မိရင္း ဖရင္း ကြယ္လြန္ၿပီး အေမြ မခြဲေ၀ရေသးသည့္ သားသမီးမ်ားႏွင့္ ဆက္စပ္သည့္ ေျမႏွင့္အိမ္ကုိ ၀ယ္မည္ဆုိလွ်င္

မိရင္း ဖရင္း ကြယ္လြန္ၿပီး အေမြ မခြဲေ၀ရေသးသည့္ သားသမီးမ်ားႏွင့္ ဆက္စပ္သည့္ ေျမႏွင့္အိမ္ကုိ ၀ယ္မည္ဆုိလွ်င္ - Property Knowledge in Myanmar from iMyanmarHouse.com
13 Aug 2019 12:17 pm တွင် တင်ခဲ့သည်
6787 ကြိမ် ကြည့်ရှု့ပြီး

ဗဟုသုတ | Posted by ဇာနည်ကျော်

### Zawgyi Version ###

''အိမ္နဲ႔ေျမ ဝယ္လုိက္တာ ဆရာ။ စရန္ေငြေပးၿပီးမွ ကန႔္ကြက္သူေပၚလာလုိ႔ ဘယ္လုိေဆာင္ရြက္ရမလဲဆုိတာ သိခ်င္လုိ႔ပါ ဆရာ''ဟု မိတ္ေဆြတစ္ဦး၏ သမီးျဖစ္သူက စာေရးသူထံ လာေရာက္ေဆြးေႏြးျခင္း ျဖစ္ပါသည္။

''အိမ္နဲ႔ ေျမဆုိေတာ့ ေျမက ဂရန္ေျမလား။ အမည္ေပါက္က ဘယ္သူလဲ၊ ေရာင္းသူကုိယ္တုိင္ပဲ လား''

''ေျမက ဂရန္မထြက္ေသးဘူး ဆရာ''

''ဒါဆုိရင္ ပါမစ္ေျမေပါ့။ အဆင့္ဆင့္ဝယ္ထားတဲ့ ေျမကြက္လား''

''ေရာင္းသူ အမ်ဳိးသမီးရဲ႕ လင္ေယာက်္ားက ဝယ္ခဲ့တာလုိ႔ ေျပာပါတယ္။ ဆရာၿပီးေတာ့ တစ္ထပ္တုိက္ ေဆာက္ လုိက္တာလုိ႔ ေျပာပါတယ္''

''သူ႔ခင္ပြန္းက ဘယ္ေရာက္သြားသလဲ''

''ကြယ္လြန္သြားၿပီ ေျပာပါတယ္''

''အဲဒါကို ဝယ္လုိက္တယ္ေပါ့''

''ဟုတ္ပါတယ္ ဆရာ၊ ခင္ပြန္းသည္ ဝယ္ထားတာဆုိေတာ့ အေမြဆက္ခံခြင့္ရမယ္ မဟုတ္လား''

''ဂရန္ေျမဆုိရင္ေတာ့ မွန္ပါတယ္။ ပါမစ္ေျမကေတာ့ အေမြဆက္ခံခြင့္ ခ်က္ျခင္းမရဘူး။ ေရာင္းမယ္ဆုိရင္ အေမြထိန္းစာကုိ တရား႐ုံးမွာ ေလွ်ာက္ထားၿပီးမွ ေရာင္းခ်ခြင့္ရမွာ ျဖစ္ပါတယ္''

''ကြၽန္မတုိ႔က အဲဒီေလာက္အထိ မသိဘူးဆရာရယ္။ အိမ္ဝယ္ ေရာင္းအက်ဳိးေဆာင္ေျပာျပတာကုိ ယုံၾကည့္ၿပီး ဝယ္လုိက္မိတာ။ ဒါေပမယ့္ စရန္ေငြေပးၿပီး သတင္းစာထဲမွာ ကန္႔ကြက္ရန္ ရွိ မရွိ ထည့္သြင္းေၾကညာခဲ့တယ္''

''ကန္႔ကြက္သူေပၚလာတယ္ဆုိပါေတာ့''

''ဟုတ္ပါတယ္ ဆရာ''

''ကန္႔ကြက္သူက ေရာင္းသူနဲ႔ ဘယ္လုိ ဆက္စပ္မႈရွိလုိ႔လဲ''

''ကန္႔ကြက္သူရဲ႕ စာအရေတာ့ ပါမစ္ေျမအမည္ေပါက္ရဲ႕ သမီးလုိ႔ ေဖာ္ျပထားပါတယ္''

''ကန္႔ကြက္တဲ့ သတင္းစာပါလာသလား''

အမ်ဳိးသမီးက သူ႔ရဲ႕ လက္ဆြဲအိတ္ထဲကို ရွာၾကည့္သည္။ ေတြ႔ရွိပုံမေပၚေပ။

''ကြၽန္မအိတ္ထဲထည့္လုိက္မိတယ္ ထင္တာ။ ဧည့္ခန္းစားပြဲေပၚမွာ က်န္ေနခဲ့တယ္ထင္တယ္''

''ထားပါေတာ့ေလ။ ကန္႔ကြက္စာထဲက အေၾကာင္းအရာေတာ့ မွတ္မိတယ္ မဟုတ္လား''

''ဟုတ္ကဲ့ မွတ္မိပါတယ္။ ကြၽန္မ ေျပာျပႏုိင္ပါတယ္''

''ဒါဆုိ ေျပာျပပါဦး''

''ကန္႔ကြက္တဲ့ မိန္းကေလးရဲ႕ မိခင္က က်န္းမာေရးမေကာင္းေတာ့ ဒီေျမကြက္နဲ႔အိမ္ကုိ အမ်ဳိးသားတစ္ဦးက ေငြစုိက္ထုတ္ဝယ္တယ္။ ၿပီးေတာ့ အဲဒီမိန္းကေလးရဲ႕ မိခင္နဲ႔ အိမ္ေထာင္ျပဳလုိက္တယ္''

''မိခင္ကြယ္လြန္သြားေတာ့ အခု လက္ရွိအမ်ဳိးသမီးကို လက္ထပ္ယူလုိက္တယ္ မဟုတ္လား''

''ဟုတ္တယ္ ဆရာ။ ၿပီးေတာ့ သူက ကြယ္လြန္သြားတယ္''

''ဟုတ္ၿပီ။ ဒီေတာ့ ကြယ္လြန္သြားတဲ့ အမ်ဳိးသားႀကီးက ပထမအိမ္ေထာင္ ဒုတိယအိမ္ေထာင္ျပဳရာမွာ သားသမီး ထြန္းကားခဲ့သလား''

''သားသမီး မထြန္းကားခဲ့ဘူး။ ပထမမိန္းမကပါလာတဲ့ သမီးပဲရွိတယ္ ဆရာ''

''အဲဒီသမီးျဖစ္သူက ကန္႔ကြက္တာ မဟုတ္လား''

''ဟုတ္တယ္ ဆရာ''

''ကန္႔ကြက္တဲ့ အမ်ဳိးသမီးေလးက အခ်င္းျဖစ္အိမ္မွာပဲေနတာလား။ ဘယ္မွာေနသလဲ''

''သူတုိ႔ေျပာစကားအရေတာ့ ပေထြးျဖစ္သူက ေနာက္အိမ္ေထာင္ျပဳတဲ့အခါမွာ နယ္မွာ အလုပ္တာဝန္ က်ေန တယ္ေျပာပါတယ္''

''ပေထြးျဖစ္သူ ေနာက္အိမ္ေထာင္ျပဳေတာ့ အတူမေနေတာ့တဲ့ သေဘာျဖစ္မယ္''

''ဟုတ္တယ္ ဆရာ။ ပေထြးျဖစ္သူက ေနာက္အိမ္ေထာင္ျပဳလုိက္ၿပီး အိမ္ကိုတစ္ထပ္တုိက္အျဖစ္ အသစ္ ေဆာက္လုပ္ေနထုိင္ခဲ့တယ္လုိ႔ ေျပာပါတယ္''

''အခု ပေထြးျဖစ္သူ ကြယ္လြန္မွ အေမြေတာင္းတဲ့ သေဘာေပါ့''

''ဟုတ္ကဲ့၊ ေရာင္းမယ္ဆုိမွ ကန္႔ကြက္ေတာင္းဆုိတာ ျဖစ္မွာပါ''

''အဓိက အခ်က္က မိခင္ေနာက္အိမ္ေထာင္ျပဳစဥ္က အေမြခြဲေဝေပးခဲ့ ပုံမေပၚဘူး''

''မိခင္ေနာက္ အိမ္ေထာင္ျပဳစဥ္က ငယ္ရြယ္တဲ့ ကေလးဘဝျဖစ္မွာေပါ့ ဆရာ''

''မိခင္ကြယ္လြန္ခ်ိန္မွာေတာ့ အရြယ္ေရာက္ေနေလာက္ပါၿပီ။ အဲဒီအခ်ိန္မွာ ပေထြးျဖစ္သူထံက မိခင္ရင္းရဲ႕ အေမြကို မေတာင္းခဲ့ဘူး ထင္တယ္။ ခြဲေဝလည္း ေပးခဲ့ပုံ မရဘူး''

''ပေထြးျဖစ္သူက ဝယ္ထားတဲ့ အိမ္ဆုိေတာ့ သူနဲ႔ မဆုိင္ေတာ့ဘူး မဟုတ္လား''

ဒါေပမယ့္ ပေထြးျဖစ္သူက မိခင္ရင္းနဲ႔ လက္ထပ္ခဲ့တယ္ဆုိေတာ့ အဲဒီေျမနဲ႔ အိမ္ဟာ ဇနီးျဖစ္တဲ့သူနဲ႔ ပူးတြဲပုိင္ ရွင္ျဖစ္သြားၿပီေလ။ တစ္နည္းအားျဖင့္ လက္ထက္ပြားပစၥည္း ျဖစ္သြားၿပီ။

''ဒါဆုိရင္ မိခင္ရင္းကြယ္လြန္သြားရင္ ပေထြးထံက အေမြရခြင့္ရွိတာေပါ့''

''မွန္ပါတယ္။ မိရင္းဖရင္းနဲ႔ မိေထြးပေထြးတုိ႔ ေပါင္းသင္းစဥ္ ျဖစ္ထြန္းေသာ လက္ထက္ပြားပစၥည္းရဲ႕ ေျခာက္ပုံ တစ္ပုံကို လင္ပါမယားပါ သားသမီးကရၿပီး က်န္ေျခာက္ပုံငါးပုံကို မိေထြးပေထြးကရတယ္လုိ႔ မၿငိမ္းေအးႏွင့္ ေမာင္ေမာင္ရန္ကုန္အတြဲ ၃၊ စာမ်က္ႏွာ - ၅၄၉ စီရင္ထုံးမွာ ေဖာ္ျပထားပါတယ္''

''အခုကိစၥမွာ ပေထြးျဖစ္သူက ေနာက္အိမ္ေထာင္ျပဳလုိက္ေတာ့ ေတာင္းခြင့္ရွိတဲ့ သေဘာေပါ့''

''မွန္ပါတယ္ ပေထြးျဖစ္သူက မိခင္ရင္းထံကရပုိင္ခြင့္ရွိတဲ့ အေမြေဝစုကို ခြဲေဝမေသးဘူးဆုိရင္ေတာ့ ခြဲေဝ ေပးမယ့္ တာဝန္ရွိတယ္''

''ပေထြးက ေနာက္အိမ္ေထာင္ျပဳၿပီး ကြယ္လြန္သြားေတာ့ ပေထြး ေဝစုကုိ ရႏုိင္ပါဦးမလား''

အေစာကေျပာသလုိ ပေထြးျဖစ္သူက မိခင္ရင္းနဲ႔ ေပါင္းစဥ္ရရွိခဲ့တဲ့ လက္ထက္ပြား ပစၥည္းအေပၚ အေမြခြဲမေပးရ ေသးရင္ ပေထြးကြယ္လြန္တဲ့အခါ ပေထြး၏ ေနာက္မယားထံမွ အေမြေတာင္းခြင့္ရွိေၾကာင္း မၿငိမ္းႏွင့္ မသာ ေဂါင္အမႈ (၁၉ဝ-၂ဝ) အထက္ ျမန္မာႏုိင္ငံ စီရင္ထုံး စာမ်က္ႏွာ - ၂၃၇ မွာ ေဖာ္ျပထားပါတယ္။ ဒါေပမယ့္ ပေထြးနဲ႔ ေနာက္ဆုံးအိမ္ေထာင္နဲ႔ ရရွိတဲ့ လက္ထက္ပြားပစၥည္းကိုေတာ့ ရခြင့္မရွိဘူးလုိ႔ ပိတ္ပင္ထားပါတယ္။

''ဒါဆုိရင္ တုိက္အသစ္ေဆာက္တဲ့ အိမ္အေပၚရခြင့္မရွိဘူးေပါ့''

''ဘာပဲျဖစ္ျဖစ္ ႏွစ္ဖက္ညိႇႏႈိင္းၿပီး ေဆာင္ရြက္လုိ႔ အေရာင္းအဝယ္ ဆက္လုပ္သင့္ပါတယ္''ဟု ေဆြးေႏြးလုိက္ပါ သည္။

 

အိမ္ျခံေျမ ကိစၥအဝဝနွင့္ ပတ္သက္၍ ဥပေဒအၾကံေပးပညာရွင္မ်ားနွင့္ ေဆြးေႏြးတိုင္ပင္လိုပါက iMyanmarHouse.com ၏ ဖုန္းနံပါတ္မ်ားျဖစ္ေသာ 09-966901767, 09-268022352 သို႔ ဆက္သြယ္ႏိုင္ပါသည္။ အေသးစိတ္ၾကည့္ရန္ ဤေနရာကို ႏွိပ္ပါ။

Credit: ထီယု (ဥပေဒအတုိင္ပင္ခံ)

 

 

### Unicode Version ###

''အိမ်နဲ့မြေ ဝယ်လိုက်တာ ဆရာ။ စရန်ငွေပေးပြီးမှ ကန့်ကွက်သူပေါ်လာလို့ ဘယ်လိုဆောင်ရွက်ရမလဲဆိုတာ သိချင်လို့ပါ ဆရာ''ဟု မိတ်ဆွေတစ်ဦး၏ သမီးဖြစ်သူက စာရေးသူထံ လာရောက်ဆွေးနွေးခြင်း ဖြစ်ပါသည်။

''အိမ်နဲ့ မြေဆိုတော့ မြေက ဂရန်မြေလား။ အမည်ပေါက်က ဘယ်သူလဲ၊ ရောင်းသူကိုယ်တိုင်ပဲ လား''

''မြေက ဂရန်မထွက်သေးဘူး ဆရာ''

''ဒါဆိုရင် ပါမစ်မြေပေါ့။ အဆင့်ဆင့်ဝယ်ထားတဲ့ မြေကွက်လား''

''ရောင်းသူ အမျိုးသမီးရဲ့ လင်ယောကျ်ားက ဝယ်ခဲ့တာလို့ ပြောပါတယ်။ ဆရာပြီးတော့ တစ်ထပ်တိုက် ဆောက် လိုက်တာလို့ ပြောပါတယ်''

''သူ့ခင်ပွန်းက ဘယ်ရောက်သွားသလဲ''

''ကွယ်လွန်သွားပြီ ပြောပါတယ်''

''အဲဒါကို ဝယ်လိုက်တယ်ပေါ့''

''ဟုတ်ပါတယ် ဆရာ၊ ခင်ပွန်းသည် ဝယ်ထားတာဆိုတော့ အမွေဆက်ခံခွင့်ရမယ် မဟုတ်လား''

''ဂရန်မြေဆိုရင်တော့ မှန်ပါတယ်။ ပါမစ်မြေကတော့ အမွေဆက်ခံခွင့် ချက်ခြင်းမရဘူး။ ရောင်းမယ်ဆိုရင် အမွေထိန်းစာကို တရားရုံးမှာ လျှောက်ထားပြီးမှ ရောင်းချခွင့်ရမှာ ဖြစ်ပါတယ်''

''ကျွန်မတို့က အဲဒီလောက်အထိ မသိဘူးဆရာရယ်။ အိမ်ဝယ် ရောင်းအကျိုးဆောင်ပြောပြတာကို ယုံကြည့်ပြီး ဝယ်လိုက်မိတာ။ ဒါပေမယ့် စရန်ငွေပေးပြီး သတင်းစာထဲမှာ ကန့်ကွက်ရန် ရှိ မရှိ ထည့်သွင်းကြေညာခဲ့တယ်''

''ကန့်ကွက်သူပေါ်လာတယ်ဆိုပါတော့''

''ဟုတ်ပါတယ် ဆရာ''

''ကန့်ကွက်သူက ရောင်းသူနဲ့ ဘယ်လို ဆက်စပ်မှုရှိလို့လဲ''

''ကန့်ကွက်သူရဲ့ စာအရတော့ ပါမစ်မြေအမည်ပေါက်ရဲ့ သမီးလို့ ဖော်ပြထားပါတယ်''

''ကန့်ကွက်တဲ့ သတင်းစာပါလာသလား''

အမျိုးသမီးက သူ့ရဲ့ လက်ဆွဲအိတ်ထဲကို ရှာကြည့်သည်။ တွေ့ရှိပုံမပေါ်ပေ။

''ကျွန်မအိတ်ထဲထည့်လိုက်မိတယ် ထင်တာ။ ဧည့်ခန်းစားပွဲပေါ်မှာ ကျန်နေခဲ့တယ်ထင်တယ်''

''ထားပါတော့လေ။ ကန့်ကွက်စာထဲက အကြောင်းအရာတော့ မှတ်မိတယ် မဟုတ်လား''

''ဟုတ်ကဲ့ မှတ်မိပါတယ်။ ကျွန်မ ပြောပြနိုင်ပါတယ်''

''ဒါဆို ပြောပြပါဦး''

''ကန့်ကွက်တဲ့ မိန်းကလေးရဲ့ မိခင်က ကျန်းမာရေးမကောင်းတော့ ဒီမြေကွက်နဲ့အိမ်ကို အမျိုးသားတစ်ဦးက ငွေစိုက်ထုတ်ဝယ်တယ်။ ပြီးတော့ အဲဒီမိန်းကလေးရဲ့ မိခင်နဲ့ အိမ်ထောင်ပြုလိုက်တယ်''

''မိခင်ကွယ်လွန်သွားတော့ အခု လက်ရှိအမျိုးသမီးကို လက်ထပ်ယူလိုက်တယ် မဟုတ်လား''

''ဟုတ်တယ် ဆရာ။ ပြီးတော့ သူက ကွယ်လွန်သွားတယ်''

''ဟုတ်ပြီ။ ဒီတော့ ကွယ်လွန်သွားတဲ့ အမျိုးသားကြီးက ပထမအိမ်ထောင် ဒုတိယအိမ်ထောင်ပြုရာမှာ သားသမီး ထွန်းကားခဲ့သလား''

''သားသမီး မထွန်းကားခဲ့ဘူး။ ပထမမိန်းမကပါလာတဲ့ သမီးပဲရှိတယ် ဆရာ''

''အဲဒီသမီးဖြစ်သူက ကန့်ကွက်တာ မဟုတ်လား''

''ဟုတ်တယ် ဆရာ''

''ကန့်ကွက်တဲ့ အမျိုးသမီးလေးက အချင်းဖြစ်အိမ်မှာပဲနေတာလား။ ဘယ်မှာနေသလဲ''

''သူတို့ပြောစကားအရတော့ ပထွေးဖြစ်သူက နောက်အိမ်ထောင်ပြုတဲ့အခါမှာ နယ်မှာ အလုပ်တာဝန် ကျနေ တယ်ပြောပါတယ်''

''ပထွေးဖြစ်သူ နောက်အိမ်ထောင်ပြုတော့ အတူမနေတော့တဲ့ သဘောဖြစ်မယ်''

''ဟုတ်တယ် ဆရာ။ ပထွေးဖြစ်သူက နောက်အိမ်ထောင်ပြုလိုက်ပြီး အိမ်ကိုတစ်ထပ်တိုက်အဖြစ် အသစ် ဆောက်လုပ်နေထိုင်ခဲ့တယ်လို့ ပြောပါတယ်''

''အခု ပထွေးဖြစ်သူ ကွယ်လွန်မှ အမွေတောင်းတဲ့ သဘောပေါ့''

''ဟုတ်ကဲ့၊ ရောင်းမယ်ဆိုမှ ကန့်ကွက်တောင်းဆိုတာ ဖြစ်မှာပါ''

''အဓိက အချက်က မိခင်နောက်အိမ်ထောင်ပြုစဉ်က အမွေခွဲဝေပေးခဲ့ ပုံမပေါ်ဘူး''

''မိခင်နောက် အိမ်ထောင်ပြုစဉ်က ငယ်ရွယ်တဲ့ ကလေးဘဝဖြစ်မှာပေါ့ ဆရာ''

''မိခင်ကွယ်လွန်ချိန်မှာတော့ အရွယ်ရောက်နေလောက်ပါပြီ။ အဲဒီအချိန်မှာ ပထွေးဖြစ်သူထံက မိခင်ရင်းရဲ့ အမွေကို မတောင်းခဲ့ဘူး ထင်တယ်။ ခွဲဝေလည်း ပေးခဲ့ပုံ မရဘူး''

''ပထွေးဖြစ်သူက ဝယ်ထားတဲ့ အိမ်ဆိုတော့ သူနဲ့ မဆိုင်တော့ဘူး မဟုတ်လား''

ဒါပေမယ့် ပထွေးဖြစ်သူက မိခင်ရင်းနဲ့ လက်ထပ်ခဲ့တယ်ဆိုတော့ အဲဒီမြေနဲ့ အိမ်ဟာ ဇနီးဖြစ်တဲ့သူနဲ့ ပူးတွဲပိုင် ရှင်ဖြစ်သွားပြီလေ။ တစ်နည်းအားဖြင့် လက်ထက်ပွားပစ္စည်း ဖြစ်သွားပြီ။

''ဒါဆိုရင် မိခင်ရင်းကွယ်လွန်သွားရင် ပထွေးထံက အမွေရခွင့်ရှိတာပေါ့''

''မှန်ပါတယ်။ မိရင်းဖရင်းနဲ့ မိထွေးပထွေးတို့ ပေါင်းသင်းစဉ် ဖြစ်ထွန်းသော လက်ထက်ပွားပစ္စည်းရဲ့ ခြောက်ပုံ တစ်ပုံကို လင်ပါမယားပါ သားသမီးကရပြီး ကျန်ခြောက်ပုံငါးပုံကို မိထွေးပထွေးကရတယ်လို့ မငြိမ်းအေးနှင့် မောင်မောင်ရန်ကုန်အတွဲ ၃၊ စာမျက်နှာ - ၅၄၉ စီရင်ထုံးမှာ ဖော်ပြထားပါတယ်''

''အခုကိစ္စမှာ ပထွေးဖြစ်သူက နောက်အိမ်ထောင်ပြုလိုက်တော့ တောင်းခွင့်ရှိတဲ့ သဘောပေါ့''

''မှန်ပါတယ် ပထွေးဖြစ်သူက မိခင်ရင်းထံကရပိုင်ခွင့်ရှိတဲ့ အမွေဝေစုကို ခွဲဝေမသေးဘူးဆိုရင်တော့ ခွဲဝေ ပေးမယ့် တာဝန်ရှိတယ်''

''ပထွေးက နောက်အိမ်ထောင်ပြုပြီး ကွယ်လွန်သွားတော့ ပထွေး ဝေစုကို ရနိုင်ပါဦးမလား''

အစောကပြောသလို ပထွေးဖြစ်သူက မိခင်ရင်းနဲ့ ပေါင်းစဉ်ရရှိခဲ့တဲ့ လက်ထက်ပွား ပစ္စည်းအပေါ် အမွေခွဲမပေးရ သေးရင် ပထွေးကွယ်လွန်တဲ့အခါ ပထွေး၏ နောက်မယားထံမှ အမွေတောင်းခွင့်ရှိကြောင်း မငြိမ်းနှင့် မသာ ဂေါင်အမှု (၁၉ဝ-၂ဝ) အထက် မြန်မာနိုင်ငံ စီရင်ထုံး စာမျက်နှာ - ၂၃၇ မှာ ဖော်ပြထားပါတယ်။ ဒါပေမယ့် ပထွေးနဲ့ နောက်ဆုံးအိမ်ထောင်နဲ့ ရရှိတဲ့ လက်ထက်ပွားပစ္စည်းကိုတော့ ရခွင့်မရှိဘူးလို့ ပိတ်ပင်ထားပါတယ်။

''ဒါဆိုရင် တိုက်အသစ်ဆောက်တဲ့ အိမ်အပေါ်ရခွင့်မရှိဘူးပေါ့''

''ဘာပဲဖြစ်ဖြစ် နှစ်ဖက်ညှိနှိုင်းပြီး ဆောင်ရွက်လို့ အရောင်းအဝယ် ဆက်လုပ်သင့်ပါတယ်''ဟု ဆွေးနွေးလိုက်ပါ သည်။

 

အိမ်ခြံမြေ ကိစ္စအဝဝနှင့် ပတ်သက်၍ ဥပဒေအကြံပေးပညာရှင်များနှင့် ဆွေးနွေးတိုင်ပင်လိုပါက iMyanmarHouse.com ၏ ဖုန်းနံပါတ်များဖြစ်သော 09-966901767, 09-268022352 သို့ ဆက်သွယ်နိုင်ပါသည်။ အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။

Credit: ထီယု (ဥပဒေအတိုင်ပင်ခံ)

နောက်ဆုံးရ အိမ်ခြံမြေ ဗဟုသုတများ

KITCHEN ဆေးရောင်ရွေးချယ်မှုအတွက် အကြံပေးမှုတစ်ချို့
KITCHEN ဆေးရောင်ရွေးချယ်မှုအတွက် အကြံပေးမှုတစ်ချို့
စုံလင်ဖွေရှာ အိမ်ခြံမြေဥပဒေရေးရာ
စုံလင်ဖွေရှာ အိမ်ခြံမြေဥပဒေရေးရာ
သာသနာဂရန်မြေ လျှောက်ထားရာတွင် သိရှိထားသင့်သည့် အချက်အလက်များအကြောင်း ဥပဒေဗဟုသုတ အနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။...
သာသနာဂရန်မြေ လျှောက်ထားရာတွင် သိရှိထားသင့်သည့် အချက်အလက်များအကြောင်း ဥပဒေဗဟုသုတ အနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။...
မရွှေ့မပြောင်းနိုင်သောပစ္စည်းကို ကန့်သတ်သည့်ဥပဒေအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြ ပေးလိုက်ပါသည်။...
မရွှေ့မပြောင်းနိုင်သောပစ္စည်းကို ကန့်သတ်သည့်ဥပဒေအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြ ပေးလိုက်ပါသည်။...
၂၀၂၅-၂၀၂၆ ခုနှစ်အတွက် ရန်ကုန်တိုင်း မြို့နယ်စုံ အသစ်ထွက်ရှိလာသော ရာဖြတ်နှုန်းထားများ
၂၀၂၅-၂၀၂၆ ခုနှစ်အတွက် ရန်ကုန်တိုင်း မြို့နယ်စုံ အသစ်ထွက်ရှိလာသော ရာဖြတ်နှုန်းထားများ
မြေယာစီမံခန့်ခွဲမှု စပ်လျဉ်း၍ ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
မြေယာစီမံခန့်ခွဲမှု စပ်လျဉ်း၍ ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
ငွေရေးကြေးရေးဆိုင်ရာအဖွဲ့အစည်း ဥပဒေအကြောင်းကို ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။...
ငွေရေးကြေးရေးဆိုင်ရာအဖွဲ့အစည်း ဥပဒေအကြောင်းကို ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။...
အပတ်စဉ် သိမှတ်ဖွယ်ရာ ဥပဒေအမေးအဖြေကဏ္ဍ
အပတ်စဉ် သိမှတ်ဖွယ်ရာ ဥပဒေအမေးအဖြေကဏ္ဍ
အိမ်ခြံမြေအသိကြွယ်စေဖို့ရာ ဥပဒေအမေးအဖြေကဏ္ဍ
အိမ်ခြံမြေအသိကြွယ်စေဖို့ရာ ဥပဒေအမေးအဖြေကဏ္ဍ
စုပေါင်းပိုင် အဆောက်အအုံနှင့် စပ်လျဉ်း၍ လိုက်နာရမည့် အချက်အလက်များ ဥပဒေဗဟုသုတအအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။...
စုပေါင်းပိုင် အဆောက်အအုံနှင့် စပ်လျဉ်း၍ လိုက်နာရမည့် အချက်အလက်များ ဥပဒေဗဟုသုတအအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။...

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

တရုတ်ပြည်တွင် မိမိကို သင်ကြားခဲ့သည့် ပါမောက္ခအမျိုးသမီးကြီးနေထိုင်ရန် တပည့်မိန်းကလေးက တိုက်ခန်း တစ်ခန်း ဝယ်ပေးထားခဲ့ပြီး
တရုတ်ပြည်တွင် မိမိကို သင်ကြားခဲ့သည့် ပါမောက္ခအမျိုးသမီးကြီးနေထိုင်ရန် တပည့်မိန်းကလေးက တိုက်ခန်း တစ်ခန်း ဝယ်ပေးထားခဲ့ပြီး
အိန္ဒိယတွင် ကျောင်းဆရာတစ်ဦးက ကမ္ဘာကျော် တပ်ဂျ်မဟာဗိမာန်ကြီး၏ ပုံတူ စံအိမ်ကြီးတစ်လုံးကို ၃ နှစ်ကြာ အချိန်ယူဆောက်လုပ်ကာ ဇန
အိန္ဒိယတွင် ကျောင်းဆရာတစ်ဦးက ကမ္ဘာကျော် တပ်ဂျ်မဟာဗိမာန်ကြီး၏ ပုံတူ စံအိမ်ကြီးတစ်လုံးကို ၃ နှစ်ကြာ အချိန်ယူဆောက်လုပ်ကာ ဇန
အိမ်ရာမဲ့ဘဝမှ သူဌေးဖြစ်လာသော အမေရိကန်ပြည်၊ ဒက်ထရွိုက်မြို့မှ အမျိုးသားတစ်ဦးအကြောင်း
အိမ်ရာမဲ့ဘဝမှ သူဌေးဖြစ်လာသော အမေရိကန်ပြည်၊ ဒက်ထရွိုက်မြို့မှ အမျိုးသားတစ်ဦးအကြောင်း
အင်္ဂလန်နိုင်ငံ၊ ဘာမင်ဂန်မြို့တွင် အမှိုက်သိမ်းသမားအားလုံး အလုပ်ထွက်သွားသောကြောင့် တစ်မြို့လုံးရှိ နေအိမ်များရှေ့တွင် အမ
အင်္ဂလန်နိုင်ငံ၊ ဘာမင်ဂန်မြို့တွင် အမှိုက်သိမ်းသမားအားလုံး အလုပ်ထွက်သွားသောကြောင့် တစ်မြို့လုံးရှိ နေအိမ်များရှေ့တွင် အမ
အယ်လ်ဆာဗေဒေါနိုင်ငံရှိ သေမင်းတမန် အကျဉ်းစခန်းကြီး၏ ဓာတ်ပုံများ လူမှုကွန်ရက်တွင် ပျံ့နှံ့ဂယက်ရိုက်
အယ်လ်ဆာဗေဒေါနိုင်ငံရှိ သေမင်းတမန် အကျဉ်းစခန်းကြီး၏ ဓာတ်ပုံများ လူမှုကွန်ရက်တွင် ပျံ့နှံ့ဂယက်ရိုက်
CP ကုမ္ပဏီအုပ်စု၏ ဥက္ကဌ ကျီယာ ရာဝါးနွန်းမှာ ကြွယ်ဝမှု ကန်ဒေါ်လာ ၅ ဘီလီယံဖြင့် ၂၀၂၅ ခုနှစ် ထိုင်းနိုင်ငံ၏ အချမ်းသာဆုံးပုဂ
CP ကုမ္ပဏီအုပ်စု၏ ဥက္ကဌ ကျီယာ ရာဝါးနွန်းမှာ ကြွယ်ဝမှု ကန်ဒေါ်လာ ၅ ဘီလီယံဖြင့် ၂၀၂၅ ခုနှစ် ထိုင်းနိုင်ငံ၏ အချမ်းသာဆုံးပုဂ
အမေရိကန်နိုင်ငံသားတစ်ဦး တရုတ်ပြည်တွင် ၁၅ နှစ်တာ ကွန်ဖူးကျင့်ခဲ့ပြီးနောက် အမြဲအခြေချနေထိုင်ခွင့် PR ရရှိခဲ့သည့်အပြင် ဝူတန
အမေရိကန်နိုင်ငံသားတစ်ဦး တရုတ်ပြည်တွင် ၁၅ နှစ်တာ ကွန်ဖူးကျင့်ခဲ့ပြီးနောက် အမြဲအခြေချနေထိုင်ခွင့် PR ရရှိခဲ့သည့်အပြင် ဝူတန
အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်၏ ကလေးဘဝနေအိမ်တွင် တောကြောင်များ သောင်းကျန်းနေ သောကြောင့် ခေါက်ချိုးခန့် ဈေးလျှော့ရောင်းထုတ်
အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်၏ ကလေးဘဝနေအိမ်တွင် တောကြောင်များ သောင်းကျန်းနေ သောကြောင့် ခေါက်ချိုးခန့် ဈေးလျှော့ရောင်းထုတ်
အမေရိကန်ပြည်တွင် ဖခင်နှင့် မိထွေးတို့၏ နေအိမ်အခန်းကျဉ်းလေးအတွင်း နှစ်ပေါင်း ၂၀ ကျော် ဖမ်းဆီးချုပ်နှောင်ခြင်းခံထားရသော သာ
အမေရိကန်ပြည်တွင် ဖခင်နှင့် မိထွေးတို့၏ နေအိမ်အခန်းကျဉ်းလေးအတွင်း နှစ်ပေါင်း ၂၀ ကျော် ဖမ်းဆီးချုပ်နှောင်ခြင်းခံထားရသော သာ
ကင်ညာနိုင်ငံတွင် ဘယ်လ်ဂျီယံနိုင်ငံသား လူငယ် ၂ ဦးကို ပုရွက်ဆိတ်အကောင် ၅၀၀၀ ခိုးယူမှုဖြင့် ဖမ်းဆီးခဲ့မှု နာမည်ကြီးနေ၊ ပုရွ
ကင်ညာနိုင်ငံတွင် ဘယ်လ်ဂျီယံနိုင်ငံသား လူငယ် ၂ ဦးကို ပုရွက်ဆိတ်အကောင် ၅၀၀၀ ခိုးယူမှုဖြင့် ဖမ်းဆီးခဲ့မှု နာမည်ကြီးနေ၊ ပုရွ
Shwe Wutt Hmone
Aung Theikdi Villa

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service