ဗဟုသုတ | Posted by ရွှေစင်ဝင်း
### Zawgyi Version ###
စီးပြားေရးလုပ္ငန္းရွင္မ်ားအေနျဖင့္စီးပြားေရးလုပ္ကိုင္ရန္ ေျမကြက္မ်ားဝယ္ယူရာတြင္ ဥယ်ာဥ္ျခံေျမ၊ ဘိုးဘြားပိုင္ေျမ၊ ဂရန္ေျမ၊ စိုက္ပ်ိဳးေရးဇုန္ႏွင့္ ေမြးျမဴေရးဇုန္ေတြပါရွိေသာေၾကာင့္ မိမိဝယ္ယူသည့္ ေျမကြက္ႏွင့္ပတ္သက္၍ သိသင့္သိထိုက္သည္မ်ားကို ေလ့လာသိရွိထားရန္ လိုအပ္ေၾကာင္း သုေတသီမ်ားထံမွသိရသည္။
စီးပြားေရးလုပ္ကိုင္ရန္ဝယ္ယူမည့္ ေျမကြက္မ်ားႏွင့္ပတ္သက္၍ ဥယ်ာဥ္ျခံေျမ ဆိုလွ်င္သက္ဆိုင္ရာ ေျမစာရင္းဌာနမွာ ပိုင္ရွင္ဟုတ္ မဟုတ္ေလ့လာၿပီး ဝယ္ယူရမည္ျဖစ္သည္။ စိုက္ပ်ဳိးေရးဇုန္ဆိုလွ်င္ ႏွစ္ ၃၀ လုပ္ပိုင္ခြင့္ႏွင့္ ခ်ေပးထားတာေတြရွိသည္။ စိုက္ပ်ိဳးေရးဇုန္က ဥယ်ာဥ္ျခံ ေျမထက္ပိုမာၿပီး စာရြက္စာတမ္းပိုခိုင္မာသည္ဟု သိရသည္။
စိုက္ပ်ိဳးေရးဇုန္ဝယ္ယူသည့္အခါ အမွန္တကယ္ ပိုင္ရွင္ဟုတ္မဟုတ္ ေလ့လာရမွာျဖစ္ၿပီး အေနအထားေကာင္းမေကာင္းပါ ၾကည့္ရႈၿပီးမွ ဝယ္ယူသင့္သည္။ ေမြးျမဴေရးဇုန္ဆိုလွ်င္ ငါးေမြးျမဴေရးဇုန္၊ စပါးစိုက္ပ်ိဳးေရးဇုန္ဟူ၍ ခ်ေပးထားတာရွိၿပီး (လန- ၃၉) ေမြးျမဴေရးႏွင့္ ခ်ေပးတာေတြရွိသည္ဟုသိရသည္။ ေမြးျမဴေရးဆိုလွ်င္ ေမြးျမဴေရးလုပ္ငန္းကို သာဆက္လုပ္ရမွာျဖစ္ၿပီး ခ်ေပးထားသည့္ လုပ္ငန္းေခါင္းစဥ္အတိုင္း ကိုက္ညီမွဝယ္ယူရမည္ျဖစ္သည္။
စက္ရံုလုပ္ငန္းႏွင့္ေလွ်ာက္မည္ဆိုလွ်င္လည္း စက္ရံုလုပ္ငန္းကိုပါ ဆက္လုပ္ရမည္ျဖစ္ၿပီး ငါးေမြးျမဴေရးလုပ္ငန္းႏွင့္ ခ်ေပးထားတာကို စက္ရံုေဆာက္လုပ္၍မရေၾကာင္းသိရသည္။
Credit: Yangon FB Real Estate ရန္ကုန္အိမ္ၿခံေျမ
### Unicode Version ###
စီးပွားရေးလုပ်ငန်းရှင်များအနေဖြင့်စီးပွားရေးလုပ်ကိုင်ရန် မြေကွက်များဝယ်ယူရာတွင် ဥယျာဉ်ခြံမြေ၊ ဘိုးဘွားပိုင်မြေ၊ ဂရန်မြေ၊ စိုက်ပျိုးရေးဇုန်နှင့် မွေးမြူရေးဇုန်တွေပါရှိသောကြောင့် မိမိဝယ်ယူသည့် မြေကွက်နှင့်ပတ်သက်၍ သိသင့်သိထိုက်သည်များကို လေ့လာသိရှိထားရန် လိုအပ်ကြောင်း သုတေသီများထံမှသိရသည်။
စီးပွားရေးလုပ်ကိုင်ရန်ဝယ်ယူမည့် မြေကွက်များနှင့်ပတ်သက်၍ ဥယျာဉ်ခြံမြေ ဆိုလျှင်သက်ဆိုင်ရာ မြေစာရင်းဌာနမှာ ပိုင်ရှင်ဟုတ် မဟုတ်လေ့လာပြီး ဝယ်ယူရမည်ဖြစ်သည်။ စိုက်ပျိုးရေးဇုန်ဆိုလျှင် နှစ် ၃၀ လုပ်ပိုင်ခွင့်နှင့် ချပေးထားတာတွေရှိသည်။ စိုက်ပျိုးရေးဇုန်က ဥယျာဉ်ခြံ မြေထက်ပိုမာပြီး စာရွက်စာတမ်း ပိုခိုင်မာသည်ဟု သိရသည်။
စိုက်ပျိုးရေးဇုန်ဝယ်ယူသည့်အခါ အမှန်တကယ် ပိုင်ရှင်ဟုတ် မဟုတ် လေ့လာရမှာဖြစ်ပြီး အနေအထားကောင်းမကောင်းပါ ကြည့်ရှုပြီးမှ ဝယ်ယူသင့်သည်။ မွေးမြူရေးဇုန်ဆိုလျှင် ငါးမွေးမြူရေးဇုန်၊ စပါးစိုက်ပျိုးရေးဇုန်ဟူ၍ ချပေးထားတာရှိပြီး (လန- ၃၉) မွေးမြူရေးနှင့် ချပေးတာတွေရှိသည်ဟုသိရသည်။ မွေးမြူရေးဆိုလျှင် မွေးမြူရေးလုပ်ငန်းကို သာဆက်လုပ်ရမှာဖြစ်ပြီး ချပေးထားသည့် လုပ်ငန်းခေါင်းစဉ်အတိုင်း ကိုက်ညီမှဝယ်ယူရမည်ဖြစ်သည်။
စက်ရုံလုပ်ငန်းနှင့်လျှောက်မည်ဆိုလျှင်လည်း စက်ရုံလုပ်ငန်းကိုပါ ဆက်လုပ်ရမည်ဖြစ်ပြီး ငါးမွေးမြူရေးလုပ်ငန်းနှင့် ချပေးထားတာကို စက်ရုံဆောက်လုပ်၍မရကြောင်းသိရသည်။
Credit: Yangon FB Real Estate ရန်ကုန်အိမ်ခြံမြေ