား ၊ စာချုပ်စာတမ်းရှေ့နေလား ခွဲခြားဆက်ဆံကြ

အဲဒီတော့ ပွဲမြန်မြန်ဖြစ်ဖို့နှောင့်နှေးသွားပြီလေ။ဒီလို အကြောင်းတွေကြောင့် ရှေ့နေပါလာရင် ဝယ်ရောင်းပွဲစားတွေက မကြိုက်ကြဘူး။ကျွမ်းကျင်တဲ့ ရှေ့နေမပါခဲ့ရင်တော့ သူတို့လည်းကျွမ်းကျင်တယ်ဆိုတာကြွားတဲ့အပြင် သိန်းထောင်နဲ့ချီအရောင်းအဝယ်လုပ်လာတာဖြစ်လို့ ရှေ့နေတွေထက်တောင်သူတို့က ပိုပြီးနားလည်တတ်ကျွမ်းတယ်လို ယုံကြည်လာကြတဲ့အတွက် ရှေ့နေပါလာရင်တောင် သူတို့လောက်နားမလည်ပါဘူး။ ဒီလို သိန်း ၁၀၀၀ သိန်း ၂၀၀၀ စာချုပ်မျိုးကော ဒီရှေ့နေစာချုပ်ဖူးရဲ့လားလို့ အထင်သေးတတ်ကြပြန်တယ်။

စာအုပ်ကြီးသမားရှေ့နေဆိုလေ ၊ စိတ်ပျက်နေ

စာချုပ်စာတမ်းကျွမ်းကျင်တဲ့ရှေ့နေတွေ့တဲ့အခါကျရင်တော့ ရှေ့နေက ရောင်းသူရဲ့ မှတ်ပုံတင်မူရင်းကစပြီး တိုက်ဆိုင်စစ်ဆေးတက်လို့ သူတို့မနှစ်မြို့ကြပြန်ဘူးလေ။ ဒီရှေ့နေက စာအုပ်ကြီးသမားဘဲ ၊ အချိန်တွေကုန်တယ်ဘဏ်သွားဖို့နောက်ကျနေပြီဆိုပြီး စိတ်မရှည်တတ်ကြဘူး။ ရှေ့နေဆိုတာကတော့ အထောက်အထားစာရွက်စာတမ်းတွေမစစ်လို့မဖြစ်ဘူးလေ ။ရှေ့နေရဲ့ပေါ့ဆမှုကြောင့် အဝယ်မှားခဲ့ရင်ဝယ်သူအတွက် ဘဝမှာ ကြီးမာတဲ့နစ်နာဆုံးရှုံးမှုဖြစ်ရမှာလေ။ သူတို့ဝယ်ခြင်းမဝယ်ခြင်းဟာ ရှေ့နေကိုပုံအပ်ထားတာမဟုတ်လား။ ဒီတော့ ရှေ့နေလုပ်သူများမှာ ဇောချွေးပြန်တဲ့အထိ စိစစ်နေကြရပါတယ်။ ဒါမှသာရှေ့နေကောင်းပီသမှာလေ။

ဒါကြောင့်ဘယ်လိုရောင်းသူဘဲတွေ့တွေ့ သူတို့ရောင်းတဲ့ မြေနဲ့အိမ်/တိုက်ခန်းတို့ရဲ့ပတ်သက်ပြီးပြည့်စုံမှန်ကန်တယ်ဆိုရင် ဝယ်သူဘက်ကလိုက်ပါဆောင်ရွက်ပေးရတဲ့ရှေ့နေတစ်ယောက်အနေနဲ့ သည်းခံခြင်းသံခမောက်ဆောင်းပြီး အောင်မြင်အောင်ဆောင်ရွက်ပေးခဲ့ရကြောင်းပါခင်ဗျား။

စိတ်ရှည် ၊ ဇွဲသန် သည်းညဉ်းခံမှအောင်မြင်တဲ့အကျိုးဆောင် ဖြစ်လာမှာအမှန်

အိမ်ခြံမြေ ကိစ္စအဝဝနှင့် ပတ်သက်၍ ဥပဒေအကြံပေးပညာရှင်များနှင့် ဆွေးနွေးတိုင်ပင်လိုပါက iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ၏ ဖုန်းနံပါတ်များဖြစ်သော 09-966901767, 09-268022352 သို့ ဆက်သွယ်နိုင်ပါသည်။ အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။

လွှတ်တော်ရှေ့နေမောင်ကောင်းဖေ မှ iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) အတွက် အထူးရေးသားဖော်ပြသည်။

Credit: iMyanmarHouse.com

နောက်ဆုံးရ အိမ်ခြံမြေ ဗဟုသုတများ

KITCHEN ဆေးရောင်ရွေးချယ်မှုအတွက် အကြံပေးမှုတစ်ချို့
KITCHEN ဆေးရောင်ရွေးချယ်မှုအတွက် အကြံပေးမှုတစ်ချို့
စုံလင်ဖွေရှာ အိမ်ခြံမြေဥပဒေရေးရာ
စုံလင်ဖွေရှာ အိမ်ခြံမြေဥပဒေရေးရာ
သာသနာဂရန်မြေ လျှောက်ထားရာတွင် သိရှိထားသင့်သည့် အချက်အလက်များအကြောင်း ဥပဒေဗဟုသုတ အနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။...
သာသနာဂရန်မြေ လျှောက်ထားရာတွင် သိရှိထားသင့်သည့် အချက်အလက်များအကြောင်း ဥပဒေဗဟုသုတ အနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။...
မရွှေ့မပြောင်းနိုင်သောပစ္စည်းကို ကန့်သတ်သည့်ဥပဒေအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြ ပေးလိုက်ပါသည်။...
မရွှေ့မပြောင်းနိုင်သောပစ္စည်းကို ကန့်သတ်သည့်ဥပဒေအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြ ပေးလိုက်ပါသည်။...
၂၀၂၅-၂၀၂၆ ခုနှစ်အတွက် ရန်ကုန်တိုင်း မြို့နယ်စုံ အသစ်ထွက်ရှိလာသော ရာဖြတ်နှုန်းထားများ
၂၀၂၅-၂၀၂၆ ခုနှစ်အတွက် ရန်ကုန်တိုင်း မြို့နယ်စုံ အသစ်ထွက်ရှိလာသော ရာဖြတ်နှုန်းထားများ
မြေယာစီမံခန့်ခွဲမှု စပ်လျဉ်း၍ ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
မြေယာစီမံခန့်ခွဲမှု စပ်လျဉ်း၍ ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
ငွေရေးကြေးရေးဆိုင်ရာအဖွဲ့အစည်း ဥပဒေအကြောင်းကို ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။...
ငွေရေးကြေးရေးဆိုင်ရာအဖွဲ့အစည်း ဥပဒေအကြောင်းကို ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။...
အပတ်စဉ် သိမှတ်ဖွယ်ရာ ဥပဒေအမေးအဖြေကဏ္ဍ
အပတ်စဉ် သိမှတ်ဖွယ်ရာ ဥပဒေအမေးအဖြေကဏ္ဍ
အိမ်ခြံမြေအသိကြွယ်စေဖို့ရာ ဥပဒေအမေးအဖြေကဏ္ဍ
အိမ်ခြံမြေအသိကြွယ်စေဖို့ရာ ဥပဒေအမေးအဖြေကဏ္ဍ
စုပေါင်းပိုင် အဆောက်အအုံနှင့် စပ်လျဉ်း၍ လိုက်နာရမည့် အချက်အလက်များ ဥပဒေဗဟုသုတအအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။...
စုပေါင်းပိုင် အဆောက်အအုံနှင့် စပ်လျဉ်း၍ လိုက်နာရမည့် အချက်အလက်များ ဥပဒေဗဟုသုတအအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။...

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

ဆွီဒင်တွင် မိခင်ဖြစ်သူက သားသမီး ၂ ဦး မွေးဖွားမှုအတွက် လစာဖြင့်ခွင့် ၂၁ လ ရယူခဲ့ပြီး လက်တွဲဖော် အမျိုးသားက ခွင့် ၁၅ လ ရယူ
ဆွီဒင်တွင် မိခင်ဖြစ်သူက သားသမီး ၂ ဦး မွေးဖွားမှုအတွက် လစာဖြင့်ခွင့် ၂၁ လ ရယူခဲ့ပြီး လက်တွဲဖော် အမျိုးသားက ခွင့် ၁၅ လ ရယူ
အိမ်သာဆေးသမား၊ လန်ချားဆွဲသူဘဝမှ ဘီလျံနာသူဌေးကြီးဖြစ်လာခဲ့ကာ ပိုင်ဆိုင်သမျှ ယွမ် ၈ ဒသမ ၂ ဘီလီယံကို ဇနီး၊ သားသမီးများအတွက်
အိမ်သာဆေးသမား၊ လန်ချားဆွဲသူဘဝမှ ဘီလျံနာသူဌေးကြီးဖြစ်လာခဲ့ကာ ပိုင်ဆိုင်သမျှ ယွမ် ၈ ဒသမ ၂ ဘီလီယံကို ဇနီး၊ သားသမီးများအတွက်
တူရကီတွင် ဆေးလိပ်ဖြတ်ရန်အတွက် မျက်နှာကို လှောင်အိမ်စွပ်ကာ သော့ခတ်ထားပြီး ဇနီးထံ သော့အပ်ထားသည့် အမျိုးသားတစ်ဦးအကြောင်း
တူရကီတွင် ဆေးလိပ်ဖြတ်ရန်အတွက် မျက်နှာကို လှောင်အိမ်စွပ်ကာ သော့ခတ်ထားပြီး ဇနီးထံ သော့အပ်ထားသည့် အမျိုးသားတစ်ဦးအကြောင်း
ဖခင်ဖြစ်သူ၏ ၆၂ နှစ်သက်တမ်းရှိ ဘဏ်ငွေစုစာအုပ်ကို နေအိမ်မှ အမှိုက်ပုံးထဲတွင် တွေ့ရှိသော အမျိုးသားမှာ နေ့ချင်းညချင်း သန်းကြ
ဖခင်ဖြစ်သူ၏ ၆၂ နှစ်သက်တမ်းရှိ ဘဏ်ငွေစုစာအုပ်ကို နေအိမ်မှ အမှိုက်ပုံးထဲတွင် တွေ့ရှိသော အမျိုးသားမှာ နေ့ချင်းညချင်း သန်းကြ
မည်သည့်အခါမျှ ရောက်ဖူးမည်မဟုတ်သော တားမြစ်နေရာများ
မည်သည့်အခါမျှ ရောက်ဖူးမည်မဟုတ်သော တားမြစ်နေရာများ
ထိုင်း နာမည်ကြီးအဆိုတော် ကောင်းဟွေးရိုင်းက ငလျင်ကြောင့် အဆောက်အအုံပြိုကျသည့်အထဲတွင် မိဘ ၂ ပါး ပါသွားခဲ့ရသည့် ၁၉ နှစ်အရွယ
ထိုင်း နာမည်ကြီးအဆိုတော် ကောင်းဟွေးရိုင်းက ငလျင်ကြောင့် အဆောက်အအုံပြိုကျသည့်အထဲတွင် မိဘ ၂ ပါး ပါသွားခဲ့ရသည့် ၁၉ နှစ်အရွယ
စုပေါင်းပိုင် အဆောက်အအုံနှင့် စပ်လျဉ်း၍ လိုက်နာရမည့် အချက်အလက်များ ဥပဒေဗဟုသုတအအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
စုပေါင်းပိုင် အဆောက်အအုံနှင့် စပ်လျဉ်း၍ လိုက်နာရမည့် အချက်အလက်များ ဥပဒေဗဟုသုတအအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
ထိုင်းတွင် သန့်ရှင်းရေး မိန်းကလေးတစ်ဦးကို ရုရှားဓာတ်ပုံဆရာတစ်ဦးက ဗွီဒီယိုရိုက်ကူးကာ TikTok တွင် တင်ခဲ့ရာ သန့်ရှင်းရေးမိန
ထိုင်းတွင် သန့်ရှင်းရေး မိန်းကလေးတစ်ဦးကို ရုရှားဓာတ်ပုံဆရာတစ်ဦးက ဗွီဒီယိုရိုက်ကူးကာ TikTok တွင် တင်ခဲ့ရာ သန့်ရှင်းရေးမိန
ဟောလိဝုဒ်ကြယ်ပွင့် Vin Diesel က Paloma နှင့် လမ်းခွဲချိန်တွင် သူမအတွက် လူနေမှုအဆင့်နိမ့်မသွားစေရန် အိမ်မှ နှင်မထုတ်ဘဲ မိ
ဟောလိဝုဒ်ကြယ်ပွင့် Vin Diesel က Paloma နှင့် လမ်းခွဲချိန်တွင် သူမအတွက် လူနေမှုအဆင့်နိမ့်မသွားစေရန် အိမ်မှ နှင်မထုတ်ဘဲ မိ
CP ကုမ္ပဏီအုပ်စု၏ ဥက္ကဌ ကျီယာ ရာဝါးနွန်းမှာ ကြွယ်ဝမှု ကန်ဒေါ်လာ ၅ ဘီလီယံဖြင့် ၂၀၂၅ ခုနှစ် ထိုင်းနိုင်ငံ၏ အချမ်းသာဆုံးပုဂ
CP ကုမ္ပဏီအုပ်စု၏ ဥက္ကဌ ကျီယာ ရာဝါးနွန်းမှာ ကြွယ်ဝမှု ကန်ဒေါ်လာ ၅ ဘီလီယံဖြင့် ၂၀၂၅ ခုနှစ် ထိုင်းနိုင်ငံ၏ အချမ်းသာဆုံးပုဂ
MIngalardon Garden City
Aung Theikdi Villa

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service