ဗဟုသုတ | Posted by ရွှေစင်ဝင်း
### Zawgyi Version ###
ရန္ကုန္အိမ္ျခံေျမအေရာင္းအဝယ္ အေျခအေနကလည္း ခန္႕မွန္းရတာ ခက္သားပဲေနာ္။အခုလို ဝါဆိုမိုးက သည္းသည္းမဲမဲရြာရတဲ့အထဲမွာ မုန္တိုင္းကရွိေနျပန္ေတာ့ ရြာရန္ရာခုိင္နႈန္းထက္ထူးကဲျပီး ေကာင္းကင္ကေရေတြ သြန္းခ်ေနသလားေအာက္ေမ့ရတဲ့ အသိရွိေနတယ္။ တစ္ေန႔သာကုန္သြားတယ္ ‘ ေန ’ ကိုေတာ့ မျမင္လိုက္ရဘူး။
မိုးကိုအန္တု အိမ္ျခံေျမပြဲစားျဖစ္ဖို႕ကို သတိျပဳ
ဒီလို မညွာမတာရြာေနတဲ့ မိုးေၾကာင့္ထင္ပါရဲ႕ မျဖစ္မေနရုံးေတြ ဌာနေတြ သြားၾကတဲ့သူေတြ မွာလည္း အခ်ိန္မွီ ရုံးေရာက္ဖို႕အတြက္ မညွာမတာရြာေနတဲ့မိုးကို အန္တုျပီး အေျပးအလႊာလာေနၾကတာကို ေတြ႕ရတယ္။
အဲဒီရုံးဝန္ထမ္းေတြလိုပဲ ကၽြႏ္ုပ္တို႕ အိမ္ျခံေျမေလာကသားေတြမွာလည္း တဝုန္းဝုန္းရြာေနတဲ့ မိုးကို ဂရုမစိုက္ႏိုင္ဘဲ အေရာင္းအဝယ္ပြဲျဖစ္မယ့္ ေနရာကို မိုးထဲေလထဲမွာ ေျပးလႊာရုန္းကန္ေနၾကရပါတယ္။
ကုသို္လ္လည္းရ ဝမ္းလည္းဝ ပါရမီျဖည့္က်င့္ရတဲ့ဘဝ
အေရာင္းအဝယ္ရဲ႕ သေဘာကလည္း ေအးသည္ ၊ပူသည္၊ မိုးခ်ဳပ္သည္၊ ဆာသည္၊ ျပည့္အင့္သည္ဆိုတဲ့ ပ်င္းရိျခင္း ေျခာက္ပါးထဲပါေနလို႕ မရဘူးေလ။ ပြဲစားဆိုသူေတြက မိမိရွာေပးထားတဲ့ ေျမကြက္ကို အေရာင္းအဝယ္ျဖစ္ေအာင္ နည္းအမ်ိဳးမ်ိဳးသံုးျပီး စည္းရုံးဖို႕ မိုးထဲေရထဲမွာ ေရာင္းသူဝယ္သူေတြနဲ႕ အျမန္ဆံုး ပြဲျဖစ္ေအာင္ စည္းရုံးေရးဆင္ၾကရတယ္။ ေဟာ ပြဲျဖစ္ျပီးလည္းဆိုေရာ ေရွ႕ေနကို သတိရလို႕ အတင္းေခၚေတာ့တာပဲ။ မိုးေရေတြကလည္း စိုတာေပါ့။ ဒီေတာ့မွ ‘ အားေတာ့နာပါတယ္ ’ တဲ့ေလ။ ေရာင္းသူစိတ္ေျပာင္းသြားမွာစိုးလို႕ ဒီလိုအခ်ိန္နဲ႕ တစ္ေျပးညီလုပ္လိုက္ရတာပါပဲ။ ‘ ေကာင္းေလစြ ’ ေရွ႕ေနဆိုတာကေတာ့ သူမ်ား ပါရမီျဖည့္ေပးရတဲ့ သူေတြဆိုေတာ့ ဒီေလာက္ေတာ့ရွိမွာေပါ့ေလ။
အခုလည္းၾကည့္ပါဦး။ေတာင္ဒဂံု ၂၄ ရပ္ကြက္ ၊ လမ္းမၾကီးမွာ (၄၀ x ၆၀ ) ေျမနဲ႕အိမ္ကို သိန္း ၁၄၀၀ နဲ႕ အျမန္ေရာင္းဖို႕ရွိတယ္ဆိုလို႕ ဝယ္ခ်င္သူက မိုးထဲေလထဲမွာ ပြဲစားေတြနဲ႕ သြားၾကည့္တယ္ေလ။ ေရမီးအစံု ၂ ထပ္အိမ္ၾကီး ၊ ျခံနဲ႕ဝင္းနဲ႕ဆိုေတာ့ အေတာ္သေဘာက်သြားတယ္။ လက္ရွိအိမ္ထဲမွာ လူမေနဘဲ ေသာ့ခတ္ထားတာေတြ႕ရတယ္။ ဒါေၾကာင့္ ဝါတြင္းမွာ ဝယ္လည္း အဆင္ေျပတာေပါ့။
ဒါနဲ႕အိမ္ရာဇဝင္စံုးစမ္းၾကည့္တယ္။ အနွစ္ ၆၀ ဂရန္ေျမအမ်ိဳးအစားျဖစ္တယ္။ ဂရန္အမည္ေပါက္ မိဘနွစ္ပါးေသသြားတာၾကာျပီး သားသမီးေတြေတာ့ အသက္ ၆၀ ေလာက္ရွိကုန္ျပီတဲ့။ ဒါဆိုရင္ အေမြဆိုင္အိမ္ပဲ။ အေမြဆိုင္ ၆ ဦးရွိသတဲ့။ အဲဒါ မိဘနွစ္ပါးဂရန္အမည္ေပါက္နဲ႕ပဲ လက္လႊဲေရာင္းမွာလို႕ေျပာတယ္။ အေမြဆိုင္အိမ္ဆိုရင္ ေမာင္နွမအားလံုးေတာ့ သေဘာတူဖို႕လိုတယ္။ အားလံုးေတာ့ သေဘာတူတယ္။ ဒါေပမဲ့ ေမာင္အငယ္ဆံုးက အေမရိကန္ မွာေရာက္ေနတယ္လို႕ သိရတယ္။
ဆုိင္းဝိုင္းတစ္ခုနဲ႕တူတဲ့ ေမာင္နွမပိုင္ေျမ
ဝယ္သူကလည္း ညီမဝမ္းကြဲေလ။ “ အစ္ကိုဝယ္လို႕ရလား ” တဲ့ ။ “ ကၽြန္မကေတာ့ အရမ္းၾကိဳက္ေနတယ္။ ေငြကို တစ္ပံုတည္းေတာ့ မေပးႏိုင္ဘူး။ရွာရဦးမွာေနာ္။ ၃ ရစ္ေလာက္ခြဲေပးခ်င္တယ္ “ ဝယ္လို႕ေတာ့ရတယ္။ ဒါေပမဲ့ ငါ့ညီမ စိတ္ေတာ့ရွည္ရမယ္ ။အေမြဆို္င္အိမ္ျဖစ္လို႕ေလ။ အေမြဆိုင္အိမ္ဆိုတာ ” “ ဆိုင္ဝိုင္းတစ္ခုနဲ႕တူတယ္။ အားလံုးညီမွ ျမိဳင္ျမိဳင္ဆိုင္ဆိုင္တီးခတ္သံကိုၾကားရသလို ေမာင္နွမေတြအားလံုးညီညြတ္မွ ဝယ္သူနာမည္ေျပာင္းတဲ့အထိ အဆင္ေျပသြားႏိုင္တယ္ေလ။
ဒီေတာ့ စစ္မေရာက္ခင္ ျမွားကုန္ေနတာမ်ိဳးမျဖစ္သင့္ဘူး။ ေရာင္းသူေတြအားလံုးစံုျပီတဲ့လား။ သူတို႕ေရာက္ျပီဆိုရင္ အစ္ကိုတို႕လည္း သြားၾကတာေပါ့ “ ဟုတ္ကဲ့၊ သူတို႕ေရာက္ေနျပီတဲ့။အဲဒါေၾကာင့္ အစ္ကိုဆီကို အရင္ေျပးလာတာ။ဒါဆိုရင္ သြားၾကတာေပါ့ ” ဆိုကာ ညီမတို႕ကားနဲ႕ပဲ အေရာင္းအဝယ္ျပဳလုပ္မယ့္အိမ္ကို သြားၾကပါတယ္။
ကၽြႏု္ပ္တုိ႕ေရာက္သြားတဲ့အခ်ိန္မ်ာ ရန္ကုန္မွာရွိတဲ့ ေရာင္းသူေမာင္နွမတစ္ေတြ အဆင္သင့္ေရာက္ေနၾကပါတယ္။ ေရာင္းမယ့္ေျမနဲ႕ အိမ္နဲ႕ဆိုင္တဲ့ စာရြက္စာတမ္းေတြကိုလည္း စားပြဲေပၚမွာ အဆင္သင့္တင္ေပးထားတာေတြ႕ရတယ္။ အားလံုးနဲ႕ မိတ္ဆက္ျပီး စားပြဲေပၚက အနွစ္ ၆၀ ဂရန္ကိုယူျပီး အေသအခ်ာၾကည့္လိုက္ပါတယ္။ ၁၉၉၆ ခုနွစ္ခန္႕က ျမိဳ႕ရြာနဲ႔ အိုးအိမ္ဦးစီးဌာန စီမံခ်က္နဲ႕ ထုတ္ေပးထားတဲ့ ေျမငွါးစာခ်ဳပ္ဂရန္ျဖစ္ေနတယ္။ ဂရန္နဲ႕အတူ အိမ္ေဆာက္လုပ္ခြင့္နဲ႕ လွ်ပ္စစ္မီတာေျပစာတို႕ကို ေတြ႕ရပါတယ္. ေျမြခြန္ေျပစာေတြလည္း အဆင္သင့္ရွိပါတယ္လို႕ ေျပာပါတယ္။
အသက္မရွိတဲ့ဂရန္ အသက္သြင္းစရာက်န္ေန
အနွစ္ ၆၀ ဂရန္မွာ မိဘႏွစ္ပါးအမည္ေပါက္ျဖစ္လို႕ ယခုသားသမီးေတြက အေမြဆက္ခံတာမွန္ပါတယ္။ သားသမီးေတြ အေမြဆက္ခံတာမွန္ေပမယ့္ အေမြဆက္ခံပို္င္ဆိုင္ေၾကာင္း တရားဝင္မွတ္ပံုတင္စာခ်ဳပ္မလုပ္ထားပါဘူး။ ဒါဆိုရင္ ဝယ္သူေတြထံက စရန္ေငြမ်ားမ်ားယူျပီးမွ ျမိဳ႕ေတာ္စည္ပင္ေျမယာဌာနမွာ ပိုင္ဆိုင္ေၾကာင္း စာခ်ဳပ္နဲ႕ အေရာင္းအဝယ္စာခ်ဳပ္ခ်ုဳပ္ဆိုေပးႏိုင္ဖို႕ ေျမပံု၊ ေျမရာဇဝင္ေတြ ကူးယူစရာက်န္ေနေသးတယ္။ စည္ပင္ေျမယာဌာနက ေျမပံုကူးေလွ်ာက္ရင္ ေလွ်ာက္ထားတဲ့ ေျမပိုင္ဆိုင္မႈမွန္ ၊ မမွန္ ကြင္းဆင္းစစ္ေဆးဦးမယ္။ ျပီးေတာ့ ကန္႕ကြက္ခ်က္ရွိ ၊ မရွိ သတင္းစာေၾကာ္ျငာခိုင္းမယ္။ အားလံုး အဖုအထိမရွိမွ ေျမပံုထုတ္လာတာေလ။ အဲဒါဆိုရင္ ၂ လေလာက္ၾကာမယ္။
ရွားရွားပါးပါး ေျမနဲ႔ အိမ္ေရာင္းသူမ်ား
ဒီလိုရွင္းျပေပမယ့္ ေရာင္းသူေတြက အဲဒီလိုမဟုတ္ဘူး။ဒီေန႕ စရန္ေငြသိန္း ၃၀၀ ခ်ေပးရမယ္။ တစ္လျပည့္တဲ့ေန႕မွာ သိန္း ၁၀၀၀ ထပ္ေပးရမယ္။ဒီၾကားထဲမွာ ေျမပံုကူးလုပ္ေပးမယ္။ပိုင္ဆိုင္ေၾကာင္း လုပ္ေပးမယ္။ က်န္ေငြ သိန္း ၁၀၀ ကို ပိုင္ဆိုင္ေၾကာင္း စာခ်ဳပ္နဲ႕ ကိုယ္စားလွယ္လႊဲစာေပးတဲ့ေန႕မွာ အျပီးေငြေခ်ရမယ္။အဲဒီေန႕က်မွ ေျမနဲ႕ အိမ္ကို လက္ေရာက္ေပးမယ္။ အနွစ္ ၆၀ ဂရန္နဲ႕ ပိုင္ဆိုင္မႈအေထာက္အထားစာရြက္စာတမ္းအားလံုးေပးမယ္။ စုစုေပါင္း သိန္း ၁၃၀၀ ေပးျပီးတဲ့အထိ ဘာအေထာက္အထားမွေပးမထားႏိုင္ဘူးလို႕ ေျပာပါတယ္။
ဟင္ ဒီလိုဆိုရင္ ဝယ္သူဘက္မွာ ေျမနဲ႕ အိမ္နဲ႕ ပတ္သက္လို႕ ဂရန္မူရင္းေတာင္ မရႏိုင္ဘူးျဖစ္ေနတယ္။ ဝယ္သာဝယ္ရေပမယ့္ ဘာအေထာက္အထားမွမရေတာ့ ေမ်ာက္သစ္ကိုင္းလြတ္သလို ျဖစ္ေနတာေပါ့။ အေပါင္ခံထားတဲ့ လူမ်ားေတာင္မွ ေျမနဲ႕အိမ္ေပါက္ေဈးရဲ႕ တစ္ဝက္ေက်ာ္ရင္ ဂရန္ေပး ၊ အိမ္ဆင္း ၊ ေသာ့ခတ္လုပ္ၾကေသးတာပဲ။ အခု ညီမတို႕က အမွန္တကယ္ၾကိဳက္လြန္းလို႕ဝယ္တယ္။ သိန္းေထာင္ေက်ာ္လည္း ေပးရဦးမယ္။ ဘာအေထာက္အထားမွလည္း လက္ဝယ္ကိုင္မေပးႏိုင္ဘူးဆိုေတာ့စိတ္ပ်က္ကုန္ၾကတာေပါ့ ။ “ အစ္ကို ဘယ္လိုလုပ္ရမလဲ ” လို႕ ညီမက စားေရးသူကို ေမးတယ္။
ဒါကေတာ့ရွင္းပါတယ္။ ေပးထာတဲ့ေငြေၾကးနဲ႕ ထိုက္တန္တဲ့ ပစၥည္းတစ္ခုခုေတာ့ ျပန္ေပးရမွာေပါ့။ အခုေတာ့ ဆန္ေပးလို႔မွ ဆီလည္းမရ ၊ ေပးလည္း မရဘူးဆိုရင္ေတာ့ ဝယ္ဖို႕မသင့္ဘူး။ လက္ေလွ်ာ့လိုက္တာပဲ ေကာင္းပါတယ္ လို႕ ရွင္းျပလိုက္ပါတယ္။ ဒီေတာ့မွ ညီမျဖစ္သူလည္း လိုခ်င္မႈေလာဘကို သတိျပဳမိသြားတယ္။ သတိမူေတာ့မွ ျဖဴစင္ျပီး ဂူျမင္သြားပါတယ္။ ေရွ႕ဆက္မတိုးသင့္တာ သိတာနဲ႕ ေရာင္းသူမ်ားကို အျပံဳနဲ႕ ႏႈတ္ဆက္ျပီး ျပန္ခဲ့ၾကပါေတာ့တယ္။ “ အင္း ” ပြဲမျဖစ္ေတာ့လည္း အိမ္ျပန္ရုံပဲ ရွိေတာ့တာေပါ့ ။
Credit: လႊတ္ေတာ္ေရွ႕ေနေမာင္ေကာင္းေဖ
### Unicode Version ###
ရန်ကုန်အိမ်ခြံမြေအရောင်းအဝယ် အခြေအနေကလည်း ခန့်မှန်းရတာ ခက်သားပဲနော်။အခုလို ဝါဆိုမိုးက သည်းသည်းမဲမဲရွာရတဲ့အထဲမှာ မုန်တိုင်းကရှိနေပြန်တော့ ရွာရန်ရာခိုင်နှုန်းထက်ထူးကဲပြီး ကောင်းကင်ကရေတွေ သွန်းချနေသလားအောက်မေ့ရတဲ့ အသိရှိနေတယ်။ တစ်နေ႔သာကုန်သွားတယ် ‘ နေ ’ ကိုတော့ မမြင်လိုက်ရဘူး။
မိုးကိုအန်တု အိမ်ခြံမြေပွဲစားဖြစ်ဖို့ကို သတိပြု
ဒီလို မညှာမတာရွာနေတဲ့ မိုးကြောင့်ထင်ပါရဲ့ မဖြစ်မနေရုံးတွေ ဌာနတွေ သွားကြတဲ့သူတွေ မှာလည်း အချိန်မှီ ရုံးရောက်ဖို့အတွက် မညှာမတာရွာနေတဲ့မိုးကို အန်တုပြီး အပြေးအလွှာလာနေကြတာကို တွေ့ရတယ်။
အဲဒီရုံးဝန်ထမ်းတွေလိုပဲ ကျွန်ုပ်တို့ အိမ်ခြံမြေလောကသားတွေမှာလည်း တဝုန်းဝုန်းရွာနေတဲ့ မိုးကို ဂရုမစိုက်နိုင်ဘဲ အရောင်းအဝယ်ပွဲဖြစ်မယ့် နေရာကို မိုးထဲလေထဲမှာ ပြေးလွှာရုန်းကန်နေကြရပါတယ်။
ကုသိုလ်လည်းရ ဝမ်းလည်းဝ ပါရမီဖြည့်ကျင့်ရတဲ့ဘဝ
အရောင်းအဝယ်ရဲ့ သဘောကလည်း အေးသည် ၊ပူသည်၊ မိုးချုပ်သည်၊ ဆာသည်၊ ပြည့်အင့်သည်ဆိုတဲ့ ပျင်းရိခြင်း ခြောက်ပါးထဲပါနေလို့ မရဘူးလေ။ ပွဲစားဆိုသူတွေက မိမိရှာပေးထားတဲ့ မြေကွက်ကို အရောင်းအဝယ်ဖြစ်အောင် နည်းအမျိုးမျိုးသုံးပြီး စည်းရုံးဖို့ မိုးထဲရေထဲမှာ ရောင်းသူဝယ်သူတွေနဲ့ အမြန်ဆုံး ပွဲဖြစ်အောင် စည်းရုံးရေးဆင်ကြရတယ်။ ဟော ပွဲဖြစ်ပြီးလည်းဆိုရော ရှေ့နေကို သတိရလို့ အတင်းခေါ်တော့တာပဲ။ မိုးရေတွေကလည်း စိုတာပေါ့။ ဒီတော့မှ ‘ အားတော့နာပါတယ် ’ တဲ့လေ။ ရောင်းသူစိတ်ပြောင်းသွားမှာစိုးလို့ ဒီလိုအချိန်နဲ့ တစ်ပြေးညီလုပ်လိုက်ရတာပါပဲ။ ‘ ကောင်းလေစွ ’ ရှေ့နေဆိုတာကတော့ သူများ ပါရမီဖြည့်ပေးရတဲ့ သူတွေဆိုတော့ ဒီလောက်တော့ရှိမှာပေါ့လေ။
အခုလည်းကြည့်ပါဦး။တောင်ဒဂုံ ၂၄ ရပ်ကွက် ၊ လမ်းမကြီးမှာ (၄၀ x ၆၀ ) မြေနဲ့အိမ်ကို သိန်း ၁၄၀၀ နဲ့ အမြန်ရောင်းဖို့ရှိတယ်ဆိုလို့ ဝယ်ချင်သူက မိုးထဲလေထဲမှာ ပွဲစားတွေနဲ့ သွားကြည့်တယ်လေ။ ရေမီးအစုံ ၂ ထပ်အိမ်ကြီး ၊ ခြံနဲ့ဝင်းနဲ့ဆိုတော့ အတော်သဘောကျသွားတယ်။ လက်ရှိအိမ်ထဲမှာ လူမနေဘဲ သော့ခတ်ထားတာတွေ့ရတယ်။ ဒါကြောင့် ဝါတွင်းမှာ ဝယ်လည်း အဆင်ပြေတာပေါ့။
ဒါနဲ့အိမ်ရာဇဝင်စုံးစမ်းကြည့်တယ်။ အနှစ် ၆၀ ဂရန်မြေအမျိုးအစားဖြစ်တယ်။ ဂရန်အမည်ပေါက် မိဘနှစ်ပါးသေသွားတာကြာပြီး သားသမီးတွေတော့ အသက် ၆၀ လောက်ရှိကုန်ပြီတဲ့။ ဒါဆိုရင် အမွေဆိုင်အိမ်ပဲ။ အမွေဆိုင် ၆ ဦးရှိသတဲ့။ အဲဒါ မိဘနှစ်ပါးဂရန်အမည်ပေါက်နဲ့ပဲ လက်လွှဲရောင်းမှာလို့ပြောတယ်။ အမွေဆိုင်အိမ်ဆိုရင် မောင်နှမအားလုံးတော့ သဘောတူဖို့လိုတယ်။ အားလုံးတော့ သဘောတူတယ်။ ဒါပေမဲ့ မောင်အငယ်ဆုံးက အမေရိကန် မှာရောက်နေတယ်လို့ သိရတယ်။
ဆိုင်းဝိုင်းတစ်ခုနဲ့တူတဲ့ မောင်နှမပိုင်မြေ
ဝယ်သူကလည်း ညီမဝမ်းကွဲလေ။ “ အစ်ကိုဝယ်လို့ရလား ” တဲ့ ။ “ ကျွန်မကတော့ အရမ်းကြိုက်နေတယ်။ ငွေကို တစ်ပုံတည်းတော့ မပေးနိုင်ဘူး။ရှာရဦးမှာနော်။ ၃ ရစ်လောက်ခွဲပေးချင်တယ် “ ဝယ်လို့တော့ရတယ်။ ဒါပေမဲ့ ငါ့ညီမ စိတ်တော့ရှည်ရမယ် ။အမွေဆိုင်အိမ်ဖြစ်လို့လေ။ အမွေဆိုင်အိမ်ဆိုတာ ” “ ဆိုင်ဝိုင်းတစ်ခုနဲ့တူတယ်။ အားလုံးညီမှ မြိုင်မြိုင်ဆိုင်ဆိုင်တီးခတ်သံကိုကြားရသလို မောင်နှမတွေအားလုံးညီညွတ်မှ ဝယ်သူနာမည်ပြောင်းတဲ့အထိ အဆင်ပြေသွားနိုင်တယ်လေ။
ဒီတော့ စစ်မရောက်ခင် မြှားကုန်နေတာမျိုးမဖြစ်သင့်ဘူး။ ရောင်းသူတွေအားလုံးစုံပြီတဲ့လား။ သူတို့ရောက်ပြီဆိုရင် အစ်ကိုတို့လည်း သွားကြတာပေါ့ “ ဟုတ်ကဲ့၊ သူတို့ရောက်နေပြီတဲ့။အဲဒါကြောင့် အစ်ကိုဆီကို အရင်ပြေးလာတာ။ဒါဆိုရင် သွားကြတာပေါ့ ” ဆိုကာ ညီမတို့ကားနဲ့ပဲ အရောင်းအဝယ်ပြုလုပ်မယ့်အိမ်ကို သွားကြပါတယ်။
ကျွနု်ပ်တို့ရောက်သွားတဲ့အချိန်မျာ ရန်ကုန်မှာရှိတဲ့ ရောင်းသူမောင်နှမတစ်တွေ အဆင်သင့်ရောက်နေကြပါတယ်။ ရောင်းမယ့်မြေနဲ့ အိမ်နဲ့ဆိုင်တဲ့ စာရွက်စာတမ်းတွေကိုလည်း စားပွဲပေါ်မှာ အဆင်သင့်တင်ပေးထားတာတွေ့ရတယ်။ အားလုံးနဲ့ မိတ်ဆက်ပြီး စားပွဲပေါ်က အနှစ် ၆၀ ဂရန်ကိုယူပြီး အသေအချာကြည့်လိုက်ပါတယ်။ ၁၉၉၆ ခုနှစ်ခန့်က မြို့ရွာနဲ့ အိုးအိမ်ဦးစီးဌာန စီမံချက်နဲ့ ထုတ်ပေးထားတဲ့ မြေငှါးစာချုပ်ဂရန်ဖြစ်နေတယ်။ ဂရန်နဲ့အတူ အိမ်ဆောက်လုပ်ခွင့်နဲ့ လျှပ်စစ်မီတာပြေစာတို့ကို တွေ့ရပါတယ်. မြွေခွန်ပြေစာတွေလည်း အဆင်သင့်ရှိပါတယ်လို့ ပြောပါတယ်။
အသက်မရှိတဲ့ဂရန် အသက်သွင်းစရာကျန်နေ
အနှစ် ၆၀ ဂရန်မှာ မိဘနှစ်ပါးအမည်ပေါက်ဖြစ်လို့ ယခုသားသမီးတွေက အမွေဆက်ခံတာမှန်ပါတယ်။ သားသမီးတွေ အမွေဆက်ခံတာမှန်ပေမယ့် အမွေဆက်ခံပိုင်ဆိုင်ကြောင်း တရားဝင်မှတ်ပုံတင်စာချုပ်မလုပ်ထားပါဘူး။ ဒါဆိုရင် ဝယ်သူတွေထံက စရန်ငွေများများယူပြီးမှ မြို့တော်စည်ပင်မြေယာဌာနမှာ ပိုင်ဆိုင်ကြောင်း စာချုပ်နဲ့ အရောင်းအဝယ်စာချုပ်ချုုပ်ဆိုပေးနိုင်ဖို့ မြေပုံ၊ မြေရာဇဝင်တွေ ကူးယူစရာကျန်နေသေးတယ်။ စည်ပင်မြေယာဌာနက မြေပုံကူးလျှောက်ရင် လျှောက်ထားတဲ့ မြေပိုင်ဆိုင်မှုမှန် ၊ မမှန် ကွင်းဆင်းစစ်ဆေးဦးမယ်။ ပြီးတော့ ကန့်ကွက်ချက်ရှိ ၊ မရှိ သတင်းစာကြော်ငြာခိုင်းမယ်။ အားလုံး အဖုအထိမရှိမှ မြေပုံထုတ်လာတာလေ။ အဲဒါဆိုရင် ၂ လလောက်ကြာမယ်။
ရှားရှားပါးပါး မြေနဲ့ အိမ်ရောင်းသူများ
ဒီလိုရှင်းပြပေမယ့် ရောင်းသူတွေက အဲဒီလိုမဟုတ်ဘူး။ဒီနေ့ စရန်ငွေသိန်း ၃၀၀ ချပေးရမယ်။ တစ်လပြည့်တဲ့နေ့မှာ သိန်း ၁၀၀၀ ထပ်ပေးရမယ်။ဒီကြားထဲမှာ မြေပုံကူးလုပ်ပေးမယ်။ပိုင်ဆိုင်ကြောင်း လုပ်ပေးမယ်။ ကျန်ငွေ သိန်း ၁၀၀ ကို ပိုင်ဆိုင်ကြောင်း စာချုပ်နဲ့ ကိုယ်စားလှယ်လွှဲစာပေးတဲ့နေ့မှာ အပြီးငွေချေရမယ်။အဲဒီနေ့ကျမှ မြေနဲ့ အိမ်ကို လက်ရောက်ပေးမယ်။ အနှစ် ၆၀ ဂရန်နဲ့ ပိုင်ဆိုင်မှုအထောက်အထားစာရွက်စာတမ်းအားလုံးပေးမယ်။ စုစုပေါင်း သိန်း ၁၃၀၀ ပေးပြီးတဲ့အထိ ဘာအထောက်အထားမှပေးမထားနိုင်ဘူးလို့ ပြောပါတယ်။
ဟင် ဒီလိုဆိုရင် ဝယ်သူဘက်မှာ မြေနဲ့ အိမ်နဲ့ ပတ်သက်လို့ ဂရန်မူရင်းတောင် မရနိုင်ဘူးဖြစ်နေတယ်။ ဝယ်သာဝယ်ရပေမယ့် ဘာအထောက်အထားမှမရတော့ မျောက်သစ်ကိုင်းလွတ်သလို ဖြစ်နေတာပေါ့။ အပေါင်ခံထားတဲ့ လူများတောင်မှ မြေနဲ့အိမ်ပေါက်ဈေးရဲ့ တစ်ဝက်ကျော်ရင် ဂရန်ပေး ၊ အိမ်ဆင်း ၊ သော့ခတ်လုပ်ကြသေးတာပဲ။ အခု ညီမတို့က အမှန်တကယ်ကြိုက်လွန်းလို့ဝယ်တယ်။ သိန်းထောင်ကျော်လည်း ပေးရဦးမယ်။ ဘာအထောက်အထားမှလည်း လက်ဝယ်ကိုင်မပေးနိုင်ဘူးဆိုတော့စိတ်ပျက်ကုန်ကြတာပေါ့ ။ “ အစ်ကို ဘယ်လိုလုပ်ရမလဲ ” လို့ ညီမက စားရေးသူကို မေးတယ်။
ဒါကတော့ရှင်းပါတယ်။ ပေးထာတဲ့ငွေကြေးနဲ့ ထိုက်တန်တဲ့ ပစ္စည်းတစ်ခုခုတော့ ပြန်ပေးရမှာပေါ့။ အခုတော့ ဆန်ပေးလို့မှ ဆီလည်းမရ ၊ ပေးလည်း မရဘူးဆိုရင်တော့ ဝယ်ဖို့မသင့်ဘူး။ လက်လျှော့လိုက်တာပဲ ကောင်းပါတယ် လို့ ရှင်းပြလိုက်ပါတယ်။ ဒီတော့မှ ညီမဖြစ်သူလည်း လိုချင်မှုလောဘကို သတိပြုမိသွားတယ်။ သတိမူတော့မှ ဖြူစင်ပြီး ဂူမြင်သွားပါတယ်။ ရှေ့ဆက်မတိုးသင့်တာ သိတာနဲ့ ရောင်းသူများကို အပြုံနဲ့ နှုတ်ဆက်ပြီး ပြန်ခဲ့ကြပါတော့တယ်။ “ အင်း ” ပွဲမဖြစ်တော့လည်း အိမ်ပြန်ရုံပဲ ရှိတော့တာပေါ့ ။
Credit: လွှတ်တော်ရှေ့နေမောင်ကောင်းဖေ