ဗဟုသုတ | Posted by စည်သူအောင်
### Zawgyi Version ###
“မိဘက သားသမီးတစ္ဦးကုိ အေမြခြဲေ၀ေပးခဲ့ၿပီးရင္ ထပ္မံအေမြရ ခြင့္ရွိပါေသးသလား”ဟု မိတ္ေဆြတစ္ဦး၏ သမီးျဖစ္သူက စာေရးသူထံ လာေရာက္ေမးျမန္းေဆြးေႏြးျခင္းျဖစ္ပါသည္။
“မိသားစု စီမံမႈကတိစာခ်ဳပ္ ခ်ဳပ္ဆုိၿပီး ေဆာင္ရြက္တာေတာ့ရွိတယ္။ ဥပေဒအရေတာ့ မိသားစု စီမံမႈက မိဘမ်ား ကြယ္လြန္မွ က်န္ရစ္တဲ့ သားသမီးမ်ားအေမြခြဲေ၀ခြင့္ရမွာ ျဖစ္တယ္။ ဘယ္လုိ ကိစၥမ်ားရွိေနလုိ႔လဲ””
“ကၽြန္မတုိ႔မွာ ေမာင္ႏွမသုံးဦးရွိပါတယ္။ ကၽြန္မက အလတ္ျဖစ္တယ္ ဆရာ။ အစ္ကိုႀကီး မကြယ္လြန္မီက ေငြေၾကးလုိအပ္လုိ႔ အေမြခြဲေပးခဲ့တယ္ ဆရာ။ အခုအေမဆုံးေတာ့ အစ္ကိုႀကီး ဇနီးက အေမြရခြင့္ရွိပါေသးသလား”
“အေဖျဖစ္သူက ဦးစြာကြယ္လြန္ခဲ့တာ မဟုတ္လား”
“ဟုတ္ပါတယ္ ဆရာ။ အစ္ကိုႀကီးက ကင္ဆာေရာဂါျဖစ္ေတာ့ အေမ့ဆီကေန အေမြႀကိဳေတာင္းတာ ဆရာ။ ဥပေဒအရလည္းသားအႀကီး ျဖစ္လုိ႔ ႀကိဳတင္ရပုိင္ခြင့္ရွိတယ္လုိ႔ ေျပာတာပဲ ဆရာ””
“ဖခင္ကြယ္လြန္သြားၿပီး အႀကီးဆုံးကသားျဖစ္ရင္ ၾသရသသားအျဖစ္ ဥပေဒအရ ႀကိဳတင္အေမြေတာင္း ခြင့္ရွိမွာ ျဖစ္ပါတယ္”
“ဒါေၾကာင့္ ျဖစ္မယ္ထင္တယ္။ အေမက အိမ္ငွားတင္ထားတဲ့ တုိက္ခန္းကုိ ေရာင္းၿပီးေပးလုိက္တယ္ ဆရာ”
“တစ္ခုေတာ့ ရွိတာေပါ့။ ဥပေဒ နဲ႔အညီ ခြဲေ၀ေပးခဲ့ရင္ေတာ့ ျပႆနာမရွိဘူးေပါ့”
“ဥပေဒနဲ႔အညီ အေမြခြဲေပးခဲ့မယ္ဆုိတာက ဘယ္လုိလဲဆရာ”
“ဥပေဒနဲ႔ အညီဆုိရင္ေတာ့ ၾသရသအခြင့္အေရးနဲ႔ အညီခြဲေ၀ေပးထားခဲ့မယ္ဆုိရင္ေတာ့ ပိုေကာင္းတာေပါ့”
“ဥပေဒနဲ႔အညီဆုိရင္ ဘယ္လုိ ခြဲေ၀ခံစားခြင့္ရွိပါသလဲ”
“ဖခင္ကြယ္လြန္လွ်င္ ၾသရသ သားသည္လည္းေကာင္း၊ မိခင္ကြယ္လြန္လွ်င္ ၾသရသ သမီးသည္လည္း ေကာင္း အေမြ၏ ေလးပုံတစ္ပုံရခြင့္ရွိတယ္လုိ႔ ေမာင္သိန္းေမာင္ႏွင့္ မႂကြယ္ ရန္ကုန္တရားစီရင္ထုံး အတြဲ - ၁၃ စာမ်က္ႏွာ ၄၁၂ မွာ ထုံးဖြဲ႔ထားပါတယ္”
“ဒါဆုိရင္ ေလးပုံတစ္ပုံႀကိဳတင္ ခြဲေ၀ေပးရမယ့္ သေဘာေပါ့”
“ဟုတ္ပါတယ္။ အခုကိစၥမွာ တုိက္ခန္းကို ေရာင္းၿပီးခြဲေပးလုိက္ တယ္ဆုိတာက ဘယ္လုိခြဲေပးလုိက္တာလဲ”
“သားသမီး သုံးဦးအညီအမွ်ခြဲ ယူလုိက္တာဆရာ။ ဆရာေျပာသလုိ အေမြရဲ႕ ေလးပုံတစ္ပုံသာရခြင့္ရွိတယ္ ဆုိေတာ့ သုံးပံုခြဲေ၀ေပးလုိက္တာ အစ္ကိုႀကီးဘက္က မနစ္နာႏုိင္ပါဘူး”
“ဒီလုိတြက္ရင္ေတာ့ တစ္မ်ဳိးေပါ့။ ဒါေပမယ့္ ဥပေဒအရဆုိရင္ေတာ့ အေမြပစၥည္းအားလုံးအေပၚ ေလးပုံတစ္ပုံ ရခြင့္ရွိမွာ ျဖစ္ပါတယ္။ က်န္တဲ့ အေမြပစၥည္းေပၚမွာ တန္ဖုိးသတ္မွတ္ ခဲြေ၀ေပးခ့ဲတာရွိသလား”
“အတြင္းပစၥည္းအေနနဲ႔ကလည္း အစ္ကိုႀကီး အိမ္ေထာင္က်ေတာ့ အစ္ကိုႀကီး၀တ္ဆင္ထားတဲ့ လက္စြပ္ဆြဲႀကိဳး ေတြေပးလုိက္တယ္။ အေဖဆုံးေတာ့လည္း အေမက ေခၽြးမအတြက္ ေရႊလက္ေကာက္ေတြေပးလုိက္ေသးတယ္ ထင္တယ္။ ေသခ်ာေတာ့ မမွတ္မိေတာ့ဘူး”
“ႀကီးႀကီးမားမား အိမ္ေျမ၊ တုိက္ခန္းေတြက်န္ရစ္ခဲ့ေသးလား”
“သမီးတုိ႔ အခုေနတဲ့ အိမ္နဲ႔ေျမေတာ့ က်န္တာေပါ့ဆရာ။ ဒါကလည္း အေမရွိစဥ္ကဆုိေတာ့ ေရာင္းခ်ခြဲေ၀လုိ႔က မျဖစ္ဘူးေလ”
“ဒါဆုိရင္ အခုအိမ္နဲ႔ ေျမကို တန္ဖုိးျဖတ္ၿပီး ႀကိဳတင္ခြဲေ၀ေပးခဲ့တာ မရွိဘူးေပါ့”
“ဒါေပမယ့္ ဆရာ။ အစ္ကုိႀကီးက ေနာက္ေနာင္အေမြေတာင္းဆုိျခင္း မျပဳပါဘူးလုိ႔ ကတိစာခ်ဳပ္မွာ လက္မွတ္ ေရးထုိးေပးခဲ့တယ္ ဆရာ”
“ဥပေဒအရဆုိရင္ေတာ့ ၾသရသရဲ႕ အခြင့္အေရးဟာ အၿပီးအပုိင္ရရွိတဲ့ အက်ဳိးခံစားခြင့္ျဖစ္တယ္။ ၾသရသ သားသမီးသည္မိဘ တစ္ဦးဦး ကြယ္လြန္စဥ္က မိမိေ၀စုကုိ ရရွိၿပီးျဖစ္လွ်င္ က်န္ရစ္သူမိဘ ေနာက္အိမ္ေထာင္ျပဳသည့္အခါျဖစ္ေစ၊ ကြယ္လြန္သည့္အခါျဖစ္ေစ၊ အေမြထပ္မံေတာင္းဆုိခြင့္မရွိလုိ႔ ေမာင္ဖုိးျမႏွင့္ မလွ ရန္ကုန္တရားစီရင္ထုံး အတြဲ -၇ စာမ်က္ႏွာ ၄၀၉ အမႈမွာ ဆုံးျဖတ္ထားပါတယ္”
“ဒါဆုိရင္ အခု အေမကြယ္လြန္တဲ့အခါမွာ အစ္ကိုႀကီး သက္ရွိထင္ရွားရွိခဲ့ရင္လည္း အေမြထပ္မံရခြင့္ မရွိေတာ့ ဘူးေပါ့ေနာ္”
“မွန္ပါတယ္။ ဒါေပမယ့္ သမီးတုိ႔ အေမြခဲြေ၀ေပးလုိက္တာက အေမြပုံပစၥည္းအားလုံးေပၚမွာ အေမြခြဲေ၀ေပးခဲ့ျခင္း မဟုတ္တဲ့အတြက္ ဥပေဒ ျပႆနာေလးတစ္ခုေတာ့ရွိလာတာေပါ့”
“ဒါဆုိရင္ ဘယ္လုိမ်ားျဖစ္လာႏုိင္သလဲ ဆရာ”
“အခုကိစၥမွာ သားႀကီးက မိခင္ မကြယ္လြန္မီ ကြယ္လြန္ခဲ့တာ မဟုတ္လား”
“ဟုတ္ပါတယ္ ဆရာ၊ အေမမကြယ္လြန္မီ ကြယ္လြန္သြားတာပါ။ အေမကလည္း သားျဖစ္သူ က်န္းမာေရး မေကာင္းေတာ့ခြဲေ၀ေပးလုိက္တဲ့ သေဘာပါ။ ဒါ့အျပင္ ေဆးဖုိးသတ္သတ္ကုိ အေမက ထုတ္ေပးပါတယ္။ ၿပီးေတာ့ အစ္ကိုႀကီးတုိ႔ေနတဲ့ တုိက္ခန္း၀ယ္စဥ္ကလည္း ေငြလုိတယ္ဆုိလုိ႔ အေမက စုိက္ထုတ္ေပးခဲ့တာ လည္း ရွိတယ္”
“အစ္ကုိႀကီးရဲ႕ ဇနီးသည္က ေတာင္းဆုိလာလုိ႔လား”
“သမီးကလည္း အေမမကြယ္ လြန္မီေျခာက္လခန္႔က အိမ္ေထာင္ျပဳလုိက္တယ္ ဆရာ။ အငယ္ေမာင္ေလးကလည္း မၾကာခင္ အိမ္ေထာင္ျပဳေတာ့မွာဆုိေတာ့””
“ဒီအိမ္နဲ႔ ေျမကိုေရာင္းၿပီး အေမြခြဲေ၀မယ္လုိ႔ စိတ္ကူးထားတယ္ေပါ့” စာေရးသူက မိန္းကေလး၏ စကားမဆုံးမီမွာ ျဖတ္၍ ေျပာလုိက္ျခင္းျဖစ္သည္။
“ဟုတ္ကဲ့ ဆရာ။ အိမ္ေရာင္းမယ္လုိ႔ သတင္းၾကားတာနဲ႔ ရပ္ကြက္႐ုံးနဲ႔ ၿမိဳ႕ေတာ္စည္ပင္သာယာေရး ေကာ္မတီ ေျမယာဌာနမွာ အေမြဆုိင္အိမ္ျဖစ္တဲ့အတြက္ ေရာင္းခ်ျခင္း၊ လႊဲေျပာင္းျခင္းမျပဳဖုိ႔ ကန္႔ကြက္စာတင္ထားတယ္ ဆရာ”
“ျမန္မာ့ဓေလ့ထုံးတမ္းဥပေဒမွာ လင္ႏွင့္မယားသည္ သားသမီးထြန္းကားျခင္းမရွိဘဲ တစ္ဦးဦး ကြယ္လြန္သြားလွ်င္ က်န္ရစ္သူသည္ ကြယ္လြန္သူ၏ မိဘလက္၀ယ္ရွိ ပစၥည္းကို အေမြဆက္ခံခြင့္မရွိလုိ႔ ေမာင္အုန္းခင္ႏွင့္ ဦးညိဳ ရန္ကုန္ တရားစီရင္ထုံး အတြဲ ၁၀ စာမ်က္ႏွာ - ၁၂၄ မွာ ဆုံးျဖတ္ထုံးဖြဲ႔ထားပါတယ္””
“ကြယ္လြန္သြားတဲ့ အစ္ကိုႀကီးမွာ သားသမီး မက်န္ခဲ့ဘူး ဆရာ”
“အဲဒါေတာ့ သမီးတုိ႔ရဲ႕ ကုသုိလ္ကံလုိ႔ ေျပာရမွာပဲ။ ခင္ပြန္းျဖစ္သူက မိခင္ထက္ ေစာကြယ္လြန္တာျဖစ္လုိ႔ ေခၽြးမျဖစ္သူက အေမြရခြင့္မရွိပါဘူး။ ဒါေပမယ့္ သားသမီးက်န္ခဲ့ရင္ေတာ့ အေမြရွင္ရဲ႕ ေျမးေတာ္စပ္သြားမွာ ျဖစ္တယ္”
“ေျမးတစ္ဦးဦးက်န္ခဲ့ရင္ေတာ့ အေမြထပ္ခြဲေပးရမယ့္ သေဘာေပါ့ေနာ္”
“ဟုတ္ပါတယ္။ အေမြမမီေျမးအျဖစ္ ေတာင္းဆုိကန္႔ကြက္ခြင့္ရွိလာမွာ ျဖစ္ပါတယ္။ အခုကိစၥမွာေတာ့ ေျမးအျဖစ္ မက်န္ရစ္ခဲ့တဲ့အတြက္ ေခၽြးမမွာ ခံစားခြင့္မရွိလုိ႔ ရဲရဲ၀ံ့၀ံ့ အိမ္ေျမကုိ ေရာင္းခ်ႏုိင္ပါတယ္”ဟု အႀကံျပဳေဆြး ေႏြးလုိက္ပါသည္။
Credit: ထီယု (ဥပေဒအတုိင္ပင္ခံ)
### Unicode Version ###
“မိဘက သားသမီးတစ်ဦးကို အမွေခွဲဝေပေးခဲ့ပြီးရင် ထပ်မံအမွေရ ခွင့်ရှိပါသေးသလား”ဟု မိတ်ဆွေတစ်ဦး၏ သမီးဖြစ်သူက စာရေးသူထံ လာရောက်မေးမြန်းဆွေးနွေးခြင်းဖြစ်ပါသည်။
“မိသားစု စီမံမှုကတိစာချုပ် ချုပ်ဆိုပြီး ဆောင်ရွက်တာတော့ရှိတယ်။ ဥပဒေအရတော့ မိသားစု စီမံမှုက မိဘများ ကွယ်လွန်မှ ကျန်ရစ်တဲ့ သားသမီးများအမွေခွဲဝေခွင့်ရမှာ ဖြစ်တယ်။ ဘယ်လို ကိစ္စများရှိနေလို့လဲ””
“ကျွန်မတို့မှာ မောင်နှမသုံးဦးရှိပါတယ်။ ကျွန်မက အလတ်ဖြစ်တယ် ဆရာ။ အစ်ကိုကြီး မကွယ်လွန်မီက ငွေကြေးလိုအပ်လို့ အမွေခွဲပေးခဲ့တယ် ဆရာ။ အခုအမေဆုံးတော့ အစ်ကိုကြီး ဇနီးက အမွေရခွင့်ရှိပါသေးသလား”
“အဖေဖြစ်သူက ဦးစွာကွယ်လွန်ခဲ့တာ မဟုတ်လား”
“ဟုတ်ပါတယ် ဆရာ။ အစ်ကိုကြီးက ကင်ဆာရောဂါဖြစ်တော့ အမေ့ဆီကနေ အမွေကြိုတောင်းတာ ဆရာ။ ဥပဒေအရလည်းသားအကြီး ဖြစ်လို့ ကြိုတင်ရပိုင်ခွင့်ရှိတယ်လို့ ပြောတာပဲ ဆရာ””
“ဖခင်ကွယ်လွန်သွားပြီး အကြီးဆုံးကသားဖြစ်ရင် သြရသသားအဖြစ် ဥပဒေအရ ကြိုတင်အမွေတောင်း ခွင့်ရှိမှာ ဖြစ်ပါတယ်”
“ဒါကြောင့် ဖြစ်မယ်ထင်တယ်။ အမေက အိမ်ငှားတင်ထားတဲ့ တိုက်ခန်းကို ရောင်းပြီးပေးလိုက်တယ် ဆရာ”
“တစ်ခုတော့ ရှိတာပေါ့။ ဥပဒေ နဲ့အညီ ခွဲဝေပေးခဲ့ရင်တော့ ပြဿနာမရှိဘူးပေါ့”
“ဥပဒေနဲ့အညီ အမွေခွဲပေးခဲ့မယ်ဆိုတာက ဘယ်လိုလဲဆရာ”
“ဥပဒေနဲ့ အညီဆိုရင်တော့ သြရသအခွင့်အရေးနဲ့ အညီခွဲဝေပေး ထားခဲ့မယ်ဆိုရင်တော့ ပိုကောင်းတာပေါ့”
“ဥပဒေနဲ့အညီဆိုရင် ဘယ်လို ခွဲဝေခံစားခွင့်ရှိပါသလဲ”
“ဖခင်ကွယ်လွန်လျှင် သြရသ သားသည်လည်းကောင်း၊ မိခင်ကွယ်လွန်လျှင် သြရသ သမီးသည်လည်း ကောင်း အမွေ၏ လေးပုံတစ်ပုံရခွင့်ရှိတယ်လို့ မောင်သိန်းမောင်နှင့် မကြွယ် ရန်ကုန်တရားစီရင်ထုံး အတွဲ - ၁၃ စာမျက်နှာ ၄၁၂ မှာ ထုံးဖွဲ့ထားပါတယ်”
“ဒါဆိုရင် လေးပုံတစ်ပုံကြိုတင် ခွဲဝေပေးရမယ့် သဘောပေါ့”
“ဟုတ်ပါတယ်။ အခုကိစ်္စမှာ တိုက်ခန်းကို ရောင်းပြီးခွဲပေးလိုက် တယ်ဆိုတာက ဘယ်လိုခွဲပေးလိုက်တာလဲ”
“သားသမီး သုံးဦးအညီအမျှခွဲ ယူလိုက်တာဆရာ။ ဆရာပြောသလို အမွေရဲ့ လေးပုံတစ်ပုံသာရခွင့်ရှိတယ် ဆိုတော့ သုံးပုံခွဲဝေပေးလိုက်တာ အစ်ကိုကြီးဘက်က မနစ်နာနိုင်ပါဘူး”
“ဒီလိုတွက်ရင်တော့ တစ်မျိုးပေါ့။ ဒါပေမယ့် ဥပဒေအရဆိုရင်တော့ အမွေပစ္စည်းအားလုံးအပေါ် လေးပုံတစ်ပုံ ရခွင့်ရှိမှာ ဖြစ်ပါတယ်။ ကျန်တဲ့ အမွေပစ္စည်းပေါ်မှာ တန်ဖိုးသတ်မှတ် ခွဲဝေပေးခဲ့တာရှိသလား”
“အတွင်းပစ္စည်းအနေနဲ့ကလည်း အစ်ကိုကြီး အိမ်ထောင်ကျတော့ အစ်ကိုကြီးဝတ်ဆင်ထားတဲ့ လက်စွပ်ဆွဲကြိုး တွေပေးလိုက်တယ်။ အဖေဆုံးတော့လည်း အမေက ချွေးမအတွက် ရွှေလက်ကောက်တွေပေးလိုက်သေးတယ် ထင်တယ်။ သေချာတော့ မမှတ်မိတော့ဘူး”
“ကြီးကြီးမားမား အိမ်မြေ၊ တိုက်ခန်းတွေကျန်ရစ်ခဲ့သေးလား”
“သမီးတို့ အခုနေတဲ့ အိမ်နဲ့မြေတော့ ကျန်တာပေါ့ဆရာ။ ဒါကလည်း အမေရှိစဉ်ကဆိုတော့ ရောင်းချခွဲဝေလို့က မဖြစ်ဘူးလေ”
“ဒါဆိုရင် အခုအိမ်နဲ့ မြေကို တန်ဖိုးဖြတ်ပြီး ကြိုတင်ခွဲဝေပေးခဲ့တာ မရှိဘူးပေါ့”
“ဒါပေမယ့် ဆရာ။ အစ်ကိုကြီးက နောက်နောင်အမွေတောင်းဆိုခြင်း မပြုပါဘူးလို့ ကတိစာချုပ်မှာ လက်မှတ် ရေးထိုးပေးခဲ့တယ် ဆရာ”
“ဥပဒေအရဆိုရင်တော့ သြရသရဲ့ အခွင့်အရေးဟာ အပြီးအပိုင်ရရှိတဲ့ အကျိုးခံစားခွင့်ဖြစ်တယ်။ သြရသ သားသမီးသည်မိဘ တစ်ဦးဦး ကွယ်လွန်စဉ်က မိမိဝေစုကို ရရှိပြီးဖြစ်လျှင် ကျန်ရစ်သူမိဘ နောက်အိမ် ထောင်ပြုသည့်အခါဖြစ်စေ၊ ကွယ်လွန်သည့်အခါဖြစ်စေ၊ အမွေထပ်မံတောင်းဆိုခွင့်မရှိလို့ မောင်ဖိုးမြနှင့် မလှ ရန်ကုန်တရားစီရင်ထုံး အတွဲ -၇ စာမျက်နှာ ၄၀၉ အမှုမှာ ဆုံးဖြတ်ထားပါတယ်”
“ဒါဆိုရင် အခု အမေကွယ်လွန်တဲ့အခါမှာ အစ်ကိုကြီး သက်ရှိထင်ရှားရှိခဲ့ရင်လည်း အမွေထပ်မံရခွင့် မရှိတော့ ဘူးပေါ့နော်”
“မှန်ပါတယ်။ ဒါပေမယ့် သမီးတို့ အမွေခွဲဝေပေးလိုက်တာက အမွေပုံပစ္စည်းအားလုံးပေါ်မှာ အမွေခွဲဝေပေးခဲ့ခြင်း မဟုတ်တဲ့အတွက် ဥပဒေ ပြဿနာလေးတစ်ခုတော့ရှိလာတာပေါ့”
“ဒါဆိုရင် ဘယ်လိုများဖြစ်လာနိုင်သလဲ ဆရာ”
“အခုကိစ်္စမှာ သားကြီးက မိခင် မကွယ်လွန်မီ ကွယ်လွန်ခဲ့တာ မဟုတ်လား”
“ဟုတ်ပါတယ် ဆရာ၊ အမေမကွယ်လွန်မီ ကွယ်လွန်သွားတာပါ။ အမေကလည်း သားဖြစ်သူ ကျန်းမာရေး မကောင်းတော့ခွဲဝေပေးလိုက်တဲ့ သဘောပါ။ ဒါ့အပြင် ဆေးဖိုးသတ်သတ်ကို အမေက ထုတ်ပေးပါတယ်။ ပြီးတော့ အစ်ကိုကြီးတို့နေတဲ့ တိုက်ခန်းဝယ်စဉ်ကလည်း ငွေလိုတယ်ဆိုလို့ အမေက စိုက်ထုတ်ပေးခဲ့တာ လည်း ရှိတယ်”
“အစ်ကိုကြီးရဲ့ ဇနီးသည်က တောင်းဆိုလာလို့လား”
“သမီးကလည်း အမေမကွယ် လွန်မီခြောက်လခန့်က အိမ်ထောင်ပြုလိုက်တယ် ဆရာ။ အငယ်မောင်လေးက လည်း မကြာခင် အိမ်ထောင်ပြုတော့မှာ ဆိုတော့””
“ဒီအိမ်နဲ့ မြေကိုရောင်းပြီး အမွေခွဲဝေမယ်လို့ စိတ်ကူးထားတယ်ပေါ့” စာရေးသူက မိန်းကလေး၏ စကား မဆုံးမီမှာ ဖြတ်၍ ပြောလိုက်ခြင်းဖြစ်သည်။
“ဟုတ်ကဲ့ ဆရာ။ အိမ်ရောင်းမယ်လို့ သတင်းကြားတာနဲ့ ရပ်ကွက်ရုံးနဲ့ မြို့တော်စည်ပင်သာယာရေး ကော်မတီ မြေယာဌာနမှာ အမွေဆိုင် အိမ်ဖြစ်တဲ့အတွက် ရောင်းချခြင်း၊ လွှဲပြောင်းခြင်းမပြုဖို့ ကန့်ကွက်စာတင်ထားတယ် ဆရာ”
“မြန်မာ့ဓလေ့ထုံးတမ်းဥပဒေမှာ လင်နှင့်မယားသည် သားသမီးထွန်းကားခြင်းမရှိဘဲ တစ်ဦးဦး ကွယ်လွန်သွား လျှင် ကျန်ရစ်သူသည် ကွယ်လွန်သူ၏ မိဘလက်ဝယ်ရှိ ပစ်္စည်းကို အမွေဆက်ခံခွင့်မရှိလို့ မောင်အုန်းခင်နှင့် ဦးညို ရန်ကုန် တရားစီရင်ထုံး အတွဲ ၁၀ စာမျက်နှာ - ၁၂၄ မှာ ဆုံးဖြတ်ထုံးဖွဲ့ထားပါတယ်””
“ကွယ်လွန်သွားတဲ့ အစ်ကိုကြီးမှာ သားသမီး မကျန်ခဲ့ဘူး ဆရာ”
“အဲဒါတော့ သမီးတို့ရဲ့ ကုသိုလ်ကံလို့ ပြောရမှာပဲ။ ခင်ပွန်းဖြစ်သူက မိခင်ထက် စောကွယ်လွန်တာဖြစ်လို့ ချွေးမဖြစ်သူက အမွေရခွင့်မရှိပါဘူး။ ဒါပေမယ့် သားသမီးကျန်ခဲ့ရင်တော့ အမွေရှင်ရဲ့ မြေးတော်စပ်သွားမှာ ဖြစ်တယ်”
“မြေးတစ်ဦးဦးကျန်ခဲ့ရင်တော့ အမွေထပ်ခွဲပေးရမယ့် သဘောပေါ့နော်”
“ဟုတ်ပါတယ်။ အမွေမမီမြေးအဖြစ် တောင်းဆိုကန့်ကွက်ခွင့်ရှိလာမှာ ဖြစ်ပါတယ်။ အခုကိစ္စမှာတော့ မြေးအဖြစ် မကျန်ရစ်ခဲ့တဲ့အတွက် ချွေးမမှာ ခံစားခွင့်မရှိလို့ ရဲရဲဝံ့ဝံ့ အိမ်မြေကို ရောင်းချနိုင်ပါတယ်”ဟု အကြံပြုဆွေး နွေးလိုက်ပါသည်။
Credit: ထီယု (ဥပဒေအတိုင်ပင်ခံ)