အေဆာင္မ်ား ေဆာက္လုပ္ ငွါးရမ္းသူတို႔ သိေစဖို႕

အေဆာင္မ်ား ေဆာက္လုပ္ ငွါးရမ္းသူတို႔ သိေစဖို႕ - Property Knowledge in Myanmar from iMyanmarHouse.com
27 Aug 2019 4:55 pm တွင် တင်ခဲ့သည်
9515 ကြိမ် ကြည့်ရှု့ပြီး

ဗဟုသုတ | Posted by နှင်းအိခင်

### Zawgyi Version ###

ရန္ကုန္တိုင္း အတြင္းရွိ ျမိဳ႕နယ္မ်ားတြင္ အေဆာင္ငွါးရမ္းမႈ ဥပေဒမ်ား ထုတ္ျပန္ထားေသာ္လည္း ဥပေဒနွင့္မညီဘဲ အေဆာင္ငွါးရမ္းေနမႈမ်ားကို အေရးယူေဆာင္ရြက္ေတာ့မည္ျဖစ္ေၾကာင္း သိရသည္။ ယင္းကိစၥမွာ အျမဲေဆာင္ရြက္ရမည့္အပိုင္း ျဖစ္ပါသည္။

ရန္ကုန္ျမိဳ႕သည္ အလုပ္အကိုင္ရွာေဖြရန္လြယ္ကူသည့္အတြက္ လူဝင္မ်ားေသာ ျမိဳ႕ၾကီး ျဖစ္သည္။ ရန္ကုန္ျမိဳ႕ရွိ လူဦးေရကို ေလ့လာၾကည့္လွ်င္ ရန္ကုန္ျမိဳ႕ေနသူမ်ားမွာ ေမြးဖြားလာ၍ ၾကီးျပင္လာေသာလူဦးေရးထက္ပို၍ ျမန္မာႏိုင္ငံ အနွံ႕အျပား မွ ေျပာင္းေရႊ႕လာသူမ်ားအားပိုမိုမ်ားျပားလာသည္ကို ေတြ႕ရသည္။

ထို႕ေၾကာင့္လည္း စီးပြားေရးလုပ္ငန္းရွင္မ်ားအေနျဖင့္ ေဘာ္ဒါအေဆာင္မ်ား၊ တန္းလ်ားမ်ားေဆာက္၍ အေဆာင္ငွါးျခင္း အလုပ္ကို ဦးစားေပးလုပ္ကိုင္လာသည္ကို ေတြ႕ရပါသည္။ လက္ရွိ အေနအထားတြင္ ရန္ကုန္ျမိဳ႕ေတာ္စည္ပင္သာယာနယ္နိမိတ္ (၃၃) ျမိဳ႕နယ္အတြင္းရွိ အေဆာင္ငွါးရမ္းလုပ္ကိုင္ထားသူမ်ားကို လိုင္စင္ျဖင့္ တရားဝင္ခြင့္ျပဳထားျခင္း မရွိေသးသည္ကို ေတြ႕ရသည္။

အေဆာင္ဖြင့္ငွါးရမ္းစားသူမ်ားလိုက္နာရမည့္အခ်က္မ်ား

အေဆာင္မ်ားေဆာက္၍ ငွါးရမ္းလုပ္ကိုင္သူမ်ားသည္ ၃၁-၁၂-၁၉၉၉ ခုနွစ္က ထုတ္ျပန္ခဲ့သည့္ ရန္ကုန္ျမိဳ႕ေတာ္စည္ပင္သာယာေရးေကာ္မတီ စီမံခန္႕ခြဲမႈဆိုင္ရာ နည္းဥပေဒမ်ား အခန္း (၈) ပါ အတိုင္း လိုက္နာေဆာင္ရြက္ၾကရမည္ ျဖစ္ပါသည္။

(၁) က်န္းမာေရးနွင့္ ညီညြတ္ျပီးေဘးအႏၱရာယ္ကင္းရွင္းေသာ အေဆာက္အအံုေဆာက္လုပ္ၾကရမည္။

(၂) အလင္းေရာင္နွင့္ ေလဝင္ေလထြက္ေကာင္းမြန္ေသာ အေဆာက္အအံုျဖစ္ရမည္။

(၃) တစ္ေယာက္ခန္းအတြက္ (၆၀) စတုရန္းေပ ၊ နွစ္ေယာက္ခန္းအတြက္ (၉၀) စတုရန္းေပ ရွိရမည္။

(၄) စုေပါင္းအိပ္ခန္းျဖစ္ပါက အနည္းဆံုး ေပ (၃၀) ရွိရန္ လိုသည္။

(၅) တစ္ေယာက္အိ္ပ္ခုတင္သည္ အနည္းဆံုး အရွည္ (၆) ေပခြဲနွင့္ အနံ (၃) ေပခြဲ ရွိရမည္။

(၆) နွစ္ေယာက္အိပ္ခုတင္မွာ အရွည္ (၆) ေပခြဲ အနံ (၅) ေပခြဲ ရွိရန္ လိုအပ္ပါသည္။

(၇) လူ (၁၀) ေယာက္အတြက္ အနည္းဆံုး ေရခ်ိဳးခန္း (၂) ခန္း၊ သန္႕စင္ခန္း (၂) ခန္း ပါရွိရမည္ ျဖစ္သည္.

(၈) ထို႕ျပင္ အမ်ိဳးသား ၊ အမ်ိဳးသမီး သီးသန္႕ထားရွိရမည္ … ဟု နည္းဥပေဒမ်ား ထုတ္ျပန္ထားေၾကာင္း သိရသည္။

ေဘာ္ဒါေဆာင္လုပ္ငန္း လုပ္ကို္င္လိုသူမ်ားသည္ ယခုေဖာ္ျပပါ အခ်က္နွင့္ ညီညြတ္ပါက ေဘာ္ဒါေဆာင္လုပ္ငန္း လိုင္စင္ထုတ္ေပးေနသည္ ဟု သိရသည္။

ေဘာ္ဒါေဆာင္ေဆာက္လုပ္ရန္အတြက္ လိုအပ္သည္ ေထာက္ခံခ်က္မ်ား

ရန္ကုန္ျမိဳ႕ေတာ္ စည္ပင္သာယာေရးေကာ္မတီ နယ္နိမိတ္ (၃၄) ျမိဳ႕နယ္အတြင္းတြင္ ေဘာ္ဒါေဆာင္လုပ္ငန္း လုပ္ကိုင္လိုပါက ----

(၁) အနည္းဆံုး ပတ္ဝန္းက်င္ ေနထိုင္သူ အိမ္ေထာင္စု (၁၀) စု မွ (၁၀) ဦး၏ ကန္႕ကြက္ရန္ မရွိေၾကာင္း ေထာက္ခံခ်က္ လိုအပ္သည္။

(၂) ထို႕အတူ မိမိေဘာ္ဒါေဆာင္ဖြင့္မည့္ ျမိဳ႕နယ္အေထြေထြအုပ္ခ်ဳပ္ေရး ဦးစီးဌာန ျမိဳ႕နယ္အုပ္ခ်ဳပ္ေရးမွဴး ေထာက္ခံခ်က္နွင့္ ခြင့္ျပဳခ်က္လိုအပ္ပါသည္။

(၃) ထို႕ျပင္ ျမန္မာႏိုင္ငံ ရဲတပ္ဖြဲ႕၊ မီးသတ္ဦးစီးဌာန ၊ ရပ္ကြက္အုပ္ခ်ဳပ္ေရးမွဴး နွင့္ ရန္ကုန္ျမိဳ႕ေတာ္ စည္ပင္သာယာေရးေကာ္မတီ “ က်န္းမားေရ ” ဌာန၏ ေထာက္ခံခ်က္လည္း လိုအပ္သည္။

(၄) ေျမကြက္တည္ရွိရာ ျမိဳ႕နယ္အခြန္ဦးစီးဌာန၏ အခြန္ေပးေဆာင္ျပီးေၾကာင္း အေထာက္အထားမ်ားကို ကိုင္ေဆာင္၍ ရန္ကုန္ျမိဳ႕ေတာ္စည္ပင္သာယာေရးေကာ္မတီတြင္ လိုင္စင္ေလွ်ာက္ထားပါက စိစစ္ေဆာင္ရြက္ျပီး အကန္႕အသတ္ျဖင့္ ခြင့္ျပဳေပးလ်က္ရွိေၾကာင္း သိရသည္။

ျမိဳ႕နယ္စည္ပင္သာယာေရးေကာ္မတီက အေဆာင္မ်ားအား လိုက္လံစစ္ေဆးျခင္း

ရန္ကုန္ျမိဳ႕ေတာ္စည္ပင္သာယာေရးေကာ္မတီ (YCDC) အေနျဖင့္ နယ္နိမိတ္ (၃၃) ျမိဳ႕နယ္အတြင္း အေဆာင္ငွါးရမ္း မႈ လိုင္စင္ခြင့္ျပဳထားသည္ ေနရာမ်ားသို႕သြားေရာက္၍ လိုင္စင္ပါရွိေသာ စည္းကမ္းခ်က္မ်ားနွင့္အညီ ျမိဳ႕နယ္စည္ပင္သာယာေရးေကာ္မတီက အခါအားေလ်ာ္စြာၾကပ္မတ္စိစစ္ပါသည္။

(က) တရားဝင္ဖြင့္လွစ္ထားျခင္း ရွိမရွိ စစ္ေဆးျခင္း

(ခ) တရားဝင္ဖြင့္ထားသည့္ အေဆာင္ငွါးရမ္းမႈမ်ား ရွိမရွိ စစ္ေဆးျခင္း

(ဂ) အေဆာင္ငွါးရမ္းမႈ လိုင္စင္ထုတ္ေပးထားသည့္ ဥပေဒနွင့္အညီ ေဘာ္ဒါေဆာင္လိုင္စင္ထုတ္ေပးထားသည့္ အေျခအေနမ်ားအား စစ္ေဆးျခင္း

(ဃ) ျမိဳ႕နယ္ ၊ ရပ္ကြက္မ်ားတြင္ ေနထိုင္သူမ်ား၏ အမိႈက္စြန္႕ပစ္မႈ အေျခအေနနွင့္ ေရသံုးစြဲျခင္း ၊ အေျခအေနတို႕ကို ျပန္လည္စိစစ္ျခင္း

(င) အေဆာက္အအံု (သို႕မဟုတ္) ေျမ (သို႕မဟုတ္) ယင္း၏အစိတ္အပိုင္းကိုအခေၾကးေငြရယူျပီး ငွါးရမ္းထားပါကလည္း ပစၥည္းခြန္စည္းၾကပ္ေကာက္ခံျခင္း

(စ) ရန္ကုန္ျမိဳ႕ေတာ္ စည္ပင္သာယာေရးေကာ္မတီ (YCDC) ဥပေဒနွင့္အညီ ငွါးရမ္းခ ရရွိေငြ စုစုေပါင္း၏ သတ္မွတ္ရာခုိင္နႈန္းကို ရာျဖတ္တန္ဖိုးနွင့္ ထည့္သြင္းသတ္မွတ္ကာ ပစၥည္းခြန္မ်ားကို စည္းၾကပ္ေကာက္ခံျခင္း

(ဆ) ပတ္ဝန္းက်င္ဆူညံမႈ ၊ လႈမႈေရးျပႆနာ ၊ ငွါးရမ္းခႏႈန္းတက္ျခင္းမ်ားနွင့္ ပတ္သက္၍ သက္ဆိုင္ရာ အဖြဲ႕အစည္းမ်ားနွင့္ ပူးေပါင္းေဆာင္ရြက္ရျခင္း

(ဇ) လူေနထူထပ္သည့္ ေနရာမ်ားတြင္ ေဘာ္ဒါေဆာင္ငွါးရမ္းမႈမ်ားနွင့္ပတ္သက္၍ ျမိဳ႕နယ္ ဥကၠဌမ်ားမွ လစဥ္အစီရင္ခံစာမ်ား တင္ျပရျခင္းတို႕ကို ဦးေက်ာ္မင္းဟန္ ( လသာျမိဳ႕နယ္ လႊတ္ေတာ္ကိုယ္စားလွယ္ ) က ေမး၍ ရန္ကုန္တိုင္းေဒသၾကီး စည္ပင္သာယာေရးဝန္ၾကီးဌာန ၊ဝန္ၾကီး ရန္ကုန္ျမိဳ႕ေတာ္ဝန္ “ ဦးေမာင္ေမာင္စိုး ” က ျပန္လည္ေျဖၾကားထားခ်က္မ်ား ျဖစ္ပါသည္။

အငွါးအိမ္ရာနွင့္ ေဘာ္ဒါေဆာင္ငွါးရမ္းျခင္း ၊ ေဆာက္လုပ္ငွါးရမ္းျခင္းမ်ား ေခတ္စားလာသည့္ ယေန႕အခ်ိန္အခါတြင္ အငွါးခ်ထားသူ ပိုင္ရွင္မ်ားအေနျဖင့္ ယခုေဖာ္ျပပါ ျမိဳ႕ေတာ္ဝန္ ေျဖၾကားခ်က္မ်ားနွင့္ အညီ ေဆာင္ရြက္ႏိုင္ၾကေစရန္ ရည္ရြယ္၍ ေကာက္ႏႈတ္တင္ျပလိုက္ရပါသည္။

ေမးရသည့္အေၾကာင္းရင္း - ရန္ကုန္တိုင္းအတြင္းရွိ ျမိဳ႕နယ္မ်ားတြင္ အေဆာင္ငွါးရမ္းမႈ ဥပေဒမ်ား ထုတ္ထားေသာ္လည္း ဥပေဒနွင့္မညီဘဲ အေဆာင္ငွါးရမ္းေနမႈမ်ားနွင့္ တရားမဝင္ ခြင့္ျပဳေပးသူမ်ားကို အေရးယူေပးရန္အတြက္ ေမးျမန္းျခင္းျဖစ္သည္။

အေဆာင္မ်ား ေဆာက္လုပ္ရန္အတြက္ အိမ္ရာေခ်းေငြေလွ်ာက္ထားလိုပါက ဤေနရာကို ႏွိပ္ပါ။

ကိုးကား - ၂၈-၆-၂၀၁၉ ရက္စြဲပါ ျမိဳ႕ေတာ္သတင္းစာ၏ လႊတ္ေတာ္သတင္း

Credit: လႊတ္ေတာ္ေရွ႕ေနေမာင္ေကာင္းေဖ

 

### Unicode Version ###

ရန်ကုန်တိုင်းအတွင်းရှိ မြို့နယ်များတွင် အဆောင်ငှါးရမ်းမှု ဥပဒေများ ထုတ်ပြန်ထားသော်လည်း ဥပဒေနှင့်မညီဘဲ အဆောင်ငှါးရမ်းနေမှုများကို အရေးယူဆောင်ရွက်တော့မည်ဖြစ်ကြောင်း သိရသည်။ ယင်းကိစ္စမှာ အမြဲဆောင်ရွက်ရမည့်အပိုင်း ဖြစ်ပါသည်။

ရန်ကုန်မြို့သည် အလုပ်အကိုင်ရှာဖွေရန်လွယ်ကူသည့်အတွက် လူဝင်များသော မြို့ကြီး ဖြစ်သည်။ ရန်ကုန်မြို့ရှိ လူဦးရေကို လေ့လာကြည့်လျှင် ရန်ကုန်မြို့နေသူများမှာ မွေးဖွားလာ၍ ကြီးပြင်လာသောလူဦးရေးထက်ပို၍ မြန်မာနိုင်ငံ အနှံ့အပြား မှ ပြောင်းရွှေ့လာသူများအားပိုမိုများပြားလာသည်ကို တွေ့ရသည်။

ထို့ကြောင့်လည်း စီးပွားရေးလုပ်ငန်းရှင်များအနေဖြင့် ဘော်ဒါအဆောင်များ၊ တန်းလျားများဆောက်၍ အဆောင်ငှါး ခြင်းအလုပ်ကို ဦးစားပေးလုပ်ကိုင်လာသည်ကို တွေ့ရပါသည်။ လက်ရှိ အနေအထားတွင် ရန်ကုန်မြို့တော်စည်ပင်သာယာနယ်နိမိတ် (၃၃) မြို့နယ်အတွင်းရှိ အဆောင်ငှါးရမ်းလုပ်ကိုင်ထားသူများကို လိုင်စင်ဖြင့် တရားဝင်ခွင့်ပြုထားခြင်း မရှိသေးသည်ကို တွေ့ရသည်။

အဆောင်ဖွင့်ငှါးရမ်းစားသူများလိုက်နာရမည့်အချက်များ

အဆောင်များဆောက်၍ ငှါးရမ်းလုပ်ကိုင်သူများသည် ၃၁-၁၂-၁၉၉၉ ခုနှစ်က ထုတ်ပြန်ခဲ့သည်။ ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီ စီမံခန့်ခွဲမှုဆိုင်ရာ နည်းဥပဒေများ အခန်း (၈) ပါ အတိုင်း လိုက်နာဆောက်ရွက်ကြရမည် ဖြစ်ပါသည်။

(၁) ကျန်းမာရေးနှင့် ညီညွတ်ပြီးဘေးအန္တရာယ်ကင်းရှင်းသော အဆောက်အအုံဆောက်လုပ်ကြရမည်။

(၂) အလင်းရောင်နှင့် လေဝင်လေထွက်ကောင်းမွန်သော အဆောက်အအုံဖြစ်ရမည်။

(၃) တစ်ယောက်ခန်းအတွက် (၆၀) စတုရန်းပေ ၊ နှစ်ယောက်ခန်းအတွက် (၉၀) စတုရန်းပေ ရှိရမည်။

(၄) စုပေါင်းအိပ်ခန်းဖြစ်ပါက အနည်းဆုံး ပေ (၃၀) ရှိရန် လိုသည်။

(၅) တစ်ယောက်အိပ်ခုတင်သည် အနည်းဆုံး အရှည် (၆) ပေခွဲနှင့် အနံ (၃) ပေခွဲ ရှိရမည်။

(၆) နှစ်ယောက်အိပ်ခုတင်မှာ အရှည် (၆) ပေခွဲ အနံ (၅) ပေခွဲ ရှိရန် လိုအပ်ပါသည်။

(၇) လူ (၁၀) ယောက်အတွက် အနည်းဆုံး ရေချိုးခန်း (၂) ခန်း၊ သန့်စင်ခန်း (၂) ခန်း ပါရှိရမည် ဖြစ်သည်.

(၈) ထို့ပြင် အမျိုးသား ၊ အမျိုးသမီး သီးသန့်ထားရှိရမည် … ဟု နည်းဥပဒေများ ထုတ်ပြန်ထားကြောင်း သိရသည်။

ဘော်ဒါဆောင်လုပ်ငန်း လုပ်ကိုင်လိုသူများသည် ယခုဖော်ပြပါ အချက်နှင့် ညီညွတ်ပါက ဘော်ဒါဆောင်လုပ်ငန်း လိုင်စင်ထုတ်ပေးနေသည် ဟု သိရသည်။ ဘော်ဒါဆောင်ဆောက်လုပ်ရန်အတွက် လိုအပ်သည် ထောက်ခံချက်များ

ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီ နယ်နိမိတ် (၃၄) မြို့နယ်အတွင်းတွင် ဘော်ဒါဆောင်လုပ်ငန်း လုပ်ကိုင်လိုပါက ----

(၁) အနည်းဆုံး ပတ်ဝန်းကျင် နေထိုင်သူ အိမ်ထောင်စု (၁၀) စု မှ (၁၀) ဦး၏ ကန့်ကွက်ရန် မရှိကြောင်း ထောက်ခံချက် လိုအပ်သည်။

(၂) ထို့အတူ မိမိဘော်ဒါဆောင်ဖွင့်မည့် မြို့နယ်အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာန မြို့နယ်အုပ်ချုပ်ရေးမှူး ထောက်ခံချက်နှင့် ခွင့်ပြုချက်လိုအပ်ပါသည်။

(၃) ထို့ပြင် မြန်မာနိုင်ငံ ရဲတပ်ဖွဲ့၊ မီးသတ်ဦးစီးဌာန ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူး နှင့် ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီ “ ကျန်းမားရေ ” ဌာန၏ ထောက်ခံချက်လည်း လိုအပ်သည်။

(၄) မြေကွက်တည်ရှိရာ မြို့နယ်အခွန်ဦးစီးဌာန၏ အခွန်ပေးဆောင်ပြီးကြောင်း အထောက်အထားများကို ကိုင်ဆောင်၍ ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီတွင် လိုင်စင်လျှောက်ထားပါက စိစစ်ဆောင်ရွက်ပြီး အကန့်အသတ်ဖြင့် ခွင့်ပြုပေးလျက်ရှိကြောင်း သိရသည်။

မြို့နယ်စည်ပင်သာယာရေးကော်မတီက အဆောင်များအား လိုက်လံစစ်ဆေးခြင်း

ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီ (YCDC) အနေဖြင့် နယ်နိမိတ် (၃၃) မြို့နယ်အတွင်း အဆောင်ငှါးရမ်းမှုလိုင်စင်ခွင့်ပြုထားသည် နေရာများသို့သွားရောက်၍ လိုင်စင်ပါရှိသော စည်းကမ်းချက်များနှင့်အညီ မြို့နယ်စည်ပင်သာယာရေးကော်မတီက အခါအားလျော်စွာကြပ်မတ်စိစစ်ပါသည်။

(က) တရားဝင်ဖွင့်လှစ်ထားခြင်း ရှိမရှိ စစ်ဆေးခြင်း

(ခ) တရားဝင်ဖွင့်ထားသည့် အဆောင်ငှါးရမ်းမှုများ ရှိမရှိ စစ်ဆေးခြင်း

(ဂ) အဆောင်ငှါးရမ်းမှု လိုင်စင်ထုတ်ပေးထားသည့် ဥပဒေနှင့်အညီ ဘော်ဒါဆောင်လိုင်စင်ထုတ်ပေးထားသည့် အခြေအနေများအား စစ်ဆေးခြင်း

(ဃ) မြို့နယ် ၊ ရပ်ကွက်များတွင် နေထိုင်သူများ၏ အမှိုက်စွန့်ပစ်မှု အခြေအနေနှင့် ရေသုံးစွဲခြင်း ၊ အခြေအနေတို့ကို ပြန်လည်စိစစ်ခြင်း

(င) အဆောက်အအုံ (သို့မဟုတ်) မြေ (သို့မဟုတ်) ယင်း၏အစိတ်အပိုင်းကိုအခကြေးငွေရယူပြီး ငှါးရမ်းထားပါကလည်း ပစ္စည်းခွန်စည်းကြပ်ကောက်ခံခြင်း

(စ) ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီ (YCDC) ဥပဒေနှင့်အညီ ငှါးရမ်းခ ရရှိငွေ စုစုပေါင်း၏ သတ်မှတ်ရာခိုင်နှုန်းကို ရာဖြတ်တန်ဖိုးနှင့် ထည့်သွင်းသတ်မှတ်ကာ ပစ္စည်းခွန်များကို စည်းကြပ်ကောက်ခံခြင်း

(ဆ) ပတ်ဝန်းကျင်ဆူညံမှု ၊ လှုမှုရေးပြဿနာ ၊ ငှါးရမ်းခနှုန်းတက်ခြင်းများနှင့် ပတ်သက်၍ သက်ဆိုင်ရာ အဖွဲ့အစည်းများနှင့် ပူးပေါင်းဆောင်ရွက်ရခြင်း

(ဇ) လူနေထူထပ်သည့် နေရာများတွင် ဘော်ဒါဆောင်ငှါးရမ်းမှုများနှင့်ပတ်သက်၍ မြို့နယ် ဥက္ကဌများမှ လစဉ်အစီရင်ခံစာများ တင်ပြရခြင်းတို့ကို ဦးကျော်မင်းဟန် ( လသာမြို့နယ် လွှတ်တော်ကိုယ်စားလှယ် ) က မေး၍ ရန်ကုန်တိုင်းဒေသကြီး စည်ပင်သာယာရေးဝန်ကြီးဌာန ၊ဝန်ကြီး ရန်ကုန်မြို့တော်ဝန် “ ဦးမောင်မောင်စိုး ” က ပြန်လည်ဖြေကြားထားချက်များ ဖြစ်ပါသည်။

အငှါးအိမ်ရာနှင့် ဘော်ဒါဆောင်ငှါးရမ်းခြင်း ၊ ဆောက်လုပ်ငှါးရမ်းခြင်းများ ခေတ်စားလာသည့် ယနေ့အချိန်အခါတွင် အငှါးချထားသူ ပိုင်ရှင်များအနေဖြင့် ယခုဖော်ပြပါ မြို့တော်ဝန် ဖြေကြားချက်များနှင့် အညီ ဆောင်ရွက်နိုင်ကြစေရန် ရည်ရွယ်၍ ကောက်နှုတ်တင်ပြလိုက်ရပါသည်။

မေးရသည့်အကြောင်းရင်း - ရန်ကုန်တိုင်းအတွင်းရှိ မြို့နယ်များတွင် အဆောင်ငှါးရမ်းမှု ဥပဒေများ ထုတ်ထားသော်လည်း ဥပဒေနှင့်မညီဘဲ အဆောင်ငှါးရမ်းနေမှုများနှင့် တရားမဝင် ခွင့်ပြုပေးသူများကို အရေးယူပေးရန်အတွက် မေးမြန်းခြင်းဖြစ်သည်။

အဆောင်များ ဆောက်လုပ်ရန်အတွက် အိမ်ရာချေးငွေလျှောက်ထားလိုပါက ဤနေရာကို နှိပ်ပါ။

ကိုးကား - ၂၈-၆-၂၀၁၉ ရက်စွဲပါ မြို့တော်သတင်းစာ၏ လွှတ်တော်သတင်း

Credit: လွှတ်တော်ရှေ့နေမောင်ကောင်းဖေ

နောက်ဆုံးရ အိမ်ခြံမြေ ဗဟုသုတများ

KITCHEN ဆေးရောင်ရွေးချယ်မှုအတွက် အကြံပေးမှုတစ်ချို့
KITCHEN ဆေးရောင်ရွေးချယ်မှုအတွက် အကြံပေးမှုတစ်ချို့
စုံလင်ဖွေရှာ အိမ်ခြံမြေဥပဒေရေးရာ
စုံလင်ဖွေရှာ အိမ်ခြံမြေဥပဒေရေးရာ
သာသနာဂရန်မြေ လျှောက်ထားရာတွင် သိရှိထားသင့်သည့် အချက်အလက်များအကြောင်း ဥပဒေဗဟုသုတ အနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။...
သာသနာဂရန်မြေ လျှောက်ထားရာတွင် သိရှိထားသင့်သည့် အချက်အလက်များအကြောင်း ဥပဒေဗဟုသုတ အနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။...
မရွှေ့မပြောင်းနိုင်သောပစ္စည်းကို ကန့်သတ်သည့်ဥပဒေအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြ ပေးလိုက်ပါသည်။...
မရွှေ့မပြောင်းနိုင်သောပစ္စည်းကို ကန့်သတ်သည့်ဥပဒေအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြ ပေးလိုက်ပါသည်။...
၂၀၂၅-၂၀၂၆ ခုနှစ်အတွက် ရန်ကုန်တိုင်း မြို့နယ်စုံ အသစ်ထွက်ရှိလာသော ရာဖြတ်နှုန်းထားများ
၂၀၂၅-၂၀၂၆ ခုနှစ်အတွက် ရန်ကုန်တိုင်း မြို့နယ်စုံ အသစ်ထွက်ရှိလာသော ရာဖြတ်နှုန်းထားများ
မြေယာစီမံခန့်ခွဲမှု စပ်လျဉ်း၍ ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
မြေယာစီမံခန့်ခွဲမှု စပ်လျဉ်း၍ ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
ငွေရေးကြေးရေးဆိုင်ရာအဖွဲ့အစည်း ဥပဒေအကြောင်းကို ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။...
ငွေရေးကြေးရေးဆိုင်ရာအဖွဲ့အစည်း ဥပဒေအကြောင်းကို ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။...
အပတ်စဉ် သိမှတ်ဖွယ်ရာ ဥပဒေအမေးအဖြေကဏ္ဍ
အပတ်စဉ် သိမှတ်ဖွယ်ရာ ဥပဒေအမေးအဖြေကဏ္ဍ
အိမ်ခြံမြေအသိကြွယ်စေဖို့ရာ ဥပဒေအမေးအဖြေကဏ္ဍ
အိမ်ခြံမြေအသိကြွယ်စေဖို့ရာ ဥပဒေအမေးအဖြေကဏ္ဍ
စုပေါင်းပိုင် အဆောက်အအုံနှင့် စပ်လျဉ်း၍ လိုက်နာရမည့် အချက်အလက်များ ဥပဒေဗဟုသုတအအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။...
စုပေါင်းပိုင် အဆောက်အအုံနှင့် စပ်လျဉ်း၍ လိုက်နာရမည့် အချက်အလက်များ ဥပဒေဗဟုသုတအအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။...

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

တူရကီတွင် ဆေးလိပ်ဖြတ်ရန်အတွက် မျက်နှာကို လှောင်အိမ်စွပ်ကာ သော့ခတ်ထားပြီး ဇနီးထံ သော့အပ်ထားသည့် အမျိုးသားတစ်ဦးအကြောင်း
တူရကီတွင် ဆေးလိပ်ဖြတ်ရန်အတွက် မျက်နှာကို လှောင်အိမ်စွပ်ကာ သော့ခတ်ထားပြီး ဇနီးထံ သော့အပ်ထားသည့် အမျိုးသားတစ်ဦးအကြောင်း
တောင်အာဖရိကတွင် အမျိုးသမီးတစ်ဦးက သားဖွားအပြီး တစ်လခန့်အကြာတွင် ဗိုက်ထဲ၌ ကလေးတစ်ဦး ကျန်နေသေးကြောင်း တုန်လှုပ်စွာ သိလိုက်ရ
တောင်အာဖရိကတွင် အမျိုးသမီးတစ်ဦးက သားဖွားအပြီး တစ်လခန့်အကြာတွင် ဗိုက်ထဲ၌ ကလေးတစ်ဦး ကျန်နေသေးကြောင်း တုန်လှုပ်စွာ သိလိုက်ရ
ကင်ညာနိုင်ငံတွင် ဘယ်လ်ဂျီယံနိုင်ငံသား လူငယ် ၂ ဦးကို ပုရွက်ဆိတ်အကောင် ၅၀၀၀ ခိုးယူမှုဖြင့် ဖမ်းဆီးခဲ့မှု နာမည်ကြီးနေ၊ ပုရွ
ကင်ညာနိုင်ငံတွင် ဘယ်လ်ဂျီယံနိုင်ငံသား လူငယ် ၂ ဦးကို ပုရွက်ဆိတ်အကောင် ၅၀၀၀ ခိုးယူမှုဖြင့် ဖမ်းဆီးခဲ့မှု နာမည်ကြီးနေ၊ ပုရွ
အိမ်ဖြူတော်အနီးရှိ ဒေါ်လာ ၂၃ သန်းတန် စံအိမ်ကို ဝယ်ယူသွားသူမှာ Mark Zuckerberg ဖြစ်ကြောင်း ပေါ်ပေါက်လာ
အိမ်ဖြူတော်အနီးရှိ ဒေါ်လာ ၂၃ သန်းတန် စံအိမ်ကို ဝယ်ယူသွားသူမှာ Mark Zuckerberg ဖြစ်ကြောင်း ပေါ်ပေါက်လာ
ထိုင်း နာမည်ကြီးအဆိုတော် ကောင်းဟွေးရိုင်းက ငလျင်ကြောင့် အဆောက်အအုံပြိုကျသည့်အထဲတွင် မိဘ ၂ ပါး ပါသွားခဲ့ရသည့် ၁၉ နှစ်အရွယ
ထိုင်း နာမည်ကြီးအဆိုတော် ကောင်းဟွေးရိုင်းက ငလျင်ကြောင့် အဆောက်အအုံပြိုကျသည့်အထဲတွင် မိဘ ၂ ပါး ပါသွားခဲ့ရသည့် ၁၉ နှစ်အရွယ
ဟောလိဝုဒ်ကြယ်ပွင့် Vin Diesel က Paloma နှင့် လမ်းခွဲချိန်တွင် သူမအတွက် လူနေမှုအဆင့်နိမ့်မသွားစေရန် အိမ်မှ နှင်မထုတ်ဘဲ မိ
ဟောလိဝုဒ်ကြယ်ပွင့် Vin Diesel က Paloma နှင့် လမ်းခွဲချိန်တွင် သူမအတွက် လူနေမှုအဆင့်နိမ့်မသွားစေရန် အိမ်မှ နှင်မထုတ်ဘဲ မိ
အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်၏ ကလေးဘဝနေအိမ်တွင် တောကြောင်များ သောင်းကျန်းနေ သောကြောင့် ခေါက်ချိုးခန့် ဈေးလျှော့ရောင်းထုတ်
အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်၏ ကလေးဘဝနေအိမ်တွင် တောကြောင်များ သောင်းကျန်းနေ သောကြောင့် ခေါက်ချိုးခန့် ဈေးလျှော့ရောင်းထုတ်
မြန်မာနိုင်ငံတွင် ငလျင်ကြောင့် ပျက်စီးခဲ့ရသည့် အခြေခံ အဆောက်အအုံများ ပြန်လည်ဆောက်လုပ်ရေး အတွက် အကူအညီပေးမည်ဟု အိန္ဒိယကတိ
မြန်မာနိုင်ငံတွင် ငလျင်ကြောင့် ပျက်စီးခဲ့ရသည့် အခြေခံ အဆောက်အအုံများ ပြန်လည်ဆောက်လုပ်ရေး အတွက် အကူအညီပေးမည်ဟု အိန္ဒိယကတိ
တရုတ်ပြည်တွင် မိမိကို သင်ကြားခဲ့သည့် ပါမောက္ခအမျိုးသမီးကြီးနေထိုင်ရန် တပည့်မိန်းကလေးက တိုက်ခန်း တစ်ခန်း ဝယ်ပေးထားခဲ့ပြီး
တရုတ်ပြည်တွင် မိမိကို သင်ကြားခဲ့သည့် ပါမောက္ခအမျိုးသမီးကြီးနေထိုင်ရန် တပည့်မိန်းကလေးက တိုက်ခန်း တစ်ခန်း ဝယ်ပေးထားခဲ့ပြီး
အမေရိကန်နိုင်ငံသားတစ်ဦး တရုတ်ပြည်တွင် ၁၅ နှစ်တာ ကွန်ဖူးကျင့်ခဲ့ပြီးနောက် အမြဲအခြေချနေထိုင်ခွင့် PR ရရှိခဲ့သည့်အပြင် ဝူတန
အမေရိကန်နိုင်ငံသားတစ်ဦး တရုတ်ပြည်တွင် ၁၅ နှစ်တာ ကွန်ဖူးကျင့်ခဲ့ပြီးနောက် အမြဲအခြေချနေထိုင်ခွင့် PR ရရှိခဲ့သည့်အပြင် ဝူတန
MIngalardon Garden City
imyanmarmarket

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service