တိုက္ခန္းဝယ္ရင္ ‘‘ေစ်းဆစ္’’ ဖို ့ကအဓိကလား ‘‘ ပိုင္ဆိုင္မႈ မွန္ကန္ဖို႔က အဓိကလား ’’

တိုက္ခန္းဝယ္ရင္ ‘‘ေစ်းဆစ္’’ ဖို ့ကအဓိကလား ‘‘ ပိုင္ဆိုင္မႈ မွန္ကန္ဖို႔က အဓိကလား ’’ - Property Knowledge in Myanmar from iMyanmarHouse.com
28 Aug 2019 11:33 am တွင် တင်ခဲ့သည်
2924 ကြိမ် ကြည့်ရှု့ပြီး

ဗဟုသုတ | Posted by စည်သူအောင်

### Zawgyi Version ###

ဝယ္သူရဲ႕ဦးတည္ခ်က္က ေစ်းဆစ္ဖို႔ အက်ိဳးေဆာင္က ပြဲျဖစ္ဖို႔ အိမ္ျခံေျမ တိုက္ခန္း အေရာင္းအဝယ္ ျပဳလုပ္ၾကရာမွာ ၀ယ္သူအမ်ား စိတ္ေလာေနသည္က ေရာင္းသူ ေခၚထားတဲ့ ေစ်းကို အတက္နိုင္ဆံုး ေစ်းဆစ္ဖို႔သာ အဓိကလို႔ ထင္ေနၾကတယ္၊ ပြဲစားဆုိေသာ ပုဂိၢဳလ္မ်ားကလည္း အေရာင္းအဝယ္ ျဖစ္ဖို႔ကိုသာဦးတည္ေျပာဆိုတက္ၾကတယ္။ ပြဲစားဆုိတာကလဲ ပုထုဇဥ္ပဲေလ။ အေရာင္းအဝယ္ တည့္မွ ပြဲခရမွာ မဟုတ္လား။ အေရာင္းအဝယ္ ဆိုတာ ေရာင္းသူ၊ ဝယ္သူ‘‘ ေလာဘလြန္ဆြဲပြဲ ’’ ဒါေၾကာင့္ အေရာင္းအဝယ္ လုပ္ၾကၿပီဆိုလ်ွင္‘‘လိုခ်င္မႈေလာဘ’’ ကို ေရွ႕တန္းတင္ျပီး ေရာင္းသူနဲ႔ ဝယ္သူမ်ားမွာ ကိုယ္လိုရာဘက္ပါေအာင္ ‘‘ေလာဘလြန္ဆြဲပြဲ’’ ျပဳလုပ္ေနတာနဲ႔ တူပါတယ္။ ၾကည့္ေလ……အိမ္ျခံေျမ ေရာင္းမယ့္သူကလည္း ကာလေပါက္ေစ်းထက္သူၾကိဳက္တဲ့ ‘‘အျမင့္ဆံုးေစ်း’’ ကို ေခၚတယ္။

ေရာင္းေစ်းတစ္ခြန္းတည္း ေျပာလို႔မရ ၊ေစ်းဆစ္တာက အေလ့အထ

ဒီၾကားထဲ ‘‘ ပြဲစားကလည္း ဝယ္သူ စိတ္ပါေအာင္ လႈံေဆာ္ေပးရေသးတယ္ ။ ေျမရွင္ ဒါမွမဟုတ္ တိုက္ခန္းပိုင္ရွင္ က ေငြလိုေနလို႔ ေရာင္းခ်င္တာၾကာ လွျပီ ။ဒီေတာ့….ေက်ာက္အေရာင္းအဝယ္ လုပ္သလိုေပါ့။ ‘‘ ေရာင္းသူတစ္ဆယ္ ၊ ဝယ္သူငါးက်ပ္ ’’ ဆိုတဲ ့ စကားရွိတယ္ေလ။ အကိုလည္း ႀကိဳက္ေနတာဘဲ ေစ်းဆစ္ၾကည့္ေပါ့…ဟု ‘‘ ေရလာ ေျမာင္းေပး ’’ ႀကိဳေျပာ ထားေတာ့ ေရာင္းသူ နဲ႔ ဝယ္သူ မ်က္ႏွာခ်င္းဆုိင္ ေတြ႔ရင္ ‘‘ေစ်းဆစ္’’ တာကေတာ့ ျမန္မာ လူမ်ိဳးတို႔ရဲ႕ထုံးစံ တစ္ခုလိုေတာင္ ျဖစ္ေနၿပီလို႔ ဆုိရမယ္ ထင္ပါတယ္။

အတုျမင္၊ အတက္သင္လာၾကတဲ႔ ကိုရီးယား

ျမန္မာလူမ်ိဳးေတြရဲ႕ ေလသံလိုက္ျပီး၊ ျမန္မာလူမ်ိဳးေတြနဲ႔ ဖက္စပ္ လုပ္ကိုင္ေန ၾကတဲ႔ ကိုရီးယား လူမ်ိဳး၊ ဂ်ပန္ လူမ်ိဳးေတြေတာင္ ေစ်းဆစ္တက္လာၾကၿပီ၊ မွတ္မိလို႔ ေျပာရအုံးမယ္ ။ တစ္ခါက ျမန္မာပိုင္ ေျမကြက္တစ္ကြက္ကို ကိုရီးယားလူမ်ိဳးက ငွားရမ္းျပီး ျခံစိုက္ပ်ိဳး လုပ္ဖို ့အဂၤလိပ္လို စာခ်ဳပ္ခ်ဳပ္တဲ့အခါ စာခ်ဳပ္ စီစဥ္ေပးဖိုနဲ႔ စာခ်ဳပ္ေပၚမွာ အသိသက္ေသ လက္မွတ္ထိုးေပးဖို႔ ေရွ႕ေနေခၚတဲ့အတြက္ ကၽြႏု္ပ္ လိုက္ပါေဆာင္ရြက္ ေပးရဖူးတယ္…. စာခ်ဳပ္ မွာ လက္မွတ္ ထိုးျပီးတဲ့အခါ ေရွ႕ေန ေဆာင္ရြက္ခ ဘယ္ေလာက္ေပးရမလဲ လို႔ ေမးတယ္၊ ကၽြနု္ပ္က(ႏွစ္သိန္း) ေပးရမယ္ လို႔ ေျပာတဲ့အခါ အဂၤလိပ္လို ေျပာေနတဲ့ ကိုရီးယားက ‘‘မ်ားတယ္ ငါးေသာင္း က်ပ္’’ ထားပါ လို႔ ျမန္မာလို ပီပီသသ ေျပာလိုက္ေတာ့ ကၽြႏိုပ္ေတာင္ ပါးစပ္ အေဟာင္းသား နဲ႔ ျဖစ္သြားတယ္။ သူ႔ကို သေဘာက်လို ့‘‘ဟက္ဟက္ ပက္ပက္’’ ရယ္မိခဲ့ေသးတယ္။

သူတို႔ႏိုင္ငံမွာ ေရွ႕ေနဆုိရင္ အလြန္တန္ဖိုးထားတဲ့ လူမ်ိဳးကေတာင္ ျမန္မာျပည္လည္း ေရာက္လာေရာ ျမန္မာနည္း ျမန္မာ့ဟန္၊ ျမန္မာ့ထုံးစံကို ေလ့လာထားပုံရပါတယ္။ ေ႐ွ႕ေနခ ေစ်းဆစ္ဖို႔က်ေတာ့ သြက္လိုက္တာ ေစ်းဆစ္ ဖို႔ အေစာၾကီး ကတည္းက ‘‘ဗမာစကား’’ သင္ထားသလား မသိပါဘူး။ ဒါက စပ္မိလို႔ ကိုယ္ေတြ႔ေလး ေျပာျပတာပါ။

အေရာင္းအ၀ယ္ မလုပ္မီ ပိုင္ဆိုင္မႈ စစ္ေဆးဖို႔က အဓိက

အဲ…….ေျပာခ်င္တာက ဝယ္သူေတြဟာ ေရာင္းသူေတြထံက ပိုင္ဆိုင္မႈ စာရြက္ စာတမ္းေတြကို ေသေသခ်ာခ်ာ မေလ့လာရေသးဘဲနဲ႔ ‘‘ ေစ်းဆစ္’’ ၾကတာကို ေတြ႔ရပါတယ္။ တကယ္ေတာ့ အိမ္၊ ျခံ ၊ေျမ တုိက္ခန္း အေရာင္းအဝယ္ ေစ်းစကား မေျပာမီ ေရာင္းသူရဲ႕ ပိုင္ဆို္င္မႈ စာရြက္စာတမ္းေတြကို ပထမဆုံး စစ္ေဆး ၾကည့္ရမွာပါ။ တုိက္ခန္း ဆိုရင္ ကန္ထရုိက္တာ ထံက ဝယ္ထားတာလား။ ဒါမွမဟုတ္ ေျမရွင္က သူ ပိုင္အခန္းကို ေရာင္းတာလား။ ဒါမွမဟုတ္ တုိက္ မျပီးေသးဘဲနဲ႔ ၾကိဳပိြဳင့္ ေရာင္းတာလား ေမးျမန္းရမယ္။

ကန္ထရုိက္တာထံက ဝယ္တဲ့ စာခ်ဳပ္လား၊ ေျမရွင္ထံက ဝယ္တဲ့ စာခ်ဳပ္လား ခဲြျခားပါ

ကန္ထရုိက္တာထံကတစ္ဆင့္ ဝယ္တဲ့ တိုက္ခန္းဆိုရင္ ကန္ထရုိက္တာနဲ႔ ဝယ္သူ တုိက္ရုိက္ခ်ဳပ္တဲ့ စာခ်ဳပ္တစ္ခုပဲ ေပးလိမ့္မယ္။ ျပီးေတာ့ လူေနထိုင္ခြင့္ လက္မွတ္ (BCC) မိတၱဴ ရမယ္။ ဒါဘဲ။ ေျမရွင္ဘက္က ဝယ္တဲ့ တုိက္ခန္း ဆိုရင္ ၊ကန္ထရုိက္တာနဲ႔ ေျမရွင္တို႔ ခ်ဳပ္ဆိုထားတဲ ့ နွစ္ဦးသေဘာတူ ကန္ထရုိက္တိုက္ ေဆာက္လုပ္တဲ့ စာခ်ဳပ္ မိတၱဴေပးမယ္။ ၿပီးမွ ( BCC ) မိတၱဴ ေပးမယ္။ ျပီးမွ ေျမရွင္ နဲ႔ ဝယ္သူတုိက္ခန္း အေရာင္းအဝယ္ စာခ်ဳပ္ခ်ဳပ္ လိုက္ရုံဘဲ ။ ေျမရွင္ထံ ကတစ္ဆင့္ ဝယ္ထားသူက အဆင့္ဆင့္ ျပန္ေရာင္းတယ္ဆိုရင္ေတာ့ အသိအမွတ္ျပဳေပးဖို႔ ေျမရွင္ လက္မွတ္ ေရးထိုးခိုင္းေလ့ရွိၾကတယ္။ ေျမရွင္ လက္မွတ္ထိုးခ တိုက္ခန္း တန္ဖိုး ရဲ႕ ၁% ၊ ၂ % ေတာင္းလိမ့္မယ္။ ေရမီတာ ၊လ်ွပ္စစ္ မီတာ၊ စည္ပင္အခြန္ေျပစာ ၊ အခန္းငွားခ လစဥ္ေျပစာေတြကို ဝယ္သူကို ေပးရမွာကေတာ့ ေရာင္းသူ တာ ဝန္ဘဲ ။

ႀကိဳပြိဳင့္ အဆင့္ေျပာင္းေလ၊ ကန္ထရုိက္ ၾကိဳက္ေလ

ႀကိဳပိြဳင့္ တုိက္ခန္းေတြရဲ႕ သေဘာတရားကေတာ့ ပထမဆုံး ႀကိဳပိြဳင့္ ဝယ္သူေတြက ကန္ထရုိက္တာထံက တိုက္ေဆာက္ဖို႔ ေျမမတိုင္းမီ ကတည္းက ေစ်းႏႈန္း ခ်ိဳသာစြာနဲ႔ ဝယ္တယ္။တိုက္ေဆာက္လုပ္လို႔ တစ္ထပ္ ၊ ႏွစ္ထပ္ ရုပ္လုံး ေပၚလာရင္ အဲဒီၾကိဳပိြဳင့္ကိုဘဲ ေနာက္တစ္ဦး က လာဝယ္ျပန္တယ္ ။ဒီေတာ့ ပထမ ႀကိဳပိြဳင့္ ဝယ္သူက အျမတ္တင္ ေရာင္းတယ္။ ဒီေတာ့ ပထမ ဝယ္သူထားသူရဲ႕ နာမည္ ကေန၊ ဒုတိယ နာမည္ ေျပာင္းခ ကန္ထရုိက္တာ ကို ေပးရတယ္။ နာမည္ေျပာင္းခ အနည္းဆုံး (၁၀) ေလာက္ ေပးရတယ္ တုိက္မျပီးခင္ စပ္ၾကား ေနာက္ထပ္ အေရာင္းအဝယ္ ရွိတိုင္း ၊ကန္ထရုိက္တာ က ေရွ႕နည္းတူ ေဆာင္ရြက္ေပးရတယ္။ တစ္ဦးေျပာင္းရင္ (၁၀)သိန္း ရတဲ ့ကန္ထရုိက္တာက ႀကိဳပိြဳင့္ စနစ္ဝယ္သူ ေျပာင္းေလ ႀကိဳက္ေလဘဲ။ ေနာက္ဆုံး၀ယ္သူ နဲ႔ ကန္ထရုိက္တာ နဲ႔ အၿပီးအပိုင္ အေရာင္းအဝယ္ စာခ်ဳပ္ခ်ဳပ္မွပဲ ကန္ထရုိက္ တာဝန္ျပီးသြားေတာ့တယ္။ ေစ်းကေတာ့ ကိုယ္ဝယ္တဲ့ ေစ်းက သိန္း (၃၀၀) ဆိုေပမယ့္ ႀကိဳပိြဳင့္ ေရာင္းတုန္းက ေစ်းအတိုင္း ဥပမာ သိန္း (၁၅၀) ဆိုရင္ အဲဒီေစ်းနဲ႔ပဲ ခ်ဳပ္ေပးတယ္။ ကန္ထရုိက္တာနဲ႔ ဝယ္သူ တုိက္ရုိက္ စာခ်ဳပ္ရလို႔ အဲဒီလိုဝယ္ထားတဲ့ တိုက္ခန္းမ်ိဳးကို ဝယ္သူအမည္ေပါက္ တုိက္ခန္းလို႔ တင္စားေျပာေလ့ ရွိၾကတယ္။ ဒီလိုေတြ သိႏိုင္ဖို႔အတြက္ ေစ်းဆစ္ဖို႔ထက္ ပိုင္ဆိုင္မႈ စာရြက္စာတမ္းေတြ မွန္ကန္မႈ ရွိ ၊မရွိ အရင္ စစ္ေဆးၾက ပါလို႔ မွာၾကားလိုက္ပါရေစ ။

အိမ္ျခံေျမ ကိစၥအဝဝနွင့္ ပတ္သက္၍ ဥပေဒအၾကံေပးပညာရွင္မ်ားနွင့္ ေဆြးေႏြးတိုင္ပင္လိုပါက iMyanmarHouse.com ၏ ဖုန္းနံပါတ္မ်ားျဖစ္ေသာ 09-966901767, 09-268022352 သို႔ ဆက္သြယ္ႏိုင္ပါသည္။ အေသးစိတ္ၾကည့္ရန္ ဤေနရာကို ႏွိပ္ပါ။

ေခတၱရာ ျမင့္ေအာင္ ( LL.B DML ) မွ iMyanmarHouse.com (အိုင္ျမန္မာေဟာက္စ္ေဒါ႔ကြန္း) အတြက္ အထူးေရးသားေဖာ္ျပသည္။

Credit: iMyanmarHouse.com

### Unicode Version ###

ဝယ်သူရဲ့ဦးတည်ချက်က ဈေးဆစ်ဖို့ အကျိုးဆောင်က ပွဲဖြစ်ဖို့ အိမ်ခြံမြေ တိုက်ခန်း အရောင်းအဝယ် ပြုလုပ်ကြရာမှာ ဝယ်သူအများ စိတ်လောနေ သည်က ရောင်းသူ ခေါ်ထားတဲ့ ဈေးကို အတက်နိုင်ဆုံး ဈေးဆစ်ဖို့သာ အဓိ ကလို့ ထင်နေကြတယ်၊ ပွဲစားဆိုသော ပုဂ္ဂိုလ်များကလည်း အရောင်းအဝယ် ဖြစ်ဖို့ကိုသာ ဦးတည်ပြောဆိုတက်ကြတယ်။ ပွဲစားဆိုတာကလဲ ပုထုဇဉ်ပဲလေ။ အရောင်းအဝယ် တည့်မှ ပွဲခရမှာ မဟုတ်လား။ အရောင်းအဝယ် ဆိုတာ ရောင်းသူ၊ ဝယ်သူ‘‘ လောဘလွန်ဆွဲပွဲ ’’ ဒါကြောင့် အရောင်းအဝယ် လုပ်ကြပြီဆိုလျှင်‘‘လိုချင်မှုလောဘ’’ ကို ရှေ့တန်းတင်ပြီး ရောင်းသူနဲ့ ဝယ် သူများမှာ ကိုယ်လိုရာဘက်ပါအောင် ‘‘လောဘလွန်ဆွဲပွဲ’’ ပြုလုပ်နေတာနဲ့ တူပါတယ်။ ကြည့်လေ……အိမ်ခြံမြေ ရောင်းမယ့်သူကလည်း ကာလပေါက်ဈေးထက် သူကြိုက်တဲ့ ‘‘အမြင့်ဆုံးဈေး’’ ကို ခေါ်တယ်။

ရောင်းဈေးတစ်ခွန်းတည်း ပြောလို့မရ ၊ဈေးဆစ်တာက အလေ့အထ

ဒီကြားထဲ ‘‘ ပွဲစားကလည်း ဝယ်သူ စိတ်ပါအောင် လှုံဆော်ပေးရသေးတယ် ။ မြေရှင် ဒါမှမဟုတ် တိုက်ခန်းပိုင်ရှင် က ငွေလိုနေလို့ ရောင်းချင်တာကြာ လှပြီ ။ဒီတော့….ကျောက်အရောင်းအဝယ် လုပ်သလိုပေါ့။ ‘‘ ရောင်းသူတစ်ဆယ် ၊ ဝယ်သူငါးကျပ် ’’ ဆိုတဲ့ စကားရှိတယ်လေ။ အကိုလည်း ကြိုက်နေတာဘဲ ဈေးဆစ်ကြည့်ပေါ့…ဟု ‘‘ ရေလာ မြောင်းပေး ’’ ကြိုပြော ထားတော့ ရောင်းသူ နဲ့ ဝယ်သူ မျက်နှာချင်းဆိုင် တွေ့ရင် ‘‘ဈေးဆစ်’’ တာကတော့ မြန်မာ လူမျိုးတို့ရဲ့ထုံးစံ တစ်ခုလိုတောင် ဖြစ်နေပြီလို့ ဆိုရမယ် ထင်ပါတယ်။

အတုမြင်၊ အတက်သင်လာကြတဲ့ ကိုရီးယား

မြန်မာလူမျိုးတွေရဲ့ လေသံလိုက်ပြီး၊ မြန်မာလူမျိုးတွေနဲ့ ဖက်စပ် လုပ်ကိုင်နေ ကြတဲ့ ကိုရီးယား လူမျိုး၊ ဂျပန် လူမျိုးတွေတောင် ဈေးဆစ်တက်လာကြပြီ၊ မှတ်မိလို့ ပြောရအုံးမယ် ။ တစ်ခါက မြန်မာပိုင် မြေကွက်တစ်ကွက်ကို ကိုရီး ယားလူမျိုးက ငှားရမ်းပြီး ခြံစိုက်ပျိုး လုပ်ဖို့အင်္ဂလိပ်လို စာချုပ်ချုပ်တဲ့အခါ စာချုပ် စီစဉ်ပေးဖိုနဲ့ စာချုပ်ပေါ်မှာ အသိသက်သေ လက်မှတ်ထိုးပေး ဖို့ ရှေ့နေခေါ်တဲ့အတွက် ကျွနု်ပ် လိုက်ပါဆောင်ရွက် ပေးရဖူးတယ်…. စာချုပ် မှာ လက်မှတ် ထိုးပြီးတဲ့အခါ ရှေ့နေ ဆောင်ရွက်ခ ဘယ်လောက်ပေးရမလဲ လို့ မေးတယ်၊ ကျွနု်ပ်က(နှစ်သိန်း) ပေးရမယ် လို့ ပြောတဲ့အခါ အင်္ဂလိပ် လို ပြောနေတဲ့ ကိုရီးယားက ‘‘များတယ် ငါးသောင်း ကျပ်’’ ထားပါ လို့ မြန်မာလို ပီပီသသ ပြောလိုက်တော့ ကျွနိုပ်တောင် ပါးစပ် အဟောင်းသား နဲ့ ဖြစ်သွားတယ်။ သူ့ကို သဘောကျလို့‘‘ဟက်ဟက် ပက်ပက်’’ ရယ်မိခဲ့သေးတယ်။

သူတို့နိုင်ငံမှာ ရှေ့နေဆိုရင် အလွန်တန်ဖိုးထားတဲ့ လူမျိုးကတောင် မြန် မာပြည်လည်း ရောက်လာရော မြန်မာနည်း မြန်မာ့ဟန်၊ မြန်မာ့ထုံးစံကို လေ့လာထားပုံရပါတယ်။ ရှေ့နေခ ဈေးဆစ်ဖို့ကျတော့ သွက်လိုက်တာ ဈေးဆစ် ဖို့ အစောကြီး ကတည်းက ‘‘ဗမာစကား’’ သင်ထားသလား မသိပါဘူး။ ဒါက စပ်မိလို့ ကိုယ်တွေ့လေး ပြောပြတာပါ။

အရောင်းအဝယ် မလုပ်မီ ပိုင်ဆိုင်မှု စစ်ဆေးဖို့က အဓိက

အဲ…….ပြောချင်တာက ဝယ်သူတွေဟာ ရောင်းသူတွေထံက ပိုင်ဆိုင်မှု စာရွက် စာတမ်းတွေကို သေသေချာချာ မလေ့လာရသေးဘဲနဲ့ ‘‘ ဈေးဆစ်’’ ကြ တာကို တွေ့ရပါတယ်။ တကယ်တော့ အိမ်၊ ခြံ ၊မြေ တိုက်ခန်း အရောင်းအဝယ် ဈေးစကား မပြောမီ ရောင်းသူရဲ့ ပိုင်ဆိုင်မှု စာရွက်စာတမ်းတွေကို ပထမဆုံး စစ်ဆေး ကြည့်ရမှာပါ။ တိုက်ခန်း ဆိုရင် ကန်ထရိုက်တာ ထံက ဝယ်ထားတာလား။ ဒါမှမဟုတ် မြေရှင်က သူ ပိုင်အခန်းကို ရောင်းတာလား။ ဒါမှမဟုတ် တိုက် မပြီးသေးဘဲနဲ့ ကြိုပွိုင့် ရောင်းတာလား မေးမြန်းရမယ်။

ကန်ထရိုက်တာထံက ဝယ်တဲ့ စာချုပ်လား၊ မြေရှင်ထံက ဝယ်တဲ့ စာချုပ်လား ခွဲခြားပါ

ကန်ထရိုက်တာထံကတစ်ဆင့် ဝယ်တဲ့ တိုက်ခန်းဆိုရင် ကန်ထရိုက်တာနဲ့ ဝယ်သူ တိုက်ရိုက်ချုပ်တဲ့ စာချုပ် တစ်ခုပဲ ပေးလိမ့်မယ်။ ပြီးတော့ လူနေထိုင်ခွင့် လက်မှတ် (BCC) မိတ္တူ ရမယ်။ ဒါဘဲ။ မြေရှင်ဘက်က ဝယ်တဲ့ တိုက်ခန်း ဆိုရင် ၊ကန်ထရိုက်တာနဲ့ မြေရှင်တို့ ချုပ်ဆိုထားတဲ့ နှစ်ဦးသဘောတူ ကန် ထရိုက်တိုက် ဆောက်လုပ်တဲ့ စာချုပ် မိတ္တူပေးမယ်။ ပြီးမှ ( BCC ) မိတ္တူ ပေးမယ်။ ပြီးမှ မြေရှင် နဲ့ ဝယ်သူတိုက်ခန်း အရောင်းအဝယ် စာချုပ်ချုပ် လိုက်ရုံဘဲ ။ မြေရှင်ထံ ကတစ်ဆင့် ဝယ်ထားသူက အဆင့်ဆင့် ပြန်ရောင်းတယ်ဆိုရင်တော့ အသိအမှတ်ပြုပေးဖို့ မြေရှင် လက်မှတ် ရေးထိုးခိုင်းလေ့ ရှိကြတယ်။ မြေရှင် လက်မှတ်ထိုးခ တိုက်ခန်း တန်ဖိုး ရဲ့ ၁% ၊ ၂ % တောင်းလိမ့်မယ်။ ရေမီတာ ၊လျှပ်စစ် မီတာ၊ စည်ပင်အခွန်ပြေစာ ၊ အခန်းငှားခ လစဉ်ပြေစာတွေကို ဝယ်သူကို ပေးရမှာကတော့ ရောင်းသူ တာ ဝန်ဘဲ ။

ကြိုပွိုင့် အဆင့် ပြောင်းလေ၊ ကန်ထရိုက် ကြိုက်လေ

ကြိုပွိုင့် တိုက်ခန်းတွေရဲ့ သဘောတရားကတော့ ပထမဆုံး ကြိုပွိုင့် ဝယ်သူတွေက ကန်ထရိုက်တာထံက တိုက်ဆောက်ဖို့ မြေမတိုင်းမီ ကတည်းက ဈေးနှုန်း ချိုသာစွာနဲ့ ဝယ်တယ်။တိုက်ဆောက်လုပ်လို့ တစ်ထပ် ၊ နှစ်ထပ် ရုပ်လုံး ပေါ်လာရင် အဲဒီကြိုပွိုင့်ကိုဘဲ နောက်တစ်ဦး က လာဝယ်ပြန်တယ် ။ဒီတော့ ပထမ ကြိုပွိုင့် ဝယ် သူက အမြတ်တင် ရောင်းတယ်။ ဒီတော့ ပထမ ဝယ်သူထားသူရဲ့ နာမည် ကနေ၊ ဒုတိယ နာမည် ပြောင်းခ ကန်ထရိုက်တာ ကို ပေးရတယ်။ နာမည်ပြောင်းခ အနည်းဆုံး (၁၀) လောက် ပေးရတယ် တိုက်မပြီးခင် စပ်ကြား နောက်ထပ် အရောင်းအဝယ် ရှိတိုင်း ၊ကန်ထရိုက်တာ က ရှေ့နည်းတူ ဆောင်ရွက်ပေးရတယ်။ တစ်ဦးပြောင်းရင် (၁၀)သိန်း ရတဲ့ကန်ထရိုက်တာက ကြိုပွိုင့် စနစ်ဝယ်သူ ပြောင်းလေ ကြိုက်လေ ဘဲ။ နောက်ဆုံးဝယ်သူ နဲ့ ကန်ထရိုက်တာ နဲ့ အပြီးအပိုင် အရောင်းအဝယ် စာချုပ်ချုပ်မှပဲ ကန်ထရိုက် တာဝန်ပြီးသွားတော့တယ်။ ဈေးကတော့ ကိုယ်ဝယ်တဲ့ ဈေးက သိန်း (၃၀၀) ဆိုပေမယ့် ကြိုပွိုင့် ရောင်းတုန်းက ဈေးအတိုင်း ဥပမာ သိန်း (၁၅၀) ဆိုရင် အဲဒီဈေးနဲ့ပဲ ချုပ်ပေးတယ်။ ကန်ထရိုက်တာနဲ့ ဝယ်သူ တိုက်ရိုက် စာချုပ်ရလို့ အဲဒီလိုဝယ်ထားတဲ့ တိုက်ခန်းမျိုးကို ဝယ်သူအမည်ပေါက် တိုက်ခန်းလို့ တင်စားပြောလေ့ ရှိကြတယ်။ ဒီလိုတွေ သိနိုင်ဖို့အတွက် ဈေးဆစ်ဖို့ထက် ပိုင်ဆိုင်မှု စာရွက်စာတမ်းတွေ မှန်ကန်မှု ရှိ ၊မရှိ အရင် စစ်ဆေးကြ ပါလို့ မှာကြားလိုက်ပါရစေ ။

အိမ်ခြံမြေ ကိစ္စအဝဝနှင့် ပတ်သက်၍ ဥပဒေအကြံပေးပညာရှင်များနှင့် ဆွေးနွေးတိုင်ပင်လိုပါက iMyanmarHouse.com ၏ ဖုန်းနံပါတ်များဖြစ်သော 09-966901767, 09-268022352 သို့ ဆက်သွယ်နိုင်ပါသည်။ အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။

ခေတ္တရာ မြင့်အောင် ( LL.B DML ) မှ iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) အတွက် အထူးရေးသားဖော်ပြသည်။

Credit: iMyanmarHouse.com

နောက်ဆုံးရ အိမ်ခြံမြေ ဗဟုသုတများ

ဘတ်စ်ကား စပယ်ယာ၊ လမ်းဘေးသစ်သီးသည်ဘဝမှ ဆင်းဆင်းရဲရဲ ရုန်းကန်ခဲ့ရသော ကျွဲရိုင်းအချိုရည် မိသားစု ထိုင်းနိုင်ငံ၏ အချမ်းသာဆုံးဖြစ်လာပုံ...
ဘတ်စ်ကား စပယ်ယာ၊ လမ်းဘေးသစ်သီးသည်ဘဝမှ ဆင်းဆင်းရဲရဲ ရုန်းကန်ခဲ့ရသော ကျွဲရိုင်းအချိုရည် မိသားစု ထိုင်းနိုင်ငံ၏ အချမ်းသာဆုံးဖြစ်လာပုံ...
ဗြိတိန်တွင် ပန်းရံဆရာအဖြစ် အလုပ်လုပ်ကိုင်နေသော မလေးရှားနိုင်ငံသားက တစ်ရက်လျှင် ဒေါ်လာ ၂၀၀ ရကာ လစဉ်ဝင်ငွေ ဒေါ်လာ ၅၁၀၀ ကျော်ရကြောင်း ပြောပြထားသည့် TikTok ဗွီဒီယို လူမှုကွန်ရက်တွင် နာမည်ကြီးနေ...
ဗြိတိန်တွင် ပန်းရံဆရာအဖြစ် အလုပ်လုပ်ကိုင်နေသော မလေးရှားနိုင်ငံသားက တစ်ရက်လျှင် ဒေါ်လာ ၂၀၀ ရကာ လစဉ်ဝင်ငွေ ဒေါ်လာ ၅၁၀၀ ကျော်ရကြောင်း ပြောပြထားသည့် TikTok ဗွီဒီယို လူမှုကွန်ရက်တွင် နာမည်ကြီးနေ...
Elon Musk မှာ အိမ်မပြန်ဘဲ ဒေါ်နယ်ထရမ့်၏ စံအိမ်ကြီးတွင်သာ နေထိုင်လျက်ရှိ၊ Elon Musk ကို အနားမှ ထွက်မသွားစေလိုကြောင်း ဒေါ်နယ်ထရမ့်ပြောကြား...
Elon Musk မှာ အိမ်မပြန်ဘဲ ဒေါ်နယ်ထရမ့်၏ စံအိမ်ကြီးတွင်သာ နေထိုင်လျက်ရှိ၊ Elon Musk ကို အနားမှ ထွက်မသွားစေလိုကြောင်း ဒေါ်နယ်ထရမ့်ပြောကြား...
အင်္ဂလန်တွင် ဇနီးမောင်နှံနှစ်ဦး ၂၆ နှစ်အချိန်ယူ စိုက်ပျိုးမွမ်းမံခဲ့ရတဲ့ ပန်းအိမ်လေး
အင်္ဂလန်တွင် ဇနီးမောင်နှံနှစ်ဦး ၂၆ နှစ်အချိန်ယူ စိုက်ပျိုးမွမ်းမံခဲ့ရတဲ့ ပန်းအိမ်လေး
ရှန်ဟိုင်းတွင် ယနေ့စတင်ကျင်းပလျက်ရှိသည့် ဆောက်လုပ်ရေးလုပ်ငန်းသုံး စက်ယန္တယားများနှင့် ယာဉ်များ ပြပွဲ...
ရှန်ဟိုင်းတွင် ယနေ့စတင်ကျင်းပလျက်ရှိသည့် ဆောက်လုပ်ရေးလုပ်ငန်းသုံး စက်ယန္တယားများနှင့် ယာဉ်များ ပြပွဲ...
"မြေတစ်ခေတ်မှာ" "ရွှေဖြစ်ဖို့" မြေအကြောင်း လေ့လာကြစို့
"မြေတစ်ခေတ်မှာ" "ရွှေဖြစ်ဖို့" မြေအကြောင်း လေ့လာကြစို့
မှတ်သားဖွယ် အိမ်ခြံမြေဥပဒေရေးရာ အဖြာဖြာ
မှတ်သားဖွယ် အိမ်ခြံမြေဥပဒေရေးရာ အဖြာဖြာ
သဲမရှိ ရေမရှိ ဆောင်းဦးရောက်တိုင်း ကြက်သွေးရောင်အတိဖြစ်သွားတဲ့ တရုတ်နိုင်ငံက အနီရောင်ကမ်းခြေ...
သဲမရှိ ရေမရှိ ဆောင်းဦးရောက်တိုင်း ကြက်သွေးရောင်အတိဖြစ်သွားတဲ့ တရုတ်နိုင်ငံက အနီရောင်ကမ်းခြေ...
ကာကွယ်ခုခံပိုင်ခွင့်နှင့် စပ်လျဉ်း၍ သိရှိထားသင့်သည့်အချက်အလက်များ ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။...
ကာကွယ်ခုခံပိုင်ခွင့်နှင့် စပ်လျဉ်း၍ သိရှိထားသင့်သည့်အချက်အလက်များ ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။...
အီလက်ထရောနစ် သက်သေခံနှင့်စပ်လျဉ်း၍ သိရှိထားသင့်သည့်အချက်အလက်များ ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။...
အီလက်ထရောနစ် သက်သေခံနှင့်စပ်လျဉ်း၍ သိရှိထားသင့်သည့်အချက်အလက်များ ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။...

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

သားသမီးခြောက်ယောက်အထိမွေးဖွားခဲ့ပြီး အသက် ၆၀ ကျော်တွင် ယောင်္ကျားဘဝမှမိန်းမဘဝသို့ပြောင်းလဲခံယူခဲ့သူ Caitlyn Marie Jenner
သားသမီးခြောက်ယောက်အထိမွေးဖွားခဲ့ပြီး အသက် ၆၀ ကျော်တွင် ယောင်္ကျားဘဝမှမိန်းမဘဝသို့ပြောင်းလဲခံယူခဲ့သူ Caitlyn Marie Jenner
အင်္ဂလန်နိုင်ငံ၊ Berkeley မြို့ရှိ အိမ် ၂၄ လုံး၊ ဝပ်ရှော့နှင့် ဂိုဒေါင် ၃ လုံးပါ လမ်းတစ်လမ်းလုံးကို လာမည့် နိုဝင်ဘာ ၆ ရက
အင်္ဂလန်နိုင်ငံ၊ Berkeley မြို့ရှိ အိမ် ၂၄ လုံး၊ ဝပ်ရှော့နှင့် ဂိုဒေါင် ၃ လုံးပါ လမ်းတစ်လမ်းလုံးကို လာမည့် နိုဝင်ဘာ ၆ ရက
ဒီတစ်ခါမှတော့ ဩရသအခွင့်အရေးနှင့် စပ်လျဉ်းပြီး အကျိုးခံစားခွင့် ဆက်ခံရရှိသူများအကြောင်း
ဒီတစ်ခါမှတော့ ဩရသအခွင့်အရေးနှင့် စပ်လျဉ်းပြီး အကျိုးခံစားခွင့် ဆက်ခံရရှိသူများအကြောင်း
ဒေါ်နယ်ထရမ့်က Elon Musk အား အစိုးရအဖွဲ့တွင် ထိပ်တန်းရာထူးတစ်ခုပေးအပ်၊ Tesla ၏ ရှယ်ယာဈေးများ ထိုးတက်လာရာ Elon Musk မှာ တစ
ဒေါ်နယ်ထရမ့်က Elon Musk အား အစိုးရအဖွဲ့တွင် ထိပ်တန်းရာထူးတစ်ခုပေးအပ်၊ Tesla ၏ ရှယ်ယာဈေးများ ထိုးတက်လာရာ Elon Musk မှာ တစ
ဘောလုံးကြယ်ပွင့် နေမာက ဒူဘိုင်းတွင် အခန်းရှေ့အထိ တိုက်ရိုက် မော်တော်ကား တင်ဆောင်နိုင်သော သီးသန့်ဓာတ်လှေကား ပါဝင်သည့် ကန်
ဘောလုံးကြယ်ပွင့် နေမာက ဒူဘိုင်းတွင် အခန်းရှေ့အထိ တိုက်ရိုက် မော်တော်ကား တင်ဆောင်နိုင်သော သီးသန့်ဓာတ်လှေကား ပါဝင်သည့် ကန်
အိန္ဒိယ စက်မှုလုပ်ငန်းရှင်ကြီး ရာတန်တာတာ၏ ကုမ္ပဏီရုံးခန်းစားပွဲပေါ်သို့ စာတစ်စောင်ရောက်ရှိ လာခဲ့ပြီးနောက် ရာတန်တာတာ တုန်
အိန္ဒိယ စက်မှုလုပ်ငန်းရှင်ကြီး ရာတန်တာတာ၏ ကုမ္ပဏီရုံးခန်းစားပွဲပေါ်သို့ စာတစ်စောင်ရောက်ရှိ လာခဲ့ပြီးနောက် ရာတန်တာတာ တုန်
ဗီယက်နမ်တွင် အုန်းပင်ပေါင်း ၄၀၀၀ ဖြင့် ဆောက်လုပ်ထားသောအိမ်ကို ကမ္ဘာလှည့်ခရီးသည်များ နေ့စဉ်ရာနှင့်ချီကာ လာရောက်လေ့လာကြရာ
ဗီယက်နမ်တွင် အုန်းပင်ပေါင်း ၄၀၀၀ ဖြင့် ဆောက်လုပ်ထားသောအိမ်ကို ကမ္ဘာလှည့်ခရီးသည်များ နေ့စဉ်ရာနှင့်ချီကာ လာရောက်လေ့လာကြရာ
အိမ်ဖြူတော်သို့ ဒေါ်နယ်ထရမ့် ပြန်လည်ရောက်ရှိလာခြင်းနှင့် အိမ်ခြံမြေဈေးကွက်လားရာ
အိမ်ဖြူတော်သို့ ဒေါ်နယ်ထရမ့် ပြန်လည်ရောက်ရှိလာခြင်းနှင့် အိမ်ခြံမြေဈေးကွက်လားရာ
ဒေးဗစ်ဘက်ခမ်းက မိုင်အမ်မီရှိ ဒေါ်လာသန်း ၈၀ နီးပါးတန် စံအိမ်ကြီးကို ငွေသားဖြင့် ပေးချေဝယ်ယူ၊ ဘက်ခမ်းတို့ စုံတွဲက ထိုစံအိမ
ဒေးဗစ်ဘက်ခမ်းက မိုင်အမ်မီရှိ ဒေါ်လာသန်း ၈၀ နီးပါးတန် စံအိမ်ကြီးကို ငွေသားဖြင့် ပေးချေဝယ်ယူ၊ ဘက်ခမ်းတို့ စုံတွဲက ထိုစံအိမ
မလေးရှားတွင် သန့်ရှင်းရေးအလုပ်သမားအဖြစ် ၂၇ နှစ်တာလုံး ခွင့်တစ်ရက်မှ မယူဘဲ သွားရောက်လုပ်ကိုင်ခဲ့သူ အမျိုးသားကြီး၏ သားသမီး
မလေးရှားတွင် သန့်ရှင်းရေးအလုပ်သမားအဖြစ် ၂၇ နှစ်တာလုံး ခွင့်တစ်ရက်မှ မယူဘဲ သွားရောက်လုပ်ကိုင်ခဲ့သူ အမျိုးသားကြီး၏ သားသမီး

နောင်လာမည့် အိမ်ခြံမြေ ပွဲစဉ်များ

Neighbourhood
imyanmarmarket

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service