ခြင့္ျပဳခ်က္မရဘဲ ေျမငွါးေပၚတြင္ တည္ျမဲေသာ အေဆာက္အဦးေဆာက္ခြင့္မရွိ

ခြင့္ျပဳခ်က္မရဘဲ ေျမငွါးေပၚတြင္ တည္ျမဲေသာ အေဆာက္အဦးေဆာက္ခြင့္မရွိ - Property Knowledge in Myanmar from iMyanmarHouse.com
27 Aug 2019 1:00 pm တွင် တင်ခဲ့သည်
1111 ကြိမ် ကြည့်ရှု့ပြီး

ဗဟုသုတ | Posted by စည်သူအောင်

### Zawgyi Version ###

ကၽြန္ေတာ္၏ ေက်ာင္းေနဖက္ မိတ္ေဆြျဖစ္သူ ဦးျမတ္သူသည္ သူ ဝယ္ယူထားေသာ သန္လ်င္ျမိဳ႕နယ္ ၊ သီလဝါဆိပ္ကမ္းအနီးရွိ ေျမကြက္တြင္ ငွါးရမ္းထားေသာ အိမ္ငွါးမွ ပိုင္ရွင္ခြင့္ျပဳခ်က္မယူဘဲ အေဆာက္အဦးတည္ေဆာက္ေနေသာေၾကာင့္ ဖယ္ရွားလို၍ မည္သို႕ျပဳလုပ္ရမည္ကို အၾကံညဏ္ေတာင္းခံလာေလသည္ ။ထို႕ေၾကာင့္ မိမိမွ ကူညီရွင္းျပေပးရျပန္သည္ ။

အဲဒီေျမအငွါးဟာ ပစၥည္းလႊဲေျပာင္းျခင္း ၊ အက္ဥပေဒပုဒ္မ ၁၀၈(တ)တတြင္ ငွါးယူသူသည္ အငွါးခ်ထားသူ၏သေဘာတူညီခ်က္အရ မဟုတ္ဘဲ ပစၥည္းတြင္ တည္ျမဲေသာ အေဆာက္အဦးမေဆာက္လုပ္ရဟု ျပ႒ာန္းထားတယ္ ။ဒါေၾကာင့္ သူတို႕ဟာ ငွါးရမ္းသူ၏ တာဝန္မ်ားကို ေဖာက္ဖ်က္ရာေရာက္တဲ့အတြက္ “ ေမာင္ခင္ေမာင္ နွင့္ ေဒၚလွရင္ ပါ ၂ ၊ ၁၉၄၈ ခုနွစ္ ၊ ျမန္မာႏိုင္ငံတရားစီရင္ထံုး ၊ စာ-၄၈၁ ” အမႈတြင္ ငွါးရမ္းသူက အငွါးခ်ထားသူ၏သေဘာတူညီခ်က္မရွိဘဲ ၊ အခိုင္အမာ အေဆာက္အဦးကို ေဆာက္လုပ္ပါက အငွါးခ်ထားမႈ တာဝန္ခ်ိဳးေဖာက္ရာ ေရာက္သျဖင့္ အငွါးခ်ထားသူသည္ ငွါးရမ္းသူအား ဖယ္ရွားခြင့္ရေၾကာင္း ထံုးဖြဲ႕ထားတယ္ ”

“ ေျမငါွးေတြဟာ လြယ္လြယ္နဲ႕ ဖယ္ရွာေပးမွာ မဟုတ္လို႕ ၁၉၆၀ ျပည့္နွစ္ ၊ ျမိဳ႕ျပဆိုင္ရာငွါးရမ္းခ ၾကီးၾကပ္ေရးအက္ဥပေဒပုဒ္မ ၁၂(၁)(က) (ဒုတိယပိုင္း)နွင့္ ၁၂(၁)(ဂ)တို႕အရ တရားစြဲဆိုရမွာျဖစ္ျပီး တရားစြဲဆိုပိုင္ခြင့္ ရွိသည္အခ်ိန္မွစ၍ ကာလစည္းကမ္းသတ္အက္ပေဒပထမဇယားအမွတ္စဥ္ ၁၂၀ အရ ၆ နွစ္အတြင္းတရားစြဲဆိုရမယ္ ”

“ အိမ္နွင္လိုမႈ တရားမစြဲမီွ အိမ္ရွင္က အိမ္ငွါးအား ၾကိဳတင္အေၾကာင္းၾကားစာမ်ား ေပးပို႔ရမည္ဟု ျပ႒ာန္းခ်က္မ်ားမရွိပါ ။ သို႕ရာတြင္ ပုဒ္မ ၁၂(၁)(က)မွ(စ) အထိ ျပ႒ာန္းခ်က္မ်ားမွာ အိမ္ရွင္က အိမ္ငွါးအေပၚ အိမ္နွင္လိုမႈ စြဲဆိုရန္အေၾကာင္းျပခ်က္မ်ား ျဖစ္သည့္အတြက္ ယင္းပုဒ္မမ်ားအရ တရားမစြဲဆိုမွီ ပစၥည္းလႊဲေျပာင္းျခင္း အက္ဥပေဒပုဒ္မ ၁၀၆ အရ အိမ္ရွင္က အိမ္ငွါးအေပၚ အိမ္ရွင္အိမ္ငွါးဆက္သြယ္မႈ ရုပ္သိမ္းေၾကာင္း အေၾကာင္းၾကားစာ ေပးပို႕ရန္ လိုတယ္ ။ ေနာက္ျပီး ၁၅ရက္ ၾကိဳတင္ျပီး ႏို႕တစ္စာ ရရွိေစရန္ေပးပို႕ရမယ္ ။ပစၥည္းလႊဲေျပာင္းျခင္း အက္ဥပေဒပုဒ္မ ၁၀၆ ၌ စာတိုက္မွျဖစ္ေစ ၊ လူကိုယ္တိုင္ျဖစ္ေစ အေၾကာင္းၾကားစာကို ေပးပို႕သည့္အခါ လိပ္စာရွင္ သို႕မဟုတ္ အတူေနလိပ္စာရွင္၏ မိသာစု သို႕မဟုတ္ အတူေနအိမ္ေဖာ္သို႕ ေပးအိပ္ႏိုင္ေၾကာင္း ျပ႒ာန္းထားပါတယ္ ”

ထိုအခါ ဦးျမတ္သူက “ ဟုတ္ပါျပီ သူငယ္ခ်င္းရယ္ ။အဲဒါေတြကို အကုန္လံုး အမွားအယြင္းမရွိေအာင္ လုပ္ႏိုင္ပါတယ္ ။ လုပ္လည္း လုပ္ပါမယ္ ။ဒါေပမဲ့ ကိုယ္သိခ်င္တာက ကိုယ္တို႕ျဖစ္စဥ္နဲ႕တူျပီး အိမ္ငွါမ်ားက ဥပစာကေန ဖယ္ရွားသြားရမ်ိဳးကိုေတာ့ စီရင္ထံုးရွိသလား” ဟု ေမးသျဖင့္ ကၽြန္ေတာ္က “ ဟာ ရွိပါျပီေကာ သူငယ္ခ်င္းရယ္ ။တရားရုံးခ်ဳပ္ အထူးခံုရုံးကေတာင္ ဆံုးျဖတ္စီရင္ထံုးထားတာရွိတယ္ ။ အဲဒါေလးကို ကိုယ္ရွင္းျပေပးပါမယ္ ။ မင္းအခ်ိန္ရတယ္ မဟုတ္လား ” ဟု ေျပာျပီး ဆက္လက္၍ “ ဦးဝင္းနွင့္ ဦးျဖဴပါ ၂ ၊ ၁၉၉၇ ခုနွစ္ ၊ျမန္မာႏိုင္ငံတရားစီရင္ထံုး ၊ စာ-၁၁၄ ” စီရင္ထံုးကို ညႊန္းဆိုပါရေစ ”

“ အမႈမွာ ျမင္းျခံျမိဳ႕နယ္တရားရုံး ၊ ၁၉၈၉ ခုနွစ္ ၊ တရာမၾကီးမႈ အမွတ္ ၁၄ တြင္ အယူခံတရားလို ဦးဝင္းက အယူခံတရားျပိဳင္မ်ားျဖစ္ေသာ ဦးျဖဴနွင့္ေဒၚရီတို႕အေပၚ ၁၉၆၀ ျပည့္နွစ္ ၊ ျမိဳ႕ျပဆိုင္ရာ ငွါးရမ္းခၾကီးၾကပ္ေရးအက္ဥပေဒပုဒ္မ ၁၂(၁)(က) (ဒုတိယပိုင္း) နွင့္ ၁၂(၁)(ဂ)တို႕အရ ငွါးရမ္းထားသည့္ ေျမေပၚမွ ဖယ္ရွားနွင္ထုတ္ေပးေစလိုမႈ စြဲဆိုရာ အမႈပလပ္ျခင္း ခံရပါတယ္ ။ျမိဳ႕နယ္တရားရုံးရဲ႕ စီရင္ခ်က္နွင့္ ဒီကရီကို မေက်နပ္သျဖင့္ မႏၱေလးတိုင္းတရားရုံး ၊ ၁၉၉၂ ခုနွစ္ ၊ တရားမ အယူခံမႈ အမွတ္ ၄၅ (ျမင္းျခံခရုိင္) ျဖင့္ အယူခံ ဝင္ေရာက္ေသာ္လည္း ေအာင္ျမင္ျခင္း မရွိေပ ။ဦးဝင္းက တရားရုံးခ်ဳပ္ (မႏၱေလးရုံးထိုင္)သို႕ ဆက္လက္အယူခံတင္သြင္းသည့္အခါတြင္လည္းအယူခံလႊာကို အက်ဥ္းနည္းျဖင့္ ပလပ္ျခင္းခံရတယ္ ”

“ တရားရုံးခ်ဳပ္၏ ဒီကရီကို တရားစီရင္ေရးဥပေဒပုဒ္မအရ ျပန္လည္စစ္ေဆးစီရင္ေပးရန္ ဦးဝင္းက ၁၉၉၄ ခုနွစ္ ၊ တရားမအေထြေထြ ေလွ်ာက္လႊာအမွတ္ (အထူး) ၅ ျဖင့္ ေလွ်ာက္ထားေသာအခါ တရားရုံးခ်ဳပ္ အထူးခံုရုံးက ေအာက္ပါျပႆနာမ်ားကို စိစစ္ၾကားနာရန္ အထူးအယူခံဝင္ခြင့္ျပဳခဲ့တယ္ ”

“ ျပႆနာ(၁)မွာ ေျမရွင္၏ ခြင့္ျပဳခ်က္ တစ္စံုတစ္ရာ မရွိဘဲ အေဆာက္အဦအခိုင္အမာ ေဆာက္လုပ္ခဲ့ျခင္းသည္ ပစၥည္းလႊဲေျပာင္းျခင္း အက္ဥပေဒပုဒ္မ ၁၀၈ တြင္ ျပ႒ာန္း ထားသည္ ငွါးရမ္းသူ၏ တာဝန္မ်ားကို ေဖာက္ဖ်က္ရာ ေရာက္မေရာက္နွင့္ ျပႆနာ (၂)မွာ စည္ပင္သာယာေရးအဖြဲ႕၏ ခြင့္ျပဳခ်က္ တစ္စံုတစ္ရာ မရွိဘဲ အေဆာက္အအံု ေဆာက္လုပ္သည့္အတြက္ စည္ပင္သာယာေရးဥပေဒအရ ျပစ္မႈထင္ရွားစီရင္ခံရျခင္းအားျဖင့္ ေလွ်ာက္ထားခံရသူမ်ားသည္ အခ်င္းျဖစ္ဥပစာကို တရားဥပေဒနွင့္ ဆန္႕က်င္သံုးစြဲခဲ့သည္ဟု ေကာက္ယူႏိုင္ျခင္း ရွိမရွိကို ေမးထားပါတယ္ ။

“ ျမင္းျခံျမိဳ႕ ၊ အကြက္အမွတ္ ၂၀/က ၊ ဦးပိုင္အမွတ္ ၂/၇၆-၇၇ ၊ ဧရိယာ ၀.၁၂၉ က်ယ္ဝန္သည့္ ဘိုးဘြားပိုင္ ၊ ဝိုင္းေျမအနက္မွ အေရွ႕ ေဒၚစတီးအငွါးေနေသာ ေျမ ၊ အေနာက္လမ္း/ေတာင္လမ္း ၊ ေျမာက္ကိုမႈ အငွါးေနေသာေျမ ၊ နယ္ေလးရပ္ကြက္အတြင္းရွိ ဝိုင္းေျမကို ဦးျဖဴနွင့္ ေဒၚရီတို႕က ေျမရွင္ေဒၚထယ္ထံမွ တစ္လလွ်င္ ေငြက်ပ္ ၆၀/-နႈန္းျဖင့္ လစဥ္ငွါးစနစ္အရ ငွါးရမ္း၍ ေနအိမ္ေဆာက္လုပ္ေနထိုင္ခဲ့တယ္”

“ ၁၉၈၀-၈၁ ခုနွစ္မွာ ၊ ေျမရွင္ ေဒၚထယ္ ကြယ္လြန္သြား၍ ဦးျဖဴတို႕က ေျမငွါးခမ်ားကို ဦးဝင္းထံ ေပးသြင္းခဲ့တယ္ ။ ၁၉၆၀ ျပည္နွစ္ ၊ ျမိဳ႕ျပဆိုင္ရာ ငွါးရမ္းခၾကီးၾကပ္ေရးအက္ဥပေဒပုဒ္မ ၂(ဂ)အရ ဦးဝင္သည္ ထိုအခ်ိန္မွ စ၍ ဦးျဖဴတို႕၏ ေျမရွင္ျဖစ္လာတယ္ ”

“ ပစၥည္း လႊဲေျပာင္းျခင္း အက္ဥပေဒပုဒ္ ၁၀၈ (တ)တြင္ ငွါးယူသူသည္ အငွါးခ်ထားသူ၏ သေဘာတူညီခ်က္အရမဟုတ္ဘဲ ပစၥည္းတြင္ တည္ျမဲေသာအေဆာက္အဦး မေဆာက္လုပ္ရဟု ျပ႒ာန္း ထားပါတယ္ ”

“ေျမရွင္ဦးဝင္း၏ သေဘာတူ ခြင့္ျပဳခ်က္ကို ဦးျဖဴတို႕က ရယူျခင္း မရွိဘဲ ၅ပင္ ၃ ပင္ ၊ အလ်ား ၃၄ ေပ ၊ အနံ ၂၄ ေပ ၊ အျမင့္ ၉ ေပရွိ သြပ္မိုး ၊ထရံကာ ၊ သမံတလင္းခင္း ၊ အေဆာက္အဦးကို ၅ လက္မပတ္လည္တိုင္းမ်ားျဖင့္ အခိုင္အမာေဆာက္လုပ္ခဲ့ျပီးေနာက္ ျမိဳ႕သန္႕ရွင္းသာယာေရ “ ဂဠဳန္” စီမံခ်က္အရ ၊ မူလအေဆာက္အဦးကို ျပင္ဆင္ျခင္းျဖစ္ေၾကာင္း ေခ်ပတယ္ ။ သို႕ရာတြင္ ထင္ရွားေအာင္သက္ေသမျပႏုိင္ပါ ”

“ အငွါးခ်ထားသူ၏ သေဘာတူညီခ်က္မရဘဲ ဦးျဖဴတိုသည္ အငွါးခ်ထားသည့္ ေျမတြင္ တည္ျမဲေသာ အေဆာက္အဦးအသစ္ ေဆာက္လုပ္ေၾကာင္း ေပၚလြင္ထင္ရွားတယ္ ”

“ သို႕ျဖစ္ပါ၍ ၾကားနားလ်က္ရွိသည့္ အမွတ္ (၁) ျပႆနာနွင့္ စပ္လ်ဥ္း၍ အယူခံတရားျပိဳင္တို႕သည္ အငွါးခ်ထားသည့္ ေျမေပၚတြင္ ေျမရွင္၏ ခြင့္ျပဳခ်က္တစ္စံုတစ္ရာ မရွိဘဲ ၊ အေဆာက္အဦးအခိုင္အမာ ေဆာက္လုပ္ခဲ့ျခင္းသည္ ပစၥည္းလႊဲေျပာင္းျခင္း အက္ဥပေဒပုဒ္မ ၁၀၈ တြင္ ျပ႒ာန္းထားသည့္ ငွါးရမ္းသူ၏ တာဝန္မ်ားကို ေဖာက္ဖ်က္ရာေရာက္ေၾကာင္း ေျဖဆိုလိုက္တယ္ ” “ အမွတ္ (၂) ျပႆနာနွင့္ စပ္လ်ဥ္း၍ စည္ပင္သာယာေရးအဖြဲ႕၏ ခြင့္ျပဳခ်က္တစ္စံုတစ္ရာ မရွိဘဲ အေဆာက္အဦးလုပ္သည့္အတြက္ စည္ပင္သာယာဥပေဒအရ ျပစ္မႈထင္ရွား စီရင္ခံရျခင္းေၾကာင့္ အခ်င္းျဖစ္ဥပစာကို တရားဥပေဒ နွင့္ ဆန္႕က်င္သံုးစြဲခဲ့သည္ဟု ေကာက္ယူႏိုင္ျခင္းမရွိေၾကာင္း ေျဖၾကားကာ ဤအထူးအယူခံကို ခြင့္ျပဳျပီး တရားရုံးအဆင့္ဆင့္၏ စီရင္ခ်က္နွင့္ ဒီဂရီကို ပယ္ဖ်က္ကာ အယူခံတရားလို ဦးဝင္းအား အႏိုင္ဒီဂရီ ဆံုးျဖတ္ခ်မွတ္ခဲ့ပါတယ္ ”

အိမ္ျခံေျမ ကိစၥအဝဝနွင့္ ပတ္သက္၍ ဥပေဒအၾကံေပးပညာရွင္မ်ားနွင့္ ေဆြးေႏြးတိုင္ပင္လိုပါက iMyanmarHouse.com ၏ ဖုန္းနံပါတ္မ်ားျဖစ္ေသာ 09-966901767, 09-268022352 သို႔ ဆက္သြယ္ႏိုင္ပါသည္။ အေသးစိတ္ၾကည့္ရန္ ဤေနရာကို ႏွိပ္ပါ။

Credit: ၾကယ္နီေလး (ဥပေဒ)

 

### Unicode Version ###

ကျွန်တော်၏ ကျောင်းနေဖက် မိတ်ဆွေဖြစ်သူ ဦးမြတ်သူသည် သူ ဝယ်ယူထားသော သန်လျင်မြို့နယ် ၊ သီလဝါဆိပ်ကမ်းအနီးရှိ မြေကွက်တွင် ငှါးရမ်းထားသော အိမ်ငှါးမှ ပိုင်ရှင်ခွင့်ပြုချက်မယူဘဲ အဆောက်အဦးတည်ဆောက်နေသောကြောင့် ဖယ်ရှားလို၍ မည်သို့ပြုလုပ်ရမည်ကို အကြံညဏ်တောင်းခံလာလေသည် ။ထို့ကြောင့် မိမိမှ ကူညီရှင်းပြပေးရပြန်သည် ။

အဲဒီမြေအငှါးဟာ ပစ္စည်းလွှဲပြောင်းခြင်း ၊ အက်ဥပဒေပုဒ်မ ၁၀၈(တ)တတွင် ငှါးယူသူသည် အငှါးချထားသူ၏သဘောတူညီချက်အရ မဟုတ်ဘဲ ပစ္စည်းတွင် တည်မြဲသော အဆောက်အဦးမဆောက်လုပ်ရဟု ပြဋ္ဌာန်းထားတယ် ။ဒါကြောင့် သူတို့ဟာ ငှါးရမ်းသူ၏ တာဝန်များကို ဖောက်ဖျက်ရာရောက်တဲ့အတွက် “ မောင်ခင်မောင် နှင့် ဒေါ်လှရင် ပါ ၂ ၊ ၁၉၄၈ ခုနှစ် ၊ မြန်မာနိုင်ငံတရားစီရင်ထုံး ၊ စာ-၄၈၁ ” အမှုတွင် ငှါးရမ်းသူက အငှါးချထားသူ၏သဘောတူညီချက်မရှိဘဲ ၊ အခိုင်အမာ အဆောက်အဦးကို ဆောက်လုပ်ပါက အငှါးချထားမှု တာဝန်ချိုးဖောက်ရာ ရောက်သဖြင့် အငှါးချထားသူသည် ငှါးရမ်းသူအား ဖယ်ရှားခွင့်ရကြောင်း ထုံးဖွဲ့ထားတယ် ”

“ မြေငါှးတွေဟာ လွယ်လွယ်နဲ့ ဖယ်ရှာပေးမှာ မဟုတ်လို့ ၁၉၆၀ ပြည့်နှစ် ၊ မြို့ပြဆိုင်ရာငှါးရမ်းခ ကြီးကြပ်ရေးအက်ဥပဒေပုဒ်မ ၁၂(၁)(က) (ဒုတိယပိုင်း)နှင့် ၁၂(၁)(ဂ)တို့အရ တရားစွဲဆိုရမှာဖြစ်ပြီး တရားစွဲဆိုပိုင်ခွင့် ရှိသည်အချိန်မှစ၍ ကာလစည်းကမ်းသတ်အက်ပဒေပထမဇယားအမှတ်စဉ် ၁၂၀ အရ ၆ နှစ်အတွင်းတရားစွဲဆိုရမယ် ”

“ အိမ်နှင်လိုမှု တရားမစွဲမှီ အိမ်ရှင်က အိမ်ငှါးအား ကြိုတင်အကြောင်းကြားစာများ ပေးပို့ရမည်ဟု ပြဋ္ဌာန်းချက်များမရှိပါ ။ သို့ရာတွင် ပုဒ်မ ၁၂(၁)(က)မှ(စ) အထိ ပြဋ္ဌာန်းချက်များမှာ အိမ်ရှင်က အိမ်ငှါးအပေါ် အိမ်နှင်လိုမှု စွဲဆိုရန်အကြောင်းပြချက်များ ဖြစ်သည့်အတွက် ယင်းပုဒ်မများအရ တရားမစွဲဆိုမှီ ပစ္စည်းလွှဲပြောင်းခြင်း အက်ဥပဒေပုဒ်မ ၁၀၆ အရ အိမ်ရှင်က အိမ်ငှါးအပေါ် အိမ်ရှင်အိမ်ငှါးဆက်သွယ်မှု ရုပ်သိမ်းကြောင်း အကြောင်းကြားစာ ပေးပို့ရန် လိုတယ် ။ နောက်ပြီး ၁၅ရက် ကြိုတင်ပြီး နို့တစ်စာ ရရှိစေရန်ပေးပို့ရမယ် ။ပစ္စည်းလွှဲပြောင်းခြင်း အက်ဥပဒေပုဒ်မ ၁၀၆ ၌ စာတိုက်မှဖြစ်စေ ၊ လူကိုယ်တိုင်ဖြစ်စေ အကြောင်းကြားစာကို ပေးပို့သည့်အခါ လိပ်စာရှင် သို့မဟုတ် အတူနေလိပ်စာရှင်၏ မိသာစု သို့မဟုတ် အတူနေအိမ်ဖော်သို့ ပေးအိပ်နိုင်ကြောင်း ပြဋ္ဌာန်းထားပါတယ် ”

ထိုအခါ ဦးမြတ်သူက “ ဟုတ်ပါပြီ သူငယ်ချင်းရယ် ။အဲဒါတွေကို အကုန်လုံး အမှားအယွင်းမရှိအောင် လုပ်နိုင်ပါတယ် ။ လုပ်လည်း လုပ်ပါမယ် ။ဒါပေမဲ့ ကိုယ်သိချင်တာက ကိုယ်တို့ဖြစ်စဉ်နဲ့တူပြီး အိမ်ငှါများက ဥပစာကနေ ဖယ်ရှားသွားရမျိုးကိုတော့ စီရင်ထုံးရှိသလား” ဟု မေးသဖြင့် ကျွန်တော်က “ ဟာ ရှိပါပြီကော သူငယ်ချင်းရယ် ။တရားရုံးချုပ် အထူးခုံရုံးကတောင် ဆုံးဖြတ်စီရင်ထုံးထားတာရှိတယ် ။ အဲဒါလေးကို ကိုယ်ရှင်းပြပေးပါမယ် ။ မင်းအချိန်ရတယ် မဟုတ်လား ” ဟု ပြောပြီး ဆက်လက်၍ “ ဦးဝင်းနှင့် ဦးဖြူပါ ၂ ၊ ၁၉၉၇ ခုနှစ် ၊မြန်မာနိုင်ငံတရားစီရင်ထုံး ၊ စာ-၁၁၄ ” စီရင်ထုံးကို ညွှန်းဆိုပါရစေ ”

“ အမှုမှာ မြင်းခြံမြို့နယ်တရားရုံး ၊ ၁၉၈၉ ခုနှစ် ၊ တရာမကြီးမှု အမှတ် ၁၄ တွင် အယူခံတရားလို ဦးဝင်းက အယူခံတရားပြိုင်များဖြစ်သော ဦးဖြူနှင့်ဒေါ်ရီတို့အပေါ် ၁၉၆၀ ပြည့်နှစ် ၊ မြို့ပြဆိုင်ရာ ငှါးရမ်းခကြီးကြပ်ရေးအက်ဥပဒေပုဒ်မ ၁၂(၁)(က) (ဒုတိယပိုင်း) နှင့် ၁၂(၁)(ဂ)တို့အရ ငှါးရမ်းထားသည့် မြေပေါ်မှ ဖယ်ရှားနှင်ထုတ်ပေးစေလိုမှု စွဲဆိုရာ အမှုပလပ်ခြင်း ခံရပါတယ် ။မြို့နယ်တရားရုံးရဲ့ စီရင်ချက်နှင့် ဒီကရီကို မကျေနပ်သဖြင့် မန္တလေးတိုင်းတရားရုံး ၊ ၁၉၉၂ ခုနှစ် ၊ တရားမ အယူခံမှု အမှတ် ၄၅ (မြင်းခြံခရိုင်) ဖြင့် အယူခံ ဝင်ရောက်သော်လည်း အောင်မြင်ခြင်း မရှိပေ ။ဦးဝင်းက တရားရုံးချုပ် (မန္တလေးရုံးထိုင်)သို့ ဆက်လက်အယူခံတင်သွင်းသည့်အခါတွင်လည်းအယူခံလွှာကို အကျဉ်းနည်းဖြင့် ပလပ်ခြင်းခံရတယ် ”

“ တရားရုံးချုပ်၏ ဒီကရီကို တရားစီရင်ရေးဥပဒေပုဒ်မအရ ပြန်လည်စစ်ဆေးစီရင်ပေးရန် ဦးဝင်းက ၁၉၉၄ ခုနှစ် ၊ တရားမအထွေထွေ လျှောက်လွှာအမှတ် (အထူး) ၅ ဖြင့် လျှောက်ထားသောအခါ တရားရုံးချုပ် အထူးခုံရုံးက အောက်ပါပြဿနာများကို စိစစ်ကြားနာရန် အထူးအယူခံဝင်ခွင့်ပြုခဲ့တယ် ”

“ ပြဿနာ(၁)မှာ မြေရှင်၏ ခွင့်ပြုချက် တစ်စုံတစ်ရာ မရှိဘဲ အဆောက်အဦအခိုင်အမာ ဆောက်လုပ်ခဲ့ခြင်းသည် ပစ္စည်းလွှဲပြောင်းခြင်း အက်ဥပဒေပုဒ်မ ၁၀၈ တွင် ပြဋ္ဌာန်း ထားသည် ငှါးရမ်းသူ၏ တာဝန်များကို ဖောက်ဖျက်ရာ ရောက်မရောက်နှင့် ပြဿနာ (၂)မှာ စည်ပင်သာယာရေးအဖွဲ့၏ ခွင့်ပြုချက် တစ်စုံတစ်ရာ မရှိဘဲ အဆောက်အအုံ ဆောက်လုပ်သည့်အတွက် စည်ပင်သာယာရေးဥပဒေအရ ပြစ်မှုထင်ရှားစီရင်ခံရခြင်းအားဖြင့် လျှောက်ထားခံရသူများသည် အချင်းဖြစ်ဥပစာကို တရားဥပဒေနှင့် ဆန့်ကျင်သုံးစွဲခဲ့သည်ဟု ကောက်ယူနိုင်ခြင်း ရှိမရှိကို မေးထားပါတယ် ။

“ မြင်းခြံမြို့ ၊ အကွက်အမှတ် ၂၀/က ၊ ဦးပိုင်အမှတ် ၂/၇၆-၇၇ ၊ ဧရိယာ ဝ.၁၂၉ ကျယ်ဝန်သည့် ဘိုးဘွားပိုင် ၊ ဝိုင်းမြေအနက်မှ အရှေ့ ဒေါ်စတီးအငှါးနေသော မြေ ၊ အနောက်လမ်း/တောင်လမ်း ၊ မြောက်ကိုမှု အငှါးနေသောမြေ ၊ နယ်လေးရပ်ကွက်အတွင်းရှိ ဝိုင်းမြေကို ဦးဖြူနှင့် ဒေါ်ရီတို့က မြေရှင်ဒေါ်ထယ်ထံမှ တစ်လလျှင် ငွေကျပ် ၆၀/-နှုန်းဖြင့် လစဉ်ငှါးစနစ်အရ ငှါးရမ်း၍ နေအိမ်ဆောက်လုပ်နေထိုင်ခဲ့တယ်”

“ ၁၉၈၀-၈၁ ခုနှစ်မှာ ၊ မြေရှင် ဒေါ်ထယ် ကွယ်လွန်သွား၍ ဦးဖြူတို့က မြေငှါးခများကို ဦးဝင်းထံ ပေးသွင်းခဲ့တယ် ။ ၁၉၆၀ ပြည်နှစ် ၊ မြို့ပြဆိုင်ရာ ငှါးရမ်းခကြီးကြပ်ရေးအက်ဥပဒေပုဒ်မ ၂(ဂ)အရ ဦးဝင်သည် ထိုအချိန်မှ စ၍ ဦးဖြူတို့၏ မြေရှင်ဖြစ်လာတယ် ”

“ ပစ္စည်း လွှဲပြောင်းခြင်း အက်ဥပဒေပုဒ် ၁၀၈ (တ)တွင် ငှါးယူသူသည် အငှါးချထားသူ၏ သဘောတူညီချက်အရမဟုတ်ဘဲ ပစ္စည်းတွင် တည်မြဲသောအဆောက်အဦး မဆောက်လုပ်ရဟု ပြဋ္ဌာန်း ထားပါတယ် ”

“မြေရှင်ဦးဝင်း၏ သဘောတူ ခွင့်ပြုချက်ကို ဦးဖြူတို့က ရယူခြင်း မရှိဘဲ ၅ပင် ၃ ပင် ၊ အလျား ၃၄ ပေ ၊ အနံ ၂၄ ပေ ၊ အမြင့် ၉ ပေရှိ သွပ်မိုး ၊ထရံကာ ၊ သမံတလင်းခင်း ၊ အဆောက်အဦးကို ၅ လက်မပတ်လည်တိုင်းများဖြင့် အခိုင်အမာဆောက်လုပ်ခဲ့ပြီးနောက် မြို့သန့်ရှင်းသာယာရေ “ ဂဠုန်” စီမံချက်အရ ၊ မူလအဆောက်အဦးကို ပြင်ဆင်ခြင်းဖြစ်ကြောင်း ချေပတယ် ။ သို့ရာတွင် ထင်ရှားအောင်သက်သေမပြနိုင်ပါ ”

“ အငှါးချထားသူ၏ သဘောတူညီချက်မရဘဲ ဦးဖြူတိုသည် အငှါးချထားသည့် မြေတွင် တည်မြဲသော အဆောက်အဦးအသစ် ဆောက်လုပ်ကြောင်း ပေါ်လွင်ထင်ရှားတယ် ”

“ သို့ဖြစ်ပါ၍ ကြားနားလျက်ရှိသည့် အမှတ် (၁) ပြဿနာနှင့် စပ်လျဉ်း၍ အယူခံတရားပြိုင်တို့သည် အငှါးချထားသည့် မြေပေါ်တွင် မြေရှင်၏ ခွင့်ပြုချက်တစ်စုံတစ်ရာ မရှိဘဲ ၊ အဆောက်အဦးအခိုင်အမာ ဆောက်လုပ်ခဲ့ခြင်းသည် ပစ္စည်းလွှဲပြောင်းခြင်း အက်ဥပဒေပုဒ်မ ၁၀၈ တွင် ပြဋ္ဌာန်းထားသည့် ငှါးရမ်းသူ၏ တာဝန်များကို ဖောက်ဖျက်ရာရောက်ကြောင်း ဖြေဆိုလိုက်တယ် ” “ အမှတ် (၂) ပြဿနာနှင့် စပ်လျဉ်း၍ စည်ပင်သာယာရေးအဖွဲ့၏ ခွင့်ပြုချက်တစ်စုံတစ်ရာ မရှိဘဲ အဆောက်အဦးလုပ်သည့်အတွက် စည်ပင်သာယာဥပဒေအရ ပြစ်မှုထင်ရှား စီရင်ခံရခြင်းကြောင့် အချင်းဖြစ်ဥပစာကို တရားဥပဒေ နှင့် ဆန့်ကျင်သုံးစွဲခဲ့သည်ဟု ကောက်ယူနိုင်ခြင်းမရှိကြောင်း ဖြေကြားကာ ဤအထူးအယူခံကို ခွင့်ပြုပြီး တရားရုံးအဆင့်ဆင့်၏ စီရင်ချက်နှင့် ဒီဂရီကို ပယ်ဖျက်ကာ အယူခံတရားလို ဦးဝင်းအား အနိုင်ဒီဂရီ ဆုံးဖြတ်ချမှတ်ခဲ့ပါတယ် ”

အိမ်ခြံမြေ ကိစ္စအဝဝနှင့် ပတ်သက်၍ ဥပဒေအကြံပေးပညာရှင်များနှင့် ဆွေးနွေးတိုင်ပင်လိုပါက iMyanmarHouse.com ၏ ဖုန်းနံပါတ်များဖြစ်သော 09-966901767, 09-268022352 သို့ ဆက်သွယ်နိုင်ပါသည်။ အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။ Credit: ကြယ်နီလေး (ဥပဒေ)

နောက်ဆုံးရ အိမ်ခြံမြေ ဗဟုသုတများ

တရုတ်ဘီလျံနာကြီး ရစ်ချတ်လျိုက တက္ကသိုလ်တက်စဉ် ယွမ် ၅၀၀ နှင့် ကြက်ဥ ၇၆ လုံး ထောက်ပံ့ပေးခဲ့ ဖူးသော ဇာတိကျေးရွာလေးမှ ရွာသူရွာသားများ၏ ကျေးဇူးကို တုံ့ပြန်သောအားဖြင့် နှစ်သစ်ကူးလက်ဆောင် အဖြစ် တစ်ဦးလျှင် ဒေါ်လာ ၁၄၀၀ စီအပြင် စားသောက်ကုန်၊ အဝတ်အထည်နှင့် အိမ...
တရုတ်ဘီလျံနာကြီး ရစ်ချတ်လျိုက တက္ကသိုလ်တက်စဉ် ယွမ် ၅၀၀ နှင့် ကြက်ဥ ၇၆ လုံး ထောက်ပံ့ပေးခဲ့ ဖူးသော ဇာတိကျေးရွာလေးမှ ရွာသူရွာသားများ၏ ကျေးဇူးကို တုံ့ပြန်သောအားဖြင့် နှစ်သစ်ကူးလက်ဆောင် အဖြစ် တစ်ဦးလျှင် ဒေါ်လာ ၁၄၀၀ စီအပြင် စားသောက်ကုန်၊ အဝတ်အထည်နှင့် အိမ...
တိုယိုတာ ကုမ္ပဏီက ဒေါ်လာ ၁၀ ဘီလီယံ သုံးစွဲကာ ဆောက်လုပ်ထားသော အနာဂတ်မြို့သစ်ကြီးတွင် နည်းပညာသစ်များကို စမ်းသပ်သွားမည်ဖြစ်ရာ နေထိုင်မည့်သူများ ခေါ်ယူလျက်ရှိ...
တိုယိုတာ ကုမ္ပဏီက ဒေါ်လာ ၁၀ ဘီလီယံ သုံးစွဲကာ ဆောက်လုပ်ထားသော အနာဂတ်မြို့သစ်ကြီးတွင် နည်းပညာသစ်များကို စမ်းသပ်သွားမည်ဖြစ်ရာ နေထိုင်မည့်သူများ ခေါ်ယူလျက်ရှိ...
ဟောင်ကောင် ရေကြောင်းရဲအရာရှိတစ်ဦး ၁၀ ဒေါ်လာဖိုး ဖုန်းဆက်ထီထိုးခဲ့ရာ ဒေါ်လာ ၆၉ သန်း Jackpot ဆုကြီး ထီပေါက်...
ဟောင်ကောင် ရေကြောင်းရဲအရာရှိတစ်ဦး ၁၀ ဒေါ်လာဖိုး ဖုန်းဆက်ထီထိုးခဲ့ရာ ဒေါ်လာ ၆၉ သန်း Jackpot ဆုကြီး ထီပေါက်...
ကာဇက်စတန်မှ ရွာကလေးတွင် ရွာသူရွာသားတို့မှာ လမ်းလျှောက်ရင်းပင် ရုတ်တရက် အိပ်ပျော်သွားတတ်ကြပြီး ပြန်နိုးလာချိန်တွင် မည်သည့်အချိန်က အိပ်ပျော်သွားသည်ကို မမှတ်မိကြသည့် ဆန်းကြယ်သော ဖြစ်ရပ်...
ကာဇက်စတန်မှ ရွာကလေးတွင် ရွာသူရွာသားတို့မှာ လမ်းလျှောက်ရင်းပင် ရုတ်တရက် အိပ်ပျော်သွားတတ်ကြပြီး ပြန်နိုးလာချိန်တွင် မည်သည့်အချိန်က အိပ်ပျော်သွားသည်ကို မမှတ်မိကြသည့် ဆန်းကြယ်သော ဖြစ်ရပ်...
ဟယ်ရီဆင်ဖို့ဒ်က တောမီးဦးတည်နေသည့် ဘရန့်ဝုဒ်အရပ်မှ သူ၏ စံအိမ်ဆီသို့ သွားရန် ကြိုးစားရာ ရဲအရာရှိတို့ လိုက်ပါစောင့်ကြပ်ပေးခဲ့...
ဟယ်ရီဆင်ဖို့ဒ်က တောမီးဦးတည်နေသည့် ဘရန့်ဝုဒ်အရပ်မှ သူ၏ စံအိမ်ဆီသို့ သွားရန် ကြိုးစားရာ ရဲအရာရှိတို့ လိုက်ပါစောင့်ကြပ်ပေးခဲ့...
ကယ်လီဖိုးနီးယားတွင် တောမီးကြောင့် အရေးပေါ်အခြေအနေ ကြေညာထားပြီး ညမထွက်ရအမိန့် ထုတ်ပြန်ထားရာ ဒုသမ္မတ ခါမလာဟဲရစ်၏ နေအိမ်အနီး ညဘက် သွားလာသူ ၂ ဦး ဖမ်းဆီးခံရ...
ကယ်လီဖိုးနီးယားတွင် တောမီးကြောင့် အရေးပေါ်အခြေအနေ ကြေညာထားပြီး ညမထွက်ရအမိန့် ထုတ်ပြန်ထားရာ ဒုသမ္မတ ခါမလာဟဲရစ်၏ နေအိမ်အနီး ညဘက် သွားလာသူ ၂ ဦး ဖမ်းဆီးခံရ...
ဂျပန်နိုင်ငံသားများအကြား “အိမ်သာ” ဟု ရည်ညွှန်းပြောဆိုကြသည့် ကျဉ်းမြောင်းလှသော လူနေခန်းလေးများ၊ ဟိုတယ်များ အမြဲပြည့်နေသော ဂျပန်တွင် နိုင်ငံခြားခရီးသွားများ တည်းခိုရန် စိတ်ဝင်စားလျက်ရှိ...
ဂျပန်နိုင်ငံသားများအကြား “အိမ်သာ” ဟု ရည်ညွှန်းပြောဆိုကြသည့် ကျဉ်းမြောင်းလှသော လူနေခန်းလေးများ၊ ဟိုတယ်များ အမြဲပြည့်နေသော ဂျပန်တွင် နိုင်ငံခြားခရီးသွားများ တည်းခိုရန် စိတ်ဝင်စားလျက်ရှိ...
(ထူးထူးခြားခြား အိမ်ခြံမြေဒိုင်ယာရီ) အိန္ဒိယတွင် အိမ်ခြံမြေ Developer တစ်ဦးက ဆောက်လုပ်ရေးအတွက် မြေတူးစဉ် ရွှေအိုးကြီးတစ်လုံး တူးဖော်တွေ့ရှိ...
(ထူးထူးခြားခြား အိမ်ခြံမြေဒိုင်ယာရီ) အိန္ဒိယတွင် အိမ်ခြံမြေ Developer တစ်ဦးက ဆောက်လုပ်ရေးအတွက် မြေတူးစဉ် ရွှေအိုးကြီးတစ်လုံး တူးဖော်တွေ့ရှိ...
မိုက်ခရိုဝေ့(Microwave) နှင့် ပြန်နွှေးပြီး မစားသင့်သော အစာ (၇) မျိုး
မိုက်ခရိုဝေ့(Microwave) နှင့် ပြန်နွှေးပြီး မစားသင့်သော အစာ (၇) မျိုး
အိမ်ခြံမြေအရေး iMyanmarHouse ကို တွေးလိုက်ပါ🤔
အိမ်ခြံမြေအရေး iMyanmarHouse ကို တွေးလိုက်ပါ🤔

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

ဂျပန်အမျိုးသားတစ်ဦးက စိတ်ဖိစီးမှု ဖြေဖျောက်ရန်ဟုဆိုကာ နေအိမ်ပေါင်း ၁၀၀၀ ကျော်ကို ကျူးကျော်ဝင်ရောက်ခဲ့မှု ရဲတပ်ဖွဲ့ အံ့သြ
ဂျပန်အမျိုးသားတစ်ဦးက စိတ်ဖိစီးမှု ဖြေဖျောက်ရန်ဟုဆိုကာ နေအိမ်ပေါင်း ၁၀၀၀ ကျော်ကို ကျူးကျော်ဝင်ရောက်ခဲ့မှု ရဲတပ်ဖွဲ့ အံ့သြ
တရုတ်ပြည်တွင် မိန်းကလေးများကြား နာမည်ကြီးနေသော အဖြူရောင်မာဖီးယားဂိုဏ်း၊ အမျိုးသမီးများအား စပေါ်ငွေ ပြန်မပေးသော အိမ်ရှင်မ
တရုတ်ပြည်တွင် မိန်းကလေးများကြား နာမည်ကြီးနေသော အဖြူရောင်မာဖီးယားဂိုဏ်း၊ အမျိုးသမီးများအား စပေါ်ငွေ ပြန်မပေးသော အိမ်ရှင်မ
အိမ်ရှင်နှင်ထုတ်ခြင်းခံရသော အိမ်ငှားက အိမ်နောက်ဘက်ရှိ ပန်းအိုးများအားလုံးကို ယူဆောင်သွားရာ အိမ်ရှင်မှာ ယမ်းပုံမီးကျဖြစ်က
အိမ်ရှင်နှင်ထုတ်ခြင်းခံရသော အိမ်ငှားက အိမ်နောက်ဘက်ရှိ ပန်းအိုးများအားလုံးကို ယူဆောင်သွားရာ အိမ်ရှင်မှာ ယမ်းပုံမီးကျဖြစ်က
ဆလီနာ ဂိုမက်ဇ်နှင့် တေးထုတ်လုပ်ရေးပိုင်ရှင် Benny Blanco တို့စေ့စပ်ကြောင်းလမ်း၊ ဆလီနာ ပိုင်တဲ့ အိမ်တွေ အများကြီးထဲက ဘယ်အ
ဆလီနာ ဂိုမက်ဇ်နှင့် တေးထုတ်လုပ်ရေးပိုင်ရှင် Benny Blanco တို့စေ့စပ်ကြောင်းလမ်း၊ ဆလီနာ ပိုင်တဲ့ အိမ်တွေ အများကြီးထဲက ဘယ်အ
(ထူးထူးခြားခြား အိမ်ခြံမြေဒိုင်ယာရီ) အိန္ဒိယတွင် အိမ်ခြံမြေ Developer တစ်ဦးက ဆောက်လုပ်ရေးအတွက် မြေတူးစဉ် ရွှေအိုးကြီးတစ်
(ထူးထူးခြားခြား အိမ်ခြံမြေဒိုင်ယာရီ) အိန္ဒိယတွင် အိမ်ခြံမြေ Developer တစ်ဦးက ဆောက်လုပ်ရေးအတွက် မြေတူးစဉ် ရွှေအိုးကြီးတစ်
Tom Hanks ၏ လော့စ်အိန်ဂျလိစံအိမ် တောမီးဘေးမှ အံ့ဖွယ် မီးကွင်းကျန်ရစ်ခဲ့
Tom Hanks ၏ လော့စ်အိန်ဂျလိစံအိမ် တောမီးဘေးမှ အံ့ဖွယ် မီးကွင်းကျန်ရစ်ခဲ့
တရုတ်ပြည်တွင် လူမှုကွန်ရက်အကောင့်နှင့် fan page အပါအဝင် အမည်ပါ ဖယ်ရှားခံခဲ့ရပြီးနောက် ပြင်သစ်တွင် နေအိမ်များဝယ်ယူကာ အခြေ
တရုတ်ပြည်တွင် လူမှုကွန်ရက်အကောင့်နှင့် fan page အပါအဝင် အမည်ပါ ဖယ်ရှားခံခဲ့ရပြီးနောက် ပြင်သစ်တွင် နေအိမ်များဝယ်ယူကာ အခြေ
အင်္ဂလန်မှ အိမ်ခြံမြေကျွမ်းကျင်ပညာရှင်တစ်ဦးပြောသော အိမ်အမြန်ဆုံး ရောင်းထွက်ခြင်းနှင့် နေအိမ်တံခါးမကြီး ဆေးရောင်တို့အကြား
အင်္ဂလန်မှ အိမ်ခြံမြေကျွမ်းကျင်ပညာရှင်တစ်ဦးပြောသော အိမ်အမြန်ဆုံး ရောင်းထွက်ခြင်းနှင့် နေအိမ်တံခါးမကြီး ဆေးရောင်တို့အကြား
အမွေမမီမြေးများ အမွေခွဲဝေခြင်းအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသား ဖော်ပြပေးလိုက်ပါသည်။
အမွေမမီမြေးများ အမွေခွဲဝေခြင်းအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသား ဖော်ပြပေးလိုက်ပါသည်။
ရုပ်ရှင်သရုပ်ဆောင်အဖြစ် မအောင်မြင်သေးမီက လူသေအလောင်းများ သယ်ယူသည့်အလုပ်လုပ်ခဲ့ရသူ Kenny Ho (သို့မဟုတ်) ကျန်ကျောင်း၏ ဘဝဖြ
ရုပ်ရှင်သရုပ်ဆောင်အဖြစ် မအောင်မြင်သေးမီက လူသေအလောင်းများ သယ်ယူသည့်အလုပ်လုပ်ခဲ့ရသူ Kenny Ho (သို့မဟုတ်) ကျန်ကျောင်း၏ ဘဝဖြ

နောင်လာမည့် အိမ်ခြံမြေ ပွဲစဉ်များ

imyanmarmarket
The Crest

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service