ဗဟုသုတ | Posted by အေးမြတ်သူ
### Zawgyi Version ###
မိတ္ေဆြတစ္ဦးက အိမ္ႏွင့္ေျမ (ဂရန္ေျမ) ဝယ္လုိက္ေသာေၾကာင့္ ဝယ္ခြန္ေရာင္းခြန္ မည္သုိ႔ ထမ္းေဆာင္ရပါသလဲဟု ေမးလာသျဖင့္ ဤေဆာင္းပါးကို ဗဟုသုတအျဖစ္ေရးသားလိုက္ပါသည္။
ဝင္ေငြခြန္ေကာက္ျခင္း
ဥပေဒ ေဝါဟာရအေခၚ အေျခပစၥည္းျဖစ္သည့္ အိမ္၊ၿခံ၊ေျမ တုိက္ခန္းမ်ားေရာင္းျခင္း၊ ဝယ္ျခင္း ငွားရမ္းျခင္း၊ လႊဲေျပာင္းျခင္း စသည့္တုိ႔ ျပဳလုပ္ပါက ျမန္မာႏုိင္ငံ ျပည္ေထာင္စု၏ အခြန္အေကာက္ဥပေဒႏွင့္အညီ သတ္မွတ္ထားသည့္ ႏႈန္းထားအေပၚ ဝင္ေငြခြန္ ထမ္းေဆာင္ၾကရသည္။
တန္ဖုိးစိစစ္ေရးအဖြဲ႔သုိ႔ တင္ျပရျခင္း
ရန္ကုန္တုိင္းအတြင္းရွိသည့္ အိမ္၊ၿခံ၊ေျမတိုက္ခန္းမ်ား ေရာင္းျခင္း၊ ဝယ္ျခင္းျပဳလုပ္ပါက ပထမဦးစြာ ရန္ကုန္ၿမိဳ႕ ပန္းဆုိးတန္းလမ္း၊ ္ရွိ ရန္ကုန္တုိင္း တန္ဖုိးစိစစ္ေရးအဖြဲ႕သုိ႔ တန္ဖုိးစိစစ္ သတ္မွတ္ေပးပါရန္ အေရာင္းအဝယ္ ကတိစာခ်ဳပ္ႏွင့္အတူ လုိအပ္ေသာ စာရြက္စာတမ္းမ်ားကုိ ပူးတြဲတင္ျပၿပီး အေရာင္းအဝယ္ျပဳသည့္ေန႔မွ တစ္လအတြင္း ေရာင္းသူဝယ္သူ ကုိယ္တုိင္သြားေရာက္၍ ပုံစံမ်ား ျဖည့္စြက္တင္သြင္းရ ေပသည္။
တန္ဖုိးစိစစ္ေရးအဖြဲ႔၏ ေဆာင္ရြက္ခ်က္
တန္ဖုိးစိစစ္ေရးအဖြဲ႕သည္လုိအပ္လွ်င္ ကြင္းဆင္းစစ္ေဆးၿပီး အိမ္၊ေျမ၊ တုိက္ခန္းတန္ဖုိး သတ္မွတ္ထားသည့္ စံႏႈန္းမ်ားႏွင့္အညီ စည္းေဝးဆုံးျဖတ္သတ္မွတ္ေပးပါသည္။ ထုိ႔ေနာက္ အိမ္၊ ေျမ၊ တုိက္ခန္းတုိ႔၏ တန္ဖုိးသတ္မွတ္ခ်က္ အေၾကာင္းၾကားစာကုိ အဆုိပါ အိမ္၊ ေျမ၊ တုိက္ခန္းရွိရာ ၿမိဳ႕နယ္အခြန္ဦးစီးမွဴး႐ုံးသုိ႔ တစ္လအတြင္း ေပးပုိ႔ပါသည္။ အခြန္ထမ္းသည္ သက္ဆုိင္ရာ ၿမိဳ႕နယ္အခြန္ဦးစီးမွဴး႐ုံးတြင္ က်သင့္သည့္ ဝင္ေငြခြန္ကုိ ေပးသြင္းရမည္ျဖစ္သည္။
အခြန္ႏႈန္းသတ္မွတ္ခ်က္မ်ား
အမ်ားျပည္သူက အလြယ္ကူဆုံးသတ္မွတ္ေခၚတြင္ေနၾကေသာ - ေရာင္းခြန္ျဖစ္သည့္ ေရာင္းရသည့္ အေျခပစၥည္း အိမ္ေျမ တုိက္ခန္း တုိ႔မွ ရရွိေသာ အျမတ္အ စြန္းေငြေပၚတြင္ ေကာက္ခံသည့္ ဝင္ေငြခြန္ႏွင့္ - ဝယ္ခြန္ဟု သတ္မွတ္ ေခၚတြင္ေနၾကေသာ အိမ္၊ ေျမ၊ တုိက္ခန္းတုိ႔ ဝယ္ယူသည့္ ေငြေပၚတြင္ ေကာက္ခံသည့္ ဝင္ေငြ ခြန္ဟူ၍ ႏွစ္မ်ဳိးရွိပါသည္။
သတ္မွတ္သည့္ေရာင္းခြန္ႏႈန္းထား
၂ဝ၁၈-၂၀၁၉ ခုႏွစ္ ျပည္ေထာင္စု၏ အခြန္အေကာက္ ဥပေဒ ပုဒ္ မ-၂၇တြင္ အေျခပစၥည္းတစ္ခု သုိ႔မဟုတ္ တစ္ခုထက္ပုိ၍ ေရာင္းခ် ျခင္းလဲလွယ္ျခင္း၊ အျခားတစ္နည္းနည္းျဖင့္ လႊဲေျပာင္းျခင္းမွ ျမတ္စြန္းေငြရရွိလွ်င္ ထုိသုိ႔ျမတ္စြန္းသည့္ က်ပ္ေငြ သုိ႔မဟုတ္ ႏုိ္င္ငံျခားေငြ အေပၚ ၁ဝ ရာခုိင္ႏႈန္း ျဖင့္ ဝင္ေငြခြန္ စည္းၾကပ္ရမည္ဟု ျပ႒ာန္းထားေပသည္။ ျပည္ပေန နိုင္ငံျခားသားျဖစ္ပါက က်သင့္အခြန္ကို ရရွိသည့္ ေငြေၾကးအမ်ိဳးအစားျဖင့္ ေပးေဆာင္ရမည္။
ဆုိလုိသည္မွာ - အိမ္၊ေျမ တိုက္ခန္းမ်ား ေရာင္းခ်၊ လႊဲေျပာင္း ေပးျခင္းေၾကာင့္ မူလဝယ္စဥ္က တန္ဖုိးေပၚတြင္ အျမတ္အစြန္းရရွိခဲ့ေသာ္ ယင္းရရွိသည့္ အျမတ္အစြန္းေပၚတြင္ တစ္ဆယ္ရာခုိင္ႏႈန္း အခြန္ထမ္းေဆာင္ရမည္ျဖစ္သည္။
ျခြင္းခ်က္အေနျဖင့္ ျပည္ေထာင္စု၏ အခြန္အေကာက္ ဥပေဒပုဒ္မ-၂၈တြင္ ႏွစ္တစ္ႏွစ္အတြင္း အေျခပစၥည္းတစ္ခု သုိ႔မဟုတ္ တစ္ခုထက္ ပို၍ ေရာင္းခ်ျခင္း၊ လဲလွယ္ျခင္း သုိ႔မဟုတ္ အျခားတစ္နည္းနည္းျဖင့္ လႊဲ ေျပာင္းျခင္းျပဳလုပ္သည့္ အေျခပစၥည္း၏ တန္ဖုိးစုစုေပါင္းသည္က်ပ္သိန္းတစ္ရာထက္မပုိလွ်င္ အေျခပစၥည္းမွ ျမတ္စြန္းေငြ ေပၚေပါက္ေစကာမူ ဝင္ေငြခြန္ စည္းၾကပ္ျခင္းမျပဳရ ဟု ျပ႒ာန္းထားပါသည္။ ထုိေၾကာင့္ အေျခပစၥည္း ေရာင္းရသည့္ တန္ဖုိးမွာ က်ပ္သိန္းတစ္ရာထက္ မေက်ာ္လွ်င္ အခြန္စည္း ၾကပ္ျခင္းမရွိဘဲ အလုိအေလ်ာက္ကင္းလြတ္ခြင့္ရမည္ျဖစ္သည္။
သတ္မွတ္သည့္ ဝယ္ခြန္ႏႈန္းထား
၂ဝ၁၈-၂၀၁၉ ခုႏွစ္ ျပည္ေထာင္စု၏ အခြန္အေကာက္ ဥပေဒ ပုဒ္မ ၂၅တြင္ ႏုိင္ငံသားမည္သူမဆုိ အေျခပစၥည္း တစ္ရပ္ရပ္ကုိ ဝယ္ယူျခင္း၊ တည္ေဆာက္ျခင္း၊ ရယူျခင္းႏွင့္ လုပ္ငန္းအသစ္တည္ေထာင္ျခင္း၊ လုပ္ငန္းထပ္မံတိုးခ်ဲ႕ေဆာင္ရြက္ျခင္းတို႔အတြက္အသုံးျပဳသည့္ ဝင္ေငြမွာ ဝင္ေငြရလမ္းတင္ျပႏုိင္ျခင္းမရွိပါက အသံုးျပဳသည့္ ၀င္ေငြေပၚတြင္လည္းေကာင္း၊ ေအာက္ေဖာ္ျပပါ အခြန္ႏႈန္းထားအတိုင္း ၀င္ေငြခြန္စည္းၾကပ္ရမည္။ အသံုးျပဳသည့္ ၀င္ေငြအေပၚ ၀င္ေငြရလမ္းအတိအက်တင္ျပႏိုင္ပါက ၀င္ေငြခြန္ထမ္းေဆာင္ရန္မလိုပါ။ ထုိ႔ေၾကာင့္ အိမ္၊ ေျမ၊ တုိက္ခန္းမ်ားဝယ္ရာတြင္ အသုံးျပဳေသာေငြမွာ ဝင္ေငြရလမ္း မေဖာ္ျပႏုိင္သည့္ ဝင္ေငြ ျဖစ္ေနလွ်င္ ယင္းဝင္ေငြ အေပၚ ဝင္ေငြခြန္စည္းၾကပ္ခံရမည္ျဖစ္ေပသည္။
သုိ႔ရာတြင္ အိမ္၊ ေျမ၊ တုိက္ခန္း ဝယ္ရာတြင္ အသုံးျပဳေသာ ေငြထဲ၌ ဝင္ေငြရလမ္းတင္ ျပႏုိင္သည့္ ဝင္ေငြပါရွိေနပါက ယင္းဝင္ေငြ ကို ႏုတ္၍ က်န္ရွိသည့္ဝင္ေငြရလမ္း မေဖာ္ျပႏုိင္ေသာ ဝင္ေငြအေပၚတြင္သာ ေအာက္ပါႏႈန္းထားအတုိင္း ထမ္းေဆာင္ရမည္ဟု ျပ႒ာန္းထားသည္။
ဆုိလုိသည္မွာ - အိမ္၊ ေျမ၊တုိက္ခန္းမ်ား ဝယ္ယူရာတြင္ အသုံးျပဳေသာ ဝင္ေငြမွာ ယခင္က အေျခပစၥည္း အိမ္၊ ေျမ၊တုိက္ခန္း အပါအဝင္ ေမာ္ေတာ္ကား စသျဖင့္ အခုိင္အမာ ပစၥည္းမ်ား ေရာင္းခ်စဥ္၊ တရားဝင္အခြန္စည္း ၾကပ္ထားၿပီးေသာေငြ၊ ဝင္ေငြရလမ္း ေဖာ္ျပႏုိင္သည့္ဝင္ေငြကုိ သုံး စြဲေၾကာင္း အခြန္ထမ္းမွ တင္ျပခြင့္ ရွိေပသည္။
ထုိအခါ အိမ္၊ ေျမ၊ တုိက္ခန္း ဝယ္ယူသည့္ ဝင္ေငြထဲမွ ယခင္က ပစၥည္းေရာင္းခ်၍ အခြန္ စည္းၾကပ္ထားေသာ ဝင္ေငြကုိႏုတ္ ၿပီး က်န္ရွိသည့္ဝင္ေငြအေပၚ ေအာက္ပါႏႈန္းထားအတုိင္းထမ္းေဆာင္ရမည္ျဖစ္ေၾကာင္း ျပ႒ာန္း ထားျခင္းျဖစ္သည္။
က်န္ရွိသည့္ဝင္ေငြရလမ္း မေဖာ္ျပႏုိင္ေသာ၊ အခြန္စည္းၾကပ္ထားျခင္းမရွိေသာ ေငြမွာ -
• ေငြ၁က်ပ္ မွ သိန္း ၃၀၀အထိ ၁၅ ရာခုိင္ႏႈန္း။
• ေငြက်ပ္ ၃၀၁ သိန္း မွ ေငြက်ပ္သိန္း ၁၀၀၀အထိ ၂၀ ရာခိုင္ႏႈန္း။
• ေငြက်ပ္္ ၁၀၀၁ သိန္း ႏွင့္အထက္ ၃၀ ရာခုိင္ႏႈန္း။
ထမ္းေဆာင္ရမည္ ဟု သတ္မွတ္ျပ႒ာန္းထားေပသည္။
ထုိ႔ျပင္ ယင္းဥပေဒ ပုဒ္မ ၂၅ ၌ အေျခပစၥည္း တစ္ရပ္ရပ္ ကုိ ဝယ္ယူရာတြင္ အသုံးျပဳေသာ ေငြအားလုံးအေပၚ ဝင္ေငြရလမ္း အတိ အက်တင္ျပႏုိင္ပါက ဝင္ေငြ ခြန္ထမ္းေဆာင္ရန္ မလုိဟု ေဖာ္ျပထားေပသည္။
ဆုိလုိသည္မွာ - အိမ္ေျမ၊ တုိက္ခန္း ဝယ္ယူရာတြင္ သုံးစြဲသည့္ ေငြေၾကးပမာဏမွာ ယခင္က အိမ္ေျမ တုိက္ခန္း ေမာ္ေတာ္ကား စသျဖင့္ ခုိင္မာသည့္ ပစၥည္းေရာင္းခ်ခဲ့စဥ္ အခြန္စည္းၾကပ္ထားၿပီးျဖစ္ေသာ ဝင္ေငြ သုိ႔မဟုတ္ အျခားနည္းလမ္းတစ္ခုခုျဖင့္ ဥပမာ- ကုိယ္ပုိင္ စီးပြားေရးလုပ္ငန္းတစ္ခုခုျဖင့္ ရရွိထားေသာဝင္ေငြအေပၚအခြန္စည္းၾကပ္ထားၿပီး ျဖစ္သည့္ ဝင္ေငြပမာဏေအာက္ ေလ်ာ့နည္းေနပါက ထပ္မံအခြန္ ထမ္းေဆာင္ရန္ မလုိအပ္ေတာ့ဘဲ အခြန္စည္းၾကပ္ျခင္းမွ ကင္းလြတ္ ခြင့္ရမည္ျဖစ္သည္။
ထုိ႔ေၾကာင့္ မိမိထမ္း ေဆာင္ရမည့္ ဝင္ေငြခြန္မ်ားကုိ မွန္မွန္ထမ္းေဆာင္ျခင္းျဖင့္ ရရွိလာေသာ ဝင္ေငြမ်ားအား အိမ္၊ေျမ၊ တုိက္ခန္း စသည့္ အေျခပစၥည္းမ်ားကုိ ဝယ္ယူရင္းႏွီးျမႇဳပ္ႏွံျခင္းျဖင့္ အက်ဳိးအျမတ္မ်ား အဆက္မျပတ္ရရွိလာမည္ျဖစ္ေၾကာင္း အႀကံျပဳေရးသားလုိက္ပါသည္။
Credit: iMyanmarHouse.com ၏ ဥပေဒအၾကံေပး ပညာ႐ွင္အဖြဲ႕
### Unicode Version ###
မိတ်ဆွေတစ်ဦးက အိမ်နှင့်မြေ (ဂရန်မြေ) ဝယ်လိုက်သောကြောင့် ဝယ်ခွန်ရောင်းခွန် မည်သို့ ထမ်းဆောင်ရပါသလဲဟု မေးလာသဖြင့် ဤဆောင်းပါးကို ဗဟုသုတအဖြစ်ရေးသားလိုက်ပါသည်။
ဝင်ငွေခွန်ကောက်ခြင်း
ဥပဒေ ဝေါဟာရအခေါ် အခြေပစ္စည်းဖြစ်သည့် အိမ်၊ခြံ၊မြေ တိုက်ခန်းများရောင်းခြင်း၊ ဝယ်ခြင်း ငှားရမ်းခြင်း၊ လွှဲပြောင်းခြင်း စသည့်တို့ ပြုလုပ်ပါက မြန်မာနိုင်ငံ ပြည်ထောင်စု၏ အခွန်အကောက်ဥပဒေနှင့်အညီ သတ်မှတ်ထားသည့် နှုန်းထားအပေါ် ဝင်ငွေခွန် ထမ်းဆောင်ကြရသည်။
တန်ဖိုးစိစစ်ရေးအဖွဲ့သို့ တင်ပြရခြင်း
ရန်ကုန်တိုင်းအတွင်းရှိသည့် အိမ်၊ခြံ၊မြေတိုက်ခန်းများ ရောင်းခြင်း၊ ဝယ်ခြင်းပြုလုပ်ပါက ပထမဦးစွာ ရန်ကုန်မြို့ ပန်းဆိုးတန်းလမ်း၊ ်ရှိ ရန်ကုန်တိုင်း တန်ဖိုးစိစစ်ရေးအဖွဲ့သို့ တန်ဖိုးစိစစ် သတ်မှတ်ပေးပါရန် အရောင်းအဝယ် ကတိစာချုပ်နှင့်အတူ လိုအပ်သော စာရွက်စာတမ်းများကို ပူးတွဲတင်ပြပြီး အရောင်းအဝယ်ပြုသည့်နေ့မှ တစ်လအတွင်း ရောင်းသူဝယ်သူ ကိုယ်တိုင်သွားရောက်၍ ပုံစံများ ဖြည့်စွက်တင်သွင်းရ ပေသည်။
တန်ဖိုးစိစစ်ရေးအဖွဲ့၏ ဆောင်ရွက်ချက်
တန်ဖိုးစိစစ်ရေးအဖွဲ့သည်လိုအပ်လျှင် ကွင်းဆင်းစစ်ဆေးပြီး အိမ်၊မြေ၊ တိုက်ခန်းတန်ဖိုး သတ်မှတ်ထားသည့် စံနှုန်းများနှင့်အညီ စည်းဝေးဆုံးဖြတ်သတ်မှတ်ပေးပါသည်။ ထို့နောက် အိမ်၊ မြေ၊ တိုက်ခန်းတို့၏ တန်ဖိုးသတ်မှတ်ချက် အကြောင်းကြားစာကို အဆိုပါ အိမ်၊ မြေ၊ တိုက်ခန်းရှိရာ မြို့နယ်အခွန်ဦးစီးမှူးရုံးသို့ တစ်လအတွင်း ပေးပို့ပါသည်။ အခွန်ထမ်းသည် သက်ဆိုင်ရာ မြို့နယ်အခွန်ဦးစီးမှူးရုံးတွင် ကျသင့်သည့် ဝင်ငွေခွန်ကို ပေးသွင်းရမည်ဖြစ်သည်။
အခွန်နှုန်းသတ်မှတ်ချက်များ
အများပြည်သူက အလွယ်ကူဆုံးသတ်မှတ်ခေါ်တွင်နေကြသော - ရောင်းခွန်ဖြစ်သည့် ရောင်းရသည့် အခြေပစ္စည်း အိမ်မြေ တိုက်ခန်း တို့မှ ရရှိသော အမြတ်အ စွန်းငွေပေါ်တွင် ကောက်ခံသည့် ဝင်ငွေခွန်နှင့် - ဝယ်ခွန်ဟု သတ်မှတ် ခေါ်တွင်နေကြသော အိမ်၊ မြေ၊ တိုက်ခန်းတို့ ဝယ်ယူသည့် ငွေပေါ်တွင် ကောက်ခံသည့် ဝင်ငွေ ခွန်ဟူ၍ နှစ်မျိုးရှိပါသည်။
သတ်မှတ်သည့်ရောင်းခွန်နှုန်းထား
၂ဝ၁၈-၂၀၁၉ ခုနှစ် ပြည်ထောင်စု၏ အခွန်အကောက် ဥပဒေ ပုဒ် မ-၂၇တွင် အခြေပစ္စည်းတစ်ခု သို့မဟုတ် တစ်ခုထက်ပို၍ ရောင်းချ ခြင်းလဲလှယ်ခြင်း၊ အခြားတစ်နည်းနည်းဖြင့် လွှဲပြောင်းခြင်းမှ မြတ်စွန်းငွေရရှိလျှင် ထိုသို့မြတ် စွန်းသည့် ကျပ်ငွေ သို့မဟုတ် နိုင်ငံခြားငွေ အပေါ် ၁ဝ ရာခိုင်နှုန်း ဖြင့် ဝင်ငွေခွန် စည်းကြပ်ရမည်ဟု ပြဋ္ဌာန်းထားပေသည်။ ပြည်ပနေ နိုင်ငံခြားသားဖြစ်ပါက ကျသင့်အခွန်ကို ရရှိသည့် ငွေကြေးအမျိုးအစားဖြင့် ပေးဆောင်ရမည်။
ဆိုလိုသည်မှာ - အိမ်၊မြေ တိုက်ခန်းများ ရောင်းချ၊ လွှဲပြောင်း ပေးခြင်းကြောင့် မူလဝယ်စဉ်က တန်ဖိုးပေါ်တွင် အမြတ်အစွန်းရရှိခဲ့သော် ယင်းရရှိသည့် အမြတ်အစွန်းပေါ်တွင် တစ်ဆယ်ရာခိုင်နှုန်း အခွန်ထမ်းဆောင်ရမည်ဖြစ်သည်။
ခြွင်းချက်အနေဖြင့် ပြည်ထောင်စု၏ အခွန်အကောက် ဥပဒေပုဒ်မ-၂၈တွင် နှစ်တစ်နှစ်အတွင်း အခြေပစ္စည်းတစ်ခု သို့မဟုတ် တစ်ခုထက် ပို၍ ရောင်းချခြင်း၊ လဲလှယ်ခြင်း သို့မဟုတ် အခြားတစ်နည်းနည်းဖြင့် လွှဲ ပြောင်းခြင်းပြုလုပ်သည့် အခြေပစ္စည်း၏ တန်ဖိုးစုစုပေါင်းသည်ကျပ်သိန်းတစ်ရာထက်မပိုလျှင် အခြေပစ္စည်းမှ မြတ်စွန်းငွေ ပေါ်ပေါက်စေကာမူ ဝင်ငွေခွန် စည်းကြပ်ခြင်းမပြုရ ဟု ပြဋ္ဌာန်းထားပါသည်။ ထိုကြောင့် အခြေပစ္စည်း ရောင်းရသည့် တန်ဖိုးမှာ ကျပ်သိန်းတစ် ရာထက် မကျော်လျှင် အခွန်စည်း ကြပ်ခြင်းမရှိဘဲ အလိုအလျောက် ကင်းလွတ်ခွင့်ရမည်ဖြစ်သည်။
သတ်မှတ်သည့် ဝယ်ခွန်နှုန်းထား
၂ဝ၁၈-၂၀၁၉ ခုနှစ် ပြည်ထောင်စု၏ အခွန်အကောက် ဥပဒေ ပုဒ်မ ၂၅တွင် နိုင်ငံသားမည်သူမဆို အခြေပစ္စည်း တစ်ရပ်ရပ်ကို ဝယ် ယူခြင်း၊ တည်ဆောက်ခြင်း၊ ရယူခြင်းနှင့် လုပ်ငန်းအသစ်တည်ထောင်ခြင်း၊ လုပ်ငန်းထပ်မံတိုးချဲ့ဆောင်ရွက်ခြင်းတို့အတွက် အသုံးပြုသည့် ဝင်ငွေမှာ ဝင်ငွေရလမ်းတင်ပြနိုင်ခြင်းမရှိပါက အသုံးပြုသည့် ဝင်ငွေပေါ်တွင်လည်းကောင်း၊ အောက်ဖော်ပြပါ အခွန်နှုန်းထားအတိုင်း ဝင်ငွေခွန်စည်းကြပ်ရမည်။ အသုံးပြုသည့် ဝင်ငွေအပေါ် ဝင်ငွေရလမ်းအတိအကျတင်ပြနိုင်ပါက ဝင်ငွေခွန်ထမ်းဆောင်ရန်မလိုပါ။ ထို့ကြောင့် အိမ်၊ မြေ၊ တိုက်ခန်းများဝယ်ရာတွင် အသုံးပြု သောငွေမှာ ဝင်ငွေရလမ်း မဖော် ပြနိုင်သည့် ဝင်ငွေ ဖြစ်နေလျှင် ယင်းဝင်ငွေ အပေါ် ဝင်ငွေခွန်စည်းကြပ်ခံရမည်ဖြစ်ပေသည်။
သို့ရာတွင် အိမ်၊ မြေ၊ တိုက်ခန်း ဝယ်ရာတွင် အသုံးပြုသော ငွေထဲ၌ ဝင်ငွေရလမ်းတင် ပြနိုင်သည့် ဝင်ငွေပါရှိနေပါက ယင်းဝင်ငွေ ကို နုတ်၍ ကျန်ရှိသည့်ဝင်ငွေရလမ်း မဖော်ပြနိုင်သော ဝင်ငွေအပေါ်တွင်သာ အောက်ပါနှုန်းထားအတိုင်း ထမ်းဆောင်ရမည်ဟု ပြဋ္ဌာန်းထားသည်။
ဆိုလိုသည်မှာ - အိမ်၊ မြေ၊တိုက်ခန်းများ ဝယ်ယူရာတွင် အသုံးပြုသော ဝင်ငွေမှာ ယခင်က အ ခြေပစ္စည်း အိမ်၊ မြေ၊တိုက်ခန်း အပါအဝင် မော်တော်ကား စသဖြင့် အခိုင်အမာ ပစ္စည်းများ ရောင်းချစဉ်၊ တရားဝင်အခွန်စည်း ကြပ်ထားပြီးသောငွေ၊ ဝင်ငွေရလမ်း ဖော်ပြနိုင်သည့်ဝင်ငွေကို သုံး စွဲကြောင်း အခွန်ထမ်းမှ တင်ပြခွင့် ရှိပေသည်။
ထိုအခါ အိမ်၊ မြေ၊ တိုက်ခန်း ဝယ်ယူသည့် ဝင်ငွေထဲမှ ယခင်က ပစ္စည်းရောင်းချ၍ အခွန် စည်းကြပ်ထားသော ဝင်ငွေကိုနုတ် ပြီး ကျန်ရှိသည့်ဝင်ငွေအပေါ် အောက်ပါနှုန်းထားအတိုင်း ထမ်း ဆောင်ရမည်ဖြစ်ကြောင်း ပြဋ္ဌာန်း ထားခြင်းဖြစ်သည်။
ကျန်ရှိသည့်ဝင်ငွေရလမ်း မဖော်ပြနိုင်သော၊ အခွန်စည်းကြပ်ထားခြင်းမရှိသော ငွေမှာ -
• ငွေ၁ကျပ် မှ သိန်း ၃၀၀အထိ ၁၅ရာခိုင်နှုန်း။
• ငွေကျပ် ၃၀၁သိန်း မှ ငွေကျပ်သိန်း ၁၀၀၀အထိ ၂၀ ရာခိုင်နှုန်း။
• ငွေကျပ် ၁၀၀၁ သိန်း နှင့်အထက် ၃၀ရာခိုင်နှုန်း။
ထမ်းဆောင်ရမည် ဟု သတ်မှတ်ပြဋ္ဌာန်းထားပေသည်။
ထို့ပြင် ယင်းဥပဒေ ပုဒ်မ ၂၅ ၌ အခြေပစ္စည်း တစ်ရပ်ရပ် ကို ဝယ်ယူရာတွင် အသုံးပြုသော ငွေအားလုံးအပေါ် ဝင်ငွေရလမ်း အတိ အကျတင်ပြနိုင်ပါက ဝင်ငွေ ခွန်ထမ်းဆောင်ရန် မလိုဟု ဖော်ပြထားပေသည်။
ဆိုလိုသည်မှာ - အိမ်မြေ၊ တိုက်ခန်း ဝယ်ယူရာတွင် သုံးစွဲသည့် ငွေကြေးပမာဏမှာ ယခင်က အိမ်မြေ တိုက်ခန်း မော်တော်ကား စသဖြင့် ခိုင်မာသည့် ပစ္စည်း ရောင်းချခဲ့စဉ် အခွန်စည်းကြပ်ထားပြီးဖြစ်သော ဝင်ငွေ သို့မဟုတ် အခြားနည်းလမ်းတစ်ခုခုဖြင့် ဥပမာ- ကိုယ်ပိုင် စီးပွားရေးလုပ်ငန်းတစ်ခုခုဖြင့် ရရှိထားသောဝင်ငွေအပေါ်အခွန်စည်းကြပ်ထားပြီး ဖြစ်သည့် ဝင်ငွေပမာဏအောက် လျော့နည်းနေပါက ထပ်မံအခွန် ထမ်းဆောင်ရန် မလိုအပ်တော့ဘဲ အခွန်စည်းကြပ်ခြင်းမှ ကင်းလွတ် ခွင့်ရမည်ဖြစ်သည်။
ထို့ကြောင့် မိမိထမ်း ဆောင်ရမည့် ဝင်ငွေခွန်များကို မှန်မှန်ထမ်းဆောင်ခြင်းဖြင့် ရရှိလာသော ဝင်ငွေများအား အိမ်၊မြေ၊ တိုက်ခန်း စသည့် အခြေပစ္စည်းများကို ဝယ်ယူရင်းနှီးမြှုပ်နှံခြင်းဖြင့် အကျိုးအမြတ်များ အဆက်မပြတ်ရရှိလာမည်ဖြစ်ကြောင်း အကြံပြု ရေးသား လိုက်ပါသည်။
Credit: iMyanmarHouse.com ၏ ဥပဒေအကြံပေး ပညာရှင်အဖွဲ့